ခိုးကူးဗွီစီဒီ ပေါ်ပေါက်လာခြင်း
Vol. 30 Ch. 437
အောက်တိုဘာ လကုန်တွင် ဖြစ်သည်။ ဖုန်းယွီသည် နှစ်သစ်ကူး ဆုပေးပွဲအတွက် ကြိုတင် ပြင်ဆင်နေစဉ် ကျန်းဝမ်မန်ထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံ ရရှိခဲ့သည်။ ဈေးကွက်ထဲတွင် ခိုးကူးဗွီစီဒီများ ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။
ဗွီစီဒီနည်းပညာသည် ခက်ခဲခြင်းမျိုး မရှိပေ။ စီဒီကို ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ဗွီစီဒီနည်းပညာကို မြန်မြန်ဆန်ဆန်နှင့် အမှီလိုက်နိုင်ပေ၏။ သူတို့သည် ဗွီစီဒီကို ထုတ်လုပ်နိုင်ပေသည်။ ဗွီစီဒီ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ၁ယွမ်မျှသာ ဖြစ်သည်။ ရုပ်ရှင် တစ်ခုတွင် အေနှင့် ဘီ ဗွီစီဒီခွေ ထည့်နိုင်ပေသည်။ အကယ်၍ ထုတ်လုပ်မှု စရိတ်နှင့် သယ်ယူပို့ဆောင်မှုပါ ထည့်တွက်ပါက ၃ယွမ်ထက် နည်းပေသည်။
မူရင်းဗွီစီဒီ၏ ဈေးနှုန်းကို လေနှင့်မိုး အမှတ်တံဆိပ်က သတ်မှတ်ထားခြင်း ဖြစ်သည်။ ရောင်းချငွေသည် ၁၀ယွမ်မှ ယွမ် ၃၀ထိ ဖြစ်သည်။ ရုပ်ရှင် သို့မဟုတ် သီချင်းဟောင်းများသည် ယွမ် ၁၀ ဖြစ်ကာ သီချင်းအယ်ဘမ်အသစ်နှင့် ရုပ်ရှင် အသစ်များသည် ယွမ် ၃၀ ဖြစ်ကြပေသည်။ ယွမ် ၃၀ ဈေးနှုန်းသည်လည်း အချိန်ကြာလာသည်နှင့်အမျှ ဈေး နည်းလာပေသည်။
ယွမ် ၁၀ သို့မဟုတ် ယွမ် ၃၀ မည်သို့ပင် ဖြစ်စေ။ အကျိုးအမြတ် အကုန်လုံးသည် အတူတူပင် ြဖစ်သည်။ ဖုန်းယွီသည် အခြားသူများ ဈေးကွက်ကို ဝင်လာခြင်းမရှိဘဲ အသုံးပြုမှု မြန်လာစေရန် နည်းလမ်းကို စဉ်းစားနေ၏။
ပြီးနောက် လေနှင့်မိုး အမှတ်တံဆိပ် နှင့် အိုက်ဝတို့သည် ဗွီစီဒီများကို ထုတ်လုပ်နေပေသည်။ ဗွီစီဒီခွေများကို ဗွီစီဒီစက် ဖြန့်ချီရောင်းချသူများ ဆိုင်တွင် ရောင်းချပေသည်။ ဗွီစီဒီစက် ဝယ်သူများအနေဖြင့် ဗွီစီဒီခွေ ဝယ်ရန် လိုအပ်ပေ၏။
ဖုန်းယွီသည် အခြားကုမ္ပဏီများ ဗွီစီဒီစက် တုပခြင်းမျိုး မပြုလုပ်ရန်အတွက် ကြိုတင်ကာကွယ်ပြီး ဖြစ်သော်ငြား ခိုးကူး ဗွီစီဒီများ ပေါ်ပေါက်လာမှုနှင့် ပတ်သက်ပြီး မည်သည့် ကြိုတင်ကာကွယ်မှုကိုမျှ မလုပ်ခဲ့ပေ။ ထို ၅ယွမ်တန် ခိုးကူး ဗွီစီဒီများသည် မူရင်းနှင့် ကွာခြားမှု သိပ်မရှိပေ။
