← Chapters

ပြပွဲတခု စီစဉ်ခြင်း

Vol. 29 Ch. 429

ပြပွဲတခု စီစဉ်ခြင်း

Vol. 29 Ch. 429

ဂျူလိုင်လ တစ်ရက်နေ့တွင် စီစီတီဗွီ၏ ရုပ်သံလိုင်း အများစု၏ ကြော်ငြာ ကဏ္ဍများစွာကို လေနှင့်မိုး နှင့် အိုက်ဝ ဗွီစီဒီစက်များနှင့် အစားထိုးလိုက်ကျသည်။

ကြည့်ရှုသူ အများစုက ယင်း ကြော်ငြာများသည် ဖျော်ဖြေရေး အစီအစဉ်ဟုသာခံစားမိ၏။ ဗွီစီဒီခွေ သေးသေးလေးကို စက်တစ်လုံးထဲကို ထည့်လိုက်ပြီး ကြည်လင်သည့် အရုပ်များက တီဗွီထက်တွင်ပေါ်လာခဲ့သည်။ယင်းကဗွီဒီယိုစက် ပုံစံမျိုးဖြစ်ပေ၏။

ကြည့်ရှုသူများကို မှင်သက်သွားစေသည့်အချက်သည် ဗွီစီဒီခွေပင်ဖြစ်၏။ ထိုပစ္စည်းသည် ဗွီဒီယိုတိပ်ခွေနှင့်လေဆာခွေထက်သေးက တိပ်ခွေထက် ရုပ်ထွက် ပိုမိုကြည်လင်ကာ ရုပ်သံအရည်အသွေးသည် လေဆာခွေနှင့်အတူတူ နီးပါးရှိသည်။

ဗွီစီဒီခွေသည် အိတ်ငယ်လေးထဲတွင် လွယ်လွယ်ကူကူ သိမ်းနိုင်ပေ၏။ ကြည့်ရှုသူများသည် ယင်းဗွီစီဒီစက်တွင် ကာရာအိုကေ စက်ကဲ့သို့ လုပ်ဆောင်ချက် ပါဝင်သည်ကို သတိပြုမိကြသည်။

စွန်းနန်နှင့် နယင်သည် သူတို့ သီချင်းများကို ပျော်ပျော်ရွှင်ဖြင့်သီဆိုနေကြကာ မျက်နှာပြင်ပေါ်တွင် သူတို့၏ သီချင်းဗွီဒီယိုကို ပြသထား၏။

လေနှင်မိုး အမှတ်တံဆိပ်၏ ကြော်ငြာဆောင်ပုဒ်ကား နည်းပညာသည် ငါတို့ ဘဝကို ပြောင်းလဲစေတယ်။

အိုက်ဝ၏ ကြော်ငြာဆောင်ပုဒ်သည် အိုက်ဝလျှပ်စစ် အဓိက နည်းပညာတွေရဲ့ ဆရာကြီး။

ယင်းအမှတ်တံဆိပ် နှစ်ခုသည်တူညီသည့် ထုတ်ကုန်များကို ကြော်ငြာကြပြီး ပြိုင်ဖက်များ ဟုစိတ်ခံစားချက် ပေးပေ၏။ ကြော်ငြာများစွာ ကြော်ငြာသော်ငြား ဗွီစီဒီစက်များကို ဝယ်ယူသည့်သူ သိပ်မရှိပေ။

ဗွီစီဒီစက် မိတ်ဆက်ပြီးနောက် နှစ်ပတ်အကြာ ဖြန့်ချီသူများက နောက်လအတွက် အမှာစာများ မတင်ထားကြောင်း သတိပြုမိ၏။ ဈေးကွက် တုံ့ပြန်မှုသည်လည်း မျှော်မှန်းသလောက် ပြည့်မီချင်း မရှိပေ။

