← Chapters

ဒီဆေးဝါး ဖော်မြူလာတွေက တန်ဖိုးရှိတယ်

Vol. 28 Ch. 416

ဒီဆေးဝါး ဖော်မြူလာတွေက တန်ဖိုးရှိတယ်

Vol. 28 Ch. 416

ယင်းက ဆေးဝါးဖော်မြူလာ ၅ခုသာ ဖြစ်သည်။ ပြီးနောက် ဖုန်းယွီသည် ထိုဖော်မြူလာများအတွက် အမေရိကန်ဒေါ်လာ ၅သန်း လိုချင်၏။ နိုင်ငံခြားငွေ လဲလှယ်နှုန်း ၁အချိုး ၅.၅ အရ ထိုဖော်မြူလာ တစ်ခုစီက အမေရိကန် ဒေါ်လာ ၅.၅သန်း တန်ကြေးရှိသည်ပင်။ သို့သော်ငြား ဖူကွမ်းကျန်းနှင့် သူ့လူများက ယင်းဖော်မြူလာများသည် ယွမ် ၅သိန်းတော် တန်ကြေးမရှိဟု ခံစားမိသည်။

ဖူကွမ်းကျန်းက ဖုန်းယွီ အလေးအနက်ဖြင့် ပြောနေသည်ကို မြင်သည့်အခါ သူ့လူများကို မေးလိုက်ကာ

“ပြဿနာ ရှိနိုင်လား။”

“တကယ်လို့ တဖက်လူက ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြဿနာ ရှာရင် မန်နေဂျာဖုန်းအနေနဲ့ ပြဿနာ အချို့နဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တော့ ပြဿနာ ရှိမှာ မဟုတ်ပါဘူး”

သူတို့ အကုန်လုံးသည် ဖူမိသားစု၏ ဝန်ထမ်းများ ဖြစ်ကြကာ သူတို့သည် အခြားသော ကုမ္ပဏီများအတွက် တန်ဖိုးဖြတ် အစီရင်ခံစာအား လုပ်ပေးလေ့ မရှိပေ။ ထပ်ပြောရပါက ဘင်းမြို့တော်ဖြစ်ကာ ဟောင်ကောင်ရှိ သူတို့ ဂုဏ်သတင်းအပေါ် သက်ရောက်မှု ရှိနိုင်မည် မဟုတ်ပေ။

“ငါ ဒီပြဿနာတွေကို မကြောက်ဘူး ပြီးတော့ ငါပြောတဲ့ တန်ဖိုးက လုံးဝ သင့်လျော်မှန်ကန်တဲ့ ဈေးနှုန်းပဲ။”

ထိုဖော်မြူလာများအတွက် သုတေသန ရန်ပုံငွေသည် ယွမ် တစ်သန်းအောက် လျော့နည်းသော်ငြား ဖုန်းယွီသည် ထိုပါမောက္ခများ အခြားသော သုတေသနများ ပြုလုပ်ရန်အတွက် ထပ်ဆောင်း ရန်ပုံငွေများ လှူဒါန်းထားသည်ပင်။ ထိုငွေများသည်လည်း သူ့ငွေများ ဖြစ်သည်။ သူ့အနေဖြင့် ငွေများ ပြန်လည် ရရှိရန်အတွက် နည်းလမ်း ရှာရမည်ပင်။

ဆေးဝါးအဖွဲ့အစည်းရုံး ပြန်လည်ဖွဲ့စည်းရေး အသင်းက ဖုန်းယွီ၏ ဆေးဝါးဖော်မြူလာများ၏ ဈေးဖြတ် အစီရင်ခံစာကို မြင်သည့်အခါ ကုသရန်ခက်ခဲ့သည့် ဆေးဝါးများအတွက် ဖော်မြူလာများဟု ခံစားမိသည်။ မဟုတ်လျှင် ထိုဈေးနှုန်းသည် ကြီးမြင့်မည်နည်း။ သို့သော် သူတို့သည် ထိုဖော်မြူလာများအတွက် အကျိုးသက်ရောက်မှုများကို စုံစမ်းသည်အခါ သူတို့အကုန်လုံးက ယင်းက ကျန်းမာရေး ဖြည့်စွက်စာများဟု နားလည် သဘောပေါက်ခဲ့ကြသည်။

