ပြပွဲ ဖွင့်ပွဲ အခမ်းအနား
Vol. 29 Ch. 432
ဘင်းမြို့တော်၏ သမိုင်း တစ်လျှောက်တွင် ယခုကဲ့သို့ စည်ကားခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ပြည်တွင်းနှင့် ပြည်ပ ကုမ္ပဏီ နှစ်ရာကျော်မှ ကိုယ်စားလှည်များသည် ပြပွဲကျင်းပရာ အဆောက်အဦး၏ စောင့်ဆိုင်းခိုင်းမတွသင် ရှိနေကြသည်။ ကုမ္ပဏီ တစ်ဝက်ခန့်သည် ပြည်တွင်း ကုမ္ပဏီများ ဖြစ်သည်။ ခန်းမထဲတွင် ဘာသာစကားမျိုးစုံကို ကြားနိုင်ပေ၏။ ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ စကားပြန်များသည်လည်း လောက်ငှခြင်း မရှိပေ။ မြို့တော်သည် ကျောင်းသားများ၊ ဆရာဆရာမများနှင့် ပါမောက္ခဆရာများကိုတောင် စကားပြန်အဖြစ် လုပ်ရန်အတွက် ခေါ်ထားရပေသည်။
ကော်ဇောနီထက်တွင် လမ်းလျှောက်လာခိုက် ကျန်းရွေ့ချင်သည် ဘေးတစ်ဖက် တစ်ချက်တွင် ထားထားသည့် ပန်းခြင်းများကို တစ်ချက် ကြည့်လိုက်သည်။ လေနှင့်မိုး အမှတ်တံဆိပ်ကို ယင်းခြင်းများအပေါ်တွင် ရိုက်နှိပ်ထားသ်ည။ သူသည် မိုးပျံပူဖောင်းကြီး နှစ်လုံးကို မော်ကြည့်လိုက်သည်။ လေနှင့်မိုး အမှတ်တံဆိပ်ကို ယင်း ပူဖောင်းပေါ်တွင် ရိုက်နှိပ်ထားသည်။
ကျန်းရွေ့ချင်က ထို ကောင်စုတ်လေးသည် အရာများစွာအတွက် စပွန်ဆာ ပေးခြင်းမှာ မရိုးဖြောင့်သည်ကို သိပေသည်။ သူသည် ဖုန်းယွီကို ထိုကဲ့သို့ အရာမျိုး လုပ်ရန်အတွက် အကောင်းဆုံးတားသော်ငြား ဖုန်းယွီသည် သူ့အမှတ်တံဆိပ်များကို ကြော်ငြာရန်အတွက် အခွင့်အရေးများ ရှိနေဆဲ ဖြစ်သည်.
အို... ချီးပဲ။ ဒါက ဆေးဝါးကော်ပရေးရှင်းရဲ့ ရုံးခွဲက ဒီ ပြပွဲ နေရာကို ပြင်ဆင်ပေးထားတာ။ ပြပွဲ ခန်းမတွေက ဒီလို ပုံစံမျိုး ဟုတ်လို့လား။ တကယ်လို့ အဲ့လိုဆိုရင် အဲ့တာကို ချက်ခြင်း ဖယ်ပစ်မှရမယ်။ ဒါက နိုင်ငံအဆင့် ပြပွဲပဲ။ ဒီ ကောင်စုတ်လေးက သူ့ကုမ္ပဏီရဲ့ ပြပွဲလို့ တွေးနေတာလား။
ဖုန်းယွီ သူ့ကားကို ပါကင်ထိုးမည့် အချိန်တွင် နေရာလွတ် မရှိတော့ကြောင်း သတိပြုမိသည်။ ကားများအတွက် နေရာ ကျယ်ကျယ် နေရာ ပေးထားသော်ငြား ပြည့်နေပြီ ဖြစ်သည်။ တက္ကစီများကိုလည်း ဤနေရာတွင် ပါကင် ထိုးထားပေသည်။ နိုင်ငံခြားသား အများစုသည် ထိုတက္ကစီများကို ခေါ်ထားခြင်း ဖြစ်ကာ ထိုနေရာတွင် ရပ်နားထားသည့် တက္ကစီများသည်လည်း သူ့တို့ ဧည့်သည်များကို စောင့်ဆိုင်းနေကြသည်။
