အခန်း (၄၁၉)
Vol. 28 Ch. 419
ဘင်းမြို့တော်တွင် လုပ်စရာရှိသည်များကို အပြီးသတ်ပြီးနောက် ဖုန်းယွီသည် သူ့ကျောင်းသင်ခန်းစာများအတွက် ဘေကျင်းကို ပြန်သွားခဲ့သည်။ သူဘင်းမြို့တော်ကို ပြန်လာခဲ့စဉ်က သူ့မိဘများကို အကြောင်းမကြားခဲ့ပေ။ အကယ်၍ သူသာ ကျောင်းလစ်သည်ဟု မိဘများသာသိပါက သူတို့သည် ဘင်းမြို့တော်သို့ အပြေးလာကာ ဖုန်းယွီကို သူ့ကော်လာမှ ဆွဲပြီး ဘေကျင်းသို့ ပြန်ပို့မည်ပင်။
ဖုန်းယွီ ကျောင်းဆောင်ထဲတွင် ရောက်နေသည်ကို ထျန်လေ့ မြင်သည့်အခါ သူက အလေးအနက်ဖြင့် ပြောလိုက်သည်။
“လောင်စစ် မင်းနောက်ဆုံးတော့ ပြန်လာပြီပဲ။ ကျောင်းခေါင်းဆောင်တွေက မင်းကို လာရှာတာ မရေတွက်နိုင်တော့ဘူး။ တကယ်လို့ မင်းပြန်မလာဘူးဆို ဘွဲ့မရတော့ဘူးလို့တောင် ပြောသွားသေးမယ်။ ငါမင်းကို ပေဂျာ ခဏခဏ ပို့ထားတယ်။ ဘာလို့ ဖုန်းပြန်မခေါ်တာလဲ။”
“ကျွန်တော် အရမ်းအလုပ်ရှုပ်နေလို့ ကျွန်တော် မေ့သွားတယ်။ စိတ်မပူပါနဲ့ ကျွန်တော် သေချာပေါက် ဘွဲ့ရမျာပါ။ အို.. ဒီနေ့နေ့လည်ခင်းမှာ ကျွန်တော်တို့ ဘာအတန်းရှိလဲ။”
“အား လောင်စစ် မင်းတခုခု ဖြစ်နေတာလဲ။ ဒီနေ့က ကျောင်းပိတ်ရက်လေ။ ငါတို့ အတန်းတက်ဖို့မှ မလိုတာ။”
“အာ... ဒီနေ့က စနေတနင်္ဂနွေ အားလပ်ရက်လား။ အား ကျွန်တော် အရေးကြီး လုပ်စရာ တစ်ခု ရှိတယ်။ ကျွန်တော်အခုပဲ ပညာရေးတက္ကသိုလ်ကို သွားရမယ်။”
ဖုန်းယွီသည် ရုတ်တရက် လီနကို ယခု စနေတနင်္ဂနွေ အားလပ်ရက်တွင် လာလည်မည်ဟု ကတိပေးထားသည်။
“ဟေ့ ဟေ့ဟေ့ ငါ့ကို စောင့်ဦး။ မင်းကားနဲ့သွားမှာမလား။ ငါလည်းလိုက်မယ်”
နောက်ဆုံးတစ်ခေါက် တွေ့ဆုံပွဲပြီးနောက် ထျန်လေ့နှင့် လီန၏ အခန်းဖော် သူငယ်ချင်းသည် ချစ်ကြိုက်မိသွားကြသည်။ ကျန်သည့်သူများကား မည်သည့် တိုးတက်မှုမျှ မရှိပေ။ သူတို့တွင် မည်သည့် အခွင့်အရေးမျှ ရှိပုံ မပေါ်တော့ပေ။ ထျန်လေ့သည် ဘေကျင်းမှ ဖြစ်သည်။ ပြီးနောက် မြို့နှင့်လည်း ရင်းနှီးပေး၏။ ထျန်လေ့သည် ထိုမိန်းကလေးထံမှ အာရုံစိုက်မှုရရန် အချိန်ကို ဖြုန်းရန် ဆန္ဒရှိပေသည်။ သူက တခြားသူများနှင့် မတူပေ။ တခြားသူများက မိန်းကလေးများ ခေါ်ဆိုသည်ကို အနှောက်အယှက် ဖြစ်သည်ဟု တွေးကြသည်။ သူတို့က မိန်းကလေးများကို အပြင်တွင် တွေ့ဆုံရန်တောင် မတောင်းရဲပေ။
