ကိုယ့်ဘာသာ ကိုယ်ပဲ ပြိုင်မယ်
Vol. 29 Ch. 422
ဘေကျင်း စတူရီယို တခုတွင် မိန်းမငယ်လေး တစ်ယောက်သည် သီချင်းအသစ်တစ်ပုဒ်ကို တွေးနေပြီး ဖုန်းယွီသည် သူ့ နားကြပ်မှ လှပသည့် အသံကို နားဆင်နေသည်။ ယင်း အမျိုးသမီးငယ်လေးသည် ဖုန်းယွီ၏ အရင်ဘဝတွင် ထိပ်တန်း အမျိုးသမီး အဆိုတော် ဖြစ်သည်။ သူမ၏ အသံကြိုးများသည် တကယ်ပင် ထူးခြားနေပေသည်။
“မစ္စတာဖုန်း ကျွန်မ ဒီသီချင်းကို တကယ်ပဲ ကြိုက်တယ်။ ကျေးဇူးအရမ်းတင်ပါတယ်။”
နာ့ယင်သည် စတူဒီယိုထဲမှ ထွက်လာပြီး ဖုန်းယွီကို ခေါင်းညွတ်လိုက်သည်။
“ငါလည်း မင်းရဲ့ အသံကို ကြိုက်တယ်။ ငါက ဒီသီချင်းကို မင်းအတွက် အထူးရေးထားပေးတာ။ သေချာတာပေါ့။ ငါလည်း မင်းကို ပြောစရာရှိတယ်။ တကယ်လို့ မင်းသာ ဒီစာချုပ်ကို လက်မှတ်ထိုးမယ်ဆိုရင် မင်း ငွေပိုရလိမ့်မယ်။”
ဖုန်းယွီသည် ထုတ်ကုန်သံတမန်ခန့်အပ်စာချုပ်ကို နာ့ယင်ကို ပေးလိုက်သည်။ စွန်းနန်သည်လည်း လေနှင့်မိုး ဗွီစီဒီစက်အတွက် ကြေညာမည် ဖြစ်သည်။ ပြီးနောက် နာ့ယင်သည် အိုက်ဝ ဗွီစီဒီစက်အတွက် ရွေးချယ်ထားသည့် ထုတ်ကုန်သံတမန် ဖြစ်သည်။
အကယ်၍ ယခုအချိန်သာ ဖုန်းယွီ၏ အရင်ဘဝ ဖြစ်ပါက စွန်းနန်သည် ယင်းစာချုပ်ကို လက်လွတ်ဆုံးရှံးလိမ့်မည် ဖြစ်သည်။ အဆိုတော်သစ် တစ်ယောက်အနေဖြင့် သူရသည့် ငွေသည် အလွန်နည်းပေသည်။ သို့သော် ယခုလက်ရှိတွင် စွန်းနန်သည် ကျော်ကြားပြီး ဖြစ်ကာ သူသည် ယင်းစာချုပ်ကို လက်မှတ်ထိုးခြင်းဖြင့် အကျိုးအမြတ်များစွာ ရရှိမည် ဖြစ်ပေသည်။
စွန်းနန်သည် ဖုန်းယွီကို ခေါ်ပြီး သူ့ကျေးဇူးတင်မှုကို ပြသသည်။ အကယ်၍ ဖုန်းယွီသာ သူ့ကို မရွေးချယ်ခဲ့ကာ သူ့အတွက် သီချင်းနှစ်ပုဒ်ကို မရေးစပ်ပေးခဲ့ပါက သူသည် ယင်းကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိလိမ့်မည် မဟုတ်ချေ။ စွန်းနန်သည် သီချင်းဆိုရာတွင် ယုံကြည်ချက်ရှိသော်လည်း တစ်နှစ်ကြာပြီးနောက် အောင်မြင်ကျော်ကြားမည်နှင့် ယခုအကြားတွင် ကွဲပြားမှုများ ရှိပေလိမ့်မည်။
