ငါတို့တွေ ကားကို ဘယ်လို ရောင်းမလဲ။
Vol. 30 Ch. 439
စုန့်ကျန်းကားစက်ရုံသည် ကားအမျိုးအစား သုံးခု၏ အောက်တွင် စုစုပေါင်း မော်ဒယ် ၆မျိုး ထုတ်လုပ်ခဲ့သည်။ အမျိုးအစား သတ်မှတ်ချက် သုံးခုသည် အိုလံပစ်၊ ကြယ်နီနှင့် လမ်းကြမ်း ဖြစ်သည်။ ထုတ်လုပ်မှုသည် စတင်ပြီ ဖြစ်သည်။ ပထမဆုံး အဆင့်တွင် ထုတ်လုပ်နေပြီဖြစ်ကာ များများစားစား မထုတ်လုပ်နိုင်သေးပေ။ အသစ်ဖွင့်ထားသည့် စက်ရုံခွဲ နှစ်ခုသည် အမျိုးအစား သုံးခုအတွက် အစီးရေ ၁၀၀၀အောက်သာ ထုတ်လုပ်နိုင်ပေသည်။
တရုတ်နိုင်ငံတွင် အခြားသော ကားစက်ရုံ လုပ်ငန်းများက ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီသည် မကြာမီအချိန်အတွင်း သူတို့ ကားများကို မိတ်ဆက်မည်ဟု သိထားကြပြီး ကားအမျိုးအစားငယ်လေးများကို အာရုံစိုက်မည်ဟုလည်း သိထားကြသည်။ သူတို့ အကုန်လုံးက ယင်းကို ဟာသ တစ်ခုဟုသာ ခံစားမိကြသည်။
ထွန်စက်နှင့် မော်တော်ဆိုင်ကယ်များကို ထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုက စလွန်းကားများကို ထုတ်လုပ်နိုင်မည်လော။
ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီသည် သူတို့ ထွန်စက်နှင့် မော်တော်ဆိုင်ကယ်များတွင် ထိပ်တန်း ကုမ္ပဏီ တစ်ခု ဖြစ်သည်။သူတို့ ရောင်းအားနှင့် သူတို့ ပစ္စည်း၏ အရေအသွေးနှင့်ဆိုပါက တရုတ်နိုင်ငံတွင် အကောင်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော် ကားများလော။ တရုတ်နိုင်ငံ၏ ကားလုပ်ငန်းသည် ရင့်ကျက်လာပြီဆိုလျှင်တောင် ဈေးကွက်အတွင်း အခြားသော အမှတ်တံဆိပ်များ ရှိနေပြီး ဖြစ်သည်။စုန့်ကျန်းကားများသည် ဈေးကွက် တစ်စိတ်တစ်ပိုင်းကို ရရန်တောင် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။
ငါတို့တွေ အကုန်လုံးက ဂျာမနီ၊ အမေရိကန်နဲ့ ဂျပန်က အဆင့်မြင့် နည်းပညာ အကုန်လုံးကို အသုံးပြုထားတာ။ ထုတ်လုပ်ရေး လမ်းကြောင်းတွေကိုလည်း နိုင်ငံခြားကနေ တင်သွင်းထားတာ။ပြီးတော့ သူတို့ရဲ့ ကျွမ်းကျင်သူတွေကလည်း ငါတို့ဆီလာပြီး လမ်းညွှန်မှုပေးနေတယ်။မင်းတို့ စုန့်ကျန်း ကားမှာက ဘာရှိလို့လဲ။
ဘာလဲ။သူတို့တွေက ဆိုဗီယက် ပြည်ထောင်စု ကားလုပ်ငန်းက အင်ဂျင်နီယာတွေကို ခန့်အပ်ထားတာလား။
