← Chapters

ကလောင်မိတ်ဆွေ

Vol. 29 Ch. 435

ကလောင်မိတ်ဆွေ

Vol. 29 Ch. 435

“အာ.. လောင်စစ် မင်းမှာ မိုဘိုင်းဖုန်း မရှိဘူးလား။ ဘာလို့ စာတွေ ရေးနေရတာလဲ။”

အခန်းဖော် လောင်ဆမ်မှ မေးလိုက်သည်။

ဖုန်းယွီက ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။

“အို.. ငါ့မှာ ကလောင်မိတ်ဆွေ ရှိတယ်လေ။”

ထိုခေတ်အခါက ကလောင်မိတ်ဆွေသည် ငယ်ရွယ်သူများကို သူငယ်ချင်း လုပ်ရန်အတွက် ခေတ်အစားဆုံး နည်းလမ်း ဖြစ်သည်။ ဖုန်းယွီသည် သာမန် သူငယ်ချင်း ကလောင်မိတ်ဆွေ ထားသည့်သူ တစ်ယောက် မဟုတ်ပေ။ ယခု ကလောင်မိတ်ဆွေသည် သူမ အတွက် ရေးခြင်း ဖြစ်သည်။ သူမ သည်သူ့အရင်ဘဝကသူ ဖြစ်သည်။

ကျိုးခယ်ရှင် ကျန်းချန် ဒေသ။ သူမသည် ယခုနှစ်တွင် အထက်တန်း တက်ရမည် ဖြစ်သည်။ ပြီးနောက် သူမ၏ ဝါသနာသည် သတင်းစာ ဖတ်ချင်းပင် ဖြစ်သည်။ သူမ၏ ရည်မှန်းချက်သည် သတင်းထောက် တစ်ဦး ဖြစ်လာရန် ဖြစ်သည်။

ယနေ့တွင် ကျိုးခယ်ရှင် ကျောင်းကို ရောက်သည့်အခါ ဧည့်ခန်း၏ ပြတင်းပေါက်တွင် တင်ထားသည့် စာအိတ်ကို တွေ့လိုက်ရသည်။ ထိုစာသည် သူမကို ရည်ညွှန်းထားခြင်း ဖြစ်သည်။

“အဘိုးလီ သမီးက စာလာယူတာပါ။ သမီးက ကျိုးခယ်ရှင်ပါ အထက်တန်း ပထမနှစ် အတန်း သုံးကပါ”

“မဆိုးဘူးပဲ ကောင်မလေး။ မင်းမှာ ဘေကျင်းတက္ကသိုလ်မှာ စာသင်နေတဲ့ မိတ်ဆွေ ရှိတာပဲ။ မင်း အဲ့တက္ကသိုလ်မှာ တက်ချင်လား။ မင်း ကြိုးစားမှရမယ်နော်။ ဘေကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရဖို့ မလွယ်ဘူး”

အဘိုးလီသည် ကျိုးခယ်ရှင်ကို စာကမ်းပေးလိုက်၏။

ကျိုးခယ်ရှင်က ပြုံးကာ ကျေးဇူးတင်လိုက်သည်။

သူမ စာအိတ်ကို မြင်သည့်အခါ အဘိုးလီ ဘာကြောင့် ပြောမှန်း သဘောပေါက်သွားခဲ့သည်။ ယင်းစာကို ဘေကျင်းတက္ကသိုလ်က ပေးပို့လိုက်ခြင်းပင်။ သို့သော် သူမဆွေမျိုးများထဲတွင် တစ်ယောက်မှ ဘေကျင်းတက္ကသိုလ်တွင် မရှိပေ။ သူမကို ဒီစာ ဘယ်သူ ပို့လိုက်သနည်း.

