ကီရီလန်ကို အစ်ကို ကားဝယ်ချင်လား
Vol. 30 Ch. 444
ဖုန်းယွီသည် တရုတ်ဈေးကွက် တစ်ခုထဲနှင့် စိတ်ကျေနပ်လိမ့်မည် မဟုတ်ချေ။ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ရောင်းရရုံနှင့် မည်သည့် အကျိုးအမြတ်မရရှိပါက စိတ်ကျေနပ်လိမ့်မည် မဟုတ်ချေ။ သူ့အနီးပတ်ဝန်းကျင်တွင် သူ့ကို စောင့်ဆိုင်းနေသည့် ဈေကွက်ကြီး တစ်ခု ရှိပေသည်။
“ဟယ်လို အစ်ကိုကီ။ ခင်ဗျား ကားဝယ်ချင်လား”
ကီရီလန်ကိုသည် ဖုန်းယွီထံမှ ဖုန်းခေါ်ဆိုမှု တစ်ခု လက်ခံရရှိခဲ့ကာ သူ့မေးခွန်းကြောင့် ပဟေဠိ ဖြစ်သွာသည်။ သူ့ကားဂိုထောင်ထဲတွင် ကားများစွာ ရှိသည်။ ပြိုင်ကား၊ လမ်းကြမ်းစီး၊ MPVs နှင့် ဇိမ်ခံ မှန်လုံကားတောင် ရှိသေးသည်။ သူ့အနေဖြင့် နောက်ထပ် ကားမည်သည့်အတွက် ဝယ်ယူရန် လိုလိမ့်မည်နည်း။
ဖုန်းယွီသည်လည်း ကီရီလန်ကိုသည် ကားများစွာ ရှိကြောင်းသိသည်။ သို့သော် ဖုန်းယွီ သူ့ကို ကားများဝယ်ချင်လားဟု အဘယ်တွက် မေးရသနည်း။ ဖုန်းယွီတွင် သူ့ကို မိတ်ဆက်ပေးရန်အတွက် အထူးကားအချို့များ ရှိနေသည်လော။ ကီရီလန်ကိုက စိတ်ဝင်စားခဲ့သည်။
“ဖုန်း... အဲ့ဒီကားက ဘာကားလဲ။ ဘာအမှတ်တံဆိပ်လဲ။”
“စုန့်ကျန်းမော်တာ အမှတ်တံဆိပ်”
“စုန့်ကျန်းမော်တာလား။ ကားလား။”
ကီရီလန်ကိုက သူ့ခေါင်းကို ကုပ်လိုက်ပြီး စုန့်ကျန်းမော်တာသည် မည်သည့် ကုမ္ပဏီ ဖြစ်ကြောင်း သိချင်နေသည်။ သူသည် ယင်းနာမည်ဖြင့် ကားကုမ္ပဏီကို တစ်ခါမျှ မကြားဖူးချေ။ ထို နာမည် အရ စုန့်ကျန်းသည် တရုတ်နာမည်နှင့် တူပေသည်။ ဖုန်းယွီ မိတ်ဆက်ပေးမည့် တရုတ် ကုမ္ပဏီ တစ်ခု ဖြစ်လိမ့်မည်လော။
ကီရီလန်ကိုက ဖုန်းယွီသည် သူ့ထံမှ Volga ထုတ်လုပ်ရေး လမ်းကြောင်းများကို မှာယူခဲ့သည်ကို ရုတ်တရက် အမှတ်ရခဲ့သည်။ ထိုကားများကို ဖုန်းယွီ၏ စက်ရုံက ထုတ်လုပ်နေသည်လော။
“ဖုန်း အဲဒီကားကို မင်းရဲ့ ကုမ္ပဏီက ထုတ်လုပ်တာလား။”
“ဟုတ်တယ်။ ဒီကားတွေရဲ့ အရည်အသွေးက ခင်ဗျားရဲ့ Volgaထက် ပိုကောင်းတယ်လို့ ကျွန်တော် အာမခံရဲတယ်။”
ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။
