← Chapters

ပစ္စည်းများကို အဆင်သင့် ထားရှိခြင်း

Vol. 28 Ch. 418

ပစ္စည်းများကို အဆင်သင့် ထားရှိခြင်း

Vol. 28 Ch. 418

ဖုန်းယွီသည် ထိုသူများအား အခွင့်အရေး တခါပေးရန် သဘောတူလိုက်သည်။ သူသည် ထိုသူများက ကျန်းမာရေး ဖြည့်စွက်စာများ အရောင်းပိုင်းတွင် အဓိက တာဝန်ရှိသူများအဖြစ် ထားမည် ဖြစ်သည်။ မရောင်းချင်ဘူးလား။ ဘာမှမလုပ်ဘဲ ထိုင်ချင်တာလား။ အဲတာဆို မင်းကို ဘင်းမြို့တော်ဆေးဝါး ကော်ပရေးရှင်းက မကြိုဆိုဘူး။

မြို့တော်သည်လည်း သဘောတူလိုက်၏။ အနည်းဆုံးတော့ ယင်းက ထိုသူများ၏ အလုပ်ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု တွေးကြသည်။ အကယ်၍ ထိုသူများသာ အရောင်းပိုင်းတွင် မသင့်လျော်ပါက ထို့နောက်တွင် မြို့တော်သည်လည်း အကြောင်းပြချက် တခု ရှာနိုင်လိမ့်မည် ဖြစ်သည်။ ကြည့် ငါက မင်းတို့ကို စီစဉ်ပေးထားတယ်။ မင်းက တာဝန်ကို ပြီးမြောက်အောင် မလုပ်တဲ့သူပဲ။

မြို့တော်သည်လည်း အစိုးရ လုပ်ငန်း အတော်များများမှ လူအများက နိုင်ငံခြားရှိ လုပ်ငန်းများတွင် လေ့လာရန် လိုအပ်ကြောင်း သိပေသည်။ ကုန်ကျစရိတ် လျော့ချခြင်းပင်။ သို့သော် သူတို့သည် အစိုးရ ဖြစ်ကာ သူတို့ ပြည်သူများကို စောင့်ရှောက်ရန်လည်း လိုသေး၏။ ယင်းအတွက်ကြောင့် သူတို့အနေဖြင့် ပုဂ္ဂလိကပိုင် ကုမ္ပဏီများကဲ့သို့ ပြုမူဆောင်ရွက်ခြင်းမျိုး မရှိတာ ဖြစ်သည်.

ယခုလက်ရှိတွင် ယင်းက ပုံမှန် အခြေအနေတာ ဖြစ်သည်။ သံမဏိလက်သီးဖြင့် အုပ်ချုပ်မည့် သမ္မတ မတက်လာခင်အထိ ဖြစ်သည်။ သူသည် ထိုလုပ်ငန်းများကို ပြောင်းလဲရန်အတွက် တွန်းအားပေးမည် ဖြစ်သည်။ ယင်းအခြေအနေကို ဆန်ကျင်သည့် လုပ်ငန်းများသည် ဒေဝါလီ ခံရမည် ဖြစ်သည်။ သူသည် ထိုလုပ်ငန်းများ မြို့တော်မှ ကုတ်သွေးစုတ်ခြင်းကို ဟန့်တားမည် ဖြစ်သည်။ သူသည် ထိုဖြုတ်ချသည့် အလုပ်သမားများကို လျော်ကြေးငွေပေးကာ သူတို့ကိုယ်တိုင် အခြားအလုပ် ရှာစေခြင်း သို့မဟုတ် ပြန်လည်ခံအပ်ရန် လိုပ်စေသည်။ ယင်းက သူတို့ကို လစာမရပဲ အိမ်မှာထိုင်နေခြင်းထက် ပိုကောင်းသည်ပင်။