ဖုန်းယွီသည် အလွန် သိချင်နေမိ၏။ ဖြစ်သင့်သည့်အချိန်ထက် စောပြီး မိတ်ဆက်ခဲ့သည့်အတွက် မည်သူမျှ သဘော မကျသည်လော။ သူ့အရင်ဘဝတွင် ဝမ်ယန်ဗွီစီဒီစက်သည် စစချင်း မိတ်ဆက်သည့် နှစ်တွင် အလုံးရေ တစ်သိန်းခန့်သာ ရောင်းနိုင်ခဲ့သည်။ ယင်းစက်အများစုကို အခြား အီလက်ထရောနစ် ကုမ္ပဏီများက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဗွီစီဒီစက်များသည် နောင် ၃နှစ် ၄နှစ်ကြာမှာ နာမည်ကြီးခြင်း ဖြစ်သည်။

ထိုဝယ်ယူခဲ့သည့် ကုမ္ပဏီများထဲ ဂျပန်ရှိကုမ္ပဏီသည် ကုဒ်ကို ဖြေခဲ့ကာ မူပိုင်ခွင့် လျှောက်ထားခဲ့၏။ သူတို့သည် နည်းပညာကို ခိုးယူပြီး အကျိုးအမြတ်များကို ယူသွားကြ၏။

ဝမ်ယန်ကို တရုတ်ရှိ အခြား ကုမ္ပဏီများက အနိုင်ပိုင်းခဲ့သည်။ ထို တရုတ်ကုမ္ပဏီများထဲတွင် ရှင်းခေါနှင့် အိုက်တော ဗွီစီဒီစက်များသည် အထင်ရှားဆုံး ဖြစ်၏။ သူတို့သည် ဈေးကွက်အတွင်း ဒီဗွီဒီစက် မိတ်ဆက်ပြီးနောက် ပျောက်ကွယ်သွားကြသည်။ အကြောင်းမှာ သူတို့အနေဖြင့် သူတို့ နည်းပညာများကို မည်သို့ အဆင့်မြင့်တင်ရမည်မှန်း မသိသည့်အတွက် ဖြစ်၏။

သမိုင်းကြောင်းအရ ဗွီစီဒီကို နောက်နှစ်မှသာ မိတ်ဆက်သင့်ကာ အလုံးရေ တစ်သောင်းခန့်သာ ရောင်းချနိုင်မည် ဖြစ်၏။ ပြီးနောက် အရောင်းပိုင်းသည် ဖြည်းဖြည်းချင်း မြင့်တက်လာမည် ဖြစ်ရာ နှစ်အနည်းငယ်အတွင်း တိပ်ခွေစက်များကို အစားထိုး သွားလိမ့်မည် ဖြစ်၏။ ဖုန်းယွီသည် သူရိုက်ထားသည့် ကြော်ငြာများသည် ကောင်းမွန်ပြီး မာကတ်တင်းကို ကြီးကြီးမားမား လုပ်နေသည်ဟု ခံစားမိ၏။ သူ့ထုတ်ကုန်များကို ထောက်ခံပေးရန်အတွက် ကျော်ကြားသူများကိုလည်း ဆက်သွယ်ခဲ့သည်။ အဘယ်တွက် ရောင်းအားသည် မတက်လာရသနည်း။

ပထမလတွင် အခုရေ တစ်သောင်းခန့် ရောင်းရပါက အခြေအနေ ကောင်းသည်ပင်။ သို့သော် လေနှင့််မိုး အမှတ်တံဆိပ် တခုတည်းဖြင့်တောင် လစဉ် ထုတ်လုပ်မှုသည် အခုရေ ၅၀၀၀ခန့် ရှိသည်။ မဟုတ်ပါက ဂိုထောင်အတွင်း ပစ္စည်းများစွာ ကျန်ရှိမည် ဖြစ်သည်။ သူသည် ထုတ်လုပ်ရေးကိုတောင် ရပ်တန့်ကောင်း ရပ်တန့်ရနိုင်ပေ၏။

