အမျိုးသားကားအမှတ်တံဆိပ်
Vol. 30 Ch. 442
နောက်တစ်နေ့ မနက်တွင် ရုပ်သံ အရာရှိချုပ်သည် လက်ထောက် အရာရှိချုပ်ကျား၏ အကြံနှင့် စုန့်ကျန်းကားဝယ်မည့် အကြောင်းကို စဉ်းစားနေဆဲအချိန်တွင် သူ့အတွင်းရေးမှူးသည် ရုံးထဲကို သတင်းစာနှင့်အတူ ဝင်လာခဲ့သည်။
ပုံမှန်အတိုင်းပင် ပြည်သူ့နေ့စဉ်၏ ပထမဆုံး စာမျက်နှာကို ဖတ်ရှုလိုက်သည်။
ပူးပေါင်းကားထုတ်လုပ်ရေးတွေက ကျွန်တော်တို့ ကားလုပ်ငန်းအတွက် တစ်ခုတည်းသော အဖြေလား။
ယင်းက ခေါင်းစီးပိုင် ဖြစ်သည်။ ယင်းဆောင်းပါးကို ရုပ်သံ အရာရှိသိသည့် တစ်ယောက် ရေးထားသည့်သူ ဖြစ်ကာ ချက်ခြင်းပင် ဖတ်ရှုလိုက်သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများမျကားကုမ္ပဏီများသ်ည တရုတ်နိုင်ငံ၏ ဈေးကွက်ကို ပူးပေါင်းသည့် ပုံစံကို အသုံးပြုကာ ချယ်လှယ်ရန် လာခဲ့ကြသည်။ သို့သော် အနောက်နိုင်ငံများသည် နည်းပညာပိုင်း အဟန့်အဟန့်အတားတွေကို လုပ်ဆောင်လာကြသည်။ ယင်းက လုံးဝ တရားမမျှတသည်ပင်။ အကယ်၍ တရုတ်နိုင်ငံသည် အနောက်နိုင်ငံများ၏ နည်းပညာအပေါ် ကားထုတ်လုပ်မှုအပေါ် မှီခိုမည်ဆိုပါက အကျိုးအမြတ် အများစုကို သူတို့က ယူသွားမည် ဖြစ်သည်။ အဆုံးတွင် ကျွန်တော်တို့၏ နိုင်ငံသာ အရှုံးဖြစ်မည် ဖြစ်သည်။
စာရွက်ပေါ်မှာ ယင်းဖွံ့ဖြိုးပြီး နိုင်ငံများသည် သူတို့၏ ကားထုတ်လုပ်သည့် နည်းပညာကို ကျွန်တော်တို့ထံ လွှဲပေးသည်။ သို့သော် သူတို့ ပေးသည့် နည်းပညာများ အားလုံးသည် စုတ်ပြတ်ပြီး ခေတ်မမှီတော့မည် နည်းပညာများသာ ဖြစ်ပေမည်။ ထိုကုမ္ပဏီများသည် ကျွန်တော်တို့ကို မည်သည့်အခါမျှ အဆင့်အမြင့်ဆုံး နည်းပညာများကို ရောင်းချလိမ့်မည် မဟုတ်ပေ။
ကျွန်တော်တို့ရဲ့ ကားထုတ်လုပ်တဲ့ လုပ်ငန်းမှာ ထုတ်လုပ်ရေးနဲ့ အရောင်းပိုင်းက အခြေအနေ တိုးတက်လာတယ်လို့ ထင်ကောင်း ထင်ရပေမဲ့ တစ်ချိန်တည်းမှာ နိုင်ငံခြား ကုမ္ပဏီတွေက အကျိုးအမြတ် အများအပြားကို ယူဆောင်သွားကြသည်။ ထိုကုမ္ပဏီများသည် ပြည်သူများ၏ ငွေများကို ယူဆောင်သွားသည်ပင်။
အကယ်၍ ယင်းကဲ့သို့သာ ဆက်ဖြစ်ပါက ကျွန်တော်တို့ ငွေဝင်ကောင်းသည့် နာမည်ရသည့် လုပ်ငန်း ဖြစ်သွားပေလိမ့်မည်။ သူတို့သည် ကျွန်တော်တို့၏ မျက်များကို စားပြီး ကျွန်တော်တို့အတွက် နို့ကို ခမ်းခြောက်အောင် လုပ်သည်ပင်။
