နှိုင်းယှဉ်ခြင်း
Vol. 29 Ch. 433
ကျန်းရွေ့ချင် ပြပွဲကို လှည့်လည် ကြည့်ရှုပြီးနောက် သူမျက်ခုံး အနည်းငယ် လှုပ်လာခဲ့သည်။ ဘယ်လိုလုပ် တတိယထပ်၊ စတုတ္ထထပ်နဲ့ ပဉ္စမထပ်က ဒီလိုမျိုး ဖြစ်နေရတာလဲ။
သူသည် တရုတ်နိုင်ငံတွင် ကျင်းပသည့် ပြပွဲ ဖြစ်မှန်း သတိထားမိသော်ငြား တရုတ်လူမျိုးများ၏ ပြခန်းရုံငယ်များသည် နိုင်ငံခြား ကုမ္ပဏီများ၏ ပြခန်းရုံငယ်များကဲ့သို့ နေရာကောင်းကောင်းတွင် ရှိမနေချေ။ နိုင်ငံခြားသား ကုမ္ပဏီများ၏ ပြခန်းရုံငယ်များသည် ကောင်းကောင်း ပြင်ဆင်ထားကာ ကြီးလည်း ကြိးပေ၏။ တရုတ်နိုင်ငံ ကုမ္ပဏီများ၏ ပြခန်းရုံငယ်များသည် သေးငယ်ပြီး သတိမပြုမိနိုင်ပေ။
တရုတ်ကုမ္ပဏီများကြား ဖုန်းယွီ၏ ကုမ္ပဏီများသာ ကောင်းကောင်း ပြင်ဆင် ပြသထားသည်။ သို့သော် ဖုန်းယွီက ဘာလို့ ချုန်ဆမ် ဝတ်ထားသည့် မိန်းမငယ်များစွာက သူ့ပြခန်းရုံရှေ့တွင် ရပ်နေကြသနည်း။
“ခေါင်းဆောင် ကျွန်တော်ရဲ့ ပြခန်းရုံငယ်ကို ကြည့်ပါ။ ပြင်ဆင်ထားတာ ဘယ်လိုလဲ။ ဒါတွေက စွဲဆောင်မှု ရှိတယ်လို့ မထင်မိဘူးလား။ ဒီ ကုမ္ပဏီရဲ့ ပြခန်းရုံငယ်တွေက မကောင်းဘူးလို့ ကျွန်တော် ပြောတယ်။ ပြီးတော့ သူတို့တွေက ကျွန်တော်ကိုတောင် စိတ်ဆိုးနေကြတုန်းပဲ”
ဖုန်းယွီက ရုတ်တရက် ကျန်းရွေ့ချင်ဘေးတွင် ပေါ်လာကာ ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်သည်။
“အဲ့မိန်းကလေးတွေက ဘယ်ကလဲ။ မင်းကုမ္ပဏီကလား။”
“သူတို့တွေက ဘေကျင်းပညာရေးတက္ကသိုလ်ကပါ။ ဝင်ပေါက်မှာ ဧည့်သည်တွေကို ကြိုဆိုတဲ့ သူတွေ လိုပါပဲ။ တစ်နေ့ကို ၁၀ယွမ် နေ့လည်စာကျွေးပါတယ်။ မိန်းကလေးတွေအများကြီးက လာချင်ကြတာ။ ဒါပေမဲ့ နေရာက ပြည့်နေပြီ။”
ဖုန်းယွီက နောင်တရသကဲ့သို့ ခံစားနေရသည်။ ထိုခေတ်အခါက လူအုပ်ကိုစွဲဆောင်ရန်အတွက် ရေကူးဝတ်စုံဖြင့် ကောင်မလေးများကို မရနိုင်ပေ။ အကယ်၍ သူသာ ယခုလက်ရှိတွင် ထိုကဲ့သို့သာ လုပ်ပါက ထိုနေရာတွင် အဖမ်းခံရမည် ဖြစ်သည်။
ကျန်းရွေ့ချင်က ခေါင်းခါလိုက်သည်။ ဖုန်းယွီသည် အကြံ အပြည့် ဖြစ်သည်။ သို့သော် သူက ထိုအရာများက အစဉ်အလာများကို ဆန့်ကျင်သည်ဟု ခံစားနေရသည်။ မင်းက လူအုပ်ကို မင်းထုတ်ကုန်တွေနဲ့ စွဲဆောင်ရမှာ ငယ်ရွယ်တဲ့ကောင်မလေးတွေနဲ့ မဟုတ်ဘူး။
