← Chapters

ကျွန်တော်က တကယ် အလေးအနက်ထားတာ

Vol. 30 Ch. 449

ကျွန်တော်က တကယ် အလေးအနက်ထားတာ

Vol. 30 Ch. 449

နေ့လည်တွင် ကျန်းရွေ့ချင် အကြောင်းပြချက် တခုပေးကာ ဘိုင်ကျူ တစ်ခွက်သာ သောက်လိုက်သည်။ ဖုန်းယွီ၏ ညွှန်ကြားချက်ဖြင့် လီမင်တသည် စက်ရုံ၏ ကြီးကြပ်သူများနှင့် ခေါင်းဆောင်များကို ကီရီလန်ကိုနှင့် အတူ သောက်ရန်အတွက် စီစဉ်ခဲ့သည်။

ကီရီလန်ကိုသည် တရုတ်လူမျိုးများ၏ ဧည့်ဝတ်ကျေပွန်မှုကို အလွန် သဘောကျနေ၏။ နေ့လည်စာ စားပြီးသည့်အခါ သူ့ကို သူ့လူများက ကားပေါ် တင်ခေါ်သွားရသည်။ ဖုန်းယွီသည် ပြုံးနေမိသည်။ ရုရှားဘာသာပြန်က ဖုန်းယွီသည် လောကဝတ်အရ ပြုံးသည်ဟု တွေးနေသည်။ သူမသိသည့် အချက်ကား ဖုန်းယွီသာ ပတ်ဝန်းကျင်တွင် လူများစွာ မရှိသည့်အခါ ဟားတိုက် ရယ်မောမည် ဆိုသည့် အချက်ပင် ဖြစ်သည်။

ဟဟဟ နောက်ဆုံး ငါမင်းကို မူးအောင် လုပ်နိုင်ခဲ့ပြီ။

“မန်နေဂျာဖုန်း မျက်နှာ လေဖြန်းသွားတာလား။”

လီမင်တက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

မင်းမျက်နှာသာ လေဖြန်းရမှာ။ မင်းရဲ့ ဦးနှောက်ကောပဲ။ ငါ ပျော်နေတာကို မင်းမမြင်နိုင်ဘူးလား။ ငါ ရယ်တာကိုတောင် မရပ်နိုင်တော့ဘူး။

“ဘာတွေ ကြည့်နေတာလဲ။ မြို့တော်ဝန်ကျန်းကို ပြန်ပြီး အနားယူဖို့အတွက် ဒရိုက်ဘာ တစ်ယောက် စီစဉ်ပေးလိုက်လေ။ ကန်တင်းကိုသွားပြီးတော့ ဟင်းရည် ပူပူလေး ပြင်ထားခိုင်းလိုက်။ မင်းတို့တွေ အကုန်လုံး အမူးပြေအောင် ဟင်းရည် သောက်သင့်တယ်။ အမူးမပြေနိုင်လောက်ရင်တော့ အိမ်ပြန်ပြီး အနားယူခိုင်းလိုက်။ မင်းတို့တွေ အကုန်လုံး ဒီနေ့ ကောင်းကောင်း လုပ်ခဲ့တယ်”

ဖုန်းယွီက လီမင်တ၏ ပခုံးကို ပုတ်လိုက်သည်။ သူသည် ထိုလူကြီးသည် အရက်ကို ကောင်းကောင်း ထိန်းထားနိုင်မှန်း မသိချေ။ လီမင်တ၏ မျက်လုံးမျာသည် အလွန်ရဲနေသော်ငြား သူသည် အရက်မူးနေသည့်တိုင် နောက်ထပ် တစ်ပုလင်းကို သောက်နိုင်သေး၏။ ဖုန်းယွီသည် သူ့ကို အလွန်ပင် အံ့ဩမိသည်။ လီမင်တ၏ ကီရီလန်ကိုအား မူးအောင် လုပ်ရန် ကောင်းကောင်း အစီစဉ်ချထားခဲ့သည်။

ကျန်းရွေ့ချင်သည်လည်း ယနေ့ နေ့လည်စာနှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေ၏။ ကီရီလန်ကိုသည် သူမူးနေစဉ် အမှာစာ ကြီးကြီး တင်မည်ဟု ကတိပေးသည့်အတွက်ကြောင့်မဟုတ်ပေ။ နေ့လည်စာသည် အကုန်အကျ မများသည့်အတွက် ဖြစ်၏။