ဗွီဒီယို ရုံငယ်များသည် ကြည့်ရှုသူများအပေါ် ကောက်ခံသည့် ငွေကြေးကို နည်းနိုင်သမျှ နည်းအောင် လျော့ချချင်ပေသည်။ သူသည် ခိုးကူး ဗွီစီဒီများကို ထောက်ခံသည့် သူများ ဖြစ်ကြပေသည်။
ဖုန်းယွီက သူ့ဝန်ထမ်းများကို ဗွီဒီယိုရုံများတွင် ဗွီစီဒီများကို ကြော်ငြာရန်အတွက် တာဝန်ပေးထားကာ ထိုလူငယ်များက ဗွီဒီယိုရုံ စီးပွားရေးသမားများကို သူတို့ အတွက် စီးပွားရေး အခွင့်အရေး ဖြစ်စေကြောင်းကို သတိပြုမိစေရမည် ဖြစ်သည်။
ဖုန်းယွီသည် သီချင်းနှင့် ရုပ်ရှင် ခွေဆိုင်များကို သွားကာ ယခု ပြဿနာသည် မည်မျှ ကြီးမားကြောင်း သိချင်နေ၏။
“ကမ္ဘာကြီးက အလျင်စလိုနဲ့ ရွေ့လားနေတယ်။ ခရီးသွားတွေ။ ဒီရေလည်း တက်လိုက်ကျလိုက်.... အချစ်နဲ့အမုန်း ရှင်ခြင်းနဲ့ သေခြင်း အသက်ကြီးတဲ့သူတွေ ဘယ်လောက်တောင် ကျော်ဖြတ်ပြီးပဲလဲ။ သူလို ငါလို ကမ္ဘာကြီးက ရွေ့လျားနေ.......”
သီချင်းနှင့် ရုပ်ရှင်ခွေဆိုင်တွင် Sally Yeh ရဲ့ သီချင်းကို ဖွင့်ထားသည်။ ထိုသီချင်းသည် Sally Yehကို အအောင်မြင်ဆုံး အဆိုတော် ဖြစ်အောင် လုပ်ပေးခဲ့သည့် သီချင်းပင် ဖြစ်သည်။
ဖုန်းယွီက လူများစွာ ဆိုင်ထဲမှ ဝင်ထွက်နေကြသည်ကို မြင်နေရသည်။ လူအများစုသည် ကပ်ဆပ်ခွေများကို ဝယ်နေကြသည်။ အချို့သော သူများသာ စီဒီ သို့မဟုတ် ဗွီစီဒီခွေများကို ကိုင်လျက် ထွက်လာကြသည်။
သီချင်းနှင့် ဗွီဒီယို တိပ်ခွေများကို အစားထိုးရန်အတွက် နှစ်ပေါင်း အနည်းငယ် စောင့်ရမည့်ပုံပေါ်၏။
“မင်းဘာရှာနေတာလဲ။ လာကြည့်လေ။ တကယ်လို့ မင်းရှာနေတာ မတွေ့ဘူးဆိုရင် ငါ ကူညီနိုင်တယ်။ ငါတို့ဆိုင်မှာ အကုန်လုံး ရှိတယ်။ ငါတို့ဆိုင်က မင်းလိုချင်တာ အခုမရှိဘူးဆိုရင်တောင် မင်းကို ရဖို့ ကူညီပေးနိုင်တယ်။”
ဆိုင်ပိုင်ရှင်က ဖုန်းယွီ သူ့ဆိုင်ထဲ လမ်းလျှောက်လာသည်ကို မြင်သောအခါ ဧည့်ခံလိုက်သည်။ ထို ပုဂ္ဂလိက ဆိုင်များသည် အစိုးရဖွင့်သည့် ဆိုင်များထက် ပိုပြီး ဆက်ဆံရေး ကောင်းပေ၏။
“ဗွီစီဒီတွေက ဘယ်မှာလဲ။”
“စင်ပေါ်မှာ။ ဒီ တစ်ဖက်က သီချင်းတွေ ချည်းပဲ။ ပြီးတော့ နောက်တစ်ခြမ်းက ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေ။”
