← Chapters

စစ်ရေးလေ့ကျင့်ခန်း

Vol. 29 Ch. 428

စစ်ရေးလေ့ကျင့်ခန်း

Vol. 29 Ch. 428

ဖုန်းယွီအတွက် အစားထိုး အတန်းများတွင် အပြည့်အဝ အာရုံ စိုက်ခဲ့သည်။ သူ့ဆရာသည် သူတို့ကို မည်သည့် အခန်းကို အလေးပေး ကြည့်သင့်ကြောင်းကို မပြောသော်ငြား ဖုန်းယွီသည် စာမေးပွဲတွင် မေးခွန်း အကုန် ဖြေနိုင်ခဲံသည်။

ဖုန်းယွီ သူ့စီးပွားရေး လုပ်ငန်းညှိုနှိုင်းဆွေးနွေးမှုများတွင် သူ့ကို စိတ်ကြိုက်အဖြစ် ရွေးချယ်ထားခဲ့သည်။ ဖုန်းယွီသည် ယင်းသင်ခန်းစာများမှ ညှိနှိုင်းမှု နည်းဗျူဟာများကို ပိုပြီး သင်ကြားခွင့် ရခဲ့သည်။

ပထမနှစ် ပြီးဆုံးသွားခဲ့ပြီး ဖြစ်သည်။ သို့သော် ဘေကျင်းတက္ကသိုလ် ကျောင်းသားများအတွက် မပြီးသေးပေ။ အကြောင်းမှာ ဘေကျင်းတက္ကသိုလ်တွင် ထုံးစံ တစ်ခု ရှိသည်။ ပထမနှစ် ကျောင်းသားတိုင်းသည် စစ်တပ်ကို သွားကာ ၂ပတ် စစ်ရေးလေ့ကျင့်မှု သွားတက်ရောက်ရမည် ဖြစ်သည်။

ယင်းလေ့ကျင့်မှုတွင် ချီတက်လေ့ကျင့်ခန်းများသာ မက တောတွင်း သက်စွန့်စား နည်းဗျူဟာများ သေနပ်ပစ် လေ့ကျင့်ခြင်း စသည့် လေ့ကျင့်ခန်းတို့ ပါဝင်သည်။ မည်သူမျှ အထူး အကြောင်းပြချက် မရှိဘဲ ယင်းလေ့ကျင့်မှုကို ပျက်ကွက်၍ မရပေ။

ဖုန်းယွီသည်လည်း ယင်းလေ့ကျင့်မှုကို စိတ်ဝင်စားကာ ပျက်ကွက်ရန်အတွက်လည်း မည်သည့် အကြောင်းပြချက်မျှ မပေးပေ။

....

“ဒီမှာ ရောက်နေတဲ့ မင်းတို့တွေ အကုန်လုံးက တော်ပြီး ငါထက် ပညာတက်တယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းတို့တွေ အရမ်းကို သက်တောင့်သက်သာ နေဖို့အတွက် ဒါက အကြောင်းပြချက် ဟုတ်မနေဘူး။ မင်းတို့တွေ အကုန်လုံးက အရန် တပ်ဖွဲ့ဝင်တွေ ဆိုတာကို သိထားရမယ်။ တကယ်လို့ စစ်ဖြစ်လာမယ်ဆိုရင် မင်းတို့ အကုန်လုံးက စစ်ထွက်တိုက်ရမှာ။ အခုလက်ရှိတော့ အနောက်တောင်ပိုင်းမှာ စစ်ပွဲ အသေးစားမျိုးတွေ ဖြစ်နေတယ်။ တောင့်တင်းခိုင်မာတဲ့ စစ်တပ်မရှိရင် အင်အားကောင်းတဲ့ တိုင်းပြည် ရှိမှာ မဟုတ်ဘူး။ အခုတော့ မင်းတို့တွေ ပထမဆုံး လေ့ကျင့်ခန်းကို စလုပ်ရမယ်။ မင်းတို့တွေ ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် လူတိုင်း အခေါက် ၁၀၀ဒိုက်ထိုးရမယ်”

ဟ....