ကျန်သည့်သူများက ဖုန်းယွီ၏ တိုက်ခန်းကိုသာ ဗီဒီယိုများကိုသာ ကြည့်ချင်သည်။ သူတို့ အကြိုက်နှစ်သက်ဆုံး စကားများမှာ အက်ရှင်ဇတ်ကားများ ဖြစ်သည်။ ထိုကျောင်းသားများသည်လည်း လူများဖြစ်ကာ လူပျိုပေါက်များလည်း ဖြစ်ကြပေသည်။ သို့သော် ကံမကောင်းချင်တော့ ဖုန်းယွီတွင် ထိုကဲ့သို့သော ဗီဒီယိုခွေမျိုး မရှိပေ။ သူတို့သည် ဇာတ်ကားအနည်းငယ်ကိုသာ ကြိမ်ဖန်များစွာ ကြည့်နေကြသည်။
ဖုန်းယွီက သူတို့အား အမှန်ပင် အထင်အမြင်သေးသည်။ သူတို့သည် တော်ကြသည်။ လူများစွာက သူတို့ကို အားကျကျသည်။ သို့သော် သူတို့သည် ယင်းအားသာချက်ကို မည်သို့ အသုံးချရမည်မှန်း မသိပေ။ ထိုဗွီဒီယိုခွေ ကြည့်ချင်း၏ အဓိပ္ပာယ်ကား မည်သို့နည်း။ လက်တွေ့ဘဝမှ ပိုပျော်စရာ ကောင်းသည်ပင်။
သူတို့သည် ထျန်လေ့ဆီမှ သင်ယူသင့်သည်ပင်။ ဖုန်းယွီ၏ ခန့်မှန်းတွက်ချက်မှုအရ ထျန်လေ့နှင့် ထိုကောင်မလေးသည် နောက်ပညာသင်နှစ်တွင် လိင်ဆက်ဆံမှု ပြုလုပ်မည် ဖြစ်သည်။
ဘေကျင်းပညာရေးတက္ကသိုလ်တွင် ဖုန်းယွီက လီနကို သူ့ရောက်ရှိနေကြောင်း အကြောင်းကြားလိုက်သည်။ လီန၏ အတန်းဖော်ကိုလည်း ထျန်လေ့ရောက်နေကြောင်းကိုလည်း ပြောလိုက်သည်။
ဖုန်းယွီကို မြင်သည့်အခါ လီနသည် ဖုန်းယွီ လက်မောင်းထဲကို ပြေးဝင်သွားတော့သည်။ ဖုန်းယွီက သူ့မကို ပွေ့ဖက်လိုက်ကာ အနမ်းတစ်ပွင့်ပေးလိုက်သည်။ သို့သော် လီနက သူ့ကို အဝေးကို တွန်းလိုက်သည်။ သူတို့သည် ကျောင်းဝန်းထဲတွင် ရှိနေဆဲ ဖြစ်၏။
ထျန်လေ့နှင့် သူ့ကောင်မလေးသည် လက်ချင်းချိတ်ကာ စာကြည့်တိုက်ကို လမ်းလျှောက်သွားသည်ပင်။ ထျန်လေ့က ထို မိန်းကလေးကို သင်္ချာသင်ပေးရမည်ဟု ပြောသည်။ ဖုန်းယွီက ယင်းအကြောင်းပြချက်ကြောင့် အံ့အားသင့်သွားသည်။ သို့သော် ထျန်လေ့သည် သူ့သင်္ချာစာအုပ်ကို သူနှင့် တပါတည်း ယူခဲ့သည်ပင်။ သူသည် ထိုမိန်းကလေးကို တကယ်ပင် သင်္ချာသင်ပေးမည်လော။
“ထျန်လေ့က တကယ်ကို ကောင်းတဲ့သူပဲ။ သူက ဒီကိုလာပြီးတော့ ချင်းချင်းနဲ့ စာအတူတူ လုပ်ပေးတယ်နော်။”
“ဟားဟား ဒါက ဘာလို့ဆို ချင်းချင်းက အရမ်းမတော်လို့ပေါ့။ တကယ်လို့ သူက နည်းနည်းလောက်ပဲ ကြိုးစားမယ်ဆိုရင် စာလေ့လာတဲ့နေရာမှာ အကူအညီ လိုပါ့မလား။ ထပ်ပြောရမယ်ဆိုရင် သူ့မှာ စာလေ့လာမှုနဲ့ ပတ်သက်ပြီးတော့ ပြဿနာ ရှိနေတဲ့ပုံပဲ။ သူဆရာမတွေကို အမြဲတမ်းမေးလို့ရတယ်လေ။”