တရုတ်နိုင်ငံတွင် ကျွန်တော်တို့ ကိုယ်ပိုင် ကားအမှတ်တံဆိပ် ရှိခဲ့သည်။ သို့သော် ထိုအမှတ်တံဆိပ်များသည် နိုင်ငံခြား အမှတ်တံဆိပ် ကားများ ထုတ်လုပ်သည့်အတွက်ကြောင့် ထုတ်လုပ်မှု ရပ်တန့်သွားကြသည်။ ကျွန်တော်တို့၏ ကိုယ်ပိုင် ပြည်တွင်းကားအမှတ်တံဆိပ်များသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်နေပြီ ဖြစ်သည်။
ကျွန်တော်တို့ တရုတ် ဝယ်ယူသူများသည် နိုင်ငံခြား အမှတ်တံဆိပ်များကို ရွေးချယ်ကြသည်။ ပြီးနောက် ပြီးတွင် အမှတ်တံဆိပ်များသည် ဖြည်းဖြည်းချင်း ပျောက်ဆုံးလာသည်။ အကယ်၍ ပြည်တွင်း အမှတ်တံဆိပ်များသည် အနာဂတ်တွင် ပြန်လည် ရှင်သန်ချင်ပါက ထိုအမှတ်တံဆိပ်များအတွက် ပြန်လည် ရှင်သန်ရန် နည်းလမ်းရှိတော့မည် မဟုတ်ပေ။ ပူးပေါင်းလုပ်ငန်းများသည် ဖြတ်လမ်းဟု ထင်ရသော်ငြား ယင်းက ပြည်တွင်း ကုမ္ပဏီများကို သတ်နေခြင်း ဖြစ်သည်။
ထိုအကြောင်းများကြောင့် အတိတ်က ပြည်တွင်းလုပ်ငန်းများသည် ထိုကုမ္ပဏီများနှင့် ရွေးချယ်စရာ မရှိဘဲ ပူးပေါင်းခဲ့ကြသည်။ သို့သော် ယခုလက်ရှိတွင် ကျွန်တော်တို့တွင် ပိုကောင်းသည့် ရွေးချယ်မှု ရှိလာသည်ပင်။
ဘင်းမြို့တော်ရှိ စက်ယန္တရားကုမ္ပဏီသည် အစိုးရ၏ မည်သည့် ထောက်ပံ့မှုမျှ မပါဘဲ ကိုယ်ပိုင် ကားများကို ထုတ်လုပ်နိုင်ခဲ့သည်။ သူတို့ ထုတ်လုပ်သည့် ကားများသည် တရုတ်နိုင်ငံတွင် အဆင့်အမြင့်ဆုံးဖြစ်ကာ ကမ္ဘာပေါ်ရှိ ကားမော်ဒယ်များနှင့်လည်း ပခုံးချင်း ယှဉ်နိုင်ပေသည်။ ယင်းကုမ္ပဏီသည် ပူးပေါင်းထုတ်လုပ်သည့် ကုမ္ပဏီ မဟုတ်ပေ။ ကုမ္ပဏီရဲ့ ရှယ်ယာ အများစုကို တရုတ်နှင့် ဟောင်ကောင် ပုဂ္ဂလိက လုပ်ငန်းများက ပိုင်ဆိုင်သည်။ ယင်းကုမ္ပဏီသည် တရုတ်ကုမ္ပဏီ စစ်စစ်ဟု စဉ်းစား၍ ရနိုင်ပေသည်။
သူတို့သည် စုန့်ကျန်းကားများကို တီထွင်ခဲ့ကြသည်။ အပြင်ပိုင်း ဒီဇိုင်းများနှင့် အဓိက နည်းပညာများကို တရုတ်နိုင်ငံတွင် တီထွင်ထားခြင်း ဖြစ်ကာ ယင်း၏ စွမ်းဆောင်ရည်သည် ပူးပေါင်းကားများ၏ စွမ်းဆောင်ရည်ထက် ပိုမို ကောင်းမွန်သည်။ ယင်းကုမ္ပဏီသည် ကားများတွင် ဒီဇယ်ဖြင့် အသုံးပြုရန်တောင် မော်ဒယ် ထုတ်လုပ်ထားသည်။
ထိုကုမ္ပဏီသည် သူတို့လမ်းကို ကိုယ်တိုင် ဖောက်နေကာ သူတို့၏ ဖန်တီးမှုကို ပြသနေပြီး ကျွန်တော်တို့ ကိုယ်ပိုင် အမျိုးသားကားအမှတ်တံဆိပ်အဖြစ် လွတ်လွတ်လပ်လပ် ရပ်တည်နေသည်။ ယင်းအမှတ်တံဆိပ်သည် အနောက်နိုင်ငံများက ကားနည်းပညာများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ချိုးဖောက်ပြီး ကျွန်တော်တို့ ကားထုတ်လုပ်ရေးကို အထွတ်အထိပ်ထိရောက်အောင် ဦးဆောင်ပေးခဲ့သည်။