ကျောင်းသားအားလုံး ကြက်သေသေသွားကြသည်။ ဒိုက် ၁၀၀တဲ့လား။ ဒါက စစ်ရေးလေ့ကျင့်ခန်း ဟုတ်လို့လား။ ငါတို့ရဲ့ စစ်သားတွေ အကုန်ကို ဒီလိုပဲ လေ့ကျင့်ပေးတာလား။

ထိုအရာရှိက သူတို့ကို ခြောက်နေမှန်း ဖုန်းယွီ သိသည်။ အရာရှိက သူတို့ အကုန်လုံးကို ဒိုက် အကြိမ် ရေ ၁၀၀ပြည့်ရန် တွန်းအား ပေးမခိုင်းပေ။ သူက ကျောင်းသားများကို သူ့အမိန့်ကိုသာ လိုက်နာစေလို၏။ ထပ်ပြောရပါက တရုတ်သည် မည်သည့် အဓိက စစ်ပွဲကြီးများတွင် မပါဝင်ပေ။ ပြီးနောက် အရင်ဘဝတွင် စစ်သား အရေအတွက်ကိုတောင် လျော့ချထားပေသည်။

ကျောင်းသားတိုင်း မြေပေါ် ထိုင်ချလိုက်ကာ စတင်ပြီး ဒိုက်ထိုးတော့သည်။ ဖုန်းယွီက အရာရှိသည်လည်း ကျောင်းသားများနှင့် အတူ ဒိုက်ထိုးနေသည်ကို သတိပြုမိ၏။

“၁, ၂, ၃, …… ၉၈,၉၉, ၁၀၀”

အရာရှိက ချွေးစိုစိုဖြင့် ထလိုက်သည်။ အချို့သော ကျောင်းသားများသည် မြေကြီးပေါ် ထိုင်နေပြီး ဖြစ်သည်။ ပြီးနောက် အချို့သူများက လှဲနေကြသည်။ သူတို့ အကုန်လုံး လက်မောင်းကို မသယ်ချင်တောင် ဖြစ်နေကြတော့သည်။

ဖုန်းယွီသည် ကျန်းမာရေး တော်တော် ကောင်းသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် ဒိုက် ၅၀ထိုးပြီးနောက် မြေပြင်ပေါ် မှောက်လျက်သား ကျသွားခဲ့သည်။ ချီး ဘာလို့ ဒီ အရာရှိက သူတို့ကို ရပ်ဖို့ မပြောတာလဲ။ တကယ်ပဲ သူက လူတိုင်းကို အခေါက်ရေ ၁၀၀ ဒိုက်ထိုးစေချင်တာလား။

“မင်းတို့တွေ အကုန် ပြီးမှ ရမယ်။ ပြီးတဲ့သူပဲ နားနိုင်တယ်။ ငါတို့တွေ မကြာခင်မှာ စကွက်ခုန်မယ်။ ဒီလေ့ကျင့်ခန်းကို အကုန်လုံး ပြီးပြီဆိုမှ လေ့ကျင့်တာ ပြီးမယ်။ တကယ်လို့ မင်းတို့တွေ ဒီ နေ့လည်ထိ အကုန် မပြီးဘူးဆိုရင်တော့ မင်းတို့အားလုံးအတွက် နေ့လည်စာ ရှိမှာ မဟုတ်ဘူး။ ဆက်လုပ်”

ဘာ... ငါတို့တွေက ကျွမ်းကျင် စစ်သားတွေမှာ မဟုတ်တာ။ ဒီလောက်ထိ ငါတို့ လေ့ကျင့်ဖို့ လိုလို့လား။

ဖုန်းယွီက အံ့ကြိတ်လိုက်ကာ လေ့ကျင့်ခန်း ဆက်လုပ်လိုက်သည်။ သူတို့ တပ်ဖွဲ့တွင် သူသည် ဒုတိယမြောက် ပြီးသည့်သူ ဖြစ်သည်။ ပထမဆုံး ပြီးသည့်သူသည် လယ်သမားမိသားစုမှ ကောင်လေး တစ်ယောက် ဖြစ်သည်။ သူ့ လက်မောင်းများသည် မိန်းကလေးများ၏ ခြေထောက်ထက်တောင် ပိုပြီး ကြီးသေးသည်။ ဖုန်းယွီသည် ထိုကောင်လေးကို အပြည့်အဝ လေးစားပေ၏။ သူသည် စာနှင့် လယ်အလုပ်ကို တစ်ချိန်တည်းလုပ်ကာ ဘေကျင်း တက္ကသိုလ်ကို တက်နိုင်အောင် ကြိုးစားနိုင်ခဲသည်။