အဓိက ဟင်းပွဲ ၈ပွဲသာ ပါပြီး ကျန်သည့် အစားအစာများသည် လမ်းဘေးစာများ ဖြစ်သည်။ ထိုအစားအစာများသည် အလွန်ဈေးချို၏ ဘင်းမြို့တော်၏ ဘိုင်ဂျူသည် တစ်ပုလင်းလျှင် ၂ယွမ်သာ ရှိသည်။

ကျန်းရွေ့ချင်က စက်ယန္တရားကုမ္ပဏီကို နမူနာယူကာ သူတို့၏ အသုံးစရိတ်ကို လျော့ချရန်အတွက် အခြားသော မြို့တော် ခေါင်းဆောင်များနှင့် ဆွေးနွေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။

ဟင်းရည်ပူတစ်ခွက်ကို သောက်ပြီးနေက် ဖုန်းယွီသည် တစ်ရေးအိပ်ရန်အတွက် သူ့ရုံးခန်းကို ပြန်သွားခဲ့သည်။ သူ နိုးလာသည့်အခါ သူလန်းဆန်းတက်ကြွနေ၏။ ပထမဆုံး သူလုပ်သည့် အရာသည် မြို့တော် အစိုးရရုံးကို သွားရန် ဖြစ်သည်။

ဖုန်းယွီသည် ယာယီ မှတ်ပုံတင် နံပါတ်ဖြင့် ကားမောင်းနေသော်ငြား သူသည် မြို့တော်အစိုးရရုံးဝန်းကို သူ့မျက်နှာကိုပြခြင်းဖြင့် လွယ်လွယ်ကူကူဖြင့် ဝင်နိုင်၏။

“အစ်ကိုလျို ခေါင်းဆောင် နိုးပြီလား”

ဖုန်းယွီက ရုံးခန်းကို လက်ညှိုးထိုးလိုက်သည်။

“မန်နေဂျာဖုန်း ခေါင်းဆောင် ခေါင်းကိုက်နေတယ်။ သူ နေ့လည်တုန်းက သောက်တာ များသွားတယ်။ အရေးကြီး ကိစ္စများ ရှိလို့လား။”

အတွင်းရေးမှူးလျိုက သိချင်စိတ်ဖြင့် မေးလိုက်သည်။ စောစောက နှစ်ယောက်လုံး အတူတူ နေ့လည်စာ စားခဲ့ကြတာ မဟုတ်ဘူးလား။

ဖုန်းယွီက အံ့အားသင့်သည် မျက်နှာဖြင့်

“မြို့တော်ဝန်ကျန်းက စုန့်ကျန်းသား တစ်စုကို ဝယ်ယူချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ငါက ဒီကို မော်ဒယ်အမျိုးအစားနဲ့ အရေအတွက်အကြောင်းကို ဆွေးနွေးဖို့ လာခဲ့တာ။”

အတွင်းရေးမှူးလျိုက ချွေးပြန်သွားသည်။ မြို့တော်ဝန် ပြောခဲ့တာက စက်ယန္တရားကုမ္ပဏီကို ကူညီချင်လို့လေ။ ပြီးတော့ မင်းက အလေးအနက်ထားတာလား။ မန်နေဂျာဖုန်းက မသိနားမလည်တာလား။

အတွင်းရေးမှူးလိုက ယခင် အတွင်းရေးမှူးညွှန်ကြားခဲ့သည် ဖုန်းယွီလာသည့်အခါ သူကို တန်ပြန်ရန် ကြိုတင်ကာကွယ်မှု လုပ်ရမည်ကို ပြန်လည် အမှတ်ရမိသည်။ ဖုန်းယွီသည် အလွန် အရေခွံထူ၏။ သူသည် အခြားသူများ မည်သို့ တွေးသည်ကို ဂရုမစိုက်ပေ။ သူသည် လိုချင်သည့် အရာကိုသာ ရအောင် လုပ်လိမ့်မည်ပင်။

“မန်နေဂျာဖုန်း အရင်ဆုံး ထိုင်လိုက်ပါဦး။ မြို့တော်က အခု အစည်းအဝေး တစ်ခု ရှိနေတာ။ ပြီးတော့ ဒီအကြောင်းကို ပြောဖို့အတွက် အချိန်ရဦးမှာ မဟုတ်ဘူ”