မာကတ်တင်းက မလုံလောက်သေးတာလား။ ဝယ်ယူသူတွေက ဗွီစီဒီ နည်းပညာရဲ့ အကျိုးအမြတ်ကို မသိကျသေးတုန်းပဲလား။ ဖုန်းယွီက သူ့ကိုယ်စားလှယ်များသည် မှန်ကန်သည့် အရောင်းပိုင်း အချက်အလက်များဖြင့် ရောင်းချမချကို သံသယ ဝင်လာမိသည်။ သူတို့တွေက ဗွီဒီယိုရုံတွေမှာ ရောင်းချသင့်တယ်။ ယင်းနေရာများသည် သူ့အရင်ဘဝတွင် ဗွီစီဒီစက်များကို ပထမဆုံး ဝယ်ယူသူများထဲမှ အချို့ ဖြစ်သည်။

ဖုန်းယွီက ဖူကွမ်းကျန်းကို ခေါ်လိုက်၏။ ဖူကွမ်းကျန်းသည် စိတ်သက်သာရာ ရသွားခဲ့သည်။ နောက်ဆုံးတွင် ဖုန်းယွီ ပေါ်လာပြီ ဖြစ်သည်။ ထိုဗွီစီဒီစက်များသည် သူတို့ မျှော်မှန်းထားသလောက် ရောင်းအားမရှိပေ။

ဖူကွမ်းကျန်းသည် ဖုန်းယွီနှင့်အတူ သူတို့အနေဖြင့် စိတ်ဝင်စားမှု တိုးမြင့်ရန်အတွက် နိုင်ငံခြား ဈေးကွက်များတွင်လည်း ကြော်ငြာသင့်ပြီး တချိန်တည်းတွင် သူတို့စက်ရုံများ၏ ထုတ်လုပ်မှုအား လျော့ချရန် ဆွေးနွေးချင်နေ၏။ ယခုလက်ရှိတွင် သူတို့သည် မရှုံးရုံသာ ဖြစ်နေ၏။

.....

“ငါတို့ထုတ်ကုန်တွေကို ရောင်းချတဲ့ ပုံစံက မှားနေတာလား။ ငါတို့တွေက ဗွီစီဒီစက်တွေကို ကာရာအိုကေ စက်တွေလို ကြော်ငြာခဲ့တာ။ ဒါပေမဲ့ အချက်ကျကျ ပြောရမယ်ဆို ဒါက ဗွီစီဒီစက်ပုံစံ အသစ်တစ်မျိုးပဲလေ။”

ဖုန်းယွီက သူ့နဖူးကို ရိုက်လိုက်၏။ သူ အမှားလုပ်ထားခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ဖုန်းယွီသည် သူ့ထုတ်ကုန်များကို မည်သို့ နေရာချ ရောင်းချရမည်ကို သိသည်။ နိုင်ငံရပ်ခြားရှိ မိသားစုများသည် မိသားစု၏ တန်ဖိုးများကို အထူး အရေးပေးလေ့ ရှိကြသည်။ သူတို့ မိသားစုနှင့် အတူ နေလေ့ မရှိသည့်အတွက် ဖြစ်သည်။ သူတို့သည် အားလပ်ရက်များတွင်သာ မိသားစုနှင့် တွေ့ဆုံပွဲမျိုး လုပ်လေ့ရှိကြ၏။

ယင်း ဗွီစီဒီစက်ကို မိသားစု ရုပ်ရှင်ရုံအဖြစ် ရောင်းချနိုင်ပေ၏။

ယင်းက LD ထက် ပိုဈေးပေါကာ ရုပ်သံ အရည်အသွေးသည်လည်းဗွီဒီယို ခွေစက်များထက် ကြည်လင်ပေသည်။ ယင်းဗွီစီဒီစက်များသည် LDနှင့် ကပ်ဆပ်ခွေများထက် သေးငယ်ပေ၏။ ယင်းက ရောင်းချရမည့် အချက်ပင် ဖြစ်သည်။

ကြော်ငြာရိုက်ရာတွင် ဗွီစီဒီနှင့် ကပ်ဆပ်ခွေ၏ ရုပ်သံ အရည်အသွေးကို ရိုက်ရမည်လော။ သို့မဟုတ် ဗွီစီဒီနှင့် LD၏ အရွယ်အစားကို ယှဉ်ရမည်လော။

