← Chapters

ကြက်ဝယ်ပြီး ဥရောင်းစားခြင်း

Vol. 30 Ch. 446

ကြက်ဝယ်ပြီး ဥရောင်းစားခြင်း

Vol. 30 Ch. 446

ကားစက်ရုံခွဲများမှ ဝန်ထမ်းများ အားလုံး လီမင်တာနှင့် ကျန်းရွေ့ချင် အပါအဝင် ရုရှားမှ ဧည့်သည်တော်ကြီးတစ်ယောက် စက်ရုံကို လာလည်မည်ဟု သတင်းကြားသည့်အခါ စိတ်လှုပ်ရှားနေကြသည်။ ထိုသူဌေးကြီးသည် သူ့အနေဖြင့် ကားများနှင့် ပတ်သက်ပြီး စိတ်ကျေနပ်မှု ရှိပါက ပမာဏ များများ မှာယူမည် ဖြစ်သည်။

ကျန်းရွေ့ချင်ကို လီမင်တက မြို့တော်၏ ကိုယ်စားလှယ်အဖြစ် ရုရှားသူဌေးနှင့် တွေ့ရန်အတွက် ဖိတ်ခေါ်ထားသည်။ ယင်းက မြို့တော် အနေဖြင့် စက်ယန္တရားကုမ္ပဏီကို ထောက်ခံကြောင်း စဉ်းစားရ ရောက်ပေမည် ဖြစ်သည်။

ဖုန်းယွီနှင့် ကီရီလန်ကို ကားစက်ရုံသို့ ရောက်သည့်အခါ ကီရီလန်ကို၏ လူများသည် ရောက်နေပြီး ဖြစ်သည်။ စက်ရုံသို့ သွားသည့် လမ်းများတွင် ရုရှားနှင့် ရေးထားသည့် ဘန်နာတန်းများကို တွေ့လိုက်ရသည်။ ကီရီလန်ကိုကို ကြိုဆိုနေသည်။

ကီရီလန်ကိုက ထိုဘန်နာများကို မြင်သည့်အခါ စိတ်လှုပ်ရှားသည်။ ဒီ တရုတ်တွေက တကယ်ပဲ စိတ်အား ပြင်းပြနေတာပဲ။ အကုန်လုံးကို ဖုန်းယွီက စီစဉ်တာလား။ နောက်တစ်ခေါက် ဖုန်းယွီ မော်စကိုကို လာတဲ့အခါ ငါ သူ့ကို ဒီနည်းအတိုင်း ကြိုဆိုမှ ရမယ်။ ငါတို့ ရုရှားတွေက တရုတ်လူမျိုးတွေကို မကြိုဆိုဘူးဆိုတာ သူ့ကို မတွေးစေချင်ဘူး။

အမှန်တကယ်တွင် ထိုဘန်နာများကို လီမင်တက စီစဉ်ခြင်း ဖြစ်သည်။ အတိတ်က စက်ယန္တရားကုမ္ပဏီသည် နိုင်ငံပိုင် လုပ်ငန်း တစ်ခု ဖြစ်စဉ်က သူတို့သည်လည်း သူဌေးကြီးများလာသည့် အခါ ယခုကဲ့သို့ ပုံစံမျိုး ပြုလုပ်ခဲ့ကြသည်။ သေချာသည်မှာ ထို အခါက သူဌေးကြီးသည် ယွမ် တစ်သန်း တန်ဖိုးရှိသည့် လယ်ယာသုံး စက်ပစ္စည်းများကို မှာယူသည့်သူ ဖြစ်သည်။ ယခုလက်ရှိတွင် ယွမ် ၁၀သန်း အရောင်းအဝယ်တောင် ယခုကဲ့သို့ ကြိုဆိုမှုအား ရရှိလိမ့်မည် မဟုတ်ချေ။

“မြို့တော်ဝန်ကျန်း၊ လူကြီးလီ ဒါက ရုရှားက စီးပွားရေးသမားပါ ကီရီလန်ကိုလို့ ခေါ်ပါတယ်။ အစ်ကိုကီ ဒါက ကျွန်တော်တို့ရဲ့ ဘင်းမြို့တော်ရဲ့ မြို့တော်ဝန် မစ္စတာ ကျန်းရွေ့ချင်ပါ။ ပြီးတော့ ဒါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ မစ္စတာ လီမင်တပါ။”

