ကိုယ့်ကိုကို အထင်ကြီးနေသော သွမ်ယုံ့ဖျင်
Vol. 29 Ch. 421
သွမ့်ယုံဖျင်သည် သူ့ကုမ္ပဏီရှိ ထိပ်ပိုင်းခေါင်းဆောင် အကုန်လုံးကို အစည်းအဝေးလုပ်ရန်အတွက် ခေါ်လိုက်သည်။ အစိုးရသည် ဗီဒီယိုဂိမ်းဈေးကွက်ကို ဖွင့်ပေးလိုက်ပြီ ဖြစ်ကာ ဂိမ်းစက်များ တင်သွင်းခွင့်ကိုလည်း ခွင့်ပြုလိုက်ပြီ ဖြစ်သည်။
ယခုလက်ရှိတွင် နတ်ဆိုးလေးသည် ဈေးချိုချိုဖြင့် ခိုးကူးဂိမ်းခွေများနှင့် လွန်စွာ ကြော်ငြာမှုများဖြင့် တရုတ်ဈေးကွက်ကို ထိန်းချုပ်ထားသည်။
သို့သော် သွမ်ယုံဖျင်က သူတို့၏ ဂိမ်းစက်များသည် နင်တန်ဒို၏ မော်ဒယ်အဟောင်းများကို တုပထားခြင်း ဖြစ်ကြောင်း သိပေသည်။ ပြီးနောက် နင်တန်ဒိုသည် ထိုမော်ဒယ်များ၏ မူပိုင်ခွင့်ကိုလည်း ပိုင်ဆိုင်ထားသည်။ ဂိမ်းခွေများအားလုံးသည် အတုများ ဖြစ်သည်။ အကယ်၍ နင်တန်ဒိုသာ သူတို့ကို မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် တရားစွဲပါက သူတို့သည် လျော်ကြေး ပမာဏ များစွာ ပေးရမည့် အပြင် သူတို့ကုမ္ပဏီ ပိတ်သိမ်းကောင်း ပိတ်သိမ်းရနိုင်သည်။
ကံကောင်းချင်တော့ သူတို့သည် ယင်းပြဿနာကို ကြိုမြင်ပြီးသား ဖြစ်ကာ ထုတ်ကုန်အသစ်ကို စမ်းသပ်နေပေသည်။ ထုတ်ကုန်အသစ်သည် နတ်ဆိုးလေးနှင့် သက်ဆိုင်ပေလိမ့်မည်။
သူတို့သည် ယင်းထုတ်ကုန်အသစ်နှင့် ပတ်သက်ပြီး မြောက်မြားစွာသော တိုးတက်မှုများကို တွေ့ရသည်။ သူတို့သည် မိသားစု ဝင်ငွေများ တိုးလာသည်ကို သတိပြုမိသော်ငြား မိဘများသည် သူတို့ကလေးများအတွက် ဂိမ်းစက်များကို မဝယ်ပေးလိုကြပေ။ မိဘ အများစုက ဂိမ်းများက သူတို့ ကလေးများ၏ စာလေ့လာမှုအပေါ် ထိခိုက်စေသည်ဟု တွေးကြသည်။
သွမ့်ယုံဖျင်သည် ရုတ်ခြည်း အကြံဉာဏ် တစ်ခု ရခဲ့သည်။ အကယ်၍ သူတို့သည် ပညာရေးနှင့် သက်ဆိုင်သည့် အကူအညီပေးနိုင်သည့် ဂိမ်းစက်များကို တီထွင်ပါက မည်သို့ တုန့်ပြန်မည်နည်း။ သူသည် ရုံးရှင်းသည့် စကားလုံး၊ အီဒီယမ်နှင့် နိုင်ငံခြားဘာသာစကားများ လေ့ကျင့်နိုင်သည့် ရိုးရှင်းသည့် ဂိမ်းများကို ထုတ်လုပ်နိုင်ပေရာ မိဘများသည်လည်း ထိုကဲ့သို့သော ဂိမ်းများကို ကလေးများအတွက် ဝယ်ပေးကြမည် ဖြစ်သည်။ ထိုကလေးငယ်များသည် ဂိမ်းဆော့ရင်း တခါတည်း ကစားနိုင်ပေသည်။ ယင်းက ခဲတလုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်။
