အခန်း (၄၃၄)
Vol. 29 Ch. 434
“ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုက္ခပေးရာ ရောက်ပြီ။ မာစတာလူ။ ကျွန်တော် ဘေကျင်းကို ပြန်ရောက်ရင် စကားေ ပြာကြတာပေါ့။”
ဖုန်းယွီသည် ဖုန်းချလိုက်ကာ ပြုံးလိုက်၏။
ပြပွဲ တစ်ခုတည်းဖြင့် မလုံလောက်သေးပေ။ ပြပွဲက နိုင်ငံခြားသား အမှတ်တံဆပိများကို သူတို့၏ နောက်ဆုံး နည်းပညာများကို ပြသရန် အခွင့်အရေး ပေးထားသည်။ တရုတ်ကုမ္ပဏီများတွင် နတ်ဆိုးလေး၊ လေနှင့်မိုး အမှတ်တံဆိပ်မှ လွဲပြီး အခြား ကုမ္ပဏီများ မထွက်လာနိုင်ပေ။
ဖုန်းယွီက ရွက်ပုန်းသီးလေးများကို ရှာချင်ခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ လူသုံးကုန် အီလက်ထရောနစ် သည် အခြားနိုင်ငံများထက် အလွန် နောက်ကျ ကျန်ရစ်နေပြီ ဖြစ်သည်။
ပိတ်ပွဲအခမ်းအနား၏ ဖျော်ဖြေတင်ဆက်မှုများကို ဖျက်သိမ်းလိုက်သည်။ ထိုနိုင်ငံခြားသား ကုမ္ပဏီများ အကုန်လုံးသည် ရေပန်းစားနေကြသည်။ ပြီးတော့ ငါတို့တွေက သူတို့တွေကို ဖျော်ဖြေရဦးမှာလား။
ပြပွဲအတွင်း ဗွီစီဒီ လေနှင့်မိုး အမှတ်တံဆိပ် သို့မဟုတ် အိုက်ဝ အမှတ်တံဆိပ် ဖြစ်စေကာမူ နိုင်ငံခြားသား ကုမ္ပဏီအကုန်လုံးကို စွဲဆောင်နိုင်ခဲ့ပေသည်။ ဖုန်းယွီက ဗွီစီဒီအကြောင်း ဆောင်းပါးရေးရန်အတွက် တစ်ယောက်ကို ဌားထားသည်။
ထိုဆောင်းပါးကို မာစတာလူဆီ ပို့ပေးမည်ဖြစ်ကာ သူက ခေတ်စားသည့် သတင်းစာများ အကုန်လုံးတွင် ထည့်သွင်းဖော်ပြမည် ဖြစ်သည်။ ယင်းက ပထမဆုံးအကြိမ် တရုတ်၏ လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းက တကမ္ဘာလုံးကို အနိုင်ယူလိုက်ခြင်း ဖြစ်သည်။ သူတို့ ဂုဏ်ယူသင့်ပေရာ လူတိုင်းကိုလည်း ကြွားဝါသင့်ပေသည်။
ဖုန်းယွီသည် ကီရီလန်ဂိုနှင့် ဖူကွမ်းကျန်း၏ အကူအညီကို ယူပြီး သူတို့ အဆက်အသွယ်ကို အသုံးပြုကာ နိုင်ငံခြား မီဒီယာများကိုလည်း ယင်းဗွီစီဒီနှင့် တရုတ်၏ လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများအကြောင်းကို နိုင်ငံခြား မီဒီယာများတွင် ထည့်သွင်းမည် ဖြစ်သည်.