အချက်အလက်များသည်လည်း အဆုံးသတ်လုနီးပါး ဖြစ်သည်။ ဖုန်းယွီသည် အခြေအနေအများဆုံးနှင့် ပတ်သက်ပြီး ပြဿနာ မရှိပေ။ သေချာသည်မှာ သူသည် ဗီတိုမဲကို လိုချင်သည်။ ပြီးနောက် သူသည် အမှတ်ခြောက်ဆေးဝါးစက်ရုံတွင် သူ့လူကို ထားရှိမည် ဖြစ်သည်။ ယင်းစက်ရုံသည် သူ့ကျန်းမာရေး ထုတ်ကုန်များကို အဓိက ထုတ်လုပ်မည့် စက်ရုံ ဖြစ်သည်။ ဝူကျီကန်းသည်လည်း ယခုတွင် နောက်ထပ် ရာထူးအသစ်ရသည်ပင်။ သူသည်လည်း ယင်းစက်ရုံ၏ စက်ရုံ ဒါရိုက်တာ ဖြစ်လာမည်ပင်။

ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီမှ ဘဏ္ဍာရေးဝန်ထမ်းများကို ကော်ပရေးရှင်းကို ပြောင်းရွေ့ကာ ဆေးဝါးကော်ပရေးရှင်းမှ ဘဏ္ဍာရေးဝန်ထမ်းများကိုလည်း စက်ယန္တရားကုမ္ပဏီကို ပြောင်းရွေ့ခန့်အပ်သည်။ အကြောင်းမှာ ဝန်ထမ်းများသည် ခေါင်းဆောင်များနှင့် မရင်းနှီးသေးကာ အချင်းချင်း တကြိတ်တည်း တဉာဏ်တည်းလုပ်မည့် အရေးမှ ကာကွယ်ရန်လည် ဖြစ်သည်။

ယခုလက်ရှိတွင် ထိုက်ဟွ ကုန်သွယ်ရေး၏ အလုပ်သမား စုဆောင်းမှုသည် အများအားဖြင့် ဘဏ္ဍာရေးဝန်ထမ်းများ ဖြစ်ကြမည်ပင်။ ထိုအသစ်ခန့်အပ်သူများသည် စမ်းခန့် သုံးလပြီးနောက် လစာများစွာ ရရှိမည် ဖြစ်သည်။ အခြားသော ရာထူးများအတွက်လည်း ခေါ်ပေ၏။ အကြောင်းမှာ ဘာသာပြန်ရွှယ်သည် ထိုက်ဟွ ကုန်သွယ်ရေးကို ဝင်ခဲ့ကာ သူ့လစာသည်လည်း အရင်ကထက် မြင့်လာခဲ့သည်။ နိုင်ငံခြားရေး ဌာနမှ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်း အချို့ သည်လည်း ထိုက်ဟွ ကုန်သွယ်ရေးတွင် ဒုတိယ အလုပ်အဖြစ် လုပ်ကိုင်လာကြသည်။

ယင်းက ထိုက်ဟွ ကုန်သွယ်ရေးအတွက် အကျိုးအမြတ်များပင် ဖြစ်သည်။ ထိုဘာသာပြန်များသည် တက္ကသိုလ်ရှိ ဆရာများထက် ပိုဈေးချိုပေ၏။ ပြီးနောက် သူတို့သည် စီးပွားရေးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများတွင်လည်း ကျွမ်းကျင်ကြသည်။

အချက်အလက်များ အဆုံးသတ်ပြီးနောက် နောက်ဆုံးအပိုင်းကို ရောက်လာပြီ ဖြစ်သည်။ ယင်းက ဆွေးနွေးညှိုနှိုင်းမှု၏ အခက်ခဲဆုံး အပိုင်း ဖြစ်သည်။ ဖုန်းယွီသည် ယင်းကော်ပရေးရှင်းကို မတည်ငွေ ယွမ် သန်း၄၀၀ဖြင့် မှတ်ပုံတင်ချင်သည်။ ယင်းနည်းလမ်းဖြင့် သူတို့သည် စက်ပစ္စည်းများ ဝယ်ရန်အတွက် လုံလောက်သည့် ငွေကြေးရလာမည် ဖြစ်သည်။ ပြီးနောက် သူတို့သည် နိုင်ငံခြားမှ ဆေးဝါး ဖော်မြူလာများကို ဝယ်ယူနိုင်မည် ဖြစ်သည်။