နယင်သည် တရုတ်နိုင်ငံ၏ တက်သစ်စ အမျိုးသမီး အဆိုတော် ဖြစ်သည်။ သူမသည် ယခုလက်ရှိ တရုတ်နိုင်ငံ၏ ပေါ့ဂီတအမျိုးအစားတွင် အဆင့်အတန်း တခုရှိသော်ငြား မော်အားမင်နှင့် အချို့သော တရုတ်အဆိုတော်များကို မယှဉ်နိုင်သေးပေ။ သို့သော် ဖုန်းယွီသည် သူမ၏ အသံကြိုးအကြောင်းကို သိပေသည်။ သူမသည် နာမည်ကျော်ကြားမည် ဖြစ်သည်။ အရေးကြီးဆုံးကာ ဖုန်းယွီသည် သူမ၏ သီချင်းများကို နှစ်သက်ခြင်းပင် ဖြစ်သည်။
ဖုန်းယွီသည် ၁၀နှစ်ကြာ စာချုပ်အတွက် ယွမ် တစ်သန်းဖြင့် ကမ်းလှမ်းသည်။ နယင်သည် တူညီသည့် ထုတ်ကုန်များကို ထောက်ခံပေးရန် ခွင့်မပြုပေ။ သီချင်းသို့မဟုတ် အသံသွင်း ထုတ်ကုန်များကိုတောင် ခွင့်မပြုပေ။
နယင်သည် ယခုကမ်းလှမ်းမှုကို တွန့်ဆုတ်နေသည်။ သို့သော် သူမက ၁၀နှစ် အလွန်ကြာသည်ဟု ခံစားမိသည်။ သူမသည် ယွမ် ၃သိန်းအတွက် ၃နှစ်စာချုပ်ကို ချုပ်ဆိုချင်သည်။ ပြီးနောက် သူမသည် အိုက်ဝ ဗွီစီဒီစက်ကိုလည်း မသိပေ။
ထိုအချိန်တွင် ဖုန်းယွီက သူမကို သီချင်းတစ်ပုဒ်ကို ပြပြီး ကြိုက်မကြိုက် ကြည့်ခိုင်းသည်။
****သည် ဖုန်းယွီ၏ အရင်ဘဝတွင် နယင်၏ သီချင်းဖြစ်သည်။ ထိုသီချင်းက သူမကို နာမည် ကြီးစေခဲ့ကာ တရုတ်နိုင်ငံ ပေါ့ဂီတ၏ ဘုရင်မတစ်ပါး ဖြစ်စေခဲ့သည်။ သူမ၏ အခြားသီချင်းများသည်ဖြစ်သည့်****** သည်လည်း သီချင်းကောင်းဖြစ်ကာ ဂီတထိပ်တန်းစာရင်းထဲတွင်တောင် ပါခဲ့သည်။ သို့သော် ယင်းက အရမ်းကြီြးတော့ မကောင်းပေ။ ထိုသီချင်း၏ စာသားများသည် ယခုကာလအတွက် သင့်လျော်ခြင်း မရှိပေ။ သူမအနေဖြင့် မော်အားမင်ကို မှီရန်ကားလုံလောက်ပြီ ဖြစ်သည်။
“မစ္စတာဖုန်း ၁၀နှစ်ဆိုတာက အရမ်းကို ကြာတယ်။ ကျွန်မတို့တွေ ၅နှစ် ပြောင်းလို့မရဘူးလား။ ယွမ် ၄သောင်းဆိုလည်း အဆင်ပြေပါတယ်။”
ဖုန်းယွီက ပြုံးလိုက်က
“ညီအစ်မ ဒီသီချင်းက ****ထက် မကောင်းဘူးလို့ မတွေးမိဘူလား။ ဒီသီချင်းက မင်းရဲ့ အဆိုတော်လုပ်ငန်းအပေါ် တိုးတက်မှု ရှိနိုင်တယ် မဟုတ်လား။”
နယင်သည် ဝန်မခံလိုသော်ငြား သူမက အမှန်ပြောနေသည်ကို သိပေ၏။
နယင်က ခေါင်းညိတ်လိုက်ကာ
“ဒါပေမဲ့......”