ဖုန်းယွီ၏ အသံက ကျယ်သည်ပင်။ အကယ်၍ မြို့တော်ဝန်ကျန်းသာ သူ့ကို တွေ့ချင်ပါက သူသည် ဖုန်းယွီကို ခေါ်လိုက်မည်ပင်။ သို့သော် ကျန်းရွေ့ချင်သည် ဖုန်းယွီကို မခေါ်ပေ။ ယင်းအဓိပ္ပာယ်ကား ကျန်းရွေ့ချင်သည် ဖုန်းယွီကို မတွေ့ချင်ခြင်းပင် ဖြစ်သည်။ ဖုန်းယွီကို တားရန်ကား အတွင်းရေးမှူး လျို၏ တာဝန်ပင် ဖြစ်သည်။

ဖုန်းယွီသည် နံရံဘေးရှိ ထိုင်ခု တစ်ခုတွင် ထိုင်လိုက်ကာ သူ့တင်ပျဉ်ခွေ ချိတ်လျက်

“ကိစ္စမရှိဘူး။ ငါ စောင့်နိုင်တယ်”

အတွင်းရေးမှူးလျိုက ပါးစပ်ဟလိုက်သည်။ သို့သော်ငြား မည်သည့် စကားတစ်ခွန်းမျှ မထွက်လာချေ။ အကယ်၍ အခြားသူများသာ ဆိုပါက သူသည် ယင်းအဓိပ္ပာယ်ကို သိပြီး ဖြစ်ပေမည်။ ခေါင်းဆောင်က မင်းကို မတွေ့ချင်ဘူး။ သို့သော် ဖုန်းယွီသည် အခြားသူများကဲ့သို့ မဟုတ်ပေ။ ထိုနေရာတွင်သာ ထိုင်နေသည် ဘာမျှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။

အတွင်းရေးမှူးလျိုသည် စိတ်ထဲတွင် တွေးနေသည်။ တကယ်လို့ ခေါင်းဆောင်ကာ မင်းကို မခေါ်ဘူးဆိုရင် ပြီးတော့ ငါကလည်း မင်းကို ဂရုမစိုက်ဘူးဆိုရင်တော့ မင်းထွက်သွားလိမ့်မယ်။

သို့သော် တခဏ ကြာပြီးနောက် ဖုန်းယွီသည် ဗီရိုဆီကို လမ်းလျှောက်သွားလိုက်သည် အတွင်းဖက်အကျဆုံး၏ အံဆွဲထဲမှ သတ္တုဘူးဖြင့် ထည့်ထားသည့် လက်ဖက်ခြောက်ကို ယူလိုက်သည်။ အတွင်းရေးမှူးလျိုသည် ဂရုမစိုက်၍ မရတော့ပေ။

“မန်နေဂျာဖုန်း မန်နေဂျာဖုန်း ရပ်လိုက်။ ဒီလောက် လက်ဖက်ခြောက် အများကြီး မလိုဘူး။ နည်းနည်းလေးဆိုရပြီလေ။”

အတွင်းရေးမှူးလျို၏ ရင်ထဲတွင် နာကျင်နေသည်။ ထိုလက်ဖက်ခြောက်များသည် တန်ဖိုးဖြတ်၍ မရပေ။ မြို့တော်ဝန်တောင် မသောက်ရဲပေ။

“စိတ်မပူနဲ့။ ငါ့ကို ကူဖို့ မလိုဘူး။ ကိုယ့်အလုပ်ကိုသာလုပ်။ ငါဘာသာ လုပ်လိုက်မယ်။ ငါက လက်ဖက်ရည်ခါးခါးကို ကြိုက်တယ်လေ။”

ဖုန်းယွီက ပြောလိုက်သည်။ ပြီးနောက် သူသည် ခွက်ထဲကို လက်ဖက်ခြောက်များကို ထပ်ပြီး ထည့်နေသည်။

အတွင်းရေးမှူးလျိုသည် ဖုန်းယွီလက်ထဲမှ လက်ဖက်ခြောက်ဘူးကို အတင်းယူလိုက်ကာ သူ့ကို ကြည့်လိုက်သည်။ အကယ်၍ ထိုသူသာ ဖုန်းယွီ မဟုတ်ပါက မောင်းထုတ်ရန်အတွက် လုံခြုံရေးကို ခေါ်ပြီး ဖြစ်သည်။ အကြိမ်တိုင်း မြို့တော်ဝန်သည် ဖုန်းယွီကို ဆူခဲ့သည်။ သို့သော် သူသည် မည်သည့်အခါကမျှ သူ့အတွင်းရေးမှူးကို ဖုန်းယွီ ထိုလက်ဖက်ခြောက်များကို မယူရန် တားခဲ့ခြင်း မရှိပေ။