ကျိုးခယ်ရှင် အိမ်ကို ပြန်မရောက်မချင်း ထိုစာကို မဖွင့်ဖတ်သေးပေ။ သူမ ဖတ်နေသည်ကို တစ်ယောက်ယောက် မြင်သွားမည်ကို ကြောက်ရွံ့၏။ သူမ အိမ်စာများကို လက်စသတ်ပြီးနောက် သူမ စာကို တိတ်တဆိတ်ယူကာ အိပ်ရာဝင်လိုက်သည်။ ဓာတ်မီးနှင့် သူမစောင့်အောက်ထဲတွင် ပုန်းကာ စာဖတ်နေတော့သည်။

ယင်းစာက သူမနှင့် သူငယ်ချင်း ဖြစ်လိုသည့် စာဖြစ်သည်။ ယင်းပုဂ္ဂိုလ်သည် သူမနှင့် ကလောင်မိတ်ဆွေ ဖြစ်စေချင်၏။

ကလောင်မိတ်ဆွေကို လူငယ်များ ကြားထဲတွင် မြို့တော်သို့မဟုတ် ရွာကို ပြန်သည့်အခါ စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းက သူတို့၏ မိတ်ဆွေဟောင်းများကို ဆက်သွယ်ရန်အတွက် နည်းလမ်း တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံ၏ နေရာ တော်တော်များများတွင် ဖုန်းလိုင်းများ မရှီသေးပေ။ ပြီးနောက် ကုန်ကျစရိတ်သည် အလွန်ကြီးမြင့်၏။ စာများသည် သူတို့နှင့်အတူ ဆက်သွယ်ရန်အတွက် ဈေးအချိုဆုံး နည်းလမ်းပင် ဖြစ်သည်။

ထိုဆက်သွယ်မှု၏ အစတွင် စာများနှင့် ပို့စ်ကဒ်များကို ငယ်သူငယ်ချင်းများအကြား အပြန်အလှန် ပေးပို့ခဲ့ကြသည်။ မကြာခင်တွင် သူငယ်ချင်းများအကြား စာပို့ ဆက်သွယ်ကြသည်။ ယင်း စာများက အဓိကအားဖြင့် သူတို့၏ မကြာသေးခင်က အဖြစ်အပျက်များကို ပြောကြခြင်း ဖြစ်သည်။

ကလောင်မိတ်ဆွေ အများစုသည် မိန်းကလေးများ ဖြစ်ကြပေသည်။ အကြောင်းမှာ မိန်းကလေးများသည် သူတို့ ပူပင်သောကများကို သူငယ်များကို ဖွင့်ဟကြပြီး စိတ်သက်သာရာ ရကြသည်။

ကျိုးခယ်ရှင်သည် ကလောင်မိတ်ဆွေ လိုချင်သည်မှာ အချိန် အတော်ကြာပြီ ဖြစ်သော်လည်း သူမဘယ်သူကို ဘယ်လိုစရေးရမလဲဆိုတာကို မသိပေ။ သူမ အတန်းဖော်များသည် အခြားသူများကို စာများ ရေးသာကြပေသည်။ သို့သော် စာသင်နှစ် တခု ပြီးနောက် အကြောင်းပြန်ကြားခြင်းမျိုး မရှိတော့ပေ။ လူတိုင်းက ကလောင်မိတ်ဆွေများကို နှစ်သက်ခြင်း မရှိကြပေ။

ထိုသူသည် ဘေကျင်း တက္ကသိုလ်တွင် ပညာသင်နေခြင်း ဖြစ်သည်။ ဘယ်နေရာမှ သူမ အချက်အလက်ကို ရရှိခဲ့သနည်း။ စာနှင့်အတူ ဂျက်ကီချန်း၏ ပို့စ်ကဒ်သည်လည်း ပါဝင်ပေ၏။ ထိုသူသည် သူမ ဂျက်ကီချန်းကို နှစ်သက်မှန်း မည်သို့ သိသနည်း။ ဂျက်ကီချန်းသည် အောင်မြင်ကျော်ကြားသည့် အနုပညာရှင် ဖြစ်သည့်အတွက် တရုတ်နိုင်ငံရှိလူတိုင်းက နှစ်သက်ကြသည်လော။