လီနက ဖုန်းယွီကို မျက်စောင်းထိုးကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ချင်းချင်းက တကယ်ပဲ သင်္ချာမှာ မတော်ဘူးလို့ ကိုယ်တွေးနေတာလား။ အရင်စာသင်နှစ်တုန်းက ကျွန်မတို့ သူငယ်ချင်းတွေကြားမှာ သူက သင်္ချာရမှတ်မှာ ပထမရတယ်။”
အို... ချင်းချင်းက တကယ်ပဲ အကြံသမားပဲ။ နောင်ကျ ထျန်လေ့က သူ့လက်ဖဝါးအောက်ရောက်မှာပဲ။
ဖုန်းယွီသည် လီနလက်ကို ကိုက်ပြီး ကျောင်းဝန်းထဲတွင် လမ်းလျှောက်တော့သည်။ တက္ကသိုလ်ကျောင်းများသည် အချင်းချင်း ချိန်းတွေ့ခြင်းကို တားမြစ်သည့် အထက်တန်းကျောင်းများကဲ့သို့ မဟုတ်ပေ။ အတွဲများစွာက သူတို့ကဲ့သို့ လက်ခြင်းချိတ် လမ်းလျှောက်သည်ပင်။ သို့သော် အနာဂတ်နှစ်များကဲ့သို့ ပွင့်လင်းခြင်းမျိုး မရှိပေ။ စုံတွဲများသည် လက်ကိုသာ ကိုင်သည်။ သူတို့သည် အများအလည်တွင် အကြင်နာပေးခြင်း သို့မဟုတ် ထောင့်တထောင့်တွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော အရာမျိုးကိုတော့ မလုပ်ရဲကြပေ။ သို့မဟုတ် ဖုန်းယွီအနေဖြင့် ထိုကဲ့သို့သော မတော်တဆမှုများကို မကြုံရဖူးသည်လော။
ရာသီဥတုသည် အေးသည့်အတွက် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ထိုကဲသို့သော မတော်တဆမှုများသည် ပုံမှန်သာ ဖြစ်သည်။ အတိတ်ကာလများက အမျိုးသမီးငယ်များသည် သူဆင်းရဲများဖြင့် တိတ်တဆိတ်ချိန်းတွေ့ကြပြီး နောင်တွင် ကိုယ်ဝန်ရသည်ပင်။
ဖုန်းယွီသည်လည်း လီနနှင့်အတူ ထိုထူးဆန်းသည့် ကိစ္စကို လုပ်ရန် တွေးဖူးသည်။ သို့သော် လီနသည် သူနှင့် အတူ လိုက်လုပ်ပေးမည် မဟုတ်ကြောင်း သူသိပေသည်။ သူသည်လည်း ဖမ်းမိပါက နှစ်ယောက်သား ကျောင်းမှ ထွက်ရမည်ကိုလည်း စိုးရိမ်မိသည်။
သူသည် ကျောင်းမှ ထုတ်သည်ကို မကြောက်သော်ငြား ရှက်စရာ ကိစ္စကိုတော့ ကြောက်ရွံ့မိပေသည်။
ဖုန်းယွီသည် အရင်ဘဝရှိ အသိဉာဏ်များကို မှတ်မိပေ၏။ ထို့နောက် သူသည် ယင်းအသိဉာဏ်များကို အသုံးပြုကာ သူ့စီးပွားရေးတွင် ပိုက်ဆံ ရှာရာ၌ အသုံးပြုပေ၏။ သို့သော် သူ ဆွေးနွေးညှိုနှိုင်းသည့် အခါတိုင်း အမြဲတမ်းပင်ပန်းသည်ပင်။
အရင်ဘဝက သူသည် ငွေရေးကြေးရေး ပွဲစား တစ်ယောက် ဖြစ်ခဲ့ကာ ကုမ္ပဏီ တစ်ခုကိုတောင် မည်သည့် အခါကမျှ စီမံခန့်ခွဲခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ယခုလက်ရှိတွင် သူလုပ်နေသည့် အရာများသည် သူထိတောင် မထိဘူးသည့်အရာများပင် ဖြစ်သည်။