ဆောင်းပါးများကို ထည့်ပြီးနောက် မီဒီယာ အများစုသည် ထို ပြပွဲကို နီးနီးကပ်ကပ် အာရုံ စိုက်လာခဲ့ကြသည်။ အချို့သော နိုင်ငံခြား မီဒီယာများက ပြပွဲကို မတက်ရောက်နိုင်သည့်အတွက် နောင်တရမိကြောင်းကို ဆောင်းပါးများတွင် ရေးသား ဖော်ပြကြသည်။
သတင်းရေးသားသူများကို အုပ်စု သုံးခုဖြင့် ပိုင်းခြားနိုင်ပေသည်။ ပထမ တစ်အုပ်စုက အစောပိုင်းက ရေးသားထားသည့် ဆောင်းပါးသည် အတု ဖြစ်ကြောင်း ပြောထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘာကြီးကို တံခါးပိတ်နေသည်မှာ ကြာပြီ ဖြစ်ကာ သူတို့၏ လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းများသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး မဟုတ်ပေ။ တရုတ်နိုင်ငံသည် အိုက်ဝထံမှ နည်းပညာကို ယူပြီး သူတို့ နည်းပညာဟု တောင်းဆိုထားခြင်း ဖြစ်သည်။ ထိုနည်းပညာကို တီထွင်ထားသည်မှာ ဂျပန်လူမျိုးများ ဖြစ်သည်။
ယင်းကဲ့သို့သော သတင်းမျိုးကို အဓိကအားဖြင့် အင်္ဂလန်၊ ဂျပန်၊ ဥရောပနှင့် အရှေ့တောင် အာရှ နိုင်ငံများမှ ရေးသားထားခြင်း ဖြစ်သည်။
နောက်တစ်အုပ်စုသည် အစက ဆောင်းပါးကို သဘောတူထားသည်။ ယင်းတွင် တရုတ်နိုင်ငံသည် တံခါးဖွင့်ပြီးနောက် တိုးတက်လာကာ တရုတ်တွင် ကြီးမားသည့် လူဦးရေလည်း ရှိသည်။ အချိန်ကာလ တစ်ခုအတွင်း တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးကို ကျော်နိုင်မည် ဖြစ်သည်။ ယင်း ဆောင်းပါးများက အထူးသဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာကြီးအတွက် အန္တရာယ်ရှိကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။ အထူးသဖြင့် အမေရိကန် မီဒီယာများပင် ဖြစ်သည်။
သတင်း၏ နောက်ဆုံးအုပ်စုတွင် တရုတ်သည် ကမ္ဘာနှင့် အမှီ လိုက်နိုင်သည့်အတွက် ဂုဏ်ပြုထားခြင်း ဖြစ်သည်။ ယင်းမီဒီယာများသည် ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံဟောင်းများနှင့် တရုတ်နှင့် ဆက်ဆံရေးကောင်းသည့် နိုင်ငံများ ဖြစ်သည်။ သေချာသည်မှာ တရုတ်ပုံနှိပ်ကလည်း ယင်းသတင်းမျိုးကို ထောက်ခံပေးသည်။
သူတို့ ထုတ်ကုန်များကို မီဒီယာကို အသုံးပြုသည့် ဗျူဟာကို ဖုန်းယွီနှင့် ဖူကွမ်းကျန်း တွေးခဲ့ကြခြင်း ဖြစ်သည်။ သူတို့က လူအများကို ဗွီစီဒီ နည်းပညာသည် ကမ္ဘာကြီးကို နောက်ခေတ်တစ်ခေတ်ကို ခေါ်ဆောင်သွားမည်ဟု ယုံကြည်စေချင်သည်။
လွန်လွန်ကျူးကျူး ကြော်ငြာခြင်းနှင့် အတူ သူတို့သည် ဗွီစီဒီအတွက် ဈေးကွက်ကို ဖွင့်ပေးနိုင်လိမ့်မည် ဖြစ်သည်။
