← Chapters

နတ်ဆိုးလေး၏ သေလုနီးပါး အခြေအနေ

Vol. 29 Ch. 424

နတ်ဆိုးလေး၏ သေလုနီးပါး အခြေအနေ

Vol. 29 Ch. 424

နတ်ဆိုးလေးသည် သင်ကြားရေးစက်ကို စတင် တီထွင်နေစဉ် သူတို့သည် ဈေးကွက်ထဲတွင် ဆင်တူ ထုတ်ကုန်သည် ရှိနေပြီ ဖြစ်ကြောင်းကို သိရှိခဲ့သည်။ ပြီးနောက် ယင်းကို စီစီတီဗွီတွင်တောင် ကြော်ငြာ၏။ ယင်းကို အိုက်ဝက မိတ်ဆက်ထားခြင်း ဖြစ်သည်။

သူတို့ အားလုံးသည် နားကြပ်ကပ်ဆက်ကိုသာ ထုတ်လုပ်သည့် အိုက်ဝကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။ ပြီးနောက် ယင်းကုမ္ပဏီသည် သင်ကြားရေးစက်ကို ထုတ်လုပ်သည့် အချက်ပင်။

သူတို့သည် ချက်ခြင်းပင် ဈေးကွက်ထဲမှ ပစ္စည်းအနည်းငယ်ကို ရုတ်ချည်း ဝယ်လိုက်ပြီးနောက် တစဆီ ဖြုတ်လိုက်သည်။ ယင်းက သူတို့ကိုယ်တိုင် ထုတ်လုပ်ထားသည့် သင်ကြားရေးစက်ထက် ပိုမြန်ဆန်သည်။ မကြာမီတွင် သွမ့်ယုံဖျင်သည် သင်ကြားရေးစက်မှ နည်းပညာကို နှိုက်ယူလိုက်သည်။

သွမ်ယုံဖျင်က သူ့အထက်ခေါင်းဆောင်များကို ထုတ်ကုန်အသစ်ကို အောင်အောင်မြင်မြင်နှင့် ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း စိတ်လှုပ်ရှားစွာဖြင့် တင်ပြလိုက်သည်။ ကုန်ကျစရိတ်သည် ယွမ် ၁၃၀၀အောက် နည်းပေသည်။ အိုက်ဝ သင်ကြားရေးစက်သည် ဈေးကွက်ထဲတွင် ရှိပြီးဖြစ်သည့်အတွက် သူ့အနေဖြင့် စိတ်ပူခြင်း မရှိတော့ပေ။

သူ ဗီဒီယို ဂိမ်းစက်များကို ထုတ်လုပ်စဉ်က ဈေးကွက်ထဲတွင် တူညီသည့် ထုတ်ကုန်များ ရှိပြီး ဖြစ်သည်။ အဆုံးတွင်တော့ နတ်ဆိုးလေးသည် ပြိုင်ဖက် အကုန်လုံးကို အလဲသတ်နိုင်ခဲ့သည်။

ယင်း သင်ကြားရေးစက်သည်လည်း အတူတူပင် ဖြစ်သည်။ ဒီစက်က တင်သွင်းကုန်ပစ္စည်းဖြစ်တာကြောင့် ယွမ် ၃၀၀၀နဲ့ ရောင်းတယ်။ တင်သွင်းခွန်နဲ့ သယ်ယူစရိတ်က ပုံသေကုန်ကျစရိတ်ပဲ လျော့ချလို့မရဘူး။ နတ်ဆိုးလေးသည် ကွဲပြားပေသည်။ သူတို့ ကုန်ကျငွေသည် နည်းကာ လက်လီဈေးကွက်ကို တစ်ခုလျှင် ယွမ် ၂၀၀၀နှုန်းဖြင့် ရောင်းချနိုင်ပေသည်။