“အစ်ကိုဖူ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို မြန်မြန်ဆန်ဆန်နဲ့ လူသိအောင် ဘယ်လိုလုပ်ကြမလဲ။”

ဖုန်းယွီက ဖူကွမ်းကျန်းကို မေးလိုက်သည်။

ဖူကွမ်းကျန်းက အံ့အားသင့်သွားခဲ့သည်။ ထိုအချိန်တွင် ဖုန်းယွီသည် ဆုံးဖြတ်ချက် အကုန်လုံးကို ချမှတ်သည့်သူ ဖြစ်သည်။ ယခုအကြိမ်သည် ဖုန်ယွီ ပထမဆုံးအကြိမ် ဖူကွမ်းကျန်းကို အကြံဉာဏ်တောင်းခြင်း ဖြစ်သည်။ ဖူကွမ်းကျန်းသည် ဂုဏ်ယူနေ၏။ ဖူမိသားစုသည် ထုတ်ကုန်များကို မာကတ်တင်းလုပ်ရန် နည်းလမ်း မျိုးစုံ ရှိပေ၏။

“ပထမဆုံးကတော့ ပြင်းထန်သော ဈေးကွက်ရှာဖွေရေးပဲ။ ငါတို့တွေက စီစီတီဗွီမှာ ကြော်ငြာတွေ အများကြီး ကြော်ငြာပြီးပြီ ဆိုပေမဲ့ ကြော်ငြာ အရေအတွက်က လုံလောက်သေးတာ မဟုတ်ဘူး။ လုံလောက်တဲ့ ပမာဏပဲ ရှိနေသေးတယ်။ ဖြစ်နိုင်မယ်ဆိုရင် လူကြည့်အများဆုံး အချိန်မှာပြတဲ့ လေနှင့်မိုး စူပါပန်ကာနဲ့ အိုက်ဝ နားကြပ်ကပ်ဆက် ကြော်ငြာတွေကို ဗွီစီဒီ ခွေစက် ကြော်ငြာတွေနဲ့ ပြောင်းရမယ်။”

“ကိစ္စမရှိဘူး။ မနက်ဖြန်ကျ စီစီတီဗွီကို ပြောလိုက်မယ်”

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ ထိုထုန်ကုန် အားလုံးသည် သူ့ထုတ်ကုန်များ ဖြစ်သည့်အတွက် ကြော်ငြာပြောင်းလဲခြင်းသည် သာမန်ကိစ္စရပ်သာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ယင်းထုန်ကုန်များသည် တူညီသည့် အမှတ်တံဆိပ်များ ဖြစ်သည်။

“အမှန်တကယ်တော့ လျှပ်စစ် ထုတ်ကုန် အသစ်ကို ဝယ်ယူသူတွေ လက်ခံဖို့အတွက် အမြန်ဆုံး နည်းလမ်းက ဒီနယ်ပယ်ထဲမှာ ရှိတဲ့ အခြား အမှတ်တံဆိပ်တွေကို ဒီထုတ်ကုန်ကို လက်ခံဖို့နဲ့ ဒီထုတ်ကုန်ရဲ့ အားသာချက်တွေကို ချီးမွမ်း ပြောဆိုအောင် လုပ်လာဖို့ပဲ။”

“ငါတို့ရဲ့ ပြိုင်ဖက်တွေက ချီးမွမ်းမှာတဲ့လား။ ဒါက ဘယ်လိုလုပ် ဖြစ်လာမှာလဲ။”

ကျန်းဝမ်မန်က မျက်မှောင်ကုပ်လိုက်သည်။ ဘယ်သူက သူတို့ပြိုင်ဖက်ကို ချီးမွမ်းမှာလဲ။ တကယ်လို့ သူဆိုရင်တောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။

