အခန်း (၄၃၆)
Vol. 30 Ch. 436
“အ... ဒီ အရှက်မရှိတဲ့ သူက ဘယ်သူလို့ ထင်လဲ။ သူ့ကိုယ်သူ “ကမ္ဘာပေါ်မှာ ဒုတိယ အခန့်ဆုံး လူသားတဲ့။”
“ဟုတ်တယ်။ ဒါက စနောက်တဲ့ စာဒါမှမဟုတ်ရင် မှားပြီးပို့တာပဲ ဖြစ်နိုင်တယ်မလား"
“မဖြစ်နိုင်ဘူး။ ဒီလက်ရေးက သေချာပေါက် မိန်းကလေး လက်ရေးပဲ။ မိန်းကလေးတွေက တခြားသူတွေကို စနောက်ပါ့မလား။ ပြီးတော့ ဒါက ဘေကျင်းတက္ကသိုလ်လေ။ လိပ်စာကလည်း မှန်တယ်”
“အဲ့တာဆို မင်းပြော ဘယ်မိန်းကလေးက သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ တတိယ အရုပ်ဆိုးဆုံးသူလို့ ခေါ်မှာလဲ။”
ဖုန်းယွီ စာသင်ခန်းထဲကို ရောက်သည့်အခါ သူသည် ထျန်လေ့နှင့် ကျန်သည့် သူများ၏ စကားဝိုင်းကို ကြားလိုက်ရသည်။ ဒီစာက တကယ်ပဲ စနောက်တာတဲ့လား။ ဖုန်းယွီက ရယ်ချင်သွားတော့သည်။ သို့သော် ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးလူဟု ကြားသည့်အခါ သူ့ကလောင်မိတ်ဆွေနာမည်ကို သတိရသွားခဲ့သည်။
“ဟွတ်ဟွတ် အတန်းခေါင်းဆောင် ဒီစာက ကျွန်တော်ကို ပို့တာ”
လူတိုင်းက ဖုန်းယွီဖက်ကို တိရစ္ဆာန်ရုံထဲမှ မျောက်တစ်ကောင်ကဲ့သို့ ကြည့်လိုက်ကြသည်။
“ဘာမှားလို့လဲ။ ကျွန်တော် အဲ့ကလောင်မိတ်ဆွေ နာမည်ကို သုံးလို့မရဘူးလား”
ဖုန်းယွီက အော်လိုက်သည်။ ဒီလူတွေက သူ့ဟာသကို တကယ်ပဲ နားမလည်ကြပဲ။
“ကလောင်မိတ်ဆွေနာမည်လား။ ဒါက မင်းရဲ့ ကလောင်မိတ်ဆွေရဲ့ ပြန်စာလား။”
ထျန်လေ့က စာကို ယမ်းပြကာ မေးလိုက်သည်။
အကယ်၍ ယင်းစာသည် သူတို့ အတန်းကို လိပ်စာ မတပ်ထားပါက ထျန်လေ့သည်လည်း ယူဆောင်လာလိမ့်မည် မဟုတ်ပေ။ သူ ယခုစာကို ရုံးခန်းထဲမှ ယူသည့်အခါက ဆရာ၏ အကြည့်ကို အမှတ်ရသွားခဲ့သည်။ ဆရာက သူ့ကို ယင်းစာသည် သူ့စာပမာ ကြည့်နေခြင်း ဖြစ်သည်။
