ရင်းနှီးငွေပဲ အရင် ရှာကြတာပေါ့
Vol. 30 Ch. 443
ဖုန်းယွီ စီစီတီဗွီမှ ထွက်လာသည့်အခါ အားရ ကျေနပ်ခြင်း မရှိပေ။ စီစီတီဗွီသည် ကားအစီးရေ သုံးဆယ်ကိုသာ မှာယူခဲ့သည်ပင်။ စုစုပေါင််း အရောင်းအဝယ် တန်ဖိုးသည် ယွမ် လေးသန်းတောင် မရှိပေ။ ဖုန်းယွီသည် သူတို့ လိုချင်သည့်အတိုင်း ကားအစီးရေကို မှာယူမည်ဟု သူကြားခဲ့သည်။ သူတို့သည် အစက ကားအစီးရေ ၂၀ကိုသာ ဝယ်ယူရန်အတွက် ပြင်ခဲ့သည်။
ဖုန်းယွီ အရင်ဘဝတွင် စီရင်စု တစ်ခုတွင်တောင် ယခုကားအရေအတွက်ထက် မှာယူသည်မှာ ပိုများပေသည်။ ထိုအချိန်တွင် ခေါင်းဆောင် တစ်ဦးသည် ရာထူး တစ်နေရာထက် ပိုပြီး ယူဆောင်ထားကာ သူသည် ကားတစ်စီးထက် ပိုပြီး ရရှိပေသည်။ ယခုလက်ရှိ အစိုးရသည် အလွန်ပင် ဆင်းရဲပေသည်။
ရုပ်သံ အရာရှိချုပ်သည် စုန့်ကျန်း အိုလံပစ်မော်ဒယ်ကို စီးမည် ဖြစ်ကာ သူ့လူများသည် ယွမ် တစ်သိန်းတစ်ဖိုးရှိ အီကိုနောမီရှိသော ကားများကို စီးမည် ဖြစ်သည်။ စီစီတီဗွီသာ စုန့်ကျန်းSUVမော်ဒယ်နှင့် စုန့်ကျန်း ကြယ်နီကားများကိုသာ မလိုချင်ပါက ဖုန်းယွီအနေဖြင့် သူတို့အား ရောင်းတောင် မရောင်းချင်ပေ။ သူတို့ထို အရောင်းအဝယ်မှ အကျိုးအမြတ်များစွာ မရရှိပေ။ သူ၏ မော်ဒယ် ရောင်းအားထက်တောင် အကျိုးအမြတ်နည်းပေသည်။ အကယ်၍ ယွမ် ၄သန်း တန်ဖိုးရှိ မော်တော်ဆိုင်ကယ် အရောင်းအဝယ် ဖြစ်ပါက စက်ယန္တရားကုမ္ပဏီအနေဖြင့် အနည်းဆုံး ယွမ် တစ်သန်း အကျိုးအမြတ်ကို ရမည် ဖြစ်သည်။ ထိုကားများ၏ အကျိုးအမြတ်သည် သိန်းဂဏန်းမျှသာ ဖြစ်သည်။
ဖုန်းယွီ သူ့ကိုယ်သူ့သာ နောက်နှစ်တွေကျ အခြေအနေတွေ ပိုကောင်းလာမှာပါဟု ပြောတော့သည်။
စက်ယန္တရားကုမ္ပဏီရှိ လီမင်တနှင့် အခြား ကုမ္ပဏီများသည် စီစီတီဗွီက သူတို့ ကားများကို မှာယူမည်ဟု ကြားသည့်အခါ စိတ်လှုပ်ရှားနေကြသည်။ သူ့တို့အားလုံး၏ အတွေးတွင် ယခု ကားစက်ရုံခွဲသည် အရှုံးပေါ်လိမ့်မည်ဟု တွေးခဲ့ကြသည်။ ဖုန်းယွီက သူတို့ကို အစိုးရ အေဂျင်စီများကို ပစ်မှတ်ထားကာ ကားရောင်းချမည်ဟု ပြောခဲ့သည်။
သို့သော် သူတို့ အားလုံးက နှစ်သစ်မကူးခင် ကားတစ်စီးတောင် မရောင်းရဟု ထင်ခဲ့မိသည်။ ပထမဦးဆုံး အမှာစာ ရလာသည့်အခါ ယင်းအမှာစာသည် ကားတစ်စီးနှစ်စီး မဟုတ်ပေ။ အမှာစာ အစီးရေ ၃၀ ဖြစ်သည်။
သေချာသည်မှာ ထို ကားအစီးရေ သုံးဆယ်သည် သူတို့ လစဉ် ထုတ်လုပ်သည့် ပမာဏနှင့် ယှဉ်ပါက ဘာမှ မဟုတ်သော်ငြား ယင်းက ကောင်းမွန်သည့် ခြေလှမ်း အစပင် ဖြစ်သည်။
