← Chapters

စမ်းသပ်မောင်းနှင်ခြင်း

Vol. 30 Ch. 441

စမ်းသပ်မောင်းနှင်ခြင်း

Vol. 30 Ch. 441

“အနိမ့်ဆုံး လေလံဈေးနှုန်းကို ပြောရမှာလား။ မဖြစ်နိုင်တာ။ မင်းလွန်ခဲ့တဲ့ နှစ်နှစ်က စီစီတီဗွီကို ပံ့ပိုးမှု အများကြီး ပေးခဲ့တဲ့အတွက်ကြောင့် ငါအများဆုံး လုပ်နိုင်မှာက လေလံနှစ်ခုကို သိုသိုဝှက်ဝှက်နဲ့ နိုင်အောင် လုပ်ဖို့ပဲ။ မင်းကို ကျန်တဲ့ လေလံပွဲတွေရဲ့ အနိမ့်ဆုံး လေလံဈေးနှုန်းကို ပြောလို့ မရဘူး။”

လက်ထောက် အရာရှိချုပ်ကျားက ခေါင်းခါလိုက်သည်။

ဖုန်းယွီ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ဒီရုပ်သံ အရာရှိချုပ်ကျားက ဘယ်လိုအပြောင်းအလဲ လုပ်လို့ရတာကို မသိတာလား။ ဒါက စီစီတီဗွီကို ငွေချွေတာနိုင်စေတယ်လေ။ တကယ်လို့ စီစီတီဗွီက ကြော်ငြာကဏ္ဍတွေမှာ ငွေ အများကြီးရတယ်ဆိုရင်တောင် အထက်အရာရှိတွေကို ငွေပြန်ပေးရဦးမှာပဲ။

ဖုန်းယွီ ထွက်သွားသည်နှင့် ရုပ်သံ အရာရှိချုပ်ကျားသည် ကားဘောင်ချာနှင့်အတူ အထက်အရာရှိများကို သွားရှာတော့သည်။ သူ့ရင်ထဲတွင်တော့ စုန့်ကျန်းကားများဖက် ယိမ်းယိုင်နေလေသည်။ သို့သော် ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီသည် ဖောကဲ့သို့ နိုင်ငံပိုင် လုပ်ငန်း မဟုတ်ပေ။ ဖောသည် အစိုးရ ထောက်ခံမှု ပေးထားသည့် အရေးပါသည့် လုပ်ငန်း ဖြစ်သည်။ အကယ်၍ ဖုန်းယွီ၏ စက်ယန္တရားကုမ္ပဏီသည် နိုင်ငံပိုင် လုပ်ငန်း ဖြစ်သည့်အခါ သူသည် မည်သည့် တွန့်ဆုတ်မှုမျှ ရှိမည် မဟုတ်ပေ။

“လူကြီးကျား။ ဘာလို့ ဒီအမှတ်တံဆိပ် ကားကို ဝယ်ဖို့ စဉ်းစားရတာလဲ။ ငါ ဒီအမှတ်တံဆိပ်ကို ကြားဖူးပါတယ်။ ဒါက အရင်က စီစီတီဗွီမှာ ကြော်ငြာတဲ့ အမှတ်တံဆိပ်လားလို့။ ချန်ကွမ်းတိုင်နဲ့ ကျူးရှီမောက်တို့ သရုပ်ဆောင်ထားတဲ့ ကြော်ငြာလေ။ ဒါပေမဲ့ အဲ့တာက ဆိုင်ကယ်အမှတ်တံဆိပ် မဟုတ်ဘူးလား။ မင်းက ဆိုင်ကယ် ထုတ်လုပ်တဲ့ သူက ထုတ်လုပ်တဲ့ကားကို စီးရဲလား။”

ရုပ်သံအရာရှိချုပ်က ခေါင်းခါလိုက်သည်။ အရာရှိချုပ်ကျားနှင့် ဖုန်းယွီတို့ ရင်းနှီးမှန်းသိသည်။ သို့သော် အရာရှိချုပ်ကျားသည် ဖုန်းယွီကို အရာအားလုံးအတွက် အထူးအခွင့်အရေးများကို မပေးသင့်ပေ။