နောက်ရက်အနည်းငယ်တွင် လေ့ကျင့်ခန်းက ပိုပြီး ပြင်းထန်လာသည်။ ဖုန်းယွီက စစ်ရေးလေ့ကျင့်ခန်းကို ပါဝင်ခဲ့မိသည့်အတွက် နောင်တ ရနေမိသည်။ သူသည် ယင်း လေ့ကျင့်ခန်းကို ကျန်းမာရေး အကြောင်းပြချက် ပေးကာ မပါဝင်ခဲ့သင့်သည်ပင်။ သူ့အနေဖြင့် နောက်လေးနှစ်စာအတွက် ကျန်းမာရေး အခြေအနေ အချို့က သူ့ကို စစ်ရေးလေ့ကျင့်ခန်း ပျက်ကွက်ရန်ခွင့်ပြု ပေးနိုင်ပေသည်။ သန်းကြွယ် သူဌေး တစ်ယောက်အနေဖြင့် နေပူထဲတွင် မည်သို့ နေနိုင်မည်နည်း။

ဂျူလိုင်လ ရောက်ပြီ ဖြစ်သည်။ ပြီးနောက်ကောင်းကင်သည် ကြည်လင်နေ၏။ ဖုန်းယွီက ယခုရက်ပိုင်းအတွင်း အသားမည်းလာသည်ဟု ခံစားမိသည်။ အ... ငါ့ရဲ့ လှပတဲ့ အသားအရေ.....

အရာရှိက သူ့ကို ထူးဆန်းသည့် အကြည့် ကြည့်နေသည်ကို ဖုန်းယွီ သတိပြုမိ၏။

ချီး ဒီခေတ်မှာတော့ စစ်ရေးလေ့ကျင့်မှုမှာ ဘာ အထူးအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး။

...

“ဒီနေ့က ငါတို့ သေနပ်ပစ် လေ့ကျင့်ခန်း ပြုလုပ်မယ်။ ငါတို့တွေက ရိုင်ဖယ်နဲ့ ပစ္စတို သေနတ် ပစ်မယ်။ ဘယ်သူက ကောင်းကောင်း ပစ်နိုင်မလဲ။ ပြီးတော့ ဘယ်သူ အရင်ဆုံး စမ်းမလဲ။”

ကျောင်းသား အချို့က လက်ထောင်လိုက်ကြသည်။ ဖုန်းယွီ၏ မျက်လုံးများက တောက်ပသွားသည်။ ဟ.. ငါက ဆိုဗီယက် ပြည်ထောင်စုမှာ တင့်ကားတောင် မောင်းခဲ့တဦ။ သေချာပေါက် ငါက တခြား ကျောင်းသားတွေထက် သာမှာပဲ။

ထပ်ပြောပါက ပထမဆုံး ပစ်သည့်သူသည် အခြားသူများထက် အကြိမ်းမျာစွာ ပစ်ရမည် ဖြစ်သည်။

“ကောင်းပြီလေ။ မင်းတို့တွေ ရှေ့တက်ခဲ့ကြ။ မင်းတို့တွေ အရင်က သေနတ် ပစ်ဖူးလား။”

သူတို့ အကုန်လုံးက ခေါင်းညိတ်လိုက်ကြသည်။ ဖုန်းယွီက သူ့စိတ်ထဲတွင် ဂုဏ်ယူနေ၏။ ထိုသူများသည် အမဲလိုက် ရိုင်ဖယ်များကိုသာ ပစ်ဖူးသည်ပင်။ ငါက ဆိုဗီယက် ပြည်ထောင်စု စစ်တပ်က သေနတ်တွေကို ပစ်ဖူးတယ်။ အဲ့လက်နက်တွေက ပိုပြီးတော့ အဆင့်မီတယ်.