ရုပ်သံ အရာရှိချုပ်သည် ထိုသတင်းစား ဆောင်းပါးကို ဖတ်ပြီး စီးကရက်ကို မီးညှိလိုက်သည်။ အဲ့ဒီ ပုဂ္ဂိုလ်က ပထမဆုံးအနေနဲ့ ပူပေါင်းထုတ်လုပ်ရေးကို အကြံပေးခဲ့တာ ပြီးတော့ တစ်နိုင်ငံလုံးကလည်း အဲ့ဗျူဟာကို အသုံးပြုနေကြတာ။ ဒီဆောင်းပါးမျာ ဒီနည်းဗျူဟာကို ဝေဖန်ထားတာ။ ဒီဆောင်းပါကး အထက်အရာရှိတွေရဲ့ အမြင်ကို ပြနေတာပဲ။ ဒီပုံက အထက်အရာရှိတွေကလည်း စုန့်ကျန်းကားကို ထောက်ပံ့ပေးချင်တံ့ပုံပေါက်တယ်။
ဒီစုန့်ကျန်းကားက နောက်ခံကောင်းကောင်း ရှိပုံပေါ်တယ်။ သူတို့တွေက ဒီပုဂ္ဂိုလ်နဲ့တောင် အဆက်အသွယ်ရထားတာ။ နောက်ထပ် ဆွေးနွေးစရာ မရှိတော့ဘူး။ စီစီတီဗွီအတွက် အမှတ်တံဆိပ် တစ်ခုပဲ ရှိတယ်။ အဲ့တာက စုန့်ကျန်းကားပဲ။
ဖုန်းယွီသည် ဆောင်းပါးကို ဖတ်ပြီး ဖြစ်သည်။ သူသည် ထိုဆောင်းပါး၏ အကြမ်းဖျင်းကိုသာ ရေးပေးလိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကိုယ်စား ထိုအကြမ်းဖျင်းမှ ဆောင်းပါး ရေးပေးခြင်း ဖြစ်သည်။ ယင်းပုဂ္ဂိုလ်သည် ထိုသို့သော အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် ဆောင်းပါးမျိုးကို ရေးပေးနိုင်သည့်ပုံပေါ်ပေသည်။
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး ပြဿနာများ ရှိလေမလော။ ဖုန်းယွီသည် တိန်ရှောက်ဖိန်ကို အမှတ်ရသွားခဲ့သည်။ သွားပြီ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီက ပြဿနာ တွေ့တော့မှာလား။
သို့သော် ယခုလက်ရှိတွင် တိန်ရှောက်ဖိန်သည် အာဏာ ရှိနေဆဲ ဖြစ်သည်။ ယင်းဆောင်းပါး ထုတ်ဝေသည် ဆိုကတည်းက မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ပေ။ အကယ်၍ တိန်ရှောက်ဖိန်သာ ယင်းဆောင်းပါးကို သဘောတူပါက စုန့်ကျန်းကားသည် အောင်မြင်မှု ရလိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံရှိ ခေါင်းဆောင်များ အားလုံးက ထိုဆောင်းပါးကို ဖတ်ပြီးသား ဖြစ်သည် သူတို့က ပူးပေါင်းထုတ်လုပ်သည့် ကားအပြင် တရုတ်တွင် အဆင့်မြင့် နည်းပညာများနှင့် ကိုယ်ပိုင်ကားအမှတ်တံဆိပ် ရှိကြောင်း နားလည်ကြသည်။
ပြည်သူ့နေ့စဉ်သာ ယင်းဆောင်းပါးကို ထုတ်ဝေသည်မဟုတ် အခြားသော သတင်းစာများသည်လည်း ဆင်တူသည့် ဆောင်းပါးများကို ထုတ်ဝေကြပေသည်။ သေချာသည်မှာ ပူးပေါင်းထုတ်လုပ်သည့် ကားများထုတ်လုပ်သည့် နေရာမျာတွင်တော့ ထုတ်ဝေခြင်းမျိုး မရှိပေ။