ထို တက္ကစီ ဒါရိုက်ဘာများသည် အချင်းချင်း သိကြကာ စုမိပြီးနောက် ဆေးလိပ်သောက် စကားဝိုင်းဖွဲ့ခြင်းများ ပြုလုပ်ကြပေသည်။
“အ...ဒီ လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းကဘာလဲ။”
“တောသား မင်းက လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းဆိုတာကို မသိဘူးလား။ အဲ့တာက စီမီးကွန်ဒက်တာတွေနဲ့ ဒီဂျစ်တယ် အစိတ်အပိုင်းတွေပဲ”
နောက်ထပ် ကားဆရာ တစ်ယောက်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“အာ.... အဲ့ပစ္စည်းတွေ အတွက် ဘာကြောင့် ဒီလောက်ကြီးတဲ့ ပွဲကို စီစဉ်တာလဲ။ ငါတို့မြို့တော်ဝန်က ဒီကို မိန့်ခွန်းပြောဖို့ ရောက်လာရုံတင် မကသေးဘူး။ နိုင်ငံအများစုက နိုင်ငံခြားသားတွေလည်း ရှိသေးတယ်။ ဟူး.... ငါ ခေါ်လာတဲ့ သူက ဆိုဗီယက် ပြည်ထောင်စုက။ မဟုတ်ဘူး အခု ရုရှားဖြစ်သွားပြီ။ မင်းကော ဘယ်လိုလဲ။ မင်းရဲ့ ဧည့်သည်ကကော ဘယ်ကလဲ။”
“ငါ့ဧည့်သည်က အင်္ဂလန်က”
“ငါ့ ဧည့်သည်က ပြင်သစ်က”
“ငါ့ ဧည့်သည်က အမေရိကန်က။ လူကြီးလျို ဘာကြောင့် တိတ်ဆိတ်နေရတာလဲ။”
“ငါက ဂျပန်က ဧည့်သည်ကို ခေါ်ခဲ့တာ။”
လူကြီးလျိုက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။
“ခင်ဗျားက ဂျပန်က ဧည့်သည်ကို ခေါ်လာတာလား။ သွားသွား.... ငါတို့နဲ့ ဆေးလိပ် လာမသောက်နဲ့။"
“ငါလည်း သူ့ကို ကြိုပြီးမှပဲ ဂျပန်ဆိုတာ သိရတာ။ အဲ့ဂျပန်က တရုတ်လို ပြောတက်တယ်”
“အဲ့တာဆိုရင် သူ့ကို ထပ်ပြီး လိုက်မပို့တော့နဲ့လေ။””
“ဒါပေမဲ့ ငါ သူ့ပိုက်ဆံကို ယူပြီးသွားပြီ။ မနက်ဖြန်ကျတော့ မလိုက်ပို့တော့ဘူးဂ
လူကြီးလျိုက သူ့ရင်ဖက်ကို ပုတ်လိုက်သည်။
“ဆရာတို့ ကျွန်တော်ကားကို ဒီမှာ ထားချင်လို့ နည်းနည်းလောက် ဖယ်ပေးပါလား”
မှားသွားတယ်။ ငါ့အတွက် နေရာ ကြိုယူထားသင့်တယ်။
“အာ... မင်းကား အမှတ်တံဆိပ်က ဘာလဲ။ ရင်းနှီးသလိုပဲ။ ဒါပေမဲ့ ဒီမော်ဒယ်ကို အရင်က တခါကမှ မမြင်ဖူးဘူး။ ပြီးတော့ မင်းကားမှာ လိုင်စင်နံပါတ်လည်း မတပ်ထားဘူးကော။ မင်း ကားကို မသိမ်းခင် ယဉ်ထိန်းရဲတွေကို ရှောင်မောင်းတာ ကောင်းတယ်။”
အ...ယဉ်ထိန်းရဲလား။
ဖုန်းယွီက သူ့နဖူးကို ရိုက်လိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု သွားလိုက်ပါဦးမယ်”
ဖုန်းယွီသည် ယဉ်ထိန်းရဲဆီကို မောင်းသွားလိုက်သည်။ ပြီးနောက် ပြတင်းပေါက်မှန်ကို ချလိုက်ကာ