ဖုန်းယွီက နှစ်ဖက်လုံးကို မိတ်ဆက်ပေးလိုက်သည်။

ကျန်းရွေ့ချင်က ကီရီလန်ကို၏ လက်ကို သူရုရှားလူမျိုးများနှင့် နှုတ်ဆက်သည့် ပုံစံအတိုင်း နွေးနွေးထွေးထွေးဖြင့် နှုတ်ဆက်သည်။ ကီရီလန်ကိုက ကျန်းရွေ့ချင် လက်ကို စက္ကန့်အနည်းငယ်မျှသာ လက်ဆွဲ နှုတ်ဆက်သည်။ ဖုန်းယွီသာ ထိုလူကို မိတ်မဆက်ပေးပါက သူ့အနေဖြင့် သူ့ကို သိမည် မဟုတ်ပေ။ ရုရှားတွင် ဒေသဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များသည် သူ့ထက် အဆင့်နှစ်ဆင့် ပိုပြီး နိမ့်ကျပေသည်။ သူသည် တချို့ မြို့တော်ဝန်များကိုတောင် စိတ်ဝင်စားခြင်း မရှိပေ။ (ရုရှား၏ ထိပ်ပိုင်း အရာရှိများသည် တရုတ်နိုင်ငံ၏ ပြည်နယ် အစိုးရ၏ အဆင့်အတန်းနှင့် တူညီပေသည်)

သို့သော် ကီရီလန်ကိုက လီမင်တ၏ လက်ကိုတော့ ကြာကြာ လက်ဆွဲ နှုတ်ဆက်သည်။ သူသည် လီမင်တကို အရင်က နှစ်ခါ တွေ့ဖူးသည်။ လီမင်တက ပဟေဠိ ဖြစ်နေသည်။ ဒီ ရုရှားက ဘယ်သူက ပိုပြီး အာဏာရှိတာကို မသိတာလား။ သူက မြို့တော်ဝန်ရဲ့ လက်ကို နှုတ်ဆက်ရမှာကို တွန့်ဆုတ်နေတယ်။ ပြီးတော့ လီမင်တကို နွေးနွေးထွေးထွေးနဲ့ နှုတ်ဆက်နေတာလား။

ကီရီလန်ကိုသည် စက်ယန္တရားကုမ္ပဏီသို့ ယခင်က အလည်လာခဲ့ဖူးသည်။ ပြီးနောက် လီမင်တသည်လည်း သူ့ကို ယခင်က တွေ့ဖူးသည်။ သို့သော် လီမင်တအတွက်မူ အိန္ဒိယဥရောပ လူမျိုးနွယ်များသည် ရုပ်ဆင်ကြသည်ဟု ထင်သည်။ သူသည် စိတ်ထဲတွင်တောင် တွေးနေသည်။ ဘာလို့ ရုရှားတွေက ကီရီလန်ကိုဆိုတဲ့ နာမည်က များရတာလဲ။ အဲဒါက သူတို့ရဲ့ မျိုးရိုးနာမည်လား။

ကီရီလန်ကိုက စက်ရုံထဲကို ခြေချလိုက်သည်နှင့် သူ့အကြည့်များသည် ကားများဆီသို့ ရောက်နေသည်။ ဒီကားတွေက Volga ကားတွေ မဟုတ်လား။

ဖုန်းယွီ ချဲ့ကား ပြောနေတယ်ဆိုတာ ငါသိတယ်။ သူက ဘယ်လိုလုပ် ကားကောင်းတွေ ထုတ်လုပ်နိုင်မှာလဲ။ ဒီကားတွေက Volgaကားတွေ။ ကီရီလန်ကိုက ဖုန်းယွီကို လှည့်ကာ ကြည့်လိုက်သည်။

လီမင်တက ချက်ခြင်း ရှင်းပြလိုက်၏။

“ဒီ Volgaကားတွေက ကျွန်တော်တို့ ဆိုဗီယက် ပြည်ထောင်စုကနေ ရတဲ့ နည်းပညာတွေ သုံးပြီး ထုတ်လုပ်ထားတာပါ။ ကျွန်တော်တို့တွေက ဒီကားတွေကို နောက်ပိုင်းကျ နှိုင်းယှဉ်ဖို့အတွက် အသုံးပြုသွားမှာပါ။”

