လူတိုင်းက အိုက်ဝကို စိတ်ဝင်စားနေကြတယ်
Vol. 29 Ch. 426
နတ်ဆိုးလေးကို ဝယ်ယူပြီးနောက် စက်ရုံသည် အမှတ်တံဆိပ် နှစ်ခုအတွက် ကုန်ပစ္စည်းများကို ထုတ်လုပ်မည် ဖြစ်သည်။ တစ်ခုသည် အိုက်ဝ သင်ကြားရေးစက် ဖြစ်ပြီး နောက်တစ်ခုသည် နတ်ဆိုးလေး စူပါ သင်ကြားရေးစက် ဖြစ်သည်။ ထုတ်ကုန်နှစ်ခုလုံး၏ လက်လီဈေးနှုန်းများသည် ကွဲပြားခြားနားမှု ရှိပေသည်။ နတ်ဆိုးလေး စူပါ သင်ကြားရေးစက်၏ ဈေးနှုန်းသည် ၂၆၈၀ယွမ် ဖြစ်သည်။ နောက်ဆုံးတွင် ဖုန်းယွီသည် သင်ကြားရေးစက် ဈေးကွက်ကို လက်ဝါးကြီး အုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
နိုရီယိုအိုဂသည် အိုက်ဝက နီးနီးကပ်ကပ် စောင့်ကြည့်နေသည်။ ပြီးနောက် အိုက်ဝတွင် ဆိုနီအပေါ်တွင် တင်ကျန်နေသည့် အကြွေးများအား အပြည့်အဝ မပေးချေရသေးပေ။ အိုက်ဝသည် ယခုနှစ်တွင် နားကြပ်ကပ်ဆက် မော်ဒယ်နှစ်ခုကို မိတ်ဆက်ခဲ့ပြီး ဆိုနီကို တစ်ဖန် ပြန်အနိုင်ပိုင်းနိုင်ခဲ့သည်။ ယခုလက်ရှိသည် အိုက်ဝသည် တစ်ကမ္ဘာလုံး၏ နားကြပ်ကပ်ဆက် ဈေးကွက်တွင် ၄၀ရာခိုင်နှုန်း ဝေစု ရနေပြီ ဖြစ်သည်။ ပြီးနောက် ယင်းကိန်းဂဏန်းများသည် ဆက်လက် မြင့်တက်နေသည်။ ဆိုနီ၏ ဈေးကွက်ဝေစုသည် သုံးဆယ်ရာခိုင်နှုန်းခန့်ကို ကျဆင်းသွားကာ ဆက်လက် ကျဆင်းနေဆဲ ဖြစ်သည်။
နိုရီယိုအိုဂက အိုက်ဝသည် အမှားကြီး တစ်ခုအား ပြုလုပ်နေသည်ကို တွေ့ရှိသွားခဲ့သည်။ ယင်းသည် အိုက်ဝ နှင့် နင်တန်ဒို ပူးပေါင်းထုတ်လုပ်သည့် သင်ကြားရေးစက် ဆိုသည့် အရာပင် ဖြစ်သည်။
ဒီဟာက ဘယ်လိုမျိုးလဲ ဂိမ်းစက်နဲ့တော့ တူတယ်။ ဒါပေမဲ့ ဂိမ်းစက်တော့ မဟုတ်ဘူး။ ဒါက ကွန်ပြူတာနဲ့ တူတယ် ဒါပေမဲ့ ကွန်ပြူတာ မဟုတ်ဘူး။ ဘယ်သူက ဒီလို ထုတ်ကုန်တွေကို ဝယ်မှာမို့လဲ။ အိုက်ဝအနေဖြင့် သူတို့ နားကြပ်ကပ်ဆက်တွင် သူတို့ ရရှိသမျှ အမြတ်များအားလုံးကို ထိုသင်ကြားရေးစက်တွင် ဖြုန်းတီးခဲ့ပုံပေါ်သည်။
ထိုကဲ့သို့သော အသုံးမဝင်သည့် ထုတ်ကုန်အတွက် အိုက်ဝက နင်တန်ဒိုကို သူ့တို့အတွက် ထုတ်လုပ်ပေးရန် တောင်းဆိုသည်ပင်။ နင်တန်ဒိုက ရူးနေသည်လော။ နင်တန်ဒိုက အကျိုးအမြတ် ရှယ်ယာများစွာကို အဘယ်ကြောင့် ပေးသနည်း။ အကြောင်းမှာ ယင်းထုတ်ကုန်နှင့် ပတ်သက်ပြီး အကျိုးအမြတ်များစွာ မရနိုင်သည့်အတွက်ကြောင့်ပင်။ နင်တန်ဒိုသည် တရုတ်ပြည်ရှိ အိုက်ဝ၏ ဖြန့်ချီရေးလမ်းကြောင်းကိုသာ ယူချင်ပေ၏။