“ဒီကားနဲ့ မြို့တော်ဝန်လာခဲ့တာ။ မြို့တော်ဝန်ကားအတွက် နေရာက ဘယ်မှာလဲ။”
“ဒါက မြို့တော်ဝန်ကားလား။”
မြို့တော်ဝန်က သံသယ ဖြစ်နေသည်။ မြို့တော် အစိုးရရဲ့ ထိပ်တန်း အရာရှိတွေက Audi 100ကို အသုံးပြုကြတာ မဟုတ်ဘူးလား။ ထပ်ပြောရမယ်ဆိုရင် ဒီ ယဉ်က လိုင်စင်ပြားလည်း မပါဘူး။”
“ဒါက ကျွန်တော်တို့ မော်တော်ကားစက်ရုံက ထုတ်ထားတဲ့ ကားအသစ်။ မြို့တော်က ပြည်တွင်း စက်ရုံတွေကို ထောက်ခံမှုတွေ ပေးတယ်လေ။ မြန်မြန်လုပ်ပေးပါ။ ကျွန်တော်က မြို့တော်ဝန်ပြောရမဲ့ စာသားကို ပေးပေးရဦးမှာ”
ဖုန်းယွီက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
“အ... မင်း ဒီအတိုင်းသွား ပြီးတော့ ဘယ်ကွေ့လိုက်။ အဲ့မှာ မြို့တော် အစိုးရတွေအတွက် နေရာ ထားထားတယ်။ အဲ့မှာ ထားစရာ နေရာ အများကြီး ရှိသေးတယ်။”
ယဉ်ထိန်းရဲက ယဉ်ယဉ်ကျေးကျေးဖြင့် ပြောလိုက်သည်။
ဖုန်းယွီသည် ခလုတ် တစ်ချက်နှိပ်ကာ ကားပါကင်ဆီ မောင်းသွားတော့သည်။ ယဉ်ထိန်းရဲသည် အံ့အားသင့်စွာ ကျန်ခဲ့သည်။ ထိုကားသည် လှပကာ အဆင့်မြင့်လှသည်။ ပြတင်းပေါက်ကို ခလုပ်တစ်ချက် နှိပ်ရုံဖြင့် တင်ချနိုင်သည်။ မြို့တော် ဝန် တစ်ယောက်တည်းသာ ဤကားပေါ်တွင် ထိုင်နိုင်သည့် သူလော။
ကားပါကင် ထိုးပြီးနောက် ဖုန်းယွီသည် ပြပွဲကျင်းပသည့် ခန်းမကို လမ်းလျှောက်သွားသ်ည။ အလွန် တိတ်ဆိတ်နေသည်။ သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ လူအပြည့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကံကောင်းချင်တော့ မြေညီထပ်တွင် မည်သည့် ပြပွဲရုံငယ်များ မရှိပေ။ မဟုတ်ပါက ခန်းမနှင့် ဆန့်မည် မဟုတ်ပေ။ စင်မြင့်ကိုတောင် လှေကားဘေးတွင် ထားထားသည်။
ကျန်းရွေ့ချင်သည် စင်မြင့်ပေါ်တွင် ရပ်ကာ မိန့်ခွန်းပြောသည်။ သူ့ဘေးတွင် အရာရှိ နှစ်ယောက်က ရုရှားနှင့် အင်္ဂလိပ်စကား ဘာသာပြန်ပေးနေသည်။ ထိုအရာရှိများသည် စိတ်လှုပ်ရှားနေကြသည်။ အကြောင်းမှာ သူတို့သည် ဘာသာစကားကို ကျွမ်းကျင်သည့်အတွက် ယခုကဲ့သို့သော အရေးပါသည့် ပွဲမျိုးတွင် မြို့တော်ဝန်ဘေးတွင် ရပ်နိုင်နေကြခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ဘင်းမြို့တော်ရဲ့ ကျက်သရေ၊ ကျွန်တော်တို့ လုံကျန်းပြည်နယ်ရဲ့ ကျက်သရေ ပြီးတော့ တရုတ်နိုင်ငံရဲ့ ကျက်သရေ”
