← Chapters

အခန်း (၄၂၇)

Vol. 29 Ch. 427

အခန်း (၄၂၇)

Vol. 29 Ch. 427

နတ်ဆိုးလေး စူပါသင်ကြားရေးစက်သည် ဈေးကွက်အတွင်း စတင် မိတ်ဆက်သည်။ အိုက်ဝ သင်ကြားရေးစက်ထက် ဈေးနှုန်း လျော့နည်းသော်ငြား အရောင်းပိုင်းတွင် သွမ်ယုံ့ဖျင် မျှော်မှန်းထားသလောက် မရှိပေ။

သွမ်ယုံ့ဖျင်သည် သူ့ကြော်ငြာအတွက် အကြံ တစ်ခုထွက်လာသည်။ လက်ခုပ်သီချင်း ဖြစ်သည်။ ဖုန်းယွီက ချက်ခြင်းပင် သူ့အတွက် ကြော်ငြာကဏ္ဍနှစ်ခုကို စီစဉ်ပေးခဲ့သည်။

“မင်းလက်ခုပ် တစ်ချက်တီး။ ငါလက်ခုပ် တစ်ချက်တီး။ နတ်ဆိုလေးရဲ့ သင်ကြားရေးစက်အသစ်”

ဖုန်းယွီ၏ အရင်ဘဝတွင် ယင်းက နတ်ဆိုးလေး၏ ကြော်ငြာ သီချင်း ဖြစ်သေည်။ သို့သော် ယခုဘဝတွင်တော့ ထိုသီချင်းသည် သူ့အရင်ဘဝကကဲ့သို့ အစွမ်းထက်မည် မဟုတ်ပေ။ သူ့အရင်ဘဝတွင် နတ်ဆိုးလေး၌ ပြိုင်ဖက် တစ်ယောက်မျှ မရှိပေ။

ယခုဘဝတွင် အိုက်ဝ သင်ကြားရေးစက်သည် ဈေးကွက်အတွင်း လအတန်ကြာ ရောက်ရှိနေပြီး ဖြစ်ကာ ကြော်ငြာအားကောင်းကောင်းနှင့် ကြော်ငြာနေ၏။ နေ့တိုင်း စီစီတီဗွီတွင် ကြော်ငြာ ၈ ခု ထည့်သွင်းထားသည်။ ယခင်က မည်သည့်တံဆိပ်မှ ယခုကဲ့သို့ မကြော်ငြာဘူးပေ။

သွမ်ယုံ့ဖျင်သည် သူ့ကြော်ငြာ နည်းဗျူဟာကို လေ့လာကြည့်လိုက်ပြီးနောက် နတ်ဆိုးလေးတွင် အနုပညာရှင်က မထောက်ခံပေးသည့်အတွက်ဟု ခံစားမိသည်။ အကယ်၍ အနုပညာရှင်သာ သူ့သင်ကြားရေးစက်ကို ထောက်ခံပေးပါက အရောင်းပိုင်းသည် တိုးတက်လာမည် ဖြစ်၏။ ယခုလက်ရှိတွင် အနုပညာရှင် များများစားစား မရှိပေ။ တရုတ်တနိုင်ငံလုံးတွင် နာမည် ကျော်ကြားသည့်သူမှာ ဂျက်ကီချန်း တစ်ယောက်သာ ဖြစ်ကာ သူသည် တစ်ကမ္ဘာလုံးတွင်လည်း ကျော်ကြား၏။

သွမ်ယုံ့ဖျင်က ဖုန်းယွီကို ဖုန်းခေါ်ဆိုလိုက်ကာ နတ်ဆိုးလေး ဂိမ်းစက်ကို ထောက်ခံမှုပေးရန်အတွက် ဂျက်ကီချန်းကို ခေါ်ရန် တွေးနေကြောင်း ပြောပြသည်။

ဖုန်းယွီက မှင်သက်သွားကာ သူ့ဖုန်းသည် ကြမ်းပြင်ကို ကျလုနီးပါး ဖြစ်သွားခဲ့သည်။ မင်းဘာပြောတာလဲ။ ဂျက်ကီချန်းလား။

ဘုရားဘုရား။ ဂျက်ကီချန်းသည် သူ့အရင်ဘဝက အမှတ်တံဆိပ် သတ်သူဟု နာမည် ကြီးပေ၏။ သူ ထောက်ခံပေးသည့် မည်သည့် ထုတ်ကုန်မဆို ထိုအမှတ်တံဆိပ်နှင့် ပတ်သက်ပြီး မကောင်းသည့် အရာ တစ်ခုခု ဖြစ်သည်။ ဂျက်ကီချန်း ထောက်ခံသည့် ပစ္စည်းများက စီးပွားရေးလောကတွင် ကုမ္ပဏီ သေဆေးဟုတောင် ခေါ်ဝေါ်ကြ၏။