ဖုန်းယွီက ရုပ်တရက် မေးလိုက်သည်။

“တကယ်လို့ သတင်းထောက်တွေက ထုတ်ကုန်တွေကို ချီးမွမ်းတဲ့ ရုပ်ရှင် ဒါမှမဟုတ် မထင်ရှားတဲ့ သတင်းထောက်တွေက ရိုက်ကူးရင်ကော။ ဒါမှမဟုတ် ငါတို့တွေက အတင်း ချီးမွမ်းခိုင်းမယ်ဆိုရင်ကော”

“အစ်ကိုဖုန်း မင်းမှာ အကြံတခု ရှိတာလား”

ဖူကွမ်းကျန်းသည် ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီက ဒီလောက်မြန်မြန်နဲ့ အဖြေကို ရှာတွေနိုင်တာလား။

“ငါတို့တွေက ပြပွဲ တစ်ခုကို စီစဉ်မယ်ဆိုရင်ကော ဘယ်လို သဘောရလဲ။ ငါတို့တွေရဲ့ ထုတ်ကုန်တွေကို နိုင်ငံခြား ပြပွဲတွေမှာလဲ ပြနိုင်တယ်လေ။”

“ပြပွဲလား။ ဒီနယ်ပယ်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားမှာ ဘာနည်းပညာပြပွဲမှ မရှိသေးဘူး။ ဒါပေမဲ့ နယ်ပယ်က မကြီးဘူးဆိုတော့ နိုင်ငံခြားက အမှတ်တံဆိပ် အကြီးကြီးတွေကိုလည်း မစွဲဆောင်နိုင်ဘူး”

ကျန်းဝမ်မန်က အီလက်ထရောနစ် နယ်ပယ်နှင့် ပတ်သက်ပြီး ပိုပြီး ရင်းနှီးမှုရှိသည်။ သူသည် တရုတ်နိုင်ငံတွင် ထုတ်ကုန်များနှင့် ပတ်သတ်ပြီးပြပွဲများကို တစ်ကြိမ်နှစ်ကြိမ်ခန့် တက်ဖူးသည်။

ဖုန်းယွီက ပြုံးကာ ပြောလိုက်၏။

“ပြပွဲမရှိသေးဘူးဆိုတော့ ကျွန်တော်တို့ကိုယ်တိုင် စီစဉ်လို့ရတာပဲ။ အစ်ကိုဖူ ဥရောပက အီလက်ထရောနစ် အမှတ်တံဆိပ် အချို့ကို ပါဝင်ဖို့ ဖိတ်ခေါ်ပေးနိုင်မလား။ အမေရိကနဲ့ အာရှကကောပဲ။ အစ်ကိုအနေနဲ့ အမှတ်တံဆိပ် အကြီးကြီးတွေကို ဖိတ်ခေါ်နိုင်ရင် ပိုကောင်းမယ်။ ကျွန်တော်က ဂျပန်နဲ့ အရှေ့ဥရောပကို ဆက်သွယ်မယ်။ မန်နေဂျာကျန်း တရုတ်နိုင်ငံမှာ ရှိတဲ့ အီလက်ထရောနစ် ကုမ္ပဏီတွေကို ဖိတ်ခေါ်ပေးနိုင်မလား”

အကယ်၍ ဂျပန်ကုမ္ပဏီများကို အိုက်ဝမှ တဆင့် ဖိတ်လျှင် ထိုကုမ္ပဏီများ ပါဝင်ရန်နှစ်ခြိုက်ပေလိမ့်မည်။ အရှေ့ဥရောပအတွက်မူ ကီရီလန်ကိုကို အကူအညီ တောင်းနိုင်ပေ၏။ ကီရီလန်ကိုသည် ဖုန်းယွီ၏ နှစ်သက်မှုကို ရရန်အတွက် ငြင်းဆိုလိမ့်မည် မဟုတ်ချေ။

ပြည်တွင်းကုမ္ပဏီပါ ပါပါက ပါဝင်သည့် ကုမ္ပဏီ ၁၀၀ကျော်သွားမည် ဖြစ်သည်။ ယင်းကုမ္ပဏီသည် ကြီးကြီးငယ်ငယ် ကိစ္စမရှိပေ။ အရေးကြီးဆုံးအချက်ကား လုံလောက်သည့် ပါဝင်သည့်သူ ရှိရမည်ပင် ဖြစ်သည်။