ဖုန်းယွီက သူလက်ကို ယမ်းလိုက်ပြီး နယင်ကို ဖြတ်ပြောလိုက်ကာ
“မင်းက ငါပေးတဲ့ ထောက်ခံကြေးက အရမ်းနည်းတယ်လို့ တွေးနေတာလား။ ပြီးတော့ နှစ်နှစ်အတွင်းမှာ မင်းရဲ့ ကြေးကလည်း အရမ်း မြင့်လာမှာ ဟုတ်တယ်မလား။ ဒါပေမဲ့ အိုက်ဝက အမှတ်တံဆိပ်ကြီး တစ်ခုဆိုတာ မစဉ်းစားဘူးလား။ ငါတို့ရဲ့ နားကြပ်ကပ်ဆက်က တရုတ်နိုင်ငံဈေးကွက်ရဲ့ ၉၀ရာခိုင်နှုန်းကို ရယူထားတာ။ မင်း ငါတို့ အမှတ်တံဆိပ်ကို မထောက်ခံဘဲ ကြော်ငြာ တစ်ခုတည်းနဲ့ဆိုရင်တောင် ငါတို့ရဲ့ ဗွီစီဒီစက်အပေါ် သက်ရောက်မှု ရှိနိုင်တယ်မဟုတ်ဘူးလား။ ယန်ဝူလေးကို မှတ်မိသေးလား။ သူက ကတ်စက်ကို ကြော်ငြာပြီးတော့ Showbiz အစီအစဉ်ထဲ ဝင်ခဲ့ပြီး နာမည် ကြီးလာခဲ့တယ်။ ငါတို့ရဲ့ အမှတ်တံဆိပ် ကြော်ငြာတာက ယန်ဝူထက်တောင် ပိုပြီးတော့ ကြီးမားသေးတယ်.”
ဖုန်းယွီသည် အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။ ယန်ဝူကလေးသည် ကျောင်းသားသာ ဖြစ်သော်ငြား သူသည် ကြော်ငြာများကို စတင် ရိုက်နေပြီ ဖြစ်သည်။ သူသည် ထိုကြော်ငြာကြောင့် နာမည် ကြီးလာခဲ့သည်။ သို့သော် နယင်နှင့်တော့ ကွဲပြားပေသည်။ သူမသည် ယခုလက်ရှိတွင် နာမည် ကြီးနေပြီ ဖြစ်သည်။ သို့သော် ဖုန်းယွီက အိုက်ဝ၏ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်ပါက သူမအနေဖြင့် ပိုပြီး တောက်ပလာမည် ဖြစ်သည်။ သူမအကြောင်းကို လူများ ပိုသိလာမည် ဖြစ်သည်။
“ကျွန်မ ပြန်သွားပြီး စဉ်းစားလို့ ရမလား”
“ရတယ်လေ။ သေချာတာပေါ့။ ဒါပေမဲ့ မြန်မြန် စဉ်းစားနော်။ ငါတို့တွေက ကြော်ငြာကို မြန်မြန် ရိုက်ရတော့မှာ။ အချိန်အကြာကြီးဆွဲမယ်ဆိုရင် ငါက နောက်ထပ်တစ်ယောက်ကို ပြောင်းရမှာ။ စွန်းနန်ကို မင်းသိတယ်မလား။ ငါလည်း သူ့အတွက် သီချင်းနှစ်ပုဒ်ရေးပေးခဲ့တယ်။ ပြီးတော့ သူက အခု ဟောင်ကောင် လေဘယ်နဲ့ စာချုပ်မှာ လက်မှတ်ထိုးပြီးသွားပြီ။ သူက အရှေ့တောင်အာရှဈေးကွက်မှာ အယ်ဘမ်အသစ် ထုတ်တော့မှာ။ သူ့ကို မင်းအားမကျဘူးလား။”
....