ဖူကွမ်းကျန်းက ဖုန်းယွီက ကြော်ငြာခြင်းက အစပိုင်း သူတို့ ထုတ်ကုန် ရောင်းချရတွင် ကူညီကောင်း ကူညီနိုင်လိမ့်မည်ဟု ပြောခဲ့သည်။ သို့သော် ယင်းက ရောင်းအားကို တည်တည်ငြိမ်ငြိမ် ဖြစ်စေရန် ထိန်းထားနိုင်စွမ်း မရှိချေ။ ဖူမိသားစုသည် ယင်းအပိုင်းတွင် အတွေ့အကြုံ အများအပြားရှိ၏။
ဥပမာအနေဖြင့် သင်ကြားရေးစက်ဖြစ်သည်။ ယခုလက်ရှိတွင် ရောင်းအား ကောင်းနေသော်ငြား နိုင်ငံတကာဈေးကကွက်၏ ရောင်းအားသည် ကနဦး ရောင်းအားကောင်းသည့် အခြေအနေကို ကျော်လွန်ပြီးနောက် အနည်းငယ် ကျဆင်းသွားခဲ့သည်။
တရုတ်ဈေးကွက်သည်လည်း ကြီးထွားကောင်း ကြီးထွားလာသော်ငြား သင်ကြားရေးစက်သည် ကွန်ပြူတာ ယောင်ဆောင်ထားသည့် ဂိမ်းစက်သာ ဖြစ်ကြောင်း ပြောလာကြပြီ ဖြစ်သည်။
ဖူမိသားစုသည် ဈေးကွက် သုတေသနကို ဆောင်ရွက်နေသည်။ အကယ်၍ ဗွီစီဒီစက်သာ ဗွီဒီယို တိပ်စက်နှင့် LD စက်များကို အလဲထိုးပြီး မိသားစု ရုပ်ရှင် စနစ် ဖြစ်ရန်အတွက် အချိန် ၂နှစ်မှ ၃နှစ်ခန့် ယူရနိုင်ပေမည်။
ထို့အတွက်ကြောင့် ဖူကွမ်းကျန်းက ဖုန်းယွီကို ဗွီစီဒီစက် ထုတ်လုပ်ရေးကို မတိုးမြင့်ရန် သတိပေးရခြင်း ဖြစ်သည်။ အကယ်၍ ကိစ္စများက အဆင်မပြေ ဖြစ်ခဲ့လျှင် သူတို့ ထုတ်ကုန်များသည် ယခုနှုန်းအတိုင်းသာ ဆက်လက် ထုတ်လုပ်ပါက သိုလှောင်ရုံထဲတွင်သာ ရှိမည်ဖြစ်သည်။
သို့သော် သူတို့အတွက် ကံကောင်းသည့်အချက်သည် ဗွီစီဒီရောင်းအားသည် သူတို့ မျှော်မှန်းထားသလောက် မကောင်းသော်ငြား ဈေးကွက်ကို ထိုးထောက်ရန်အတွက် လုံလောက်သည့် ပမာဏတော့ ရှိပေ၏။ ယင်းက ကောင်းမွန်သည့် အရာပင် ဖြစ်သည်။
ဖုန်းယွီသည် သူ့ကိုယ်တိုင်က အရောင်းပိုင်းတွင် ပါရမီရှင် မဟုတ်မှန်းသိပေသည်။ သူသည် အရောင်းပိုင်းနှင့် ပတ်သက်ပြီး အကြံများစွာ ရှိပြီး မည်သည့် ထုတ်ကုန်သည် ငွေများကို ရှာနိုင်မည်ကို သိရခြင်းသည် သူ့အတိတ်ဘဝမှ မှတ်ဉာဏ်များကြောင့် ဖြစ်ပေသည်။
ဖုန်းယွီ၏ မှတ်ဉာဏ်များတွင် ထိုလူများ ပိုက်ဆံ မည်သို့ ရှာခဲ့ကြောင်း မပါဝင်ပေ။ သူက မည်သည့် ထုတ်ကုန်သည် အောင်မြင်ကျော်ကြားပြီး ငွေရှာနိုင်သည်ဆိုတာကိုသာ သိသည်။ ထို့အတွက်ကြောင့် သူသည် ကုမ္ပဏီများ၏ တည်ထောင်သူ အကုန်လုံးနှင့် ကြိုးစားဆက်သွယ်ကာ ယင်းကုမ္ပဏီကို သိမ်းပိုက်ပြီး သို့မဟုတ် ယင်းကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံခြင်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