ဟ... ဒီလောက်ကြီးတဲ့ ပွဲပြီးတော့ နိုင်ငံခြားကုမ္ပစီတွေကလည်း ပါဝင်ကြဦးမှာ မလား။ ဒါက နိုင်ငံအဆင့် ပွဲ ဖြစ်နေပြီ ပြီးတော့ စီစီတီဗွီ သတင်းမှာလည်း ပါသင့်တယ်။

ယင်းပြပွဲကို ဘင်းမြို့တော်တွင် ကျင်းပနိုင်ပေ၏။ မြို့တော်အနေဖြင့် ကွင်းရုံ ငှားရမ်းခကို အခမဲ့ ထောက်ပံ့လိမ့်မယ်။ ပြပွဲရုံငယ်များကို ငှားရမ်းနိုင်ပေ၏။ ယင်းက အကျိုးအမြတ်ရှိသည့် စီးပွားရေးပင် ဖြစ်သည်။

သို့သော် ဖုန်းယွီက ဘင်းမြို့တော်ကို အကြံပေးသည့်အခါ ဖူကွမ်းကျန်းက ခေါင်းခါလိုက်သည်။ သူက ဘေကျင်း၊ ရှန်ဟိုင်း၊ ရှန်ကျန်းမြို့များသည်သာ သင့်လျော်သည်ဟု ခံစားမိသည်။ ဘင်းမြို့တော်သည် အံဝင်ခွင်ကျ မဖြစ်ပေ ပြီးနောက် ယင်းမြို့တော်၏ တိုးတက်မှုသည် အခြား မြို့တော် သုံးခုနှင့် မယှဉ်နိုင်ပေ။

ဖုန်းယွီသည်လည်း ယင်းအကြောင်းကို စဉ်းစားပြီး ဖြစ်သည်။ သို့သော် ယင်းက ဘင်းမြို့တော် တိုးတက်မှုတွက် အမြန်ဆုံး နည်းလမ်းဟု ခံစားမိသည်။ အကယ်၍ ဘေကျင်း၊ ရှန်ဟိုင်း သို့မဟုတ် ရှန်ကျန်းသာ ဖြစ်ပါက သူသည် အစိုးရနှင့် ဆက်ဆံနေရဦးမည် ဖြစ်သည်။ အစိုးရသည် ပြပွဲ စီစဉ်သူများထဲမှ တစ်ဦးဖြစ်ပါက အကောင်းဆုံးပင် ဖြစ်သည်။ ယင်းက ပြပွဲ၏ အရည်အသွေးကို မြင့်တင်ပေးရာ ရောက်ပေ၏။

အကယ်၍ ဘင်းမြို့တော်တွင်သာ ဆိုပါက ပြပွဲ ကျင်းပခြင်း၏ အကျိုးအမြတ်များကို ကျန်းရွေ့ချင်အား ပြောပြရန်သာ လိုပေသည်။ ပြီးနောက် သူက ထောက်ခံပေးလိမ့်မည် ဖြစ်သည်။ အခြားသော မြို့တော်များသည် လောက်လောက်လားလား ထောက်ခံပေးခြင်းမျိုး ရှိလိမ့်မည် မဟုတ်ပေ။ ထပ်ပြောရပါက ယင်းက ဘင်းမြို့တော်ကို ကြော်ငြာရန်အတွက် အလွန့်အလွဣ် ကောင်းမွန်သည့် အခွင့်လမ်းပင် ဖြစ်သ်ည။

သူတို့ သုံးယောက်သား ပွဲကျင်းပမည့် နေရာကို ရွေးပြီးနောက် ပါဝင်မည့် သူများကို စတင် ဖိတ်ခေါ်ကြသည်။ ဖုန်းယွီသည်လည်း နေ့မကူးခင်ပင် ကျန်းရွေ့ချင်ကို နားချရန်အတွက် ဘင်းမြို့တော်ကို ပြန်သွားတော့၏။

All Chapters