အခန်း (၄၃၀)
Vol. 29 Ch. 430
“ဘာ မင်းက အီလက်ထရောနစ် ထုတ်ကုန် ပြပွဲကို လက်ခံ ကျင်းပချင်တာလား။ နိုင်ငံတကာ ပြပွဲလား။”
“မဟုတ်ဘူး။ မြို့တော် ဒါမှမဟုတ် ပြည်နယ်က ဒီပွဲကို စီစဉ်ပေးရမှာ။ တကယ်လို့ ပြပွဲနာမည်ကို ကျွန်တော်တို့ နိုင်ငံနာမည်ကို သုံးတယ်ဆိုရင် ပိုတောင်မှ ကောင်းလိမ့်ဦးမယ်။”
“ဘာအတွက်ကြောင့်လဲ။”
ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်သည်။ ဒီကောင်စုတ်လေးက သူ့ထုတ်ကုန်ကို ကြော်ငြာဖို့အတွက် မြို့တော်ကို အသုံးချဖို့ တွေးနေတာလား။
“ကျွန်တော်တို့ မြို့တော်ကို ကြော်ငြာရမယ်လေ။ ဒီအကြောင်းကို စဉ်းစားကြည့်မယ်။ နိုင်ငံခြားနဲ့ အခြား ပြည်နယ်က ကုမ္ပဏီတွေက ဘင်းမြို့တော်ကို လာကြမယ်။ ဒါက တကယ်ကို ကောင်းမွန်တဲ့ အခွင့်အရေးပဲ။"
“ကောင်းမွန်တဲ့ အခွင့်အရေးတဲ့လား”
ကျန်းရွေ့ချင်က ဖုန်းယွီကို မျက်စောင်းထိုး ကြည့်လိုက်သည်။ ဖုန်းယွီ ပြောသလို မရိုးရှင်းမှန်း သူခံစားမိသည်။
“သေချာတာပေါ့။ အခု ဒီပြပွဲမှာ ပါဖို့အတွက် ဂျပန်က ဆိုနီ၊ ပန်နစောနစ်၊ အိုက်ဝ၊ တိုရှီဘာ၊ ဖူကျစ်စု စတဲ့ ကုမ္ပဏီတွေက ပါဝင်ဖို့ သဘောတူပြီးသွားပြီ။ TSMC (ထိုင်ဝမ် လျှပ်ကူးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်) အေဆာ စတဲ့ ထိုင်ဝမ်က ကုမ္ပဏီတွေကလည်း သဘောတူပြီးပြီ။ အမေရိကန် ပြည်ထောင်စုက........ ဒီကုမ္ပဏီတွေ အားလုံးက ကမ္ဘာပေါ်က အီလက်ထရောနစ်ထုတ်ကုန်မှာ ထိပ်တန်း အမှတ်တံဆိပ်တွေချည်းပဲ။ ဒီ အမှတ်တံဆိပ်တွေသာ ဒီပြပွဲမှာ ပါဝင်မယ်ဆိုရင် ပြပွဲက ဘယ်လောက် ခမ်းနားသွားလိုက်မလဲ။ “
ကျန်းရွေ့ချင်က ကြက်သေသေသွားသည်။ ဖုန်းယွီ ပြောသည့် အမှတ်တံဆိပ် အများစုကို သူမကြားဘူးသော်ငြား ဆိုနီနှင့် ပန်နစောနစ် ကုမ္ပဏီများကိုတော့ ကြားဖူးသည်။ ယင်းကုမ္ပဏီများသည် နိုင်ငံမျိုးစုံတွင် အခြေစိုက်သော ကုမ္ပဏီကြီးများ ဖြစ်သည်။ ဖုန်းယွီက သူတို့ကို ဖိတ်ခေါ်နိုင်တာလား။