သို့သော် ယင်းစာကို ထျန်လေ့၏ စာဟု သံသယ ရှိသည်မှာ သာမန်သာ ဖြစ်သည်။ ထျန်လေ့သည် အတန်းခေါင်းဆောင် ဖြစ်သည်။ ပြီးနောက် သူ့အတန်းရှိ စာများအကုန်ကို သူက စုဆောင်းရသည်။ ဆရာက ထျန်လေ့ ယင်းကလောင်နာမည်ကို အသုံးပြုရခြင်းမှာ အတန်းရှိ အခြားကျောင်းသားများ မြင်နိုင်မည်မဟုတ်ဟု ထင်သည့်အတွက်ကြောင့် ဖြစ်သည်။
ထျန်လေ့သည် ယင်းစာသည် ဖုန်းယွီ၏ စာဖြစ်မှန်း မည်သည့်အချိန်ကမျှ မမျှော်လင့်ထားခဲ့ပေ။ ဖုန်းယွီသည်လည်း သူ့ကလောင်မိတ်ဆွေနာမည်ကို မစဉ်းစားပေ။ သူ့အတန်းဖော်များက လက်ခံပေးထားခြင်းကြောင့် ဖြစ်သည်။
ဖုန်းယွီက ထျန်လေ့ထံမှ စာကို ဆွဲဘူလိုက်ပြီးနောက် သူ့အိတ်ကပ်ထဲကို ထည့်လိုက်သည်။
“ဘာလဲ။ မင်းတို့တွေအားလုံးမှာ အရင်က ကလောင် မိတ်ဆွေ မရှိဖူးဘူးလား။”
“ငါတို့မှာ ရှိတာပေါ့။ ဒါပေမဲ့ ဒီလို ပေါကြောင်ကြောင် ကလောင်နာမည်တော့ မရှိဘူး။ ငါတို့ကို ပြောပါဦး။ မင်းက ကမ္ဘာပေါ်မှာ ဒုတိယ အခန့်ဆုံး လူလို့ ပြောထားတာ။ ဘယ်သူက ကမ္ဘာပေါ်မှာ အခန့်ဆုံး သူလဲ။”
အခန်းဖော် လောင်ဆန် (၃)က စလိုက်သည်။
ဖုန်းယွီက သူ့ပခုံးနှစ်ဖက်ကို ပင့်လိုက်ပြီး သူ့ခေါင်းကို ၄၅ဒီဂရီ မြောက်ကာ စကားလုံး နှစ်လုံး ပြောလိုက်၏။
“ငါ့အဖေ”
သူ့ဘေးရှိ အတန်းဖော်များက “....”
“အာ... လောင်စစ် မင်းတို့ တစ်မိသားစုလုံးက ဒီလောက်အထိ ယုံကြည်မှု ရှိတာပေါ့”’
ထျန်လေ့က မထိန်းနိုင်တော့ဘဲ မေးချလိုက်တော့သည်။
ဖုန်းယွီက မျက်လုံးဝေ့လိုက်ပြီးနောက် ထောင့်တစ်ထောင့်ကို လျှောက်သွားကာ စာအိတ်ကို ဖွင့်လိုက်သည်။
“ကျန်းချန်ရဲ့ ရာသီဥတုက ပူတယ် ပြီးတော့ ခေတ်မမီဘူး။ ငါ့ရဲ့ ဘာသာစကားသင်တဲ့ဆရာ အသံက ကြက်သံနဲ့ အတော်တူတယ်။ ဆရာ စကားပြောပြီဆိုရင် အတန်းဖော်တွေ အကုန်လုံးက ရယ်ကြတာ။ ငါ့ သင်္ချာဆရာက ထိပ်ပြောင်ကြီး ပြီးတော့ တစ်ခါက သူ့ခေါင်းကို ကုပ်လိုက်တဲ့အခါ သူ့ဆံပင် အတုက ကျလာတယ်.....”