ဝူကျီကန်းသည် ဖြန့်ချီသူများနှင့် ဆက်သွယ်ပြီး ဖြစ်သည်။ သို့သော် သူတို့ အကုန်လုံးက ကနဦးသွင်းငွေ ယွမ် ၁သန်းတောင် မထားချင်ကြပေ။ ဖြန့်ချီသူများ အကုန် ပြောကြသည်ကား ကနဦးသွင်းငွေနှင့် ကားပြခန်း တည်ဆောက်မှုသည် သူတို့၏ ငွေကြေး အခြေအနေကို ဝင်ပိစေသည်ဟု ပြောကြသည်။
ထိုဖြန့်ချီသူများသည် ထိုစုန့်ကျန်းမော်တော်ဆိုင်ကယ်မှ လွန်ခဲ့သည့် နှစ်များက အကျိုးအမြတ်များစွာ ရရှိခဲ့သော်ငြား သူတို့သည် ငွေကြေးအများအပြား သုံးစွဲခဲ့သည်။သူတို့သည် ကနဦးသွင်းငွေနှင့် ပြခန်းများအတွက် ငွေ လောက်ငှခြင်း မရှိပေ။
ယခုလက်ရှိတွင် စုန်ကျန်းမော်တော်ဆိုင်ကယ်သည် တိုင်းပြည်တွင် ရောင်းအား နံပါတ် ၂ နေရာ ရောက်နေသည်မှာ တန်ပေ၏။ အစီးရေ နှစ်သိန်းခွဲကျော် ရောင်းချခဲ့ရသည်။ နောက်နှစ်တွင် စက်ရုံအသစ်များ ဖွင့်လှမ်ပြီးစီးပြီးနောက် သူတို့၏ ထုတ်လုပ်မှုကိုလည်း တိုးမြင့် ထုတ်လုပ်နိုင်မည် ဖြစ်ကာ မော်တော်ဆိုင်ကယ် လုပ်ငန်းတွင် ခေါင်းဆောင် တစ်ယောက် ဖြစ်လာရန်အတွက် အချိန် အတိုင်းအတာ တခုသာ လိုတော့သည်။
မော်တော်ဆိုင်ကယ် အသစ် အကုန်လုံးသည် စုန့်ကျန်းမော်တော်ဆိုင်ကယ်၏ ဒီဇိုင်းကို အတုခိုးထားကြသည်။ ယခုလက်ရှိတွင် စုန့်ကျန်းမော်တော်ဆိုင်ကယ်၏ အပြင်ပိုင်း ဒီဇိုင်းသည် တရုတ်နိုင်ငံတွင် ပေါ်ပင် ဖြစ်နေသည်။
သို့သော် သတင်းဆိုးလည်း ရှိပေသည်။အချို့သော မော်တော်ဆိုင်ကယ်များသည် သူတို့ ထုတ်ကုန်များ၏ ကြော်ငြာများကို စီစီတီဗွီတွင် ထုတ်လုပ်ခြင်းမှ အကျိုးအမြတ်အချို့ကို တွေ့ရှိခဲ့ရသည်။ မော်တော်ဆိုင်ကယ်စက်ရုံမှ သူဌေးအချို့သည် စီစီတီဗွီ၏ ကြော်ငြာကဏ္ဍ လေလံပွဲတွင် လာရောက်ပုံပေါ်ပေ၏။
ဖြန့်ချီသူများက ဖုန်းယွီ၏ ကားများကို ဖြန့်ချီသူဖြစ်ရန် ငြင်းဆိုသည့်အခါ ဒေါသထွက်ကြသည်။ သူက ဝူကျီကန်းကို ဖိအားပေးရန် ပြောခဲ့သည်။ ထိုက်ဟွကုန်သွယ်ရေးက သူတို့ မရှိဘဲ အလုပ်မလုပ်နိုင်ဘူးလို့ တွေးနေကြတာလား။ ဒါမှ မဟုတ်ဘူးဆိုရင် သူတို့ကို သင်ခန်းစာ ကြာပြီမို့လို့ ဒီလို ဖြစ်နေတာလားး။
ဝူကျီကန်းက ပိုမို ဖိအား ပေးသည့် ချည်းကပ်မှုမျိုးကို ပေးခဲ့သည်။ သို့သော် အသုံးမဝင်ပေ။ ဖြန့်ချီသူများတွင်လည်း အမှန်တကယ်တွင် ပိုက်ဆံမရှိခြင်းပင်။ သူတို့ အကုန်လုံး ပြောကြသည်ကား သူတို့သည် ထောက်ခံမှုကို ပြသရန်အတွက် စုန့်ကျန်းကား တစ်စီးစီး ဝယ်မည်ဟု ပြောခဲ့သည်။
