← Chapters

အိုက်ဝ သင်ကြားရေးစက် သင့်နေရာတွင်သာ သင်ယူလိုက်ပါ

Vol. 29 Ch. 423

အိုက်ဝ သင်ကြားရေးစက် သင့်နေရာတွင်သာ သင်ယူလိုက်ပါ

Vol. 29 Ch. 423

အိုက်ဝနှင့် နင်တန်ဒိုသည် သဘောတူချက်ကို အိုက်ဝ သင်ကြားရေးစက် မချုပ်ဆိုခင် ချုပ်ဆိုခဲ့ကြသည်။ အိုက်ဝအနေဖြင့် နင်တန်ဒိုကို သူတို့၏ ဖြန့်ချီရေး လမ်းကြောင်းများအား အသုံးပြုခွင့် ပေးသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ဗီဒီယို ဂိမ်းစက်များ တင်သွင်းခြင်းကို ခွင့်ပြုပြီး ဖြစ်သည်။ နင်တန်ဒိုသည် ဆာဂါ့ထက် တရုတ်ပြည်ကို စောစောဝင်ချင်ကာ တရုတ်နိုင်ငံ၏ ဈေးကွက် ထိန်းချုပ်ခြင်းမှ ကာကွယ်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့် နင်တန်ဒိုသည် နင်တန်ဒိုသည် အိုက်ဝကို ပထမဆုံးအနေဖြင့် သင်ကြားရေးစက်များ ထုတ်လုပ်မှုကို ကူညီပေးရန် လိုအပ်သည်။ ဂိမ်းခွေများအတွက် တရုတ်နိုင်ငံရှိ စက်ရုံများသည်လည်း ၎င်းတို့ကို ထုတ်လုပ်နိုင်ပေသည်။ ဂိမ်းများတွင် အဓိကအားဖြင့် အီဒီယမ်၊ စကားလုံး၊ ဘာသာစကားစသည့် အရာများ ပါဝင်ပေသည်။

မေလ အဆုံးပိုင်းတွင် အိုက်ဝ သင်ကြားရေးစက်ကို တရုတ်နိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ ဖုန်းယွီသည် လက်လီဈေးကို တစ်ခုလျှင် ၃၂၂၈ ယွမ်ဈေးသတ်မှတ်ပြီး လက်ကားဈေးအတွက်မူ ယွမ် ၃၀၀၀ထားသည်။ ထုတ်လုပ်မှု စရိတ်သည် ယွမ် ၁၅၀၀မျှသာ ဖြစ်သည်။ ယင်းက သူ့အတွက် နင်တန်ဒို၏ ကုန်ကျစရိတ် ပြီးနောက် တင်သွင်းခွန်နှင့် သယ်ယူပို့ဆောင်စရိတ်ပါ ပါပြီး ဖြစ်သည်။ အကယ်၍ တရုတ်နိုင်ငံရှိ စက်ရုံများတွင်သာ ထုတ်ပါက ကုန်ကျစရိတ်သည် ယွမ် ၁၀၀၀အောက်ခန့်သာ ရှိပေမည်။

နင်တန်ဒိုသည် ဂိမ်းစက်များကို ဝယ်ယူမည့်သူ အပိုင်းအခြားအလိုက် မော်ဒယ်မျိုးစုံ မိတ်ဆက်၏။ ဈေးနှုန်းမှာ ယွမ် ၁၀၀၀မှ ၃၀၀၀ကြား ဖြစ်သည်။ နင်တန်ဒိုသည် တရုတ်ဈေးကွက်ကို ယင်းထုတ်ကုန်များဖြင့် သိမ်းပိုက်ချင်သည်။ ဆာဂါ့သည်လည်း နင်တန်ဒိုကို တန်ပြန်ရန်အတွက် မတူညီသည့် ထုတ်ကုန်များကို မိတ်ဆက်ပြန်၏။