ကျိုးခယ်ရှင်၏ စာသည် သူ့ကျောင်းတွင် ဖြစ်ပျက်သမျှ ရယ်စရာ အဖြစ်အပျက်များကို ရေးသားထားခြင်း ဖြစ်သည်။ သူ စိုးရိမ်ရသည့် ကိစ္စ တစ်ခုကို ပြောပြထားသည်။ သူမက ဘေကျင်း သို့မဟုတ် ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများရှိ တက္ကသိုလ် ကြီးကြီးများကို တက်ချင်တယ်။ သို့သော် သူမိဘများက မလွှတ်ပေ။ သူတို့က ကျန်းချန်မှာ ရှိသည့် တက္ကသိုလ်ကိုသာ တက်ချင်ကြသည်။ အကယ်၍ သူမသာ တက္ကသိုလ် မတက်နိုင်ခဲ့ပါက ကုမ္ပဏီတွင် သူမ အမေ နေရာကိုသာ ယူရမည် ဖြစ်သည်။ ဖုန်းယွီက သူမကို မည်သို့ လုပ်ရမည်မှန်း မေးခြင်းဖြစ်သည်။
ဖုန်းယွီက ပြုံးလိုက်၏။ သူမ မိဘများက ဒီအတိုင်းသာ ပြောခြင်း ဖြစ်သည်။ သူမသည် ရှန်ဟိုင်းရှိ တက္ကသိုလ် တစ်ခုကို ဝင်ခွင့်ရမည် ဖြစ်ကာ သူ့မိဘများကလည်း ရှန်ဟိုင်းကို ပညာသင်ကြားရန်အတွက် အခွင့်အရေးကို ပေးမည် ဖြစ်သည်။ သူတို့သည် သူမ တက္ကသိုလ်တွင် ပညာသင်ကြားခြင်းကို မတားဆီးနိုင်ပေ။ ဒီ အရူးမလေး။ အရမ်းရိုးသားတာပဲ။
စာသင်ကြားနေဆဲ အချိန်ဖြစ်ကာ ဖုန်းယွီက ရုတ်တရက် ထရယ်လိုက်သည်။
ရှေ့ရှိ အသက်ကြီးသည့် ပါမောက္ခက ဖုန်းယွီကို စိတ်ပျက်စွာဖြင့် ကြည့်ကာ
“ကျောင်းသား။ မတ်တပ်ထ။ ငါ့သင်ခန်းစာက ရယ်စရာ ကောင်းနေတာလား။”
ဖုန်းယွီက ကြောင်နေဆဲ ဖြစ်ကာ သူ့ဘေးတွင် ထိုင်နေသည့် လောင်ဆန်က သူ့ကို ခဲတံနှင့် ပစ်လိုက်သည်။ ပါမောက္ခက သူ့ကို ပြောနေမှန်း သဘောပေါက်သွားခဲ့သည်။
“ပါမောက္ခလီ။ ကျွန်တော်ကို မေးခွန်း တစ်ခါ ပြန်ပြောပြပေးပါလား”
ဖုန်းယွီက ဘာမှမသိသည့်ပုံစံနှင့် မေးလိုက်သည်။
“ငါက မင်းကို မေးတာက ငါ့သင်ခန်းစာမှာ ရယ်စရာ ပါနေလား”
ပါမောက္ခလီက ဖြည်းဖြည်းချင်း မေးလိုက်သည်။ သူ့ပုံစံက ဖုန်းယွီ၏ အဖြေသည် ဟုတ်ပါတယ် ဟု ပြောလိမ့်မည်ဟု ထင်က။ သူက အပိုင်းပိုင်း ဆွဲဖြဲပစ်မည်ပင်။
“မပါပါဘူး။”
“မပါဘူးလား။ အဲ့တာဆို မင်းဘာကြောင့် ရယ်တာလဲ။"
ပါမောက္ခလီက ဒေါသထွက်ထွက်ဖြင့် မေးလိုက်သည်။
ဒီဖုန်းယွီက ကျောင်းကို သုတေသန စင်တာတွေ လှူဒါန်းပြီးတာပဲ စိတ်ကြိုက် လုပ်နိုင်တယ်လို့ တွေးနေတာလား။ ဒါက ဘေကျင်းတက္ကသိုလ် တရုတ်ရဲ့ ထိပ်တန်းတက္ကသိုလ်။ မရေတွက်နိုင်တဲ့ လူတွေက ဝင်ခွင့်ရဖို့အတွက် တန်းစီနေကြတာ။ သူ သေချာပေါက် စာကြိုးစားသင့်တယ်။