သေချာသည်မှာ ထုတ်ကုန်အသစ် ထုတ်လုပ်မှုမစခင် သွမ့်ယုံဖျင်သည် ဈေးကွက်သုတေသနကို ပြုလုပ်ရန် လိုအပ်ပေသည်။ ကွန်ပြူတာများသာ ယင်းကဲ့သို့သော ပုံစံမျိုးကို ပါဝင်ကြောင်း သဘောပေါက်ပေကာ ဈေးကွက်တွင် တူညီသည့် ထုတ်ကုန်မျိုး မရှိပေ။ ကွန်ပြူတာများသည်လည်း ယွမ် တစ်သိန်းကျော် တန်ကြေးရှိပေသည်။ အကယ်၍ သူတို့သည် ထုတ်လုပ်မှုပုံစံ ရိုးရိုးရှင်းရှင်းနှင့် ဈေးချိုပြီး အသုံးဝင်သည့် ထုတ်ကုန် ဖြစ်ပါက ယင်းထုတ်ကုန်သည် ယွမ် ၂၀၀၀ ပတ်ဝန်းကျင်သာ ရှိမည် ဖြစ်သည်။ အကယ်၍ သူတို့သည် ယွမ် ၃၀၀၀ဖြင့် ရောင်းလျှင်တောင် ရောင်းရမည်ပင်။
သွမ်ယုံဖျင်သည် ယင်းအကြံကြောင့် စိတ်လှုပ်ရှားနေမိသည်။ သူက နတ်ဆိုးလေး၏ ဝင်ငွေပေါက် တစ်ခု တိုးလာပြီ ဖြစ်ကြောင်း ယုံကြည်သည်။ ယင်းက ထုတ်ကုန်အသစ် ဖြစ်ကာ ဂိမ်းစက်နှင့် ကွန်ပြူတာကြားရှိ ထုတ်ကုန် ဖြစ်သည်။
သွမ့်ယုံဖျင်သည် ကုမ္ပဏီရှိ ထိပ်ပိုင်းခေါင်းဆောင်များမှ ထောက်ခံမှုကို ရခဲ့သည်။ ထိုသူများအားလုံးသည် ယင်း ထုတ်ကုန်အသစ်သည် တရုတ်ပြည်ရှိ နတ်ဆိုးလေးဆိုသော နေရာကို ခိုင်မာစေလိမ့်မည်ဟု ယုံကြည်ကြသည်။ ကုမ္ပဏီသည် အခြားသူမူပိုင်ခွင့် တန်ဖိုးငွေများကို မပေးသည့် ကုမ္ပဏီ ဖြစ်လာတော့မည် မဟုတ်ပေ။
သွမ့်ယုံဖျင်သည် သူ့အကြံဉာဏ်အား အထက်အရာရှိများကို တင်ပြသည်။ ယခုလက်ရှိတွင် နတ်ဆိုးလေးသည် နိုင်ငံပိုင် လုပ်ငန်း ဖြစ်နေဆဲ ဖြစ်သည်။ ခေါင်းဆောင်များသည်လည်း ယင်းက အကြံဉာဏ်ကောင်းဟု ခံစားမိသည်။ သို့သော် သူတို့ ဆက်လက် စုံစမ်းသည့်အခါ နတ်ဆိုးလေးသည် ထိုထုတ်ကုန်န် တီထွင်ရန်အတွက် ရန်ပုံငွေ အကုန်လုံးကို အသုံးပြုပြီးဆိုသည့်အချက်ပင်။ သွမ့်ယုံဖျင်က မြို့တော် သူ့ကို ထိုထုန်ကုန် ဆက်လက် တီထွင်ရန်အတွက် ယွမ် ၁သန်း ပေးစေလိုသည်။