သို့သော် မြို့တော်က သဘောမတူပေ။ သူ့တို့အတွက် ယွမ် သန်း ၃၀၀က လုံလောက်သည်ဟု ခံစားမိသည်။ဤနည်းဖြင့် မြို့တော်အနေဖြင့် ဖုန်းယွီ ကုမ္ပဏီထဲကို ရင်းနှီးမြှပ်နှံပြီးနောက် ယွမ် သန်း၁၀၀ကို ယူသွားနိုင်မည် ဖြစ်သည်။

အကယ်၍ ကော်ပရေးရှင်းသာ ကနဦးမတည်ငွေ သန်း ၄၀၀ ဖြစ်ပါက မြို့တော်အနေဖြင့် သဘောတူညီမှုအတိုင်း အကျိုးအမြတ်ရရှိမည် မဟုတ်ပေ။ သူတို့သည် ယွမ် သန်း၆၀သာ ရတော့မည် ဖြစ်သည်။ ယင်းက သူတို့ စီစဉ်ထားသည့်အတိုင်း ကျမနေပေ။ ယခုအခြေအနေသည် ညှိနှိုင်းဆဲသာ ဖြစ်သေးသော်ငြား မြို့တော်က သူတို့ ငွေရသည်နှင့် ဘာလုပ်မည်ကို စီစဉ်ထားပြီးသည်ပင်။

ဖုန်းယွီသည် မြို့တော်အနေဖြင့် ငွေများ မည်သို့ သုံးမည်ကို သိရှိသည့်အခါ မှင်သက်သွားခဲ့သည်။ သူသည် နောက်ဆုံးတွင် မြို့တော်၏ ငွေအသုံးပြုမှုကို မြင်လာခဲ့သည်။

ချီး ငါတို့တွေက အချက်အလက်တွေကိုတောင် အကုန် အပြီးမသတ်ရသေးဘူး။ ငွေဘယ်လို သုံးရမယ်ဆို တွက်ပြီးပြီလား။

သူတို့အနေဖြင့် နိုင်ငံခြားမှ ဆေးဝါးဖော်မြူလာများကို မဝယ်နိုင်လျှင်တောင် သူတို့အနေဖြင့် အနည်းဆုံးတော့ သုတေသနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိရိယာများ ဝယ်ယူရမည်ပင်။ ထိုစက်ရုံများတွင် သုသေသန စင်တာများ ရှိသော်ငြား ပစ္စည်းများသည် လုံလောက်မှု မရှိကာ ဟောင်းနွမ်းနေပြီ ဖြစ်သည်။ ယင်းပစ္စည်းများ အကုန်လုံးကို အစားထိုးရမည်ပင်။

သို့သော် မြို့တော်သည် ငွေများ မည်သို့ အသုံးပြုရမည်ကို စီစဉ်ထားပြီး ဖြစ်သည်။ ပြီးနောက် ယင်းက ဖုန်းယွီအတွက် နောက်ထပ် ဆွေးနွေးရန်အတွက် အခွင့်အရေး ပေးနေရာ ရောက်သည်။

“ကော်ပရေးရှင်းရဲ့ ကနဦးမတည်ငွေက အနည်းဆုံး ယွမ် သန်း ၃၆၀။ မြို့တော်အနေနဲ့ အဲ့ငွေထဲက ယွမ် သန်း ၁၀၀ ထုတ်ယူနိုင်တယ်။ အခြားငွေတွေကို ဒီ လျော့ချတဲ့ အလုပ်သမားတွေအတွက် စီစဉ်တဲ့နေရာမှာအသုံးပြုမယ်။ မြို့တော်မှာလည်း ငွေတော်တော် ကျန်မှာပဲ။ ဒီစုစုပေါင်းငွေကိုတော့ အခြားနေရာမှာ အခြားသော ရည်ရွယ်ချက်အတွက် အသုံးပြုမယ်။ တကယ်လို့ မြို့တော်က သဘောမတူဘူးဆိုရင်တော့ မေ့လိုက်တော့မယ်။ ကျွန်တော် တခြားမြို့မှာ ရှိတဲ့ ဆေးဝါးစက်ရုံ ငယ်လေးတွေနဲ့ အလုပ်တွဲလုပ်ရမလိမ့်မယ်။ အဲ့မှာ ကျွန်တော်က အဓိကရှယ်ယာရှင်တောင် ဖြစ်နိုင်သေးတယ်။”