ဒီဆေးဝါး ဖော်မြူလာသည် မည်သို့သော်နည်း။ အဘယ်တွက် ထိုဖော်မြူလာများသည် ဈေးကြီးမြင့်နေရသနည်း။ ထိုအရာများကား ကယ်လစီယမ်၊ ဇင့်၊ သွေးနီဥနှင့် ဗီတာမင်ဖြည့်စွက်စားများ ဖြစ်သည်။ ယင်းက မည်သည့်အတွက် အမေရိကန် ဒေါ်လာ တစ်သန်းစီ တန်ကြေးရှိမည်နည်း။

“အမေရိကန်ဒေါ်လာ တန်ကြေး တစ်သန်းရှိတဲ့ ဆေးဝါး ဖော်မြူလာကို ငါတခါမှ မကြားဖူးဘူး။ အမေရိကန်ဒေါ်လာ တစ်သန်းက ဘယ်လောက် တန်ကြေးရှိလဲဆိုတာ မင်းသိလား။ အမေရိကန်ဒေါ်လာ တစ်သန်းနဲ့ လုပ်ဆောင်စရာ ဘယ်လောက်များများ လုပ်လို့ရတယ်လို့ထင်လဲ။”

လက်ထောက်မြို့တော်ဝန်လီက စိတ်တိုတိုဖြင့်မေးလိုက်သည်။

ဖုန်းယွီက လက်ထောက်မြို့တော်ဝန်လီကို ကြည့်ကာ

“အမေရိကန်ဒေါ်လာ တစ်သန်းက အရမ်းများတာလား။ ဒီမြို့ကို ကျွန်တော်လှူဒါန်းထားတဲ့ ကျောင်းက အမေရိကန်ဒေါ်လာ ၂သန်းကျော် တန်ကြေးရှိတယ်။ တကယ်လို့ အမေရိကန် ဒေါ်လာ ၁၀၀တန်ကို အထပ်လိုက် ထပ်လိုက်မယ်ဆိုရင် ဒီလောက် အမြင့်ရှိမယ်။”

ဖုန်းယွီသည် စကားပြောစဉ် သူ့လက်ဖြင့် ငွေထုတ် အမြင့်ကို သရုပ်ပြလိုက်သည်။ လက်ထောက်မြို့တော်ဝန်လီသည် ဒေါသထွက်လွန်းသည့်အတွက် သေလုနီးပါး ဖြစ်သွားသည်။ ဖုန်းယွီ မြင်ဖူးသည့် ငွေပမာဏသည် သူ့ဘဝ တစ်လျှောက်လုံး မြင်ဖူးသည့် ငွေပမာဏထက် များသည်ကို နားလည်သွားသည်။ စက်ယန္တရားကုမ္ပဏီတွင် ဖုန်းယွီ၏ ရှယ်ယာ တန်ကြေးတောင် သန်း တစ်ထောင်ကျော် တန်ကြေးရှိသည်ပင်။

လက်ထောက်မြို့တော်ဝန်လီသည် အဆင့်မြင့် အရာရှိ တစ်ဦး ဖြစ်ကာ သူ့ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်သည့် သူသည် မည်သူနည်း။ သူသည် ဖုန်းယွီနှင့် ပတ်သက်ပြီး မပျော်ရွှင် ဖြစ်နေသည်။ အထူးသဖြင့် ဖုန်းယွီ၏ အသက်ကြောင့် ဖြစ်သည်။ သို့သော် သူ့သည် ပြန်ပြောရန် စကားလုံးပင် ရှာမတွေ့ပေ။

“မင်းအနေနဲ့ အမေရိကန်ဒေါ်လာ တစ်သန်းက မများဘူးလို့ ထင်ရင်တောင် ဒီဖော်မြူလာ တစ်ခုချင်းဆီတိုင်းက အမေရိကန် ဒေါ်လာ တစ်သန်း တန်ကြေးရှိတယ်လို့ မဆိုလိုနိုင်ဘူး။ ထပ်ပြောရမယ်ဆိုရင်။ ဒီဖော်မြူလာတွေကို ဘယ်လိုလုပ် ဆေးဝါး ဖော်မြူလာလို့ စဉ်းစားလို့ ရနိုင်မှာလဲ။ ဒါတွေ အကုန်လုံးက ကျန်းမာရေး ဖြည့်စွက်စာ ဖော်မြူလာတွေ။”