နတ်ဆိုးလေးသည် အတိတ်က ဈေးကွက်ပြိုင်ပွဲတွင် ပြိုင်ဖက် အကုန်လုံးကို အနိုင်ပိုင်းနိုင်ခဲ့သည်။ အိုက်ဝသည် အမှတ်တံဆိပ်ကြီး ဖြစ်သော်ငြား နတ်ဆိုးလေး အမှတ်တံဆိပ်သည်လည်း နာမည် ကျော်ကြားသည်။ အထူးသဖြင့် တောင်ပိုင်းတွင် ဖြစ်သည်။

နောက်ဆုံးတွင် ထုတ်ကုန်အသစ်သည် အဆင်သင့် ဖြစ်ကြောင်း သိသည့်အခါ ခေါင်းဆောင်များက ဝမ်းသာသွားကြသည်။ သုတေသန ရံပုံငွေများသည် အလဟသ မဖြစ်ပေ။ သွမ်ယုံ့ဖျင်က ခေါင်းဆောင်များကို နတ်ဆိုးလေး သင်ကြားရေးစက်သည် ဈေးကွက်ထဲတွင် မြန်မြန် နေရာ ယူနိုင်ကြောင်း ကတိပေးလိုက်သည်။ အိုက်ဝသည် စီစီတီဗွီတွင် ကြော်ငြာသော်ငြား နတ်ဆိုးလေးသည်လည်း စီစီတီဗွီတွင် ကြော်ငြာမည်ပင်။

အိုက်ဝ၏ ကြော်ငြာသည် မိဘများကို ကလေးငယ်များ သင်ကြားရေးအတွက် သင်ကြားရေးစက်ကို ဝယ်ရန် တိုက်တွန်းထားခြ်ငး ဖြစ်သည်။ သို့သော် သွမ်ယုံ့ဖျင်သည် ကြော်ငြာအတွက် အလွန်ကောင်းမွန်သည့် အကြံဉာဏ်ရှိပေသည်။ ကလေးသီချင်း ဖြစ်သည်။ ကလေးငယ်များ လွယ်လွယ်နှင့် မှတ်မိနိုင်မည့် သီချင်းပင် ဖြစ်သည်။ သူတို့ ကစားသည့်အခါတွင် ယင်းသီချင်းကို ဆိုနိုင်ပေမည်။ ယင်းက အလွန်ပင် အကျိုးသက်ရောက်မှု ရှိသည်။

ယခုလက်ရှိတွင် သွမ်ယုံဖျင်သည် ကြော်ငြာရန်အတွက် ငွေများ လိုအပ်လာပြီ ဖြစ်သည်။ သူတို့ကြော်ငြာကို ဒေသ ရုပ်သံဌာနများတွင် ထုတ်လွှင့်ရမည် ဖြစ်သ်ည။ ပြီးနောက် သူတို့သည် အရောင်းလမ်းကြောင်းကို ထောင်ရမည် ဖြစ်သည်။ အိုက်ဝထံမှ ဈေးကွက်ဝေစုရယူရန်ကား ပြဿနာ တစ်ရပ် ဖြစ်မည် မဟုတ်ပေ။

ခေါင်‌ေးဆာင်များသည် သွွမ်ယုံဖျင်ပြောသည်ကို ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ သူတို့သည် မားကတ်တင်းအတွက် ငွေကြေးများကို သွမ်ယုံဖျင်ကို ပေးသည်။ သူသည် နတ်ဆိုးလေး သင်ကြားရေးစက်၏ တရုတ်တစ်နိုင်ငံလုံးတွင် အောင်မြင်ကျော်ကြားပြီး အမြတ် ယွမ် ၁၀၀ရရန်အတွက် ကြည့်ခြင်း ဖြစ်သည်။