ဘယ်လို ဟာသမျိုးလဲ။ ဘယ်အချိန်ကတည်းက ဆိုဗီယက် ပြည်ထောင်စုက ကားကောင်းတွေ ထုတ်လုပ်လို့လဲ။ ဆိုဗီယက် ပြည်ထောင်စုရဲ့ ကားတွေက ဆူပြီး ရုပ်ဆိုးတယ် ဒိတ်လည်းအောက်တယ်။ပြီးတော့ ကားမောင်းဖို့အတွက်လည်း သက်တောင့်သက်သာ မဖြစ်ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတောင် တရုတ်က ဆိုဗီယက်ကားတွေ မတင်ပို့တော့ဘူး။ အို…ဆိုဗီယက် ပြည်ထောင်စုဟောင်းပဲ။
စက်ယန္တရားကုမ္ပဏီ ကျရှုံးမည်ကို အမြင်ချင်ဆုံး ကုမ္ပဏီသည် ကျီးလင်မှ ဖော် ကားစက်ရုံပင် ဖြစ်သည်။
ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီသည် သူတို့ထံမှ ဝန်ထမ်းအများအပြားကို ဆွဲသွားခဲ့သည်။ ထိုဝန်ထမ်းအများစုသည် နည်းပညာဌာနပိုင်းမှ ဖြစ်သည်။ ဖောသည် စက်ယန္တရားကုမ္ပဏီမှ သူတို့ စက်ရုံ အပြင်ဖက်တွင် ဝန်ထမ်းများ စုဆောင်းသွားခြင်းကို ကောင်းကောင်းကြီး မှတ်မိနေသေး၏။
ဖောက ဝယ်ယူသူများအနေဖြင့် စက်ယန္တရားကုမ္ပဏီ၏ ကားများကို လျစ်လျူရှုပြီး စက်ယန္တရားကုမ္ပဏီသည် ရွေးချယ်စရာ မရှိဘဲ သူတို့ စက်ရုံများနှင့် အသုံးအဆောင် စက်ပစ္စည်းကိရိယာများကို ရောင်းချမည်ကို မျှော်လင့်နေ၏။ ထိုသို့ ဖြစ်ပါက သူတို့သည် ဖောကားထုတ်လုပ်ရေးကို ချဲ့ထွင်ရန်အတွက် ကားစက်ရုံ တစ်ရုံ နှစ်ရုံ ဝယ်ယူမည် ဖြစ်သည်။ တချိန်တည်းတွင် သူတို့သည် စက်ယန္တရားကုမ္ပဏီမှ ဝန်ထမ်းများအားလုံးကို ပြန်လည် ခေါ်ယူမည် ဖြစ်သည်။ သူတို့သည် နည်းပညာနှင့် အတွေ့အကြုံရှိသည့် ဝန်ထမ်းများကိုသာမက သာမန် အလုပ်သမားများကိုပါ ပစ်မှတ်ထားပေ၏။သူတို့သည် စက်ယန္တရားကုမ္ပဏီတွ် အလုပ်သမား တစ်ယောက်မှ မရှိအောင် လုပ်ချင်ပေ၏။
လူတိုင်းက စုန့်ကျန်းကားများသည် အောင်မြင်မည်ဟု မတွေးစဉ် ဖုန်းယွီ၊ ဖူကွမ်းကျန်းနှင့် ကျန်သည့် သူများက ယုံကြည်ချက် ရှိနေကြသည်။သူတို့သည် ကားမော်ဒယ် ခြောက်မျိုးစလုံးကို စမ်းသပ်ပြီး ဖြစ်သည်။ ဈေးနှုန်းသည် ယွမ် တစ်သိန်းနှစ်သောင်းမှ ယွမ် ငါးသိန်းကြား ရှိသည်။လမ်းကြမ်းမောင်းနှင့်မည့် ကားများမတွက် ဒီဇယ် အမျိုးအစားတောင် ရှိသေးသည်။ ယခုလက်ရှိ တရုတ်နိုင်ငံတွင် မည်သည့် လမ်းကြမ်းမောင်းကားကမျှ ဒီဇယ်အမျိုးအစားနှင့် မရှိသေးပေ။