ယင်း ဂျပန် ကုမ္ပဏီများသည် အစက အိုက်ဝ၏ ဖိတ်ကြားချက်ကို ရသည့် အခါတွင် ပထမက ပါဝင်ရန် ဆန္ဒ မရှိကြပေ။ သို့သော် ဟေတရို နာကဂျီမက သူတို့ ရုပ်သံ အစီအစဉ်တွင် သူ့ကုမ္ပဏီသည် ထုတ်ကုန်အသစ်ကို မိတ်ဆက်ပြီး ဈေးကွက်ထဲတွင် မကြာခင် ဖြန့်ချီမည့် အကြောင်းကို ကြေငြာခဲ့သည်။ သူက ယင်း ထုတ်ကုန်သည် အနာဂတ်ကို ပြောင်းလဲပြီး အိုက်ဝအနေဖြင့် အခြားသော ဂျပန်ကုမ္ပဏီများကို ကျော်တက်နိုင်မည်ဟုလည်း ကြွေးကြော်ထားသည်။
ယင်းက အလွန် စိတ်ကြီးဝင်ကာ ဒေါသထွက်နေသော ကုမ္ပဏီများကို စွဲဆောင်နိုင်ပေ၏။ ဆိုနီနှင့် အခြားသော ကုမ္ပဏီများသည် ဗွီစီဒီ နည်းပညာနှင့် ပတ်သက်ပြီး စိတ်ဝင်စားလာကြသည်။ ယင်းက ဟေတရို နာကဂျီမ ပြောထားသည့်အတိုင်း တကယ်ပင် ကောင်းသည်လော။
ထိုကုမ္ပဏီများ ပါဝင်ရန် လက်ခံလိုက်သည့် နောက်ထပ် အကြောင်းပြချက်မှာ သူတို့ ဂျပန် ထုတ်ကုန်များသည် မည်မျှ အဆင့်မြင့်ကြောင်း ပြသချင်သည့်အတွက် ဖြစ်သည်။ သူတို့က တရုတ်များကို ဂျပန်လူမျိုးများသည် ကမ္ဘာပေါ်တွင် အတော်ဆုံးလူသားများ ဖြစ်ကြောင်းကို ပြသချင်သည်။ သူတို့ ထုတ်လုပ်သည့် ထုတ်ကုန်များသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဖြစ်သည်။
တစ်ချိန်တည်းတွင် သူတို့ အမှတ်တံဆိပ်နှင့် ထုတ်ကုန်များကိုလည်း ကြော်ငြာရာ ရောက်ပေရာ တရုတ်လူမျိုးများ၏ ယုံကြည်မှုကို ဖျက်ဆီးနိုင်မည် ဖြစ်သ်ည။ သူတို့အနေဖြင့် ယင်း အခွင့်အရေးကို အသုံးချကာ တရုတ်ဈေးကွက်ကို ဝင်ရောက်နိုင်မည် ဖြစ်သည်။ ယင်းက ခဲတစ်လုံးနင့် ငှက်များစွာ ဖြစ်ခြင်းပင်။
အထူးသဖြင့် ဂျပန်ကုမ္ပဏီများသည် ဥရောပနှင့် အမေရိကန် ကုမ္ပဏီများ ပါဝင်ကြမည်ကို သိသည့်အခါ ပိုပြီး အရေးစိုက်လာကြသည်။ သူတို့သည် ထိုကုမ္ပဏီများ၏ ထုတ်ကုန်များ၏ နည်းပညာကို မြင်တွေ့ချင်သည်။ ပြီးနောက် ထို အနောက်နိုင်ငံ ကုမ္ပဏီများကိုလည်း ဂျပန် ထုတ်ကုန်များသည် မည်မျှ အစွမ်းထက်ကြောင်း သိစေချင်၏။
ထို့ကြောင့် မာနတခွဲသားနှင့် ဂျပန်များသည် ယင်း ပြပွဲတွင် ပါဝင်ရန်အတွက် သဘော တူလိုက်ကြသည်။