ဖုန်းယွီသည် ဆိုဖာပေါ်တွင် လှဲချလိုက်ကာ သူ့တပျဉ်ခွေချိတ်လိုက်သည်။ သူသည် စိတ်မရှိသည့် ပုံစံဖြင့်ခြေထောက်များကို လှုပ်နေသည်ပင်။

လက်ထောက်မြို့တော်တန်လီသည် စိုးရိမ်လာတော့သည်။ ငါတို့တွေက အချက်အလက်သေးသေးလေးတွေက အစ အဆုံးသတ်ပြီးပြီလေ။ ပြီးတော့ ဒီပေါင်းစည်းမှုမှာ မင်းကို တောင်းဆိုချက်တွေ ပေးခဲ့တယ်လေ။ အခုတော့ မင်းက ဒီပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ဖို့ ငါ့ကို ပြောနေတာလား။

“ဖုန်းယွီ ဒါက ဘာအဓိပ္ပာယ်လဲ။ မင်းက ဒါကို ဟာသ လုပ်နေတယ်လို့ တွေးနေတာလား။ မင်းအနေနဲ့ ဒီကော်ပရေးရှင်းကို မင်းရပ်ချင်သလို ရပ်လို့ရမယ်လို့ တွေးနေတာလား။”

လက်ထောက်မြို့တော်ဝန်လီက အော်လိုက်သည်။

“ဘာမှားလို့လဲ။ မြို့တော်ဝန်က ဘင်းမြို့တော်ရဲ့ လက်ထောက်မြို့တော်ဝန်။ ကျွန်တော်ကို ရိုက်မယ်လို့တော့ လာမပြောလိုက်နဲ့။ တကယ်လို့ ကျွန်တော်တို့သာ ဒီအချက်အလက်တွေကို တစ်ယောက်ကို တစ်ယောက် ကြည့်ပေးရင် ကျွန်တော်တို့ ပူးပေါင်းနိုင်တယ်။ မဟုတ်ရင်တော့ ဒီအပေးအယူက ပြီးပြီ။ မြို့တော်ဝန် ဒီလိုမျိုးရိုးရှင်းတဲ့ အချက်အလက်ကိုတောင် နားမလည်ဘူးလား။”

ဖုန်းယွီရဲ့ စိတ်ထားက အရမ်းကို ရိုင်းဆိုင်းလွန်းတယ်။ လက်ထောက်မြို့တော်ဝန်လီကို ဘယ်သူလို့ တွေးနေတာလဲ။ တကယ်လို့ အထက်အရာရှိက သူ့လက်အောက်ငယ်သားကို ပြောတယ်ဆိုရင်တောင် အဆင်ပြေတယ်လို့ တွေးလို့ရသေးတယ်။ ဒါပေမဲ့ သူက အခြားသူကို ကောင်းကောင်း ပြောရမလဲကို မသိဘူး။ ပြီးတော့ အော်တောင် အော်နေသေးတယ်။

မင်းကငါ့ရဲ့ လပ်ဖော်ကိုင်ဖက်လို့ တွေးနေတာလား။ မင်းက စားပွဲကို ရိုက်ချပြီး ငါ့ကို စိုက်ကြည့်ဖို့ တွေးနေတာလား။ လူကြီးကျန်းတောင် ငါ့ကို ကောင်းကောင်း ပြောတယ်။ မနှစ်က လက်ထောက်ပြည်နယ်ဝန်နဲ့ တွေ့ခဲ့တယ်။ ငါ သူ့ကို မဆန့်ကျင်ရဲဘူး။ မင်းကိုယ်မင်း ဘယ်သူလို့ တွေးနေတာလဲ။