ထိုပါမောက္ခလီသည် ဝါရင့် ပါမောက္ခ တစ်ယောက်ဖြစ်ကာ နောက်နှစ်နှစ်အတွင်း အနားယူတော့မည် ဖြစ်သည်။ သူသည် မည်သည့် သုတေသနမှ မလုပ်သဖြင့် ဖုန်းယွီ၏ ရန်ပုံငွေကို လိုအပ်ခြင်း မရှိပေ။ သူက ဆေးလိပ်မသောက်သကဲ့သို့ အရက်လည်း မသောက်ပေ။ စာသင်ကြားမှုမှလွဲပြီး တခြားဘာမှ ဝါသနာပါခြင်း မရှိပေ။ သူသည် ဖုန်းယွီ လာဘ်မထိုးနိုင်သည့် တစ်ဦးတည်းသော ဆရာ ဖြစ်သည်။
ပါမောက္ခလီတွင် တရုတ်လက်မပါသင်တိုင်း နှစ်စုံသာရှိပုံပေါ်သည်။ သူသည် စာသင်ချိန်တိုင်းတွင် ထိုဝတ်စုံများကိုသာ ဝတ်ဆင်၏။ သူ့ဆံပင်ကို အမြဲဖီးထားသည်။ ပြီးနောက် သူ့သားရေ ရှူးဖိနပ်သည်လည်း အမြဲတမ်း တောက်ပနေပေ၏။ သူ့ဘောင်းဘီတွင် အတွန့်ကြောင်း တစ်ကြောင်းမှ မတွေ့ရပေ။ ဖုန်းယွီက ပါမောက္ခလီသည် ကဗျာသမား တစ်ယောက် ဖြစ်သည်ဟု ကြားဖူးပြီး သူ့ကို ကဗျာ စာအုပ်များကို ပေးဖူးသည်။ သို့သော် ထိုစာအုပ်များသည် ဖုန်းယွီဆီကို ပြန်ပေးခဲ့သည်။
ဖုန်းယွီသည် ပါမောက္ခလီ၏ သင်ကြားရေးနည်းလမ်းကို သိပေသည်။ သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်ကာ သူ့အမှား ဖြစ်ကြောင်း ဝန်ခံလိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ် ပါမောက္ခလီ”
“ထိုင် မင်းမိဘတွေက ဘေကျင်းတက္ကသိုလ်ကို ပို့တယ်ဆိုတာက ပညာသင်ကြားဖို့အတွက်။ ဒါက ငါတို့ နိုင်ငံရဲ့ တောက်ပတဲ့ အနာဂတ်အတွက် မင်းတို့တွေ အကုန်လုံးကို ကြိုတင် ပြင်ဆင်ပေးနေတာပဲ။ မင်းတို့တွေ ကျောင်းမှာ ကောင်းကောင်း မနေရင် မင်းမိဘနဲ့ ငါတို့ တိုင်းပြည်ကို အဖြေ ဘယ်လို ပြန်ပေးရမှာလဲ။”
ပါမောက္ခလီက ဖုန်းယွီကို ဆူသည့်အခါ သူသည်လည်း ကျန်သည့် ကျောင်းသားများကို ဆုံးမစကားပေးရန်အတွက် အခွင့်အရေးကို ရသွားခဲ့သည်။ သူသည် သင်ပုန်းဖက် ပြန်လှည့်သွားကာ တစ်ခုခုကို စတင်ရေးကာ စာဆက်သင်၏။
ဖုန်းယွီက ပါမောက္ခလီ သူ့ကို မကြည့်တော့မှန်း မြင်ပြီးနောက် သူက စာရွက်ထပ်လိုက်ကို ယူကာ သူပြန်စာကို ရေးသားတော့သည်။
ကျိုးခယ်ရှန်မည်သို့သော် ဟာသမျိုးကို နှစ်သက်မှန်း ဖုန်းယွီ နားလည်ပေ၏။ သူသည် အရင်ဘဝက အင်တာနက်ပေါ်ရှိ ဟာသအချို့နှင့် မိတ်ဆက်စကားကို ရေးလိုက်သည်။ သူရေးပြီးနောက် သူသည် စာကို ဂရုတစိုက်ခေါက်ကာ သူအရင်က ပြင်ဆင်ထားသည့် စာအိတ်ထဲကို ထည့်လိုက်သည်။
.....