ဒီလူငယ်လေးက ဗွီစီဒီခွေတွေကို ရှာနေတာ။ သူ့အိမ်မှာ ဗွီစီဒီ စက်ရှိတဲ့ အဓိပ္ပာယ်ပဲ။ ဒီ ဗွီစီဒီတွေက သာမန် ကတ်ဆပ်ခွေတွေထက် ပိုပြီးတော့ ဈေးကြီးတယ်။ ဆိုင်ပိုင်ရှင် အနေဖြင့် ပိုရနိုင်ပေသည်။ အထူးသဖြင့် ဗွီစီဒီအပေါ် သူကုန်ကျငွေသည် အနည်းငယ်သာ ရှိသည်။
ဖုန်းယွီသည် စင်ပေါ်ရှိ ဗွီစီဒီခွေများကို ကြည့်လိုက်သည်။ အချို့ ဗွီစီဒီများသ်ည အဆိုတော်များ၏ ဂီတ ဖျော်ဖြေပွဲများ ဖြစ်ကြသည်။ အချို့မှာ သီချင်းများ ရောထားခြင်း ဖြစ်သည်။ ဖုန်းယွီသည် ထိုအရများသည် စတူရီယို နှင့် မည်သည့် ခွေများသည် ခိုးကူးခွေများ ဖြစ်မှန်း မသိပေ။
သို့သော် တရုတ်နှင့် ကန်တိုနီ သီချင်းပါသည့် ဗွီစီဒီခွေကို တွေ့သည့်အခါ ချက်ခြင်းပင် ထိုခွေသည် ခိုးကူးခွေမှန်း သိသွားသည်။ ထိုတေးသံသွင် ကုမ္ပဏီများသည် ဘာသာစကား နှစ်ခုပါသည့် သီချင်းများကို ထုတ်လုပ်ခြင်း မရှိပေ။ မိုက်ကယ်ဂျက်ဆင်၏ ခွေတွေ့သည့်အခါ ယင်းခွေသည် ခိုးကူးခွေ ဖြစ်မှန်း အတပ် ပြောနိုင်ပေ၏။
မိုက်ကယ်ဂျက်ဆင်သည် ဆိုနီနှင့် လက်မှတ်ထိုးထားကာ ဆိုနီက ဖုန်းယွီကို မူပိုင်ခွင့် ရောင်းချပေးမည်လော။ အကယ်၍ အခြားကုမ္ပဏီ နာမည်ကို အဖုံးတွင် ထိုးထားပါက ဖြစ်ကောင်း ဖြစ်နိုင်ပေသေးသည်။ သို့သော် လေနှင့်မိုး အမှတ်တံဆိပ်ကို ထိုးထားသည်။ ယင်းက လုံးဝ မဖြစ်နိုင်ပေ။
ထိုခေတ်က ခိုးကူးဗွီစီဒီ အခွေများသည် အနာဂတ် နှစ်များကကဲသို့ ဖြစ်ကတက်ဆန်း မဟုတ်ပေ။ ထုတ်ပိုးမှုနှင့် အရည်အသွေးကအစ မူရင်းနှင့် အတူတူပင် ဖြစ်သည်။ ဆိုင်တစ်ဆိုင်သည် ခိုးကူးဗွီစီဒီများကို ရောင်းကတည်းက ထိုဆိုင်သည် မူရင်းခွေကို ဘယ်တော့မှ ရောင်းတော့မည် မဟုတ်ပေ။ အကြောင်းမှာ ခိုးကူးဗွီစီဒီမှ ရောင်းချသည့် ခွေများမှ အကျိုးအမြတ်သည် မူရင်းခွေများထက် ပိုသည့်အတွက် ဖြစ်သည်။
ဖုန်းယွီသည် တခြားတဖက်ကို သွားကာ ရုပ်ရှင် ဗွီစီဒီ အခွေများကို ကြည့်လိုက်သည်။ တရုတ်၊ ဟောင်ကောင်း၊ ထိုင်ဝမ်နှင့် အမေရိကန် ရုပ်ရှင် ဇာတ်ကားများ ဖြစ်သည်။ အချို့မှာ ဂန္ဓဝင်ကားများ ဖြစ်ကြပေသည်။ ထို ဗွီစီဒီ အခွေများကို ကောင်းကောင်းမွန်မွန် ထုတ်ပိုးထားကာ တစ်ယောက်မှ ယင်းခွေသည် ခိုးကူး သို့မဟုတ် မူရင်းခွေဟု ပြောနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် ဖုန်းယွီသည် ဗွီစီဒီများနှင့် ပတ်သက်ပြီး တခုခု အမှားအယွင်း ရှိလိမ့်မည်ကိုတော့ သိသည်။ ငါ လေဆာအမှတ်ကို အသုံးပြုရမလား။ ဒါပေမဲ့ အဲ့တာလည်း အတု ပြန်လုပ်လို့ရတယ်။ ပြီးတော့ ဒီကုမ္ပဏီ အကုန်လုံးက သူတို့ ခွေတွေထဲမှာ လေဆာ နည်းပညာတွေ သုံးပြီးတော့ သွင်းထားတာ။
“ညီကို ရွေးလို့ပြီးပြီလား”
ဆိုင်ပိုင်ရှင်က လမ်းလျှောက်လာကာ မေးလိုက်သည်။ အမျိုးသမီး တစ်ယောက်က ဝင်ပေါက်တွင် ထိုင်နေသည်။ သူမက ဆိုင်ပိုင်ရှင်၏ မိန်းမ ဖြစ်နိုင်ပေသည်။
“ဒီ နှစ်ခွေ ဘယ်လောက်ကျလဲ”
“တစ်ခုကို ၁၈ယွမ်။ နှစ်ခုယူမယ်ဆိုတော့ ၃၅ယွမ်ပဲ ပေး”
ဖုန်းယွီက ခက်ခဲသည့် အမူအရာဖြင့်
“ဈေးလျော့ပေးနိုင်ဦးမလား”
“ဟူး... ကုန်ကျစရိတ်က တော်တော်များတယ်။ ဒါပေမဲ့ မင်းက ဒီလောက် စိတ်ဝင်စားတယ်ဆိုမှတော့ မင်းကို ၂ယွမ် လျော့ပေးမယ်။ ဒီဗွီစီဒီ နှစ်ချပ်ကို ၃၃ယွမ်ပဲပေး။ ဒါက ငါ အနည်းဆုံး ပေးနိုင်တဲ့ ပမာဏနော်။”
ဆိုင်ပိုင်ရှင်က ပြန်ပြောလိုက်သည်။
“ကျွန်တော်ကို အရူးလာမလုပ်နဲ့။ တခြားဆိုင်က ဗွီစီဒီ တစ်ခွေကို ၁၀ယွမ်နဲ့ ရောင်းတယ်ဆိုတာကို ငါကြားခဲ့တယ်”
“ငါ့ရဲ့ ခွေတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ကြည့်ပါဦး ဒါတွေ အကုန်လုံးက မူရင်းတွေချည်းပဲ။ ရုပ်သံနဲ့ ရုပ်ထွက် အရည်အသွေးက သူတို့တွေထက်ကို ကောင်းတယ်။ ကောင်းပြီ။ နှစ်ခွေအတွက် ယွမ် ၃၀ ဒါက ငါ့ရဲ့ နောက်ဆုံးဈေးပဲ”
“ကောင်းပြီလေ အဲ့တာဆို နှစ်ချပ်ယူမယ်”
ဖုန်းယွီသည် အိမ်ကို ပြန်ရောက်ပြီးနောက် တစ်ခွေကို ဗွီစီဒီ ခွေစက်ထဲတွင် ထည့်လိုက်သည်။ သူမျက်မှောင်ကျုံ့သွား၏။
ရုပ်သံနှင့် အသံအရည်အသွေးသည် အလွန်ကြည်လင်၏။ ထိုရုပ်ရှင်သည် ဖုန်းယွီ မူပိုင်ခွင့် မရခဲ့သည့် ရုပ်ရှင် တစ်ကား ဖြစ်သည်။ အကယ်၍ ဆိုနီသာ သူတို့ကိုယ်တိုင် ထုပ်လုပ်ပါက။ အဆင်ပြေသေးသည်။ဆိုနီအတွက် တရုတ်ကို တင်ပို့ရန်အတွက် ဗွီစီဒီ အမြောက်အများ ထုတ်လုပ်ရန်ကား ခက်ခဲပေသည်။ အကယ်၍ ဆိုနီသာ ထိုသို့ လုပ်ပါက ဗွီစီဒီစက် ရောင်းအားသည် အဆများစွာ တိုးလာမည် ဖြစ်သည်။
သို့သော် ယင်းခွေသည် လေနှင့်မိုး အမှတ်တံဆိပ် ခိုးကူးခွေ ဖြစ်နေသည်။