ငွေကြေးများကို ရပြီးနောက် သွမ်ယုံဖျင်သည် သင်ကြားရေးစက်ကို အပြည့်အဝ ထုတ်လုပ်ရန် စက်ရုံကို ညွှန်ကြားလိုက်သည်။ သူတို့အနေဖြင့် ဂိမ်းစက်ထုတ်လုပ်ရေးကိုတောင် ရပ်ဆိုင်းထားနိုင်ပေသည်။ နိုင်ငံခြား ဂိမ်းစက်များသည်လည်း တရုတ်နိုင်ငံကို ဝင်ပြီးဖြစ်ကာ သူတို့သည် ဂိမ်းများကို ပိုမို စိတ်ဝင်စားလာကြသည်။ သူသည် နတ်ဆိုးလေးက ဂိမ်းလုပ်ငန်းမှ တဖြည်းဖြည်း ပြောင်းစေလိုသည်။ သူက ဝယ်ယူသူများအား နတ်ဆိုးလေး ကုမ္ပဏီသည် သင်ကြားရေးစက်များကို ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရှိစေလို၏။

သို့သော် ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဗျူရိုကို ရောက်သည့်အခါ သူ့ထုတ်ကုန်ကို သင်ကြားရေးစက်အဖြစ် အမည်မပေးနိုင်ကြောင်းကို သိသွားခဲ့သည်။

သွမ်ယုံ့ဖျင်က ပဟေဠိ ဖြစ်သွားသည်။ အဘယ်တွက် သူ့ထုတ်ကုန်သည် သင်ကြားရေးစက်အဖြစ် အမည် မပေးနိုင်ရသနည်း။

ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဗျူရိုက သူ့အား ထိုက်ဟွ ကုန်သွယ်ရေးက သင်ကြားရေးစက်အဖြစ် မှတ်ပုံတင်ထားကြောင်း ပြောကာ ဟောင်ကောင် အိုက်ဝ ကုမ္ပဏီသည် ယင်းနာမည်ကို အသုံးပြုခွင့်ရထားကြောင်း ပြောခဲ့သည်။ နတ်ဆိုးလေးသည် ခွင့်မရပေ။ အကယ်၍ သူ အသုံးပြုပါက ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ သူတို့ ထုတ်ကုန်ကို အတုအပ ပစ္စည်းဟု စဉ်းစား၍ ရနိုင်ပေမည်။

သွမ်ယုံ့ဖျင်သည်လည်း သူအချိန်များစွာ တီထွင်ခဲ့သည့် သင်ကြားရေးစက်သည် မှတ်ပုံတင်ထားပြီးဖြစ်သည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ သို့သော်ငြား ယင်းက သူ့အား မရပ်တန့်နိုင်ပေ။ မင်းက သင်ကြားရေးစက်လို့ ခေါ်တယ်ဆိုရင် ငါက စူပါသင်ကြားရေးစက်လို့ ခေါ်မယ်။ နတ်ဆိုးလေး စူပါသင်ကြားရေးစက်က အိုက်ဝ သင်ကြားစက် နာမည်ထက်ပိုပြီး စီးပိုးပေ၏။ မိဘများက ယင်းနာမည်ကို ကြားသည့်အခါ သူတို့သည် သေချာပေါက် သူ့ထုတ်ကုန်ကို ဝယ်ယူကြမည် ဖြစ်သည်.

ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဗျူရိုကို သွားပြီးနောက် သွမ်ယုံဖျင်က ရုတ်တရက် မူပိုင်ခွင့်အကြောင်းကို အမှတ်ရသွားသည်။ သူတို့သည် နည်းပညာကို မှတ်ပုံတင်ထားသေးလား။

စုံစမ်းမှု အချို့ ပြုလုပ်ပြီးနောက် သူ တွေးထားသလို ဖြစ်နေခဲ့သည်။ သင်ကြားရေးစက်အတွင်းရှိ နည်းပညာအချို့သည် မှတ်ပုံတင်ထားသည်။ အကယ်၍ နတ်ဆိုးလေးသည် ယင်းနည်းပညာများကို ယူသုံးပါက သူတို့အနေဖြင့် အိုက်ဝဂျပန်၏ ခွင့်ပြုချက်ကို လိုအပ်ပေသည်။