“ခေါင်းဆောင် ပြဿနာ တစ်ခုခုရှိတာကို သတိမပြုမိဘူးလား။ နိုင်ငံခြားသားတွေရဲ့ ပြခန်းရုံငယ်ကို ကြည့်လိုက် သူတို့တွေ ဘယ်လို ပစ္စည်းတွေကို ပြထားတယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ တရုတ်ကုမ္ပဏီတွေ ဘယ်လို လုပ်နေကြလဲဆိုတာကို ကြည့်လိုက်ဦး။ သူတို့တွေရဲ့ ထုတ်ကုန်တွေကို များများစားစား မပြထားဘူး။ ပြီးတော့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေ အကုန်လုံးကလည်း အတူတူပဲ။ သုံးထားတဲ့ နည်းပညာတောင် အတူတူပဲ။”
“ဟူး... ငါတို့နိုင်ငံရဲ့ လူသုံးကုန် အီလက်ထရောနစ်က တော်တော်လေးကို ကွာဟချက် ကြီးကြီးမားမား ရှိနေတာပဲ”
ကျန်းရွေ့ချင်က သက်ပြင်းချလိုက်သည်။
“အဲ့တာက ကိစ္စကြီးမှ မဟုတ်တာ။ ကျွန်တော်တို့အနေနဲ့ ဒီလို ဗွီစီဒီ စက်လိုမျိုး သေချာတဲ့ ထုတ်ကုန်မျိုးနဲ့ဆို သူတို့တွေထက် ပိုပြီး ကောင်းနိုင်မှာပဲ။ ဒီစက်က တခြားနိုင်ငံတွေမှာ မရှိဘူး ပြီးတော့ အဲ့စက်က နိုင်ငံခြားငွေ ပမာဏအများကြီးကို ရှာဖွေ ပေးနိုင်တယ်”
“အဲ့ပစ္စည်းက တကယ်ပဲ ကောင်းလို့လား”
“သေချာတာပေါ့။ ကျွန်တော်ကို မယုံဘူးလား။ ကျွန်တော် ပြမယ်”
ကျန်းရွေ့ချင်ကို ထိုက်ဟွ ကုန်သွယ်ရေး၏ ပြခန်းငယ်ကို ဆွဲခေါ်သွားခဲ့သည်။ နိုင်ငံခြားသား အနည်းငယ်သာ ရှိကာ လူအုပ်ကြီးသည်လည်း မများပေ။
သို့သော် ကျန်းရွေ့ချင်သည် ပြခန်းရုံငယ်ဆီ လျှောက်သွားသည့်အခါ လူအုပ်သည် ဖြည်းဖြည်းချင်း ကြီးလာလသည်။ တရုတ်လူမျိုးများသာ လိုက်လာသည်မက ထိုနိုင်ငံခြားသားများသည်လည်း လိုက်လာကြသည်။
တစ်မိနစ်ခန့် အကြာတွင် ဖုန်းယွီသည် ဗွီစီဒီစက်ကို စင်နေဆဲ ဖြစ်ကာ လူအုပ်ကြီးသည် ပိုပို ကြီးလာသည် ထပ်ကြီးနေဆဲ ဖြစ်သည်။
ကျန်းရွေ့ချင်က ထိုက်ဟွကုန်သွယ်ရေး၏ ပြခန်းရုံငယ်ကို လာရောက်ခဲ့မိသည့်အတွက် နောင်တ စရလာတော့သည်။ ပြီးနောက် သူသည် ထိုပြခန်းငယ်ထဲတွင်တောင် မထိုင်သင့်ပေ။ သူ့ကို ဖုန်းယွီက တဖန် လှည်စားလိုက်သည်ပင်။ ဖုနး်ယွီသည် သူ့ကို အသုံးချပြီး လူအများကို စွဲဆောင်ခဲ့သည်။
ဖုန်းယွီသည် ခွေတစ်ချပ်ကို ထုတ်လိုက်ပြီး ဗွီစီဒီစက်ထဲ မထည့်ခင် လူအုပ်ကြီးကို ပြလိုက်သည်။ မကြာခင် တီဗွီပေါ်တွင် ရုပ်ပုံများ ပေါ်လာခဲ့သည်။ ပြီးနောက် Elvis Presley ဖျော်ဖြေမှု ဖြစ်နေသည်။
