← Chapters

စီစီတီဗွီကို အလည်သွားခြင်း

Vol. 30 Ch. 440

စီစီတီဗွီကို အလည်သွားခြင်း

Vol. 30 Ch. 440

“မန်နေဂျာဖုန်း ဒီနေ့ ဘာကြောင့် လာတာ စောရတာလဲ။ အစီအစဉ်အတွက် ရီဟာဇယ်တောင် မစသေးဘူး။”

လက်ထောက် ဒါရိုက်တာက ဖုန်းယွီကို မြင်သည့်အခါ သူ့ကို နွေးနွေးထွေးထွေးဖြင့် နှုတ်ဆက်လိုက်သည်။

ယမန်နှစ် နှစ်သစ်ကူး ဆုပေးပွဲ အခမ်းအနားနှင့် ဂါလာ ညစာစားပွဲ အောင်မြင်ခြင်းက အဆင့်မြင့်အရာရှိများက စီစီတီဗွီကို ချီးကျူးမှုများ ပေးခဲ့သည်။ လာရောက်ကြည့်ရှုသူ ပရိသတ်များ၏ ဆောင်ပုဒ်များနှင့် လက်ကိုင်ဆိုင်းဘုတ်များကလည်း ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုကို ဖမ်းစားခဲ့သည်။ ကြည့်ရှုသူများက ထို ဆောင်ပုဒ်များနှင့် လက်ကိုင်ဆိုင်းဘုတ်များသည် စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားမိသည်။

ယခုနှစ်တွင် စီစီတီဗွီသည် အစည်းအရုံးက စတင် ပြင်ဆင်ခြင်း မလုပ်ခင်ကတည်းက ဆက်သွယ်ပြီး ဖြစ်သည်။စီစီတီဗွီက ယခုနှစ်တွင် အစည်းအရုံးအနေဖြင့် ဆုပေးပွဲ ကျင်းပမကျင်းပ မေးမြန်းခြင်း ဖြစ်သည်။ စီစီတီဗွီသည် ပြင်ဆင်မှုများကို ပြုလုပ်ထားချင်သည်။

ဖုန်းယွီအတွက် ကြော်ငြာရန်အတွက် အလွန်ပင် ကောင်းမွန်သည့် ကြော်ငြာသည့် အခွင့်အရေးဖြစ်ကာ သူ့အနေဖြင့် မည်သည့်အတွက် လက်လွှတ်ခံနိုင်မည်နည်း။ ယခုဆုပေးပွဲဝင် ပါဝင်သည့် ကုမ္ပဏီများသည် ဆုပေးပွဲအတွင်း သူတို့ မျက်နှာများကို ပြသခြင်းမှ အကျိုးအမြတ်များစွာ ရရှိမှန်း သိပြီး ဖြစ်သည်။ သူတို့၏ ရောင်းအားသည် ယမန်နှစ် ဆုပေးပွဲပြီးနောက် တိုးတက်လာခဲ့သည်။ လဲ့ဟဟကို ကြည့်လျှင်တောင် ဆုပေးပွဲ ထုတ်လွှတ်ခဲ့ပြီးနောက် သူတို့ ရောင်းအားသည် နှစ်ဆ ဖြစ်လာခဲ့သည်။

ဆန်ကာတင် စာရင်းဝင်သည့် ကုမ္ပဏီများသည် ယမန်နှစ်က ဆုမရသော်ငြား သူတို့သည် အစည်းအရုံးနှင့် ဆက်သွယ်ကြဆဲ ဖြစ်သည်။သူတို့သည် ဆုကို ရချင်သည်။ ဆုရရှိခြင်းနှင့် ဆန်ကာတင်စာရင်းတွင် အလွန်ကြီးမားသည့် ကွာခြားချက်ကြီး ရှိပေသည်။ အနည်းဆုံးတော့ ကုမ္ပဏီများသည် သူတို့ ထုတ်ကုန်များကို တစ်မိနစ်စာ ဗွီဒီယိုများ ပြသနိုင်ပေသေးသည်။