ဖုန်းယွီက လက်ထောက်မြို့တော်ဝန် လီကို ကြည့်ကာ ပြုံးလိုက်လျက်

“လက်ထောက်မြို့တော်ဝန်လီ လဲ့ဟဟ အချိုရည်ကို ကြားဖူးလား။”

“ကြားဖူးတယ်လေ။ ဘာဖြစ်လို့လဲ။””

လက်ထောက်မြို့တော်ဝန်လီက မျက်မှောင်ကျုံ့လိုက်သည်။ ဖုန်းယွီက သူ့ကို ဘယ်အတွက် ယခုမေးခွန်းကို မေးမှန်းနားမလည်နိုင် ဖြစ်နေသည်။

“လူမြောက်များစွာက လဲဟဟရဲ့ အချိုရည် ဖော်မြူလာကို လိုချင်ကြတာ။ ဒီလူတွေက အနည်းဆုံး အမေရိကန်ဒေါ်လာ ၅သန်း လာကမ်းလှမ်းကြတယ်။ အမြင့်ဆုံး ကမ်းလှမ်းမှုက အမေရိကန်ဒေါ်လာ ၁၀သန်း။ ဒီအကြောင်းကို ဘယ်လိုထင်လဲ။ ကျွန်တော် ပြောဖို့ မေ့နေတာ။ ကျွန်တော်က လဲ့ဟဟရဲ့ အဓိက ရှယ်ယာရှင်။”

ဘာ ဖုန်းယွီက လဲ့ဟဟရဲ့ အဓိက ရှယ်ယာရှင်လား။ လဲ့ဟဟရဲ့ ကြော်ငြာတာက အရမ်းကို ချဲ့ကားလွန်းတယ်။ ကလေးတွေကတောင် သူတို့ရဲ့ ဆောင်ပုဒ်ကို သိကြတယ်။ ဒီကုမ္ပဏီက သေချာပေါက် အမြတ်ထွက်မှာပဲ။ ဒါပေမဲ့ ဒါက ဟန်ကျိုးကုမ္ပဏီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဖုန်းယွီက လဲ့ဟဟရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာရတာလဲ။

“ဒါက ကလေးတွေ အတွက်လေ။ မတူဘူး။””

လက်ထောက်မြို့တော်ဝန်လီက ငြင်းဆန်ရန် ကြိုးပမ်းလိုက်သည်။

“အဲ့တာဆိုရင် လဲ့ဟဟရဲ့ ထုတ်ကုန်တွေကို ဘယ်အမျိုးအစားထဲ ထည့်သွင်းမလဲ။ ဆေးလား။ အချိုရည်လား။ ဒါမှမဟုတ် ကျန်းမာရေးဖြည့်စွက်စာလား။”

“ဒါက.... အဲ့တာကို ကျန်းမာရေးထုတ်ကုန်အဖြစ် စဉ်းစားလို့ ရတယ်။ လဲ့ဟဟရဲ့ ဖော်မြူလာတွေက တန်ကြေးရှိတယ်လေ။ ဘာလို့ဆို အဲ့ထုတ်ကုန်တွေက နာမည် ကြီးလို့။ လဲ့ဟဟ နာမည် မကြီးခင်က ဒီဖော်မြူလာတွေက ဘယ်လောက် တန်ကြေးရှိမှာလဲ။"

“အဲ့တာဆို လက်ထောက်မြို့တော်ဝန်လီ ကျွန်တော်ရဲ့ ထုတ်ကုန်ထဲက နာမည်မကြီးတဲ့ ထုတ်ကုန်ဘာကြောင့် မရှိလဲ ဆိုတာ မြို့တော်ဝန် သိလား။”

