← Chapters

နတ်ဆိုးလေးကို ဝယ်ယူခြင်း

Vol. 29 Ch. 425

နတ်ဆိုးလေးကို ဝယ်ယူခြင်း

Vol. 29 Ch. 425

သွမ်ယုံ့ဖျင် ကူကယ်ရာ မဲ့နေစဉ် မမျှော်လင့်ထားသည့် ဧည့်သည်သည်း နတ်ဆိုးလေး ရုံးကို ရောက်လာခဲ့သည်။

“မင်္ဂလာပါ ကျွန်တော်က ဖူကွမ်းကျန်းပါ။ ဟောင်ကောင် ထိုက်ဟွ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာပါ။ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာ ရှိလို့ပါ။”

ဖုန်းယွီက ဖူကွမ်းကျန်းကို ထိုကုမ္ပဏီကို စောင့်ကြည့်ရန် ပြောထားသည်။ ယင်းကုမ္ပဏီသည် သေချာပေါက် သင်ကြားရေးစက်များကို ထုတ်လုပ်မည် ဖြစ်သည်။ ဖူကွမ်းကျန်းသည် ယင်းကုမ္ပဏီကို သူတို့ ဈေးကွက်ထဲကို မမိတ်ဆက်ခင်ကတည်းက သူတို့သည် မူပိုင်ခွင့် ချိုးဖောက်ပြီး ဖြစ်ကြောင်း သိစေမည်ပင်။ သူက သေချာပေါက် ယင်းကုမ္ပဏီကို ပစ္စည်းတစ်ခုမျှ မရောင်းရအောင် အသေအချာ လုပ်မည် ဖြစ်သည်။

အကယ်၍ နတ်ဆိုးလေးသည် ရောင်းရဲပါက ဖူကွမ်းကျန်းသည် ရှေ့နေ့အဖွဲ့ကို ခေါ်လာပြီး သူတို့ကို တရားစွဲဆိုမည် ဖြစ်သည်။

သို့သေ်ာ ဖူကွမ်းကျန်း လုံးဝ မမျှော်လင့်ထားသည့် အချက်ကား နတ်ဆိုးလေးသည် သူ့သင်ကြားရေဂစက်များကို မရောင်းရဲခြင်း ဖြစ်သည်။ သို့သော်ငြား သူတို့သည် ထိုပစ္စည်းများကို ထုတ်လုပ်ပြီး ဖြစ်သည်။ ယခုလက်ရှိတွင် သူတို့စက်ရုံသည် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကာ သူတို့ ကုန်ပစ္စည်းများ အားလုံး သိုလှောင်ရုံထဲတွင်သာ ဖုန်များနှင့် ရှိနေတော့သည်။

ဖူကွမ်းကျန်းသည် နတ်ဆိုးလေးကို သူတို့အနေဖြင့် ဘာမှ လုပ်ဆောင်ရန် အခွင့်အလမ်းမရှိကြောင်း ပြသလိုက်သည်။ နတ်ဆိုးလေး၏ စက်ရုံ အမှတ်တံဆိပ်နှင့် ဝန်ထမ်းများကို စိတ်ဝင်စားသည့် ဖုန်းယွီကြောင့် ဖြစ်သည်။ သူသည် နတ်ဆိုးလေးကို ဝယ်ယူချင်သည်ပင်။

“မင်းက နတ်ဆိုးလေးကို ဝယ်ယူချင်တာလား။”