နင်တန်ဒိုနှင့် ဆာဂါ့ နှစ်ဖက်လုံးက အိုက်ဝ၏ သင်ကြားရေးစက်နှင့် နတ်ဆိုးလေးကို အထင်သေးခဲ့ကြသည်။ သူတို့ ဂိမ်းစက်များသည် ဈေးချိုပြီး အရည်အသွေးပြည့်မှီသော ဂိမ်းမျိုးနှင့် အရောင်းအသွေး စုံလင်လှသည်ဟု သူတို့ တွေးမိသည်။ သူတို့၏ ဂိမ်းစက်များသည် တရုတ်နိုင်ငံ၏ ဗွီဒီယို ဂိမ်းဈေးကွက်ကို အချိန်မဆိုင်းပဲ အနိုင်ယူနိုင်မည် ဖြစ်သည်။ ယင်းက သူတို့ အမေရိကနှင့် ဥရောပဈေးကွက်ကို ဝင်ရောက်သည်နှင့် တူပေသည်။

နင်တန်ဒိုသည် အိုက်ဝနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဆင်ပြေခဲ့ကာ သူတို့၏ ဖြန့်ချီရေးလမ်းကြောင်းများကိုလည်း အသုံးပြုခွင့်ရခဲ့သည်။ ထိုဖြန့်ချီသူများသည်လည်း သူတို့ ထုတ်ကုန်များကို ကြိုးစားရောင်းပေးသည်။ နင်တန်ဒို၏ ဂိမ်းစက်များနှင့် ဂိမ်းများက သူတို့အတွက် အကျိုးအမြတ် ဆောင်ကျဉ်းပေးနိုင်မည်လောဟု သိချင်နေကြသည်။ သူတို့သည် ယင်းထုတ်ကုန်များကို နမူနာ အဖြစ်သာ သတ်မှတ်ကာ သူတို့သည် နင်တန်ဒိုထံမှ ပစ္စည်းများများ မှာယူခြင်းမျိုး မပြုလုပ်ခဲ့ပေ။ တခြားတစ်ဖက်တွင် ဆာဂါ့သည် အခြေအနေ မကောင်းပေ။ မည်သည့် အရောင်းသမားမျှ သူတို့ ထုတ်ကုန်များကို မလိုချင်ပေ။ အကြောင်းမှာ တရုတ်နိုင်ငံရှိ မည်သူမျှ သူတို့ အမှတ်တံဆိပ်ကို မကြားဖူးသည့်အတွက် ဖြစ်ကာ အလွန်ဈေးကြီးသည်ဟု ခံစားရသည့်အတွက်ပင်။ လူတိုင်းက ယင်းထုတ်ကုန်သည် တရုတ်နိုင်ငံတွင် ရောင်းမကောင်းဟု ခံစားမိသည်။

ဆာဂါ့၏ တရုတ်နိုင်ငံဈေးကွက် တာဝန်ခံသည် ထိုအကြောင်းများကို ကြားသည့်အခါ ငိုချင်စိတ် ပေါက်သွားသည်။ ဆာဂါ့သည် ဗီဒီယိုဂိမ်းစက်တွင် ထိပ်ဆုံးထံမှ တစ်ခု ဖြစ်ကာ တရုတ်နိုင်ငံတွင်သော ဆာဂါ့ကို ဒုတိယအဆင့် ထုတ်ကုန်အဖြစ်သာ သဘောထားပေ၏။ ငါတို့ အမှတ်တံဆိပ်က ဘာများ မှားနေလို့လဲ။ ငါတို့ ထုတ်ကုန်တွေက အနောက်နိုင်ငံတွေမှာဆို နာမည် ကျော်ကြားချက်က ပြောမနေနဲ့တော့။

သို့သော် မကြာခင်တွင် နင်တန်ဒိုနှင့် ဆာဂါ့သည် တရုတ်နိုင်ငံတွင် တန်ဖိုးနည်း ဂိမ်းစက်များ အပြည့် ဖြစ်နေသည်ကို နားလည်သွားခဲ့ကြသည်။ သူတို့သည် ထိုဂိမ်းစက်များကို ဝယ်ယူခဲ့ကာ ထိုဂိမ်းစက်များသည် သူတို့ မူပိုင်နည်းပညာများကို အသုံးပြုထားသည်ကို တွေ့လိုက်ရသည်။ အပြင်ပိုင်းဒီဇိုင်းတောင် သူတို့ထံမှ တုပထားခြင်း ဖြစ်သည်။ ထိုကုမ္ပဏီများသည် သူတို့ မူပိုင်ခွင့် အသုံးပြုရန်အတွက် သူတို့ကို ငွေမပေးခဲ့ပေ။

