← Chapters

အစ်ကိုကီက အစားကို နှစ်သက်တဲ့သူ တစ်ယောက်လား

Vol. 30 Ch. 445

အစ်ကိုကီက အစားကို နှစ်သက်တဲ့သူ တစ်ယောက်လား

Vol. 30 Ch. 445

ထျန်လေ့က ကူကယ်ရာ မဲ့နေသည်။ ဖုန်းယွီသည် ကျောင်းကို နောက်တစ်ကြိမ် ခွင့်တိုင်ချင်သည်ပင်။ ယခု စာသင်နှစ်အတွင်း ဖုန်းယွီသည် အတန်းပျက် များလာခဲ့သည်။ သို့သော် ထျန်လေ့က ဖုန်းယွီ သူ့အကြောင်းပြချက်အချို့ကြောင့် ငြင်းဆိုနိုင်ခဲ့ခြင်း မရှိပေ။ နိုင်ငံအဆင့် ကုန်ပစ္စည်းပြပွဲကို စီစဉ် ကျင်းပခြင်း စီစီတီဗွီတွင် ဆုချီးမြင့်ပွဲ အခမ်းအနားကို ကူညီပေးခြင်း။ ထိုအကြောင်းပြချက်များအပြင် ယခုတစ်ခေါက်တွင် နိုင်ငံခြားမှ အရေးကြီးပုဂ္ဂိုလ်ကို ဧည့်ခံရမည် ဆိုသည့် အချက်ပင် ဖြစ်သည်။

ဖုန်းယွီအနေဖြင့် နိုင်ငံခြားမှ တစ်စုံတစ်ယောက်ကို မည်သည့်အတွက်ကြောင့် ဧည့်ခံရသည်ကို မသိသော်ငြား သူသည် ဖုန်းယွီကို ခွင့်တိုင်ပေးခဲ့သည်။ ဖုန်းယွီက သူ့ကို ကျောင်းတွင် အလွန်ကူညီပေးခဲ့သည်။ သူ့ကောင်မလေးသည်လည်း ဖုန်းယွီ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားမှ အရေးကြီးပုဂ္ဂိုလ်သည် ကီရီလန်ကိုကို ရည်ညွှန်းခြင်း ဖြစ်သည်။

ဖုန်းယွီသည် ဘင်းမြို့တော်ကို ရောက်သည့်အခါ ကီရီလန်ကိုသည် ရောက်နေပြီ ဖြစ်သည်။ ပြီးနောက် လီရှစ်ချင်လည်း သူ့လူများနှင့်အတူ စုန့်ကျန်းကားနှင့် သွားခေါ်ခဲ့သည်။

ဖုန်းယွီ စားသောက်ဆိုင်ကို ရောက်သည့်အချိန်တွင် ကီရီလန်ကိုသည် အတော်ကို မူးနေပြီ ဖြစ်သည်။ ပိုစိတ်ဝင်စားဆုံး အချက်သည်ကား လီရှစ်ချင်သည် အရက် တစ်စက်မှ မသောက်ရခြင်းပင် ဖြစ်သည်။

သူ့ယောက်ဖထံမှ မည်သို့ မည်ပုံ လုပ်လိုက်သည်ကို သင်ယူရမည်ဟု ဖုန်းယွီ ကျိန်ဆိုမိခဲ့သည်။ အဘယ်တွက် သူ တစ်ဖက်မှ မသောက်ဘဲ ကီရီလန်ကိုကို အမူးတိုက်နိုင်ခဲ့သည်လော။ အထူးဆန်းဆုံး အပိုင်းသည်ကား လီရှစ်ချင်သည် ရုရှားဘာသာစကားကို နားမလည်ခြင်း ဖြစ်ကာ ကီရီလန်ကိုသည်လည်း တရုတ်စကားမတက်ပေ။ ဘာသာပြန်သူသည်လည်း ရှိမနေပေ။ သူတို့အနေဖြင့် မည်သို့ ပြောဆိုဆက်ဆံကြသနည်း။

လက်သင်္ကေတ ဘာသာစကားကို အသုံးပြုပြီး ကီရီလန်ကိုကို အမှောက်တိုက်နိုင်ခဲ့သည်လော။ ဖုန်းယွီက ကီရီလန်ကိုကို သူ့ကားများအကြောင်းကို ပြောချင်နေဆဲ ဖြစ်သည်။ သို့သော် ယခုလက်ရှိ ပုံစံအရ မဖြစ်နိုင်တော့ပေ။ ဖုန်းယွီက ထိုင်ချလိုက်ကာ တစ်ခုခုကို စားနေသည်။ ပြီးနောက် သူနှင့် လီရှစ်ချင်က ကီရီလန်ကိုကို ကားထဲ ခေါ်သွားခဲ့သည်။