မြို့တော်က ငြင်းလိုက်သည်။ သူတို့သည် နတ်ဆိုးလေးကို ထုတ်ကုန်အသစ် ထုတ်လုပ်ရန်အတွက် ယွမ် ၁သန်း ပေးပြီး ဖြစ်ကာ သူတို့ အကုန်အသုံးပြုပြီး ဖြစ်သည်။ ထုတ်ကုန်အသစ်သည် မထုတ်ရသေးခင် သူတို့သည် နောက်ထပ် ယွမ် ၁သန်း လိုချင်သည်လော။
သွမ့်ယုံဖျင်သည် ခေါင်းဆောင်များကို စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြသည်။ ထုတ်ကုန်အသစ်သည် နိုင်ငံဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်မည် ဖြစ်ကာ တရုတ်နိုင်ငံရှိ အခြားသော ဂိမ်းစက်များကိုလည်း အနိုင်ပိုင်းနိုင်မည် ဖြစ်သည်။ သူတို့ စက်ရုံ၏ အကျိုးအမြတ်သည်လည်း အဆပေါင်းများစွာ တိုးတက်လာပေလိမ့်မည်။
ပိုအရေးကြီးဆုံးကာ သူတို့သည် မူပိုင်ခွင့်ကို ချိုးဖောက်မည် မဟုတ်ပေ။
တရုတ်သည် ဂိမ်းဈေးကွက်ကို ဖွင့်လှစ်ခဲ့ပြီး ဂိမ်းစက်များ တင်သွင်းခွင့် ပြုခဲ့ပြီး ဖြစ်သည်။ နိုင်ငံခြား ကုမ္ပဏီများသည် သေချာပေါက် ဈေးကွက်သုတေသန လုပ်ကြမည် ဖြစ်ကာ သူတို့က သူတို့၏ နည်းပညာများကို တရားမဝင် အသုံးပြုနေသည်ကို သိသွားမည် ဖြစ်သည်။ အကယ်၍ နတ်ဆိုးလေးသာ တရားစွဲခံရပါက သူတို့သည် ဂိမ်းစက်ထုတ်လုပ်မှုကို ရပ်တန့်ရမည် ဖြစ်သည်။ ထိုကုမ္ပဏီများသည် သူတို့ကို တရားမစွဲလျှင်တောင် သူတို့သည် တန်ဖိုးနည်း ဂိမ်းစက်များကို မိတ်ဆက်နိုင်ပေသည်။ ထို အမှတ်တံဆိပ်ကြီးများက သူတို့ ရောင်းအားကို ထိခိုက်စေလိမ့်မည်။
သွမ့်ယုံဖျင်သည် ယင်းအတွက် ကူကယ်ရာ မဲ့နေသည်။ ထိုခေတ်က တရုတ်လူမျိုးများက နိုင်ငံခြားမှ တင်သွင်းသည့် ပစ္စည်းများက ပြည်တွင်းကုန်ပစ္စည်းများထက် ပိုပြီး ကောင်းသည်ဟု အမြဲတွေးနေကြြသည်။ ဈေးကြီးသည့် အရာများသည် အရည်အသွေးပြည့်မှီသော ထုတ်ကုန်များ ဖြစ်သည်။ ထိုနိုင်ငံခြားမှ တင်သွင်းသည့် ဂိမ်းစက်များသည် သူတို့ ဈေးနှုန်းကို မလျော့ချလျှင်တောင် သူတို့ ဈေးကွက်ဝေစု လှုပ်ခါလိမ့်မည်ကို သူစိုးရိမ်မိသည်။