စာထဲတွင် ဘေကျင်းတက္ကသိုလ် မည်မျှ လှပကြောင်း ရေးသားထားသည်။ သို့သော် သူက ဘေကျင်းတက္ကသိုလ်ရှိ မိန်းကလေးများသည် သာမန်သာဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။ သူက တော်သည့် သူများသည် မလှပဟု အဆုံးသတ်ထားသည်။

သူက ကျန်းချန်ဒေသကို အလည်လာချင်ကြောင်းလည်း ရေးသားထားသည်။ သူက ကျန်းချန်ဒေသသည် အလွန်လှပကြောင်း ကြားဖူးသည်။ သို့သော် သူလည်ပတ်ရန် အခွင့်အရေး မရခဲ့ပေ။ သူက ရေကူးတွင် မတော်ပေ။ ပြီးနောက် သူ ကျန်းချန်ကို ရောက်ပါက ရေနစ်မည်လောဟု သိချင်မိသည်။

ကျိုးခယ်ရှင်က စာကို သုံးခါ တိတိ ဖတ်သည်။ သူရေးသားထားသည့် ပုံစံက စိတ်ဝင်စားဖွယ်ကောင်းသည်။ တော်သည့်မိန်းကလေးများသည် မလှပပေ။ ယင်းအဓိပ္ပာယ်ကား တော်သည့် သူများက ရုပ်ဆိုးသည်ဟု ဆိုလိုခြင်းမဟုတ်ပါလော။ ပြီးနောက် ကျန်းချန်ဒေသသည် နာမည်သာ ဖြစ်ပြီး အမှန်တကယ်တွင် မြစ်မရှိပေ။ သူအနေဖြင့် မည်သို့ ရေနစ်မည်နည်း။

စာထဲတွင် ထိုသူသည် သူမကို ဆက်သွယ်ရမည့် လိပ်စာကို မည်သို့ရမှန်း မဖော်ပြထားကာ အဘယ်ကြောင့် သူ သူမဆီ စာရေးသည်ကို မဖော်ပြထားပေ။ သူ့ကျောင်းသားဘဝ အသေးအဖွဲ ကိစ္စများကိုသာ ဖော်ပြထားခြင်း ဖြစ်သည်။ ပြီးနောက် ကျိုးခယ်ရှင်အနေဖြင့် သူ့စာကို ပြန်ရေးမည်ဟု မျှော်လင့်ထားကြောင်းကိုလည်း ရေးသားထားသည်။ အဆုံးတွင် ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးလူဟု အဆုံးသတ်ထားကာ သူ့ပုံသူ ရေးဆွဲထားသည်။

ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးလူတဲ့လား။ ဘယ်သူက ဒီလို ကလောင်မိတ်ဆွေ နာမည်မျိုးပေးလို့လဲ။ ဒီသူက သာမညသာ ဖြစ်ပေမဲ့ စိတ်ဝင်စားဖို့ ကောင်းမဲ့ပုံပဲ။

ထိုခေတ်အခါက လူအများစု၏ ကလောင်နာမည်များသည် သူတို့ ဘယ်လောက် သန့်စင်ပြီး ချစ်စရာ ကောင်းကြောင်းကိုသာ ဖော်ပြကြသည်။ ဥပမာအနေဖြင့် နှင်း၊ ဆောင်းမက်မန်းသို့မှတ် လဆန်း တို့ ဖြစ်ကြသည်။ တစ်ယောက်ယောက်က ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးသူ ဟူသော ကလောင်နာမည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ဒီ “ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးသူ” က ငါ့ကလောင် မိတ်ဆွေ ဖြစ်ချင်တာလား။ ဒီစာက ဘေကျင်းတက္ကသိုလ်က ပို့တာဆိုတော့ ဒီ “ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးသူက အဲ့မှာ ပညာသင်နေတာပဲ ဖြစ်ရမယ်။

