ကြောညာကဏ္ဍများကို ဝယ်ယူခြင်း
Vol. 28 Ch. 420
နေ့လည်ခင်းတွင် ဖုန်းယွီသည် စီစီတီဗွီကို တစ်ခါ လာခဲ့သည်။ သူသည် လုံခြုံရေးများ သိသည်အထိ မကြာခဏ လာလေ့ရှိသည်။ ပုံမှန်အတိုင်း လုံခြုံရေးများကို စီးကရက်တစ်ဘူး ပေးပြီး မောင်းဝင်သည်။ သူသည် အဆောက်အဦးထဲကို ဝင်ရန်အတွက် မည်သည့်ခွင့်ပြုချက်မှ မလိုအပ်ပေ။
“အရာရှိချန်အထဲမှာရှိလား။”
ဖုန်းယွီသည် ကြော်ငြာဌာနသို့သွားသည်။ ယမန်နှစ်က ချန်ပေါင်ကျွမ်းသည် ဌာနခွဲမှူးသာ ဖြစ်သည်။
မုတ်ဆိတ်ဖြင့် ငယ်ရွယ်သည့် သူက မတ်တပ်ရပ်လိုက်ပြီး
“အရာရှိချုပ်ချန်ကို ရှာတာလား။ ချိန်းထားတာများ ရှိလား။”
ချီး ဒီချန်းပေါင်ကျွမ်းက ရာထူးကြီးနေပြီလား။ သူ့ကို တွေ့ဖို့တောင် ကြိုတင်ချိန်းဆိုရမှာတဲ့လား။ ဒါပေမဲ့ ဒီလူက ဘယ်သူလဲ။ ဘယ်လိုလုပ် ငါက အရင်တုန်းက သူကို မတွေ့ဖူးရတာလဲ။ ချန်းပေါင်ကျွမ်းရဲ့ အဆင့်က အတွင်းရေးမှူး တစ်ယောက် ထားဖို့အတွက် မလိုသေးပါဘူး။
“မင်းက ဒီက အသစ်လား။ အထဲဝင်ပြီး ဖုန်းယွီ ဒီကို ရောက်နေတယ်ဆိုပြီး တခုခု ပြောပေး။”
ဖုန်းယွီက အခန်းတခန်းထဲတွင် သူ့ကိုယ်ပိုင်ရုံးကဲ့သို့ ထိုင်ချလိုက်သည်။ ထိုလူငယ်က အံ့အားသင့်သွားသည်။ ဒီလူက ဘယ်သူလဲ။ ဒီနေ့မှာ အစည်းအဝေးတစ်ခုရှိတယ်။
ပြီးနောက် ထိုသူသည် အသစ်ပြောင်းလာသည့်သူပင်။ ထို့ကြောင့် သူသည် ရုံးကို တစ်ချက် ကြည့်ရမည်ပင်။
“အရာရှိချုပ်ချန်က အခု အစည်းအဝေးမှာပါ။ ကျန်တဲ့ သူတွေကလည်း ဒီမှာ မရှိပါဘူး။ မနက်ဖြန်မှ ပြန်လာခဲ့ပါလား။”
ဖုန်းယွီက သူ့နာရီကို ကြည့်လိုက်ကာ အခု နေ့ခင်း နှစ်နာရီပဲရှိသေးတယ်။ ပြီးတော့ ဒီနေ့ ကုန်ဖို့အတွက် နာရီ တော်တော်လေး လိုသေးတယ်။ ဒီအစည်းအဝေးက အရမ်းကြာမှာ မို့လို့လား။
“သူ့ကို ဒီမှာပဲ စောင့်နေလိုက်မယ်။ ငါ့အထင် ဒီအစည်းအဝေးက မကြာခင်မှာ ပြီးတော့မှာပါ။ တခုခု သောက်စရာများ ရှိလား။”
“ရှိပါတယ်။ ကျွန်တော် ဆရာအတွက် လက်ဖက်ရည် လုပ်ပေးပါ့မယ်။”
ထိုသူသည် ဖုန်းယွီ၏ စိတ်ဓာတ်ကို မြင်သည့်အခါ ခေါင်းဆောင် တစ်ယောက်၏ သားဖြစ်သည်ဟု သူတွေးမိသည်။ သူသည် ထိုသို့သော လူမျိုးကို မရင်ဆိုင်ရဲပေ။ ပြီးနောက် ယခုဌာနကို ပြောင်းရွေ့ရသည်မှာလည်း သူ့အတွက် မလွယ်ကူခဲ့ပေ။ သူသည် ကိစ္စသေးသေးလေးနှင့် ဖြုတ်ချခံရသည့် အဖြစ်မျိုးကို မလိုလားပေ။