တကယ်လို့ အရင်နှစ် အနည်းငယ်ကဆိုရင် ငါ ခွင့်လွှတ်ရင် ခွင့်လွှတ်ဦးမယ်။ ပြီးတော့ အဲ့အချိန်က ငါ ပိုက်ဆံ အများကြီး မရသေးဘူး။ ပြီးတော့ နိုင်ငံရေးအရ ဆက်သွယ်မှုတွေ ယူဆောင်လာမှာကိုလည်း စိုးရိမ်မိတယ်။ အခုတော့ မင်းစမ်းကြည့်လိုက်လေ။ ဘယ်သူ အရင် ကျရှုံးမလဲ ကြည့်ကြသေးတာပေါ့။

ကျန်းရွေ့ချင်က လက်ထောက်မြို့တော်ဝန်လီကို အချက်ပြလိုက်ပြီး ဖုန်းယွီဖက်ကို လှည့်ကာ

“ဖုန်းယွီ မြို့တော်က ဒီငွေတွေကို အရေးကြီးတဲ့ နေရာတွေမှာ သုံးဖို့ရှိတယ်။ ငါတို့တွေက လမ်းတွေနဲ့ မြို့တော်ရဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကို ကောင်းအောင် လုပ်ပေးဖို့ ရှိတယ်။ အဲ့မှာ နေထိုင်သူတွေကို ပြန်လည် ပြောင်းရွေ့ဖို့အတွက် လုပ်ဆောင်ရမှာတွေလည်း ပါတယ်။ ဒါက ပမာဏ နည်းနည်း မဟုတ်ဘူး။”

“မြို့တော်ဝန်ကျန်း တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဆေးဝါးကော်ပရေးရှင်းကို တနှစ်အတွင်း ဒီစက်ရုံ တစ်ရုံတည်းနဲ့ ပြီးတော့ ပစ္စည်းအဟောင်းတွေနဲ့ လုပ်စေချင်တာလား။ ကျွန်တော်ကို မိုးနတ်မင်းများ ထင်နေလို့လား။ ထုတ်လုပ်ရေးနဲ့ သုတေသန စင်တာက ပြောင်းမှရမယ်။ ဒီထုတ်လုပ်ရေးလမ်းကြောင်းတွေက တစ်လအတွင်း ဘဘ်လောက်ပဲ ထုတ်လုပ်နိုင်တာလဲ။ ထုတ်လုပ်နိုင်စွမ်းက မလုံလောက်ဘူး။”

“မလုံလောက်ဘူးလား။ မဖြစ်နိုင်တာ။ အမှတ်ခြောက်ဆေးဝါးစက်ရုံက ဒီကျန်းမာရေးထုတ်ကုန် ၅ခုစလုံးကို ထုတ်လုပ်မှာ။ စက်ရုံရဲ့ ထုတ်လုပ်မှုက စုပေါင်းပြီးတဲ့အခါ ၂ဆ ဖြစ်လာမှာ။ ဒါက မလောက်သေးဘူးလား။”

ကျန်းရွေ့ချင်က အလွန် သိချင်စိတ် ဖြစ်သွားသည်။ ထိုထုတ်ကုန်ငါးခုသည် ဆေးဝါးများ ဖြစ်သည်။ ပြီးနောက် သူတို့သည် ဆေးဝါးထုတ်ကုန် ခွင့်ပြုချက်အဖြစ် လျှောက်ထားမည် ဖြစ်သည်။

“မလောက်ဘူး။ အခုလက်ရှိ ထုတ်လုပ်ရေး လမ်းကြောင်းနဲ့ဆိုရင် ဇင့်ဂလူကိုနိတ် အရည်အတွက်ပဲ လောက်ငှမှု ရှိရုံပဲ။ ကျွန်တော်အနေနဲ့ ကယ်လစီယမ် ဂလူကိုနိတ်နဲ့ သွေးနီဥ အရည်အတွက်လည်း စဉ်းစားရဦးမှာလေ။ ဆေးလုံးအတွက်ဆိုရင် ကယ်လဆီယမ်နဲ့ မာတီဗိုက်တာမင်က လွဲပြီးတော့ ကျွန်တော် ဇင့်ဂလူကိုနိတ်နဲ့ ကယ်လဆီယမ် ဂလူကိုနိတ်ကို နောက်ပိုင်းကျ ထုတ်လုပ်မှာ အခုလက်ရှိ ထုတ်လုပ်ရေးက အရေအတွက် မပြည့်မှီဘူး။”