ဖုန်းယွီသည် ဖူကွမ်းကျန်းကို ဖုန်းခေါ်ပြီး ယခုအကြောင်းကို ပြောပြသည်။
“အစ်ကိုဖုန်း ငါတို့တွေက သူတို့ကို လျစ်လျူရှုလိုက်လို့ မရဘူးလား။ ငါတို့ ဗွီစီဒီရောင်းအားကလည်း ကောင်းနေတာပဲ။ ပြီးတော့ ဈေးကွက်ထဲမှာလည်း ဗွီစီဒီတွေ ရှိနေပြီ။ ငါတို့ ဗွီစီဒီစက် ရောင်းအား ကောင်းတာပေါ့။ဗွီစီဒီစက်တွေက တီဗွီလို ဖြစ်သွားတဲ့အခါ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်း ဖြစ်လာတော့မှာ။ ထပ်ပြောရမယ်ဆိုရင် ငါတို့တွေမှာ သီချင်းအများကြီးနဲ့ ရုပ်ရှင် အများကြီး ဝယ်ဖို့အတွက် မူပိုင်ခွင့် မရှီဘူး။ အဲ့ဝယ်ယူတွေက ဒီကားတွေကို ကြည့်ချင်တယ်ဆို ဘယ်လို လုပ်မလဲ။”
“အဲ့တာဆိုရင် ကျွန်တော်တို့က ဒီအတိုင်း ဆက်ထားလိုက်ရမှာလား”
ဖုန်းယွီက မေးလိုက်သည်။ လွန်ခဲ့သည့် လကမှ သူသည် နတ်ဆိုးလေး ဂိမ်းစက် ထုတ်လုပ်မှု ရပ်တန့်ပြီးမှ ဟူကောကို ခိုးကူးဂိမ်းခွေ ထုတ်လုပ်မှု ရပ်ရန် ပြောခဲ့သည်။
“အဲ့တာတွေ အကုန်လုံးက ခိုးကူးဗွီစီဒီတွေနော်။ ကျွန်တော်တို့ရဲ့ အကျိုးအမြတ်ကို ထိခိုက်နိုင်တယ်။ အချို့ ဗွီစီဒီခွေတွေဆို ကျွန်တော်တို့ထက် ဈေးတင်ရောင်းထားတာ သိလား။ သူတို့တွေက ကျွန်တော်တို့ အမှတ်တံဆိပ်ကို အသုံးပြုပြီးတော့ ခိုးကူးထားတာ။ ကျွန်တော်တို့ အမှတ်တံဆိပ် တန်ဖိုးကို ကျဆင်းစေတယ်။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ခိုးကူးခွေ ထုတ်လုပ်တဲ့ လူပါလို့ တရားစွဲရင် ဘယ်လို လုပ်မလဲ။”
ဖူကွမ်းကျန်းက ထိတ်လန့်သွားကာ
“အဲ့တာတွေ အကုန်လုံးရဲ့ နောက်ကွယ်မှာ ကုမ္ပဏီကြီး တခု ရှိတယ်လို့ ပြောချင်တာလား”
“ကျွန်တော် ဆိုနီ ရုပ်ရှင်တွေနဲ့ သီချင်းခွေတွေ အများကြီး တွေ့ခဲ့တယ်။ ဒါက အရမ်းရိုးလိမ့်မယ်လို့ မထင်ဘူး”
ဖုန်းယွီက ထိုခွေများအတွက် ဆိုနီကို သံသယ ရှိနေသည်။ ဆိုနီက သူတို့ကို မူပိုင်ခွင့် ခိုးယူသည်ဟု စွပ်စွဲသည့်အခါ စင်ပေါ်မှ ခွေများအားလုံးကို စစ်ဆေးရန်အတွက် သိမ်းယူမည် ဖြစ်သည်။ ယင်းက ဗွီစီဒီ ဈေးကွက်အပေါ် သက်ရောက်မှု ရှိပေ၏။
ဖုန်းယွီသည် သူ့အဆက်အသွယ်များကကို ဖုန်းစတင်ခေါ်တော့သည်။ မည်သူက လေနှင့်မိုး အမှတ်တံဆိပ်အောက်တွင် ခိုးကူးခွေများ ထုတ်လုပ်နေသည်ကို သိချင်၏။