အိုက်ဝ၏ တရုတ်သူဌေးသည် တကယ်ပင် ရူးသည်ပင်။ သူက ဂိမ်းစက်များအား တရုတ်နိုင်ငံကို တင်သွင်းရန်တောင် အစိုးရကို နားချခဲ့သည်။
နင်တန်ဒိုနှင့် ဆာဂါ တရုတ်ဈေးကွက်ကို ဝင်ပြီးနောက် တရုတ်ဗွီဒီယိုဂိမ်းကုမ္ပဏီများသည် အဆုံးသတ်သွားမည် ဖြစ်သည်။ ထိုရယ်စရာကောင်းသည့် သင်ကြားရေးစက်သည်လည်း ပစ္စည်းအစုတ်ပင် ဖြစ်သည်။ ယင်းက အမြင်မရှိသည်ပင်။
အတိတ်ကကဲ့သို့ပင် အိုက်ဝသည် သူ့ ယခင် အခြေအနေသို့ ပြန်လည်ရောက်ရှိကောင်း ရောက်ရှိနိုင်ပေသည်။ မအောင်မြင်သည့် ထုတ်ကုန်ကြောင့် အကြွေးပိခြင်းပင်။
အိုက်ဝသည် ဘဏ္ဍာရေး ကဏ္ဍတွင် ဖိအားများလာသည်နှင့် ဆိုနီ၏ နားကြပ်ကပ်ဆက်သည်လည်း တဖန်တိုးတက်လာမည် ဖြစ်သည်။ ဆိုနီသည် ယခုလက်ရှိတွင် အလွန်သေးသွယ်လျသည့် စူပါနားကြပ်ကပ်ဆက်ကို သုတေသန ပြုလုပ်နေသည်။ ယင်းမော်ဒယ် ဈေးကွက်ထဲကို မိတ်ဆက်သည့်အခါ ဆိုနီ၏ အလှည့် ပြန်ရောက်လာမည်ပင်။
အိုက်ဝသည် သူတို့၏ အာရုံစိုက်မှုအကုန်လုံးကို သင်ကြားရေးစက်ထဲကိုသာ ထည့်ထားသည်။ နိုရီယိုအိုဂသည်လည်း နောက်ထပ် ကုမ္ပဏီ တစ်ခုနှင့် နည်းပညာခြင်း ဖလှယ်ကာ ဗွီဒီယိုစက် အမျိုးအစားအသစ် တစ်ခုအတွက် ထုတ်လုပ်ရေးလမ်းကြောင်းများ ဝယ်ယူခဲ့သည်ကို ကြားခဲ့သည်။
နိုရီယိုအိုဂက အပျော်လွန်သွားသည်။ ဟေတရိုနာကဂျီမက အတော်ကို လောဘ ကြီးတဲ့သူပဲ။ သူက အရာအားလုံးကို လိုချင်နေတယ်။ အိုက်ဝရဲ့ လုပ်နိုင်စွမ်းကိုတောင် မစဉ်းစားဘူး။ ဒီလောက် အများကြီး အိုက်ဝက ဘယ်လိုလုပ် ဂရုစိုက်နိုင်မှာလဲ။ ကုမ္ပဏီမှာ သုတေသန ဖွံ့ဖြိုးတိုးတက်မှု ဝန်ထမ်းတွေ လုံလောက်ရဲ့လား။ ဘယ်ကုမ္ပဏီကမှ ဆိုနီလောက် Developer တွေ များများစားစား မရှိဘူး။
ဆိုနီသည်လည်း ယခုအချိန်တွင် သေချာပေါက် အိုက်ဝကို အနိုင်ပိုင်းမည်ပင်။ အထူးသဖြင့် အိုက်ဝသည် ယခုနှစ်ကုန်ပိုင်းတွင် သူတို့ အကြွေးများကို ပေးရန် လိုအပ်သည်ပင်။ ဒီနှစ်အတွင်းမှာ အိုက်ဝက ငွေတွေ အများကြီး သုံးပြီးတော့ အကြွေးဘယ်လိုတွေ ပေးမလဲဆိုတာ ငါတို့တွေ စောင့်ကြည့်ချင်သေးတယ်။ ခဏလေး အဲ့ဒီ တရုတ်ကောင်စုတ်လေးက အကြွေးတွေကို ပြန်ပေးဖို့ ကူညီဦးမှာလား။