“ဟုတ်တယ်။ နတ်ဆိုးလေးက အခု အကြွေးတင်နေတယ် ဟုတ်တယ်မလား။ အသစ်ထုတ်ထားတဲ့ ထုတ်ကုန်ကိုလည်း ထုတ်မရောင်းနိုင်ဘူး။ တကယ်လို့ မင်းတို့သာ အဲ့တာတွေကို ရောင်းတယ်ဆိုရင် မူပိုင်ခွင့် ချိုးဖောက်ခြင်းလို့ စဉ်းစားလို့ရတယ်။ မင်းတို့ကုမ္ပဏီလည်း အပိတ်ခံရမယ်။ တကဘ်လို့ မင်းသာ နတ်ဆိုးလေးကို ငါ့ကို ရောင်းမယ်ဆိုရင် မြို့တော်က ငွေအများကြီး ရလိမ့်မယ်။ အလုပ်သမားတွေလည်း အလုပ်ထွက်စရာ မလိုတော့ဘူး။ ပြီးတော့ ကုမ္ပဏီကလည်း ဒီမှာပဲ ရှိနေဦးမယ်။ မြို့တော်အနေနဲ့လည်း အခွန်တွေကို ဆက်ပြီး ကောက်ယူနိုင်မယ်။”

သွမ်ယုံ့ဖျင်သည် ဖူကွမ်းကျန်းကို စိုက်ကြည့်လိုက်ကာ

“မင်းက ဒါကို ရည်ရွယ်ချက် ရှိရှိလုပ်ခဲ့တာလား။”

သူက ဘယ်လိုလုပ် နတ်ဆိုးလေးက သင်ကြားရေးစက်တွေကို ထုတ်လုပ်နေတာကို သိသွားရတာလဲ။ သူက အရာအားလုံး မဖြစ်ခင်ကတည်းက ငါတို့ကို စောင့်ကြည့်နေတာလား။ ဒါက ထောင်ချောက် တစ်ခုလား။

ဖူကွမ်းကျန်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်။

“ရည်ရွယ်ချက် ရှိရှိတဲ့လား။ ငါတို့တွေက မင်းတို့ နည်းပညာကို ရည်ရွယ်ချက် ရှိရှိနဲ့ တရားမဝင် ယူခဲ့တာလား။ တကယ်လို့ ဒါက ရည်ရွယ်ချက်ရှိရှိဆိုရင် ငါက မင်းတို့ကုမ္ပဏီကနေပြီးတော့ အမှာစာ အများကြီးမှာမှာပေါ့။ ငါက မင်းတို့ ကုမ္ပဏီက ပစ္စည်းပို့တဲ့အထိစောင့်မယ်။ မပေးနိုင်ရင်တော့ လျော်ပေါ့။ ငါ ဒီကုမ္ပဏီကိုတောင် ဝယ်စရာ မလိုဘူး။ တရားရုံးကတောင် ငါ့ကို နတ်ဆိုးလေးကို ပေးချင်ပေးမှာ”

သွမ်ယုံ့ဖျင်သည် သူ့ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ ယင်းက အမှန်တရားပင်။ အကယ်၍ ဖူကွမ်းကျန်းသာ ထိုသို့လုပ်ပါက နတ်ဆိုးလေးအတွက် ရှင်သန်ရန် နည်းလမ်းရှိလိမ့်တော့မည် မဟုတ်ပေ။ သို့သော် သူသည် မယုံသင်္ကာဖြစ်ဖွယ် ခံစားနေရဆဲ ဖြစ်သည်။ တစ်ယောက်ယောက်အနေဖြင့် သူတို့ စတင် မတီထွင်ရသေးခင် အဘယ်ကြောင့် တစ်ယောက်ယောက်က တီထွင်ပြီး ဖြစ်နေရသနည်း။ မူပိုင်ခွင့်များကို မှတ်ပုံတင်သည်က ပုံမှန်သာ ဖြစ်သည်။ သို့သော် အဘယ်ကြောင့် သင်ကြားရေးစက်ကို သူတို့ အမှတ်တံဆိပ်အဖြစ် ဘာကြောင့် မှတ်ပုံ တင်ထားသနည်း။