ချီး ဖြန့်ချီသူက အယောက် နှစ်ဆယ်ပဲ ရှိတယ်။ တကယ်လို့ သူတို့တွေက ဈေးအကြီးဆုံး မော်ဒယ်ကို ဝယ်ရင်တောင်မှ အကျိုးအမြတ် အများကြီးရမှာ မဟုတ်ဘူး။
ထိုအချိန်တွင် ဝူကျီကန်းသည် မော်တော်ဆိုင်ကယ်တုန်းက အသုံးပြုသည့် နည်းလမ်းကို ပြန်လည် အကြံပေးလိုက်သည်။ ထိပ်ဆုံးဖြန့်ချီသူအနေဖြင့် ကားလေးတစ်စီးကို ဆုချီးမြင့်ခြင်းပင် ဖြစ်သည်။
ထိုကဲ့သို့သော ကြီးမားသည့် ဆုကြေးနှင့် ဆိုပါက ထို ဖြန့်ချီသူများသည် အကောင်းဆုံး လုပ်ဆောင််ကြမည်ပင်။ ဖုန်းယွီက တခဏကြာ စဉ်းစားပြီးနောက် ယင်းက အလုပ် ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ခံစားမိသည်။ သို့သော် သူ့အနေဖြင့် အနည်းဆုံး ပစ်မှတ်ကိုတော့ ထားရမည် ဖြစ်သည်။ ဖြန့်ချီသူ တစ်ယောက်သည် တခြားသူများ ကားတစ်စီးမှ မရောင်းရသည့် အချိန် သူ ကားတစ်စီးသာ ရောင်းရပြီး ထိုဆုကို ထိုဖြန့်ချီသူ ရသွားခြင်းကလည်း မသင့်တော်ပေ။
ဖုန်းယွီသည် ဖြန့်ချီသူများအတွက် ကားအစီးရေ ငါးရာကို အနည်းဆုံး ရောင်းချရမည့် ပမာဏအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။ ငါးရာထက် ကျော်လွန်အောင် ရောင်းချနိုင်သည့် သူများသည် ထိုဆုကို ယှဉ်ပြိုင်ရန်အတွက် သင့်တော်ပေမည်။ အကယ်၍ သူတို့၏ ရောင်းအားသည် အစီးရေ တစ်ထောင် ကျော်ပါက သူတို့သည် ကားတစ်စီး ဆုရမည် ဖြစ်သည်။ပြီးနောက် ထိပ်တန်း ရောင်းချနိုင်သူကိုလည်း ဆုကြေးငွေအဖြစ် ယွမ် သုံသိန်း ချီးမြင့်မည် ဖြစ်သည်။
ဘေကျင်းနှင့် ကမ်းရိုးတန်းဒေသများမှ ဖြန့်ချီသူများသာ ထိုသတ်မှတ်ချက်များကို ပြည့်မှီအောင် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပေမည်။ တခြားသော ဒေသရှိ ဖြန့်ချီသူများအနေဖြင့် တစ်နှစ်လျှင် အစီးသုံးရာသာ သတ်မှတ်သင့်ပေသည်။
ဖုန်းယွီသည် အံကို ကြိတ်ကာ ဖြန့်ချီသူများကို ကားမော်ဒယ် ခြောက်ခုနှင့်အတူ ကနဦး သွင်းငွေ ယွမ် ငါးသိန်းသာ ပေးသွင်းရန်အတွက် သဘောတူခဲ့သည်။ သို့သော် ထိုဖြန့်ချီသူများအနေဖြင့် ကားများကို ပြသရန်အတွက် ပြခန်း ရှိရမည် ဖြစ်သည်။ သူတို့သည် မော်တော်ဆိုင်ကယ် ပြခန်းများတွင်လည်း ကားများကို ပြသနိုင်ပေသည်။