အကယ်၍ ဟေတရိုနာကဂျီမကို တရုတ်သူဌေးက အလုပ်ဖြုတ်ပါက အိုက်ဝ အဆုံးသတ်သွားမည်ပင်။ ဟေတရိုနာကဂျီမ မရှိဘဲ အိုက်ဝအနေဖြင့် ပြန်လည်ထရန် နည်းမရှိပေ။
နိုရီရိုအိုဂ ဆိုနီ၏ အဆင့်မြင့် အရာရှိကြီးများနှင့် ဂျပန်လျှပ်စစ်ကုမ္ပဏီ အကုန်လုံးက အိုက်ဝ ကျရှုံးမှာကို မျှော်လင့်နေကြသောအခါ သူတို့ သည် အိုက်ဝသင်ကြားရေးစက် ပစ္စည်းကုန်သွားကြောင်းကို သတင်းရရှိလိုက်ကြသည်။ တရုတ်နိုင်ငံရှိ ဖြန့်ချီသူများ အားလုံးသည် သူတို့ ပစ္စည်းရရန်အတွက် စောင့်ဆိုင်းနေကြကာ အိုက်ဝကိုလ်ည်း ပစ္စည်းတိုးမြင့် ထုတ်လုပ်ရန် တောင်းဆိုနေကြသည်။
မကြာခင်တွင် သင်ကြားရေးစက်သည် အရှေ့တောင် အာရှ နိုင်ငံများတွင်လည်း စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုနိုင်ငံများတွင် ရောင်းအား သိပ်မကောင်းသော်ငြား သူတို့တွင် ပြိုင်ဖက် မရှိသည့်အတွက် အရှုံးလည်း မရှိပေ။
ထိုကဲ့သို့ အရာမျိုး ဆက်လက် ဖြစ်ပါက အချိန်ခဏအတွင်း အိုက်ဝသည် ထိုနိုင်ငံများမှ အကျိုးအမြတ်များ ရရှိမည်ပင်။
ယခုလက်ရှိတွင် နိုရီယိုအိုဂ ဆိုနီ အဆင့်မြင့် အရာရှိများအားလုံးနှင့် ဂျပန်လျှပ်စစ်ကုမ္ပဏီများသည် ကြက်သေသေနေကြသည်။ ယင်းသင်ကြားရေးစက်သည် အလွန်ကောင်းပြီး ထိုထုတ်ကုန်က ငွေမည်သို့ ရှာနိုင်ကြောင်းကို စတင်ပြီး စုံစမ်းမှုများ ပြုလုပ်လာကြသည်။
သူတို့ ယခင် အမြင်အရ ယင်းက ဗွီဒီယို ဂိမ်းစက် တစ်ခုသာ ဖြစ်ပြီး ခေတ်မရှိတော့သည့် ဂိမ်းခွေများကိုသာ အသုံးပြုနိုင်သည်။ ကီးဘုတ်နှင့် တွဲပြီး သုံးနိုင်ပြီး နိုင်ငံခြားဘာသာစကားများကို သင်ယူနိုင်သော်ငြား ယင်းက ဘာမှ မထူးခြားပေ။ သို့သော် ယင်းထုတ်ကုန်သည် ဝယ်ယူသူများထံတွင်တော့ အလွန်နာမည် ကြီးလွန်းသည်။ မကြာသေးမီက အိုက်ဝသည် တရုတ်နိုင်ငံရှိ ကုမ္ပဏီ တစ်ခုကို ဝယ်ယူခဲ့ပြီး သင်ကြားရေးစက်၏ နောက်ထပ် အမှတ်တံဆိပ် တစ်ခုကို စတင် ထုတ်လုပ်ပေသည်။ အိုက်ဝသည်လည်း သင်ကြားရေးစက်ကို ဂျပန်တွင် စတင်ရောင်းချတော့သည်။
သူတို့ လုံးဝ မမျှော်လင့်ထားသည်ကား ထိုသင်ကြားရေးစက်သည်လည်း ဂျပန်တွင် ရောင်းကောင်းသည် ဆိုသည့် အချက်ပင် ဖြစ်သည်။ အိုက်ဝ သင်ကြားရေးစက်ကို အိုက်ဝ၏ လက်လီဆိုင်များတွင်သာ ရောင်းချသော်လည်း သူတို့သည် မည်သည့် ပရိုမိုးရှင်းမှ ဆင်းစရာ မလိုပေ။ အိုက်ဝ လက်လီဆိုင်များသည် နေရာကောင်းတွင် ရှိပြီး ထိုသင်ကြားရေးစက်ကိုလည်း ဂျပန် အများစုက လက်ခံကြသည်ပင်။
