← Chapters

စုန့်ကျန်းရှေ့ပြေးပုံစံကား

Vol. 29 Ch. 431

စုန့်ကျန်းရှေ့ပြေးပုံစံကား

Vol. 29 Ch. 431

“ဘင်းမြို့တော်မှ ကျင်းပတဲ့ တရုတ်ရဲ့ ပထမဆုံး နိုင်ငံတကာ လူသုံးအီလက်ထရောနစ် ပစ္စည်းပြပွဲမှ ကြိုဆိုပါတယ်။”

“အောင်မြင်တဲ့ ပြပွဲ ဖြစ်ဖို့အတွက် ကောင်းမွန်သော ဆုမွန်ကောင်း တောင်းအပ်ပါတယ်”

“ကျွန်တော်တို့တွေက နိုင်ငံတိုင်း ကုမ္ပဏီတိုင်းရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကြိုဆိုပါတယ်။ အတွေ့အကြုံတွေကနေ တဆင့် တရုတ်ကို ပိုပြီးအားကောင်းအောင် တည်ဆောက်ကြမယ်”

......

ဖုန်းယွီသည် မော်တော်ကားကုမ္ပဏီမှ ပြပွဲခန်းမအထိ ပထမဆုံး စုန့်ကျန်း စလွန်းကားကို မောင်းလာခဲ့သည်။ လမ်းမ တစ်လျှောက်တွင် ဘန်နာများစွာ ရှိနေ၏။

လမ်းစုံလမ်းခွတိုင်းတွင် ယဉ်ထိန်းရဲက ယဉ်ထိန်းကြောင်းပေးနေသည်။ လမ်းများသည်လည်း သာမန်ထက် ရှင်းလင်းနေ၏။ အချို့သော လမ်းမများကိုတောင် ပိတ်ထားသည်။ ထိုအရာများအားလုံးက ဘင်းမြို့တော်အတွက် ပြပွဲ၏ အရေးပါမှုကို ပြသရာ ရောက်နေခြင်းပင်။

အမှန်တကယ်တွင် မြို့တော် အစိုးရသာမက ပြည်နယ်အစိုးရကတောင် ပြပွဲကို ဂရုတစိုက် ကြည့်ရှုနေ၏။ ဝန်ကြီးအဆင့် ခေါင်းဆောင် အချို့ကိုတောင် ဘင်းမြို့တော် ကောင်းမွန်သည့် ပြရုပ် ပြထားသည်ကို သေချာစေရန်အတွက် ခေါ်ထားသည်။ ဘင်းမြိုတော်သည် သေချာပေါက် တရုတ်နိုင်ငံကြီးကို ကမ္ဘာကို ပြသရမည် ဖြစ်ကာ တရုတ်နိုင်ငံ၏ ပုံရိပ်ကို မှေးမှိန်စေနိုင်သည့် မည််သည့် မတော်တဆမှုမှ လုံးဝ လုံးဝ မဖြစ်စေရပေ။

ဖုန်းယွီက မပျော်ရျွင်ပေ။ မင်းတို့တွေကျ ဘန်နာ အများကြီး ချိတ်တယ်။ ငါ့ကိုကျ နည်းနည်းလေးတောင် ချိတ်ခွင့် မပေးဘူး။ ထပ်ပေပြာရမယ်ဆိုရင် ငါက ဘန်နာ အကုန်လုံးကို စပွန်ဆာ မပေးဘူးလို့ မပြောမိလို့လား။ ဒီ လူကြီးကျန်းက တကယ်ကို ကပ်စေနည်းတာပဲ။

ဒီ ဘန်နာတွေကို ကြည့်လိုက်ဦး။ အကုန်လုံးက အလကားပဲ။ ဒီမှာ ဘယ်လိုလုပ် အသုံးဝင်တဲ့ ဆောင်ပုဒ်ဆိုတာ ရှီမှာလဲ။ သူ့အနေနဲ့ အနည်းငယ် ကုမ္ပဏီ ဒါမဟုတ် အေဂျင်စီကို ဒီဘန်နာတွေ အတွက် စပွန်ဆာ တောင်းခံသင့်တာ။ ဒါကလည်း မြို့တော်ရဲ့ ကုမ္ပဏီတွေကို ကြော်ငြာတဲ့ နည်းလမ်း တစ်မျိုးပဲ။