သွမ့်ယုံဖျင်သည် နှုံးချိစွာဖြင့် သူ့ကုမ္ပဏီကို ပြန်သွားခဲ့သည်။ သူသည် သူ့ဝန်ထမ်းများကို ယင်းထုတ်ကုန် ထုတ်လုပ်ရန် တောင်းဆိုခဲ့သည်။ သို့သော် ယခုလက်ရှိတွင် သူတို့ မထုတ်လုပ်နိုင်တော့ပေ။ သူ့အနေဖြင့် ယွမ် သန်း၁၀၀ မည်သို့ ရှာနိုင်မည်နည်း။

သွမ်ယုံဖျင်သည် မြို့တော်ထံမှ ရှယ်ယာများကို ရတော့မည် မဟုတ်ပေ။ သူသည် တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့ပေ။ ခေါင်းဆောင်များက သူ့လုပ်ရပ်နှင့် ပတ်သက်ပြီး မပျော်မရွှင် ဖြစ်နေသည်ကို သိပေသည်။ သို့သော်ငြား ခေါင်‌ေးဆာင်များက သူနှင့် ပတ်သက်ပြီး အကြောင်းပြချက်ကို မလိုချင်ကြပေ။ ယခုလက်ရှိတွင် သူသည် ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရတော့မည်ပင်။

စက်ရုံသည် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူခဲ့ကာ သူသည်လည်း သင်ကြားရေးစက်များကို ထုတ်လုပ်နေပေသည်။ သွမ်ယုံဖျင်သည် သူ့ဖြန့်ချီသူများကိုလည်း ထုတ်ကုန်များ နောက်လတွင် အဆင်သင့် ဖြစ်မည်ဖြစ်ကြောင်း စာချုပ် ချုပ်ထားသည်။

သို့သော် ယခုလက်ရှိတွင် သူသည် ယင်းထုတ်ကုန်ကို မရောင်းနိုင်တော့ပေ။ ယင်းက မူပိုင်ခွင့်ချိုးဖောက်ခြင်းပင် ဖြစ်သည်။ သူသည် ဂျပန် ဗွီဒီယို ဂိမ်းကုမ္ပဏီများနှင့် ပြဿနာ ဖြစ်နိုင်သည်။ ပြီးနောက် တရုတ်စအိုးရက သူ့ကို ထောက်ခံမည်ပင်။

သို့သော် နှစ်ဖက်လုံးကား တရုတ်ကုမ္ပဏီ ဖြစ်လျှင် မည်သို့ ဖြစ်မည်နည်း။ မည်သည့်ဖက်တွင် အစိုးရက ရပ်တည်မည်နည်း။ အိုက်ဝသည် သူတို့ထက် ပိုပြီး အင်အားသာလွန်သည်ပင်။ ပြီးနောက် ထုတ်ဟွ ကုန်သွယ်ရေးသည်လည်း နိုင်ငံအဆင့်ဆုကို ရထားသင့်ပင်။

ကုမ္ပဏီနှစ်ခုလုံးသည် တရားခွင်တွင် တွေ့ပါက သူသာ သေချာပေါက် ရှုံးမည်ပင်။ သူ့ထုတ်ကုန်ကိုလည်း ခိုးချထားသည့် ထုတ်ကုန်ဟု နာမည် အတပ်ခံရမည် ဖြစ်သည်။ အထွေထွေ မန်နေဂျာ တစ်ယောက်အနေဖြင့် ထောင်ကျနိုင်ပေသည်။