ထိုရှင်းပြချက်ကို သူ၏ ဘာသာပြန်သူမှ တဆင့် ကြားပြီးနောက် ကီရီလန်ကိုက လီမင်တကို သံသယဖြင့် ကြည့်လိုက်သည်။ Volgaကားတွေကို ယှဉ်မှာတဲ့လား။ ဒီအဓိပ္ပာယ်က မင်းတို့တွေက Volgaကားထက် ပိုကောင်းတဲ့ ကားတွေကို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်တဲ့ အဓိပ္ပာယ်လား။

ထိုသို့ မဟုတ်ပါက မည်သို့ ဖြစ်မည်နည်း။ ကီရီလန်ကိုသည်လည်း ရုရှား ဆိုဗီယက် ပြည်ထောင်စု ဟောင်းတွင် မည်သည့် ကောင်းမွန်သည့် ကားမှမရှိသည်ကို ဝန်ခံရမည်ပင်။ ရုရှားနိုင်ငံရေးသမား အများစုသည်လည်း အင်္ဂလန်ထုတ်ကားများတွင်သာ စီးချင်ကြသည်။ ထိုကားများသည် Volgaကားများထက် ပိုကောင်းသည်ပင်။ ဒါနဲ့ မင်းတို့တွေက Volgaရဲ့ နည်းပညာဟောင်းတွေနဲ့ ထုတ်ထားတာ မဟုတ်ဘူးလား။ အခု လက်ရှိ Volgaမော်ဒယ်တွေက ဒီကားထက်ပိုပြီးတော့တောင် ကောင်းနေဦးမယ်။

ထို့အပြင် Volgaကားများ တပ်ဆင်မှုသည် Volga၏ အိုဟောင်းသည့် မော်ဒယ်များထက် ပိုပြီး ဆိုးဝါးသော်ငြား ကားနည်းပညာအသစ်ကို တီထွင်ရန်ကား လွယ်ကူသည့် ကိစ္စတစ်ရပ် ဖြစ်မနေချေ။

“မန်နေဂျာလီ ကျွန်တော်ရဲ့ လူကို ဒီကားကို စမ်းမောင်းခိုင်းလို့ရလား။”

“ရပါတယ်။ ကိစ္စမရှိပါဘူး။ ဒီကားကို ပီတာဘက်မြို့ကို ခန့်အပ်ထားတဲ့ အင်ဂျင်နီယာကိုယ်တိုင် စမ်းသပ်ပြီးပါပြီ။ သူပြောတာက ရုရှားမှာရှိတဲ့ Volgaနဲ့ အရည်အသွေးပိုင်းမှာ ယှဉ်နိုင်တယ်လို့တောင် ပြောပါတယ်”

လီမင်တက မုတ်ဆုတ်ထူထူဖြင့် ခပ်ကြီးကြီး လူတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။ ယင်းစက်ယန္တရား အင်ဂျင်နီယာကို ဆိုဗီယက် ပြည်ထောင်စုဟောင်းမှတဆင့် စက်ယန္တရားကုမ္ပဏီတွင် ခန့်အပ်ထားခြင်း ဖြစ်သည်။

ကီရီလန်ကိုက မျက်မှောင်ကျုံ့သွားခဲ့သည်။ သူသည် ဖုန်းယွီကို ဆိုဗီယက် ပြည်ထောင်စုမှ ယခင်က အင်ဂျင်နီယာ အချို့ ငှားယမ်းခဲ့သည်ကို တွေးမိခဲ့သည်။ ယင်းအဓိပ္ပာယ်ကား ယခု Volgaကားသည် မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ချေ။

သို့သော် ကီရီလန်ကိုသည် သူ့၏ ကိုယ်ပိုင် စက်ယန္တရားအင်ဂျင်နီယာကို ကားကို စစ်ဆေးကြည့်ရှုရန်အတွက် တောင်းဆိုဆဲ ဖြစ်သည်။ ဖုန်းယွီက စီးပွားရေးလုပ်ရန်အတွက် သူ့ကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထုတ်ကုန်၏ အရည်အသွေးနှင့် ပတ်သက်ပြီး ပြဿနာ ရှိလျှင် မည်သို့ ဖြစ်မည်နည်း။ သူ့အနေဖြင့် ချို့ယွင်းချက်ရှိသည့် ထုတ်ကုန်များကို တင်သွင်းမိပါက သူ့အနေဖြင့် အရှုံးပေါ်မည် ဖြစ်သည်။ ဖုန်းယွီသည် ရုရှား၏ ကားဈေးကွက် အကြောင်းကို အများကြီး သိမည် မဟုတ်ချေ။ သူ၏ ခန့်မှန်းမှုသည် မှန်ကန်ချင်မှ မှန်ကန်ပေလိမ့်မည်။