ရုပ်သည် အလွန် ကြည့်လင်ပြီး အသံ အရည်အသွေးသည်လည်း ကောင်းပေသည်။ ထစ်ခြင်းမျိုး မရှိပေ။ ပြီးနောက် လူအုပ်ကြီးသည် အံ့အားသင့်သွားကြသည်။
ရုပ်သံ အရည်အသွေးသည်လည်း LD နီးပါး ကောင်းပေသည်။ သို့သော် ယင်းက စီဒီခွေ ဖြစ်သည်။
တရုတ်လူမျိုးများသည် ယင်းစက်ကို ကြော်ငြားများတွင် မြင်ဖူးသည်။ သို့သော် လူအများစုက မဝယ်ယူပေ။ တရုတ်လူမျိုးများသည် ဗွီဒီယို ကပ်ဆက်များကိုလည်း ဝယ်ယူခြင်း မရှိပေ။ အကြောင်းမှာ ယင်းစက်များသည် ဈေးကြီးသည့်အတွက ်ဖြစ်သည်။ တရုတ်နိုင်ငံတွင် တီဗွီ မရှိသည့် မိသားစု များစွာ ရှိသေးသည်။
အမှနန်တကယ်တွင် LD ကို တရုတ်နိုင်ငံတွင်လည်း မရောင်းချပေ။ အနောက်နိုင်ငံများတွင်တောင် ရောင်းအားသည် ထင်သလောက် မကောင်းပေ။ ဂျပန်နှင့် အရှေ့တောင် အာရှတွင်သာ ရောင်းအား ကောင်းပေသည်။ LD အကြီးဆုံး ထုတ်လုပ်သူမှာ ဂျပန် ဖြစ်သည်။
LD ခိုးကူးခွေများ မရှိသည့်အတွက် တစ်ယောက်ယောက်အနေဖြင့် တရုတ်နိုင်ငံတွင် ယင်းထုတ်ကုန်အတွက် ဈေးကွက်မရှိကြောင်း ပြောနိုင်ပေသည်။
“ကျွန်တော်တို့ရဲ့ ဗွီစီဒီစက်က မကြာခင်မှာ LD စက်တွေနဲ့ ဗွီဒီယိုကပ်ဆက် စက်တွေကို အစားထိုးတော့မှာ။ အခုစက်က ကာရာအိုကေ စက်အဖြစ် အသုံးပြုနိုင်သလို ဗီဒီယို စက်အဖြစ်လည်း အသုံးပြုလို့ရသေးတယ်”
“အဓိပ္ပာယ်မရှိလိုက်တာ”
ဖုန်းယွီ ဗွီစီဒီစက်ရှေ့တွင် ရှင်းပြနေစဉ် လူအုပ်ထဲမှ စိတ်တိုသည့် အသံကြီးက ထွက်ပေါ်လာခဲ့သည်။ ယင်းလေသံက တမျိုးကြီး ဖြစ်နေ၏။
ပိုင်အိုးနီးယား ကော်ပရေးရှင်းမှ ကိုယ်စားလှယ်သည် လူကြားထဲကို တိုးဝင်ပြီး ဖုန်းယွီရှေ့တွင် ရပ်လိုက်သည်။ သူက စိတ်လှုပ်ရှားသည့် အသံဖြင့် ပြောလိုက်သည်။
“ငါတို့ရဲ့ LDက မိနစ် ၁၀၀စာ ဇာတ်ကားကို သိမ်းထားနိုင်တယ်။ ပြီးတော့ ခွေကိုလည်း လေဆာနည်းပညာနဲ့ ထည့်ထားတာ။ နှစ်ဖက်စလုံးကို စက်က ဖတ်နိုင်တယ်။ ငါတို့ရဲ့ LDကို ဒီလို ထုတ်ကုန်မျိုးက ဘယ်လိုလုပ် အစားထိုးနိုင်မှာလဲ။”
ဖုန်းယွီက ခေါင်းငုံ့လိုက်ပြီးနောက် ပိုင်အိုးနီးယား ကော်ပရေးရှင်းမှ ကိုယ်စားလှယ်ကို ကြည့်လိုက်သည်။ ဟ ရှူးဖိနပ်ဝတ်မှ ၁.၆ မီတာပဲ ရှိတာလား။ ငါက ၁.၈မီတာ။ မင်းရဲ့ လည်ပင်းက ငါ့နဲ့ ဒီလောက် နီးနေတော့ မပင်ပန်းဘူးလား။