မြို့တော် ခေါင်းဆောင်များသည် နတ်ဆိုးလေး သင်ကြားရေးစက်အကြောင်းကို အိပ်မက်မက်နေကြဆဲ ဖြစ်သည်။ ယင်းက သူတို့၏ အောင်မြင်မှု ဖြစ်ပေလိမ့်မည်။ ပြီးနောက် ရာထူးတိုးနိုင်ပေသည်။

သို့သော် သွမ်ယုံဖျင်က သူ့ကို နတ်ဆိုးလေးအနေဖြင့် သင်ကြားရေးစက်ကို မထုတ်လုပ်နိုင်ကြောင်း ရုတ်တရက် ပြောလိုက်သည်။

ယင်းက တုန်လှုပ်ဖွယ် သတင်း ဖြစ်သည်။ ခေါင်းဆောင်များသည်လည်း ထိတ်လန့်ကုန်ကြ၏။ ဘာလို့ ဒီထုတ်ကုန်ကို မထုတ်လုပ်နိုင်တာလဲ။ ဒီထုတ်ကုန်က အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ပြီ မဟုတ်ဘူးလား။ မင်းက ဒီထုတ်ကုန်ရဲ့ ထုတ်လုပ်မှုလိုင်းတွေက ပြောင်းပြီးပြီလို့ ပြေတယ်။ ပြီးတော့ ငါတို့က ဒီထုတ်ကို အပြည့်အဝ ထုတ်လုပ်နိုင်တယ်လို့ ပြောခဲ့တယ်မလား။

မူပိုင်ခွင့် ချိုးဖောက်ခြင်း။ ကျွန်တော်တို့တွေက အိုက်ဝရဲ့ မူပိုင်ခွင့်နဲ့ နာမည်တွေအပေါ် ချိုးဖောက်ခဲ့တာ။ ခေါင်းဆောင်များအနေဖြင့် နာမည်အပေါ်တွင် လွယ်လွယ်ကူကူ ချိုးဖောက်ရနိုင်ပေသည်။ သို့သော်ငြား မူပိုင်ခွင့်တွင်တော့ မတက်နိုင်ပေ။ နတ်ဆိုးလေးသည်လည်း အိုက်ဝထံမှ နည်းပညာ အသုံးပြုခွင့်ကို ရနိုင်မည် မဟုတ်ပေ။

ဒါပေမဲ့ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အိုက်ဝသင်ကြားရေးစက်မှာ ပြိုင်ဖက် မရှိဘူးမလား။ ပြီးတော့ ဒီထုတ်ကုန်က ဈေးကွက်ထဲမှာ အသစ်လေ။ ဘယ်သူမှ သူတို့ရဲ့ မူပိုင်ခွင့်ကို အသုံးပြုခွင့် ပေးလိမ့်မည် မဟုတ်ပေ။

ခေါင်းဆောင်များက ဒေါသထွက်သွားကြသည်။

မင်းက ငွေလိုတယ်ဆိုလို့ ငါတို့က ငွေပေးပြီးပြီ။ ငါက မင်းလုပ်သမျှ အကုန်လုံးကို ထောက်ပံ့ပေးတယ်။ ပြီးတော့ အခု မင်းက ငါ့ကို ဒီထုတ်ကုန်ကို မရောင်းနိုင်ဘူးလို့ ပြောတာလား။

“မင်းမြို့တော်ထံကနေပြီးတော့ ငွေဘယ်လောက် ယူထားတာလဲ။ မင်းစစချင်းတုန်းက ငါ့ကို ဘာ ကတိပေးထားတာလဲ။ အခုတော့ ငါက အထက်အရာရှိတွေကို ဘယ်လို အကြောင်းပြန်ရမှာလဲ။ ငါ့ကို အဖြေပေး။”

“ကျွန်တော် ဒီကိစ္စအတွက် အပြည့်အဝ တာဝန်ယူပါမယ်။”