“ဖုန်း မင်းငါ့ကို အရိုးသားဆုံး ပြောကွာ။ ငါတို့နိုင်ငံက Volga အမှတ်တံဆိပ်က ရုရှားတံဆိပ် ဆိုပေမဲ့လည်း အဲ့ဒီအရည်အသွေးက သာရုံ သာရုံပဲ ရှိတာ။ မဟုတ်ဘူးဆိုရင် ငါတို့က အင်္ဂလန်က ကားတွေကို ဒီလောက် အများကြီး ဘယ်လိုလုပ် တင်သွင်းမတုန်း။”
ကီရီလန်ကိုသည် ဖုန်းယွီကို အရာအားလုံးကို မပြောခဲ့ပေ။ အင်္ဂလန်ကားအပြင် ရုရှားနိုင်ငံတွင် ဂျပန်ကားများစွာလည်း ရှိသေးသည်။ ပြီးနောက် အခြားသော ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံများမှ ကားများလည်း ရှိနေသည်။ ထိုဂျပန်ကားများသည် ရုရှားနိုင်ငံသို့ မှောင်ခို တင်သွင်းထားခြင်း ဖြစ်သည်။ ဂျပန်သည် ရုရှား မနှစ်သက်သည့် နိုင်ငံများထဲမှ တစ်ခု ဖြစ်သည်။
ရန်သူနိုင်ငံမှ ထုတ်လုပ်သည့် ကားများကို စီးမည့်အစား သူတို့ ကိုယ်ပိုင် ရုရှားကားများကို ဝယ်ယူရန်အတွက် တွန့်ဆုတ်နေကြသည်။ ယင်းက Volgaကားမျာသည် မည်မျှ ဆိုးဝါးကြောင်း ပြောနေခြင်း ဖြစ်သည်။
ဖုန်းယွီ ဝယ်ယူခဲ့သည့် ထုတ်လုပ်ရေး လမ်းကြောင်းများသည်လည်း အဆင့်မြင့်ဆုံး ထုတ်လုပ်ရေး လမ်းကြောင်းများ မဟုတ်ပေ။ ထို ထုတ်လုပ်ရေး လမ်းကြောင်းများသည် ဆိုဗီယက် ပြည်ထောင်စု၏ တစ်ပတ်ရစ် ထုတ်လုပ်ရေး လမ်းကြောင်းများ ဖြစ်သည်။ ဖုန်းယွီသည် သူ့ထံမှ ကားနှင့် ဆက်စပ်သည့် နည်းပညာများကို ဝယ်ယူခဲ့သည်။ ယင်းက ဖုန်းယွီအနေဖြင့် သူ့လက်ထဲတွင် မည်သည့် နည်းပညာကောင်းတစ်ခုမျှ မရှိဟု ပြသရာ ရောက်ပေသည်။ ဖုန်းယွီ ဝယ်ယူခဲ့သည့် နည်းပညာများသည် ခေတ်နောက်ကျနေပြီ ဖြစ်သည့် Volga၏ နည်းပညာများ ဖြစ်သည်။ ယင်းက ဆိုးဝါးသည့် Volgaကားများထက်တောင် ပိုပြီး ဆိုးဝါးနေပေသည်။ ကီရီလန်ကိုက စိတ်ဝင်စားမှု ပျောက်သွားခဲ့သည်။
“အစ်ကိုကီ Volga ကားတွေက မကောင်းဘူးဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စုန့်ကျန်းကားတွေက Audi နဲ့ Cherokee ကားတွေနဲ့ ယှဉ်နိုင်တယ်”
ဖုန်းယွီက ကီရီလန်ကို၏ စိတ်ဝင်စားမှုကို ပြန်မြင့်ရန်အတွက် နာမည်ကြီး ကားအမှတ်တံဆိပ် နှစ်ခုကို ပြောလိုက်သည်။
“ဖုန်း မင်း မသောက်ထားဘူးဆိုတာ သေချာရဲ့လား။”
ဖုန်းယွီက “.....”