ကျိုးခယ်ရှန်က ယခုရက်များတွင် သူမည်သည့်အတွက်ကြောင့် စာမရသည်ကို စဉ်းစားနေပေ၏။ စာပို့ ဝန်ဆောင်မှုသည် အလွန်နှေးသည်လော။ သို့မဟုတ် ကမ္ဘာပေါ်တွင် ဒုတိယ အခန့်ဆုံးသူသည် သူ့ဆီ မည်သည့် ပြန်စာမှ မပို့တော့သည်လော။
သူမသည် ဧည့်သည်ရုံး၏ ပြတင်းပေါက်တွင် အမြဲတမ်း လမ်းလျှောက်ပေသည်။ သူမ ရှာကို ရှာသည့်အခါတိုင်း မည်သည့်အခါမျှ စိတ်ပျက်သွားခြင်း မရှိပေ။
နောက်ဆုံးတွင် သူမနာမည်ကို ပို့လာသည့် စာတစ်စောင့် ရောက်လာခဲ့သည်။ သူမခံစားရသည့် ခံစားမှုသည် ငယ်ငယ်က အမေ ပေးခဲ့သည့် အင်္ကျီလက်ဆောင် ရသည့် ပုံစံမျိုး ဖြစ်သည်။
သူမက ချက်ခြင်းပင် ရုံးခန်းကို ပြေးသွားကာ စာကို သွားယူတော့သည်။
စာသင်နေစဉ် အချိန်တွင် သူမက စာကို ချက်ခြင်းမဖွင့်ရန်အတွက် အတက်နိုင်ဆုံး အောင့်အီးထားသည်။ သူမက ကျောင်းမှ အိမ် ပြန်ရောက်ပြီးမှ ဖတ်ရန် စိတ်ကို ထိန်းထားသည်။ ညစာစားပြီးနောက် သူမ၏ အကြိုက်ဆုံး တီဗွီအစီအစဉ်ကိုတောင် မကြည့်ဘဲ သူ့မအခန်းထဲကို ပြန်သွားတော့သည်။ သူမအမေကို အိမ်စာလုပ်ရန် ရှိသည်ဟု ပြောခြင်း ဖြစ်သည်။
ကျိုးခယ်ရှင်သည် တံခါးကို သော့ခတ်ပြီးနောက် သူမအိတ်ထဲမှ စာကို ထုတ်လိုက်သည်။ သူမ အတော်ကို စိတ်လှုပ်ရှားနေ၏။ စာအိတ်ဖွင့်လိုက်လျှင် စာပြဲသွားမည်ကိုပင် စိုးရိမ်နေသည်။ သူမ၏ မျက်ရည်များ ပြုတ်ကျလု မတက်ပင်။ သူမက ဂရုတစိုက်ဖြင့် စာကို ဖွင့်ကာ စာကြည့်မီးအောက်တွင် စဖတ်တော့သည်။
စာထဲတွင် ဟာသ နျစ်ခုကို ရေးထားသည်။ သူမလက်ချောင်းကို ကိုက်ကာ မရယ်မိအောင် ထိန်းထားရသည်။ သူမမိဘများ သိသွားမည်ကို စိုးရွံ့၏။ သူမ မိဘများသည် ကလောင်မိတ်ဆွေကို လုံးဝ မသိရပေ။
စာသည် အလွန်တိုပေ၏။ စာလုံး ရာဂဏန်းသာ ရှိသည်။ သူမအိပ်ရာအောက်ရှိ သေတ္တာလေးထဲကို မထည့်ခင် နှစ်ခါ ဖတ်လိုက်သည်။ သေတ္တာထဲတွင် ပထမ စာတစ်စောင် ရှိသည်။