ဂျက်ကီချန်း နတ်ဆိုလေး သင်ကြားရေးစက်ကို ထောက်ခံပြီးနောက် နတ်ဆိုးလေးသည် ပိတ်လိုက်ရသည်။ သူသည် အိုက်တော ဗွီစီဒီစက်ကို ထောက်ခံပြီးနောက် ကုမ္ပဏီ သူဌေးသည် ဘားတွင် ဖမ်းဆီးခံရပြီး ကုမ္ပဏီသည်လည်း ပိတ်သိမ်းခံခဲ့ရသည်။ သူက ဖန်ဟွမ်းကိုလာကို ထောက်ခံပေးပြီးနောက် ယင်းအမှတ်တံဆိပ်သည် ပျောက်ကွယ်ခဲ့ရသည်။ သူသည် Volkswagen Caddy ကို ထောက်ခံမှု ပေးခဲ့ပြီး တရုတ်တနိုင်ငံလုံးတွင် အစီး၉၀၀မျှသာ ရောင်းခဲ့ရသည်။ ယင်း မော်ဒယ်သည် မကြာခင်တွင် တရုတ်နိုင်ငံ ဈေးကွက်မှ ထွက်ခဲ့ရသည်။ သူ ဘဝမ်း ခေါင်းလျှော်ရည်ကို ထောက်ခံပေးခဲ့ပြီး မကြာခင်တွင် ကင်ဆာဖြစ်စေသည်ဟု သတင်းထွက်ခဲ့သည်။ သူ စီလျန်ဖက်ထုပ်ကို ထောက်ခံခဲ့ပြီးနောက် စတိုးဆိုင်များပေါ်မှ ဘက်တီးရီးယားများ ပါသည့်ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး ဖြုတ်ချခံခဲ့ရသည်။ သူ မီရှုဘီရှီ ကားကိုထောက်ခံခဲ့ကာ ပြီးနောက် မီရှုဘီရှီ ကားအစိတ်အပိုင်း အမှားအယွင်း ဖြစ်မှုကြောင့် ကားများစွာ ပြန်သိမ်းခဲ့ရသည်။

ဖုန်းယွီ၏ အရင်ဘဝတွင် နတ်ဆိုးလေးက ယင်းကံကြမ္မာနှင့် ဆက်စပ်ပြီး ပထမဆုံး အသတ်ခံရသည့် ကုမ္ပဏီပင်။ ယင်းအတွက်ကြောင့် ဖုန်းယွီသည် သွမ်ယုံ့ဖျင်ထံမှ ဂျက်ကီချန်းအကြောင်းကို ပြောသည့်အခါ ငုတ်တုပ်မေ့သွားခဲ့သည်။

“မန်နေဂျာဖုန်း ဂျက်ကီချန်းက အာရု တရုတ်နဲ့ တကမ္ဘာလုံးမှာတောင် နာမည်ကြီးတာ။ သူက အခုလက်ရှိ အာရှမှာ နာမည် အကြီးဆုံးသူပဲ။ တကယ်လို့ သူသာ ကျွန်တော်တို့ အမှတ်တံဆိပ်ကို ထောက်ခံပေးမယ်ဆိုရင် နိုင်ငံခြားကိုတောင် တင်ပို့နိုင်မှာ။ ကျွန်တော် သူ့မန်နေဂျာကို ဖုန်းဆက်ပြီးတော့ နှစ်နှစ်စာ ထောက်ခံကြေး၊ သူ့ကြော်ငြာတွေနဲ့ ဓာတ်ပုံရိုက်တာတွေ ပါမှ ယွမ် ၅သန်းပဲ။ ကျွန်တော်က သူနဲ့ ယွမ် ၄.၅သန်းနဲ့ ဈေးဆစ်ထားတယ်”