ဖုန်းယွီက မေးလိုက်သည်။

လက်ထောက်မြို့တော်ဝန်လီသည် ဖုန်းယွီ၏ မေးခွန်းကြောင့် ပြောစရာမဲ့သွားတော့သည်။ ကျန်းရွေ့ချင်သည်လည်း စကားပြောဝိုင်းထဲ ဝင်လာပြီး မေးလိုက်သည်။

“အဲ့တာဆိုရင် ဘာလို့ မင်းထုတ်ကုန်တွေက ဒီလောက်ထိ အောင်မြင်တာလဲ။”

ဖုန်းယွီက သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်ကာ

“ဘာလို့ဆို အဲ့ထုတ်ကုန်တွေက ကျွန်တော်ရဲ့ ထုတ်ကုန်တွေ မို့လို့လေ။”

ဖုန်းယွီ၏ ရူးကြောင်ကြောင် ကိုယ့်ကိုကိုယ် ယုံကည်မှုကြောင့် ကြက်သေသေသွားကြသည်။ ဘာအဓိပ္ပာယ်လဲ။ ဘာလို့ မင်းရဲ့ ထုန်ကုန်တွေက ဒီလောက်အထိ နာမည်ကြီးမယ်လို့ သေချာနေရတာလဲ။ သို့သော်ငြား အကုန်လုံး ယင်းမေးခွန်းကို တွေးကြည့်လိုက်သည်အခါ မှန်ကန်သည့်ပုံ ပေါ်ပေ၏။ ဖုန်းယွီထံမှ ထုတ်ကုန် တစ်ခု ဖြစ်နေသမျှ ယင်းထုန်ကုန်များသည် တရုတ်တနိုင်ငံလုံးတွင် ကြက်ပျံမကျ ရောင်းကောင်းသည်ပင်။ ပထမက ပလက်စတစ် ပန်ကာ ဖြစ်ကာ နောက်တွင် ရေနွေးငွေ့စက်၊ ဒလက်မဲ့ပန်ကာ၊ စုန့်ကျန်းမော်တော်ဆိုင်ကယ် ဖြစ်သည်။ ယင်းထုတ်ကုန်များ အားလုံးသည် တရုတ်တနိုင်ငံလုံးတွင် နာမည် ကျော်ကြားသည်။ ဖုန်းယွီသည်လည်း လဲ့ဟဟ အချိုရည်၏ အဓိက ရှယ်ယာရှင်လည်း ဖြစ်ပေသည်။

ဖုန်းယွီ ရောင်းသမျှ ထုတ်ကုန်တိုင်း တရုတ်နိုင်ငံတွင် ရောင်းအား အကောင်းဆုံး ဖြစ်သည်ပင်။ မည်သူမျှ ယင်းပြောဆိုချက်အား မငြင်းနိုင်ပေ။

“ဖုန်းယွီ မင်းရဲ့ အဲ့စကား တစ်ခွန်းထဲနဲ့ ငါတို့တွေ ယုံလို့ မရဘူး။”

ကျန်းရွေ့ချင်က မျက်မှောင် ကျုံ့လိုက်သည်။

ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ

“မြို့တော်ဝန်ကျန်းပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော် ဒီကုမ္ပဏီတွေကို စုပေါင်းပြီးတဲ့နောက်မှာ တစ်နှစ်အတွင်း အမြတ် ယွမ် သန်းတစ်ရာကျော် ရှာနိုင်တာနဲ့ ပတ်သက်ပြီး သိချင်နေကြမယ်လို့ ထင်တယ်။ ဘာကြောင့်ဆို ဒီထုတ်ကုန်တွေကြောင့်ပဲ။ အခု ဆေးဝါးစက်ရုံ ထုတ်လုပ်နေတဲ့ ရောင်းအားအကောင်းဆုံး ပင်နီဆလင်ဆေးက ဘယ်လောက် ရလဲ။ တစ်ခုကို ယွမ် အနည်းငယ်ပဲမလား။ အဲ့တာက ဘယ်လောက်ကုန်ကျပြီးတော့ အကျိုးအမြတ်က ဘယ်လောက်ရှိလဲ။ ကျွန်တော် ထုတ်ကုန်တွေရဲ့ ထုတ်လုပ်စရိတ်တန်ဖိုးက ပင်နီဆလင်ထက် များပေမဲ့ ပင်နီဆလင်ဈေးနှုန်းရဲ့ ၁၀ဆကျော် တင်ရောင်းမှာ။ အဲ့တာက ဆရာဝန်ညွှန်ကြားတဲ့ ဆေးမဟုတ်ဘူး။ အမြတ်ဘယ်လောက် ရမလဲကို တွေးတာကြည့်လိုက်ပါတော့။”