သူမက ပြန်စာရေးရန်အတွက် အခွင့်အရေး ရခဲ့သည်။ ကျောင်းရှိ စာစီစာကုံးများထက် ပြန်စာရေးရခြင်းက ပိုလွယ်ကူပုံပေါ်သည်။ မိနစ်သုံးဆယ်အတွင်း သူမ နှစ်မျက်နှာ ရေးပြီးသွားပြီ ဖြစ်သည်။
ပြင်ဆင်မှု အချို့ ပြုလုပ်ပြီး စာရွက်အသစ်တွင် လက်ရေးလှလှ ရေးပြီးနောက် သူမ ပြင်ဆင်ထားသည့် စာအိတ်ထဲကို ထည့်လိုက်သည်။ မနက်ဖြန် မနက် ကျောင်းသွားသည့်လမ်းတွင် စာတိုက်ပုံးတွင် ထည့်ခဲ့မည် ဖြစ်သည်။
အရာအားလုံးကို အဆုံးသတ်ပြီးနောက် သူမက နံရံရှိ နာရီကို ကြည့်လိုက်သည်။ သူမသည် အိမ်စာ စမလုပ်ထရသေးပေ။ သူမသည် တံခါးနားကို သွားကာ သော့ကို တိတ်တဆိတ် ပြန်ဖွင့်လိုက်သည်။ ပြီးနောက်မှ အိမ်စာ စလုပ်သည်။
ကျိုးခယ်ရှင်၏ အမေသည် အိမ်တော့မည် ဖြစ်သည်။ ပြီးနောက် သူမ သမီးကို စစ်ဆေးချင်သ်ည။ သူမ သမီး ကြိုးစားနေသည်ကို တွေ့သည့်အခါ ဝမ်းသာသွားသည်။
“သမီး စာလုပ်နေတုန်းလား။ စောစော အိပ်နော်။ မနက်ကျ ကျောင်းရှိသေးတယ်”
“ဟုတ်ကဲ့ အမေ။ အမေ အရင် အိပ်နှင့်။ သမီးလည်း ပြီးတော့မှာ”
ကျိုးခယ်ရှန်က သူမ အမေ တံခါး ပိတ်သည်ကို မြင်လိုက်ပြီးနောက် သူမလျှာကိုက်ကာ အိမ်စာ ဆက်လုပ်နေတော့၏။ သူမသည် ပျော်ရွှင်နေ၏။
ဘာသာပြန်မှတ်စု ကျန်းချန်၏ တရုတ်အဓိပ္ပာယ်သည် မြစ်မြို့တော် ဖြစ်သည်။ ယန်ကျန်း ကွမ်တုံး ပြည်နယ်တွင် ရှိသည်။
ဖုန်းယွီ၏ ဘဝတွင် တတိယ အမျိုးသမီးသည် ပေါ်လာပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူ့အရင်ဘဝက မိန်းမကို ဖုန်းယွီ မမေ့နိုင်သေးဘူး။ ဒါပေမဲ့ လီနအတွက် မမျှတဘူး။ လီနကို ပထမဆုံး နေရာမှာ မထားသင့်ဘူး။ အယ်လီနက သူ့ဘဝ ပိုကောင်းဖို့အတွက် ဖုန်းယွီကို အသုံးချခဲ့ရုံပဲ။ သင်ဆိုရင်ကော ဘယ်တစ်ယောက်ကို ရွေးချယ်မလဲ။ လီန၊ အယ်လီနာ၊ ကျိုးခယ်ရှန် ဒါမှမဟုတ် သူတို့ အကုန်လုံးလား။