“နောက်ကျောမှာ အမျိုးသားအဆင့် စုံစမ်းစစ်ဆေးရေးရဲ့ ရလဒ်ကို ဖော်ပြထားတယ်။ ရလဒ်အရတော့ သူ့ကားမှာ ပါဝင်တဲ့ အရာတွေက .....တွေနဲ့ ဆင်တူမှု ရှိတယ်။ ပြီးတော့ အထက်အရာရှိတွေကလည်း ကျွန်တော်တို့ အသုံးစရိတ်ကို လျော့ချ သုံးစေချင်နေတာ။ ပြည်သူ့ရေးရာဌာနကနေပြီးတော့ ခွင့်ပြုမိန့် ရဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ လိုအပ်တဲ့ အစီးရေကို ဒီရံပုံငွေနဲ့ဆို လောက်ငှမှု ရှိတယ်။ တကယ်လို့ အဲ့ကားတွေက ဈေးချိုတယ် ပြီးတော့ အရည်အသွေးကောင်းတယ်ဆိုရင် ကျွန်တော်တို့တွေ ကားအစီးရေ ပိုပြီးတော့တောင် ဝယ်လို့ ရနိုင်မှာ”

ရုပ်သံ အရာရှိချုပ်က မျက်မှောင်ကျုံ့လိုက်သည်။ ယင်းက ပြဿနာ တစ်ရပ်ပင် ဖြစ်သည်။ သူတို့ကို ပေးထားသည့် ငွေများသည်လည်း အတိအကျ ဖြစ်သည်။ အကယ်၍ သူတို့သာ ဈေးချိုသည့် ကားများကို ဝယ်ယူပါက သူတို့သည် ကားအစီးရေ များများ ဝယ်ယူနိုင်မည် ဖြစ်သည်။ အကယ်၍ သူတို့သာ ဈေးကြီးသည့် အမှတ်တံဆိပ်များကို ရွေးချယ်မိပါက သူတို့သည် ကားအစီးရေ အနည်းငယ်သာ ရရှိမည် ဖြစ်သည်။

ရုပ်သံ အရာရှိချုပ်က ဘောင်ချာထဲရှိ ပုံများကို ကြည့်လိုက်သည်။ ကားဒီဇိုင်းများသည် လှပပြီး ခမ်းနားပေသည်။ အတွင်းပိုင်းသည် ကျယ်ဝန်းမည့်ပုံ ကာ အထဲတွင် ထိုင်လျှင်လည်း သက်တောင့် သက်သာ ရှိမည့် ပုံမျိုး ဖြစ်သည်။ ဘောင်ချာက ဆိုင်းထိန်းစနစ်နှင့် အသံလုံသည်ဟု ပြောထားသည်။ တခုတည်းသော ပြဿနာက ဘောင်ချာတွင် ဈေးနှုန်းကို မရေးထားခြင်း ဖြစ်သည်။

“ငါတို့တွေ အရင်က Audi 200 နဲ့ Santana နှစ်ခုလံးကို ရွေးမယ်လို့ ဆွေးနွေးထားတယ်။ ဒီ စုန့်ကျန်းမော်တော်ဆိုင်ကယ်တွေက ဘယ်လောက်ကောင်းမှာ မို့လို့လဲ။ အဲ့ကားတွေက ဘောငချာမှာ ပြောထားသလို ကောင်းပါ့မလား။”

ရုပ်သံ အရာရှိချုပ်ကျားက စိုးရိမ်သွားသည်။ အကယ်၍ သူသာ ပိုက်ဆံ ချွေတာရန်အတွက် အသုံးမဝင်သည့် ကားတစ်စုကို ဝယ်ခဲ့ပါက သူသည် ဒုက္ခရောက်ပေလိမ့်မည်။

ဖုန်းယွီသည် ယင်းပြဿနာများကို မြင်ပြီးသား ဖြစ်သည်။ သူသည် ဘင်းမြို့တော်မှ ကားတစ်စုကို ဘေကျင်းကို ပို့ထားပြီး ဖြစ်သည်။ ထိုးကားများကို သူသည် ဆုပေးပွဲ ကျင်းပရာ စတူဒီယို၏ အပြင်ဖက်တွင် ထားထားသည်။