ချန်းပေါင်ကျွမ်း အစည်းအဝေးမှ ပြန်လာသည့်အခါ ဖုန်းယွီ ရုံတစ်ရုံးရှိ ဆိုဖာပေါ်တွင် တင်ပျဉ်ခွေချိတ်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဖုန်းယွီက သူ့လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေကာ ကွာစေ့စားနေ၏။
ချန်းပေါင်ကျွမ်းက ပြောစရာ စကားမဲ့သွားသည်။ ဒါက ရုံးခန်းလေ။ ဘယ်သူက ဒီမှာ ကွာစေ့ စားခိုင်းလို့လဲ။ သူက အသစ်ရောက်လာသည့် သူကို မျက်စောင်းထိုးကြည့်လိုက်သည်။ ဘာလို့ မင်းက သူ့ကို မတားရတာလဲ။
ထို လူငယ်လေးသည် သူ့ခေါင်းဆောင်၏ မျက်နှာမှာ စိတ်တိုနေသည့်ပုံကို မြင်လိုက်ရသည်။ သူသည်လည်း ဖုန်းယွီအနေဖြင့် အိပ်ကပ်ထဲမှ ကွာစေ့ကို ထုတ်ယူပြီး စားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
ဖုန်းယွီက သူ့ကိုတောင် ကွာစေ့စားဦးမလားဟု မေးခဲ့သည်။ ဖုန်းယွီ၏ စကားအရ သူ့ကို တားရန် မတက်နိုင်ပေ။
“အရာရှိချုပ်ချန်း ခင်ဗျားရဲ့ အစည်းအဝေးကလည်း ကြာလိုက်တာဗျာ။”
ဖုန်းယွီက သူ့နာရီကို ကြည့်လိုက်သည်။ လေးနာရီ ရှိနေပြီ ဖြစ်သည်။ ဖုန်းယွီသည် ယင်းအစည်းအဝေးသည် အရေးမပါသည့် စကားများဖြင့် ပြည့်နေသည်ကို သိသည်။ ပြီးနောက် စကားတိုင်း၏ အစတွင် ကျွန်တော်အထင်တော့.... ကျွန်တော်ကတော့ ဒီလိုထင်တယ် စသည်ဖြင့် အရေးမပါသည့် အရာများကိုသာ ဆွေးနွေးပွဲ တစ်ခုလိုမျိုး လုပ်နေခြင်း ဖြစ်သည်။ ဖုန်းယွီသည် တိုတိုနှင့် လိုရင်းကိုသာ နှစ်သက်သည့်သူ ဖြစ်သည်။ သူက လုပ်ဆောင်နိုင်မှုကိုသာ လိုချင်သည်။
ချန်းပေါင်ကျွမ်းက ဖုန်းယွီကို ပြောစရာစကားမဲ့စွာဖြင့် ပြောလိုက်သည်။
“ငါတို့ဌာနရဲ့ အစည်းအဝေးက သူတို့လုပ်ငန်းခွင်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပြောရတာ။ ငါတို့ အစည်းအဝေး ဘယ်လောက်ရှည်ရှည် မင်းနဲ့ ဆိုင်လို့လား။”
“အို မန်နေဂျာဖုန်း ဘာလို့ ဒီကို ရောက်နေတာလဲ။”
“စီစီတီဗွီက အစီအစဉ် အသစ်တွေကို ထုတ်လွှင့်မယ်လို့ ငါကြားတယ်။ ပြီးတော့ အဲ့ဒီမှာ ကြော်ငြာကဏ္ဍတွေ အများကြီး ပါတယ်ဆို။”
ချန်းပေါင်ကျွမ်း၏ မျက်လုံးက ကျယ်သွားကာ