ယင်းက ထူးဆန်းပေသည်။ သို့သော် ဖူကွမ်းကျန်းပြောပုံအရ ကြိုတင်ဇာတ်ကွက် ဖြစ်လျှင်တောင် ယခုလက်ရှိတွင် နတ်ဆိုလေး၏ အခြေအနေသည် အတော်ကို ဆိုးဝါးနေပြီ ဖြစ်သည်။ ထို့ပြင် အိုက်ဝသည်လည်း နတ်ဆိုးလေး သင်ကြားရေးစက် တီထွင်သည်ကို မသိသင့်ပေ။

သို့သော် မည်သို့ပင် ဖြစ်စေ ကုမ္ပဏီကို အိုက်ဝကို ရောင်းလိုက်ခြင်းက အကောင်းဆုံးအဖြေပင်.

“မင်းက နတ်ဆိုးလေးကို အပြည့်အဝ ပိုင်ဆိုင်လား။”

“မဟုတ်ဘူး။ကျွန်တော်က ရှယ်ယာရှင်လေးပဲ။ ဘင်းမြို့တော်မှာ အဓိက ရှယ်ယာရှင်ရှိတယ်။ ဒါပေမဲ့ သူက မင်းကိုပြောတယ်။ အနာဂတ်ကျ ကုမ္ပဏီရဲ့ ရှယ်ယာအချို့ကို ဆုအဖြစ်ပေးမယ်တဲ့။”

.......

“သွမ်ယုံ့ဖျင် ဒါက မင်းပြောတဲ့ အဖြေလား။ နတ်ဆိုးလေးကို ရောင်းရမှာလား။”

မြို့တော်ခေါင်းဆောင်က သွမ်ယုံ့ဖျင်ကို စိတ်ဆိုးစွာဖြင့် ကြည့်လိုက်သည်။ မနှစ်က ယွမ် သန်း၃၀ နီးပါးရှာနိုင်ခဲ့တဲ့ ကုမ္ပဏီကို မင်းက ရောင်းချင်တာတဲ့လား။

“အတွင်းရေးမှူးလျို ဒီကုမ္ပဏီကို ရောင်းလိုက်ရုံက လွဲပြီးတော့ တခြား အဖြေရှိသေးလို့လား။ ကျွန်တော်က နတ်ဆိုးလေးကို ဖြန့်ချီသူတွေကို နှစ်ဆပြန်ပေးရမဲ့အခြေအနေကနေ ကာကွယ်ပေးနိုင်ရုံပဲ။ ဘာကြောင့်ဆို ကျွန်တော်တို့တွေ အိုက်ဝ သင်ကြားရေးစက်နဲ့အတူ ဖြန့်ချီသူတွေဆီ ပို့ပေးလို့ရတယ်။ သူတို့ သေချာပေါက် လက်ခံမှာပဲ။ ကျွန်တော်တို့တွေအနေနဲ့ နတ်ဆိုးလေးကို အိုက်ဝရဲ့ နည်းပညာ အသုံးပြုခွင့် ပေးကောင်းပေးနိုင်တယ်။ ဒါကလည်း ကျွန်တော်တို့ လုပ်နိုင်တာပဲ။ ဘာကြောင့်ဆို ကျွန်တော်တို့က မူပိုင်ခွင့် အားလုံးကို ပိုင်တယ်လေ။”

ဖူကွမ်ကျန်းသည် သူ့ရင်ဖက်ကို ပုတ်ကာ ခပ်မာမာ ပြောလိုက်သည်။

အတွင်းရေးမှူးလျိုသည် ခေါင်းငုံ့ကာ ဆိတ်ဆိတ်တာနေသည်။ သွမ်ယုံ့ဖျင်သည်လည်း ဘေးတွင် ထိုင်ကာ တိတ်နေ၏။

“နောက်ထပ် အဖြေများ ရှိနိုင်ဦးမလား။ မင်းတို့ကို နတ်ဆိုးလေးမှာ ရင်းနှီးမြှပ်နှံခွင့်ပေးရင်ကော”