သွမ်ယုံ့ဖျင်က ခေါင်းငုံ့ထားလိုက်သည်။ အကယ်၍ သူသာ အပြည့်အဝ တာဝန်မယူပါက ကုမ္ပဏီတွင်လည်း သူမှလွဲပြီး မည်သူမျှ အပြစ်တင်ခံရမည့်သူ မရှိပေ။ သူသည် သူ့စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး ယုံကြည်ပေ၏။ သူ့စွမ်းဆောင်ရည်ကို သူယုံကြည်ပေ၏။ အကယ်၍ သူ အလုပ်ဖြုတ်ခံရလျှင်တောင် သူသည် အလုပ်ရှာနိုင်ပေသည်။ သူသည် ကိုယ်ပိုင်စီးပွားရေးကိုတောင် လုပ်နိုင်သည်ပင်။

“မင်းက အပြည့်အဝ တာဝန်ယူမှာတဲ့လား။ မင်းက ဘယ်လို တာဝန်ယူမှာလဲ။ ဒီထုတ်ကုန် ထုတ်လုပ်ဖို့အတွက် ယွမ် သန်းချီ အသုံးပြုခဲ့တယ်။ ပြီးတော့ ဖြန့်ချီသူတွေကို ဘယ်လို လုပ်မှာလဲ။ ငါတို့တွေက ဖြန့်ချီသူတွေထံကနေပြီးတော့ ယွမ် ၁၀သန်းကျော် ယူပြီးသွားပြီ။ စာချုပ်အရ လျော်ကြေး နှစ်ဆ ပေးလျော်ရမယ်။ ဒါက ယွမ် သန်း ၂၀ကျော်တယ်။ မင်းက အကုန်လုံးကို တာဝန် ယူပါမယ် ပြောတာနဲ့ ကိစ္စအကုန် ပြီးသွားမှာတဲ့လား။”

သွမ်ယုံဖျင်သည်း သူ့ဆုံးဖြတ်ချက်က ယွမ် သန်း ၂၀ကျော် ဆုံးရှုံးစေခဲ့ကြောင်း သဘောပေါက်ခဲ့သည်။ သူ နှုတ်ထွက်လျှင်တောင် ယင်းကိစ္စက ပြေလည်သွားမည် မဟုတ်ပေ။

“ဆက်ထုတ်လုပ် ပြီးတော့ စာချုပ်အတိုင်း ဖြန့်ချီသူတွေဆီကို ပစ္စည်းတွေ ပို့။ ဒါက တစ်ခုတည်းသော ဖြေရှင်းနိုင်တဲ့ နည်းလမး်ပဲ။”

ခေါင်းဆောင်က တခဏကြာ တွေးပြီးနောက် ပြောလိုက်သည်။

သွမ်ယုံဖျင်က ခေါင်းခါလိုက်ကာ။ ဒါက တရားမဝင်ဘူး။ ဒါက တစ်ယောက်တည်းကိုပဲ ပြဿနာ ယူခိုင်းခြင်းဖြစ်ကာ သူသည် တရားတဘောင်နှင့် ရင်ဆိုင်တွေ့ကာ အချုပ် ကျနိုင်ပေသည်။

“မဟုတ်ဘူး။ ကျွန်တော် သဘောမတူဘူး။ နတ်ဆိုးလေးက အဆုံးသတ်သွားပြီ။ ကျွန်တော်တို့တွေက ဖြန့်ချီသူတွေကို လျော်ကြေးငွေ ပေးသင့်တယ်။ နတ်ဆိုးလေး ရှိနေသေးရင် မျှော်လင့်ချက်လေး ရှိသေးတယ်။ ဆုံးရှုံးသွားတဲ့ ငွေတွေကို ပြန်ရနိုင်သေးတယ်။ တကယ်လို့ ဒီ ခိုးကူးပစ္စည်းကို ထုတ်လုပ်မယ်ဆိုရင် နတ်ဆိုးလေးက တကယ်ပဲ အဆုံးသတ်သွားတော့မှာ။”

All Chapters