စုန့်မျိုးရိုး နာမည်နဲ့ လူတစ်ယောက်
Vol. 30 Ch. 438
ထို စုံစမ်းမှု၏ ရလဒ်က ဖုန်းယွီကို အလွန်ပင် ဒေါသထွက်စေသည်။
မြို့တော်များတွင် မူရင်းခွေများထက် ခိုးကူးခွေများသည် ပိုပြီး များနေခြင်းပင် ဖြစ်သည်။ စက်ရံဒ သေးသေးလေး အများစုသည် သာမန် ခိုးကူးဗွီစီဒီခွေများကိုသာ ထုတ်လုပ်နေခြင်း မဟုတ်ပေ။ သူတို့သည် ဥရောပ၊ ဂျပန်နှင့် ဟောင်ကောင် လူကြီးကြည့်ခွေများကိုပါ ထုတ်လုပ်နေသည်။
ထိုဇာတ်ကားများကို ရောင်းချခြင်းက တရားမဝင်ပေ။ လေနှင့်မိုး အမှတ်တံဆိပ်ကို အဖုံးပေါ်တွင်သာ ရိုက်နှိပ်ထားသေးသည်။ ဖုန်းယွီက ယင်းအချက်ကိုတော့ လက်မခံနိုင်ပေ။
သို့သော် ဖုန်းယွီသည် ထို အလုပ်ရုံငယ်လေးများနှင့် စက်ရုံများကို တိုက်ခိုက်ခြင်းက အသုံးမဝင်မှန်း ဖုန်းယွီသိသည်။ အကယ်၍ ထိုစက်ရုံများ ပိတ်သိမ်းသွားလျှင်တောင် မရေတွက်နိုင်သော အလုပ်ရုံငယ်လေးများ ပေါ်လာဦးမည် ဖြစ်သည်။ သူ့အနေဖြင့် ထိုခိုးကူးခွေများ၏ အဓိက ပစ်မှတ်ကို တိုက်ခိုက်ရမည် ဖြစ်သည်။ သူသည် ထိုခိုးကူးခွေများ၏ အဓိက ပစ်မှတ်ကို ရှာဖွေရမည် ဖြစ်သည်။
ဖုန်းယွီက ဟူကောကို သွားရှာခဲ့သည်။ ထိုကောင်စုတ်လေးသည် ခိုးကူးဂိမ်းခွေများကို ပြုလုပ်သည့် ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်ထားသည်။ ဖုန်းယွီ သူ့ကုမ္ပဏီကို စုံစမ်းပြီးနောက် သူသည် ခိုးကူးဂိမ်းခွေပြုလုပ်ခြင်းမှ ရပ်နားကာ သူ့ကိုယ်ပိုင် မူရင်းခွေများကို ထုတ်လုပ်သည့်ဖက်ကို ပြောင်းလိုက်ပြီ ဖြစ်သည်။ သို့သော် ဖုန်းယွီသည် ဟူကော ဝန်ထမ်းများကို အများကြီး အထင်ကြီးခဲ့မိသည်။ ဖုန်းယွီ ကစားသည့် ဂိမ်းသည် လွန်ခဲ့သည့် ဘဝက သူကစားခဲ့ဖူးသည်နှင့် အဆများစွာ ကွဲပြားနေလေ၏။ ဂရပ်ဖစ်နှင့် ဒီဇိုင်းက အလွန်ပင် ဆိုးရွားသည်။ အကယ်၍ ယခုဂိမ်းကိုသာ ဈေးကွက်ထဲကို မိတ်ဆက်ပါက သူတို့ နာမည်သည်လည်း အဆုံးသတ်သွားလိမ့်မည် ဖြစ်သည်။
ဂိမ်းဖန်တီးမှုသည် ဖုန်းယွီ ထင်ထားသလောက် လွယ်ကူခြင်းမျိုး မဟုတ်ပေ။