“မန်နေဂျာဖုန်း မန်နေဂျာဖုန်းက ကြော်ငြာ ကဏ္ဍတွေ ဝယ်ချင်တာလား။”
“ဟုတ်တယ်။ အခုလက်ရှိ မင်းရှိတဲ့ ကြော်ငြာကဏ္ဍတွေ အကြောင်းပြောပြီတော့ ငါစိတ်ဝင်စားတယ်ဆိုရင် ငါ အများကြီး ဝယ်မှာပေါ့”
ဖုန်းယွီက သူ့မျက်လုံးကို ကြည့်လိုက်သည်။ ဘာ အသစ်လဲ တကယ်လို့ ငါက ဒီကို ကြော်ငြာကဏ္ဍတွေ မဝယ်ဘူးဆိုရင် ငါက ဒီကို ဘာကိစ္စနဲ့ လာမှာလဲ။ ငါမင်းနဲ့ စကားလာပြောရမှာလား။
“မန်နေဂျာဖုန်း ကျွန်တော် ရုံးခန်းထဲကို လာခဲ့ပါ။ ရှောင်ဝမ် လက်ဖက်ရည်ပြင်။ လူကြီးလီ အခုလက်ရှိ လျစ်လပ်နေတဲ့ကြော်ငြာကဏ္ဍတွေရဲ့ ဈေးနှုန်းကို ယူလာပေးလိုက်။”
ဖုန်းယွီသည် စားပွဲပေါ်ရှိ ကွာစေ့ကို သူ့လက်ဖြင့် ဆုပ်လိုက်ကာ ဖြည်းဖြည်းချင်း ချန်းပေါင်ကျွမ်း၏ ရုံးခန်းကို လျှောက်သွားတော့သည်။ အသစ်ရောက်လာသည့် သူကား အံ့အားထိတ်လန့်နေသည်ပင်။
ထို ရုံးရှိ စီနီယာများက အသစ်ရောက်လာသူအား ထိုက်ဟွ ကုန်သွယ်ရေး၏ မန်နေဂျာဖုန်းသည် စီစီတီဗွီ၏ လွန်ခဲ့သည့် နှစ်နှစ်က အကြီးဆုံး မိတ်ဖက်ဖြစ်ကြောင်း ပြောခဲ့သည်။ သူသည် ကြော်ငြာကဏ္ဍ၏ ဈေးနှုန်းများနှင့် ပတ်သက်လာလျှင် မည်သည့်အခါကမျှ ဈေးစစ်ခဲ့ခြင်း မရှိပေ။ ယခုလက်ရှိ စီစီတီဗွီ၏ ကြော်ငြာကဏ္ဍများသည် ဖုန်းယွီ ကြော်ငြာအပေါ်တွင် သုံးစွဲသည့် ငွေအပေါ် ညှိုနှိုင်းယူထားခြင်း ဖြစ်သည်။ မန်နေဂျာဖုန်းသည်လည်း ရုပ်သံဌာန၏ ထိပ်တန်းခေါင်းဆောင်များနှင့် ရင်းနှီးသည်ပင်။ သူသည် နှစ်သစ်ကူးပွဲ ညစာစားပွဲ၏ စပွန်ဆာလည်း ဖြစ်သည်။
ဖုန်းယွီသည် ချန်းပေါင်ကျွမ်း၏ ရုံးခန်းထဲကို ဝင်သွားသည့်အခါ ချန်းပေါင်ကျွမ်းသည် သူ့လက်ကို ကြည့်နေသည်။
“အရာရှိချုပ်ချန် ကွာစေ့စားချင်လို့လား။”
ဖုန်းယွီက ကွာစေ့ဆုတ်ထားသည့် လက်အား သူ့ဆီ ကမ်းလိုက်သည်။
ချန်းပေါင်ကျွမ်း၏ မျက်နှာက မှောင်ကျုံ့သွားကာ
“မဟုတ်ဘူး။ ဒါက ရုံး။ ငါက အခု ဒီကွာစေ့တွေိကို သိမ်းစေချင်တာ။ ဘယ်သူက မင်းရဲ့ ကွာစေ့တွေကို စားချင်လို့လဲ။”
ဖုန်းယွီက သူ့ကွာစေ့များကို အိတ်ပ်ထဲကို အမြန်ထည့်လိုက်သည်။ ကွာစေ့စားနေရင်း ရပ်ခိုင်းလိုက်ခြင်းက ကြီးမားသည့် စိတ်ဆင်းရဲမှုပင် ဖြစ်သည်။ ကွာစေ့စ စားသည့်အခါက ရပ်လိုက်သည့် အချိန်က အလွန်ပင် ခက်ခဲပေးသည်။