ယခုနှစ်တွင် ထိုကုမ္ပဏီများ အားလုံးသည် သူတို့ ဘာလုပ်ရမည်ကို သိပြီး ဖြစ်ကြသည်။သူတို့ အကုန်လုံး ပြင်ဆင်ပြီးသား ဖြစ်သည်။ ဆုပေးပွဲအတွင်း သူတို့ ဝန်ထမ်းများသည် လက်ကိုင်ဆိုင်းဘုတ်များနှင့် ဆောင်ပုဒ်များကို အော်ဟစ်ကြမည် ဖြစ်သည်။ သူတို့သည် ယင်းအခွင့်အရေးကို အသုံးချကာ သူတို့ ကုမ္ပဏီကို ကြော်ငြာချင်ကြသည်။

ယခုနှစ် ဆုပေးပွဲအခမ်းအနားကို အဓိက စပွန်ဆာ ပေးသူသည် ဖုန်းယွီပင် ဖြစ်သည်။ ယခုနှစ်၏ စင်မြင့်နှင့် ဖျော်ဖြေမှု အစီအစဉ်များသည် ယမန်နှစ်ကထက် ပိုကောင်းပေသည်။ ဟောင်ကောင်နှင့် ထိုင်ဝမ်မှ အဆိုတော် ၁၀ယောက်ကျော်က ပွဲအတွင်း သူတို့အနေဖြင့် ဖျော်ဖြေလိုကြောင်း အစည်းအရုံးထံ ချည်းကပ်ကြသည်။

ယမန်နှစ်က ဖျော်ဖြေသည့် အဆိုတော် နှစ်ယောက်သည် တရုတ်နိုင်ငံတွင် နာမည် ကျော်ကြားသည်။ သူတို့ အသံသွင်းနှင့် ထုတ်ကုန်ထောက်ခံမှုများမှ ဝင်ငွေသည် သိသိသာသာ တိုးတက်လာပေသည်။ သူတို့၏ ဝင်ငွေသည် နှစ်ဆ ဖြစ်လာသည်။ ကျန်သည့် အဆိုတော်များ မည်သည့်အတွက် မနာလိုဘဲ နေမည်နည်း။

ယမန်နှစ်၏ အတွေ့အကြံများကြေင့် ဆုပေးပွဲ စီစဉ်ခြင်းက အလွန်ပင် လွယ်ကူလာခဲ့သည်။ ဖုန်းယွီသည် ယမန်နှစ်ကထက် ယွမ်ငွေ တစ်သန်း ထပ်တိုး သုံးစွဲခဲ့သော်ငြား ဆန်ကာတင်စာရင်းဝင်သည့် ကုမ္ပဏီမျာသည် ငွေများကို ပေးချင်ကြသည်။

သို့သော် ထိုကုမ္ပဏီများသည် စိတ်ပျက်သွားကြသည်။ ဖုန်းယွီသည် သူတို့ ငွေများကိ မလိုချင်တော့ပေ။ ဖုန်းယွီသည် သူ့ကုမ္ပဏီများကို ကြော်ငြာပြိးဖြစ်ကာ ယခုတွင် သူသည် ဆုပေးပွဲကို မျှတအောင် လုပ်သွားမည် ဖြစ်သည်။ ထိုကုမ္ပဏီများမှ ငွေကို သူမည်သည့်အတွက် လက်ခံမည်နည်း။

ယမန်နှစ်က အစည်းအရုံးသည် ငွေလုံလောက်မှု မရှိပေ ပြီးနောက် ပါဝင်သည့် ကုမ္ပဏီများ ထောက်ပံ့မှုကိုလည်း လိုအပ်ခဲ့သည်။ ယခုနှစ်တွင် အစည်းအရုံးသည် ထိုကုမ္ပဏီများမှ ငွေများကို မလိုအပ်တော့ပေ။ အစည်းအရုံးသည် ထိုကုမ္ပဏီများထံမှ အသင်းဝင်ကြေးကိုသာ ကောက်တော့သည်။ပြီးနောက် ထိုငွေများက ယခုနှစ် ဆုပေးပွဲ၏ ရန်ပုံငွေများ ဖြစ်လာခဲ့သည်။