ဖူကွမ်းကျန်းက ခေါင်းခါပြီး ပြုံးလိုက်ကာ

“ကျွန်တော်က ကျွန်တော် တစ်ယောက်တည်းကိုပဲ ကိုယ်စားပြုတာ မဟုတ်ဘူး။ နတ်ဆိုးလေး ကုမ္ပဏီ၊ စက်ရုံ၊ အမှတ်တံဆိပ်နဲ့ ပိုင်ဆိုင်သမျှ အကုန်လုံးကို ကျွန်တော်တို့ကို ရောင်းပေးရမှာ။ သေချာတာပေါ့။ ကျွန်တော်တို့တွေက မည်သည့် အကြောင်းပြချက်မရှိဘဲနဲ့ ဘယ်အလုပ်သမားကိုမှ အလုပ်မဖြုတ်ဘူး။ ကျွန်တော်တို့တွေက သူတို့တွေရဲ့ လစာကို လျော့ချမှာလည်း မဟုတ်ဘူး။”

ဟန့်...အလုပ်သမားတွေကိုတော့ အလုပ်က မထုတ်ပစ်ဘူး ဒါပေမဲ့ အဆင့်မြင့်အပိုင်းက လူတွေကတော့ မရဘူး။ ထို အဆင့်မြင့် ဝန်ထမ်းများကို ထုတ်ပစ်ရန်အတွက် အကြောင်းပြချက်ရှာရန်ကား အလွန်ပင် လွယ်ကူပေ၏။

ဖူကွမ်းကျန်းသည်လည်း ဖုန်းယွီနှင့် အတူတူပင် ဖြစ်သည်။ သူသည် ကုမ္ပဏီရှိ အလုပ်သမား သမဂ္ဂကိုတော့ လက်ခံနိုင်သည်။ သို့သော် ကုမ္ပဏီတွင် အလုပ်တခုမျှ မလုပ်သည့်သူများကိုတော့ လက်ခံမထားနိုင်ပေ။ ကုမ္ပဏီ တစ်ခုသည် ကုမ္ပဏီ တစ်ခုသာ ဖြစ်သည်။ အစိုးရ တစ်ရပ် မဟုတ်ပေ။ ကုမ္ပဏီတွင် ဌာနပေါင်းများစွာ ဖွဲ့စည်းရန်လည်း မလိုပေ။ အချို့သော ဌာနများသည် မလိုအပ်ပဲ ပိုနေသည်။ ယင်းဌာနများ၏ ခေါင်းဆောင်များ၏ လစာသည် အလုပ်သမားများထက် များသည်ပင်။

“မြို့တော်အနေနဲ့ ရှယ်ယာအချို့ ယူထားနိုင်ဦးမလား။ မင်းက အဓိက ရှယ်ယာ ပိုင်ဆိုင်လို့ရတာပဲ”

အတွင်းရေးမှူးလျို၏ စိတ်က ဖူကွမ်းကျန်းကို တောင်းဆိုနေသည့်နှင့် တူပေသည်.

အကယ်၍ မြို့တော်တွင် ရှယ်ယာအချို့ ရှိပါက ထို့နောက် သူသည် ဟောင်ကောင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများက သူတို့ ကုမ္ပဏီချဲ့ထွင်ရန်အတွက် ရင်းနှီးမြှပ်နှံမှုများ ဝင်လာသည်ဟု ပြောနိုင်ပေသည်။ သို့သော် အကယ်၍ သူသာ ကုမ္ပဏီ အလုံးစုံကို ရောင်းလိုက်ပါက သူ့အနေဖြင့် အထက်အရာရှိများကို မည်သို့ ရှင်းပြရမည်နည်း။ ပစ္စည်းအတုကို ထုတ်မိသည့်အတွက် ကုမ္ပဏီသည် ပိတ်သိမ်းလုနီးပါး အခြေအနေရောက်ပြီး တစ်ယောက်ယောက်က ဝယ်ယူသည်ဟု ပြောရမည်လော။