နောက်တစ်နေ့တွင် နယင်သည် သူ့ဆရာမနှင် သူမိသားစုဝင်များကို တိုင်ပင်ပြီးနောက် သူသည် စာချုပ်ကို ချုပ်ဆိုလိုက်သည်။ စာချုပ်သက်တမ်းသည် ရှည်သော်ငြား ယင်းက သူမအတွက် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
“မင်းဆုံးဖြတ်ချက်ကို မင်းနောင်တ ရမှာ မဟုတ်ပါဘူး။ မင်း ဒီနှစ် စီစီတီဗွီရဲ့ တရုတ်နှစ်သစ်ကူးပွဲမှာ ဖျော်ဖြေရမယ်လို့ အာမခံတယ်။”
သိုသိပ်စွာဖြင့်ပြောလိုက်သည်။ နယင်သည် ယခုနှစ် ဂါလာညစာစားပွဲတွင် ဖျော်ဖြေရန် ဖိတ်ခေါ်မည် ဖြစ်သည်။ ယခင်တုန်းက လူများက သူမသီချင်းကိုသာ ကြားဖူးပြီး သူမကို မသိပေ။
နယင်က အံ့အားသင့်သွားသည်။ ဖုန်းယွီက သူမအနေဖြင့် ဂါလာညမှာ ဖျော်ဖြေခွင့်ရမည်ဟု အာမခံရဲသည်လော။ အကယ်၍ဖုန်းယွီသာ စောစောက ပြောပါက သူမသည် တစ်ညတောင် အချိန်ယူပြီး စဉ်းစားရန်တောင် မလိုအပ်ပေ။
“ဒီမှာ ယွမ် ၁သန်း။ ဒီငွေနဲ့ဆိုရင် မင်းရဲ့ အဆိုတော်လုပ်ငန်းကို အာရုံစိုက်ပြီး လုပ်လို့ရပြီ။ ဒါပေမဲ့ မင်းကို သတိပေးစရာတော့ရှိသေးတယ်။ အနာဂတ်ကျ မင်းအနေနဲ့ ဖျော်ဖြေသမျှ အရာအားလုံးကို မင်း ကြေညာပေးရမယ်။ မင်း နိုက်ကလပ်တွေမှာ ဖျော်ဖြေတာက အစပေါ့။ ပြီးတော့ မင်းအခွန်လည်း ထမ်းရမယ်”
ဖုန်းယွီသည် စွန်းနန်၊ လျိုသာ့ချင်နှင့် ထိပ်ပြောင်ချန်းတို့ကိုလည်း သတိပေးထားသည်။ သူ့အရင်ဘဝက သူတို့သည် ရှာဖွေသမျှကို မကြေညာခဲ့ပေ။ ပြီးနောက် သူတို့ထဲမှ အချို့ကို အခွန်တောင် မပေးပေ။ လျိုသာချင်နှင့် မော်အားမင်သည် အစိုးရ၏ ပြင်းပြင်းထန်ထန် အပြစ်ပေးမှုကို ခံရသည့် သူများထဲမှ အချို့ဖြစ်သည်။
ယခုလက်ရှိတွင် စွန်းနန်နှင့် နယင်သည် လေနှင့်မိုးနှင့် အိုက်ဝအတွက် ပြောခွင့်ဆိုခွင့်ပုဂ္ဂိုလ်များဖြစ်လာကြပြီ ဖြစ်သည်။ ဖုန်းယွီအနေဖြင့် သူတိုကို အမှားနည်းနည်းလေးတောင် မဖြစ်စေလိုပေ။ သေချာသည်မှာ သူတို့သည် တရားစွဲခံရပါက စာချုပ် ဖောက်ဖျက်ခြင်းဖြစ်သည်။ သူသည် ဖုန်းယွီကို မည်သည့်လျော်ကြေးငွေမျှ ပေးရန် မလိုသော်ငြား သူတို့သည် ဖုန်းယွီကို ကြော်ငြာခများကို ပြန်ပေးရမည် ဖြစ်သည်။ ဖုန်းယွီအနေဖြင့် သူတို့ကြောင့် သူ့အမှတ်တံဆိပ်များ၏ ပုံရိပ်ကို မထိခိုက်စေလိုပေ။
ပြီးနောက် နယင်နှင့် စွန်းနန်သည် အမှတ်တံဆိပ် နှစ်ခုအတွက် ကြော်ငြာများ စတင် ရိုက်ကူးကြပြီ ဖြစ်သည်။