ထပ်ပြောရပါက မြို့တော် အစိုးရရှိ လူတိုင်းသည် ဖုန်းယွီနှင့် မြိို့တော်ဝန်ကျန်းသည် အလွန် ရင်းနှီးကြောင်း သိပေသည်။ မြို့တော်ဝန်နှင့် ဖုန်းယွီသည် မြို့တော်ဝန် နိုင်ငံခြားကုန်သွယ်ရေးဗျူရိုတွင် အရာရှိချုပ် ဖြစ်ခဲ့စဉ်ကတည်းက သိသည်ဟုတောင် ကောလဟာလများ ရှိသည်။ အတွင်းရေးမှူးလျိုသည် ဖုန်းယွီထံမှ မြို့တော်ဝန်ကျန်း မည်သည့် လက်ဆောင်ကိုမျှ လက်ခံသည်ကို မမြင်ဘူးပေ။ မြို့တော်ဝန်ကျန်းကို ဖုန်းယွီ ညစာဖြင့် ဧည့်ခံသည်တောင် တစ်ခါသာ ရှိသည်။

ကျန်းရွေ့ချင်သည် ဖုန်းယွီ ရောက်ရှိသည်ကို သတိပြုမိသည်။ သူ့အခန်းတံခါးသည် ပွင့်နေကာ သူ့အခန်းထဲမှ ဖုန်းယွီအသံကို ရှင်းရှင်းလင်းလင်း ကြားရသည်။

သို့သော် အဘယ်တွက် ဖုန်းယွီသည် အစိုးရရုံးကို ရောက်နေသနည်း။ သူသည် မြို့တော် အစိုးရထံ ကားများကို ရောင်းချရန်အတွက် ရောက်ချနေခြင်း ဖြစ်သည်။ ကျန်းရွေ့ချင်က ရုရှားများသာ ကားများကို အမှာစာ တင်ပါက မြို့တော်အစိုးရအနေဖြင့် ဖုန်းယွီထံမှ ကားတစ်စီးနှစ်စီးဝယ်ရန်အတွက် တွေးနေသည်။ သို့သော် ဖုန်းယွီက ရုရှားအမှာစာများ မယူခင် မြို့တော်အနေဖြင့် ကားများကို ဝယ်ယူဖို့ အကြောင်းပြောရန် ရောက်နေခြင်း ဖြစ်သည်။

ကျန်းရွေ့ချင်သည် ဖုန်းယွီနှင့် မတွေ့ချင်ပေ ပြီးနောက် သူသည် ဖုန်းယွီကို ပြန်စေရန်အတွက် နည်းလမ်းများကို ရှာဖွေချင်ခဲ့သည်။ သို‌ေ့သာ် ယခုလက်ရှိ ဖုန်းယွီ၏ ပုံစံအရ အရှက်မရှိ ဤရုံးတွင် ဆက်နေမည့်ပုံပေါ်သည်။ သူသာ ဖုန်းယွီကို မခေါ်ပါက ရုံးသည် ရှုပ်ပွသွားမည် ဖြစ်သည်။

ကျန်းရွေ့ချင်က သူ့နားထင်ကို ပွတ်ကာ ခေါင်းကိုက်သက်သာအောင် လုပ်လိုက်ကာ တံခါးဆီသို့ မျက်နှာ မှုန်ကုပ်ကုပ်ဖြင့် သွား၏။

“ဖုန်းယွီ ဝင်လာခဲ့။ ရှောင်လျို ငါ့အတွက် လက်ဖက်ရည် ခါးခါးလေး တစ်ခွက် ဖျော်ခဲ့။”

ဖုန်းယွီသည် ကျန်းရွေ့ချင် ရုံးခန်းကို အပြုံးသားဖြင့် ဝင်သွားသည်။ သူသည် အခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ သူ့လက်ဖက်ရည်ကို တစ်ငုံပြီး တစ်ငုံ သောက်နေသည်။