ဖူကွမ်းကျန်းသည် ခေါင်းခါလိုက်ကာ

“တောင်းပန်ပါတယ်။ ကျွန်တော် ဒီလို မလုပ်နိုင်ပါဘူး။ တကယ်လို့ နတ်ဆိုးလေးကို ကျွန်တော်တို့ကိုသာ ရောင်းမယ်ဆိုရင် ပိုင်ဆိုင်မှုတွေ အကုန်လုံးကို တွက်ချက်မှရမယ်။ ဂိုထောင်ထဲမှာ ရှိတဲ့ ပစ္စည်းတွေကိုကောပေါ့။ ကျွန်တော်တို့က လွဲပြီး ဘယ်ကုမ္ပဏီကမှ ဒီပစ္စည်းတွေကို လက်ခံမှာ မဟုတ်ဘူး။ မြို့တော်က အနည်းဆုံး သန်း၂၀ရရမယ်။ တကယ်လို့ ကျွန်တော်တို့ကို နတ်ဆိုးလေးကို မရောင်းဘူးဆိုရင်တော့ နတ်ဆိုးလေးအနေနဲ့ အကြွေးအားလုံး ကြေဖို့အတွက် ယွမ် သန်း ၃၀လောက်အနည်းဆုံးလိုမယ်။ သေချာ စဉ်းစားကြည့်ပါ။ ယွမ် သန်း၂၀နဲ့ အလုပ်သမားတွေကို ဆက်ပြီး အလုပ်ဆက်လုပ်စေချင်လား။ ပြီးတော့ ကုမ္ပဏီက အခွန်တွေကို ဆက်ပေးစေချင်တာလား။ ဒါမှမဟုတ် ကုမ္ပဏီကို ကယ်တင်ဖို့အတွက် ယွမ် သန်း ၃၀ကို ထုတ်မလား။ တကယ်လို့ ကုမ္ပဏီကို ကယ်မယ်ဆိုရင်တော့ ကုမ္ပဏီက ဒေဝါလီ ခံရနိုင်သေးတယ်။ ကျွန်တော် အဖြေကို စောင့်နေပါ့မယ်”

ဖူကွမ်းကျန်းသည် ဟိုတယ်ရောက်သည့်အခါ ဖုန်းယွီကို ဖုန်းခေါ်လိုက်သည်။ ယင်းကုမ္ပဏီကို သေချာပေါက် ဝယ်ယူနိုင်လိမ့်မည် ဖြစ်ကြောင်း ပြေခဲ့သည်။ သို့သော် ဖုန်းယွီက ယင်းကုမ္ပဏီကို ဈေးနည်းနည်းဖြင့် ဝယ်ယူရန်အတွက် အခွင့်အရေးကို မယူခဲံသနည်း။ အကယ်၍ သူသာ နည်းဗျူဟာ အချို့သ သုံးပါက ယွမ် ၁၀သန်းအောက်ဈေးဖြင့် ရယူနိုင်မည်ဟု ယုံကြည်ပေသည်။ သို့သော် ယခုလက်ရှိတွင် သူတို့သည် ယင်းကုမ္ပဏီကို ဝယ်ယူရန်အတွက် ယွမ် သန်း ၂၀နီးပါး အသုံးပြုသည်။ ယင်းက ဖြုန်းတီးခြင်းပင်။

သို့သော် ဖုန်းယွီက ယင်းကိစ္စနှင့် ပတ်သက်ပြီး အဆင်ပြေ၏။ ဤနည်းလမ်းက မြို့တော်နှင့်သူတို့၏ ဆက်ဆံရေး ကောင်းမွန်စေရုံသာမက သူတို့အနေဖြင့် ယင်းကုမ္ပဏီရှိ နည်းပညာရှင်များကိုလည်း ဆက်ပြီး ဝန်ထမ်းများအဖြစ် ဆက်ထားနိုင်သည်။