ထိုကုမ္ပဏီများသည် သူတို့ နည်းပညာများကို တရားမဝင် အသုံးပြုနေသည်ပင်။

နင်တန်ဒိုနှင့် ဆာဂါ့သည် တရုတ်အစိုးရကို စတင် အပြစ်တင်ကြတော့သည်။ သူတို့သည် အစိုးရအား ယင်းကုမ္ပဏီများ ဂိမ်းစက်များ ရောင်းချခြင်းကို ရပ်တန့်စေလိုသည်။ ပြီးနောက် တစ်ချိန်တည်းတွင် သူတို့ကို လျော်ကြေးငွေများ ပေးစေလိုသည်။ သို့သော် တရုတ်အစိုးရသည် သူတို့ ပြည်သူဖက်က ရပ်တည်ပေးသည်ပင်။ မင်းတို့တွေက ဘာမူပိုင်ခွင့် အကြောင်း ပြောနေတာလဲ။ မင်းတို့တွေ တရုတ်နိုင်ငံမှာ လိုင်စင်လာလျှောက်လို့လား။ မင်းတို့တွေ အာရှမှာ မူပိုင်ခွင့် လျှောက်ပြီးပြီလား။ ငါတို့တွေက တရုတ်မှာ မင်းတို့တွေ လျှောက်ထားတာကို မတွေ့မိဘူး။

အာရှသည် အနောက်နိုင်ငံများနှင့် တော်တော်လေး ကွာခြားသည်ပင်။ အနောက်နိုင်ငံများတွင် နိုင်ငံနှင့် နယ်ပယ် အကုန်လုံးက သဘောတူညီချက်များကို လိုက်နာကျပေသည်။ ယင်းထဲတွင် မူပိုင်ခွင့် ကာကွယ်ရေးတောင် ပါဝင်ပေ၏။ ယင်းအတွက်ကြောင့် အာရှနှင့် ယှဉ်ပါက ထိုနေရာများတွင် မူပိုင်ခွင့်သည် ပိုပြီး အားကောင်းသည်ပင်။ ယင်းက အရှေ့အာရှတွင် အဓိက ဖြစ်ပေသည်။ မူပိုင်ခွင့်ကို မတူညီသည့် နိုင်ငံများတွင် ကြော်ငြာရသည်ပင်။ ဥပမာအနေဖြင့် ဂျပန်၏ မူပိုင်ခွင့်များကို တရုတ်နိုင်ငံတွင် အသိအမှတ် မပြုခြင်း ဖြစ်သည်။

နင်တန်ဒိုနှင့် ဆာဂါ့သည် တရုတ်အစိုးရနှင့် ဆွေးနွေးနေသည့်အခါ အိုက်ဝသင်ကြားရေးစက်သည် စီစီတီဗွီတွင် စတင် ကြော်ငြာတော့သည်။

ယင်းကြော်ငြာ သရုပ်ဆောင်သည် ဂျင်းမင် ဖြစ်နေဆဲဖြစ်ကာ တရုတ်နိုင်ငံ၏ အောင်မြင်ကျော်ကြားသည့် ကလေး သရုပ်ဆောင် ဖြစ်သည်။ မည်သူမျှ သူမထက် ပိုပြီး နာမည်မကြီးပေ။ သူမ၏ ထောက်ခံပေးကြေးကလည်း အလွန်မြင့်ပေသည်.