၂နှစ်အတွက် ယွမ် ၄.၅သန်းသည် ကောင်းမွန်သည့် အပေးအယူ ဖြစ်၏။ ဂျက်ကီချန်း၏ အာရှတွင် အောင်မြင်ကျော်ကြားမှုနှင့် ဆိုလျှင်တောင် ယင်းဈေးက တန်ပေ၏။ ဂျက်ကီချန်းသည် ယခုလက်ရှိတွင် ဟောင်ကောင် အမိမြေကို ပြန်မရောက်ခင်အထိ တရုတ်ကို လာတာ ရှားပေ၏။ သူသည် တရုတ်နိုင်ငံတွင်မည်သည့် စီးပွားရေးကိစ္စနှင့် ပတ်သက်သည့် ပွဲများကို မတက်ရောက်ပေ။ ထို့ကြောင့် သူ့ဈေးနှုန်းသည် တရုတ်နိုင်ငံတွင် နည်းနေခြင်း ဖြစ်သည်။

သူ နတ်ဆိုးလေးကို ပေးသည့် ဈေးနှုန်းသည် ဈေးကါက်ကို စမ်းသပ်ခြင်းသာ ဖြစ်သည်။ သူသည် တရုတ်နိုင်ငံတွင် ဈေးမည်မျှ ရရှိမည်ကို သိချင်၏။

ဖုန်းယွီ၏ အရင်ဘဝတွင် ဂျက်ကီချန်း၏ ကြမ္မာနှင့် ပတ်သက်ပြီး ကျော်လွှားနိုင်သည့်သူ တစ်ယောက် ရှိခဲ့ဖူးသည်။ ဂျက်ကီချန်း၏ ထောက်ခံမှုပြီးနောက် ကုန်ပစ္စည်းရောင်းအားသည် အစပေါင်း မြောက်မြားစွာ တိုးတက်လာခဲ့သည်။ လူတိုင်းသည် အနုပညာရှင်များကို နှစ်သက်ကြာကာ သူတို့ကို ယုံကြည်ပေ၏။ ဝယ်ယူသူများသည်လည်း သူတို့ ထောက်ခံသည့် ထုတ်ကုန်များကို ဝယ်ယူကြသည်ပင်။ အရောင်းမြင့်တက်လာသည့်အတွက်ကြောင့် ထုတ်လုပ်ရေးသည် အမှီမလိုက်နိုင်တော့ပေ။ ပြီးနောက် ကုမ္ပဏီသည် သူတို့၏ လည်ပတ်မှုကို ချဲ့ထွင်ခဲ့သည်။ စီမံခန့်ခွဲမှုသည်လည်း ဆုံးဖြတ်ချက်အမှားနှင့် ပတ်သက်ပြီး အမှီလိုက်နိုင်ခြင်း မရှိတော့ပေ။ အချို့သော ကုမ္ပဏီ၏ ထုတ်ကုန်အချို့တွင် ပြဿနာများ ရှိခဲ့သည်။ ပြီးနောက် ထိုကုမ္ပဏီများသည် ဂျက်ကီချန်း၏ အောင်မြင်ကျော်ကြားမှုအပေါ် မှီခိုနေရသည်။

ပိုအရေးကြီးဆုံး အချက်ကား အပင်မြင့်လေ လေဒဏ်ခံရလေ ဖြစ်သည်။ အမှတ်တံဆိပ် သို့မဟုတ် ထုတ်ကုန်နှင့် ပတ်သက်ပြီး ပြဿနာ မရှိလျှင်တောင် လူများစွာက သူတို့ ထောက်ခံသည့် ထုတ်ကုန်များကို မှတ်သားထားကြပေသည်။ ပြဿနာ သေးသေးလေး တစ်ခုက အကြီးကြီး ဖြစ်သွားစေသည်။ အချို့သော ပြိုင်ဖက် ကုမ္ပဏီများသည် ယင်းကိစ္စများတွင် နောက်ကွယ်မှ လက်မည်းကြီးများ ဖြစ်နိုင်ပေ၏။

အကယ်၍ သွမ်ယုံ့ဖျင်သာ ဂျက်ကီချန်းကို အမှတ်တံဆိပ် သံတမန်အဖြစ် ခန့်အပ်ပါက ဖုန်းယွီအနေဖြင့် နတ်ဆိုးလေး၏ စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး မည်သည့်ပြဿနာမျှ မရှိအောင် သေချာလုပ်ထားမှ ရပေမည်။ အမှတ်တကယ်တွသ် သူ့အနေဖြင့် အများကြီး စိတ်ပူရန် မလိုအပ်ပေ။ သူ့အရင်ဘဝတွင် နတ်ဆိုးလေး၏ စီမံခန့်ခွဲမှုအပိုင်းတွင် အစိုးရ၏ ဝန်ထမ်းအများအပြား ရှိပေသည်။ ပြီးနောက် ကောလဟာလများအရ ကုမ္ပဏီ၏ ငွေစာရင်း အကောင့်များသည် အလွန် ရှုပ်ပွနေသည်ဟု ပြောသည်။