အကယ်၍ စီစီတီဗွီသည် သူ့ကားများကို မဝယ်လျှင်တောင် ဆုပေးပွဲကို တက်ရောက်မည့် သူဌေးများနှင့် အစိုးရ အရာရှိများကို မြင်စေမည် ဖြစ်သည်။ သူသည် သတင်းထောက်များကို သူ့ ကားများကို ဓာတ်ပုံရိုက်စေချင်၏။

“ဒီကားတွေရဲ့ ထုတ်လုပ်တဲ့ တန်ဖိုးက ယွယ် တစ်သိန်းထက် မပိုဘူး။ ဒါရိုက်ဘာကို စမ်းသပ်မောင်းနှင်ခိုင်းလို့ရပါတယ်။ စွမ်းဆောင်ရည်က Santana ထက်ကောင်းပါတယ်။”

စက်ယန္တရားကုမ္ပဏီမှ အင်ဂျင်နီယာသည် သူ့ကားများကို ဂုဏ်ယူစွာဖြင့် ရှင်းပြနေပေသည်။ ထိုအိုလံပစ်ကားများသည် အခြေခံ အကျဆုံး မော်ဒယ်များ ဖြစ်သည်။ ထုတ်လုပ်မှု စရိတ်သည် ယွမ် ကိုးသောင်း တောင် မရှိပေ။ သို့သော် ဖုန်းယွီက သူ့ကို ထုတ်လုပ်မှု တန်ဖိုးသည် ယွမ် တစ်သိန်းမကျော်ဟု ပြောရန် ညွှန်ကြားထာသည်။

ဒါရိုက်ဘာက သူတို့ ခေါင်းဆောင်များကို ကြည့်လိုက်ပြီး ထိုကားများကို စမ်းသပ်မောင်းနှင်ချင်နေသည်။ သူတို့ ပြန်လာသည့်အခါ သူတို့က ခေါင်းဆောင်များကို စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငုံ့လိုက်သည်။ ထိုကားများကို မှောင်းနှင်ရန်အတွက် အထူးကောင်းမွန်သည်ဟု ခံစားမိသည်။ ဆိုင်းထိန်းစနစ်နှင့် အသံလုံ စနစ်သည် Santana ထက် ကောင်းမွန်ကာ အပြင်ပိုင်း ဒီဇိုင်းသည်လည်း ခမ်းနားပေ၏။

“ဒီကားရဲ့ ထုတ်လုပ်မှု စရိတ်က ယွမ် ၂သိန်းခန့်ပါ။ ဒီကားတွေက အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ စီးပွားရေးသမားတွေ အတွက်ပါ။ ဒီကားရဲ့ ထင်ရှားတဲ့ အပိုင်းက အတွင်းပိုင်းက ကျယ်ဝန်းတယ်။ ပြီးတော့ ကိုယ်ထည် အရည်အသွေးကောင်းတယ်။ ထိုင်ခုံတွေကလည်း ကျယ်ဝန်းတယ်။ လုံးဝ သက်တောင့်သက်သာ ရှိပါတယ်။”

ယခုအကြိမ်တွင် အရာရှိချုပ်ကျားသည် ကားပေါ်ကို တက်လိုက်ကာ ခရီးသည် ထိုင်ခံပေါ်တွင် ထိုင်လိုက်သည်။ သူသည် ကြယ်နီမော်ဒယ် အမျိုးအစားအတွက် သူကိုယ်တိုင် စမ်းသပ်ချင်နေသည်။

ဖုန်းယွီသည် အရာရှိချုပ်ကျားနှင့်အတူ လိုက်သွားကာ ထိုင်ခုံကို မည်သို့ ညှိရကြောင်းနှင့် သူ့ရှေ့ရှိ အပြားကို မည်သို့ ချရကြောင်း ပြောပြသည်။ ယင်းက လေယဉ်ပျံတွင် အစားအသောက်စားသည့်အခါ သုံးသည့် အပြားနှင့် တူပေသည်။