၈၁ ရိုင်ဖယ် အမျိုးအစား ဖြစ်သည်။ တရုတ်၏ အသုံးများဆုံး သေနတ်လည်း ဖြစ်သည်။ ဖုန်းယွီသည် ရိုင်ဖယ် ကိုင်လိုက်ပြီးနောက် ကျဉ်ခွံကို စစ်ကြည့်လိုက်သည်။ ဘာမှ မရှိပေ။ ယင်းက လေ့ကျင့်ခန်းသာ ဖြစ်ကာ ကျောင်းသားများ ဒဏ်ရာရမည်ကို စိုးရိမ်ပေ၏။

သူတို့ အကုန်လုံး ပစ်ရန် အနေအထားကို လှဲချလိုက်သည့်အခါ အရာရှိက ဖုန်းယွီကို စိုက်ကြည့်နေ၏။ ဒီ ကျောင်းသားရဲ့ လှုပ်ရှားမှုက အရမ်းကို တိကျတာပဲ။ သူက ကျည်ခွံ ဘယ်လို စစ်ရမလဲဆိုတာကို သိတယ်။ သူ့မိသားစုက စစ်ဖက်ကလား ပြီးတော့ သူ့ကို သင်ထားတာလား။ ဒါမှ မဟုတ် သူအရင်တုန်းက စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖူးတာလား။

ထိုအချိန်က တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စစ်သားအများဆိုး နိုင်ငံ ဖြစ်သည်။ ဘေကျင်းတက္ကသိုလ်တွင်တောင် ကျောင်းသားအများစု၏ မိဘများသည် တင်းပြည့် စစ်သားများ ဖြစ်ကြသည်။

စစ်ဖက်ဆိုင်ရာ မိသားစုတွင် အကျိုးကျေးဇူး တစ်ချက်ရှိသည်။ ကလေးများသည် ငယ်ရွယ်စဉ်ကတည်းက သေနတ်ပစ်နည်းကို သင်ယူ တက်မြောက်ကြခြင်းပင် ဖြစ်သည်။

ဒိုင်းဒိုင်းဒိုင်း

ကျောင်းသားများက သေနတ် ပစ်လိုက်ကြသည်။ ပစ်မှတ်နှင့် နီးပေ၏။ ဖုန်းယွီ၏ ပစ်ချက်တိုင်းက ပစ်မှတ်ကို ထိပေ၏။ ကျဉ်တစ်တောင့်က ပစ်မှတ်ဗဟိုကိုတောင် ထိခဲ့သည်။

ရလဒ်ကို ကြေညာသည့်အခါ ဖုန်းယွီသည် သေနတ်ပစ် ကျောင်းသား ၇ယောက်ထဲတွင် အဆင့် လေးသာရသည်။ အမှတ် ၃၉မှတ်။ ဖုန်းယွီသည် ယင်း ရလဒ်ကို ကျေနပ်နေ၏။ မည်သူတို့သည် အဆင့် ၁မှ ၃ ဝင်သနည်း။

ထို အဆင့် ဝင်သူများထဲမှ ၂ယောက်သည် စစ်ဖက်မှ ဖြစ်ကာ နောက်တစ်ယောက်ကား အမဲလိုက် မိသားစုမှ ဖြစ်သည်။ သူတို့ အကုန်လုံးသည် ငယ်ရွယ်စဉ်ကတည်းက သေနတ်များကို ရင်းနှီးမှု ရှိသည့်သူများ ဖြစ်ပေသည်။ ဖုန်းယွီထက် အမှတ်နည်းသည့် တစ်ယောက်တောင် သူ့ထက် အကြိမ် များစွာ ပစ်ဖူးပေ၏။

ဖုန်းယွီသည် အမဲလိုက်ခြင်းကို အကြိမ်အနည်းငယ်သာ လုပ်ပေးပြီး ဆိုဗီယက် ပြည်ထောင်စုတွင်သာ သေနတ်ပစ်ဖူးသည်။ သူ ယခု ရမှတ်ရသည်မှာ ကံကောင်းသည့်အတွက် ဖြစ်၏။