“မင်း သူနဲ့ အင်တာနေရှင်နယ် ဟိုတယ်မှာပဲ နေခဲ့လိုက်တော့။ ငါမှာ ဧည့်ခံရမယ့် သူငယ်ချင်း နှစ်ယောက် ရှိသေးတယ်။ သူတို့တွေက ငါ့ကို စောင့်နေကြတယ်။”

လီရှစ်ချင် လွတ်မြောက်သွားသည်။ ဖုန်းယွီက ရူးချင်စိတ် ပေါက်သွားခဲ့သည်။

ကီရီလန်ကိုနှင့် တစ်မိုးအောက်ထဲတွင် အတူတူ အိပ်ရမည်လော။ မင်း နံရံကို ဖောက်တဲ့ လျှပ်စစ် လွန်ထိုးသံကို ကြားဖူးလား။

ကံကောင်းချင်တော့ အခန်းလွတ်များ ရှိနေဆဲပင်။ ပြီးနောက် ဖုန်းယွီသည် သူ့အတွက် ကီရီလန်ကိုဘေးမှ အခန်းကို ယူလိုက်သည်။

မကြာခင်တွင် ဖုန်းယွီ နောင်တ ရသွားခဲ့သည်။ သူသည် ကီရီလန်ကို အခန်းနှင့် နှစ်လွှာခြား အခန်းကို ယူခဲ့သင့်သည်ပင်။ ဒီ ချီးဟော်တယ်က ဘယ်လို အသံလုံ စနစ်တွေ ရှိတာလဲ။

သူသည် မိုးခြိမ်းသံမျှ ကျယ်သော ကီရီလန်ကို၏ ဟောက်သံကို အနီးနားအခန်းမှတင် ခပ်ကျယ်ကျယ် ကြားရသည်ပင်။

ဖုန်းယွီ အိပ်ပျော်လုဆဲတွင် သူသည် တံခါးခေါက်တံကို ကြားလိုက်ရသည်။

“ဘယ်သူလဲ။”

“ဖုန်း.. မင်းက ဒီမှာလား။ မင်းနိုးနေပြီလား”

ကီရီလန်ကိုက သူ့တံခါးကို ခေါက်ရင်း တက်တက်ကြွကြွဖြင့် ပြောလိုက်သည်။

ဖုန်းယွီက သူ့တံခါးကို မဖွင့်ချင်ဘဲ ဖွင့်လိုက်ရသည်။ သူသည် ကီရီလန်ကိုကို အပြည့်အဝ လေးစားမှု ရှိသည်။ ယမန်နေ့ညက ကီရီလန်ကိုသည် သေမလောက် သောက်ထားသည်။ ပြီးနောက် တစ်ညအိပ်ပြီး သူ၏ စွမ်းအင် အပြည့် ပြန်လည် ရရှိပြီး ဖြစ်သည်။ သို့သော် သူ့အတွက်မူ ကီရီလန်ကို၏ ဟောက်သံကြောင့် တစ်ညလုံး အိပ်မရဘဲ ရှိနေခဲ့သည်ပင်။

“အား အစ်ကိုကီ အစောကြီး ရှိသေးတယ်။ မနက်စာ အရင်သွားစားလေ။ ကျွန်တော် ခဏလောက် ထပ်အိပ်ဦးမယ်။”

ဖုန်းယွီက သမ်းလျက် ပြောလိုက်သည်။ ကီရီလန်ကိုက ဖုန်းယွီကို ထပြီးတော့ ငါနဲ့ အတူတူလိုက်စမ်းပါဆိုသည့် အကြည့်ဖြင့်

“ဖုန်းယွီ တံခါး ပိတ်မည့် အရေးကို တားရင်း သူသည် ဖုန်းယွီကို ရေချိုးခန်းထဲသို့ တွန်းလိုက်ကာ”

“မြန်မြန်လုပ်။ ဒီနေ့မင်းက ငါ့အတွက် ပျော်စရာကောင်းတဲ့ အရာကို စီစဉ်ထားမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။”

ကီရီလန်ကိုအတွက် သူ့ယောက်ဖအနေဖြင့် မည်သည့် စိတ်လှုပ်ရှားစရာကို စီစဉ်ထားသနည်း။ ဘာလို့ ဘယ်သူကမှ အကြောင်းမပြန်ရတာလဲ။