ကျန်းရွေ့ချင်သည် လက်ပြနှုတ်ဆက်ကာ ထိုသို့ ပြောလိုက်သည်။ ဧည့်ပရိသတ်များက လက်ခုပ်ဩဘာများ ပေးကြသည်။
လက်ခုပ်ဩဘာသံများသည် ရုရှားဘာသာပြန် အင်္ဂလိပ် ဘာသာပြန် ပြီးသည့် အခါတွင်လည်း ထွက်လာကြသည်။
ဖုန်းယွီသည် လူအုပ်ထဲတွင် ရှိနေကာ အချို့ လူကောင်သေးသေးဖြင့် လူများကား မပျော်ရွှင် ဖြစ်နေသည်ကို ပြသနေသည်ကို မြင်လိုက်ရသည်။ သူတို့ ပုံစံနှင့် ဆံပင်ကေအရ သူတို့သည် ဂျပန် လူမျိုးများ ဖြစ်ကြောင်းကို ပြောနိုင်ပေသည်။ သူတို့ မပျော်ရွှင်ရသည်မှာ ဂျပန် စကားပြန် မရှိသည့်အတွက် ဖြစ်သည်။ ယခု စီစဉ်မှုနှင့် ပတ်သက်ပြီး မပျော်ရွှင် ဖြစ်ကြသည်လော။ ဘယ်သူက ဂျပန်က အရမ်းနာမည် ကြီးတယ်လို့ ပြောလို့လဲ။
ကျန်းရွေ့ချင်သည် ဆက်ပြီး ပြပွဲခန်းမ၏ ခင်းကျင်းပြသထားပုံကို မိတ်ဆက်သည်။ မည်သည့် အထပ်တွင် မည်သို့ ပစ္စည်းများ ရှိကြောင်းနှင့် မည်သည့် နေရာတွင် ကူညီသည့် ဝန်ထမ်းများ ရှိကြောင်း ပြောနေသည်။ အကယ်၍ စာချုပ် ချုပ်ဆိုခြင်းများ ရှိပါက မိတ္တူစက်သည် မည်သည့် နေရာတွင် ရှိကြောင်း ပြောနေခြင်း ဖြစ်သည်။
ထိုအကြောင်းကို ဂျပန်တို့ ကြားသည့်အခါ သူတို့ မျက်နှာထက်တွင် ဂုဏ်ယူသည့် မျက်နှာထားဖြင့် ရှိသွားကြသည်။ သူတို့သည် ၂ရက်မတိုင်ခင်က ရောက်ခဲ့ကာ ထို ပရင့်တာများနှင့် မိတ္တူစက်များသည် ဂျပန် ထုတ်ကုန်များ ဖြစ်ကြောင်း မြင်ပြီးသည့်အတွက် ဖြစ်သည်။ တရုတ်က ဒီလို စက်မျိုးတောင် မထွင်နိုင်ဘူး။ ဒါတောင် သူတို့က လူသုံးလျှပ် အီလက်ထရောနစ် ပြပွဲ လုပ်ချင်သေးတာလား။
ဂျပန်တို့အတွက် သူတို့ ကုန်ပစ္စည်းများ ပြသရန်အတွက် အခွင့်အရေးကောင်း ဖြစ်သည်။ သူတို့သည် တရုတ်လူမျိုးများနှင့် အနောက်နိုင်ငံသားများကို ဂျပန်၏ လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများ မည်မျှ အစွမ်းထက်ကြောင်း ပြသချင်ပေသည်။
ကျန်းရွေ့ချင်သည် ဆက်ပြီး မိန့်ခွန်းပြောပြီးနောက် ပါဝင်သည့် သူများကို တရားဥပဒေကို လိုက်နာရန် တောင်းဆိုသွားသည်။ သူက မိန့်ခွန်းကို ပါဝင်သည့် သူများအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ပြပွဲ အောင်မြင်စေကြောင်း ဆုတောင်းချွေကာ နိဂုံးချုပ်လိုက်သည်။