ယခုလက်ရှိတွင် နတ်ဆိုးလေးသည် ရှယ်ယာစုဖွဲ့မှု ပုံ့စံကို ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ ဖူကွမ်းကျန်းသည်လည်း သူ့လူများကို ကုမ္ပဏီကို ပို့ထားသည်။ အစိုးရသာ ကုမ္ပဏီ၏ လည်ပတ်မှုကကို မနှောက်ယှက်ပါက မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ပေ။

ဖုန်းယွီ စိုးရိမ်ရသည့် အချက်ကား ထုတ်လုပ်မှုကို အမှီမလိုက်နိုင်မှာပင် ဖြစ်သည်။ အကယ်၍ သူတို့သည် စက်ရုံကို ကန်ထရိုက်စနစ်ဖြင့် ငှားယမ်းပါက ပစ္စည်းအရည်အသွေးပေါ် သက်ရောက်မှုရှိနိုင်ကာ ယင်းက ကြီးမားသည့် ပြဿနာပင်။

ကွမ်တုံးတွင် လျှပ်စစ်ပစ္စည်းစက်ရုံ များစွာ ရှိသည်။ ဖုန်းယွီ၏ အရင်ဘဝတွင် နတ်ဆိုးလေးသည် အချို့သော ထိုကုမ္ပဏီများကို သူတို့ ထုတ်ကုန်များကို ထုတ်စေခဲ့သည် ပြီးနောက် အရည်အသွေးနှင့် ပတ်သက်ပြီး ပြဿာနာ အချို့ရှိခဲ့သည်။ ယင်းကြောင့် နတ်ဆိုးလေး ပိတ်ခဲ့ရသည်။

ဖုန်းယွီသည် နတ်ဆိုးလေး၏ ထုတ်လုပ်မှုကို တိုးမြင့်ရန်အတွက် စက်ရုံငယ်လေးများကို စုဆောင်းသင့်မသင့် စဉ်းစားနေသည်။ ထိုစက်ရုံများကို ကိုယ်တိုင် စီမံခြင်းက သူတို့အစား ထုတ်လုပ်ခိုင်းသည့် ကုမ္ပဏီများထက် ပိုကောင်းသည်ပင်။

“မင်း မန်နေဂျာဖူကိုကော မေးပြီးပြီလား။ သူက သဘောတူလား”

ဖုန်းယွီက ခေါင်းကိုက်နေ၏။

“ကျွန်တော် မန်နေဂျာဖူကို မေးပြီးပါပြီ ပြီးတော့ သူက ကျွန်တော်ကို မန်နေဂျာဖုန်းရဲ့ အမြင်ကို မေးခိုင်းပါတယ်။”

ဖူကွမ်းကျန်းသည်လည်း ယင်းထုတ်ကုန်အတွက် ဂျက်ကီချန်း ထောက်ခံရန် သင့်တော်သည်ဟု တွေးမိသည်ပင်။ ပြီးနောက် ၄.၅ သန်းယွမ်သည် ဟောင်ကောင် စံဈေးနှုန်းထက်တောင် နည်းပေ၏။

သို့သော် ဖူကွမ်းကျန်းသည် အမှတ်တံဆိပ် သံတမန်ရွေးချယ်မှုတွင် ဖုနးယွီ၏ ကျွမ်းကျင်ပုံကို ဒလက်မဲ့ပန်ကာနှင့် ရေနွေးငွေ့စက်တွင် မြင်ပြီး ဖြစ်သည်။

ဖူကွမ်းကျန်းအနေဖြင့် ဂျက်ကီချန်းသည် သင့်တော်သည့်သူဟု တွေးသော်ငြား ချက်ခြင်း သဘောမတူသေးပေ။ ဖုန်းယွီတွင် ပိုဈေးချိုပြီး ပိုထိရောက်မည့်သူ ရှိလျှင် မည်သို့ ဖြစ်မည်နည်း။

“မန်နေဂျာသွမ် ကျွန်တော်တို့ စက်ရုံကအနေ အခု နတ်ဆိုးလေးစူပါ သင်ကြားရေးစက်နဲ့ အိုက်ဝ သင်ကြားရေးစက်ရဲ့ ထုတ်လုပ်မှုကို စဉ်းစားဖူးလား။ ရောင်းအားက ကျွန်တော်တို့ရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ တူညီတယ်။ အကယ်၍ ဂျက်ကီချန်း ထောက်ခံမှုပြီးနောက် နတ်ဆိုးလေး သင်ကြားရေးစက်က ရောင်းရတဲ့အခါ ထုတ်လုပ်မှုက အမှီမလိုက်နိုင်ရင် ဘယ်လို ဖြစ်မလဲ။”

“ကျွန်တော်တို့ အနီးဝန်းကျင်မှာ စက်ရုံ အသေးလေးတွေ ရှိတယ်။ ကျွန်တော်တို့တွေ ကန်ထရိုက်စနစ်နဲ့ ငှားလို့ရတယ်.”