ထို့အတွက်ကြောင့် နတ်ဆိုးလေးသည် ထုတ်ကုန်အသစ် ထုတ်လုပ်ရန်အတွက် အရေးကြီးနေခြင်း ဖြစ်ကာ ယင်းထုတ်ကုန်အသစ်ကသာ သူတို့ ဈေးကွက်အတွင်း ရှင်သန်စေလိမ့်မည် ဖြစ်သည်။
အမှန်တကယ်တွင် မြို့တော်ခေါင်းဆောင်များသည် သွမ့်ယုံဖျင်လုပ်သည့် အရာများနှင့် ပတ်သက်ပြီး ကျေနပ်ခြင်း မရှိပေ။ သွမ့်ယုံဖျင်ပြောသည်ကား နတ်ဆိုးလေးထဲတွင် စီမံခန့်ခွဲမှုအပိုင်းနှင့် ပတ်သက်ပြီး ပြဿနာများ ရှိသည်ဟု ပြောခဲ့သည်။ သူသည် လုပ်ငန်းကို ပြန်လည်ဖွဲ့စည်းလို၏။
ပြန်လည်ဖွဲ့စည်းမှာလား။ မင်းက အထွေထွေ မန်နေဂျာ ဖြစ်နေပြီပဲ မဟုတ်ဘူးလား။ မင်းက ဘာလိုချင်သေးတာလဲ။ မင်းက ဥက္ကဋ္ဌလိုချင်သေးတာလား။ ဒီကုမ္ပဏီက မြို့တော်က ပိုင်တာ မင်း ပိုင်တာ မဟုတ်ဘူး။
နောက်ဆုံးအကြိမ်က သွမ့်ယုံဖျင်က ခေါင်းဆောင်များကို စီမံခန့်ခွဲမှုနှင့် နည်းပညာများသည် နတ်ဆိုးလေးအတွက် အလွန်အရေးကြီးကြောင်းနှင့် သူသည် ပြန်လည် ဖွဲ့စည်းပြီးနောက် ရှယ်ယာများနှင့် လွဲပြောင်းလိုကြောင်း ပြောခဲ့သည်။
ဒါက ဘာအဓိပ္ပာယ်လဲ။ သွမ့်ယုံဖျင်က နတ်ဆိုးလေးကို ခွဲချင်တာလား။ သူက သူမပါဘဲ ကုမ္ပဏီ အပိတ်ခံရမယ်လို့ တွေးနေတာလား။ ပြီးတော့ ဒီနည်းပညာရှင်တွေရဲ့ လစာက အရမ်းမမြင့်ဘူးမလား။ သူတို့တွေက တစ်လကို ယွမ် ၂၀၀ပဲလေ။ ဒါက မြို့တော်ရဲ့ ခေါင်းဆောင်တစ်ယောက်ထက်တောင် များနေပြီ။ သူတို့တွေက ဘာထပ်လိုချင်တာလဲ။
ကွမ်တုံးတွင် ကျွမ်းကျင်သည့် သူများ မရှားပေ။ လွန်ခဲ့သည့် မကြာသေးမှီနှစ်များက မြောက်ပိုင်းမှ ကျွမ်းကျင်ပညာရှင် အများအပြားသည် သူတို့ ပြည်နယ်ကို လာခဲ့ကြသည်။ အကယ်၍ လက်ရှိ နည်းပညာရှင်များသည် မပျော်ရွှင်ပါက မြို့တော်သည် သူတို့ကို အစားထိုးနိုင်ပေသည်။ ထိုမြောက်ပိုင်းမှ နည်းပညာရှင်များသည် ယွမ် ၁၅၀အတွက်တောင် အလုပ်လုပ်ချင်နိုင်ပေလိမ့်မည်။
သွမ့်ယုံဖျင်က နတ်ဆိုးလေးကို ရှယ်ယာကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး အသုံးမဝင်သည့် ဌာနများကို ဖြုတ်ပစ်မည်ဟု ပြောခဲ့သည်။ သူတို့သည် သုတေသနဌာနနှင့် အရောင်းဌာနကို တိုးမြင့်မည် ဖြစ်သည်။ ရှယ်ယာများကိုလည်း ဆုအဖြစ် ထုတ်ပေးမည် ဖြစ်သည်။ ယင်းက ကုမ္ပဏီအပေါ် မြောက်မြားစွာ ထောက်ပံ့မှု ပေးခဲ့သည့် ဝန်ထမ်းများအား ကုမ္ပဏီက ကျေးဇူးတင်ခြင်း ဖြစ်သည်။