ဖူကွမ်းကျန်းသည်လည်း အနောက်နိုင်ငံ ကုမ္ပဏီများကို ဂျပန်၏ ထိပ်တန်းကုမ္ပဏီများသည် ပြပွဲကို တက်ရောက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ မင်းတို့တွေက မတက်ချင်ဘူးလား။ အနောက်နိုင်ငံ အမှတ်တံဆိပ်များက ဆိုနီသည် ပြပွဲ တက်ရောက်ရန် သဘောတူသည်ကို မြင်ပြီးနောက် ယင်း ပြပွဲ၏ အဆင့်သည် နိမ့်မည် မဟုတ်ကြောင်း မြင်တွေ့ကြသည်။ ထပ်ပြောရပါက ယင်းက တရုတ်နိုင်ငံ ဈေးကွက်ကို ဝင်ရောက်ရန်အတွက်လည်း အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံတွင် လူဦးရေ သန်းတစ်ထောင်ကျော် ရှိကာ ယင်းက ကြီးမားသည့် ဈေးကွက်ကြီးပင်။
ငါးရက်အတွင်း ကုမ္ပဏီ ၅၀ကျော်သည် ပြပွဲတွင် ပါဝင်ရန်အတွက် ဖိတ်ကြားလွှာများကို အကြောင်းပြန်ခဲ့ကြသည်။ သူတို့သည် ပြပွဲကျင်းပရာ နေရာကို စောစော ရောက်လာမည် ဖြစ်သည်။
“ခေါင်းဆောင် ဒါက တရုတ်နိုင်ငံမှာ ကျင်းပသမျှ စက်မှုလုပ်ငန်း ပြပွဲတွေမှာ အအောင်မြင်ဆုံး ဖြစ်လိမ့်မယ်။ တကယ်လို့ ဒီပြပွဲသာ အောင်မြင်မယ်ဆိုရင် နောက်နှစ်တွေလဲ ဆက်ကျင်းပပြီး အမှတ်တံဆိပ် တစ်ခုလိုမျိုး လုပ်လို့ရတယ်။ ဒါက ဘင်းမြို့တော်ရဲ့ တိုးတက်မှုကိုလည်း အထောက်အပံ့ ဖြစ်စေမှာ။ စဉ်းစားကြည့်လိုက် အဲ့ ကုမ္ပဏီကြီးတွေက ကျွန်တော်တို့ မြို့တော်ကို လာတဲ့အခါ ကျွန်တော်တို့ရဲ့ ယဉ်လမ်းကြော အခြေအနေ၊ စက်မှု တိုးတက်မှု အစရှိတာတွေကို မြင်သွားကြမှာ။ အဲ့ကုမ္ပဏီတွေက ကျွန်တော်တို့ရဲ့ စက်ရုံ အချို့ ဒါမှမဟုတ် ပြည်တွင်းကုမ္ပဏီတွေမှာ ရင်းနှီးမြှပ်နှံနိုင်တယ်”
“ဒါက ဒီလောက် ရိုးရှင်းပါ့မလား”
ကျန်းရွေ့ချင်သည် ဖုန်းယွီကို မယုံကြည်နိုင်ပေ။ ဖုန်းယွီ ပြသသည့် ပုံရိပ်သည်ကား အလွန် စွဲမက်ဖွယ်ရာပင်။
“သေချာတာပါ့။ အဲ့တာက ရိုးရိုးလေးပါပဲ။ ထပ်ပြောရမယ်ဆိုရင် တကယ်လို့ အဲ့ကုမ္ပဏီတွေကသာ ဒီက စက်ရုံတွေမှာ ရင်းနှီးမြှပ်နှံတာမျိုး မရှိရင်တောင် သူတို့တွေ ဒီက လူအများကြီးကိုလည်း ခေါ်သွားနိုင်တယ်။ မြို့တော်အနေနဲ့ အစားအသောက် နေထိုင်မှု ယဉ်လမ်းကြော အခြေအနေကနေလည်း ငွေရနိုင်သေးတယ်။ ပြီးတော့ ပြပွဲရုံငယ်တွေကလည်း သူတို့ကို အခမဲ့ သုံးခွင့်ပေးမှာ မဟုတ်ဘူး။ သူတို့တွေက အဲ့ ပြပွဲရုံငယ်တွေကို ငှားရမယ်။ ဒီငှားယမ်းမှုကနေ ငွေတော်တော်များများ ဝင်လာမှာပဲ။”