အခြားသူများနှင့် ညှိုနှိုင်းမှု လုပ်ရသည်မှာ အလွန်ပင်ပန်းသည်။ သူသည် ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းခြင်းမဟုတ်။ စိတ်ပိုင်းဆိုင်ရာပင်ပန်းခြင်း ဖြစ်သည်။ သူသည် ယခင်က တွေးဖူးသည်။ ဘာလို့ ငါက အဖေစကားကို နားမထောင်ခဲ့ရတာလဲ။ ပိုက်ဆံ အလုံအလောက်ရှိခြင်းက လုံလောက်ပြီ ဖြစ်သည်။ သို့သော် နိုင်ငံခြားကုမ္ပဏီများက တရုတ်နိုင်ငံကို ဝင်လာပြီး သူတို့ငွေများရယူသွားသည်ကို တွေးသည့်အခါ ပတ်ဝန်းကျင်ကို ဖြတ်စီးခြင်းနှင့် သူတို့၏ နည်းပညာများခိုးယူခြင်း စသည်တို့ကို စဉ်းစားမိသည့်အခါ သူ မရပ်တန့်နိုင်တော့ပေ။
ဘုရားသခင်က သူ့ကို အရာအားလုံးလုပ်ရန်အတွက် အခွင့်အရေး တကြိမ်ပေးကတည်းက သူသည်လည်း နိုင်ငံအတွက် တခုခု ပြန်လုပ်ပေးရမည်ပင်။ တရုတ်နိုင်ငံ၏ ကားလုပ်ငန်း အီလက်ထရောနစ်လုပ်ငန်း ဆေးဝါးလုပ်ငန်း အစရှိသဖြင့် ကူညီပေးရန် ဖြစ်သည်။ ဖုန်းယွီ၏ အရင်ဘဝတွင် တရုတ်နိုင်ငံ၏ ကျန်းမာရေး ထုတ်ကုန်အများစုမှာ နိုင်ငံခြား အမှတ်တံဆိပ် ဖြစ်သည်။ ယခုဘဝတွင် ဖုန်းယွီသည် တရုတ်နိုင်ငံ၏ ထုတ်ကုန်များကို အခြားနိုင်ငံသို့တင်ပို့ချင်သည်။ ထိုအိပ်မက်သည် သူ့ရည်ရွယ်ချက်နှင့် စိတ်ကူးပင်။
ဖုန်းယွီ၏ စီးပွားရေး ချဲ့ကားလာသည်နှင့်အမျှ သူသည်လည်း ပိုပိုပြီး အလုပ်ရှုပ်လာသည်။ သူသည် လီနနှင့် ရှိနေသည့် အခါမှသာ သူ့အလုပ်များကို မေ့ထားနိုင်ပေသည်။ သူ လီနနှင့်အတူ ကျောင်းဝန်းထဲသို့ လမ်းပတ်လျှောက်ရသည်ကိုပင် ကျေနပ်နေသည်။
သူတို့သည် နားနေဆောင် သေးသေးလေးထဲ လမ်းလျှောက်သွားလိုက်ကာ ထိုင်ပြီး လှပသည့် ပတ်ဝန်းကျင်ကို ခံစားနေကြသည်။
လီနသည် အမြဲတမ်း ဖုန်းယွီ၏ ရှပ်အင်္ကျီကို သပ်ပေးပြီး သူ့ကို ပတ်ဝန်းကျင်တွင် ဖြစ်နေသည့် ကိစ္စသေးသေးလေးများကို ပြောသည်။ သူ့ အခန်းဖော်များထဲမှ တစ်ယောက်သည် အိပ်နေစဉ် သားရေယိုကြောင်းကြောင်း။ အခြားတစ်ယောက်သည် ငေါက်ကြောင်းနှင့် ပြီးနောက် အခြား အတန်းဖော်တစ်ယောက်သည် လှပသည့် ဖောင်တိန်ကို ဝယ်လာခဲ့ကြောင်း ပြောသည်။ ထိုအရာများအားလုံးက အရေးမပါသည့် အရာများ ဖြစ်သည်။ သို့သော် ဖုန်းယွီသည် လီနပြောသည်ကို ကျေနပ်စွာဖြင့် နားဆင်နေသည်။