“ကောင်းပြီလေ။ အဲ့တာဆိုရင် ခဏစောင့်ဦး။ ငါ ရေချိုးခန်း ဝင်လိုက်ဦးမယ်”

နာရီဝက်ခန့် ကြာအောင် ဆေးကြော သုတ်သင်ပြီးနောက် ဖုန်းယွီသည် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ ကီရီလန်ကိုသည်လည်း သည်းခံမှု အတိုင်းအတာ ကုန်လွန်နေပြီ ဖြစ်၏။ သူတို့ နှစ်ယောက် အောက်ထပ်ကို ရောက်သည့်အခါ လီရှစ်ချင်က ကားမောင်းလာခဲသည်။

“မင်းတို့ နှစ်ယောက်စလုံးက တော်တော် စောတာပဲ”

ဖုန်းယွီက သူ့ယောက်ဖကို မျက်စောင်းထိုး ကြည့်လိုက်သည်။

ဒါက မင်း မနေ့တုန်းက ကီရီလန်ကိုကို လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့်ပဲ မဟုတ်ဘူးလား။ မဟုတ်ဘူးဆိုရင် သူက ဘယ်လိုလုပ် ဒီလောက် အစောကြီး လာနှိုးရမှာလဲ။

“လီက ငါတို့ကို ဒီကို လာပြီးတော့ ကြိုတယ်ဟ။ သူကလည်း ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ။”

ကီရီလန်ကိုက လီရှစ်ချင်၏ ပခုံးကို ပုတ်ကာ ချစ်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။

ဖုန်းယွီက သူတို့ နှစ်ယောက်စလုံးကို ကြည့်လိုက်၏။ အကယ်၍ ဖုန်းယွီသာ သူတို့ နှစ်ယောက်စလုံး၏ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှုကို မသိပါက ဖုန်းယွီသည် သူတို့ နှစ်ယောက်ကို ဂေးဟု တွေးမည်ပင်။

“အာ့ဆိုရင် သွားရအောင် ငါ မနက်စာ စားဖို့အတွက် ခေါ်သွားမယ်။”

ခေါင်မိုးထက်မှ သတ္တုမီးခိုးတိုင် တိုတိုဖြင့် ဆိုင်လေး တစ်ဆိုင် ဖြစ်သည်။ မီးခိုးထူထူက ထိုမီးခိုးတိုင်မှ တက်လာ၏။

တံခါးပေါ်တွင် စာအချို့ ရေးထားသည်။ ပြီးနောက် ဖုန်းယွီက ယင်းဆိုင်သည် သာမန် မနက်စာ ရောင်းလေ့ရှိသည့် ဆိုင်လေး တစ်ဆိုင် ဖြစ်ကြောင်းသိပေသည်။ အဘယ်တွက် ကီရီလန်ကိုက အလွန် စိတ်လှုပ်ရှားနေရသနည်း။

ချီး ယောက်ဖက ကီရီလန်ကိုအတွက် စားပွဲထိုး ကောင်မလေး တစ်ယောက်ကို စီစဉ်ထားပေးတာလား။

သို့သော် ဖုန်းယွီ ဆိုင်ထဲသို့ ဝင်သွားသည့်အခါ ပြည့်ပြည့်ဖြိုးဖြိုး သတ်လတ်ပိုင်း အန်တီကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။ သူက စိတ်သက်သာရာ ရသွားခဲ့သည်။ ကီရီလန်ကို အနေဖြင့် မိန်းမများအပေါ်တွင် အသည်းခိုက်လောက်အောင် စိတ်ကြွနေသည့် သူမဟုတ်မှန်း သူသိပေသည်။ သူ့အနေဖြင့် အလွန် အစွဲအလမ်းကြီးခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။ ဖုန်းယွီက ရုရှားတွင် သက်လတ်ပိုင်း ရုရှား အမျိုးသမီးများသည်လည်း အလွန် နာမည် ကျော်ကြားသည်ဟု ကြားဖူးသည်။

“ဘာမှာမလဲ။”

“အီကြာကွေးရှိလား”

“ရှိပါတယ်။ ပန်ကိတ်ကြော်။ ပြီးတော့ ပန်ကိတ်အစာသွပ်။ အသားပေါက်စီ။ ဆန်ပြုတ်။ ပြီးတော့ ဘာလိုချင်ပါလဲ။”