သေချာသည်မှာ သွမ့်ယုံဖျင်သည်လည်း နတ်ဆိုးလေးကို တည်ထောင်သည့် သူများထဲမှ တစ်ယောက်ဖြစ်သည်။ သူ ကုမ္ပဏီကို တာဝန်ယူစဉ်က ကုမ္ပဏီ၏ အကြွေးသည် ယွမ် ၂သန်းကျော် ရှိခဲံသည်။ သူက မြို့တော်ကို ထိုအကြွေးများ ပေးရန်အတွက် ပြန်မတောင်းခဲ့ပေ။ ထိုအစကား သူသည် ဖြန့်ချီသူများကိုသာ သူ့အား အချိန်ပေးရန် တောင်းဆိုခဲ့သည်။ သူ့ကြောင့် နတ်ဆိုးလေး တိုးတက်လာခြင်း ဖြစ်သည်။ အကြွေးရှိသည့်တိုင် သူသည် စီစီတီဗွီတွင် ကြော်ငြာ ထည့်ခဲ့သည်။ ထို့အတွက်ကြောင့် နတ်ဆိုးလေးသည် ဂိမ်းဈေးကွက်တွင် နာမည် ရလာခြင်း ဖြစ်သည်။
နတ်ဆိုးလေးဂိမ်းစက်သည် ဂိမ်းဈေးကွက်တွင် နတ်ဆိုးအဖြစ် နာမည် ရလာခဲ့သည်။ ယင်းအတွက်ကြောင့် သွမ့်ယုံဖျင် အောင်မြင်သည်ဟု ပြောနိုင်ပေသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူက မြို့တော်အတွက် ယွမ် သန်းဆယ်ဂဏန်းချီ ရှာပေးခဲ့သည်။
သူသည် ထိုအရာများအားလုံးကို မြို့တော်အတွက် ယူဆောင်ပေးခဲ့ကာ သူ့အနေဖြင့် ဆုမရသင့်ပေဘူးလော။ နိုင်ငံခြား ကုမ္ပဏီများကို ကြည့်လျှင်တောင် သူတို့၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ကုမ္ပဏီ၏ ရှယ်ယာများကို ကိုင်ထားကြသည်။ အဘယ်ကြောင့် သူ့ကိုလည်း ယင်းကဲ့သို့ မလုပ်နိုင်ရမည်နည်း။ ကုမ္ပဏီရှိ မည်သည့် အထက်တန်းစီနီယာက သူ့ထက် စွမ်းဆောင်ရည်ရှိပြီး ထောက်ပံ့မှုများ ပြုလုပ်ခဲ့သနည်း။ အဘယ်တွက် ထိုနိုင်ငံခြားကုမ္ပဏီများ၏ ထိပ်ပိုင်း အရာရှိများသည် ယွမ်ထောင်နှင့်ချီသည့် လစာများကို ရကြသည်။ သူသည် တစ်လလျှင် ယွမ် ၂၀၀ကျော် သာသာမျှသာ ရသည်။
အခြားသော ပြည်နယ်များရှိ ကုမ္ပဏီအများစုသည်လည်း ပြန်လည်ဖွဲ့စည်းပြီးဖြစ်ကာ ခေါင်းဆောင်များကို ကုမ္ပဏီက သူတို့ အထောက်ပံ့ပေးမှုပေါ်လိုက်ကာ ရှယ်ဘာများကို ပေးခဲ့သည်။ သွမ့်ယုံဖျင်က သူ့ကိုယ်သူ စံထားစရာဟု ခံစားနေရသည်။ ကုမ္ပဏီတွင် ရွေးချယ်စရာ အခြားသူများ မရှိပေ။ သူသည် ကုမ္ပဏီကို ပြန်လည် ရှင်သန်အောင် လုပ်ခဲ့ကာ ကုမ္ပဏီရှိ လူတိုင်းက သူ့ကို ကျေးဇူးတင်ကြသည်ပင်။