ထို့အတွက်ကြောင့် ဖုန်းယွီသည် ငွေအများကြီး သုံးစွဲရန် မလိုသည့်အတွက် ယခုပွဲကို စပွန်ဆာ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဆန်ကာတင် စာရင်းဝင် ကုမ္ပဏီများနှင့် စီစီတီဗွီသာမက ပြည်သူ့ရေးရာဌာနမှ ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း ပျော်ရွှင်ကြသည်။ အဆင့်မြင့် အရာရှိများက ငွေတပြားတောင်မှ သုံးစွဲရန်မလိုအပ်ပဲ ကြည့်ရှုသူများသည် စိတ်လှုပ်ရှားစရာ ကောင်းသည့် အစီအစဉ်ကို ကြည့်ရှုနိုင်ပေမည်။ ယင်းဆုပေးပွဲက တိုင်းပြည်ကို ပံ့ပိုးမှု ကြီးကြီးမားမားပေးခဲ့သည့် ကုမ္ပဏီများကို အသိအမှတ်ပြုရာရောက်ပြီး ကူညီရာလည်း ရောက်ပေသည်။ ပွဲစီစဉ်သည့် ကော်မတီနှင့် စီစီတီဗွီသည် အလွန်ကောင်းမွန်သည့် အရာကို လုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်တွင်လည်း ဖုန်းယွီသည် ပွဲစီစဉ်သည့် ကော်မတီ၏ ကိုယ်စားလှယ် တစ်ယောက် ဖြစ်လာခဲ့သည်။ သူသည် ပွဲ၏ တွဲဖက် ထုတ်လုပ်သူလည်း ဖြစ်လာခဲ့သည်။သူ့ကို ခေါင်းဆောင် တစ်ယောက်ဟုလည်း စဉ်းစား၍ ရနိုင်ပေသည်။ ထို့အတွက်ကြောင့် လက်ထောက်ဒါရိုက်တာက သူ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ခြင်း ဖြစ်သည်။

“ရုပ်သံအရာရှိကျားက ဒီမှာလို့ ကြားတယ်။ ငါက သူ့ကို ရှာနေတာ။”

“အရာရှိကျားက အဲ့မှာ။ ကျွန်တော် ခေါ်သွားမယ်လေ။”

“ဖုန်းယွီ ဘာလို့ ငါ့ကို ရှာနေတာလဲ။”

အရာရှိချုပ်ကျားက ဖုန်းယွီ သူ့ကို နှုတ်ဆက်ပြီးနောက် မပြန်သေးပေ ဖုန်းယွီသည် သူ့ကို တခုခု ပြောချင်မှန်း သိပေ၏။

“ကျွန်တော်က ရုပ်သံအရာရှိနဲ့ အလုပ်ကိစ္စအချို့ ပြောစရာ ရှိလို့ပါ။”

အတွင်းရေးမှုးသည် လက်ဖက်ရည်ချပေးပြီး ထွက်သွားပြီးနောက် တံခါးကို ပိတ်ထားလိုက်သည်။ အရာရှိချုပ်ကျားသည် ဖြည်းဖြည်းချင်း သောက်ကာ မေးလိုက်သည်။

“ဒီနှစ်ရဲ့ ကြော်ငြာကဏ္ဍအတွက် လေလံပွဲအကြောင်းကို မေးမလို့လား။ ကျွန်တော် ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော်တို့ရဲ့ အကြီးဆုံး ဝယ်ယူသူ ဖြစ်တော့ ကြော်ငြာကဏ္ဍတွေကို ရဖို့အတွက် အာမခံပါတယ်"