သို့သော် ထိုကားများအတွက် မာကတ်တင်းသည် သူတို့အတွက် ခေါင်းအကိုက်ဆုံး ကိစ္စ ဖြစ်နေသည်။
ဖူကွမ်းကျန်းသည် မီဒီယာများအကုန်လုံးတွင် ကြော်ငြာ ထည့်သွင်းချင်သည်။ အထူးသဖြင့် ဗွီစီဒီတွင် ဖြစ်သည်။သူသည် ကားများကို ကြော်ငြာရန်အတွက် အနုပညာရှင်များကို ငှါးယမ်းချင်ပေ၏။ ကြီးကျယ်ခန်းနားတော် ကားပြပွဲကြီး ကျင်းပပါက အကောင်းဆုံးပင် ဖြစ်သည်။ ယင်းက အမှတ်တံဆိပ်လူသိများစေသည်။
တရုတ်ဝယ်ယူသူများကြားထဲတွင် စုန့်ကျန်း မော်တော်ဆိုင်ကယ်သည် နာမည် တစ်နေရာ ရထားပေသည်။ သူတို့သည် ဈေးကွက်ထဲကို ကားများကို မိတ်ဆက်ပါက ဝယ်ယူသူ အများစုသည် သူတို့ ကားများကို မဝယ်ယူရဲပေ။ ပြီးနောက် သူတို့တွင် ပြည်ပမှ တင်သွင်းသည့်ကားနှင့် ပြည်တွင်းဖက်စပ် ကားများစသည့် ရွေးချယ်မှုများလည်း ရှိနေပေ၏။ထိုကားများသည် အရည်အသွေးကောင်းမွန်ပြီး ရောင်းပြီး ဝန်ဆောင်မှုသည်လည်းရှိပေသည်။ စက်ယန္တရားကုမ္ပဏီတွင် ထိုအရာများ မရှိသေးပေ။
ဖုန်းယွီက ပြည်နယ်တိုင်းဝန် ဆားဗစ်စင်တာများ ဆောက်လုပ်ရန်အတွက် ကုန်ကျစရိတ် အကြမ်းဖျင်းကို တွက်ချက်ခိုင်းထားသည်။ ယင်းအတွက် ယွမ် သန်း ၁၀၀ ကုန်ကျမည် ဖြစ်သည်။ ဖုန်းယွီသည် အနာဂတ် နှစ်များက ဆားဗစ်စင်တာများကဲ့သို့ 4S ဆိုင်များ တည်ဆောက်မည် ဖြစ်သည်။ ပြီးနောက် ကုန်ကျစရိတ်သည် ဈေးကွက်ပေါက်ဈေးထက် များမည် ဖြစ်သည်။ သူသည် ငွေရှာနိုင်မည် မဟုတ် အရှုံးတောင် ပေါ်နိုင်ပေ၏။
သို့သော် အကယ်၍ ဆားဗစ်စင်တာများ မရှိပါက ဝယ်ယူသူများက ကုမ္ပဏီသည် ရောင်းပြီးနောက်ပိုင်း ဝန်ဆောင်မှုများအတွက် ဂရုမစိုက်ဟု မြင်လာမည် ဖြစ်ကာ သူတို့ ကားများကို စိတ်ဝင်စားတော့မည် မဟုတ်ပေ။
ပြီးနောက် သူတို့ ကားများ၏ ဈေးနှုန်းသည် အလွန်မြင့်မားသည်။ မော်တော်ဆိုင်ကယ်များကို ရောင်းချသည့် ဖြန့်ချီသူများသည်လည်း ထိုကားများကို ရောင်းချရန်အတွက် လုပ်ပိုင်ခွင့်ရ ဖြန့်ချီသူ ဖြစ်နိုင်ကြမည် မဟုတ်ပေ။ အကယ်၍ သူတို့သည် မော်ဒယ် တစ်ခုကို ကားနှစ်စီး ယူလျှင်တောင် အနည်းဆုံး ယွမ် နှစ်သန်း ကုန်ကျမည် ဖြစ်ပေသည်။ သို့သော် ဖြန့်ချီသူ တစ်ယောက်အနေဖြင့် ထိုကားအနည်းငယ်နှင့် ဘာလုပ်မည်နည်း။ သူတို့တွင် အခြားသော ငှါးယမ်းခ၊ ဝန်ထမ်းခ အစရှိသည့် ကုန်ကျစရိတ်များလည်း ရှိသေးသည်။ ထိုအချက်များက ဖြန့်ချီသူများအတွက် ကုန်ကျစရိတ်များကို ပြန်ကာမိစေရန်လည်း စဉ်းစားထားရမည် ဖြစ်သည်။