သို့သော် မြို့တော်က သဘောမတူပေ။ သူတို့က ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းရန် မလိုသေးဟု ခံစားမိသည်။ ယင်းက နိုင်ငံပိုင်လုပ်ငန်းဖြစ်ကာ ကုမ္ပဏီသည်လည်း တိုးတက်နေသည်။ မည်သည့် ပြောင်းလဲမှုကိုမျှ မလိုအပ်ပေ။
သို့သော် သွမ့်ယုံဖျင်၏ အမြဲတမ်း ဆန္ဒပြမှုကြောင့် မြို့တော်က အလျော့ပေးလိုက်ရသည်။ အကယ်၍ သွမ့်ယုံဖျင်သာ ထွက်ပါက သူတို့သည် သူ့နေရာတွင် အစိုးထိုးရန်လူ ရှာနိုင်လိမ့်မည် မဟုတ်ချေ။
မြို့တော်က သွမ့်ယုံဖျင်ကို သတ်မှတ်ချက် တခုပေးခဲ့သည်။ အကယ်၍ နတ်ဆိုးလေး၏ အမြတ်သာ ယွမ် သန်း၁၀၀ကျော်ရှာနိုင်ပါက သူတို့သည် ကုမ္ပဏီ ပြန်လည်ဖွဲ့စည်းရေးအတွက် စကားပြောမည် ဖြစ်သည်။
သွမ့်ယုံဖျင်သည် အပျော်လွန်သွားသည်။ မြို့တော်သည် နောက်ဆုံးတွင် သူ့တောင်းဆိုချက်ကို လိုက်လျောခဲ့သည်။ သို့သော် ယခုလက်ရှိတွင် မြို့တော်သည် သူ့ကို ထုတ်ကုန်အသစ် ထုတ်လုပန်ရန်တွက် ငွေ မထုတ်ပေးလိုပေ။ ငွေမရှိဘဲ ထုတ်ကုန်အသစ် ဖြစ်မလာပေ။ မည်သည့်ကုမ္ပဏီက ပိုက်ဆံမရှိဘဲ ထုတ်ကုန်အသစ်ကို ထုတ်လုပ်နိုင်မည်နည်း။ အကယ်၍ မြို့တော်သာ ကုမ္ပဏီ၏ ယမန်နှစ် အမြတ်များကို မယူသွားကာ ကုမ္ပဏီသည် မြို့တော်ကို ခယတောင်းနေရမည် မဟုတ်ပေ။
သွမ့်ယုံဖျင်၏ ထတလဲလဲ အသနားခံမှုကြောင့် မြို့တော်က သူ့ကို ယွမ် ၅သိန်းပေးခဲ့သည်။ အကယ်၍ အောင်မြင်ပါက မြို့တော်သည် သူ့ကို ရန်ပုံငွေ ထပ်ပေးရန် စဉ်းစားမည် ဖြစ်သည်။ သွမ့်ယုံဖျင်သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြန်သွားခဲ့သည်။ သူသည် ထိုသင်ကြားရေးစက်ကို တီထွင်ပြီး မြို့တော်ကို သူ့စွမ်းဆောင်ရည်များကို ပြသမည်ဖြစ်သည်။
သို့သော် သွမ့်ယုံဖျင် ဂရုမပြုမိသည်ကား အိုက်ဝ၏ သင်ကြားရေးစက် နမူနာပုံစံသည် အသင့်ဖြစ်နေသည်ဆိုသည်ပင်.....။