ယခုလက်ရှိတွင် ဝယ်ယူသူများက အိုက်ဝ နည်းပညာများသည် ကွန်ပြူတာများကိုတောင် ထုတ်လုပ်နိုင်သည်ဟုတောင် ပြောလာကြကာ ဆိုနီထက်တောင် ကောင်းသည်ဟုပင် ပြောနေကြပေသည်။
ဘယ်လိုလဲ ကွန်ပြူတာက လွယ်လွယ်ကူကူနဲ့ ထုတ်လုပ်နိုင်တာ မို့လို့လား။ တကယ်လို့ ဒီလောက် လွယ်လွယ် ထုတ်လုပ်နိုင်တယ်ဆိုရင် ဆိုနီအနေဖြင့် လွန်ခဲ့သည့် နှစ်များစွာ ကတည်းက ကွန်ပြူတာကို ထုတ်လုပ်ပြီးသည်ပင်။ အိုက်ဝ အီလက်ထရောနစ်၏ နည်းပညာများသည် နားကြပ်ကပ်ဆက်မှလွဲပြီး ဆိုနီကို ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
သို့သော် ယခုလက်ရှိတွင် လူအများ ယုံကြည်ထားသည်ကား အချိန်တခုတည်းသာ ဖြစ်သည်။ အိုက်ဝအနေဖြင့် ယင်းထုတ်ကုန်မှ ငွေရှာရန် မှီခိုလိမ့်မည် မဟုတ်ပေ။ ထပ်ပြောရပါက အိုက်ဝသည်လည်း ဗွီဒီယိုစက် အသစ်တစ်မျိုးကို စတင် မိတ်ဆက်ရန် ပြင်နေသည်။ ယင်းက ဟာသကြီးကြီးတခုပင်။ မဖြစ်နိုင်တာ။ အိုက်ဝက ထုတ်ကုန်တိုင်းကနေ ငွေရှာနိုင်မှာ မို့လို့လား။
နင်တန်ဒို၏ ရုံးချုပ်တွင် ဥက္ကဋ္ဌက ဒေါသထွက်နေသည်။
နင်တန်ဒိုသည် တရုတ်ဈေးကွက်ကို ဝင်ခဲ့သည်မှာ တစ်လခန့်သာ ရှိသေးသည်။ သို့သော် အရောင်းက မည်သို့ ဖြစ်သနည်း။ မင်းတို့တွေ အကုန်လုံး ပြောတာက တရုတ်က ဈေးကွက် အသစ်ဆို။ ပြီးတော့ အဲ့ဒီဈေးကွက်ကို ဝင်နိုင်ပြီ ဆိုတာနဲ့ နင်တန်ဒိုရဲ့ အရောင်းနဲ့ အကျိုးအမြတ်တွေကလည်း အရမ်းကို မြင့်တက်လာမယ်လို့ ပြောခဲ့တယ်လေ။
ဒါပေမဲ့ အခုတော့ ဘယ်လို ဖြစ်တာတုန်း။ အခု ဒုတိယလတောင် ရောက်နေပြီ။ ပြီးတော့ ဘယ်ဖြန့်ချီသူမှ ကုန်ပစ္စည်းတွေကို မှာယူတာ မရှိဘူး။ အကြောင်းမှာ သူတို့ ပထမလက မှာယူထားသည့် ပစ္စည်းများသည် ဆိုင်၏ စင်ပေါ်တွင်သာ ရှိနေဆဲ ဖြစ်သည်။