ကျန်းရွေ့ချင်၏ မိန့်ခွန်းသည် လိုရင်းတိုရှင်း ဖြစ်သည်။ ဖုန်းယွီက သူ့ကို ထိုအကြောင်း အသိပေးပြီ ဖြစ်သည်။ လူများသည် ဤပြပွဲကို သူ့မိန်းခွန်းအတွက် လာကြခြင်း မဟုတ်ပေ။ သူတို့ ထုတ်ကုန်များကို မိတ်ဆက်ရန်နှင့် တူညီသည့် ကဏ္ဍများတွင် အမြင်ခြင်း ဖလှယ်ရန် ဖြစ်သည်။ အကယ်၍ သူ့မိန့်ခွန်းသည် ရှည်ပါက လူအုပ်ကြီးသည် စိတ်ရှည်မည် မဟုတ်ပေ။
လက်ခုပ်တီးပြီးနောက် အပြင်ဖက်ရှိ ဗျောက်အိုးများကို ဖောက်သည်။ အမှန်တကယ်တွင် မြို့တော်ရှိ တစ်စုံ တစ်ယောက်က နဂါးနှင့် ခြင်္သေ့ အက ကရန်အတွက် အကြံပေးထားခြင်း ဖြစ်သည်။ ကျန်းရွေ့ချင်က ဖုန်းယွီကို နိုင်ငံခြား ပြပွဲများတွင် ယခုကဲ့သို့ အရာမျိုး လုပ်မလုပ်ကို မေးမြန်းထားသည်။ ဖုန်းယွီက အံ့အားသင့်သွားသည်။
နဂါးအကလား။ ဘယ်သူမှ တရုတ် ဂန္တဝင် သီချင်းကို အကြံ မပေးတာပဲ ကံကောင်းတယ်။
ဖုန်းယွီက ယင်းဖျော်ဖြေမှု ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ အဆင်ပြေသည်ဟု ခံစားမိသည်။ သို့သော် ဖွင့်ပွဲသည် မကြာသင့်ပေ။ ယင်း နဂါးနှင့် ခြင်္သေ့အကသည် ပိတ်ပွဲအတွက် ထားထားနိုင်ပေသည်။ ယင်းက ဧည့်သည်များ ပြန်သွားခြင်းမှ တားဆီရာ ရောက်ပေမည်။
စင်မြင့်ကို ရွေ့လိုက်သည်။ ပြီးနောက် လူတိုင်းက အဆင့်အလိုက် အပေါ်ထပ်ကို တက်သွားကြသည်။ အမှန်တကယ်တွင် ပြပွဲရုံငယ်များတွင် ဝန်ထမ်းအချို့ ရှိပြီး ဖြစ်သည်။ အကယ်၍ သူတို့သာ မြေညီထပ်တွင် ရှိနေပါက ပိုပြီးတောင် ကြပ်သွားမည် ဖြစ်သည်။
ကျန်းရွေ့ချင်သည် ပြပွဲကျင်းပသည့် ဝန်ထမ်းများနှင့်အတူ လိုက်ပြီး ပြပွဲရုံငယ် အကုန်လုံးကို လိုက်လံ ကြည့်ရှု၏။ ဤပြပွဲနိုင် နိုင်ငံငယ်လေးများမှ အချို့သော အစိုးရ အရာရှိများလည်း တက်ရောက်ကျသည်။ သူတို့သည် ဘင်းမြို့တော်နှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေးများကို မျှော်လင့်သည့်အတွက် လာကြခြင်း ဖြစ်သည်။
ဖုန်းယွီသည် ထောင့်ကို သွားပြီးနော် ပြပွဲဘောင်ချာကို ကြည့်လိုက်သည်။ သူက ဘောင်ချာကို ကြည့်ကာ ပြုံးလိုက်သည်။ ထိုဘောင်ချာများကို ထုတ်ရန်အတွက် စပွန်ဆာပေးစဉ်က မြို့တော် အစိုးရများသည် မကြော်ငြာနိုင်ဟု မျှော်လင့် မထားခဲ့ကြပေ။ ဘောင်ချာကို ယူသည့် သူတိုင်း လေနှင့်မိုး အမှတ်တံဆိပ်နှင့် အိုက်ဝ၏ ဗွီစီဒီစက်ကို ရောင်စုံဖြင့် တွေ့ရမည် ဖြစ်သည်။
ငါက စပွန်ဆာပေးတိုင်း ဘယ်တော့မှ အရှုံးမခံဘူး။