ဒါပေမဲ့ ဒီလူက တော်တော်လေးကို ကျီစယ်တက်တာပဲ ပြီးတော့ မကြွားဝါဘူးပဲ။

မည်သို့ပင် ဖြစ်စေ သူသည် ကျိုးခယ်ရှင်၏ ပထမဆုံး ကလောင် မိတ်ဆွေ ဖြစ်သည်။ သူ အပျော်လွန်နေ၏။ သူမ ခေါင်းအုံးထဲမထားခင် ထိုစာတစ်လုံးချင်းစီကို မှတ်မိစေရန် အကြိမ်များစွာ ဖြစ်သည်။ သူမ အိပ်သည့်အခါ ချိုသာသည့် အပြုံးတပွင့် ပေါ်လာခဲ့သည်။

နောက်တစ်နေ့တွင် ကျိုးခယ်ရှင် အိပ်ရာထသည့်အခါ သူမ ခေါင်းအုံးကို မလိုက်သည်။ ပြီးနောက် စာ ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်မှ စိတ်သက်သာရာရသွားသည်။ ယင်းက အိမ်မက်မဟုတ် လက်တွေ့ ဖြစ်သည်။ ယခု သူမတွင် ကလောင် မိတ်ဆွေ ရှိနေပြီ ဖြစ်သည်။

ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးသူဆိုသော ကလောင်နာမည်သည် အတော် ထူးဆန်းသော်ငြား သူ့လက်ရေးသည် လှပပေ၏။ ပြီးနောက် ဇာတ်လမ်းများသည် စိတ်ဝင်စားဖွယ်ကောင်းပြီး ဟာသဉာဏ်ရွှင်ပေ၏။ ပိုအရေးကြီးဆုံးကား သူသည် ဘေကျင်း တက္ကသိုလ်တွင် ပညာ သင်ကြားနေခြင်း ဖြစ်သည်။

မနက်စာစားချိန်တွင် ကျိုးခယ်ရှင် အမေက သူမဘာကြောင့် ပြုံးနေသလဲဟု မေးသည်။ ကျိုးခယ်ရှင်က သူမသည် ယမန်နေ့က အတန်းထဲတွင် မေးခွန်းကို ဖြေဆိုနိုင်ခဲ့သူ ဖြစ်ကြောင်း ပြောပြသည်။ သူမမိခင်သည် သူ့ကို ချီးမွမ်းနေဆဲ ဖြစ်သည်။

ကျောင်းလာရာ လမ်းတစ်လျှောက်တွင် ကျိုးခယ်ရှင်က ပြုံးနေ၏။ သူမ စာသင်ချိန်အတွင်း စာထဲတွင် ပါသည့် အကြောင်းအရာများကို တွေးနေဆဲ ဖြစ်သည်။

နေ့လည်ခင်းတွင် သူမ အတန်းဖော်များနှင့်အတူ နေ့လည်စာစား၏။ သူမက စာကို မှတ်စုစာအုပ်ထဲတွင် ပြန်စာကို ရေးလက်စ ချန်ထားခဲ့သည်။

သူမ စာရေးပြီးနောက် အခေါက်ရေများစွာ ဖတ်ကြည့်လိုက်သည်။ အချို့ကို ပြင်လိုက်သည်။ သူမသည် ပါဝင်သည့် အကြောင်းအရာများကို ခေါက်လိုက်ပြီးနောက် စာအုပ်ကြားထဲတွင် ဂရုတစိုက် ညှပ်ထားလိုက်သည်။

“ခယ်ရှင် ကျောင်းပြီးပြီလေ။ ဘာလို့ မပြန်သေးတာလဲ။”

“နင်တို့ အရင် ပြန်နှင့်လိုက်ကြ။ ငါ ဆရာကို ပေးဖို့အတွက် တခုခုရှိနေသေးလို့။”

ကျိုးခယ်ရှင်က အကြောင်းပြချက် အချို့ ပေးလိုက်သည်။ သူမ ကလောင်မိတ်ဆွေ အကြောင်းကို မည်သူမျှ မသိစေလိုပေ။ သူမ၏ ငယ်ငယ်လေးကတည်းက သူငယ်ချင်းတောင်မှ ဖြစ်၏။ ယခုကိစ္စသည် သူမ၏ ကိုယ်ရေးကိုယ်တာ လျိုဝှက်ချက် ဖြစ်သည်။