ဖုန်ယွီသည် ယင်းကြော်ငြာ အိုင်ဒီယာကို တွေးသည့်သူဖြစ်သည်။ ဂျင်းမင်သည် အိမ်တွင် ရှိနေကာ သူမစားပွဲပေါ်ရှိ အိုက်ဝ သင်ကြားရေးစက်က တီဗွီနှင့် တွဲထားပေသည်။

တီဗွီစခရင်ပေါ်တွင် ငှက်အနည်းငယ်က အင်္ဂလိပ်စကားလုံးများဖြင့် ပျံဝဲနေသည်။ ဂျင်းမင်သည် ကီးဘုတ်ပေါ်တွင် စာရိုက်နေသည်။ ပြီးနောက် ထိုငှက်ကလေးသည် အပစ်ခံလိုက်ရသကဲသို့ ပြုတ်ကျသွားသည်။

သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် လမ်းလျှောက်ဝင်လာပြီး ဂျင်းမင်ကို ပန်းသီးပေးလိုက်ကာ

“ချစ်သမီးလေးရေ ဒီဟာကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ”

“A-P-P-L-E apple အရမ်းလွယ်တာပဲ”

ဂျင်းမင်က အော်လိုက်သည့်အခါ သူမက အဆင်ပြေသည့် ပုံစံ ပြလိုက်သည်။

ထိုအမျိုးသမီးသည် ဂျင်းမင်ကို လက်တစ်ဖက်ဖြင့် ဖတ်လိုက်ကာ တခြားတစ်ဖက်က အိုက်ဝသင်ကြားရေးစက်ကို လက်ညှိုးထိုးလိုက်သည်။

“ကျွန်မကတော့ အိုက်ဝ သင်ကြားရေးစက်ကို သမီးလေးအတွက် ဝယ်ပြီးကတည်းက သူမရဲ့ လေ့လာမှုနဲ့ ပတ်သက်ပြီး စိတ်ပူစရာ မရှိတော့ဘူး။”

ကင်မရာရိုက်ချက်သည် စားပွဲပေါ်ရှိ အိုက်ဝ သင်ကြားရေးစက်ကို အကျယ်ချဲ့ပြလိုက်သည်။ ပြီးနောက် ဂျင်းမင်၏ အသံကို နောက်ခံအဖြစ် ကြားရသည်။

“အိုက်ဝ သင်ကြားရေးစက် သင့်နေရာတွင်သာ သင်ယူလိုက်ပါ။”

မျက်နှာပြင်သည် အိုက်ဝလိုဂိုနှင့် သင်ကြားရေးစက်ပုံအဖြစ် ပြောင်းသွားကာ

“အိုက်ဝ လျှပ်စစ် ကျွန်တော် တရုတ်ပြည်ကို ချစ်တယ်။”

.....

“အချစ်ရေ ကိုယ်တို့တွေ ကလေးအတွက် အိုက်ဝ သင်ကြားရေးစက်ကို ဝယ်ကြမလား။ ငါတို့ ကလေးက တဖက်က လူကြီးကျန်းကလေးရဲ့ အင်္ဂလိပ်စာထက် အမှတ်နိမ့်နေတယ်။”

“ကောင်းပြီလေ။ မနက်ဖြန်ကျ မော်ကိုသွားပြီးတော့ စုံစမ်းကြတာပေါ့။ ကျွန်မတို့တွေက ကလေးရဲ့ သင်ကြားမှုကို တကယ်ပဲ ကြည့်ပေးဖို့လိုတယ်။ သားဆရာမက ချစ်ကို တွေ့တိုင်း ချစ်ကို အပြစ်ပြောနေတာ”

......

“အမေ သား အိုက်ဝသင်ကြားရေးစက် လိုချင်တယ်”

“ဘာလုပ်ဖို့လဲ။ မင်းက အင်္ဂလိပ်စာမှာ မတော်လို့လား။”

“အဲ့မှာ အီဒီယမ်ဂိမ်းလည်း ပါတယ်လေ။ ကျွန်တော် အီဒီယမ်တွေကို လေ့လာချင်တယ်။ ပြီးတော့ အဲ့စက်က လက်ကွက်လည်း ကျင့်လို့ရတယ်။ သားတို့ ဆရာမက သားတို့က ကွန်ပြူတာကို အသုံးပြုပြီးတော့ စာရိုက်လိမ့်မယ်လို့ ပြောတယ်”

“အဲ့တာဆိုရင် သွားပြီး အဖေကို မေးချေ။ တကယ်လို့ သူ သဘောတူတယ်ဆိုရင် သားအတွက် တစ်ခု ဝယ်ပေးမယ်”

.....