“တကယ်လို့ ဒီထုတ်ကုန် အကုန်လုံး မရောင်းရရင်ကော။”

လက်ထောက်မြို့တော်ဝန်လီက ဖြတ်ပြောလိုက်သည်။

“တကယ်လို့ မရောင်းရရင် ကျွန်တော် ထိုက်ဟွကုန်သွယ်ရေးက အကုန်လုံးဝယ်မယ်”

ဖုန်းယွီက လက်ထောက်မြို့တော်ဝန်လီကို ကြည့်လိုက်သည်။ မင်းဘာပြောနိုင်သေးလဲ။

တဖန် လက်ထောက်မြို့တော်ဝန်လီသည် ပြောစရာ စကားမဲ့သွားသည်။ သူသည် တကယ်ပဲ တံတွေးထွေးလိုက်ချင်သည်။ ဖုန်းယွီသည် အလွန်ပင် ခက်ထန်လွန်းသည်။

အဆုံးတွင် မြို့တော်သည် ဖုန်းယွီ၏ အစီအစဉ်ကို လက်ခံလိုက်ရသည်။ ကနဦး မတည်ငွေသည် ယွမ် သန်း ၃၆၀ ဖြစ်သည်။ မြို့တော်သည် ရှယ်ယာ ၅၁ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ဖုန်းယွီသည် ၄၉ရာခိုင်နှုန်း ရှယ်ယာ ပိုင်ဆိုင်သည်။ အမှတ်ခြောက်ဆေးဝါးစက်ရုံသည် ဖုန်းယွီ၏ လက်အောက်တွင် ရှိမည် ဖြစ်သည်။ မြို့တော်အနေဖြင့် မစွက်ဖက်နိုင်ပေ။ ပြီးနောက် အမှတ်ခြောက် ဆေးဝါးစက်ရုံတွင် အဆင့်အမြင့်ဆုံး ကိရိယာများကို တပ်ဆင်မည် ဖြစ်သည်။

ဖုန်းယွီသည် ဆေးဝါးကော်ပရေးရှင်းတွင် ဒုတိယ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့သည်။ သို့သော် လူတော်တော်များများက ယင်းအကြောင်း မသိကြပေ။ အစိုးရသည်လည်း ယင်းကိစ္စကို ပြည်သူကို မချပြပေ။ စက်ရုံရှိ အလုပ်သမားများတောင် ယင်းအကြောင်း မသိကျပေ။ သူတို့က ခေါင်းဆောင်ပိုင်းတွင် အပြောင်းအလဲ ဖြစ်သည်ဟုသာ သိကြသည်။ သူတို့ထဲမှ အများစုသည် ဖုန်းယွီ မည်သူဆိုသည်ကို မသိကြပေ။

အရာတိုင်းက အဆုံးသတ်ပြီး ဖြစ်သည်။ ဖုန်းယွီက ဝူကျီကန်းကို အမှတ်ခြောက် ဆေးဝါးစက်ရုံကို ဇင့်ဂလူကိုနိတ်၊ ကယ်လဆီယမ် ဂလူကိုနိတ်နှင့် သွေအားဖြည့် အရည်များကို ယခင်စက်များဖြင့် ထုတ်လုပ်ရန် ပြောလိုက်သည်။ သူသည် ကယ်လဆီယမ်နှင့် မာတီဗိုက်တာမင် ဆေးပြားများ ထုတ်လုပ်ဖို့အတွက် အမိန့်ပေးထားသည်။

ဖုန်းယွီသည် လက်ရှိတွင် ခွင့်ပြုချက် ကျမကျကို ဂရုမစိုက်ပေ။ မည်သို့ပင် ဖြစ်စေ သူသည် ထိုထုတ်ကုန်များကို လက်ရှိတွင် မရောင်းချသေးပေ။ ခွင့်ပြုချက် ကျပြီးနောက် သူသည် ဘူးပေါ်တွင် စာရိုက်မည် ဖြစ်သည်။ ယခုလက်ရှိ သူ့ပန်းတိုင်သည် သူ့ထုတ်ကုန်များ အဆင်သင့် ရှိထားရန် ဖြစ်သည်။

All Chapters