ယခုနှစ်တွင် စီစီတီဗွီသည် ကြော်ငြာကဏ္ဍများအတွက် တင်ဒါစနစ်မှ လေလံ စနစ်ကို ပြောင်းလဲမည် ဖြစ်သည်။ ယင်းကို တီဗွီတွင်လည်း ကြေညာထားသည်။ ပြီးနောက် နောက်လတွင် ပြောင်းလဲမည် ဖြစ်သည်။ အရာရှိချုပ် ကျားအတွေးတွင် ဖုန်းယွီသည် သူလိုချင်သည့် ကြော်ငြာကဏ္ဍများအတွက် လာရောက်သည်ဟု ထင်ခဲ့သည်။

ဖုန်းယွီ၏ မျက်လုံးများ လင်းလက်သွားသည်။ သူသည် ယခု လေလံပွဲအကြောင်းကို သေသေချာချာ အာရုံ စိုက်ထားသော်လည်း သူ စိတ်ပူသည်တော့ မဟုတ်ပေ။ မည်သည့် လုပ်ငန်းများသည် မည်သည့် ကြော်ငြာကဏ္ဍများအတွက် ငွေကြေး များစွာ သုံးစွဲမည်ကို သိသည်။ ဖုန်းယွီသည် သူတို့၏ ငွေစာရင်းကို မသိနိုင်သော်ငြား သူ့အရင်ဘဝတွင် ထိုကုမ္ပဏီများ မည်မျှ ပေးချေကြောင်းကိုတော့ သိ၏။

ဖုန်းယွီသည် ကြော်ငြာကဏ္ဍများကို အနိုင်ရရှိရန်အတွက် ယုံကြည်ချက် ရှိနေသည်။ သူက လူကြည့်များဆုံး အချိန်များအတွက် သတင်းမရသေးဘဲ လေလံ မစွဲရန် ဆုံးဖြတ်ထားပေသည်။ မည်သို့ပင် ဖြစ်စေ ယခုနှစ် လေလံပွဲတွင် အိပ်ဖွင့်နှင့် အိပ်ပိတ် နှစ်မျိုးလုံး ပါဝင်မည် ဖြစ်သည်။ ဖုန်းယွီက အိပ်ဖွင့် လေလံပွဲမှ ကြော်ငြာ ကဏ္ဍအကုန်လုံးသာ ဝယ်ယူရန်သာ ရှိသည်။

“ကျေးဇူးတင်ပါတယ်။ အရာရှိချုပ်ကျား။ ဒါပေမဲ့ ကျွန်တော် ဒီနေ့လာတာက အခြားကိစ္စကြောင့်ပါ။"

“အခွားကိစ်စလား။”

အရာရှိချုပ်ကျားက ဖုန်းယွီကို ပဟေဠိဖြင့် ကြည့်လိုက်သည်။ ကြော်ငြာကဏ္ဍက လွဲပြီး သူမှာ ဘာကိစ္စတွေ ရှိသေးတာလဲ။

“စီစီတီဗွီမှာ အိုဟောင်းနေတဲ့ ကားတစ်သုတ် ရှိနေတယ်လို့ ကျွန်တော်ကြားတယ်။”

“မင်းက တစ်ပတ်ရစ်ကားတွေ ဝယ်ချင်လို့လား။ ငါအများကြီး မကူညီနိုင်ဘူး။ ဒီကားတွေက အောက်ခြေက ဌာနတွေကို ပြန်ပြီး ဖြန့်ဝေမှာ”

အရာရှိချုပ်ကျားက မျက်မှောင်ကျုံ့လိုက်သည်။ ဖုန်းယွီက တစ်ပတ်ရစ်ကားတွေ ဝယ်ချင်တာလား။ ဒီကားတွေကို သူ့လက်အောက်ငယ်သားတွေ အတွက် ဝယ်မလို့လား။

ဖုန်းယွီက ပြောစရာ စကားမဲ့သွားသည်။ ဘယ်သူက အိုဟောင်းစုတ်ပြတ်နေတဲ့ တစ်ပတ်ရစ်ကားတွေ ဝယ်မှာလဲ။ အဲ့မော်ဒယ် အဟောင်းတွေက Santana။ မင်းက ဒီ ရှေးဟောင်းကားတွေမှာ ဘာလုပ်စေချင်တာလဲ။ ပြတိုက်ထဲ ပြထားရမှာလား။