ဖုန်းယွီသည် ထိုပြဿနာများ အားလုံးကို တွေးထားပြီး ဖြစ်သည်။သူ့အဖြေသည် ထို ဖြန့်ချီသူများကို ပထမဆုံးအနေဖြင့် ကာလရှည်ကြာ ကားများကို ထောက်ပံ့ပေးထားရန် ဖြစ်သည်။ ပြီးနောက် သူတို့သည် ငွေ တစ်သန်းကိုသာ စရန် တင်ထားရန် လိုပေသည်။သို့သော် အရောင်းပိုင်း ကိစ္စများ ဆောင်ရွက်သည့်အခါ ထိုက်ဟွ ကုန်သွယ်ရေးအကောင့်ထဲကို စရန် တင်ထားရမည် ဖြစ်သည်။ထိုက်ဟွ ကုန်သွယ်ရေးသည် ဖြန့်ချိသူများ၏ ငွေရေးကြေးရေး ကိစ္စများကို ဆောင်ရွက်သွားမည် ဖြစ်သည်။ယင်းကား 4S ဆိုင်များ၏ အရောင်းပုံစံဖြစ်သည်။
ဘင်းမြို့တော်၏ စက်ယန္တရား ကုမ္ပဏီတွင် ဆိုင်တိုင်းအတွက် စက်ပြင်သမားတွက် ရုံးတစ်ရုံးကို ဆိုင်တိုင်းတွင် ထားထားရမည် ဖြစ်သည်။ ဆိုင်များသည် သူတို့ကိုယ်တိုင်အတွက် နောက်ထပ် စက်ပြင်သမား နှစ်ယောက်ကို ငှါးယမ်းရမည် ဖြစ်သည်။ ယခုအချိန်ကာလအတွက် ယင်းက လုံလောက်သည့် ပမာဏ ဖြစ်သည်။ စုန့်ကျန်းကားများသည် အလွန် အကြမ်းခံပေ၏။
ယင်းကား ဖုန်းယွီ၏ အရင်ဘဝတွင် 4S ဆိုင်များ၏ အရောင်းစံနစ် ဖြစ်သည်။သို့သော် ယင်းက စက်ယန္တရားစက်ရုံများ အပိတ်ခံရမှုကို ဖြစ်စေနိုင်သည်။ ကုမ္ပဏီ၏ ငွေကြေးခန့်ခွဲမှုနှင့် ပတ်သက်ပြီး ပြဿနာ အချို့ ရှိသည်။ အရောင်းပိုင်း မကောင်းပါက စက်ယန္တရားကုမ္ပဏီအနေဖြင့် ငွေကြေးလည်ပတ်မှု ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပေ၏။အကယ်၍ ထိုပြဿနာသာ ရှိနေပါက ကားထုတ်လုပ်ရေး လုပ်ငန်းကို ရပ်တန့်လိမ့်ရလိမ့်မည် ဖြစ်သည်။
သို့သော် ကားရောင်းအားသည် ကောင်းမွန်ပါက ယင်းက ဖြန့်ချီရေး ကွင်းဆက်ကို ပိုမို မြန်ဆန်နိုင်မည် ဖြစ်ကာ အရောင်းပိုင်း ကိန်းဂဏန်းများသည်လည်း တိုးတက်လာမည် ဖြစ်သည်။ ပြီးနောက် ယင်းက သူတို့ကိုယ်တိုင် အရောင်းဆိုင်များကို ဖွင့်ခြင်းထက် ပိုမို လွယ်ကူမည် ဖြစ်သည်။