“အဖေ ကျွန်တော် ရှောင်မင်အိမ်ကို သွားဦးမယ်။ သူ့အဖေက အိုက်ဝ သင်ကြားရေးစက်ကို ဝယ်ခဲ့တာ။ ကျွန်တော် သူနဲ့အတူသွားပြီး စာလေ့လာချင်လို့။”

“အဲ့စက်ကို အသုံးပြုရင် သားအဆင့် တက်လာမှာလား။"

“ဘာမှမဟုတ်တာထက်တော့ ကောင်းသေးတာပေါ့။”

“သွားလေ။ အဖေတို့လည်း ဒီရုံးပိတ်ရက်ကျ မောကိုသွားကြည့်ပြီး ဝယ်ပေးမယ်။ နောင်ကျ သား အိမ်မှာပဲ စာလေ့လာလို့ရတာပေါ့။”

.....

“အာ.. မင်းအဖေက မင်းအတွက် အိုက်ဝ သင်ကြားရေးစက်ကို ဝယ်ပေးခဲ့တာလား။ မင်းကျောင်းပိတ်ရက်တွေမှာ လေ့လာနေတာလား။”

“ရှစ်... ဗီဒီယိုဂိမ်းခွေတွေကလည်း ဒီသင်ကြားရေးစက်တွေနဲ့ ကိုက်တယ်။ ငါက Contra ဂိမ်းကို ကစားနေတာ။”

“ဟ.. ဒီသင်ကြားရေးစက်က ဂိမ်းဆော့လို့လည်းရတယ်ပေါ”

“ဟုတ်တယ်။ ငါ့အဖေက ငါ့ကို ဂိမ်းစက်ဆို့ မဝယ်ပေးဘူးလေ။ ဒါပေမဲ့ ဒီတကြိမ်တော့ သူက ငါ့အတွက် သင်ကြားရေးစက်ကို ဝယ်ပေးတာ။ ငါ့အဖေက အပြန်မှာ အလုပ်လုပ်လုပ်ရတယ်။ ပြီးတော့ ငါ့အမေကလည်း ဒီနေ့ ညပိုင်းအလုပ်လုပ်ရမှာ။ မင်းတို့တွေ ငါ့အိမ်လာပြီး ဂိမ်းကစားချင်လား။”

“ကောင်းပြီလေ။ ငါ့အမေကို မင်းဆီကို စာလုပ်ဖို့ လာမယ်လို့ ပြောခဲ့မယ်”

.....

စီစီတီဗွီတွင် ကြော်ငြာက အလွန်ပင် ထိရောက်မှု ရှိပေသည်။ ဗွီစီဒီ မကြော်ငြာရသေးပေ။ ပြီးနောက် ဖုန်းယွီ ဝယ်ခဲ့သည် ကြော်ငြာကဏ္ဍအားလုံးသည် အိုက်ဝ သင်ကြားရေးစက်အတွက် ထုတ်လွှင့်ပြသနေလေသည်။ သုံးရက်အတွင်း ဖြန့်ချီသူများက ထိုက်ဟွ ကုန်သွယ်ရေးကို ပစ္စည်းများကို ထပ်မှာရန်အတွက် ဖုန်းခေါ်ကြပေသည်။

ပထမအသုတ်အတွက် အိုက်ဝ သင်ကြားရေးစက်သည် အခုရေ တစ်သောင်းသာ ဖြစ်သည်။ ပြီးနောက် ဖြန့်ချီသူ တစ်ယောက်စီသည် အခုရေ ၃၀၀မှ ၅၀၀ကြားသာ ရကြသည်။ ယခုလက်ရှိ အခြေအနေအရ သူတို့၏ ပစ္စည်းလက်ကျန်သည် တစ်ပတ်အတွင်း ကုန်တော့မည်ပင်။

ဝူကျီကန်းသည် ချက်ခြင်းပင် ဖူကွမ်းကျန်းကို ဖုန်းဆက်လိုက်သည်။ အိုက်ဝ သင်ကြားရေးစက်ကို ဟောင်ကောင်မှ တဆင့် တရုတ်ကို တင်ပို့နိုင်သည်။ အကြောင်းမှာ အခွန်နည်းသည့်အတွက် ဖြစ်သည်။ ဟောင်ကောင် အိုက်ဝ ကုမ္ပဏီသည် ထိုထုတ်ကုန်ကုန်များကို ထိုင်ဝမ်နှင့် မလေးရှားကို တင်ပို့နေသည်။