“နားလည်မှု လွဲနေပြီ။ ကျွန်တော်က တစ်ပတ်ရစ်ကားတွေကို မဝယ်ချင်ပါဘူး။ စီစီတီဗွီမှာ ကားအသစ် ဝယ်ယူဖို့အတွက် အထူး ညွှန်ကြားချက်တွေ ရှိလားလို့မေးတာ။”

“ဘာ.. မင်းက ငါတို့ကို ကားရေဥာင်းမလို့လား။ ဒါပေမဲ့ ငါတို့တွေက နိုင်ငံခြားက တင်သွင်းတဲ့ ကားတွေိကို စိတ်မဝင်စားဘူးနော်။ ငါတို့တွေက စီစီတီဗွီ ပြည်တွင်း ထုတ်လုပ်တဲ့ ကားတွေကိုပဲ ဝယ်ယူမှာ။”

“ကျွန်တော်ပြောတဲ့ ကားကလည်း ပြည်တွင်းမှာပဲ ထုတ်လုပ်တာပြီးတော့ အဲ့ကားတွေက တရုတ်နိုင်ငံမှာ အကောင်းဆုံးကားတွေ။”

“မင်းက ဘာကားအကြောင်း ပြောနေတာလဲ။ Santana လား Audi 100 လား။”

တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် ကားများအကြားတွင် ထိုအမှတ်တံဆိပ် နှစ်ခုသည် အထင်ရှားဆုံး ဖြစ်သည်။ ပြီးနောက် အရည်အသွေးသည်လည်း ကောင်းမွန်ပေ၏။ ထိုအမှတ်တံဆိပ်နှစ်ခုသည် အစိုးရအေဂျင်စီများ၏ နှစ်ကြိုက်မှုရှိသည့် အမှတ်တံဆိပ်များ ဖြစ်သည်။

မျက်လှည့်ဆရာကဲ့သို့ပင် ဖုန်းယွီသည် သူ့အိပ်ထဲမှ ရောင်စုံ ဘောင်ချာကို ထုတ်လိုက်ကာ အရာရှိချုပ် ကျားဆီသို့ ကမ်းလိုက်သည်။

“တစ်ချက် ကြည့်ကြည့်ပါ။ စုန့်ကျန်းကားတွေ။ ဒါတွေက တကယ်ကို ပြည်တွင်းထုတ် ကားစစ်စစ်။ ဒါက ပူးတွဲထုတ်လုပ်တဲ့ ကုမ္ပဏီလည်း မဟုတ်ဘူး။ ဒါက တရုတ်ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ပဲ။ ဒီကားမှာ အရင်ဆိုဗီယက် ပြည်ထောင်စုက နည်းပညာတွေကိုနဲ့ ပေါင်းစပ်ထားတာ။ အရည်အသွေးနဲ့ ဒီဇိုင်းပိုင်းက တရုတ်မှာ အကောင်းဆုံးပဲ။ ဒီမော်ဒယ်က အလုပ်အမှုဆောင်တွေ အတွက် အထူးသီးသန့်။ အတွင်းပိုင်းက ကျယ်ဝန်းပြီးတော့ ထိုင်ခုံတွေကလည်း ဆိုဖာလို သက်တောင့်သက်တာ ရှိတယ်။ ပြီးတော့ ဒီမော်ဒယ်က Santana ဈေးအတိုင်းပဲ ဒါပေမဲ့ အရည်အသွေးကောင်းတယ်။ ဒီမော်ဒယ်ရဲ့ စွမ်းဆောင်ရည်က ‌Audi 200ကို ယှဉ်နိုင်တယ်။ ဒါပေမဲ့ ရောင်းဈေးကတော့ Audi 100နဲ့ အတူတူပဲ။ အပြင်ပိုင်း ဒီဇိုင်းက ခံ့ညားနေတာပဲ။”