ဟာ.....ဘယ်လောက်တောင် အလကား ဖြစ်လိုက်လဲ။

ဖုန်းယွီသည် မောင်းနေစဉ် သက်ပြင်းချလိုက်ကာ သူ့နောက်ရှိ ထိုင်နေသော လူကို မပျော်ရွှင် ဖြစ်စေသည်ထိပင်။

“ဖုန်းယွီ မင်း ကောင်းကောင်း မောင်းလို့ မရဘူးလား။ ဘာလို့ မင်းခေါင်းခါနေရာတလဲ။”

ကျန်းရွေ့ချင်က ငေါက်လိုက်သည်။

အမှန်တကယ်တွင် ကျန်းရွေ့ချင်သည် သူ့ကိုယ်ပိုင်ကားနှင့် လာရန် စီစဉ်ခဲ့သည်။ သို့သော် ဖုန်းယွီက သူ့ကားနှင့် လိုက်ရန် အတင်းဆွဲခေါ်ခဲ့သည်။ ဖုန်းယွီက သူ့ကို မော်တော်ကားကုမ္ပဏီရှိ ပထမဆုံး ရှေးပြေးပုံစံကားသည် အဆင်သင့် ဖြစ်ပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် စမ်းကြည့်သင့်ကြောင်း ပြောခြင်း ဖြစ်သည်။

ကျန်းရွေ့ချင်သည် ရှေ့ပြေးပုံစံကားမျိုးသည် မည်သို့ကားမျိုး မသိသော်ငြား သူက ဖုန်းယွီ၏ လိုင်စင်မပါသော ကားပေါ်ကို တက်လိုက်သည်။ သူက ဖုန်းယွီ နောက်ကွယ်တွင် မည်သည့် ကားအမျိုးအစားမျိုး ထုတ်လုပ်နေသည်ကို သိချင်သည့်အတွက် ဖြစ်သည်။

ထိုကား၏ ဒီဇိုင်းသည် ကျစ်လစ်ကျော့မောပြီး တောက်ပသည့် အနက်ရောင် ခြယ်ထားသည်။ ယင်းကားသည် အလွန်ပင် ကြီးကျယ်ခမ်းနားသည် ခံစားမှုမျိုးကို ပေးစွမ်းသည်။ ယင်းက သူ့ Audi 100ထက်တောင် ပိုကြည့်ကောင်းသည်။ ထိုင်ခုံသည်လည်း သားရေနှင့် ဖြစ်ကာ အတွင်းပိုင်းသည် ကျယ်ဝန်းသည်။ သက်တောင့်သက်သာ ရှိလှသည်။ ပြီးနောက် အရှေ့ခံများသည်လည်း နေရာ လေးနေရာ ရွေ့ပြောင်းနိုင်သ်ည။

ယင်းကားသည် တည်ငြိမ်ကာ ဆူညံသံများကိုလည်း မကြားရပေ။ ပြတင်းပေါက်သည် အလိုအလျောက်ဖြစ်ကာ ယင်းက ဇိတ်ခံကား တစ်စင်းကဲ့သို့သော ခံစားမှုမျိုးကို ပေးစွမ်းသည်။

ကျန်းရွေ့ချင်သည် ယင်းကား၏ တည်ဆောက်မှု ကုန်ကျစရိတ်ကို မေးလိုက်၏။

ဖုန်းယွီက ကျန်းရွေ့ချင်ကို မျက်မှောင်ကျုံ့ကာ ပြန်ဖြေ၏။ ဘာ။ ဒီကားရဲ့ ကုန်ကျစရိတ်က ယွမ် သုံးသိန်းလား။ ဒီကားက ဘယ်လောက်နဲ့ ရောင်းမှာလဲ။ ၄သိန်းလား ငါးသိန်းလား။ လူဘယ်လောက်က ဒီကားကို စီးနိုင်မှာလဲ။