လူကြီးလီသည် ချန်းပေါင်ကျွမ်းအတွက် စာရင်းတစ်ခုကို ယူခဲ့သည်။ ပြီးနောက် ချန်းပေါင်ကျွမ်းက ဖုန်းယွီကို ကမ်းလိုက်ကာ ဖုန်းယွီသည် ထိုစာရင်းကို ကြည့်ကြည့်လိုက်သည်။
“မန်နေဂျာဖုန်း ဒါက လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍတွေပါ။ တကယ်လို့ ဒီကြော်ငြာကဏ္ဍတွေသာ ကြိုက်တယ်ဆိုရင် ဘာလို့ ဒီကြော်ငြာ ကဏ္ဍအကုန်လုံးကို မဝယ်ဘဲနေမှာလဲ။ ဒီမှာက ရှစ်ခုပဲ ကျန်တော့တယ်”
ဖုန်းယွီက တစ်ချက် ကြည့်လိုက်သည်။ ထိုအစီအစဉ်များ၏ ပြောင်းလဲမှုအချိန်နှင့် အစီအစဉ်များ၏ ကြာချိန်သည်လည်း ပြောင်းလဲမှု ရှိသည်။ ထို့ကြောင့် ကြော်ငြာကဏ္ဍများ ပေါ်လာခြင်းဖြစ်သည်။ အရှည်ဆုံးသည် တစ်မိနစ် ဖြစ်ပြီး အတိုဆုံးသည် ဆယ့်ငါးစက္ကန့် ဖြစ်သည်။ မနက်ခင်းတွင် ကြော်ငြာကဏ္ဍ ၂ခု ရှိပြီး နေ့လည်ခင်းတွင် ၄ခု ညနေခင်းတွင် ၂ခုရှိသည်။ ထိုကြော်ငြာ ကဏ္ဍများ၏ အချိန်က မဆိုးပေ။ ဗွီစီဒီနှင့် သင်ကြားရေးစက်ကို ကြော်ငြာရာတွင် ပိုမိုလွယ်ကူမည်ပင်။ တစ်နေ့လျှင် ကြော်ငြာလေးခုက ထိုထုတ်ကုန်ကို ကြည့်ရှုသူများ အမှတ်ရရန်အတွက် လုံလောက်နေပြီ ဖြစ်သည်။
“အရာရှိချုပ်ချန်က ဒီလို ပြောပြီဆိုမှတော့ ကျွန်တော်လည်း ခင်ဗျား မျက်နှာသာပေးရမှာပေါ့။ ကျွန်တော် ဒီအကုန်လုံးကို ဝယ်မယ် ဈေးသာ ပြောလိုက်။”
ဖုန်းယွီသည် ထိုစာရင်းကို တင်ကာ ပြောလိုက်သည်။
ချန်ပေါင်ကျွမ်း၏ မျက်နှာက တောက်ပသွားကာ
“ဒီကြော်ငြာကဏ္ဍတွေ အကုန် လိုချင်တာလား။ ခဏလေးနော် ကြည့်လိုက်ဦးမယ်။ စုစုပေါင်းက ဘယ်လောက်ပါလိမ့်”
သူသည် အံဆွဲထဲမှ မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး ဂဏန်းတွက်စက်ဖြင့် တွက်လိုက်သည်။ သူသည် ဂဏန်းတွက်စက်တွင် နံပါတ်များကို အကြိမ်များစွာ ရိုက်ထည့်လိုက်ပြီးနောက် ဖုန်းယွီကို ပေးလိုက်သည်။
“မန်နေဂျာဖုန်း ဒါက နောက်ဆုံးရလဒ်ပါ။ ခင်ဗျား အရမ်းကို အမြင်ရှိလို့ ကျွန်တော်က ခင်ဗျားကို ၁၀ရာခိုင်နှုန်း လျော့ဈေးပေးမယ်။ ဒီစာချုပ်ရဲ့ ကြာချိန်က ဒီနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့အထိ။”