စုန့်ကျန်းကား အကုန်လုံးတွင် အရောင် တစ်ရောင်တည်းသာ ရှိသည်။ တောက်ပပြောင်လက်သည့်အနက်ရောင် ဖြစ်သည်။ အမှန်တကယ်တွင် ထို အရောင်သည် ညစ်ပတ် လွယ်ဆုံး ဖြစ်သည်။ အီကောနောမီ ဗားရှင်းတွင် တူညီသည့် ဆေးသုတ်သည့်တိုင် ကားအနေဖြင့် တခုခု တိုက်မိသည့် အခါ ဆေးရောင် မည်သို့ ဖြစ်မည်နည်း။
ရောင်းချပြီး ကားများသည် အရောင်းဝန်ဆောင်မှုများအတွက် ၎င်းတို့၏ ကားများကို ပြန်လည် ပို့ဆောင်နိုင်သည်။ သို့သော် မော်တော်ယဉ် မရောင်းရဘဲ ဆေးများ ပျက်စီးနေပါက မည်သူက သူတို့ ကားများကို ဝယ်ယူချင်မည်နည်း။
ထိုဖြန့်ချီသူများအတွက် ကနဦး သွင်းငွေ ယွမ် ငါးသိန်းနှင့် ကားခြောက်စီးအတွက် ပြခန်းက ကောင်းသည့် အပေးအယူပင်။ သူတို့ အကုန်လုံး သဘောတူကြသည်။ အချို့သော ဖြန့်ချီသူများက သူတို့သည် ပြည်နယ် တစ်ခုထက် ပိုပြီး တာဝန်ယူပြီး ကနဦး သွင်းငွေ ယွမ် ငါးသိန်းနှင့်အတူ ဆိုပါက သူတို့သည် ပြခန်းအတွက် ကား ၁၂စီး ရရှိနိုင်မည်လားဟုတောင် မေးခဲ့သည်။
ဖုန်းယွီက ထိုမေးခွန်းကို ကြားသည့်အခါ သူ သွေးနထင် တက်သွားပေသည်။ ထိုအရှက်မရှိသည့် အုပ်စုတောင် ဝမ်တုန်ကျွင်းထက်တောင် ပိုပြီး အရှက်မရှိသည်ပင်။ ယွမ် ငါးသိန်းက ပြည်နယ် တစ်ခုအတွက်တဲ့လား။
“မင်းတို့တွေ အကုန်လုံးက ကော်မရှင်ခ ငါးရာခိုင်နှုန်းရမယ်။ မင်းတို့ အကုန်လုံးရဲ့ ရောင်းအား အဆင့်အဆင့်တိုင်းကို ထိုက်ဟွ ကုမ္ပဏီရဲ့ အကောင့်ထဲကို ငွေလွဲပေးရမယ်။ ပြီးတော့ လတိုင်းလတိုင်း လကုန်တိုင်းမှာ မင်းတို့တွေရဲ့ အကောင့်တွေထဲကို ကော်မရှင်ခ ပြန်ပြီး လွှဲပေးမယ်။ မင်းတို့တွေ အကုန်လုံးကို မြင်နိုင်တာက ငါ တစ်ရက်ထဲနဲ့ စီစီတီဗွီကို အစီး သုံးဆယ် ရောင်းခဲ့နိုင်တာပဲ။ ဒါကြောင့်မလို့ မင်းတို့ကို ဘယ်ဝယ်ယူသူတွေကို ပစ်မှတ်ထားရမလဲဆိုတာကို ငါ ပြောဖို့ မလိုတော့ဘူး။”
ထိုဖြန့်ချီသူများ အားလုံးသည် သူတို့ ဒေသ အစိုးရနှင့် အဆက်အသွယ် အချို့ ရှိကြပေသည်။ သူတို့သည် ဒေသ အစိုးရကို မော်တော်ဆိုင်ကယ် အစီးရေ ပမာဏ များများ ရောင်းချခဲ့သည်။ သူတို့အတွက် မတူညီသည့် ထုတ်ကုန်သာ ဖြစ်သည်။ ပြီးနောက် မည်သည့် အစိုးရ အေဂျင်စီများတွင် ရန်ပုံငွေရှိပြီး မည်သည့် အစိုးရ အေဂျင်စီများတွင် ရန်ပုံငွေ မရှိသည်ကို သူတို့ အကုန်လုံး သိပေသည်။ ဈေးအနိမ့်ဆုံး မော်ဒယ်၏ လက်လီဈေးနှုန်းသည် တွက်ချက်မှုအရ ယွမ် တစ်သိန်း နှစ်သောင်း ဖြစ်သည်။ အကယ်၍ သူတို့သာ ကားဆယ်စီး ရောင်းနိုင်ပါက သူတို့၏ ကော်မရှင်သည် ယွမ် ခြောက်သောင်း ဖြစ်မည်ဖြစ်သည်။ အကယ်၍ သူတို့သည် တစ်လလျှင် ကားအစီးရေ နှစ်ဆယ်မှ သုံးဆယ်သာ ရောင်းချရလျှင်တောင် သူတို့၏ တနေ့စာအတွက် ကော်မရှင်ခသည် ယွမ် တစ်သန်းမှ နှစ်သန်းအထိ ဖြစ်သည်။ ပြီးနောက် သူတို့၏ ရင်းနှီးမြှပ်နှံမှုအတူ ယွမ်ငါးသိန်းနှင့်အတူ ပြခန်း ငှားရမ်းခသာ ရှိသည်။
ထိုသို့ ကောင်းမွန်သည့် အခွင့်အရေးကို မည်သည့် ဖြန့်ချီသူက လက်လွှတ်ခံမည်နည်း။ မော်တော်ဆိုင်ကယ်၏ ကနဦး သွင်းငွေ တိုးမြင့်ခြင်းကြောင့်သာ မဟုတ်ပါက သူတို့အနေဖြင့် ယွမ် တစ်သန်း ကနဦး ငွေသွင်းငွေကိုလည်း တက်နိုင်ပေသည်။
သေချာသည်မှာ ဖုန်းယွီသည် အကျိုးရှိသည့် ဆုချီးမြင့်သည့် ပုံစံကို ပေးခဲ့ခြင်း ဖြစ်သည်။ သူ့အနေဖြင့် ပြင်းထန်သည့် သတ်မှတ်ချက်များကိုလည်း ချမှတ်ရမည်ပင်။ သူသည် ဈေးကွက်ထဲတွင် သုတေသန အချို့ ပြုလုပ်ခဲ့သည်။ ပြီးနောက် ယခုနှစ်အတွက် Santana သည် အစီးရေ တစ်သောင်းကျော်ကာ ထို အစီးရေ အကုန် ရောင်းရသည်။ Audi 100 ထုတ်လုပ်မှုသည် အစီးရေ နှစ်သောင်းကျော်သည်။ ပြီးနောက် ထိုအစီးရေ အကုန် ရောင်းရသည်။ ထို ကားများကို ဝယ်ယူသည့်သူ အများစုသည် အစိုးရ အေဂျင်စီ သို့မဟုတ် အစိုးရနှင့် ဆက်နွှယ်နေသည့် အေဂျင်စီများပင် ဖြစ်သည်။
နောက်နှစ်တွင် ထုတ်လုပ်မှု အညွှန်းကိန်းများသည် သုံးဆယ် ရာခိုင်နှုန်းအထိ တိုးလာမည် ဖြစ်ရာ ဈေးကွက်အတွင်း နေရာသည်လည်း တိုးတက်လာမည် ဖြစ်သည်။ စုန့်ကျန်းမော်တော်ဆိုင်ကယ် ဈေးကွက်အတွင်း ဝင်ရောက်ရန်အတွက် မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုလက်ရှိ ပထမဆုံးအနေဖြင့် ဖြန့်ချီသူများသည် သူတို့ ဒေသ အစိုးရထံမှ အမှာစာများကို ရကို ရရမည် ဖြစ်ပေသည်။
ကံကောင်းချင်တော့ ဖုန်းယွီသည် စီစီတီဗွီကို ကားတစ်စုကို ရောင်းချခဲ့သည်။ ပြီးနောက် ယင်းက ဖြန့်ချီသူအတွက် ဥပမာ တစ်ခု အဖြစ် စဉ်းစား၍ ရနိုင်ပေသည်။ စီစီတီဗွီသည် အစိုးရ၏ ပါးစပ်ပေါက် ဖြစ်သည်။ ပြီးနောက် သူတို့သည် စုန့်ကျန်းမော်တော်ဆိုင်ကယ်အမျိုးအစားများကို ဝယ်ယူခဲ့သည်။ အခြားသော ဌာနများသည်လည်း သူတို့ကိုလည်း လိုက်စတင်ပြီး ပုံစံကူးမည်ပင်။
အကယ်၍ ထိုဖြန့်ချီသူများသာ နောင်လာမည့် နှစ်အတွင်း ကားအစီးရေ တစ်သောင်းကျော် ရောင်းချနိုင်ပါက စုန့်ကျန်း ကားအနေဖြင့် မည်သည့် ဆုံးရှုံးမှုမျှ ရှိမည် မဟုတ်ပေ။