အင်ဂျင်နီယာသည် ကားစက်ခေါင်းဖုံကို ဖွင့်လိုက်ပြီး ပြီးနောက် သူသည် ကားအောက်ပိုင်းသို့ ဝင်ကာ စစ်ဆေးကြည့်လိုက်သည်။ ပြီးနောက် သူသည် ကားအောက်သို့ ဝင်လိုက်သည်။ သူသည် ထိုကားကို အကြမ်းဖျင်း စစ်ဆေးကြည့်လိုက်၏။ အင်ဂျင်နီယာက ကားကို စစ်ဆေးနေချိန် လီမင်တက ကီရီလန်ကိုကို စက်ရုံအကြောင်း ပြောပြလိုက်သည်။ သူက ကီရီလန်ကိုကို စက်ရုံသည် မည်မျှ ကြီးကြောင်း အလုပ်သမား မည်မျှ ရှိကြောင်း ကျွမ်းကျင် အင်ဂျင်နီယာ မည်မျှ ရှိကြောင်း ကနဦး ရင်းနှီးမြှပ်နှံငွေ နှစ်စဉ် ထုတ်လုပ်မှု အစရှိသည်တို့ကို ပြောပြနေသည်။ လီမင်တသည် ကုမ္ပဏီ၏ သမိုင်းကြောင်းနှင့် အောင်မြင်မှုများ အကြောင်းကို အခြားသူများကို ပြောပြရာတွင် နှစ်ခြိုက်သည့် ဗီဇ ပါလာပုံပေါ်သည်။ သို့သော် သူသည် စက်ယန္တရားကုမ္ပဏီ၏ ကားစက်ရုံနှင့် ပတ်သက်ပြီး မည်သည့် အကြောင်းကိုမျှ မပြောနိုင်ပေ။ အကြောင်းမှာ ကားစက်ရုံသည် အသစ်ချက်ချွတ် ဖြစ်နေသည့်အတွက် ဖြစ်သည်။

လီမင်တက စုန့်ကျန်းကားများကို အရောင်ပါသည့် ဘောင်ချာဖြင့် စတင် ရှင်းပြသည့်အခါ ကီရီလန်ကို၏ အင်ဂျင်နီယာသည်လည်း Volgaကားကို စစ်ဆေးပြီးမြောက်ခဲ့ပြီ ဖြစ်သည်။

“ဒီကားရဲ့ စွမ်းဆောင်ရည်က မိုက်တယ်။ ဒါက သေချာပေါက် ကားအသစ်ပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ Volgaနည်းပညာကို အသုံးပြုထားတယ်။ နည်းပညာကို သုံးထားတာက ကျွန်တော်တို့ရဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က စံနှုန်းပဲ။ ဒီကားရဲ့ စွမ်းဆောင်ရည်က ယခုလက်ရှိ Volgaမော်ဒယ်ထက် အနည်းငယ် အားနည်းရုံပဲ ရှိမယ်။”

ကီရီလန်ကိုက ခေါင်းညိတ်လိုက်ပြီး ဖုန်းယွီကို ကြည့်လိုက်သည်။ ကြားတယ်မလား ဒီကားက ငါတို့ရဲ့ ဆယ်နှစ်က Volgaရဲ့ စံနှုန်းတွေပဲ။ အခုလက်ရှိ Volgaကားလောက် မကောင်ဘူး။ ဒီကားကို ယှဉ်ပြီး မင်းဘယ်လို သက်သေပြမလဲ။

ဖုန်းယွီသည် ထိုအကြောင်းကို သိပြီး ဖြစ်သည်။ သို့သော် Volga၏ နည်းပညာများသည် ကားလောက အတွင်း တိုးတက်မှုနှုန်း အနှေးဆုံး ဖြစ်သည်။ တရုတ်နိုင်ငံနှင့်တောင် မယှဉ်နိုင်ပေ။ Volga၏ အသစ်လွင်ဆုံး ကားများသည် လွန်ခဲ့သည့် ဆယ်နှစ်ကထက် ပိုပြီး များများစားစား ကောင်းလိမ့်မည် မဟုတ်ချေ။