အရာရှိချုပ်ကျားသည် ကားထဲရှိ အသားပေးချက်များ အကုန်လုံးကို မကြည့်ရသေးချင် သူ့ဒါရိုက်ဘာက သူ့ဆီ လှည့်လာကာ သူသည် ဝိုင်းကို တစ်ပတ်ပတ်ပြီးကြောင်း ပြောသည်။

ဒီလောက်တောင် မြန်တာလား။ အရာရှိချုပ်ကျားသည် မည်သည့် တုန်ခါမှုနှင့် ဆူညံသံများကို မကြားရပေ။ အတွင်းပိုင်းသည် အလွန်ပင် တိတ်ဆိတ်ပေသည်။ ကားပြတင်းပေါက်များကို အရောာင်ထည့်ထားသည်။ အပြင်မှသူသည် မှန်ကို အနီးကပ် မကြည့်ပါက အထဲလူသည် မည်သူဖြစ်ကြောင်းကို မြင်ရလိမ့်မည် မဟုတ်ပေ။ အရာရှိချုပ်ကျားသည် ယင်းအချက်ကို အလွန်ပင် နှစ်သက်နေမိသည်။

“ဒါကတော့ စုန့်ကျန်း လမ်းကြမ်းစီးပါ။ ဒီကားက SUV အမျိုးအစားဖြစ်ပြီးတော့ ကျေးလက်ဒေသက ဘယ်မြေပြင် အနေအထားမဆို သင့်တော်ပါတယ်။ ဒီကားက ဒီဇယ်ကို သုံးထားတာ ပြီးတော့ မြင်းကောင်ရေလည်း များတယ်။ ဝန်ထမ်းတွေ ကျေးလက်ဒေသကို သွားပြီးတော့ အင်တာဗျူးရတဲ့အခါ ဒီကားကို မောင်းသွားလို့ရတယ်။ ဒီကားက တကယ်ပဲ အသုံးဝင်ပါတယ်။”

စုန့်ကျန်းကားတွင် အမျိုးအစား သုံးခုရှိသည် ကြယ်နီ၊ လမ်းကြမ်းစီးမော်ဒယ်( ဒီဇယ်နှင့် ဓာတ်ဆီ မော်ဒယ်နှစ်မျိုး) ဖြစ်သည်။ ဖုန်းယွီသည် မော်ဒယ် သုံးခုတွင် နောက်ထပ် အခွဲ ခြောက်ခုအကြောင်းကို ရှင်းပြသည်။ အသင်းခေါင်းဆောင်၏ ဒါရိုက်ဘာနှင့် ကျန်သည့် ဒါရိုက်ဘာများက အရာရှိချုပ် ခေါင်းညိမ့်မည်ကို ကြည့်နေကြသည်။

ထိုဒါရိုက်ဘာများသည် ခေါင်းဆောင်နှင့် ဝန်ထမ်းများ၏ ဒါရိုက်ဘာများ ဖြစ်ကြသည်။ သူတို့ အကုန်လုံးက စုန့်ကျန်း အမှတ်တံဆိပ် ကားများသည် ဘောင်ချာတွင် ဖော်ပြထားသည့် အတိုင်းဟု ခံစားမိသည်။

ဈေးနှုန်းများသည် Audi Santana တို့ထက် နည်းပေသည်။ အိုလံပစ်မော်ဒယ်၏ ဇိမ်ခံ အမျိုးအစားသည် ယွမ် သုံးသိန်းငါးသောင်း ဖြစ်သည်။ ပြီးနောက် စွမ်းဆောင်ရည်သည် Audi 200ထက် ကောင်းပေသည်။ နိုင်ငံခြားမှ တင်သွင်းသည့် Audi 200ထက်တောင် ယွမ် တစ်သိန်း ဈေးချိုပေ၏။ Audi 200 တစ်စီးသည် ယွမ် ၅သိန်းခန့် ရှိပေသည်။

အလတ်တန်းစား အိုလံပစ်မော်ဒယ်သည် ယွမ် ၂သိန်းဝန်းကျင် ရှိကာ စွမ်းဆောင်ရည်သည် Audi 100ထက် ပိုကောင်းပေ၏။ Audi 100၏ ကုန်ကျငွေသည် ယွမ် သုံးသိန်းခွဲခန့် ဖြစ်သည်။ ပြီးနောက် ထိုကားများသည် ပြည်တွင်းတွင် ပူးပေါင်းထုတ်လုပ်သည့် ကားဖြစ်သည်။