ဖုန်းယွီသည် ဂဏန်းတွက်စက်ကို တစ်ချက် ကြည့်လိုက်သည်။ ပြီးနောက် စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။ သူသည် လူကြည့်အများဆုံး အချိန်၏ ကြော်ငြာကဏ္ဍများနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ ချီး ဒီချန်းပေါင်ကျွမ်းက ဟာသ လုပ်နေတာလား။ ဒီကြော်ငြာကဏ္ဍ ရှစ်ခုက ဒီလောက်ထိ တန်ကြေးရှိမှာလား။
ဖုန်းယွီသည် ဂဏန်းတွက်စက်ပေါ်တွင် ဂဏန်းအချို့ကို ရိုက်နှိပ်လိုက်သည်။ ပြီးနောက် ချန်းပေါင်ကျွမ်းကို ပြန်ပေးလိုက်ကာ
“တကယ်လို့ ဒီဈေးနှုန်းနဲ့ရမယ်ဆိုရင် ကျွန်တော်ယူမယ်။ အရာရှိချုပ်ချန် ကျွန်တော်က ချမ်းသာရင် ချမ်းသာမယ်။ ဒါပေမဲ့ ကျွန်တော်ပိုက်ဆံကိုတော့ အလေအလွင့် မဖြစ်စေဘူး။”
ချန်းပေါင်ကျွမ်းက ပြုံးလိုက်ကာ
“ဘယ်လိုလုပ် ဒီလို ပြောရတာလဲ။ ဒီဈေးက အရမ်းကို နည်းတယ်။ ဒီဈေးနှုန်းနဲ့တောင် အထက်အရာရှိတွေကို ဘယ်လို ပြောရမလဲ ကျွန်တော် မသိဘူး။”
ဖုန်းယွီသည် ဈေးနှစ်ဆကို မည်သည့်အခါမျှ သဘောမတူပေ။ ယခုလက်ရှိ သူ လိုအပ်သည်မှာ စီစီတီဗွီ၏ ဈေးနှုန်းသာ ဖြစ်သည်။ သို့သော် ချန်းပေါင်ကျွမ်းသည် ဖုန်းယွီထံမှ များများရရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူသည် ဖုန်းယွီကို များများ သုံးနိုင်အောင် လုပ်ပါက သူ အမှတ်များစွာ ရရှိမည် ဖြစ်သည်။ ကြော်ငြာဌာန၏ အမြင့်ဆုံး ရာထူးသည် လက်ထောက်အရာရှိချုပ် ဖြစ်သည်။ သူသည် ဌာနကို အဆင့်မြင့်ပြီး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လိုသည်။ သူ့အနေဖြင့် တခုခု နှင့် ပတ်သက်ပြီး ရာထူးတောင် တိုးနိုင်ပေ၏။
“ဒီဈေးနှုန်းကို ခင်ဗျားအရာရှိတွေကို ပြန်မပြောနိုင်ဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ။တကယ်ပဲ ကျွန်တော်ပေးတဲ့ဈေးက အဆင်မပြေတာလား။ မသင့်တော်တာလား။ ကျွန်တော်က ကြော်ငြာကြေးပေးနေတာလေ။ စီစီတီဗွီမှာ တချို့တွေက ကြော်ငြာကြေးတောင် ထပ်ပေးစရာ မလိုဘူးလေ။”
“ဘယ်သူ ကြော်ငြာကို အခမဲ့လို့ ပြောတာလဲ။"
ချန်းပေါင်ကျွမ်းက ပြန်မေးလိုက်သည်။ သူသည် ယင်းဌာနကို ကြည့်ရှုနေသည့် သူ တစ်ယောက် ဖြစ်ကာ ဖုန်းယွီ၏ အခြေအမြစ် မရှိစွဲဆိုချက်ကို မလိုလားပေ။
“ပနက်ဆောနစ်ရဲ့ မနှစ်တုန်းက ကြော်ငြာတွေတုန်းက သူတို့တွေ စီစီတီဗွီကို ပိုက်ဆံ ပေးလို့လား။”