“အီကြာကွေး သုံးပွဲ၊ ပန်ကိတ်ကြော် သုံးခု၊ ပန်ကိတ် အစာသွပ် သုံးခု။ အသားပေါက်စီ သုံးလုံး ပြီးတော့ ပဲနို့သုံးခွက် ဆားငန် ဘဲဥ သုံးလုံး အခုချပေးနော်။”

ဖုန်းယွီ၏ မျက်လုံးများ ပြူးသွားခဲ့သည်။

ဒါတွေ အကုန်လုံးက ငါတို့ စားဖို့လား။ ဘယ်လိုလုပ် ငါတို့ သုံးယောက်လုံးက ဒီလောက် အများကြီးကို စားနိုင်မှာလဲ။ အစားအစာ ရောက်လာသည့်အခါ ကီရီလန်ကိုက ပါးစပ်အပြည့် အငန်းမရ မျိုချလိုက်သည်။ ယခုလက်ရှိတွင် ဖုန်းယွီသည် သူ့ယောက်ဖ မှာသည့် အလွန်များသည့် အစားအစာများက အဆင်ပြေရုံသာ ရှိသည်ဟု သူသိသွားခဲ့သည်။ သူတို့ မှာထားသည့် အစားအစာများသည် လောက်ငှခြင်းတောင် မရှိပေ။

“ဖုန်း ဒီ အီကြာကွေးက တော်တော်ကောင်းတာပဲ။ ဒီပန်ကိတ်အစာသွပ်က တကယ်ကောင်းတယ်။ ပြီးတော့ ဒီ အသားပေါက်စီလေ တကယ် ရှယ်ပဲနော်။ ဘာလို့ မစားဘဲ နေနေတာလဲ။”

ကီရီလန်ကိုက ပါးစပ် အပြည့်ဖြင့် စားရင်း ပြောလိုက်လေသည်။

ချီး ဘယ်ကမ္ဘာကတည်းက ငတ်လာတာလဲ။ ဖုန်းယွီက ရုတ်တရက် ယမန်နေ့ညက ကီရီလန်ကိုသည် ညစာ ဘာတစ်ခုမှ မစားမှန်း အမှတ်ရသွားခဲသည်။ သို့သော် သူ့အနေဖြင့် ယခုလောက်တော့ မစားသင့်ပေ။

လီရှစ်ချင်က ရယ်ကာ ဖုန်းယွီကို ပြောလိုက်သည်။

“သူက အဲဒီတုန်းက အစားအစာတွေကို မကြိုက်ဘူးလေ။ ဒါကြောင့် သူ ဒီဟာတွေကိုပဲ စိတ်ဝင်စားနေတာပေါ့”

အင်တာနေရှင်နယ် ဟိုတယ်တွင် ပြဿနာ တစ်ခုရှိသည်။ သူတို့၏ မနက်စာသည် ဧည့်သည်၏ နိုင်ငံခြားလူမျိုး ဖြစ်မှုအလိုက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ သူတို့က နိုင်ငံခြား ခရီးသွားဧည့်သည်များကို လေးစားသည်ဟု ပြောဆိုကြသည်။ ကီရီလန်ကိုသည် ဘင်းမြို့တော်ကို အကြိမ်များစွာ ရောက်ဖူးသည်။ ပြီးနောက် သူသည် တရုတ် ရိုးရာ မနက်စာကို တခါမျှ မမြည်းစမ်းဘူးပေ။

“ယောက်ဖ မနေက ဘာတွေများ သူ့ကို ကတိပေးထားတာလဲ။ ဘာလို့ သူဒီနေ့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။”

ဖုန်းယွီက မေးလိုက်သည်။

လီရှစ်ချင်သည်လည်း အလွန်အံ့အားသင့်သွားကာ

“ငါက ဘာသာပြန်ကို သူ့ကို ဒီနေ့ တရုတ်နိုင်ငံရဲ့ လမ်းဘေးဆိုင်တွေကို ခေါ်သွားမယ်လို့ဘဲ ပြောခဲ့တာ။ ပြီးတော့ ဘာသာပြန်က ပြန်သွားခဲ့တယ်လေ။ ငါလည်း ရုရှားလိုမပြောတက်ဘူး။ ဒါကြောင့် ငါပဲ အစားအစာကိုစမှာပေးရတယ်။ ငါ ဖန်ခွက်ကို မြှောက်လိုက်တိုင်း သူက တစ်ခွက် ကုန်သွားပြီ။ ငါက ကားမောင်းရဦးမှာဆိုတော့ ရေသန့်ပဲ သောက်တယ်လေ။”

ဖုန်းယွီက

“....”