လီမင်တက ယင်းအစီအစဉ်ကို ကန့်ကွက်သည်။ ဖော ကားထုတ်လုပ်ရေး စော ကားထုတ်လုပ်ရေးနဲ့ အခြား တရုတ်က ကားထုတ်လုပ်ရေးတွေကို ကြည့်လိုက်။သူတို့ အကုန်လုံးမှာ ကိုယ်ပိုင် အရောင်းပြခန်းတွေ ရှိတယ်ပြီးတော့ သူတို့ကိုယ်တိုင် ရောင်းကြတာ။ ငါတို့ ကားတွေကို အရောင်းကိုယ်စားလှယ်တွေစီမှာ ထားထားမျာလား။ သူတို့တွေက ကားကို ဖျောင်သွားရင် ဘယ်လို လုပ်မလဲ။ ယွမ် တစ်သန်းထဲနဲ့ ငါတို့ ကားတွေ အကုန်လုံးကို သူတို့ကို ကိုင်ထားဖို့ ခွင့်ပြုမှာလား။ အဲ့ကားတွေရဲ့ ကုန်ကျစရိတ်က ယွမ် ၂သန်းထက် ပိုတယ်။ဒါက အလွန် အန္တရာယ်များတယ်။
လီမင်တက ဖုန်းယွီ၏ အစီအစဉ်ကို အစပိုင်းတွင် ဆန့်ကျင်ခဲ့သည်။ တရုတ်နိုင်ငံ၏ ကားဈေးကွက်သည် မကြီးပေ။ ပြီးနောက် ဖုန်းယွီ၏ အစီအစဉ်သည် ပမာတော် တော်တော်များပေသည်။
စက်ရုံခွဲ နှစ်ခုသာ လည်ပတ်နေသော်ငြား အခြား စက်ရုံများသည်လည်း လည်ပတ်မှု ပြီးစီးတော့မည် ဖြစ်သည်။ ဆောက်လုပ်ရေးများသည် နောက်နှစ် နှစ်စပိုင်းတွင် အပြီးသတ်တောမည် ဖြစ်ကာ ထုတ်လုပ်ရေးသည် စတင်တော့မည် ဖြစ်သည်။အကယ်၍ ကားရောင်းအားသည် မကောင်းပါက မည်သို့ ဖြစ်မည်နည်း။
ဖုန်းယွီက ပြုံးလိုက်သည်။သူ့တွင် နောက်ထပ် အရောင်းနည်းဗျူဟာ ရှိသေးသည်။ အရောင်းသမားပင် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင် အိမ်တိုင်ရာရောက် အရောင်းကိုယ်စားလှယ်များသည် အတွေ့ရများတွင် အရောင်းစနစ်မျိုး ဖြစ်သည်။ အရောင်းသမားကောင်း တစ်ယောက်၏ ဝင်ငွေသည် ထိုလုပ်ငန်းရှိ ထိပ်တန်း အရာရှိများထက် ပိုရပေသည်။ အရောင်းသမားသည် ပစ္စည်းများကို ပြည့်မှီအောင် ဖြည့်ထားရန် မလိုအပ်ပေ။ သူတို့သည် သူတို့ ဖောက်သည်ကို စက်ရုံများကို ခေါ်ကာ ပစ္စည်းများကို ကြည့်စေခြင်း ဖြစ်သည်။ ဖောက်သည် ဝယ်မဝယ်က သူ့အပိုင်း ဖြစ်သည်။
သေချာသည်မှာ သူ့ကားများကို ရောင်းချရန်အတွက် အရောင်းဝန်ထမ်းများကို သာမန် အိမ်များကို သွားခိုင်းလိမ့်မည် မဟုတ်ပေ။ သူက အစိုးရ နှင့် အစိုးရနှင့် ဆက်နွယ်သည့် အေဂျင်စီများကိုသာ သွားခိုင်းမည် ဖြစ်သည်။
အကယ်၍ ဖုန်းယွီမှန်းသည်မှာ မှန်ခဲ့ပါက နောက်နှစ်တွင် တရုတ် အစိုးရသည် ကားများ ဝယ်ယူရာတွင် ငွေပိုသုံးလာမည် ဖြစ်သည်။လက်ထောက်ဌာနခွဲမှုး အဆင့်များတွင် ကားများ ရကြမည် ဖြစ်သည်။ အချို့ ဒေသများတွင် ဌာနမှူးများတောင် သူတို့ ကားများကို ရကြမည် ဖြစ်သည်။