“ကောင်းတယ်။ လီယုံ၊ ကျောက်ကန်း၊ ဝမ်းချန် နဲ့ ဖုန်းယွီရဲ့ လှုပ်ရှားမှုတွေက လုံးဝကို တိကျတယ်။ အခြား ကျောင်းသား သုံးယောက်ကတော့ အမှားတွေ အများကြီး လုပ်မိကြတယ်။ အခု ငါ ဘယ်လိုမျိုး ရွေ့ရလဲဆိုတာကို ပြမယ်။ သေချာကြည့်။ မင်းတို့တွေ ပစ်မှတ်ကို မထိရင် သေနပ်ထမ်းပြီးတော့ ၁၀ခါ ခုန်ရမယ်။ မင်းတို့တွေ နောက်ပိုင်းကျ ၃ပွဲ ပေးမဘ်။ မင်းတို့တွေ နောက်ကျ ခုန်တာတွေကို မမြင်ချင်ဘူး။”

တစ်ယောက်ယောက်က ကျောင်းသားများကို သင်ပေးသော်ငြား ကျောင်းသား အများစုအတွက် ပထမဆုံး အကြိမ် ဖြစ်သည်။ နာရီဝက်ခန့် ကြာပြီးနောက် ကွင်းပြင် တစ်ခုလုံး ဖားပြုတ်များဖြင့် ပြည့်သွားတော့သည်။

ဖုန်းယွီနှင့် အချို့သော သူများက ခုန်နေသည့် သူများကို ကြည့်နေနိုင်သည်။

“မင်းတို့ ခုနှစ်ယောက် ၃ပွဲစီ ပစ်ရမယ်။ တကယ်လို့ မင်းတို့တွေ ၂၄မှတ်ထက် လျော့နည်းရင် တစ်မှတ်အတွက် ၁၀ခါ ခုန်ရမယ်။”

ချီး အရာရှိက ငါတို့ကို ပစ်မှတ်ထားနေတာပဲ။

ထို့ကြောင့် ဖုန်းယွီသည်လည်း ဖားတစ်ကောင် ဖြစ်လာခဲ့သည်။ သူသည် ပထမအကြိမ်ကကဲ့သို့ ကံမကောင်းပေ။

.....

နှစ်ပတ်ခန့်ကြာ လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် အဆုံးသတ်ကို ရောက်လာခဲ့သည်။ နောက်ဆုံးရက်တွင် ဖုန်းယွီနှင့် ကျောင်းသား အချို့သည် အရာရှိရုံးခန်းကို ခေါ်ခံခဲ့ကြသည်။

ဖုန်းယွီက ကြည့်လိုက်သည့်အခါ စစ်ရေးလေ့ကျင့်မှုတွင် ကောင်းစွာ ဆောင်ရွက်ခဲ့သည့် ကျောင်းသားများ ဖြစ်သည်။ စွမ်းဆောင်ခဲ့မှုတွေအတွက် အရာရှိက ဆုတံဆိပ်တွေများ ချီးမြင့်မလို့လား။ အကယ်၍ စစ်တပ်မှ ဆုတံဆိပ်ကို ရရှိခဲ့ပါက သူမိဘများသည် ကြည်နူး ပီတိ ဖြစ်ကြမည်ပင်။

“မင်းတို့တွေက ဘေကျင်းတက္ကသိုလ်က ပညာရှိတွေပဲ။ အနာဂတ်ကြ မင်းတို့တွေက တိုင်းပြည်ကို ထင်ထင်ရှားရှား ပံ့ပိုးတဲ့ သူတွေ ဖြစ်လာကြမှာ။ ဒါပေမဲ့ တိုင်းပြည်ကို ပံ့ပိုးဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိတယ်။ မင်းတို့တွေ စစ်ထဲဝင်ဖို့ စဉ်းစားဖူးလား။”

ဟ.. စစ်ထဲ ဝင်ရမှာလား။

ဖုန်းယွီက ချက်ခြင်းပင် ခေါင်းခါလိုက်သည်။ အကယ်၍ သူသာ စစ်ထဲ ဝင်ချင်ပါက အထက်တန်းအောင်ကတည်းက စစ်ထဲ ဝင်ပြီး ဖြစ်မည်ပင်။ သူ့အနေဖြင့် အထူးခံစားခွင့်များကိုတောင် ရနိုင်သေး၏။ ယခုလက်ရှိတွင် သူသည် ဘေကျင်း တက္ကသိုလ်ကို တက်ရောက်နေပြီ ဖြစ်သည်။ မည်သူက အရူးမို့ စစ်တပ်ထဲကို ဝင်မည်နည်း။