“ရိုင်းလိုက်တာ။ ထုတ်လုပ်စရိတ်ရဲ့ ၁၀ဆကျော်လား။ အဲ့ဆို ဒီဆေးဝါးတွေရဲ့ ရောင်းဈေးက ယွမ် ၁၀ဂဏန်းကျော်မယ်လို့ကို ပြောတာလား။ ဘယ်သူက ဒီဆေးဝါးတွေ အတွက် ငွေအများကြီး သုံးမလဲ။”

လက်ထောက်မြို့တော်ဝန် လီက ပြောလိုက်သည်။

ဖုန်းယွီက လက်ထောက်မြို့တော်ဝန်လီကို အသေအချာ ကြည့်လိုက်ကာ

“လက်ထောက်မြို့တော်ဝန်လီ ရှေ့က အထူးထုတ်စီးကရက် ဈေးကြီးမှာပဲ ဟုတ်တယ်မလား။ ပြီးတော့ အခု သုံးနေတဲ့ ရေနွေးခွက်ဆိုရင်လည်း၁၀ယွမ်ထက် များမှာ။ ဈေးကွက်ထဲမှာ ဈေးချိုနဲ့ စီးကရက်နဲ့ ရေနွေးခွက်တွေ ရှိတယ်။ ဘာကြောင့် အဲ့တာတွေကို မသုံးရတာလဲ။”

“မင်းဘာကို ဆိုလိုချင်တာလဲ။”

လက်ထောက်မြို့တော်ဝန်လီက စားပွဲကို ရိုက်ချကာ အော်ငေါက်လိုက်သည်။ ဖုန်းယွီက ငါ့ကို လာဘ်ယူတယ်လို့ ပြောချင်နေတာလား။ ငါက ဇိမ်ခံ ပစ္စည်းတွေကို သုံးတာတဲ့လား။ ဒီစီးကရက်နဲ့ ခွက်တွေကို လက်ထောက်မြို့တော်ဝန် အကုန်လုံးအတွက် ထုတ်ထားတာ။ ငါတယောက်တည်း အသုံးပြုနေတာ မဟုတ်ဘူး။”

“ကျွန်တော် ပြောချင်တာက ထုတ်ကုန်တခုက ကောင်းတယ်ဆိုရင် ဝယ်ယူသူတွေက ဈေးကို မကြည့်ဘဲ ဝယ်မှာပဲ။ ဒီထုတ်ကုန်တွေကလည်း ကျန်းမာရေး ထုတ်ကုန်တွေလေ။ အရင်ခေတ်တုန်းကဆို အားဆေးလိုပေါ့။ အားဆေးက လူတိုင်းကို ဈေးကြီးတယ်ဆိုတဲ့ အမြင်ကို ပေးစွမ်းတယ်။ အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံက လျင်လျင်မြန်မြန်နဲ့ တိုးတက်နေတာ။ ပြီးတော့ လူတိုင်းရဲ့ ဘဝကလည်း ကောင်းလာပြီ။ လူတွေက ကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ မိသားစုအတွက် အားဆေးတွေ ဝယ်မယ်လို့ မြို့တော်ဝန် မစဉ်းစား မိဘူးလား။ ကျွန်တော်တို့ ဒီမှာ ရှိတဲ့ လူတိုင်းလိုပေါ့။ ကျွန်တော်တို့ အကုန်လုံးက ဘင်းမြို့တော်ကို ထောက်ပံ့မှုတွေ အများကြီး ပြုလုပ်ပေးခဲ့တယ်။ ဒါကြောင့်မို့ပဲ ကျွန်တော်တို့ အကုန်လုံး ရသင့်တာပေါ့။”

ဖုန်းယွီ ပြောတာ ကြားပြီးနောက် လက်ထောက်မြို့တော်ဝန်ရှု စိတ်ခံစားချက် ကောင်းလာခဲ့သည်။