ကီရီလန်ကို စုန့်ကျန်းကားများကို ကြည့်ပြီးနောက် သူက ပြောစရာ စကားမရှိတော့ချေ။ ကီရီလန်ကိုက စုန့်ကျန်းကား၏ အပြင်ပိုင်း ဒီဇိုင်းသည် အလွန်လှပသည်ဟု သတိပြုမိသည်။ ကားအမျိုးအစား သုံးခုစလုံးက သူ့အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။

အိုလံပစ်မော်ဒယ်သည် ကြီးကျယ်ခမ်းနားပြီး စီးပွားရေးသမားနှင့် မိသားစုများအတွက် သင့်တော်သည်။ လမ်းကြမ်းစီးသည် အကြမ်းခံပြီး လွှမ်းမိုးနိုင်စွမ်းရှိသည်။ ကြယ်နီ မော်ဒယ်သည် ဗင်ကားနှင့် တူသော်ငြား ကြီးမား လေးလံသည့်ပုံ မရှိချေ။

အားလုံးကို ခြုံပြောရမည် ဆိုပါက ကီရီလန်ကိုသည် ထို မော်ဒယ်သုံးခုစလုံး၏ ဒီဇိုင်းပိုင်းကို နှစ်ခြိုက်ပေသည်။ သို့သော် အပြင်ပိုင်းဒီဇိုင်း မည်မျှ လှစေကာမူ ကား၏ စွမ်းဆောင်ရသည် အရေးကြီးဆုံး အပိုင်း ဖြစ်သည်။ ကားသည် မောင်းရန်အတွက် ဖြစ်သည်။ အလှပြဖို့ မဟုတ်ချေ။ အကယ်၍ သူသာ အပြင်ပိုင်း ဒီဇိုင်းကို ယှဉ်ချင်ပါက သူသည် သူ့အိမ်ရှိ ပြိုင်ကားသည် ပိုပြီး လှပကြောင်း တွေးမည် ဖြစ်သည်။

သို့သော် လူတိုင်းသည် ပြိုင်ကားကို မတက်နိုင်ပေ။ ထိုကားများသည် အမေရိကန် ဒေါ်လာ သိန်းချီ ရှိနေဆဲ ဖြစ်ကာ ကားလမ်းကြောင်းတွင်လည်း အဓိကနေရာတွင် ရှိနေဆဲ ဖြစ်သည်။ ရုရှားဝယ်ယူသူများသည် ရိုးရိုးကားများကိုသာ ရွေးချယ်ကြသည်ပင်။

ကီရီလန်ကိုသည် သူ့အင်ဂျင်နီယာကို သူ့လက်ထဲမှ ဘောင်ချာကို ကမ်းလိုက်ပြီး သူ၏ ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် အမြင်ကို ပေးစေချင်သည်။

ထိုအင်ဂျင်နီယာသည် ကားများ၏ ပုံကို မြင်သည့်အခါ လှပသည့် ဒီဇိုင်းက သူ့၏ စိတ်ဝင်စားမှုကို ဖမ်းစားသွားသည်။ ဒါက SUV မဟုတ်ဘူးလား။ သူ့က တော်တော်လေး ကျယ်တာပဲ။ ဒီအတွင်းပိုင်း ဒီဇိုင်းကလည်း တော်တော်လေး ကျယ်တယ်။ ပြီးတော့ ရှေ့အပိုင်းက လေရဲ့ ခုခံနိုင်စွမ်းကို လျော့နည်းစေတယ်။ ပြီးတော့ ဒီကား တစ်ခုလုံးက ကျစ်လစ်တယ်။ ဒါက တကယ်ပဲ လှပတယ်။

ယင်းက သေချာပေ၏။ ထို စုန့်ကျန်းလမ်းကြမ်းမောင်းသည် အနာဂတ် မှ Audi Q7ကို အခြေခံထားခြင်း ဖြစ်သည်။ လျိုမာရှယ်သည် ဒီဇိုင်းပိုင်းများစွာ ပြုပြင်ပြောင်းလဲပြီးနောက် ယင်းက Q7နှင့် ကွဲပြားသွားမည် ဖြစ်သည်။ သို့သော် Jeep နှင့် Cherokee ထက်ပိုကောင်းသည့် ပုံပေါက်နေဆဲ ဖြစ်သည်။

All Chapters