ထိုအရာနှင့် ပတ်သက်ပြီး အကြောင်းအရာ များစွာ ရှိပေသည်။ တခုသော အကြောင်းပြချက်သည် အစိုးရ၏ ၅နှစ်တာ အစီအစဉ် ဖြစ်သည်။အစိုးရ အရာရှိများသည် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများနှင့် နိုင်ငံခြား ရင်းနှီးမျုများကို သူတို့ ဒေသများတွင် ဆွဲဆောင်ကြမည် ဖြစ်ကာ သူတို့၏ ရာထူးသည် တိုးလာမည့်အတွက် ဖြစ်သည်။ နောက်ထပ် အကြောင်းပြချက် တစ်ခုသည်။ ပြည်တွင်းထုတ်ကားများ ရုတ်တရက် အရေအတွက် တိုးလာမည် ဖြစ်သောကြောင့် ဖြစ်သည်။ထိုကားများသည် အစိုးရနှင့် ဖက်စပ် ကားကုမ္ပဏီများ ဖြစ်ကြသည်။ ရုတ်တရက် တိုးမြင့်လာမှုက ကားဈေးနှုန်းကို လျော့ကျသွားစေမည် ဖြစ်သည်။ တချိန်တည်းတွင် အစိုးရ၏ ဝင်ငွေသည် တိုးတက်လာမည် ဖြစ်သည်။အစိုးရ အရာရှိများသည် သူတို့ လူမှုဖူလုံမှုမှ အကျိုးအမြတ်များစွာ ရမည့် အချိန် ဖြစ်သည်။
ယင်းက စုန့်ကျန်းကား၏ သူတို့ အမှတ်တံဆိပ် နာမည် ကြီးရန် တိုးမြင့်ရန်အတွက် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ ဖုန်းယွီသည် မော်ဒယ် ခြောက်ခုအတွက် ကားဒီဇိုင်းများဆွဲရာတွင် ပါဝင်ခဲ့သည်။သူက မီရှယ်လျိုကို သူလိုချင်သည့် ပုံစံကို ပြောပြီးနောက် မီးရှယ်လျိုနှင့် သူ့အသင်းက နောက်ဆုံး ဒီဇိုင်းကို ဖန်တီးခဲ့သည်။
အမျိုးအစားသုံးခုတွင် သာမန် အမျိုးအစား ဆလွန်းကား (အိုလံပစ်) ဇိမ်ခံကား( ကြယ်နီ)နှင့် SUVကား (လမ်းကြမ်း) ဖြစ်ပေ၏။
စုန့်ကျန်းကားများအတွက် ပြိုင်ဖက်များသည် စလွန်းကားသေးလေးများအတွက် Santana။ SUV ပြိုင်ဖက်အတွက် ဂျစ်ကားနှင့် Cherokee ဖြစ်သည်။ ဇိမ်ခံကားအတွက် ပြိုင်ဖက်သည် မာစီတီးနှင့် အော်ဒီပင်ဖြစ်သည်။
သူတို့ ကားများ၏ အရောင်းပိုင်းနှင့် ပတ်သက်သည့်အတွက်ကြောင့် ဖုန်းယွီနှင့် ဖူကွမ်းကျန်းသည် အစိုးရ အရာရှိများနှင့် နီးနီးကပ်ကပ် ဆက်ဆံကြတော့သည်။သူတို့က အရာရှိများကို ပထမဆုံး ကားများကို ရောင်းချချင်ပေသည်။ပြီးနောက် သူတို့ လုပ်ဖော်ကိုင်ဖက်များသည်လည်း သူတို့ခေါင်းဆောင်များအတိုင်း နောက်မှ လိုက်လာမည် ဖြစ်သည်။
ဖုန်းယွီက စီစီတီဗွီကို ပထမဆုံး ရွေးချယ်ထားသည်။