ဖုန်းယွီသည် ခိုးကူးစီးပွားရေး လုပ်ငန်းရှင် အများအပြားကို သိသည်။ သူက စုံစမ်းကြည့်သည့်အခါ ထိုအဖြစ်အပျက်များ၏ နောက်ကွယ်တွင် အဖွဲ့ တခု ရှိနေသည်ကို သိရှိသွားခဲ့သည်။ သူတို့သည် ခိုးကူးဗွီစီဒီခွေများကို ထုတ်လုပ်သည်သာမက သူတို့သည် ခိုးကူးစီဒီခွေ၊ ခိုးကူးဗွီဒီယိုခွေ၊ ခိုးကူးဂိမ်းခွေများကိုပါ ထုတ်လုပ်သည်ပင်။
အကြမ်းဖျင်း တွက်ချက်မှုအရ ထို ခိုးကူးပစ္စည်းမျာ၏ ရောင်းအားသည် မူရင်းခွေများရောင်းအားထက် အဆများစွာ ပိုပေသည်။
ထိုဗွီစီဒီများတွင် လေနှင့်မိုး အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားသည်သာမက အခြားသော ခိုးကူးခွေများ၊ ကပ်ဆက်ခွေများနှင့် ဂိမ်းခွေများကိုလည်း လေနှင့်မိုး အမှတ်တံဆိပ်ကို ရိုက်နှိပ်ထားပေသည်။ ဖုန်းယွီ၏ ကုမ္ပဏီများသည် ထိုထုတ်ကုန်များကိုတောင် ထုတ်လုပ်ခြင်း မရှိပေ။
ယင်းက သူ့နှင့် သူ့ကုမ္ပဏီကို ပူးပေါင်းကြံစည် ပစ်မှတ်ထားခြင်း ဖြစ်သည်။
ဝယ်ယူသူများက ထိုကုမ္ပဏီများက လေနှင့်မိုး၏ ထုတ်ကုန်များဟု တွေးမိသွားကြပါက လေနှင့်မိုး သည် ခိုးကူးပစ္စည်းများကို ရောင်းချသည်ဟု ထင်သွားကြမည် ဖြစ်သည်။ အမှတ်တံဆိပ် တည်ဆောက်ထားသည့် ရင်းနှီးမှုများသည် သဲထဲ ရေသွန် ဖြစ်သွားပေလိမ့်မည်။
ဖူကွမ်းကျန်း ထိုသတင်းကို ကြားမိသည့်အခါ သူသည်လည်း အံ့အားသင့်သွားခဲ့သည်။ ဈေးကွက်ထဲတွင် ခိုးကူးပစ္စည်းများစွာ ရှိသည်ကို သူသိပြီး ထိုထဲတွင် ခိုးကူးဗွီစီဒီခွေများ ပါဝင်သည်ကို သိသော်လည်း သူလျစ်လျူရှုထားခဲံသည်။
သူသည် ထိုအရာများကို အသုံးချပြီး ဗွီစီဒီဈေးကွက်ကို တည်ဆောက်ချင်ကာ ပုံမှန်သုံးနေသည့် ကပ်ဆပ်ခွေများကို ယှဉ်ပြိုင်ချင်ပေ၏။ ထိုအရာများက သူ့ကို ပြဿနာများကို ဖန်တီးလာလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။
“ညီကိုဖုန်း။ ငါတို့တွေ တရားဝင် တိုင်ကြားမှု ပြုလုပ်ပြီး အထက်အရာရှိတွေကို ပိုက်ဆံပေးပြီး ခိုးကူးတာတွေကို ဖြိုခွင်းခိုင်းမလား”
တရုတ်ဈေးကွက်သည် အလွန်ကြီးမားသည်။ ပြီးနောက် ဟောင်ကောင်နှင့် မတူပေ။ သူတို့ကိုယ်တိုင် သူတို့ မရပ်တည်နိုင်ကြပေ။ သူတို့သည် အစိုးရ၏ အကူအညီ လိုအပ်ပေသည်။
ဖုန်းယွီက ခေါင်းခါလိုက်ကာ