အခြားသူများကို ငုံ့ပြီး ပြောရခြင်းက ပိုပြီး အင်အားကြီးသည်ဟု ခံစားရ ရစေသည်ပင်။ မင်းက ဒီလို တောင်းဆိုနေပြီ ဆိုမှတော့ မင်းရဲ့ ထုတ်ကုန်နဲ့ နှိုင်းယှဉ်ရတဲ့အတွက် ငါ့ကို လာပြီး အပြစ်မတင်လေနဲ့။
“တကယ်ကြီးပေါ့။ အဲ့တာဆိုတော့ ငါတို့ရဲ့ ရုပ်သံ အရည်အသွေးနဲ့ အသံပိုင်းဆိုင်ရာ ကြည်လင်မှုက မလုံလောက်သေးတာလား။ မှန်တယ်။ ငါတို့ နည်းပညာက မိနစ် ၆၀ စာ ဗွီဒီယိုကိုပဲ သိမ်းထားနိုင်တယ် ဆိုပေမဲ့ သာမန် သီချင်း ဗွီဒီယိုတွေကို သိမ်းထားဖို့အတွက် လုံလောက်တယ်။ ဇာတ်ကား တစ်ကားအတွက် ဗွီစီဒီ နှစ်ခု သုံးရုံပေါ့။ အို ဒါနဲ့ ငါတို့ရဲ့ ဗွီစီဒီစက်က တစ်ခွေကို ဆယ်ယွမ်ပဲ ရှိတာ။ အဲ့တာက ၂ဒေါ်လာလောက်ပေါ့။ မင်းတို့တွေ LDခွေကို ဘယ်လောက်နဲ့ ရောင်းလဲဆိုတာ မေးလို့ရမလား။ ဒေါ်လာ ၄၀လား ၃၀လား။ ငါကြားတာကတော့ တချို့ နေရာတွေမှာ ဒေါ်လာ ၂၀ခန့်နဲ့ ရောင်းတယ် ကြားတယ်။ အဲ့ငွေပမာဏနဲ့ဆိုရင် LDတစ်ခွေက ဗွီစီဒီ ၁၀ခွေစာ ရတယ်”
လူအုပ်ကြီးသည်လည်း အချင်းချင်း စကားပြောလာကြသည်။ ဗွီဒီယိုစက်တစ်စက်ကို ဇာတ်ကား တစ်ကားကြည့်ရန်အတွက် အသုံး မပြုနိုင်ပေ။ ထို့အတွက်ကြောင့် ခွေများသည် အရေးပါသည်။ ပြီးနောက် လူများစွာ၏ ရှာဖွေခြင်းကိုလည်း ခံရသည်။
တစ်ခု၏ ကုန်ကျငွေသည် အနည်းဆုံး ဒေါ်လာ ၂၀ ဖြစ်ကာ နောက်တစ်ခု ၂ဒေါ်လာထက် နည်းပေသည်။ ထိုအခြေအနေတွင် ဝယ်ယူသူများအနေဖြင့် မည်သည်ကို ရွေးချယ်မည်နည်း။ လူနုံတစ်ယောက်တောင် အရည်အသွေး အများကြီး မကွာခြားမှန်းသိပေရာ သူတို့သည် သေချာပေါက် ဈေးချိုသည်ကို ရွေးချယ်မည် ဖြစ်သည်.
“ဒီမှာ ဒါက မင်းတို့ကုမ္ပဏီရဲ့ LD ပြီးတော့ ဒါက ငါတို့ ဗွီစီဒီ။ မင်းတို့ရဲ့ LDက ငါတို့ ဗွီစီဒီ ၈ခွေ သိမ်းဆည်းဖို့အတွက် လုံလောက်မှု ရှိတယ်။”
ဖုန်းယွီက သေတ္တာနှစ်လုံးကို ယူလာပြီးနောက် စားပွဲပေါ်တွင် ခွေများကို တင်ကာ လူတိုင်းကို ပြလိုက်သည်။
“ထပ်ပြောရမယ်ဆိုရင် LDစက်တွေရဲ့ ဈေးကွက်ထဲမှာ ရောင်းချတဲ့ ဈေနှုန်းက ဒေါ်လာ ၁၃၀၀ကျော်ရှိတယ်။ ငါတို့ ဗွီစီဒီစက်ကတော့ ဒေါ်လာ ၁၀၀၀ခန့်နဲ့ပဲ ရောင်းချတယ်။ LDစက်နဲ့ ဗွီစီဒီစက်ရဲ့ အရွယ်အစားကို ကြည့်လိုက်ဦး။ မင်းဆို့ရင်ကော ဘယ်ဟာ ဝယ်မလဲ။”