ဖုန်းယွီက ကျန်းရွေ့ချင်ကို စတင် မက်လုံး ပေးလိုက်တော့သည်။
“ဒါပေမဲ့ ငါတို့ ဘင်းမြို့တော်မှာ ဒီပြပွဲကို လက်ခံ ကျင်းပဖို့အတွက် ဒီလောက်ကြီးတဲ့ ရုံကြီးမှ မရှီတော။ မင်းက ကုမ္ပဏီပေါင်း ၁၀၀ကျော်က လာရောက် ပြသမယ်လို့ ပြောထားတယ်မုတ်လား။ တကယ်လို့ ပြပွဲရုံငယ်က 5 SQM ပဲ ရှိမယ်ဆိုရင်တောင် ပြပွဲကျင်းပမဲ့ ရုံက လျှောက်လမ်းပါ ထည့်တွက်မယ်ဆိုရင် စတုရန်းမီတာ အနည်းဆုံး ၁၀၀၀ကျော်မှာ။ ဒီလောက် ကြီးတဲ့ နေရာကို ငါတို့ ဘယ်မှာ သွားရှာမလဲ။”
ကျန်းရွေ့ချင်က မျက်မှောင်ကျုံ့လိုက်သည်။
ကျန်ရွေ့ချင်သည် ပြပွဲကို ကျင်းပရန်အတွက် စိတ်ဝင်စားပြီး ဖြစ်သော်ငြား ဘင်းမြို့တော်အနေဖြင့် ထိုကဲ့သို့ ကြီးမားသည့် ကွန်ဗန်ဇေးရှင်း ခန်းမကြီး မရှိသေးပေ။ သူတို့အနေဖြင့် ပြပွဲကို မည်သို့ ကျင်းပနိုင်မည်နည်း။
ဖုန်းယွီက သက်ပြင်းချလိုက်သည်။ ဘင်းမြို့တော်သည် ယခုလက်ရှိတွင် ပြပွဲစင်တာ မရှိသေးပေ။ ပြပွဲကြီးကို ကျင်းပရန်ကား ခက်ခဲပေ၏။ ယခုလက်ရှိ တစ်ခုတည်းသော အဖြေသည် ဘောလုံးမြက်ခင်းပြင်တွင် ကျင်းပရန် ဖြစ်သည်။ သို့သော် ယင်းက အဆင့်နိမ့်သွားမည် ဖြစ်ရာ ဘင်းမြို့တော်၏ ပုံရိပ်ကိုလည်း ကျဆင်းစေ၏။ ယင်းက တရုတ်၏ နာမည်ကိုတောင် ထိခိုက်နိုင်ပေသည်။
အတွင်းရေးမှူးလျိုသည် ဖုန်းယွီ၏ လက်ဖက်ရည်နှင့်အတူ ရုံးခန်းထဲကို ဝင်ရောက်လာခဲ့သည်။ ပြီးနောက် ဘာမှမပြောခင် တခဏ တိတ်ဆိတ်သွားပြီးနောက်
“ခေါင်းဆောင် ကျွန်တော် ဒီပြပွဲ ကျင်းပဖို့အတွက် တစ်နေရာ သိတယ်”
“မင်းသိလား။ ဘယ်နေရာလဲ”
“ဒုန့်လီဒေသမှာ အသစ် ဆောက်ထားတဲ့ မောလ်ရှိတယ်လေ။ အဲ့မှာက အထပ် ၅ထပ် ရှိပြီးတော့ အထပ်တိုင်းက စတုရန်းမီတာ ၅၀၀ကျော်တယ်။ အခုလက်ရှိတော့ ဆောက်လုပ်မှုက ပြီးစီးရုံပဲ ရှိသေးတယ်။ ဒါပေမဲ့ လုပ်ငန်းလည်ပတ်မှုတော့ မရှိသေးဘူး။ အဲ့နေရာဆို လုံလောက်မယ်ထင်တယ်။ ဒါပေမဲ့ အဲ့မောလ်က ပြည်နယ် အစိုးရရဲ့ ပိုင်ဆိုင်မှုလို့ စဉ်းစားလို့ရတယ်”