“အဲ့လူတွေက ဒီလောက်ပမာဏအထိတော့ လုပ်နိုင်တယ်။ ဆိုလိုတာက သူတို့မှာလည်း ကာကွယ်မှု အချို့ ရှိမှာပဲ။ ကျွန်တော်တို့တွေက အရင်းအမြစ်ကို မရှာဘဲ ဘာလုပ်နိုင်မှာလဲ။ မဟုတ်ရင် သူတို့စက်ရုံတွေ ပိတ်ပြီးရင်တောင် သူတို့ တွေ ပြန်ပေါ်လာမှာပဲ။”
“ငါ့အထင်တော့ မင်းဟူကောဆီက အကူအညီတောင်းပြီးတော့ အရင်းအမြစ်ကို ရှာဖွေဖို့ မေးစေချင်တယ်။”
ဖုန်းယွီက သက်ပြင်းချလိုက်ကာ
“သူ့ကိုတော့ ပြောမနေနဲ့။ အဲ့ဟူကောက မက်လုံးကို သည်းမခံနိုင်ဘူး ပြဂီးတော့ ခိုးကူးဂိမ်းခွေတွေ ပြန်လုပ်နေတာ။ ငါလည်း သူ့ကုမ္ပဏီကနေ ရင်းနှီးမြှပ်နှံမှုတွေကို ပြန်နှုတ်ပြီးပြီ။ မာစတာလူကလည်း သူ့ကို သင်ခန်းစာ ပေးဖို့ လူအချို့ ခေါ်ထားတာ။ အခုလက်ရှိ သူက အရှေ့တောင် အာရှ နိုင်ငံ အချို့မှာ ပုန်းနေတယ်”
သူ့ကြောင့် ဖုန်းယွီသည် ဟူကောဟု ကုမ္ပဏီကို စုံစမ်းမှု ပြုလုပ်သည်ဟု မာစတာလူ တွေးမိသည်။ ယခုလက်ရှိတွင် ဟူကောသည် ခိုးကူးဂိမ်းခွေများကို တဖန် ပြန်လုပ်နေကာ သူက ဖုန်းယွီကို လိမ်ညာရန် ကြိုးပမ်းနေဆဲ ဖြစ်သည် မာစတာလူကလည်း ယင်းဖြစ်ရပ်က သူ့ပါးကို ရိုက်သည်ဟု ခံစားမိသည်။
အကယ်၍ ဟူမိသားစုသာ မဟုတ်ပါက မာစတာလူသည် ဟူကော၏ ခြေထောက်ကို ရိုက်ချိုးပြီး ဖြစ်သည်။ မာစတာလူက သူ့ကို လွှတ်ပေးထားသည်မှာ သူ့ထံမှ ရထားသည့် အချက်အလက်ကြောင့် ဖြစ်ပေသည်။
ထိုခိုးကူးဗွီစီဒီခွေများ၏ အရင်းအမြစ်သည် ကွမ်တုံးပြည်နယ် ကွမ်ချန်း ဒေသမှ ဖြစ်သည်။
ဖူကွမ်းကျန်းသည် အံ့အားသင့်သွားသည်။ လေနှင့်မိုး အီလက်ထရောနစ်စက်ရုံသည် ကွမ်ချန်းတွင်ရှိသည်။ သူသည် ထိုဒေသမှ ခိုးကူးဗွီစီဒီများကို သတိမပြုမိပေ။
အခြားစက်ရုံများသည်လည်း တရုတ်တစ်နိုင်ငံလုံးတွင် ရှိနေသည်။ သို့သော် အဆင့်မြင့်ခိုးကူးများသည် ကွမ်ချန်းမှ လာသည်ဟု ပြောကြသည်။ ထိုအဆင့်မြင့် ခိုးကူးခွေများကို ဟောင်ကောင်မှတဆင့် ကွမ်ချန်းကို ပို့ပေးခြင်း ဖြစ်သည်။
ဖုန်းယွီက ဖူကွမ်းကျန်းကို ထိုအကြောင်းကို ပြောပြလိုက်ကာ သူ့မျက်နှာသည် နီရဲလာခဲ့သည်။
“ညီကိုဖုန်း ဒီကိစ္စကို ငါ့ဆီထားလိုက်။ ငါ အဲ့အရင်းအမြစ်ကို ဖျက်ဆီးဖို့အတွက် နည်းလမ်းစဉ်းစားလိုက်ဦးမယ်။”