မနက်ခင်း နိုးလာတာနဲ့ ချက်ခြင်း ဗော်ကာကို သောက်တဲ့သူလို့ ထင်နေတာလား။ ငါက အရက်သောက်တာကို မကြိုက်ဘူး။
“အစ်ကိုကီ ကျွန်တော်က လုံးဝ အရက်မမူးတက်ပါဘူး။ အစ်ကို အားတာနဲ့ ခရီးတစ်ခု စီစဉ်သင့်တယ်။ ဘင်းမြို့တော်မှာ ရှိတဲ့ ကျွန်တော်တို့ စက်ရုံကို လာကြည့်လေ။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေက ဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော် ခင်ဗျားကို ပြမယ်။ ဒါက ခင်ဗျားအတွက် ငွေရှာနိုင်တဲ့ အခွင့်အရေး တစ်ခုလည်း ဖြစ်တယ်နော်။”
ရုရှား၏ ကားဈေးကွက်သည် အလွန်ကြီးမားပေသည်။ ကီရီလန်ကို၏ စွမ်းဆောင်ရည်နှင့် ဆိုပါက သူ့ဈေးကွက်သည် တခြားနိုင်ငံတွင် သာမက ဆိုဗီယက် အဖွဲ့ဝင် နိုင်ငံများတွင်လည်း သူအဆက်အသွယ် ရှိနေဆဲ ဖြစ်သည်။
ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံများကို ဆင်းရဲသည်ဟု မတွေးနိုင်ပေ။ ထိုနိုင်ငံများသည် ဆင်းရဲကောင်း ဆင်းရဲပေလိမ့်မည်။ သို့သော် ထိုနိုင်ငံရှိ ပြည်သူများသည် ဆင်းရဲသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဆိုဗီယက် ပြည်ထောင်စုဟောင်းသည် ပြိုကွဲခဲ့သည်။ ပြီးနောက် သူဌေးများစွာ ပေါ်ပေါက်လာခဲ့သည်။ သူတို့၏ ဝယ်ယူနိုင်စွမ်းအားကိုလည်း မေ့ထား၍ မရနိုင်ပေ။
နောင်လာမည့် နှစ်များတွင် ရုရှားသည် ကားအများစုကို တင်သွင်းရမည်။ ရုရှားစီးပွားရေး လုပ်ငန်းများသည် လျင်လျင်မြန်မြန်နှင့် ပြန်လည် ကုစားနိုင်ခဲ့သော်ငြား ကားထုတ်လုပ်သည့် လုပ်ငန်းသည် တိုးတက်လာခြင်း မရှိပေ။ ယင်းက ဖုန်းယွီ အရင်ဘဝရှိခဲ့သည့် အချိန်အထိ ဖြစ်၏။
ရုရှားအစိုးရတောင် Volga၏ ကားများကို အသုံးမပြုသည်ကို ကြည့်ချင်းအားဖြင့် Volgaကားများသည် မည်မျှ ဆိုးဝါးကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ ဖုန်းယွီက Volga၏ နည်းပညာများသည် နှစ်ပေါင်းများစွာအထိ မတိုးတက်ဘဲ တန့်နေသည်ဟု ကြားမိသည်။ ထို့ကြောင့် ကမ္ဘာ့အကောင်းဆုံး ကားထုတ်လုပ်သူများထဲမှ ကမ္ဘာ့အဆိုးဝါးဆုံးသူများထဲမှ တစ်ခုအဖြစ်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ အချို့သော သူများက ရုရှားနိုင်ငံ၏ ကားလုပ်ငန်းသည် ဖက်တီးကင်၏ တိုင်းပြည်ကဲ့သို့ မကောင်းဟုတောင် နောက်ပြောင်သည့် သူများတောင် ရှိသေးသည်။