နင်တန်ဒို၏ စက်ရုံများသည် ဂိမ်းစက် ထုတ်လုပ်ရေးကို တိုးမြင့် ထုတ်လုပ်သည်။ ပြီးနောက် ထိုဂိမ်းစက်များသည်လည်း သိုလှောင်ရုံတွင်သာ ရှိသည်။ အကယ်၍ ထိုသို့ ဆက်ဖြစ်ပါက သူတို့အနေဖြင့် ရောင်းဈေးကို လျော့ချရမည်ပင်။ တရုတ်နိုင်ငံ၏ ဈေးကွက်ကို ဆာဂါ အနိုင်ပိုင်းလျှင်လည်း ဥက္ကဋ္ဌအနေဖြင့် လက်ခံနိုင်ပေသည်။ ပြီးနောက် ဆာဂါသည် တကမ္ဘာလုံးဆိုင်ရာ ဗွီဒီယိုဂိမ်းလုပ်ငန်းတွင် နံပါတ်နှစ် ဖြစ်သည်။ အချို့သော ဆာဂါ၏ နည်းပညာများသည် နင်တန်ဒိုထက် အဆင့်မြင့်ပေသည်။ သို့သော် အမှန်တရားတွင် တရုတ်လူမျိုးများသည် နင်တန်ဒိုကိုလည်း မကြိုက်ပေ။ ပြီးနောက် သူတို့သည် ဆာဂါဆိုသည့် အမှတ်တံဆိပ်ကို တခါမှတောင် မကြားဖူးပေ။
နင်တန်ဒိုသည် ကြော်ငြာကြေးများ အကုန်လုံးကို ပေးချေပြီး ဖြစ်သည်။ သို့သော် အဘယ်ကြောင့် သတင်းစာများတွင်သာ ပါလာရသနည်း။ တီဗွီ ကြော်ကြာတွေကော ဘယ်မှာလဲ။ တရုတ်မှာ တီဗွီလိုင်းတွေက တနိုင်ငံလုံးမှာ ကြည့်လို့ရတယ်။ ဘာကြောင့် အဲ့ဒီချန်နယ်တွေမှာ မကြော်ငြာရတာလဲ။ ဘာကြောင့်လဲ။ ကြော်ငြာကဏ္ဍတွေက မကျန်တော့တာလား။ အသုံးမဝင်ဘူး။ မင်းတို့ အကုန် အသုံးမဝင်ဘူး။
နင်တန်ဒိုသည် တရုတ်ဈေးကွက်ကို တွက်ချက်မှု မှားယွင်းခဲ့သည်။ သူတို့ ထုတ်ကုန်များသည် အလွန်ဈေးကြီးသည်။ ပြီးနောက် တရုတ်လူမျိုးများသည် ထိုဈေးနှုန်းကို လက်မခံနိုင်ပေ။ သူတို့ ရောင်းချသည့် အချို့မော်ဒယ်များသည် ယွမ် ၂၀၀၀ခန့်သာ ရှိသည်။ မည်သူမျှ ယွမ် ၂၀၀၀ထက် ကျော်သည့် ဂိမ်းစက်များကို မဝယ်ယူကြပေ။
ဂိမ်းစက်နှစ်ခုလုံးသည် တူညီသည့် လုပ်ဆောင်ချက်များ ရှိသော်လည်း ဂိမ်းစက်များနှင့် အတူ ပါလာသည့် ဂိမ်းခွေများက ကွဲပြားခြားနားမှုများ ရှိသည်။ နင်တန်ဒိုသည် သူတို့ ဂိမ်းခွေအသစ် ထုတ်သည့် အချိန်ခဏလေးအတွင်း ခိုးကူးခွေများသည် မကြာခင်အချိန်အတွင်း ပျံ့နှံသွားကြောင်း နင်တန်ဒို သဘောပေါက်မိသည်။ ထိုခိုးကူးဂိမ်းခွေများသည် ယွမ် ၁၀ကျော်သာ ရှိသည်။ မူရင်းဂိမ်းခွေများသည် ယွမ် ၁၀၀ကျော်သည်ပင်။
နင်တန်ဒိုသည် သင်ကြားရေးစက်သည် အလွန်ရောင်းအားကောင်းကြောင်း သတိပြုမိသည်။ ထိုသင်ကြားရေးစက်သည် အိုက်ဝအမှတ်တံဆိပ် ဖြစ်သော်ငြား အိုက်ဝသည် အလွန်များပြားသည့် အမြတ်ငွေ ပမာဏ ရရှိသည်။ ပြီးနောက် နင်တန်ဒိုက ပမာဏ အနည်းငယ်ကိုသာ ရရှိပေသည်။
သို့သော် မကြာခင်အချိန်တွင် နင်တန်ဒိုက အိုက်ဝသည် သူတို့ ထုတ်လုပ်ရေးကို လျော့ချပြီး တရုတ်ကုမ္ပဏီကို ဝယ်ယူခဲ့ကြောင်း သိရှိသွားခဲ့သည်။ ထုတ်လုပ်မှုကိုလည်း တရုတ်ကုမ္ပဏီကို ပေးခဲ့ကာ ယင်းထုတ်ကုန်ကို နောက်ထပ် နာမည် တစ်ခု ပေးစေခဲ့သည်။ ယင်းနာမည်သည် နတ်ဆိုးလေး စူပါသင်ကြားရေးစက် ဖြစ်သည်ပင်။