“ငါနင့်ကို စောင့်ရဦးမလား”

“မလိုတော့ဘူး။ နင်ပဲ အရင်ပြန်လိုက်တော့။ ငါ နောက်မှ တစ်ယောက်တည်း လာခဲ့တော့မယ်။ ပြီးတော့ အခုကာလမှာ နေ့တာရှည်ပါတယ်”

“အဲ့တာဆိုလည်း ကောင်းပြီလေ။ ဂရုစိုက်နော်။ ငါအရင် ပြန်နှင့်မယ်။ ဘိုင်”

ကျိုးခယ်ရှင်သည် ဆယ်မိနစ်ခန့် စောင့်ပြီးနောက် သူမ လွယ်အိတ်နှင့် စက်ဘီးကို ယူကာ ပြန်သွားတော့သည်။ သူမက သူမအိမ်ကို ဦးတည်သွားခြင်း မဟုတ်ပေ။ စာတိုက်ကို ဦးတည် သွားနေခြင်း ဖြစ်သည်။

စာတိုက်သည် ပိတ်သွားပြီ ဖြစ်သည်။ သို့သော် မျက်နှာချင်းဆိုင်ရှင် ဆိုင်ငယ်လေးတော့ ဖွင့်နေသေးသည်။ ယင်းဆိုင်ငယ်လေးသည် တံဆိပ်ခေါင်းနှင့် စာအိတ်ကို ရောင်းချ၏။

ကျိုးခယ်ရှင်သည် စာအိတ်ပေါ်တွင် လိပ်စာနှင့် ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးလူဟု လက်ခံမည့် သူနေရာတွင် ရေးသားလိုက်သည်။ ဆိုင်ငယ်လေးပိုင်ရှင်က ကျိုးခယ်ရှင်နှင့် သူမ စာအိတ်ထက်ရှိ နာမည်ကို ကြည့်နေ၏။ “ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးသူ” ဘယ်သူက သူ့ကိုယ်သူ နာမည် ပေးရဲတာလဲ။

ပိုင်ရှင်သည် တခဏကြာ တွေးပြီးနောက် ယင်းကား ကလောင်မိတ်ဆွေနာမည် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ဒါပေမဲ့ ဒီလို ကလောင်နာမည်နဲ့ဆိုတော့ အဲ့သူက ပညာမတက် ကြွားဝါတက်တဲ့သူ ဖြစ်ရမယ်။ ခဏလေး လိပ်စာက ဘေကျင်းတက္ကသိုလ်တဲ့လား။ ဟမ်... ဒီကလောင်နာမည်က တော်တော်လေးကို ဟာသပဲ။ အနည်းဆုံးတော့ ကမ္ဘာပေါ်မှာ အခန့်ဆုံးလူသားလို့ မပေးတာပဲ တော်သေးတာပေါ့။

ကျိုးခယ်ရှင်က စာအိတ်ထဲကို သူမစာကို ဂရုတစိုက် ထည့်လိုက်ကာ ကော်နှင့် တံဆိပ်ခေါင်းကို ကပ်ကာ အိတ်ပိတ်လိုက်သည်။ သူမက ဂရုတစိုက် ကော်ခြောက်အောင် မှုတ်ကာ မခေါက်စေရန် သူ့လက်ဖြင့် ဖြန့်လိုက်သည်။ သူမသည် စိတ်ကျေနပ်စွာဖြင့် စာတိုက်ပုံးထဲကို ထည့်လိုက်သည်။ သူမစာကို စာပို့သမားက ဘေကျင်းတက္ကသိုလ်ကို အရေရာက်ပို့ပြီး ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံး လူသားလက်ထဲပို့မှာကို မစောင့်နိုင်တော့ပေ။

......

All Chapters