ဖုန်းယွီသည် ယင်းအကြောင်းကို တွေးပြီးသား ဖြစ်သည်။ တရုတ်နိုင်ငံတွင် ပူးပေါင်းဆောင်ရွက်သည့် ကားများနှင့် ဂျပန် ဥရောပနှင့် အမေရိကန် ပြည်ထောင်စုမှ တင်သွင်းသည့်ကားများ စသည့် ပြိုင်ဖက်များစွာ ရှိသည်။ စုန့်ကျန်း မော်တာသည် အချိန်တိုအတွင်း တရုတ်နိုင်ငံတွင် ခြေကုပ်နိုင်ဖို့က ခက်ခဲသည်ပင်။ သို့သော် ရုရှားနိုင်ငံအတွက်တော့ ကွဲပြားခြားနားပေ၏။ သူတို့၏ ကားများသည် အဓိက တင်သွင်းကြကာ သူတို့ တင်သွင်းသည့် ကားများသည် အင်္ဂလန်နှင့် ဂျာမန် ကားများ အမေရိကန်နှင့် ဂျပန် ကားများလော။ ဆိုဗီယက်ပြည်ထောင်စုဟောင်းနှင့် ယခုလက်ရှိ တွင် ထိုနိုင်ငံများ၏ ဆက်ဆံရေးသည် တရုတ်နှင့် ဂျပန်ဆက်ဆံရေးထက်တောင် ပိုမို ဆိုးဝါးသည်ပင်။ ရုရှားသည် လူဦးရေ သန်းတစ်ရာကျော်ရှိသည်။ ပြီးနောက် ရုရှားရှိ ကားအရေအတွက်သည် တရုတ်နိုင်ငံထက်တောင် ပိုများပေသည်။ ဝယ်ယူမှု လူမှုပထဝီအရ အလားအလာ ကောင်းများ ရှိလေသည်။
ဖုန်းယွီ၏ နောက်ဆုံး စာကြောင်းက ကီရီလန်ကို၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည်။
ငွေရှာရန် အခွင့်အရေးတဲ့လား။
ကီရီလန်ကိုသည် ဖုန်းယွီ၏ ငွေရှာသည့် နည်းလမ်းနှင့် ပတ်သက်ပြီး မည်သည့် အခါကမျှ သံသယ မရှိခဲ့ပေ။ ဖုန်းယွီက ယင်းအရာသည် ငွေရှာနိုင်မည် ဆိုပါက သူသည် ထိုအပေးအယူနှင့် ပတ်သတ်ပြီး ဖုန်းယွီတွင် ကံအကျိုးပေး တစ်ခုခု ရှိမည်ဆိုသည်ကို သိပေသည်။
ယခုလက်ရှိတွင် ကီရီလန်ကိုသည် ရုရှားစီးပွားရေးသမား လောကတွင် အဆင့်မြင့်သည့် နေရာ တစ်နေရာတွင် ရှိနေသည်။ တရုတ်နိုင်ငံမှ တင်သွင်းသည့် ပစ္စည်းများဖြင့်တောင် အခြား စီးပွားရေး သမားများသည် သူ့ကို အစားထိုး၍ မရပေ။
သို့သော် သူ့ထက် ချမ်းသာသည့် သူ အများအပြား ရှိပေသည်။ ကီရီလန်ကိုသည် ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင် မိုင်းတွင်းနှင့် သတ္တုတွင်းများစွာကို ဝယ်ယူခဲ့သော်လည်း သူဖုန်းယွီ၏ အကြံပေးချက်အရ စတင် တူးဖော်ခြင်း မရှိသေးပေ။ သူ့မိုင်းတွင်းများမှ မည်သည့် အကျိိုးအမြတ်မျှ မရရှိသေးပေ။
ထို့အပြင် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ကီရီလန်ကိုသည် စက်မှု ပစ္စည်းများနှင့် နည်းပညာများကိုလည်းဆက်ပြီး မရောင်းချတော့ပေ။ ယခုလက်ရှိ သူ့တွင် ကျန်ရှိသည့် စီးပွားရေးသည် တရုတ်နိုင်ငံမှ လူသုံးကုန် ပစ္စည်းများ တင်သွင်းခြင်းသာ ဖြစ်သည်။
သူ့တွင် ရှိသည့် ငွေနှင့် သူ၏ ပိုင်ဆိုင်မှုများတွင် ကွဲပြားချက်များစွာ ရှိသည်။ သူသည် ယင်းအချက်နှင့် ပက်သက်ပြီး မပျော်ရွှင်ပေ။ သူသည် မိုင်းတွင်းများစွာကို ပိုင်ဆိုင်သည့်သူ ဖြစ်သော်ငြား သူ၏ ဘဝသည် ယခင်က အတိုင်းဟုသာ ခံစားနေရသည်။ သူ့အတွက် နောက်ထပ် ဒုက္ခတွေ့စေသည့် အကြောင်းအရင်းများထဲတွင် ရူဘယ်လ် တန်ဖိုး ကျဆင်းခြင်း အပါအဝင် ဖြစ်သည်။ ရူဘယ်လ် တန်ဖိုးကျဆင်းခြင်းသည် ဆက်တိုက် ဖြစ်နေသည်။ ယက်ဆင်သည် ထိုတန်ဖိုးကျဆင်းမှုကို ရပ်တန့်ရန်အတွက် နည်းလမ်းများစွာ ပြုပြင်ပြောင်းလဲရေးများစွာ လုပ်ခဲ့သော်ငြား အလုပ်မဖြစ်ခဲ့ပေ။