စီမံကိန်းကော်မရှင်က ခေါင်းဆောင်းသည် ထိုဆောင်းပါးကို ရေးသည့် သူကို ရုံးခေါ်လိုက်သည်။ သူသည် အဘယ်ကြောင့် ယခုကဲ့သို့ ဆောင်းပါးများကို ရေးခြင်း ဖြစ်ကြောင်း သိချင်နေသည်။
နှစ်ဦးနှစ်ဖက်လုံး အချိန်ကြာမြင့်စွာ စကားပြောပြီးနောက် စီမံကိန်းကော်မရှင်၏ ခေါင်းဆောင်နှင့် ပြေလည်သွားခဲ့သည်။
တရုတ်၏ ငါးနှစ်တာ အစီအစဉ်တွင် တရုတ်နိုင်ငံ၏ ကားလုပ်ငန်း တိုးတက်စေရန် ဖြစ်သည်။ ပြီးနောက် ယင်းလုပ်ငန်းသည် နောက်ငါးနှစ်အတွက် အဓိက အစိတ်အပိုင်းများထဲမှ တစ်ခု ဖြစ်ပေလိမ့်မည်။
အကယ်၍ တရုတ်နိုင်ငံ၏ အဓိကလုပ်ငန်းများ၏ နည်းပညာများသည် နိုင်ငံခြား ကုမ္ပဏီများ၏ လက်တွင်းသာ ရှိနေပါက အကယ်၍ ထိုကုမ္ပဏီများ တရုတ်နိုင်ငံမှ ထွက်ခွာသွားသည့်အခါ တရုတ်နိုင်ငံ၏ ကားလုပ်ငန်းသည် နောက် နှစ်၁၀နှစ်ကို ရောက်သွားလိမ့်မည် ဖြစ်သည်။
သို့သော် မြေပြင် အခြေအနေတွင်တော့ သတင်းစာထဲတွင် ရေးထားသလောက် မပြင်းထန်ပေ။ ထိုနိုင်ငံခြားသား ကုမ္ပဏီများသ်ည ပူပေါင်းကုမ္ပဏီများ၏ တရုတ်ကုမ္ပဏီများကို သူတို့ နည်းပညာများကို ပေးကြကာ တရုတ်နည်းပညာများကို တိုးတက်စေပေသည်။ အကယ်၍ တရုတ်ကုမ္ပဏီများသာ ထိုနည်းပညာများကို ဆက်လက် တိုးတက်အောင် လုပ်ပါက သူတို့သည် ဖွံ့ဖြိုးပြီး နိုင်ငံများကို အမှီလိုက်နိုင်မည် ဖြစ်သည်.
သို့သော် ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီတွင် တရုတ်နိုင်ငံ၏ အကောင်းဆုံး ကားများကို အောင်အောင်မြင်မြင်ထုတ်လုပ်နိုင်ခဲ့သည်။ ပြီးနောက် နည်းပညာများသည်လည် တစ်ကမ္ဘာလုံးတွင် အကောင်းဆုံးထဲမှ တစ်ခုဟု ပြောနိုင်ပေသည်။ ယင်းက ထိုအကြောင်းများကို ပါးစပ် ပိတ်စေသည့် အကြောင်းပင် ဖြစ်သည်။
စီမံကိန်းကော်မရှင်သည် စုန့်ကျန်းမော်တော်ကားသည် ဆိုဗီယက် ပြည်ထောင်စု၏ ထုတ်လုပ်ရေး လမ်းကြောင်းနှင့် နည်းပညာများကို ဘင်းမြို့တော် လေယဉ်ထုတ်လုပ်သည့် စက်ရုံ၏ မော်တော်ကားထုတ်လုပ်သည့် နည်းပညာများ ပေါင်းစပ်ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိပေသည်။ ထိုနည်းပညာနှစ်ခု ပေါင်းစပ်ခြင်းက သိသာထင်ရှားသည့် တိုးတက်မှုမျိုးကို ယူဆောင်နိုင်ခဲ့လိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားခြင်း ဖြစ်သည်။
အကယ်၍ ကားထုတ်လုပ်သူများသာ သူတို့ နည်းပညာများကို ပူးပေါင်း ထုတ်လုပ်ပါက သူတို့ အဆင့်မြင့် နည်းပညာများကို ထုတ်လုပ်နိုင်မည် မဟုတ်ပေလော။