ဖုန်းယွီက ကိုယ့်ကိုကိုယ် ဘဝမြင့်ခြင်း ဖြစ်ပုံပေါ်နေသည်။ သူ့အရင်ဘဝက မှတ်ဉာဏ်ျားကို အလွန်ယုံကြည့်ထားကာ သမိုင်းကြောင်းကိုလည်း ပြောင်းလဲနေပေသည်။ သူသည် ရောက်မည့် အချိန်ထက် စောကာ ထုတ်ကုန်များကို မိတ်ဆက်ထားခြင်း ဖြစ်သည်။ သူသည် အချိန်ကာလနှင့် ဝယ်ယူသူများ၏ သုံးစွဲနိုင်စွမ်းကို မေ့လျော့ထားခဲ့သည်။
ယင်းရလဒ်က ဖုန်းယွီက ဈေးကွက်အကြောင်းကို စဉ်းစားတွေးခေါ်ခြင်းများ လုပ်ခဲ့ရကာ အောင်မြင်မည့် ထုတ်ကုန်များ၏ ရောင်းအားတက်လာစေရန်လည်း တွန်းပို့ခဲ့ရသည်။
ပြပွဲသည် ပြီးဆုံးသွားခဲ့ပြီး ဖြစ်သည်။ လေနှင့်မိုး အမှတ်တံဆိပ်နှင့် အိုက်ဝ ဗွီစီဒီစက်များ၏ ရောင်းအားသည် ဖုန်းယွီ မျှော်မှန်းထားသည်ထက် အဆများစွာ နည်းနေပေသည်။
ထိုကုမ္ပဏီ၏ ကိုယ်စားလှယ်များက ဗွီစီဒီနည်းပညာ၏ မူပိုင်ခွင့်သည် ထိုက်ဟွ ကုန်သွယ်ရေး၏ လက်ထဲတွင် ရှိမှန်းသိကာ အိုက်ဝကို သူတို့၏ မူပိုင်ခွင့်ကို ပေးထားကြောင်း တွေ့ရသည်။ ဂျပန်မီဒီယာများက အိုက်ဝနှင့် လေနှင့်မိုး၏ အကြီးဆုံး ရှယ်ယာရှင်သည် တစ်ယောက်တည်း ဖြစ်ကြောင်းဖော်ထုတ်ခဲ့ကြသည်။
ယင်းအဓိပ္ပာယ်ကား ဗွီစီဒီ နည်းပညာသည် လူတစ်ဦး လက်ထဲတွင် ရှိနေသည်။ လူများစွာက ဖုန်းယွီနှင့် ဆက်သွယ်ကာ မူပိုင်ခွင့် ရယူပြီး ဈေးကွက်ကို တိုးတက်အောင် လုပ်ရန်အတွက် မျှော်လင့်နေကြသည်။
သို့သော် ဖုန်းယွီက သူတို့ကို တွန့်ဆုတ်ခြင်းမရှိဘဲ ငြင်းလိုက်သည်။
အမှတ်တံဆိပ် များစွာနှင့် ဆိုပါက ဈေးကွက်အတွင်း တိုးတက်မှု ပိုမို မြန်ဆန်လာမည် ဖြစ်သည်။ သို့သော် သူ့အကျိုးအမြတ်ကိုတော့ နည်းသွားစေမည် ဖြစ်သည်။ ထိုကုမ္ပဏီများ၏ နည်းညာများသည် လေနှင့်မိုး နှင့် အိုက်ဝထက် အဆင့်မြင့်၏။ သူတို့ အမှတ်တံဆိပ်များသည်လည်း လေနှင့်မိုးထက် လူသိများပေသည်။ အကယ်၍ သူတို့သာ DVD ကဲ့သို့ ပိုကောင်းသည့် ထုတ်ကုန်များကို ထုတ်လုပ်ပါက မအောင်မြင်ခင် ဗွီစီဒီကို ဒီဗွီဒီက အစားထိုသွားမည် ဖြစ်သည်။ ယင်းက ဖုန်းယွီ မမြင်လိုသည့် အရာ ဖြစ်ပေသည်။
ဖုန်းယွီသည် အခြား ကုမ္ပဏီများကို လုပ်ပိုင်ခွင့် မပေးချင်သောကြောင့် သူသည် အရောင်းချန်နယ်များကို ထူထောင်ခဲ့သည်။ သူသည် ယင်းကုမ္ပဏီများကို အိုက်ဝ သို့မဟုတ် လေနှင့်မိုး၏ ဖြန့်ချီသူများအဖြစ် အဖြစ်မခံလိုပေ။ အကယ်၍ သူသာ ထိုသို့လုပ်ပါက ဖူမိသားစုနှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ချိုးဖောက်ရာ ရောက်ပေမည်။ ထိုက်ဟွ ကုန်သွယ်ရေး တရုတ်နိုင်ငံတွင်း အရောင်းပိုင်းတွင် အဓိက ဖြစ်ကာ ဖူမိသားစုသည် ပြည်ပ အရောင်းပိုင်းတွင် အဓိက ဖြစ်ပေသည်
ဖူမိသားစုက ဖုန်းယွီ ယခုကဲ့သို့ လုပ်သည့်အတွက် ကျေနပ်နေမိသည်။ ဖုန်းယွီက ဖူမိသားစုကို ပစ်ပယ်ရန်အတွက် အခွင့်အရေး ဖြစ်ခဲ့သော်ငြား ဖုန်းယွီ မလုပ်ခဲ့ပေ။