ဖုန်းယွီက ကျန်းရွေ့ချင်ကို ယခုကားသည် ရှေးပြေးပုံစံကားသာ ဖြစ်ကြောင်း ရှင်းပြကာ အများအပြား ထုတ်လုပ်ခြင်းမျိုး မရှိသေးကြောင်း ပြောပြ၏။ အစိတ်အပိုင်း အကုန်လုံးသည် အကောင်းဆုံး ဖြစ်သည်။ ယခုမော်ဒယ်ကို ပမာဏ များများဖြင့် ထုတ်လုပ်သည့်အခါ ပြောင်းလဲမှု များစွာ ရှိမည်ပင်။ ဥပမာအနေဖြင့် အတွင်းပိုင်း အပြင်အဆင်နှင့် အင်ဂျင်၏ စွမ်းဆောင်ရည်ကို ပြောင်းလဲမည် ဖြစ်သည်။ ကုန်ကျစရိတ်ကို ယွမ် ၁သိန်းဝန်းကျင်သာ ထိန်းထားမည် ဖြစ်ကာ လက်လီဈေးမှာ ယွမ် ၂သိန်းထက် ကျော်မည် မဟုတ်ပေ။

ယွမ် ၂သိန်းလား။ ၂သိန်းဆိုတဲ့ ပမာဏက အလွန်ပင် ဈေးကြီးသည်ပင်။ Santana ကုန်ကျစရိတ်သည် မည်မျှနည်း။

ဖုန်းယွီက ဆက်ပြောလိုက်သည်။ အကယ်၍ တာယာ၊ မီး၊ ဘက်ထရီကဲ့သို့သော အရာမျိုးကို ပြောင်းနိုင်ပေ၏။ ပြီးနောက် ကုန်ကျစရိတ်သည် ယွမ် ၈သောင်းအောင် ရောက်အောင် လျော့ချနိုင်ပေသည်။ လက်လီဈေးသည် ယွမ် ၁သိန်း ၂သောင်း ရှိမည် ဖြစ်ကာ ယင်းက Santana ကို ယှဉ်ပြိုင်ရန်အတွက် လုံလောက်ပြီ ဖြစ်သည်။

ထို့အအပြင် ကား၏ ဆီစားမှုသည်လည်း Santana ထက် ပိုကောင်းသည်ပင်။ ယင်းသည် တာဘိုချာ့ နည်းပညာကို အသုံးပြုထားကာ ဈေးအချိုဆုံး မော်ဒယ် ဖြစ်သည်။ ယင်းက Santana ထက်တောင် ပိုပြီး စွမ်းဆောင်ရည် ပိုကောင်းသည်ပင်။

အင်ဂျင်နှင့် တာဘိုချာ့နည်းပညာသည် ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့်စက်ရုံမှ ဖြစ်သည်။ အင်ဂျင်ကို ဒီဇိုင်းဆွဲခဲ့သူသည် လေကြောင်းအင်ဂျင်နီယာ ဖြစ်သည်။ ဆီသုံးစွဲမှု ချွေတာခြင်း နည်းပညာသည် တရုတ်နိုင်ငံတွင် အဆင့်မြင့်ဆုံး ဖြစ်ကာ တစ်ကမ္ဘာလုံးတွင်လည်း ထိပ်တန်းများထဲမှ တစ်ခု ဖြစ်သည်။ သို့သော် သူ့အရင်ဘဝတွင် မည်သည့် ဇိမ်ခံကားကမှ ယင်းနည်းပညာကို အသုံးမပြုသည်မှာ နှမြောစရာ ကောင်းပေသည်။

“ခေါင်းဆောင် ဒီကားကို ဘယ်လိုမြင်လဲ။ အစိုးရရဲ့ ကားအကုန်လုံးကို ပြောင်းဖို့တောင် တွေးနေပြီလား။”

ဖုန်းယွီက မေးလိုက်သည်။ နောက်ဆုံးတွင် သူသည် ကျန်းရွေ့ချင်ကို ကားထဲ အတင်းခေါ်လာသည့် ရည်ရွယ်ချက်ကို ပြလိုက်ပြီ ဖြစ်သည်။

