← Chapters

အခန်း (၄၄၇)

Vol. 30 Ch. 447

အခန်း (၄၄၇)

Vol. 30 Ch. 447

ကီရီလန်ကိုက တခဏကြာရပ်နေသည်။ ပြီးနောက် သူ့အင်ဂျင်နီယာက ပြောစရာ စကားတခွန်းမျှ မရှိတော့ချေ။ ဒီကောင်က ဘာရပ်လုပ်နေတာလဲ။ ဘာလို့ သူက ဘောင်ချာကို အချိန်အကြာကြီး စူးစိုက်ကြည့်နေရတာလဲ။

ကီရီလန်ကိုက ချောင်းဟန့်လိုက်သည်။ ပြီးနောက် အင်ဂျင်နီယာက အသိပြန်ဝင်လာသည်။ သူ့ကို ကားဘောင်ချာက လုံးဝ အာရုံ ဖမ်းစားထားသည်ပင်။

အင်ဂျင်နီယာသည် ချက်ခြင်းပင် ဘောင်ချာ၏ နောက်ဆုံး စာမျက်နှာများကို လှန်လိုက်လေသည်။ ထိုနေရာတွင် ကားများ၏ ပါဝင်သည့် အချက်အလက်များကို ဖော်ပြထားပေသည်။ အင်ဂျင်နီယာသည် အသေးစိတ်ပါဝင်သည့် အချက်အလက်များကို မြင်သည့်အခါ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ အင်ဂျင်နီယာသည် အသေးစိတ်ပါဝင်သည့် အချက်အလက်များကို မြင်သည့်အခါ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက မဖြစ်နိုင်တာ။

တရုတ်နိုင်ငံရဲ့ နည်းပညာတွေမှာ ဒီလိုမျိုး နည်းပညာတွေ ရှိနေပြီလား။ ဒီနည်းပညာတွေက ရုရှားကိုတောင် ကျော်တက်သွားရုံတင်မကဘူး။ ဒီနည်းပညာတွေက ရုရှားထက်တောင် ၁၀နှစ်လောက်ကို ကျော်တက်နေပြီ။ ဒီကားတွေရဲ့ စွမ်းဆောင်ရည်က ဥရောပက ထုတ်တဲ့ ကားတွေနဲ့ ယှဉ်နိုင်တယ်။

အင်ဂျင်နီ၏မျက်နှာတွင် အံ့အားသင့်သည့် သွင်ပြင်ကို မြင်သည့်အခါ လီမင်တက ဂုဏ်ယူမိသည်။ သူသည် စက်ယန္တရားကုမ္ပဏီ၏ အသေးစိတ် အချက်အလက်များကို ကြည့်သည့်အခါ ထိုအင်ဂျင်နီယာကဲ့သို့ အံ့အားမှင်သက်ခဲ့ဖူးသည်။

ဖုန်းယွီသည် ပေါင်းစပ်နည်းပညာကို ယူဆောင်လာခဲ့သည်။ လီမင်တသည် သူတို့၏ ကားသည် Santana ကိုသာ အမှီလိုက်နိုင်မည်ဟု တွေးခဲ့သည်။ သူ့အနေဖြင့် ကားစက်ရုံ၏ အင်ဂျင် တာဘိုချာ့ နည်းပညာ ဆိုင်းထိန်းစနစ် အစရှိသည့် အရာများကို ပေါင်းစပ်လိုက်သည့်အခါ သူတို့၏ ကားများသည် မြင့်မားသည့် အဆင့်သို့ ရောက်ရှိလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ချေ။

အကုန်လုံး၏ စွမ်းဆောင်ရည်သည် ဥရောပနှင့် ဂျပန်ထုတ်ကားများကို မယှဉ်နိုင်သည့်တိုင် သူတို့ကားများသည် တရုတ်နိုင်ငံတွင် အကောင်းဆုံး ဖြစ်သည်။