“ဒါက ဘယ်လိုလုပ်သူမှာလဲ။ အဲ့ဒီအန်နီမီတွေက ဂျပန်က ကျွန်တော်တို့ကို ပေးတာလေ။ ပြီးတော့ မူပိုင်ခွင့်ကိုလည်း ပေးစရာ မလိုဘူး”
ချန်းပေါင်ကျွမ်းက ပြန်ပြောလိုက်သည်။
“အဲ့တာဆိုရင် ဘယ်ဟာက ပိုပြီး ဈေးကြီးလဲ။ မူပိုင်ခွင့်ကြေးလား။ ကြော်ငြာကြေးလား။”
ဖုန်းယွီက ပြောလိုက်သည်။
“အာ ဒါကတော့ မတူဘူးလေ။ ငါတို့တွေက ပြည်ပကနေပြီးတော့ အရည်အသွေးမှီတဲ့ အစီအစဉ်တွေကို လွှင့်နေတာလေ။ သူတို့တွေရဲ့ အန်နီမီတွေက ကောင်းတယ်။ ပြီးတော့ ငါတို့တွေက သူတို့အတွက် မူပိုင်ခွင့်ကြေး ပြန်ပေးစရာ မလိုဘူးလေ။ သူတို့တွေကလည်း အဲဒီအန်နီမီတွေအတွက် ငွေတောင်းတာမှ မဟုတ်တာ။ ထပ်ပြောရမယ်ဆိုရင် ဂျပန်က သူတို့တွေ အနေနဲ့ ငါတို့တွေက ဒီအန်နီမီတွေအတွက် မူပိုင်ခွင့်တွေကိုတောင် ပေးမယ်လို့တောင် ကတိပေးထားသေးတယ်။”
“အဲ့တာဆိုရင် သူတို့တွေက ကြော်ငြာတွေကို အချိန်တိုင်းမှာ အခမဲ့ လွှင့်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လား။ အဲ့တာဆို ဒီအပေးအယူကနေ ခင်ဗျားတို့တွေက မြတ်လားရှုံးလား။ တကယ်လို့ အန်နီမေးရှင်းတွေရဲ့ မူပိုင်ခွင့်သာ ရမယ်ဆိုရင် ကြော်ငြာတွေက အခမဲ့ရမှာလား။ ဥပမာအနေနဲ့ အမေရိကန်နဲ့ ဥရောပတို့ကပေါ့။ အဲ့တာဆိုရင်ကော စီစီတီဗွီက ကျွန်တော်ကို ကြော်ငြာခွင့် အခမဲ့ပေးမှာလား။”
ဖုန်းယွီက မေးလိုက်သည်။
“ဪ မန်နေဂျာဖုန်း ကျွန်တော် ဒီဆုံးဖြတ်ချက်ကို မချပေးနိုင်ပါဘူး။ ကျွန်တော်တို့တွေ ကြော်ငြာဈေးအကြောင်းပဲ ပြောရအောင်လေ။ လျော့ဈေးကို ၂၀ရာခိုင်နှုန်းအထိ ထားပေးမယ်။ ပြီးတော့ ဒီကြော်ငြာတွေကို မန်နေဂျာဖုန်းကိုပဲ ရောင်းပေးမယ်။”
ချန်းပေါင်ကျွမ်းသည် အန်နီမီနှင့် ပတ်သက်သည့် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ မချရဲပေ။ ယင်းကိစ္စမျိုးကို စီစီတီဗွီ၏ ထိပ်တန်းအရာရှိများကသာ ဆုံးဖြတ်သည်ပင်။
“၂၀ရာခိုင်နှုန်းဒါက တကယ်ကို မူရင်းဈေးထက်ကို နည်းတာပဲ။ ငါက အခုလက်ရှိ ပေါက်ဈေးကို မသိဘူးလို့ မတွေးလိုက်နဲ့နော်။”
ချန်ပေါင်ကျွမ်းက အံ့အားသင့်စွာဖြင့် ပြန်ပြောလိုက်သည်။
“သဘောတူတယ်။ မနက်ဖြန်ကျရင် စာချုပ်ယူပြီး လာချုပ်ခိုင်းလိုက်မယ်။”