စုန့်ကျန်း၏ အနိမ့်ဆုံး အိုလံပစ် မော်ဒယ်သည် ယွမ် တစ်သိန်းဝန်းကျင် ရှိသည်။ ယင်းက ယွမ် တစ်သိန်းနှစ်သောင်း ဈေးရှိသည့် Santana ထက်တောင် ပိုပြီး ဈေးချိုပေ၏။ အတွင်းပိုင်း ဒီဇိုင်း အပြင်ပိုင်းဒီဇိုင်း၊ စွမ်းဆောင်ရည်နှင့် ဈေးနှုန်းသည် ကောင်းမွန်ပေ၏။ Santana သည် စုန့်ကျန်းထက် ပိုကောင်းသွားသည်မှာ အမှတ်တံဆိပ်သာ ဖြစ်သည်.

ယင်းအချက်နှင့် ပတ်သက်ပြီး ဖုန်းယွီ ဘာမှ မလုပ်နိုင်ပေ။ စုန့်ကျန်းကား အမှတ်တံဆိပ်သည် တရုတ်နိုင်ငံ ကားအမှတ်တံဆိပ်တွင် အဆိုးဆုံး ဖြစ်နေခြင်ပင်။ ရှန့်ဟိုင်းမော်တာနှင့် အလံနီ မော်တာစသည့် ပူးပေါင်းကားအမှတ်တံဆိပ်များနှင့် မယှဉ်နိုင်ပေ။

သို့သော် ယခုလက်ရှိတွင် ရှန်ဟိုင်းမော်တာနှင့် လံနီ မော်တာတို့သည် ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ကြပြီ ဖြစ်သည်။ ရှင်ဟိုင်းမော်တာသည် Volvo အမှတ်တံဆိပ်အောက်တွင် Santana ကို ထုတ်လုပ်နေသည်။ လံနီ မော်တာသည်လည်လည်း ယခုလက်ရှိတွင် Audi 100ကိုသာ ထုတ်လုပ်နေပေသည်။ ထိုမော်ဒယ်များကို အသုံးပြုသည့် အစိုးရ အများစုထံ သူတို့ ကားများကို ရောင်းချနေလေသည်။

ယခုနှစ် အစောပိုင်းတွင် Audi 200 ကို ပြည်ပမှ တရုတ်နိုင်ငံကို တင်သွင်းပြီးနောက် Audi 100ကို တစ်ယောက်ချင်းဆီကို ရောင်းချပေးသွားမည် ဖြစ်သည်။ အတိတ်က မည်သူမျှ အစိုးရအေဂျင်စီများသည် Audi 100 အသစ်စက်စက်များကို ဝယ်ယူလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူတို့သည် တစ်ပတ်ရစ် Audi 100များကိုသာ ဝယ်ယူနိုင်ပေသည်။

ဖုန်းယွီက အရာရှိချုပ်ကျားကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့်

“ကျွန်တော်တို့ စုန့်ကျန်းကားက တကယ်ပဲ အမှတ်တံဆိပ် အသစ်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ကားကသာ တရုတ်နိုင်ငံရဲ့ တစ်ခုတည်းသော အမျိုးသားကားအမှတ်တံဆိပ်ပါ။ ကျွန်တော်တို့ ကားရဲ့ အရည်အသွေး၊ ဈေးနှုန်းနဲ့ ဒီဇိုင်းက ပူးပေါင်းထုတ်လုပ်တဲ့ ကားတွေလောက် မကောင်းလို့လား။ ဘာကြောင့်ဆို ကျွန်တော်တို့ ကားအမှတ်တံဆိပ်က Audi Santana တို့လိုမှ နာမည် မကြီးသေးတာ။ အရာရှိက သူတို့ ကားတွေကို ဝယ်ချင်တာလား။ ကျွန်တော်တို့ရဲ့ ငွေတွေကို နိုင်ငံခြားသားတွေက ယူသွားကြတာကို အရာရှိသိလား။”