“အစ်ကိုဖူ ခိုးကူးတာတွေ ရပ်သွားတာက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် တစ်ခုတည်း မဟုတ်ဘူးနော်။ ကျွန်တော်တိုေ့တွက နောက်ကွယ်က လက်မည်းကြီးကိုလည်း ရှာရဦးမယ်။ ကျွန်တော်တို့တွေက ဘာကြောင့် သူတို့တွေ လေနှင့်မိုး အမှတ်တံဆိပ်ကို သူတို့ ခိုးကူး ထုတ်ကုန်တွေမှာ အသုံးပြုလဲဆိုတာကို သိမှရမယ်"
“မင်း တစ်ယောက်ယောက်က ငါတို့ကို ပစ်မှတ်ထားတယ်လို့ သံသယရှိတဲ့သူ ရှိလို့လား”
“ငါတို့တွေက ဗွီစီဒီ ထုတ်လုပ်နေတာ ပြီးတော့ ငါတို့တွေက မူရင်းဗွီစီဒီခွေ ထုတ်လုပ်တဲ့ အကြီးဆုံး ကုမ္ပဏီ။ အဲ့ခိုးကူးတွေက တခြားလုပ်ငန်းတစ်ခုရဲ့ နံပါတ်တစ် အမှတ်တံဆိပ်ရဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ကြတာ။”
“ဒါပေမဲ့ သူတို့တွေက သက်ကြီးကားတွေအတွက် ငါတို့ရဲ့ အမှတ်တံဆိပ်ကို အသုံးပြုဖို့ လိုသေးလို့လား။ ဘာပဲ ဖြစ်ဖြစ် အစ်ကိုဖူ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ရှိတဲ့ လက်မည်းကြီး အဖမ်းခံရဖို့ကို မျှော်လင့်တယ်"
ဖူကွမ်းကျန်းသည် ကွမ်းချန်ကို ရောက်လာခဲ့ကာ ဒေသ အစိုးရကို ခိုးကူးဗွီစီဒီများ ထုတ်လုပ်သည့် စက်ရုံများကို ပိတ်သိမ်းပေးရန်အတွက် တောင်းဆိုခဲ့သည်။ အစိုးရသည် ထိုနေရာကို စီးနှီးပြီးနောက် အလွန်ပမာဏများပြားသော ခိုးကူးကပ်ဆက်၊ ဗွီဒီယိုခွေနှင့် ခွေများကို တွေ့ခဲသည်။ သို့သော် သူတို့သည် ထိုနောက်ကွယ်ရှိ လက်မည်းကြီးကို မရှာနိုင်ခဲ့ကြပေ။ အပတ်တိုင်း တစ်ယောက်ယောက်က စက်ရုံကို လာပြီး သေတ္တာနှင့်အတူ ငွေများကို ယူသွားသည်ပင်။ စက်ရုံ၏ တာဝန်ရှိသူသည် ထိုဖြစ်ရပ်များ နောက်ကွယ်ရှိ သူဌေးလက်မည်းကြီးကို ဘယ်သောအခါမှ မတွေ့ဖူးပေ။
သို့သော် သူက အရေးကြီးသည့် သဲလွန်စကို ပေးခဲ့သည်။ ထိုဖြစ်ရပ်များ နောက်ကွယ်ရှိ သူဌေးကြီးသည် ဟောင်ကောင်မှ ဖြစ်သည်။
ဖူကွမ်းကျန်း ဒေါသထွက်သွားခဲ့သည်။ ဟောင်ကောင်က သူက ဖူမိသားစုကို ရှုပ်ရဲတာလား။ ထိုသူများသည် ဖူမိသားစုနှင့် ယှဉ်ပြိုင်ရန်အတွက် ထိုကဲ့သို့ စီးပွားရေး လုပ်ရန် အင်အား မရှိပေ။ ထိုသို့သော ဖြစ်ရပ်မျိုးကို လုပ်ဆောင်မည့် သူများသည် နာမည်ရှိ မိသားစုကြီးများထဲမှ မဟုတ်ပေ။