သေချာတာပေါ့။ ဒါက ပုံမှန် အဖြေမျိုးပဲကို။

“ငါတို့တွေ အဲ့စက်ရုံလေးတွေကို ဝယ်ယူလို့ရနိုင်မလား။ သူတို့ကို လုပ်ခိုင်းတာထက် ကိုယ်ကိုတိုင် စီမံခန့်ခွဲတာက ပိုကောင်းတာပေါ့။ မန်နေဂျာ ဖူနဲ့ တိုင်ပင်ပြီး အဲ့အဖြေကို စဉ်းစားကြည့်လိုက်”

ချီး တကယ်လို့ ဂျက်ကီချန်းသာ ဒီထုတ်ကုန်ကို ထောက်ခံခိုင်းတယ်ဆိုရင် အခြားစက်ရုံတွေကို ထုတ်ကုန်ကို ထုတ်ခိုင်းလို့ မရဘူး။

သွမ်ယုံ့ဖျင်သည် ဖူကွမ်းကျန်းနှင့် ဆွေးနွေးခဲ့သည်။ ယခုလက်ရှိ ရံပုံငွေနှင့် ဆိုပါက စက်ရုံသေး တစ်ခုကို ဝယ်ယူရန်ကား ပြဿနာ မရှိပေ။ သို့သော် စက်ရုံ နှစ်ရုံ ဝယ်ရန် ခက်ခဲပေ၏။ သူတို့သည် သာမန် နည်းလမ်းကို အသုံးပြုနိုင်ပေဩ။ ဖြန့်ချီသူများထံမှ ငွေကြိုတောင်ပြီး ထိုငွေများဖြင့် စက်ရုံများကို ဝယ်ယူနိုင်ပေ၏။ ထုတ်လုပ်ရေးစတင်သည်နှင့် သူတို့အနေဖြင့် ထုတ်ကုန်များကို ဖြန့်ချီသူများထံ ပေးပို့နိုင်ပေ၏။ အကယ်၍ ငွေကြေး လုံလောက်မှု မရှိပါက သူတို့အနေဖြင့် ကုန်ကြမ်းပေးချေမှု အချိန်ကို ဆွဲထားကာ ပြီးနောက် အလုပ်သမားတို့၏ လစာကိုတောင် ဆိုင်းငံထားနိုင်ပေ၏။

နှစ်ဦးနှစ်ဖက်လုံး ဆွေးနွေးပြီးနောက် သူတို့သည် ဖုန်းယွီကို ဆက်သွယ်ကြသည်။ ဖုန်းယွီသည် ဖူကွမ်းကျန်း၏ အဖြေကို သဘောတူ၏။ ယင်းက ဘဏ်မှ ချေးငွေ ရယူခြင်းပင်။ နတ်ဆိုးလေးသည် မည်သို့ပင် ဖြစ်စေ ချဲ့ထွင်ရမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် မကြာခင်နှစ်များအတွင်း တိုးတက်လာမည် ဖြစ်သည်။ ပြီးနောက် လူများ၏ လစာသည်လည်း တိုးတက်လာမည်ပင်။ သင်ကြားရေးစက် ရောင်းအားသည်လည်း ပိုကောင်းလာမည် ဖြစ်သည်။ ဂျက်ကီချန်း၏ ထောက်ခံကြေးနှင့် ဆိုက အရောင်းပိုင်းသည် သိသိသာ သာ တိုးတက်လာမည် ဖြ်စသည်။

သင်ကြားရေးစက် အောင်မြင်ပြီးနောက် လေနှင့်မိုး ဗွီစီဒီစက်ရုံသည် ပြီးစီးပြီ ဖြစ်သည်။ ထုတ်လုပ်ရေးသည် စတင်နေပြီ ဖြစ်သည်။ သို့သော် ဖုန်းယွီ သူ့စာမေးပွဲ နီးနေသည့်အတွက် စက်ရုံကို မသွားရောက်နိုင်သေးပေ။

All Chapters