ချီး ဒါလည်း တကယ် အလုပ် ဖြစ်တာပဲလား။ အဲတာဆိုရင် ကီရီလန်ကိုက သူ့ဘာသာသူပဲ မူးခဲ့တာပေါ့။

ဒါပေမဲ့ ကီရီလန်ကိုက ဘာလို့ လမ်းဘေးစာတွေအတွက် ဘာကြောင့် အရမ်း စိတ်လှုပ်ရှားနေတာလဲ။ စိတ်လှုပ်ရှားဖို့ လိုအပ်လို့လား။ ဒီကီရီလန်ကိုက အစားအသောက် ကြိုက်တဲ့သူလား။

ရုရှားမှာကော အရသာ ရှိတဲ့ အစားအစာတွေ မရှိဘူးလား။ ငါ မော်စကိုမှာ စားခဲ့တုန်းက ဝက်အူခြားနဲ့ ပိုင်းဆိုရင် တော်တော်လေး စားလို့ကောင်းတယ်။ ဒါပေမဲ့ အဲ့တာတွေက လွဲပြီး တခြား အရသာ ရှီတဲ့ အစားအစာ ရှိပုံမပေါ်ဘူးမလား။

တရုတ်နိုင်ငံသည် ပြင်သစ်နိုင်ငံကဲ့သို့ပင် သူတို့ အစားအစာများသည် တစ်ကမ္ဘာလုံးတွင် နာမည်ကြီးပေသည်။ နိုင်ငံခြားမှ လာရောက်သည့် သူများက တရုတ် အစားအစာ တစ်ခါစားပြီးသည်နှင့် ချီးကျူးကြပေသည်။ ဖုန်းယွီက ပေါက်စီ တစ်လုံးနှင့် ပန်ကိတ် တစ်ခုသာ စားရသေးသည်။ ကီရီလန်ကိုက စားပွဲပေါ်ရှိ အစားအစာများအားလုံးကို အပြီးသတ်ပြီး ဖြစ်သည်။ သူသည် အချိုများကို တော်တော် ကြိုက်ပုံပေါ်သည်။ သူသည် အီကြာကွေးလေးချောင်းကို စားပြီး ဖြစ်သည်။

“အစ်ကိုကီ အစားအသောက် ဘယ်လိုလဲ။"

“အရမ်းကောင်းတယ်။ ငါတို့တွေ နေ့လည်ကျ ဘာစားမှာလဲ။”

ကီရီလန်ကိုက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

ဟ ဘင်းမြို့တော်ကို ဘာကြောင့် ရောက်နေတာလဲ ဆိုတာကို မေ့နေပြီလား။ ဘာလို့ အစားအသောက်ကြီးပဲ မေးနေရတာလဲ။

“ကျွန်တော်တို့တွေ နေ့လည်စာကို နောက်မှ ပြောကြတာပေါ့။ ကျွန်တော်တို့ ခဏနေရင် စက်ယန္တရားကုမ္ပဏီရဲ့ ကားစက်ရုံကို သွားဖို့ လိုသေးတယ်လေ။ ကျွန်တော် ပြောတယ် အစ်ကို တကယ်ပဲ ငွေရှာနိုင်မှာ”

ကီရီလန်ကိုသည် သူ့အိပ်ကပ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ကာ အလွန်ကျေနပ်သည့် ဟန်ဖြင့် သုတ်လိုက်သည်။

“အဲ့တာဆို မင်းစီစဉ်တဲ့အတိုင်းပေါ့ကွာ”

ဖုန်းယွီသည် ထိုလက်ကိုင်ပဝါကို ကြည့်လိုက်သည်။ သူယမန်နေ့ညက ကီရီလန်ကိုကို အဝတ်အစားလဲရန် ကူညီစဉ်က ထိုလက်ကိုင်ပဝါသည် ကြမ်းပြင်ပေါ်ကို ကျသွားခဲ့သည်ကို အမှတ်ရသွားခဲ့သည်။ပြီးနောက် ဖုန်းယွီသည် သူ့အနံ့ထွက်နေသည့် ခြေအိပ်ဖြင့် လက်ကိုင်ပဝါကို နင်းခဲ့သည်ကိုလည်း အမှတ်ရမိသည်။

ဟမ်း

ဖုန်းယွီသည် ကီရီလန်ကိုကို ယင်းလျို့ဝှက်ချက်ကို မပြောရန် ဆုံးဖြတ်ခဲ့သည်ပင်။ လက်ကိုင်ပဝါမှ အနံ့ကြောင့် သူအရသာ ရှိရှိ စားနေခြင်း ဖြစ်သည်။

All Chapters