ကျန်းရွေ့ချင်က အပျော်လွန်သွားကာ
“ငါ အဲ့နေရာကို ရအောင် လုပ်ပေးမယ်။ ငါ့ကို မြို့တော်ရဲ့ ခေါင်းဆောင်တွေကို ခေါ်ဖို့အတွက် ကူပေး။ ငါတို့ နောက်ထပ် မိနစ် ၃၀တွင်း အစည်းအဝေး တစ်ခု လုပ်မယ်။ ပြီးတော့ တရုတ် ရင်းနှီးမြှပ်နှုံမှုအေဂျင်စီ၊ ကျေးလက်မြို့ပြ တိုးတက်မှုဝန်ကြီးဌာန၊ ရဲဌာန၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုက ခေါင်းဆောင်တွေကို အစည်းအဝေးအတွက် ဒီကိုလာခိုင်းလိုက်။”
“ခဏနေပါဦး မြို့တော်ဝန်ကျန်း။ ကျေးလက်မြို့ပြ တိုးတက်မှု ဝန်ကြီးဌာနကို မလိုဘူး။ ဘင်းမြို့တော် ဆေးဝါးကော်ပရေးရှင်းရဲ့ အခွဲ ဖြစ်တဲ့ တိုက်တာခြံမြေ တိုးတက်မှု ဌာနက ပြင်ဆင်ရေး လုပ်တဲ့နေရာမှာ ကောင်းတယ်။ ကျွန်တော်တို့တွေ သူတို့ကို ပြပွဲလုပ်မဲ့ နေရာကို ပြင်ဆင်ခိုင်းလိုက်ရတယ်”
ဖုန်းယွီက ကျန်းရွေ့ချင်၏ အတွင်းရေးမှူးကို တားလိုက်သည်။
ကျန်းရွေ့ချင်က ခေါင်းလှည့်လိုက်ကာ
“မင်းက ငွေရှာနိုင်တဲ့ အခွင့်အရေး တစ်ခုကိုမှ အလွတ်မခံဘူး။ ကောင်းပြီလေ။ အဲ့တာဆိုရင် ကျေးလက်ဒေသ တိုးတက်ရေးဝန်ကြီးဌာနကို အသိမပေးတော့နဲ့။ ခုနက သူတွေကိုသာ ခေါ်လိုက်။ သူတို့ကို ပြော နောက်ကျတာနဲ့ အပြစ်ပေးမယ်လို့။”
ကျန်းရွေ့ချင်သည် ဖုန်းယွီကို မည်သည့်နိုင်ငံများ ပါဝင်မည်နည်း။ တရုတ်နှင့် ဆက်ဆံရေး မကောင်းသည့်နိုင်ငံများ ပါဝင်မည်လား စသည့်ကဲ့သို့ မေးခွန်းများကို မေးလိုက်သည်။ သူအနေဖြင့် အရေးစိုက်ရမည့် ကိစ္စ ရှိမလော အစရှိသည့် မေးခွန်းများပင်။
ဖုန်းယွီ ချွေးပြန်လာခဲ့၏။ သူသည် ပြပွဲကို စီစဉ်ရသည်မှာ အလွန် အခက်ကြုံရမှန်း မသိခဲ့ပေ။ ကံကောင်းချင်တော့ သူသည် ပြပွဲကို ကိုယ်တိုင် ကိုယ်တွယ် မစီမံရခြင်းပင်။ မဟုတ်ပါက သူ ဒုက္ခရောက်မည်ပင်။