“ကားရပ်လိုက်။ ဆင်းချင်တယ်”

ကျန်းရွေ့ချင်က ဒေါသထွက်သွားသည်။ ဖုန်းယွီသည် သူ့ကို ပြပွဲကို ခေါ်သွားမည်ဆိုသော ကမ်းလှမ်းချက်သည် မကောင်းမှန်း သိပေ၏။ မော်တော်ကားကုမ္ပဏီက သူ့မော်တော်ဆိုင်ကယ်များကို မိတ်ဆက်သည့်အခါ ဖုန်းယွီက မြို့တော်၏ ယဉ်စည်းကမ်းကြီးကြပ်မှု ဌာနကို မော်တော်ဆိုင်ကယ် တစ်သုတ် မှာယူရန်အတွက် မေးခဲ့သည်။ ကျန်းရွေ့ချင်သည် မော်တော်ဆိုင်ကယ်၏ ဈေးနှုန်းသည် မများသည့်အတွက် များများစားစား စဉ်းစားခဲ့ခြင်း မရှိကာ ယင်းက လမ်းစည်းကမ်း ထိန်းချုပ်ရေးတွင်လည်း အကူအညီ ရမည် ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည်လည်း တရားဥပဒေ စိုးမိုးရန်အတွက် ဘီးများ လိုအပ်သည်ပင်။ မြို့တော်က ထိုမော်တော်ဆိုင်ကယ်များကို ဝယ်ယူရန်အတွက် ရန်ပုံငွေ လုံလောက်မှု ရှိ၏။

သို့သော် ယခုလက်ရှိတွင် ဖုန်းယွီသည် မြို့တော် အစိုးရ၏ ကားများကို ပစ်မှတ်ထားလာသည်။ မြို့တော်သည် သူတို့ ကားများကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကမှ လဲထားခြင်း ဖြစ်သည်။ သူတို့အနေဖြင့် မည်သို့ မြန်မြန် လဲမည်နည်း။ ယခုလက်ရှိတွင် မြို့တော်သည် ရန်ပုံငွေများ ရှိပြီ ဖြစ်ကာ အေဂျင်စီ အချို့ကလည်း ယဉ်များကို တောင်းဆိုလာကြသည်။ ကျန်းရွေ့ချင်က သူတို့အနေဖြင့် ထိုကဲ့သို့သော အရာမျိုးတွင် ရန်ပုံငွေများကို မဖြုန်းသင့်မှန်း ခံစားမိသည်။ မြို့တော်၏ တိုးတက်မှုသည် ပထမ ဖြစ်သင့်သည်ပင်။

“အာ.. ခေါင်းဆောင် ဘာလို့ ရပ်ချင်တာလဲ။ အစ်ကိုလျို အစ်ကိုလည်း ခေါင်းဆောင်ကို နားချသင့်တယ်။ သူ အလုပ်လုပ်တဲ့အခါ ဘာလို့ ဒီလောက် သည်းမခံနိုင် ဖြစ်နေရတာလဲ။

အတွင်းရေးမှူးလျိုသည် ခေါင်းငုံ့လိုက်ကာ စကားတစ်ခွန်းမျှ ပြန်မပြောရဲပေ။ မင်းက ခေါင်းဆောင်နဲ့ ရင်းနီးတယ်လေ။ ပြီးတော့ မင်းက သူ့ကို ဟာသ လုပ်နိုင်တယ်။ ငါက အခုမှ အတွင်းရေးမှူး အသစ်လေ။ ငါ့ကို ဒုက္ခရောက်အောင် မလုပ်ပါနဲ့။

“မင်းကားကို ဘယ်သူမှ မဝယ်မှာကို စိုးရိမ်နေတာလား”

ကျန်းရွေ့ချင်က မျက်မှောင်ကျုံ့လိုက်ကာ ဖုန်းယွီကို လျစ်လျူရှုလိုက်သည်။ သူက ဖုန်းယွီ၏ ပြောပုံ ဆိုပုံကို အသားကျပြီး ဖြစ်သည်။