ဖုန်းယွီက ဆက်ပြောလိုက်သည်။

“ဒါက အပိုလိုအချိုရည်နဲ့ ဆန်ကျူး အချိုရည်တို့လိုပဲ။ ဒီအချိုရည်တွေ မသောက်ဘဲနဲ့ ကျွန်တော်တို့ သာမန်အတိုင်းပဲ အသက်ရှင် နေထိုင်နိုင်တယ်။ ဒီထုတ်ကုန်တွေ ဘာကြောင့် ရောင်းအား ကေင်းမလဲဆိုတာ ကျွန်တော် ရှင်းပြဖို့ လိုမယ်လို့ မထင်တော့ဘူး။ ဒီမှာ ရှိနေတဲ့ သူတိုင်းက ဒီလိုအမျိုးအစားတွေကို သိကြမယ်လို့ ကျွန်တော် ယုံကြည်တယ်။”

လက်ထောက်မြို့တော်ဝန်လီက ခေါင်းငုံ့လိုက်သည်။ သူသည် အပိုလို အချိုရည်ကို သောက်နေခြင်း ဖြစ်သည်။

“တရုတ် တနိုင်ငံလုံးမှာ ဒီထုတ်ကုန် ၅ခု အောင်မြင်မယ်လို့ အာမခံတယ်။ ပြီးတော့ နိုင်ငံခြားကိုတောင် တင်ပို့နိုင်မယ်။ တကယ်လို့ ကျွန်တော် ပြောတာ မအောင်မြင်ခဲ့ ဘူးဆိုရင် လဲ့ဟဟကို ဘင်းမြို့တော်ကို ပြောင်းမဘ်။ ဒီအတွက်ကြောင့်ပဲ ဒီဖော်မြူလာတွေကို အမေရိကန် ဒေါ်လာ တစ်သန်းတန်တာ။ ကျန်းမာရေး ထုတ်ကုန်တွေကို ဒီလောက် လွယ်လွယ်နဲ့ ထုတ်နိုင်တာ ဘာလို့ ဘင်းမြို့တော် ဆေးဝါး စက်ရုံတွေကို မထုတ်လုပ်နိုင်ရမှာလဲ။”

လဲ့ဟဟကို ဘင်းမြို့တော်ကို ပြောင်းမှာလား။ ခေါင်းဆောင် အကုန်လုံးက စိတ်လှုပ်ရှားသွားကြသည်။ အကယ်၍ လဲ့ဟဟသာ ဘင်းမြို့တော်ရှိ ကုမ္ပဏီ တခု ဖြစ်ပါက အခွန်များကို အစိုးရက ရမည် ဖြစ်သည်။ ယင်းပမာဏသည်လည်း အလွန်များမည်ပင်။ သူသည်လည်း အောင်မြင်မှု ကြီးကြီးမားမား ရရှိမည် ဖြစ်သည်။

ကျန်းရွေ့ချင်က ရုတ်တရက် ပြောလိုက်သည်။

“ဖုန်းယွီ ဖော်မြူတာ တစ်ခုကို ယွမ်၅သန်း။ စုစုပေါင်းဆို ယွမ် ၂၅သန်း။ တကယ်လို့ မင်း သဘောတူမယ်ဆိုရင် ဈေးကိစ္စ ဒီမှာ ပြီးပြီ။”

ဖုန်းယွီက နာကျင်နေသည့် ပုံစံဖြင့်

“ဟူး... ကျွန်တော်ပဲ အရှုံးတွေကို လက်ခံလိုက်ပါမယ်။ ဘင်းမြို့တော်က ဘယ်သူ မေးတာလဲ။ ကောင်းပါပြီ။ အကုန်လုံး ပြောတဲ့ အတိုင်းပါပဲ။ ဒီဖော်မြူလာ အကုန်လုံးက ယွမ် ၃၅သန်း တန်ဖိုးရှိတာ။”

အမှန်တကယ် ဖုန်းယွီ၏ ရင်ထဲ၌ အပျော်လွန်သည့်အတွက် ထခုန်နေသည်ပင်။

All Chapters