ဖူရုန်ကျင်း တစ်ယောက်တည်းသာ ယင်းကဲ့သို့ မတွေးပေ။ သူက သူ့သား ဖူကွမ်းကျန်းသည် ဖုန်းယွီကို အလွန် ကူညီပေးနေသည်ဟု ခံစားနေရသည်။ ကားစက်ရုံ၏ စက်ရုံသစ် ဆောက်လုပ်မှု၊ အိုက်ဝ လျှပ်စစ်၊ လေနှင့်မိုး အီလက်ထရောနစ် စက်ရုံများကို ဖူကွမ်းကျန်းက ကြည့်ရှုနေရသည်။ ဖုန်းယွီက ဖူကွမ်းကျန်းကိုသာ လိုအပ်ခြင်းဖြစ်ကာ ဖူမိသားစု၏ စီမံခန့်ခွဲမှု အသင်းမရှိဘဲ ဘာမှ မလုပ်နိုင်ပေ။
ဖူရုန်ကျင်းက ဖူကွမ်းကျန်းကို ဖုန်းယွီက သူ့ကို လိုအပ်နေကြောင်းကို အရိတ်အမြွတ်ပြကာ သူ့အနေဖြင့် ရှယ်ယာများကို ပိုတောင်းရန်အတွက် အကြိမ်များစွာ ပြောခဲ့သည်။ သူ့အနေဖြင့် ရှယ်ယာများကို အခမဲ့ ရယူရန် မလိုအပ်ပေ။ သူ့အနေဖြင့် ရှယ်ယာများကို ဝယ်ယူနိုင်ပေသည်။ ဖူရုန်ကျင်းသည် ဈေးကွက်ပေါက်ဈေးအတိုင်း ရှယ်ယာများကို ပေးလို၏။
သို့သော် ဖူကွမ်းကျန်းက ယင်းအကြံကို ငြင်းပယ်လိုက်သည်။ သူသည် ဖုန်းယွီ၏ အကြောင်းကို ကောင်းကောင်း နားလည်သည်။ ဖုန်းယွီသည် ရက်ရောသည့်သူဟု ထင်ရသော်ငြား အမှန်တကယ်တွင် သူက အလွန် ကပ်စေးနည်းသည်။ အကယ်၍ သူသာ ဖုန်းယွီကို ယခုကဲ့သို့ တောင်းဆိုချက်မျိုး လုပ်ပါက ဖုန်းယွီ သဘောတူပါက အကောင်းဆုံး ဖြစ်သည်။ သို့သော် အကယ်၍ ဖုန်းယွီ သဘောမတူလျှင်လော။ ကုမ္ပဏီကနေ နှုတ်ထွက်ရမှာလား။
အကယ်၍ ဖူကွမ်းကျန်းသာ ယင်းကုမ္ပဏီများမှ နှုတ်ထွက်လိုက်ပါက ဖုန်းယွီအတွက် ဆုံးရှုံးမှု များစွာ ကြုံတွေ့နိုင်ရသော်ငြား ဖုန်းယွီကို ထိခိုက်မှု ရှိနိုင်လိမ့်မည် မဟုတ်ချေ။ ဖုန်းယွီအနေဖြင့် ကုမ္ပဏီ၏ အရေးကြီး အပိုင်းများတွင် စီမံခန့်ခွဲရေး ဝန်ထမ်းများကို ခန့်ထားနိုင်လိုက်မည် ဖြစ်ကာ တခြားကုမ္ပဏီတွင် အလုပ်လုပ်နေသည့် သူများကို လစာကောင်းကောင်းဖြင့် စွဲဆောင်လိမ့်မည် ဖြစ်သ်ည။ ဖူကွမ်းကျန်း တစ်ယောက်သာ ဖုန်းယွီ ငွေရှာသည့်အခါ အခွင့်အရေး မရမည့် လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ အဆုံးတွင် ရှုံးနိမ့်သူသည် သူ ဖြစ်ပေလိမ့်မည်။
ဖူရုန်ချီသည်လည်း ယခုကဲ့သို့ ခံစားရပေသည်။ သူက ဖူကွမ်းကျန်းကို ဖုန်းယွီနှင့် ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်ရန် ပြောခဲ့သည်။
ဖုန်းယွီက ဩဂုတ်လ၏ ဗွီစီဒီ အရောင်းအစီရင်ခံစာကို ကြည့်လိုက်သ်ည။ သူမျှော်မှန်းထားသလောက် မတိုးတက်လာခဲ့ပေ။ သူ သက်ပြင်းချလိုက်မိသည်။ သူလှမ်းသည့် ခြေလှမ်းသည် အလွန် ကြီးလွန်းသည့်အတွက် ကိုယ်ကိုတိုင်သာ ထိခိုက်စေခဲ့သည်။