“တကယ်လို့ မင်းတို့ရဲ့ ထုတ်ကုန်က LDကို အစားထိုးနိုင်တယ် ဆိုရင်တောင် အခုလက်ရှိ ဗွီဒီယို ကပ်ဆက်တွေကို ဘယ်လို အစားထိုးမှာလဲ။ ဗွီဒီယို ကပ်ဆက်တွေက ခေတ်စားနေတာ ပြီးတော့ ဗွီဒီယို ကပ်ဆပ်ခွေရဲ့ ဈေးနှုန်းက ဒေါ်လာ အနည်းငယ်ပဲ။”
လူအုပ်ထဲက တစ်ယောက်က အော်လိုက်သည်။
ပိုင်အိုးနီးယားကုမ္ပဏီမှ ကိုယ်စားလှည်က ထိုသူ၏ မေးခွန်းကို ကြားသည့်အခါ ဖုန်းယွီ မည်သို့ တုံ့ပြန်မည်ကို သိချင်မိ၏။ သူသည် ဆိတ်ဆိတ်သာ နေနေ၏။ သူသည် တရုတ်လူမျိုးများကို သိသော်ငြား တရုတ်အချင်းချင်း ငြင်းခုန်ရန်က ခက်ခဲပေသည်။
“ကောင်းတဲ့ မေးခွန်းပဲ။ ဘာလို့ ဒီဗွီစီဒီစက်က ကပ်ဆက်ခွေတွေကို အစားထိုးနိုင်မလဲဆိုတာကို ပြောပြမယ်။ ဒီဗွီဒီယိုကိုကြည့်။ ဒါက Elvis Presley ရဲ့ သီချင်းခွေ။”
ဖုန်းယွီက မိုက်တစ်ခုကို ယူကာ ဗွီစီဒီက်ထဲကို ထည့်လိုက်ပြီး ခလုပ်တစ်ခုကို နှိပ်လိုက်သည်။ Elvis Presley ၏ အသံက ပျောက်သွားသည်။ သို့သော် သံစဉ်က ဆက်ရှိနေသည်။
ဖုန်းယွီက သံစဉ်နှင့်အတူ သီချင်းစာသား တစ်ပိုဒ်နှစ်ပိုဒ်ကို ဆိုလိုက်သည်။ သူ့သီချင်းဆိုသံသည် အလွန် ဆိုးဝါးသော်ငြား သူပြောချင်သည့် အဓိပ္ပာယ်ကို ပြပြီးသား ဖြစ်သည်။
“ကြည့်လိုက်လေ။ ဒီစက်က ကာရာအိုကေ စက်အဖြစ်လည်း အသုံးပြုလို့ရသေးတယဝ်။ ငါတို့တွေ အနေနဲ့ ဒီကာရာအိုကေဗွီစီဒီစက်ကိုလည်း မိတ်ဆက်လိမ့်ဦးမယ်။ မင်းသီချင်းပဲ ဆိုဆို နားထောင်ထောင် ဒီစက်က မင်းအတွက် အဆင်သင့်ပဲ။ ရုပ်ပုံကို ကြည့်လိုက်ဦး။ ဗွီစီဒီ တိပ်ခွေတွေထက် ပိုပြီး ကြည်လင်တယ်။ ပြီးတော့ တိပ်ညှပ်မှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး။ တိပ်ခွေ နှစ်ခွေရဲ့ နေရာယူတာက ဗွီစီဒီ ရှစ်ခွေကျော်စာ ရှိတယ်။ သာမန် ဗွီစီဒီကပ်ဆက်ကို ဒေါ်လာ ၉၀၀နဲ့ ၁၅၀၀ကြား ရောင်းချနေတာ။ ငါတို့တွေမှာ တူညီတဲ့ အားသာချက်တွေ ရှိနေတာပဲ။”
“အခုလက်ရှိ မင်းမှာ ပစ္စည်းရှိလား။ ငါ နှစ်ခု ဝယ်ချင်တယ်။”
ဖုန်းယွီ စီစဉ်ထားသည့် တစ်ယောက်က အော်လိုက်သည်။
ယင်းက လူအုပ်ကြီးကို သတိပေးရာ ရောက်ပေသည်။ သူတို့သည်လည်း ဗွီစီဒီစက်ကို သုတေသန ပြုလုပ်မည် ဖြစ်သည်။ အကယ်၍ သူတို့သည် နည်းပညာကို ရှာနိုင်မည် ဆိုပါက ဗွီစီဒီကို ထုတ်လုပ်နိုင်ပေ၏။