ဖုန်းယွီသည် ဘောင်ချာထဲမှ ပုံများကို လက်ညှိုးထိုးကာ မတူညီသည့် မော်ဒယ် အသီးသီး၏ လုပ်ဆောင်ချက်များကို စတင် ပြောတော့သည်။ သေချာသည်မှာ အားနည်းချက်များလည်း ရှိပေသည်။ သို့သော် ဖုန်းယွီက သူ့ကို အားနည်းချက်များကို အရူးမို့ ပြောမည်လား။

အရာရှိချုပ်ကျားက ပုံထဲရှိ ကားများသည် ကြည့်ကောင်းသည်ဟု ဝန်ခံရပေမည်။ဒါပေမဲ့ စုန့်ကျန်းက မော်တော်ဆိုင်ကယ် ထုတ်လုပ်တာ မဟုတ်လား။ ဘယ်တုန်းက ကားထုတ်လုပ်တာလဲ။

“အဲ့စုန့်ကျန်းကားက ....အဲ့ဒီကာ”

“ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ”

“ဟုတ်တယ်။ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီက ဒီကားတွေကို ထုတ်လုပ်တာမဟုတ်လား။ မင်းကဒီကားတွေကို ၁၀၀ရာခိုင်နှုန်း တရုတ်ထုတ်လို့ ပြောတာလား။”

“ဟုတ်ပါတယ်။ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်က ရှယ်ယာ ပိုင်ဆိုင်တယ် ဆိုပေမဲ့ ဟောင်ကောင်ကလည်း တရုတ်ရဲ့ အစိတ်အပိုင်းပဲလေ။ တရုတ်နိုင်ငံရဲ့ အမျိုးသား ရုပ်မြင်သံကြားအနေနဲ့ ကျွန်တော်တို့ တရုတ်နိုင်ငံထုတ်ကားတွေကို မထောက်ခံသင့်ဘူးလား။ အပြင်ဖက်ကို ထွက်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံခြား အမှတ်တံဆိပ်တွေကိုပဲ တွေ့ရမှာ။ တကယ်လို့ အခုသာ တရုတ်အမှတ်တံဆိပ်တွေကို ထောက်ခံမှု မရှိဘူးဆိုရင် အနာဂတ်ကျ တရုတ်ကားဈေးကွက် ဘယ်လို ဖြစ်သွားမယ်ထင်လဲ။”

ဖုန်းယွီက မေးလိုက်သည်။

“ဒီကားတွေရဲ့ စွမ်းဆောင်ရည်က ကောင်းလို့လား။ ဈေးနှုန်းကကော ဘယ်လိုလဲ။”

အရာရှိချုပ်ကျားသည် ယခုတွင် အလုပ်အမှုဆောင်လက်ထောက်ရုပ်သံ အရာရှိချုပ်အဖြစ် ရာထူးဆိုးပြီး ဖြစ်သည်။ ရုပ်သံအရာရှိချုပ်သည် ပြည့်သူရေးရာဌာန၏ အရာရှိချုပ်လည်း ဖြစ်ကာ စီစီတီဗွီ ရုံးတွင်ရှိသည်ကား ရှားသည်။ အရာရှိချုပ်ကျားသည် စီစီတီဗွီတွင် ကိစ္စ အကုန်လုံးနီးပါးကို ကိုင်တွယ်နေရသည်။

“တကယ်လို့ စီစီတီဗွီတာ ကြော်ငြာလေလံနဲ့ ပတ်သတ်ပြီး အတွင်းသတင်းအချို့ ပြောဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့ကလည်း ဒီကားတွေကို ထုတ်လုပ်တဲ့ စရိတ်နဲ့ ရောင်းပေးမှာပေါ့။ ကျွန်တော်က အကျိုးအမြတ် တစ်စွန်းတစ်စတောင် ယူမှာ မဟုတ်ဘူး။”

All Chapters