ကံကောင်းချင်တော့ အိုက်ဝသည် သူတို့ စက်ရုံများကို ချဲ့ထွင်နေသည်။ ဖုန်းယွီက သင်ကြားရေးစက်များကို မိတ်တော့မည်ဟု ပြောသည့်အခါက သူတို့သည် ထုတ်လုပ်ရေး လမ်းကြောင်းနှစ်ခုကို ဝယ်ယူခဲ့သည်။ ထိုအရာများသည် ဂျပန်မှ ဖြစ်ကာ သင်ကြားရေးစက်များကို စတင် ထုတ်လုပ်နေသည်ပင်။ နင်တန်ဒိုသည်လည်း အိုက်ဝအတွက် ကန်ထရိုက်တာဖြင့် ထုတ်လုပ်ပေးနေသည်ပင်။

ဒုတိယ အသုတ် အခုရေ ၂၀၀၀၀သည် တရုတ်နိုင်ငံကို တင်ပို့ပေးသည့်အခါ အခြားသော အရှေ့အာရှ ဈေးကွက်များတွင်လည်း သင်ကြားရေးစက်သည် နာမည် ကျော်ကြားနေပြီ ဖြစ်သည်။

ယင်းသင်ကြားရေးစက်သည် 486 ပရော်ဆက်ဆာကို အသုံးပြုထားသည်။ ယင်းက ကွန်ပြူတာ၏ အချို့သော လုပ်ဆောင်ချက်များ ပါဝင်သည်။ ပြီးနောက် ယင်းကို ဒေါ်လာ ၆၀၀ဖြင့်သာ ရောင်းချသည်ပင်။ အိုက်ဝ၏ နည်းပညာများသည် ပြောင်မြောက်ပေသည်။ အိုက်ဝ၏ နားကြပ်ကပ်ဆက်များသည် ဆိုနီထက် ကောင်းသည်မှာ အံ့ဩစရာ မရှိပေ။ ယင်းက နည်းပညာ၏ အင်အားပင် ဖြစ်သည်။

ပထမက ဟေတရိုနာကဂျီမသည် သင်ကြားရေးစက်အပေါ် များများ မတွေးပေ။ သို့သော် ဖုန်းယွီသည် မရမက တောင်းဆိုနေကာ နင်တန်ဒိုကိုတောင် သူတို့အတွက် ထုတ်ပေးရန် တောင်းဆိုခဲ့သည်။ ယခုလက်ရှိတွင် အရောင်းစာရင်းအရ ဖုန်းယွီလုပ်ရပ် မှန်ပေသည်။ အကယ်၍ သင်ကြားရေးစက်ကို အခြားသူများက ထုတ်လုုပ်ပါက သူတို့သည် ယင်းအကျိုးအမြတ်အားလုံးကို လက်လွတ်ရမည်ပင်။

ပြီးနောက် ဟေတရိုနာကဂျီမသည် ကွန်ပြူတာ ဈေးကွက်သို့ ဝင်ချင်သည်။ ယင်းသင်ကြားရေးစက်သည် သူ့နည်းပညာရှင်များ၏ စမ်းသပ် အရည်အချင်းပင်။

သင်ကြားရေးစက် လူကြိုက်များ ကျော်ကြားလာသည်နှင့် အိုက်ဝနားကြပ်ကပ်ဆက်၏ အရှေ့အာရှ အရောင်းပိုင်းတွင်လည်း တိုးတက်လာခဲ့သည်။ ယင်းက အမှတ်တံဆိပ်၏ အားသာချက်ပင် ဖြစ်သည်။ ယင်းအမှတ်တံဆိပ်သည် အောင်မြင်သည့် အမှတ်တံဆိပ် ဖြစ်နေသမျှ ဝယ်ယူသူများအနေဖြင့် ယင်း၏ အခြားသော ထုတ်ကုန်များကို သတိပြုမိမည်ပင်။

အိုက်ဝသင်ကြားရေးစက်သည် အောင်မြင်ခဲ့သည်ပင်။

All Chapters