ကီရီလန်ကို အနေဖြင့် သူ ချေးယူထားသော ငွေများအတွက် ရူဘယ်တန်ဖိုး ကျဆင်းခြင်းအတွက် သူ ပျော်သင့်သည်ပင်။ သို့သော် ရူဘယ်တန်ဖိုး ကျဆင်းလာသည်နှင့် သူ့အနေဖြင့် ပြန်ပေးရသည့် ပမာဏ နည်းနည်းလာမည်ပင်။ သို့သော် ထိုငွေဈေးကျဆင်းမှုမှာ တရုတ်နိုင်ငံနှင့်အတူ လူသုံးကုန် ပစ္စည်းများ ရောင်းဝယ်ရာတွင်လည်း ထိခိုက်မှု ရှိသည်။ ထိုတရုတ်ကုန်ပစ္စည်းများကို ရူဘယ်လ်နှင့် ရောင်းချနေခြင်း ဖြစ်သည်။ ပြီးနောက် ယင်းအဓိပ္ပာယ်ကား သူသည် အကျိုးအမြတ်ပမာဏ များစွာ ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။
ထို့အတွက်ကြောင့် ကီရီလန်ကိုသည် ငွေရှာရန် နည်းလမ်းကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။
“ဖုန်း ဒီအကြောင်းကို အရင်ကတည်းက ပြောသင့်တယ်။ ငါ ဒီရက်ပိုင်း အားတယ်။ ငါ လေယဉ်ပေါ် တက်ပြီဆိုတာနဲ့ ငါမင်းကို အကြောင်းကြားလိုက်မယ်”
“ကိစ္စမရှိဘူး။ ခင်ဗျား ဒီကို ရောက်တာနဲ့ ကျွန်တော် ဂရုစိုက်မှာပါ။ ခင်ဗျားအတွက် အရက်တွေနဲ့ တရုတ်အစားအစာကို အများကြီး ပြင်ဆင်ထားမယ်။ ဒါပေမဲ့ ခင်ဗျားအတွက် တရုတ်မိန်းကလေးတော့ မပြင်ဆင်နိုင်ဘူးနော်။”
ဖုန်းယွီအနေဖြင့် သူ၏ တရုတ် အမျိုးသမီးငယ်များကို ကြီးမားသည့် ပိုလာဝက်ဝံကြီး ဖျက်ဆီးမည်ကိုလည်း မလိုလားပေ။
“ဟဟဟ အယ်လီနာကို မင်းအတွက် ခေါ်လာခဲ့ရမလား။ အရင် တစ်ခေါက် နောက်ဆုံးအကြိမ် သူနဲ့ တွေ့တဲ့အခါက မင်းအကြောင်းကိုတောင် မေးနေသေးတယ်”
ကီရီလန်ကိုက ဟာသ နှောလိုက်သည်။
အယ်လီနာ၏ နာမည်ကို ပြောလိုက်သည့်အခါ သူမ၏ လူငယ်ဆန်ပြီး စွဲဆောင်မှုရှိသည့် ကိုယ်လုံးက ဖုန်းယွီ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ဖုန်းယွီက ခေါင်းခါကာ ပြောလိုက်သည်။
“ရတယ် ထားလိုက်တော့။ ငါ အချိန်ရမှပဲ သူ့ကို သွားတွေ့ဖို့အတွက် မော်စကိုကို လာလိုက်မယ်။”
“ဟုတ်တာပေါ့။ တကယ်လို့ ငါ သူ့ကို မင်းဆီကို ခေါ်လာရမလားလို့ မမေးဘူးဆိုရင် ငါ့ကိုယ်ငါ စိတ်ပျက်မိလိမ့်မယ်။ မိန်းမတစ်ယောက်က ယောက်ျားလေး တစ်ယောက်ကို ဘယ်လိုလုပ် ဦးဆောင်နိုင်သူ ဖြစ်ရမလဲ။ တရုတ်လူမျိုးတွေကော ဒီလို ပြောသေးလား။ မိန်းမရဲ့ ရင်ဖက်က သူရဲကောင်းရဲ့ အုတ်ဂူပဲ ဆိုတာလေ။”
ချီး ကီရီလန်ကို ဒီစကားကို ဘယ်ကနေ ကြားခဲ့တာလဲ။
“ကောင်းပြီလေ ငါ တရုတ်နိုင်ငံက စောင့်နေမယ်။ မင်းအနေနဲ့ စိတ်မပျက်စေရဘူးလို့ အာမခံတယ်။”