လေနှင့်မိုးအမှတ်တံဆိပ်သည်......၏ သီချင်းကို နောက်ခံ အဖြစ် အသုံးပြုကာ အိုက်ဝက....၏ သီချင်းကို အသုံးပြုသည်။ သီချင်းနှစ်ခုလုံးက ပုံစံ မတူပေ ပြီးနောက် အဆိုတော်များ၏ အသံသည်လည်း ကွဲပြားပေ၏။ ကြော်ငြာရိုက်ကူးရေးတောင် ခြားနားမှုများ ရှိသည်။
ဖုန်းယွီသည် ရွေးချယ်စရာ မရှိပေ။ နယင်သည် ရုပ်ခံရှိပေရာ သူမကို ချောမောသော အဆိုတော်ဟု စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် စွန်းနန်၏ ရုပ်ကား.... အဆိုတော်ကောင်းလော သို့မဟုတ် အိုင်ဒေါအဖြစ် ကြော်ငြာရမည်လော။ ယင်းစကားလုံးသည် သူ့တဘဝလုံးအတွက် ဘာမှ လုပ်စရာ မလိုပေ။
ဖုန်းယွီသည် ကြော်ငြာများကို ရိုက်ကူးရန်အတွက် အောင်မြင်ကျော်ကြားသည့် ဒါရိုက်တာ နှစ်ဦးကို ငှားယမ်းထားသည်။ တစ်ယောက်သည် ချန်းကေ့ ဖြစ်ကာ သူသည်*****ကို ရိုက်ကူးသည်။ နောက်တစ်ယောက်သည် ****ကို ရိုက်ကူးသည့် ကျန်းယီမို ဖြစ်သည်။
ဖူကွမ်းကျန်းသည် ထိုကြော်ငြာများကို ရိုက်ကူးရန်အတွက် ဒါရိုက်တာ နှစ်ဦးကို ငှားယမ်းမှန်း နားမလည်နိုင် ဖြစ်နေသည်။ သူတို့သည် တရုတ်နိုင်ငံတွင် ထိပ်တန်း ဒါရိုက်တာများ ဖြစ်ကာ ဈေးအကြီးဆုံး ဖြစ်သည်။
ဖုန်းယွီသည် သူ့စိတ်ထဲတွင်တော့ သူတို့ကို ယခုကြော်ငြာများအတွက်သာ ငှားယမ်းသည်သာမဟုတ် ကြော်ငြာ သုံးခုအတွက်လည်း စာချုပ်ချုပ်ဆိုထားကာ သူတို့ကို အပြည့်ပေးချေပြီး ဖြစ်သည်။ ယခုလက်ရှိတွင် သူတို့ဈေးကြီးသည်ဟု စဉ်းစား၍ မရနိုင်ပေ။ သူတို့၏ အနုပညာကြေးသည် တစ်နှစ်နှစ်နှစ်အတွင်း အဆများစွာ တိုးသွားမည် ဖြစ်သည်။
“ငါက ဒီအမှတ်တံဆိပ် နှစ်ခုကို ပြိုင်ဖက်တွေလို ဖြစ်စေချင်တယ်။ အချင်းချင်း ပြိုင်ခိုင်းမှာ”
ဖုန်းယွီက ဖူကွမ်းကျန်းကို ပြောလိုက်သည်။
ပြိုင်ခိုင်းမှာလား။ ဖူကွမ်းကျန်းက ရုတ်တရက် နားလည်သွားသည်။ ယင်းနည်းလမ်းကာ ထိုအဆိုတော် နှစ်ယောက်၏ ပရိသတ်များနှင့် ဒါရိုက်တာများသည် သူတို့ အမှတ်တံဆိပ်များကို ထောက်ခံ အားပေးမည် ဖြစ်သည်။ မည်သည့်အမှတ်တံဆိပ် ဖြစ်စေ ဖုန်းယွီသည် ငွေအကုန်လုံးကို ရရှိမည် ဖြစ်သည်။
အတိတ်က ဆိုနီနှင့် အိုက်ဝ လုပ်ခဲ့သည့် ပုံစံ ဖြစ်သည်။ နှစ်ဖက်အမှတ်တံဆိပ် ပြိုင်ဆိုင်ခြင်းက သူတို့ကို ဈေးကွက်အတွင်း အခြေခိုင်မှုကို ဖြစ်စေသည်။ တစ်ချိန်တည်းတွင် အခြားပြိုင်ဖက်များကို ကန်ထုတ်ပြီးသား ဖြစ်သည်။
ဖူကွမ်းကျန်းသည် ဖုန်းယွီကို လက်မ ပေးလိုက်သည်.
ဖုန်းယွီသည် ဖူကွမ်းကျန်း၏ သွင်ပြင်ကို မြင်သည့်အခါ စာတစ်ကြောင်း ပြောသည်ဟု ခံစားမိသည်။
“တော်တယ်။ မင်းအရမ်းတော်တယ်။”