ဖူကွမ်းကျန်းသည်လည်း နတ်ဆိုးလေး၏ နည်းပညာရှင်များသည် အလွန်တော်သည်ဟု ခံစားမိသည်။ သူတို့သည် သင်ကြားရေးစက်၏ နည်းပညာများကို အချိန်ခဏအတွင်း ချိုးဖောက်ယူနိုင်ခဲ့သည်။ သို့သော် သူတို့သည် ဖုန်းယွီအတွက် ငွေအများကြီး ရင်းနှီးမြှပ်နှံရန်အတွက်လည်း မသင့်တော်ပေ။ ဟောင်ကောင် စီးပွားရေး သမားအနေဖြင့် သူသည် ဒေသ အစိုးရကို ကြောက်ရွံ့ခြင်း မရှိပေ။

“

ထိုနေ့တွင် ကျုံးရှန် မြို့တော် အစိုးရသည် သန်းခေါင်အထိ အစည်းအဝေး လုပ်ခဲ့ကြသည်။ ခေါင်းဆောင်များ အားလံဒးက ဖူကွမ်းကျန်း၏ ကမ်းလှမ်းချက်ကို လက်ခံရန် ဆွေးနွေးနေကြသည်။ အစည်းအဝေး အဆုံးတွင် သူတို့အကုန်လုံးသည် ယင်းစီးပွားရေး အပေးအယူကို လက်ခံရန် သဘောတူလိုက်သည်။

ပြီးနောက် ဖူကွမ်းကျန်း ပြောသည့်အတိုင်း အခြေအနေများက ဖြစ်ခဲ့သည်။ ပြီးနောက် သူတို့ ရင်ဆိုင်ရမည်ပင်။ သူတို့တွင် ရွေးချယ်ရန် နှစ်ခု ရှိပေ၏။ တစ်ခုသည် ကုမ္ပဏီရောင်းပြီး ပိုက်ဆံ ယူရန် ဖြစ်သည်။ နောက်ရွေးချယ်စရာ တစ်ခုသည် ယွမ် သန်း၃၀ဖြင့် ကုမ္ပဏီကို ကယ်တင်ရန် ဖြစ်ကာ သို့သော် ယင်းကား ကုမ္ပဏီကို ဒေဝါလီ ခံစေနိုင်သည်။ ပြီးနောက် အလုပ်သမားများ အလုပ် ပြုတ်မည် ဖြစ်သည်။

လက်ထောက်မြို့တော်ဝန်လျိုသည် ယန်မြို့တော်ရှိ အထက်အရာရှိများကို သတင်းပေးလိုက်သည်။ ပြီးနောက် အထက်အရာရှိများက တွန့်ဆုတ်နေကြပြီးနောက် နတ်ဆိုးလေးကို ဟောင်ကောင် စီးပွားရေး သမားထံ ရောင်းချရန် သဘောတူလိုက်ကြသည်။

ဖူကွမ်းကျန်းသည် သူ့အသင်းကို ခေါ်ခဲ့ကာ နတ်ဆိုးလေး၏ ပိုင်ဆိုင်မှုများကို တွက်ချက်စေခဲ့သည်။ ဂိုထောင်ထဲရှိ ပစ္စည်းများနှင့် ထုတ်ကုန်များသည် ယွမ် သန်း အနည်းငယ်ရှိသည်။ ပစ္စည်းများအားလုံးနှင့် အခြားသော ပိုင်ဆိုင်မှုများသည် ကုမ္ပဏီထဲတွင် ရှိနေဆဲ ဖြစ်သည်။ သို့သော် ရွေ့ပြောင်းနိုင်သည့် ပိုင်ဆိုင်မှုများ ပျောက်ဆုံးနေသည်။ မြို့တော်သည် ကုမ္ပဏီမှ ငွေများအားလုံးကို ထုတ်ယူသွားခြင်း ဖြစ်သည်။