မြေညီထပ်မှာ ဘာမှ မထားဘူး။ ပြီးတော့ ဒုတိယထပ်ကနေ ပဉ္စမထပ်အထိကတော့ ကုမ္ပဏီတွေအတွက် ပြပွဲနေရာ။ ဖုန်းယွီသည် သူ့ကုမ္ပဏီများအတွက် လှေကားနှင့် နီးသည့် အကောင်းဆုံး နေရာများကို ယူထားသည်။ ကျန်ရှိသည့် နေရာများကို ကုမ္ပဏီ၏ ကိုယ်စားလှယ်များ ရောက်မှသာ စီစဉ်မည် ဖြစ်သည်။
ဖုန်းယွီသည် ဘန်နာများကို ချိတ်ရန် တောင်းဆိုလိုက်သော်လည်း ကျန်းရွေ့ချင်က ပယချလိုက်သည်။ တကယ်လို့ မင်းက စပြီး ဘန်နာ ချိတ်မယ်ဆိုရင် တခြားသူတွေလည်း လိုက်လုပ်မှာပဲ။ ပြပွဲက ရှုပ်သွားလိမ့်မယ်။
ဖုန်းယွီက အနည်းငယ် ဝမ်းနည်းသွားသည်။ အကယ်၍ သူသာ မိုးပျံဘောလုံးကြီးများ၊ မီးအိမ်ကဲ့သို့သော အရာများကို ဝင်ပေါက်တွင် ထားနိုင်သည် ယင်းက အခမဲ့ဖြစ်ကာ ပွဲနှင့် ပိုပြီး ခံစားရစေသည်။
“ဘန်နာမရှိဘူး”
“ကိစ္စမရှိဘူး”
ဖုန်းယွီက ချက်ခြင်းပင် ပြန်ပြောလိုက်သည်။
ဘန်နာမချိန်ရဘူးလား။ လေနှင့်မိုး အမှတ်တံဆိပ်ကို မိုးပျံဘောလုံးမှာ ရိုက်ထားလို့ရတာပဲ။ ဒါက အိမ်ကွင်းရဲ့ အားသာချက်လို့ စဉ်းစားလို့ရနိုင်တယ်။
အို ဟုတ်သား ပြပွဲခန်းမ ဝင်ပေါက်မှာ ကော်ဇောနီ ရှိမှာပဲ ပြီးတော့ ဘေးမှာ ပန်းခြင်းတွေကော ရှိဦးမှာ။ အဲ့ပန်းခြင်းတွေက နေရာကို ပိုပြီး လှစေတယ်။ ငါ အဲ့တာကို စပွန်စာ ပေးရမယ်။
ကော်ဇောမှာ စကားလုံး ရေးဖို့ ခွင့်မပြုဘူးလား။ ကိစ္စမရှိဘူး။ ငါလဲ ငါ့ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေကို ချနင်းတာ မခံစေချင်ဘူး။
မည်သူမျှ ပန်းခြင်းပေါ်တွင် စာရေးရန် ခွင့်မပြုကြောင်း မပြောပေ။ ပြပွဲခန်းမ စီစဉ်မှုကို ဘင်းမြို့တော် ဆေးဝါးကော်ပရေးရှင်းကို ကြီးကြပ်လုပ်ရန် ခွင့်ပေးလိုက်သည်။ သူတို့က လက်ထောက်အထွေထွေ မန်နေဂျာ ဖုန်းယွီ၏ အမိန်ကို အာခံရဲမည်လော။
ဟမ်... အိုက်ဝ၊ လေနှင့်မိုး စတဲ့ အမှတ်တံဆိပ်တွေရဲ့ နေရာကို တခြားသူတွေနဲ့ ကွဲထွက်အောင် ပြင်ရမယ်။ ငါတို့ရဲ့ ပြပွဲရုံငယ် နေရာက လာရောက်လည်ပတ်သူတွေကို စိတ်ထဲ ကျန်စေပြီးတော့ ထင်ထင်ရှားရှားဖြစ်အောင် လုပ်ရမယ်။
ကျန်းရွေ့ချင်သည် အစည်းအဝေးမှ ထွက်သွားခဲ့ကာ ဖုန်းယွီသည်လည်း ထိုက်ဟွ ကုန်သွယ်ရေးကို ပြန်ကာ သူတို့ ပြခန်းရုံငယ် နေရာအတွက် ပြင်ဆင်တော့၏။