နတ်တန်ဒို၏ အိုက်ဝ၏ အရူးလုပ်ခြင်းကို ခံရသည်ဟု ခံစားလာရသည်။ သူတို့သည် အိုက်ဝကို ထို ထုတ်ကုန်တီထွင်ရန်အတွက် နည်းပညာများကို ပေးခဲ့သည်။ သို့သော် အကျိုးအမြတ်ကိုတော့ ယခုလက်ရှိတွင် လျော့ချခံထားရသည်ပင်။
“ဟေတရိုနာဂကျီမကို အခုခေါ်လိုက်။ တကယ်လို့ သူက ငါတို့နဲ့ အတူ ပူးပေါင်းချင်တယ်ဆိုရင် သူတို့တွေက ငါ့ကို ဖြေရှင်းချက်ပေးမှရမယ်”
နင်တန်ဒို၏ ဥက္ကဋ္ဌသည် နင်တန်ဒို၏ လွှမ်းမိုးနိုင်စွမ်းအကြောင်းကို သိပြီး ဖြစ်သည်။ အိုက်ဝအနေဖြင့် သူတို့၏ လိုလားချက်ကို သေချာပေါက် ဖြည့်စည်းပေးမည်ဟု ထင်နေခြင်း ဖြစ်သည်။ သို့သော် ဟေတရိုနာဂကျီမသည် တွန့်ဆုတ်မနေဘဲ သူတို့ကို ပြောလိုက်သည်။
“နင်တန်ဒိုက ဒီပူးပေါင်းဆောင်ရွက်မှုမှာ ရှုံးတယ်လို့ တွေးနေတယ်ဆိုရင်တော့ ကျွန်တော်တို့တွေက လမ်းခွဲမှပဲ ရတော့မယ်”
ထိုအချိန်တွင် နင်တန်ဒိုသည် အိုက်ဝအနေဖြင့် သူတို့ကို အသုံးချခဲ့ပြီး အရူးလုပ်ခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။ ယင်းက သူတို့နှင့် ဆိုနီ ယခင်က ဖြစ်ပျက်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။
အိုက်ဝက သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန်လိုက်သော်ငြား သူတို့သည် နင်တန်ဒို၏ အချို့ နည်းပညာများကို ရရှိလိုက်ပေသည်။ အိုက်ဝထံမှ ရရှိခဲ့သည့် နင်တန်ဒို၏ နည်းပညာများသည် တန်ဖိုးမရှိပေ။ နင်တန်ဒိုသည် တရုတ်နိုင်ငံ၏ ဈေးကွက်ကို ဝင်ပြီး အိုက်ဝ၏ ဖြန့်ချီရေးလမ်းကြောင်းများကို အသုံးပြုရန်အတွက် ရည်မှန်းခဲ့သော်ငြား သူတို့ ထုတ်ကုန်များသည် တရုတ်နိုင်ငံတွင် ရောင်းအားမကောင်းပေ။ သူတို့သည် လွန်စွာဆုံးရှုံးမှုကြီးကို ခံစားခဲ့ရသည်။
ယခုလက်ရှိတွင် နင်တန်ဒိုသည် ဆိုနီအတိုင်းပင် ဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးသည် အိုက်ဝကျရှုံးရန်ကိုသာ ဆုတောင်းရုံသာ ရှိတော့သည်။ သူတို့သည် အိုက်ဝ၏ ဗွီဒီယိုစက်အသစ် ကျရှုံးရုံသာ ဆုတောင်းနိုင်တော့သည်။ သင်ကြားရေးစက်သည်တော့သည် အောင်မြင်မှု ရပ်တန့်ရန်ကိုသာ ဆုတောင်းနေကြတော့သည်။