အရာရှိချုပ်ကျားက သူ့လက်ကို ယမ်းလိုက်ကာ

“မန်နေဂျာဖုန်း ခင်ဗျားက တော်တော် စိတ်အနှောက်အယှက်ပေးတာပဲ။ ကျွန်တော်တို့တွေ ဘာဆုံးဖြတ်ချက်မှ မချရသေးဘူး။ ကျန်တဲ့သူတွေနဲ့ အစည်းအဝေး အရင်ဆုံး လုပ်ရဦးမယ်။ နောက်ပိုင်း ဆုံးဖြတ်ချက် ချပြီးမှ အသေးစိတ် စိတ်အချက်အလက်တွေကို ပြောကြတာပေါ့။”

မည်သို့ပင် ဖြစ်စေ စီစီတီဗွီသည် ကားတစ်စုကို ဝယ်ယူမည် ဖြစ်သည်။ သို့သော် စီစီတီဗွီသည် ကြော်ငြာကြေးများမှ ရန်ပုံငွေများကို စောင့်ဆိုင်းရပေမည်။ ပြည့်သူ့ရေးရာဌာနသည် စီစီတီဗွီကို ကားများ ဝယ်ယူရန်အတွက် ငွေများ ချပေးလိမ့်မည် မဟုတ်ပေ။ ထိုဌာနသည် သူတို့ဌာနအတွက်တောင် ကားလောက်ငှခြင်း မရှိပေ။

အရာရှိချုပ်ကျား ထွက်သွားပြီးနောက် ဖုန်းယွီသည် သူ့မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေသည့် မျက်နှာသည် ပျေက်သွားသည် ဖြစ်သည်။ သူသည် သူ့ခံစားချက်များကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ သူသည် ထိုအကြောင်းများကို ပြောသည့်အချိန်က သရုပ်ဆောင်နေခြင်း မဟုတ်ပေ။ တရုတ်နိုင်ငံ၏ လက်ရှိ ကားလုပ်ငန်းအကြောင်းကို ပြောနေခြင်းဖြစ်ကာ ထိုပူးပေါင်းကားများသည် လုပ်ငန်းအပေါ် အန္တရာယ်များကို ယူဆောင်လာပေးသည်။

“အင်ဂျင်နီယာဝမ် ဟိုတယ်ကို ပြန်ဖို့အတွက် တက္ကစီငှားလိုက်ပါ။ ဒီနေ့ လုပ်တာ အရမ်းကောင်းတယ်။ ပေးထားတဲ့ ပေဂျာကို အမြဲဆောင်ထားဖို့ မမေ့နဲ့နော်။”

ဖုန်းယွီသည် အင်ဂျင်နီယာဝမ်ကို ယွမ် ၂၀ ပေးလိုက်သည်။

“ဟုတ်ကဲ့ ကျွန်တော် သွာတော့မယ်”

အင်ဂျင်နီယာဝမ်သည် တက္ကစီ စီးလိမ့်မည် မဟုတ်ပေ။ အများပြည်သူသုံးယဉ်များသည် ပိုပြီး ဈေးချိုပေသည်။ ပြီးနောက် သူသည် ယွမ် ၂၀ကို သိမ်းထားနိုင်ပေသည်။

အရာရှိချုပ်ကျားသည် ဖြားယောင်းခံလိုက်ရပြီ ဖြစ်သည်။ ယခုလက်ရှိတွင် ဖုန်းယွီသည် မာစတာလူ၏ ဆောင်းပါး ထုတ်ဝေခြင်းကို စောင့်ဆိုင်းရတော့မည် ဖြစ်သည်။ ထိုဆောင်းပါးနှင့် ဆိုပါက စီစီတီဗွီသည် စုန့်ကျန်းမော်တော်ကား ဝယ်ယူမှု ၈၀ရာခိုင်နှုန်း သေချာစေမည် ဖြစ်သည်။ ယင်းက စုန့်ကျန်းကား၏ အစိုးရအေဂျင်ဆီများကို ရောင်းချသည့် ပထမဆုံး ခြေလှမ်းပင် ဖြစ်သည်။

All Chapters