“ဆရာ တကယ် ပြောတာလား။ ဒါပေမဲ့ ကျွန်တော်က ဘွဲ့မရသေးဘူး။ ကျွန်တော် စစ်ထဲ ဝင်လို့ရလား။”

ချီး တကယ်ပဲ စစ်ထဲ ဝင်ချင်တဲ့ ကောင်က ရှိတာလား။ ဖုန်းယွီ ကြည့်လိုက်သည့်အခါ မိန်းကလေးခြေထောက်ထက် ကြီးသည့် လက်မောင်းရှိသူက မေးလိုက်ခြင်း ဖြစ်ကြောင်း သိလိုက်၏။

“မင်းတို့တွေ စစ်ထဲဝင်ဖို့ နှစ်နည်းရှိတယ်။ ပထမကတော့ မင်းတို့တွေ စစ်တက္ကသိုလ်ကို ပြောင်းရမယ်။ ဘွဲ့ရပြီးတာနဲ့ ဒုဗိုလ်ဖြစ်မယ်။ ဒုတိယနည်းလမ်းကတော့ မင်းတို့တွေ အခုသင်ကြားနေတာကို အနှောက်အယှက် ဖြစ်စေလိမ့်မယ်။ ပြီးတော့ စစ်ထဲ ၃နှစ် ဝင်ရမယ်။ ၃နှစ်ပြီးရင် မင်းတို့တွေက စစ်ထဲမှာ နေမှာလား။ ဒါမှမဟုတ် ကျောင်းပြန်လာမလား ရွေးချယ်နိုင်တယ်။ ဒုဗိုလ် အဖြစ် ရာထူးတိုးဖို့ အခွင့်အရေး ရလိမ့်မယ်။ ဘယ်သူ စစ်သား ဖြစ်ချင်လဲ။ ညီအစ်ကိုတို့။ မင်းတို့တွေ အဲ့လို ခံစားမှုမျိုးကို ဘယ်မှာမှ ခံစားရမှာ မဟုတ်ဘူး။ တကယ်လို့ မင်းသာ စစ်သား ဖြစ်မယ်ဆိုရင် သေနတ် ပစ်ရုံတင်မကဘူး။ တင့်ကား။ လေယဉ်။ အမြှောက်တွေကိုပါ ပစ်ရမှာ”

ဖုန်းယွီက စိတ်ထဲတွင် ကြိတ်ရယ်နေမိ၏။ ဆက်ဆွေးနွေး။ အချို့ စစ်သားတွေဆို နှစ်ပေါင်းများစွာ ဝက်မွေးရတာ ရှိသေးတယ်။

အရာရှိက ကျောင်းသား နှစ်ယောက် တွန့်ဆုတ်နေသည်ကို မြင်သည့်အခါ စိတ်ပျက်သွားသည်။ တစ်ယောက်က သူ့ကို ခါးခါးသီးသီးကို ငြင်းဆန်ပေ၏။ ဖုန်းယွီသည် ခေါင်းငုံ့နေကာ သူ့ ကမ်းလှမ်းမှုကို လုံးဝ မစဉ်းစားပေ။ ဘေကျင်းတက္ကသိုလ်မှ ဘွဲ့ရ အများစုသည်။ အစိုးရ အရာရှိများ ဖြစ်ကြမည်ပင်။ ပြီးနောက် စစ်သား ဖြစ်ရန်လည်း စိတ်ဝင်စားခြင်း မရှိပေ။ ဘာကြောင့် ပညာတက် စစ်သားတွေကို စုဆောင်းချင်နေတာလဲ။

ဖုန်းယွီ စစ်ရေးလေ့ကျင့်ခန်းမှ ထွက်လာပြီးနောက် သူနဂိုပုံစံ ပြန်ရောက်လာပြီဟု ခံစားမိသည်။ သူသည် နောက်ဆုံးတွင် စစ်ရေး လေ့ကျင့်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။

ဖုန်းယွီသည် သူ့ကုမ္ပစီကို တစ်ချက်ကြည့်လိုက်၏။ ဗွီစီဒီစက်တွေ ဈေးကွက်ထဲ ဖြန့်ချီပြီလား။ အရောင်းပိုင်းကော ဘယ်လို ရှိမလဲ။

All Chapters