ဤနည်းဖြင့် တရုတ်နိုင်ငံသည် နိုင်ငံခြားသားကုမ္ပဏီများနှင့် စာချုပ် ကုန်ဆုံးပါက စာချုပ် သက်တမ်းတိုးရန် လိုအပ်တော့မည် မဟုတ်ပေ။ တရုတ်နိုင်ငံသည် ကိုယ်ပိုင် အမှတ်တံဆိပ်ကို အာရုံစိုက်နိုင်ပြီး ကိုယ်ပိုင် ကားလုပ်ငန်းကို တိုးတက်အောင် လုပ်နိုင်ပေလိမ့်မည်။
တိန်ရှောက်ဖိန်သည် ထိုဆောင်းပါးကို အလေးအနက်ဖြင့် ဖတ်ရှုနေလေ၏။ သူသည် ထိုဆောင်းပါးတွင် ပါဝင်သည့် အကြောင်းအရာများကို သိသည်။ ပြီးနောက် သူသည် မီးစိမ်းပေးသူလည်း ဖြစ်သည်။ သူသည် လူတိုင်းနှင့်အတူ ပြဿနာကို ပူးပေါင်းဖြေရှင်းရန် နှစ်သက်သည့် သူလည်း ဖြစ်သည်။
ထို့အပြင် သူသည် ဘင်းမြို့တော်၏ စက်ယန္တရားကုမ္ပဏီသည် နိုင်ငံပိုင် လုပ်ငန်း သို့မဟုတ် ပုဂ္ဂလိကပိုင် လုပ်ငန်းကို ဂရုမစိုက်ပေ။ ယင်းကုမ္ပဏီသည် တရုတ်ကုမ္ပဏီ ဖြစ်နေသမျှ သူအဆင်ပြေသည်။ နွေဦးတွင် သူသည် ရှန်ကျန်းကို သွားရောက်စဉ်က သူနာမည် ကြီးသည့် စကားပုံကို ပြောခဲ့သည်။ ဒီ စက်ယန္တရားကုမ္ပဏီက ကြွက်ကိုဖမ်းမဲ့ ကြောင်ပဲ။
ထိုဆောင်းပါးသည် ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို ဆန့်ကျင်ကြောင်း ပြောထားပုံပေါက်သော်ငြား တိန်ရှောက်ဖိန်သည် စိတ်မတိုပေ။ အသင့်လျော်ဆုံး နည်းလမ်းကို ရှာဖွေ ဖော်ထုတ်ရဲရမည်ပင်။ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီသည် အလွန်စိတ်ဝင်စားဖို့ကောင်းသည်။ သူသည် အားလပ်ရက်ရှိပါက အလည်သွားချင်ပေ၏။
မွန်းလွဲပိုင်းတွင် ဖုန်းယွီသည် အရာရှိချုပ်ကျားထံမှ စီစီတီဗွီအနေဖြင့် စုန့်ကျန်းကားများကို ဝယ်ယူရေး ဆွေးနွေးနေကြကြောင်း အကြောင်းကြားသည့် ပေဂျာရခဲ့သည်။
ဖုန်းယွီသည် အပျော်လွန်သွားသည်။ သူ့ဗျူဟာသည် အောင်မြင်ခဲ့သည်။ အနာဂတ်တွင် အများပြည်သူသုံးယဉ်များကို စုန့်ကျန်းမော်တာကို ပြောင်းရမည်။ Audi, Volvo, Toyota ဘေးမှာသာ နေတော့။
ဘာသာပြန်မှတ်စု
တိန်ရှောက်ဖိန်ကို Great Architect လို့ သုံးထားပါတယ်။ ဘာသာပြန်သူအနေနဲ့ တိန်ရှောက်ဖိန် အမည်ရင်းကိုပဲ သုံးထားပါတယ်။ သူ့ရဲ့ စီမံမှုနဲ့ အတွေးအခေါ်တွေက ယနေ့ တရုတ်နိုင်ငံ အောင်မြင်မှုကို ဖြစ်စေခဲ့ပါတယ်။
“ကြောင်ဖြူ ဖြစ်ဖြစ် ကြောင်မဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဘယ်ကြောင် ဖြစ်ဖြစ် ကြွက်ကို ဖမ်းတာပဲ။”
တိန်ရှောက်ဖိန်