ချီး လက်ဖက်ခြောက် အများကြီးပဲ။ ဖုန်းယွီ သူ တစ်ငုံသောက်တိုင်း ရေထပ်ထည့်ရမှာ။

ဖုန်းယွီ၏ လက်ဖက်ရည်ခွက်ထဲမှ လက်ဖက်ခြောက်များကို မြင်သည့်အခါ ကျန်းရွေ့ချင် ခေါင်းကိုက်တာ ပိုဆိုးသွားခဲ့သည်။ ထိုလက်ဖက်ခြောက်များကို သူ့ ခေါင်းဆောင်ဟောင်း ပေးခဲ့ခြင်း ဖြစ်ကာ ဖုန်းယွီက ဖြုန်းတီးနေသည်။ နောက်မှ သူ့အနေဖြင့် ထိုလက်ဖက်ခြောက်များကို သူ့ရုံးခန်းထဲတွင် သော့ခက်သိမ်းထားရမည်ပင်။ မဟုတ်ပါက ဖုန်းယွီ ဖြုန်းတီးပေလိမ့်မည် ဖြစ်သည်။

ကျန်းရွေ့ချင်သည် စီးကရက်ကို မီးညှိလိုက်ကာ ဖုန်းယွီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

“ဘာလို့ ဒီကို ရောက်လာတာလဲ။”

ဖုန်းယွီက မျက်လုံးအပြူးသားဖြင့်

“မြို့တော်က စုန့်ကျန်းကား တစ်စုကို ဝယ်မယ်လို့ မြို့တော်ဝန် ပြောခဲ့တာ မဟုတ်လား။ ကျွန်တော်က စာချုပ် အကြောင်း ဆွေးနွေးဖို့ ရောက်လာခဲ့တာ။”

အတွင်းရေးမှူးလျိုသည် ကျန်းရွေ့ချင်၏ လက်ဖက်ရည်ခွက်နှင့်အတူ အခန်းထဲကို ဝင်လာကာ ပြခွက်ကို လဲလိုက်သည်။ ကျန်းရွေ့ချင် ဖုန်းယွီနှင့် စကားပြောသည့်အခါတိုင်း သူသည် ဆေးလိပ်ပိုသောက်၏။

“ငါအဲလိုမျိုး ပြောခဲ့လို့လား"

ကျန်းရွေ့ချင်က သူ့ဆေးလိပ်မီးခိုးကို သူ့နှာခေါင်းမှာ မှုတ်ထုတ်ရင်း ဖုန်းယွီကို တစ်ချက် ကြည့်လိုက်သည်။ တကယ်လို့ ငါအဲ့တာကို ငြင်းမယ်ဆိုရင် မင်းဘာကို တက်နိုင်မလဲ။

ချီး လူကြီးကျန်းက ဘယ်ကနေ သင်ခဲ့တာလဲ။ သူက ပြောတာကို ငြင်းရအောင် အလောက် အရှက်မရှိနိုင်ပါ့မလား။

ဖုန်းယွီက နာကျင်နေသည့် ပုံစံဖြင့်

“ခေါင်းဆောင် ကျွန်တော် အကြံ တစ်ခု ပေးချင်တယ်။ ခေါင်းဆောင် တစ်ယောက်ရှိသင့်တဲ့ အရေးကြီးတဲ့ အရာက ဘာလဲ။ ရိုးသားမှု။ ကိုယ်စားကို ပြန်ရုတ်သိမ်းတယ်ဆိုရင် ပြည်သူက အစိုးရကို ယုံကြည်တာ လျော့သွားလိမ့်မယ်။"

ကျန်းရွေ့ချင်က ဖုန်းယွီကို စိတ်တိုတိုဖြင့်

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ ငါမင်းကို အရင်က မြို့တော်အနေနဲ့ ကားတွေကို လဲဖို့အတွက် အစီစဉ်မရှိဘူး ပြောပြီးသား။ စက်ယန္တရားကုမ္ပဏီနဲ့ ရုရှား အပေးအယူတည့်ဖို့အတွက် ကူညီဖို့အတွက် ပြောပေးခဲ့တာ မင်းက အဲ့တာကို အတည်ယူနေတာလား။”

ဖုန်းယွီက မျက်လုံးပေကလက်ဖြင့် ပြန်ပြောလိုက်၏။

“ကျွန်တော်က မြို့တော်ဝန်ကျန်းပြောတာကို အလေးအနက်ထားတာ.......”

All Chapters