“ဟာသတွေ မပြောပါနဲ့။ ကျွန်တော် ထုတ်ကုန်တွေ ထုတ်ကတည်းက ရောင်းအားမကောင်းတဲ့ ထုတ်ကုန်ဆိုတာ ရှိလို့လား။ ဘင်းမြို့တော်မှာ ရှိတဲ့ စက်ရုံ သေးသေးလေးတွေကလည်း ထိုက်ဟွ ကုန်သွယ်ရေးရဲ့ ပို့ကောင်ကြောင့် ရှင်သန်နေရတာ။ ကျွန်တော်က အကြံပေးရုံပဲ။ အနာဂတ်ကျ မြို့တော်က ကား လဲဖို့ အစီအစဉ်ရှိရဲ့ ဖောကို အရင်မသွားနဲ့။ ကိုယ့်လူ အချင်းချင်းပဲ။ ကျွန်တော် သေချာပေါက် လျော့ဈေးပေးမှာပါ။”

“အဲ့တာဆိုရင်တော့ မင်းအချိန် တခဏကြာ စောင့်ဆိုင်းမှ ရလိမ့်မယ်။ မြို့တော်က ဒီ နှစ်နှစ်အတွင်း ကားလဲမှာ မဟုတ်ဘူး”

ကျန်းရွေ့ချင်က ဖုန်းယွီ၏ မြို့တော်ကို ကားရောင်းမည့် အကြံကို ရပ်တန့် ပစ်စေချင်သည်။ မြို့တော်သည် သူ့ရန်ပုံငွေများကို ဖြန်းတီးလိမ့်မည် မဟုတ်ပေ။

မြို့တော်များနှင့် ပြည်နယ် မြို့တော်ဝန်များ၊ လက်ထောက်မြို့တော်ဝန်များသည် ယမန်နှစ်က ထွက်ထားသည့် Audi 200ဖြင့် သွားလာနေကြသည်။ သို့သော် ဘင်းမြို့တော်တွင် ပါတီ အတွင်းရေးမှူးသာ တစ်စီးပိုင်သည်။ကျန်းရွေ့ချင်သည်လည်း Audi 100ကို အသုံးပြုနေဆဲ ဖြစ်သည်။ Audi 200ကို မည်သူ တောင်းဆိုရဲမည်နည်း။

ဘင်းမြို့တော်ရှိ အစိုးရ အေဂျင်စီများသည် Santana နှင့် ရှလီ ကားများကိုသာ အသုံးပြုကြသည်။ ယင်းဌာနများမှ ခေါင်းဆောင်များသည် လေယဉ်ထုတ်လုပ်သည့် စက်ရုံက ထုတ်သည့် ဗင်ကားဖြင့် သွားလာကြသည်။

ဖုန်းယွီက ပြုံးလိုက်သည်။ ဒါက မင်းဆုံးဖြတ်ရမဲ့ ကိစ္စမဟုတ်ဘူး။ ပြည်နယ် ခေါင်းဆောင်က သူ့ကားကို ပြောင်းတဲ့အခါ မင်းတို့တွေ အကုန်လုံးလည်း လိုက်ပြီး ပြောင်းရမှာပဲ။ အောက်က အေဂျင်စီတွေကလည်း သူတို့ယဉ်တွေကို အစားထိုး ပြန်လဲ ပေးဖို့ ပြောနေကြတာ။ တကယ်လို့ မင်းက မလဲချင်ဘူးဆိုရင်တောင် ပါတီ အတွင်းရေးမှူးက ဘယ်လို စဉ်းစားမလဲ။

တရုတ်နိုင်ငံရှိ အစိုးရ ဌာနများ အကုန် သူတို့ ယဉ်များကို ပြောင်းသည့်အခါ ဘင်းမြို့တော်သည်လည်း ပြောင်းလဲမည်လော။ အကယ်၍ လုံကျန်းပြည်နယ်ရှိ အခြားသော မြိုများသည် သူတို့ ကားများကို ပြောင်းပါက ဒီဖိအားကို မင်းခံနိုင်ဦးမှာလား။ တခြားသူတွေက မင်းကို ချီးမွန်းတဲ့အခါ မင်းမှာ ရွေးချယ်စရာ ရှိတော့မှာ မဟုတ်တော့ဘူး။