ဖူကွမ်းကျန်းက သူ့ဦးလေးကို ယခု ဖြစ်စဉ်များကို ပြောပြီးနောက် နောက်ကွယ်ရှိ အဖွဲ့အစည်း၏ လူကို စုံစမ်းပေးရန်အတွက် အကူအညီ တောင်းလိုက်သည်။
ဖူမိသားစုသည် မပျော်ရွှင် ဖြ်စနေသည်။ သူတို့သည် ဟောင်ကောင် အီလက်ထရောနစ်အရောင်းပိုင်း ကုမ္ပဏီတွင် ရှယ်ယာများ ပါဝင်ကြသည်။ ယင်းက သူတို့အကျိုးအမြတ်များကို ထိပါးခြင်း ဖြစ်သည်။ အပြည့်အဝ စုံစမ်းရမည် ဖြစ်သည်။
ဖူမိသားစုသည် သူတို့၏ အဆက်အသွယ်များနှင့် လှည့်ကွက်များ အကုန်လုံးကို အသုံးပြုခဲ့သော်ငြား သူတို့သည် နောက်ကွယ်ရှိ သူကို မဖော်ထုတ်နိုင်ပေ။ သူတို့သည် ဟောင်ကောင်ရှိ ခိုးကူးစက်ရုံ အချို့ကို စီးနှင်းခဲ့သည်။ သို့သော် ထိုအဖွဲ့အစည်း၏ နောက်ကွယ်ရှိ ခေါင်းဆောင်ကိုတော့ ရှာဖွေနိုင်ခဲ့ခြင်း မရှိပေ။
ဖူမိသားစုသည် အံ့အားသင့်သွားခဲ့သည်။ သူတို့က ဖုန်းယွီကို ထိုအဖွဲ့၏ ခေါင်းဆောင်ကို ရအောင် ရှာပေးနိုင်သည်ဟု ပြောထားခဲ့သည်။ ပြီးနောက် သူတို့ ရက်အနည်းငယ်အတွင်း ခေါ်ခဲ့မည်ဟု ပြောခဲ့သည်။
သို့သော် ယခုလက်ရှိတွင် ၁၀ရက်ကျော်သွားခဲ့ပြီ ဖြစ်သည်။ မည်သည့် သဲလွန်စမှ မရသေးပေ။ ဖူမိသားစုသည် မြေပေါ်မြေအောက် အဆက်အသွယ်များ အကုန်လုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော် မည်သည့် သဲလွန်စကိုမျှ မရရှိခဲ့ပေ။
အဆုံးတွင် ဖူရုန်ချီသည် ထိုအဖွဲ့အစည်း၏ ခေါင်းဆောင်အကြောင်း သဲလွန်စ ပေးနိုင်ပါက ဟောင်ကောင်ဒေါ်လာ တစ်သန်းပေးမည်ဟု ကြော်ငြာခဲ့သည်။ အကဘ်၍ မင်းသာ ထိုသူရဲ့ နာမည်ကို သတင်းပေးနိုင်မယ်ဆိုရင် မင်း ငွေပမာဏ များများကိုရမှာပဲ။ တကယ်လို့ မင်းအဲ့သူကို ဖမ်းနိုင်ခဲ့မယ်ဆိုရင် မင်း ဟောင်ကောင်ဒေါ်လာ တစ်သန်းရမယ်။
ထိုကဲ့သို့သော ဆုငွေမက်လုံးမျိုးကို မက်မောသည့် လူ တစ်ယောက်ကတော့ ရှိမြဲပင်။
နောက်ဆုံးတွင် ဖူမိသားစုသည် ထို အဖွဲ့၏ သူဌေး၏ အချက်အလက် အချို့ကို လက်ခံရရှိခဲ့သည်။ သူနှင့် တစ်ယောက်မှ မဆုံးဖူးသော်ငြား တစုံတယောက်က လူယုံတော်တစ်ယောက်နှင့် ထိုသူတို့ ဖုန်းထဲမှ စကားပြောဖူးသည်ကို ကြားဖူးသည်။ ထိုသူသည် မစ္စတာစုန့်ဟု ခေါ်ဆို၏။