လေညှင်းတဝေ့က လီနဆံပင်ကို ရှုပ်ပွသွားစေသည်။ ဖုန်းယွီက ထိုကြည့်မကောင်းသည်ကို ဖြည်းဖြည်းခြင်းသပ်ပေးသည်။ လီန၏ မျက်နှာထက်တွင် ချိုမြိန်သည့် အပြုံးတစ်ပွင့်ပေါ်လာသည်။
ဘေကျင်း၏ ရာသီဥတုသည် ဘင်းမြို့တော်ထက် နွေးထွေးသည်ပင်။ ဘင်းမြို့တော်သည် ရေခဲခဲနေပြီ ဖြစ်သည်။ သို့သော် ဘေကျင်းတွင်တော့ အပူချိန်သည် သုညဒီဂရီစင်တီဂရိတ်အထက်တွင် ရှိနေဆဲ ဖြစ်သည်။
ထိုအချိန်က ဘေကျင်းတွင် မြူခိုးများလည်း မရှိပေ။ ကောင်းကင်များသည်လည်း ပြာလဲ့နေကာ နွေးထွေးသည့် နေရောင်ခြည်ကို ခံစားနိုင်ပေသည်။ မသိဘဲ ဖုန်းယွီ၏ ပေါင်ထက်တွင် အိပ်မောကျသွားသည်။ လီနသည် ဖုန်းယွီ၏ နားထင်ကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးသည်။ ပြီးနောက် ပြုံးလိုက်လေ၏။
ဖုန်းယွီ နိုးလာသည့်အခါ တစ်နာရီ ကျော်သွားပြီ ဖြစ်သည်။ လီန၏ ခြေထောက်များသည်လည်း ထုံကျဉ်နေသည်။ ပြီးနောက် ဖုန်းယွီက ချက်ခြင်းပင် သူ့ရှေ့တွင် ထူးထောက်ထိုင်လိုက်ကာ
“အချစ်ရဲ့ ခြေထောက်တွေကို ထုံအောင်လုပ်မိတဲ့သူက ကိုယ်ပါ။ အစ်ကို ပြန်ပြီးတော့ သယ်ပေးမယ်နော်။”
လီနသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ မည်သူမျှ သူတို့ကို ကြည့်မနေသည်ကို မြင်သည့်အခါ သူမသည် ဖုန်းယွီ၏ နောက်ကျောပေါ် တက်လိုက်၏။ သူမ၏ လက်များသည် ဖုန်းယွီ၏ လည်ပင်းကို ဖတ်လိုက်သည်။ ပြီးနောက် သူ့မခန္ဓာကိုယ်က သူ့ကျောအထက်တွင် ရောက်နေသည်။ သူမ၏ မေးကို ဖုန်းယွီ၏ ပခုံးထက်၌ နေရာထားလိုက်သည်။ ဖုန်းယွီအနေဖြင့် သူ့လည်ပင်းနှင့် နားနားတွင် သူမ၏ နွေးထွေးသည် ဝင်သက်ထွက်သက်ကို ခံစားနေရသည်။
လီနကို ကျီစယ်တက်သည့်သူပင်။ သူမ၏ ဆံပင်အရှည်ကို အသုံးပြုပြီး ဖုန်းယွီ၏ နားကို တို့လိုက်သည်။ ဖုန်းယွီယားပြီး ဂနာမငြိမ် ဖြစ်သည်ကို မြင်သည့်အခါ သူ တခစ်ခစ် ရယ်မိသည်။
ဖုန်းယွီက လီနကို အပေါ်ကို တင်ပေးသည့်ဟန်ဖြင့် သူ့ဖင်ကို ညှစ်လိုက်သည်။ လီနသည်လည်း သူ့ကို စနေသည်ကို ရပ်လိုက်ကာ သူ့လက်မောင်းပေါ်တွင် တချက် ပွတ်လိုက်သည်။
“မုန်းစရာကြီး”
ဖုန်းယွီက ပြုံးလိုက်ကာ
“မုန်းစရာကြီး။ ကိုယ့်ကိုချီးကျူးနေတာမလား။ ကိုယ်က မုန်းစရာကောင်းလောက်အောင် လီနကို ချစ်နေမိပြီလေ မဟုတ်ဘူးလား။”
လီနက
“.....”
သူက ဘယ်လိုလုပ် ဒီလိုမျိုး ပြောနိုင်ရတာလဲ။