ဖုန်းယွီသည် အကြောင်းအရာ အကုန်လုံးကို မပြောပေ။ ယခုလက်ရှိ ကျန်းရွေ့ချင်နှင့် ပြောပါက ဘာအပြောင်းအလဲမှ ဖြစ်လာစရာ အကြောင်းမရှိပေ။

“ခေါင်းဆောင် ဒီ မော်တော်ကားကုမ္ပဏီက ထုတ်တဲ့ ကားကို ဘယ်လို မြင်လဲဆိုတာ ပြောပေးပါလား။ အပြင်ပိုင်း ဒီဇိုင်းနဲ့ အင်ဂျင်က Santanaထက် ကောင်းတယ်မလား။”

ဖုန်းယွီက ဂုဏ်ယူစွာဖြင့် မေးလိုက်သည်။

“Santana က အကြမ်းတော်တော်ခံတယ်။ ဒီကားကကော ဘယ်လိုလဲ။”

“ကားရဲ့ အောက်ခံထည်နဲ့ ဖရိန်နဲ့က အရင်က ဆိုဗီယက် ပြည်ထောင်စုက နည်းပညာကို သုံးထားတာ။ ဆိုဗီယက်ကားတွေက ကဏ္ဍများစွာမှာ လိုအပ်တယ် ဆိုပေမဲ့ သူတို့မှာ ကောင်းတဲ့ အချက်တွေကတော့ ရှိနေသေးတုန်းပဲ။ ကမ္ဘာအကောင်းဆုံး ဖြစ်ခဲ့တယ် ဆိုတဲ့ အချက်လေ။ သူတို့ ကားတွေက ပျက်စီးဖို့က ခက်ခဲတယ်။ ကားမှာက ချို့ယွင်းချက် အနည်းငယ် ရှိရင်တောင်မှ ကားက ရွေ့နိုင်တုန်းပဲ။”

အင်ဂျင်အတွက်မူ ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့်စက်ရုံမှ နည်းပညာကို အသုံးပြုထားခြင်း ဖြစ်သည်။ ဆိုင်းထိန်းစနစ်နှင့် ဆူညံသံ လျှော့ချသည့် နည်းပညာများသည် မော်တော်ကားကုမ္ပဏီမှ ဖြစ်သည်။ ယင်းအတွက် ဆိုင်းထိုင်းစနစ်သည် ကောင်းကောင်း အလုပ် ဖြစ်ပုံပေါ်၏။

မော်တော်ကားကုမ္ပဏီသည်လည်း သူ့ကားကို Santana နှင့် နှိုင်းယှဉ်ထားသည်။ သူတို့ ကားများသည် Santana ကို မည်သည့် အစိတ်ပိုင်းတွင်မဆို အနိုင်ပိုင်းနိုင်ပေ၏။ အချို့သော အပိုင်းများတွင် Audi 100ထက်တောင် ပိုကောင်းပေ၏။ သို့သော် သူတို့၏ ဈေးအချိုဆုံးကားသည် Santana နှင့် Audi ထက် ပိုကောင်းမကောင်းတော့ တပ်အပ် မပြောနိုင်သေးပေ။

ယဉ်ကြောစနစ်သည် ရှင်းပေရာ မကြာခင်တွင် သူတို့သည် ပြပွဲအဆောက်အဦး ဝင်ပေါက်ကို ရောက်လာခဲ့သည်။ ဖုန်းယွီက သူ့ကားကို အနီရောင် ကော်ဇောဘေးတွင် ရပ်လိုက်သည်။ အတွင်းရေးမှူးလျိုသည် ချက်ခြင်းဆင်းလာကာ ကျန်းရွေ့ချင်အတွက် တံခါး ဖွင့်ပေးလိုက်၏။

ကျန်းရွေ့ချင် တံခါး ဖွင့်ပေးပြီးနောက် အတွင်းရေးမှူးလျိုက တံခါးပိတ်ကာ ကားကို မောင်းသွားရန် အချက် ပြလိုက်၏။

All Chapters