ဖူကွမ်းကျန်းက စိတ်တိုသွားခဲ့သည်။ သူတို့သ်ည ကုမ္ပဏီ၏ အကြွေးများကို တာဝန်ယူပြီး မြို့တော်အနေဖြင့် ပိုင်ဆိုင်မှုများကို မထိဟု သဘောတူခဲ့ကြသည်။ သို့သော် ယခုလက်ရှိတွင် ငွေများအားလုံးက ပျောက်ဆုံးနေ၏။ ဆွေးနွေးစဉ်အတွင်း ဖူကွမ်းကျန်းသ်ည အစိုးရကို မျက်နှာသာ မပေးပေ။ သူသည် နတ်ဆိုးလေး ကုမ္ပဏီနှင့် ပတ်သက်သည့် ပြဿနာများကို ထိုးပြခဲ့သည်။ ဥပမာအနေဖြင့် စက်ရုံသည် အလွန်သေးလွန်းသည်။ အလုပ်သမားများသည် အသက်အရွယ် ကြီးရင့်သည်။ စီမံခန့်ခွဲမှုသည် အလွန်ရှုပ်သည်။ အကောင့်ထဲတွင် အမှားများစွာရှိသည်။ မကောင်းသည့် ငွေများသည်လည်း တန်ကြေးအလွန်မြင့်လွန်းသည် အစရှိသဖြင့် ဖြစ်သည်။

မင်းက အမှာစာ သန်းချီရှိတယ်လို့ ပြောခဲ့တာမလား။.... ကျေးဇူးပြုပြီးတော့ဒီ အမှာစာတွေကို အပြီးသတ်ပေးပါဦး။ ငါတို့ မရှိရင် အဲ့အမှာစာတွေက မင်းတို့ကို သတ်မှာ။

အဆုံးတွင် ဖူကွမ်းကျန်းသည် စီမံခန့်ခွဲမှု အဆင့်မှ ဝန်ထမ်းအများဆုံးထုတ်ပစ်ခဲ့သည်။ ထုတ်လုပ်ရေး၊ အရောင်းပိုင်းနှင့် သုတေသနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်သာ ထားခဲ့သည်။ နောက်ဆုံး ပမာဏသည် ယွမ် ၁၇သန်းအောက် နည်းပေသည်။ ပထမက ဖူကွမ်းကျန်းသည် ယွမ် သန်း ၂၀ ကတိပေးထားခဲ့သည်။ ပြီးနောက် မြို့တော်သည် အကောင့်ထဲမှ ယွမ် ၈သိန်းသာ ထုတ်ယူခဲ့သည်။ မြို့တော် အစိုးရ၏ လောဘကြောင့် သန်းချီ ဆုံးရှုံးသွားခဲ့သည်။

နတ်ဆိုးလေးသည် အိုက်ဝနတ်ဆိုးလေး ကုမ္ပဏီအဖြစ် တရားဝင် အမည်ပြောင်းလဲခဲ့သည်။ ဖုန်းယွီသည် ရှယ်ယာ ၈၀ရာခိုင်နှုန်းကို ကိုင်ထားပြီး ဖူကွမ်းကျန်းသည် ၁၀ရာခိုင်နှုန်းကို ယူထားသည်။ ဖုန်းယွီက သွမ်ယုံ့ဖျင်ကို သူနှင့် အခြားသူများအတွက် ရှယ်ယာ ၁၀ရာခိုင်နှုန်း ပေးခဲ့သည်။ သူသည် ဝန်ထမ်းများကို ရှယ်ယာများ ပေးရန်အတွက် ဆုံးဖြတ်ပေးသူ ဖြစ်သည်။ ဖုန်းယွီသည် သွမ်ယုံ့ဖျင်ကို ကုမ္ပဏီကို တိုးတက်မှုရအောင် လုပ်နိုင်ပါက ကုမ္ပဏီ ရှယ်ယာများကို ပေးမည်ဟု ကတိပေးထားသည်။

All Chapters