လီမင်တသည် ထုတ်လုပ်မှု စရိတ်ကို ကြည့်လိုက်သည့်အခါ သူအံ့အားသင့်သွားခဲ့သည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ပူးပေါင်းကား ထုတ်လုပ်သည့် ပမာဏနှင့် အတူတူပင် ဖြစ်သည်။ သို့သော် စွမ်းဆောင်ရည်ကတော့ သာလွန်ပေသည်။ ထိုအချိန်တွင် လီမင်တက ဖုန်းယွီ အရင်က ပြောခဲ့သည်ကို ယုံကြည်သွားသည်။ ငါတို့တွေက တရုတ်နိုင်မှာ အကောင်းဆုံး ကားတွေကို ထုတ်လုပ်မယ်။ ပြီးတော့ ငါတို့ရဲ့ ပန်းတိုင်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ကားတွေ ထုတ်လုပ်ဖို့ပဲ။

တရုတ်နိုင်ငံတွင် အကောင်းဆုံးကား ပန်းတိုင်ကို လွယ်လွယ်ကူကူဖြင့် ရောက်လိမ့်မည်ဟု လီမင်တ မည်သည့်အခါမျှ တွေးခဲ့ခြင်း မရှိပေ။ ထို့အပြင် သူတို့စက်ရုံ၏ ကုန်ကျမှုသည် ဖောနှင့် ရှန်ဟိုင်း ကားထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေး SAIC ထက် ပိုပြီးနည်းပေသည်။ ထုတ်လုပ်မှု လမ်းကြောင်းများကို ဆိုဗီယက် ပြည်ထောင်စုဟောင်းမှ ဝယ်ယူခဲ့ကာ ဖောထုတ်လုပ်ရေး လမ်းကြောင်းများနှင့် ယှဉ်ပါက ခိုးယူသည်ဟုတောင် စဉ်းစား၍ ရနိုင်ပေသည်။

ဆိုဗီယက် ပြည်ထောင်စုမှ ဝယ်ယူခဲ့သော ထုတ်လုပ်သော လမ်းကြောင်းများသည် ဟောင်းနေပြီ ဖြစ်သော်ငြား ဖောထုတ်လုပ်သည့် လမ်းကြောင်းများသည်လည်း မော်ဒယ်ဟောင်းများအတွက် ဖြစ်သည်။ ထုတ်လုပ်ရေးလမ်းကြောင်း နှစ်ခုအတွက် များများစားစား မရှိပေ။ ဆိုဗီယက် ပြည်ထောင်စုမှ ထုတ်လုပ်ရေး လမ်းကြောင်းများသည် ဆူညံပြီး ချို့ယွင်းချက် အများအပြား ရှိသော်ငြား သူတို့သည် အကြမ်းခံပေ၏။

လီမင်တသည် ဖုန်းယွီ၏ ရှေ့ပြေးအမြင်နှင့် ပတ်သက်ပြီး အားကျမိသည်။

ယခုလက်ရှိတွင် ဖုန်းယွီ အတိတ်က ပြောခဲ့သည့် အရာကို စွဲစွဲမြဲမြဲဖြင့် ယုံကြည်ပြီ ဖြစ်သည်။ သုံးနှစ်အတွင်း နှစ်စဉ် စုန့်ကျန်းကားများသည် အစီးရေ ငါးသောင်းကျော်ရောင်းရမည် ဆိုသည့်အချက်ဖြစ်သည်။ သူတို့ကား၏ ရောင်းအားသည် ယခုလက်ရှိတွင် မကောင်းသော်ငြား အလွန်အကျွံ ကြော်ငြာခြင်းကိုလည်း မစတင်ရသေးပေ။ တရုတ်နှစ်သစ်ကူးပြီးနောက် ကြော်ငြာများ ထုတ်လွှင့်သည်နှင့် ရောင်းအားသည်လည်း သေချာပေါက် တိုးတက်လာမည် ဖြစ်သည်။ ထပ်ပြောရပါက ထိုက်ဟွ ကုန်သွယ်ရေး၏ အရောင်းစွမ်းဆောင်ရည်သည် တရုတ်နိုင်ငံတွင် အကောင်းဆုံးထဲက တစ်ခုပင် ဖြစ်သည်။ ထို့အပြင် စီစီတီဗွီသည် စုန့်ကျန်းကားများကိုလည်း ဝယ်ယူခဲ့ပြီး ဖြစ်သည်။ ယင်းအဓိပ္ပာယ်က ဈေးကွက်က သူတို့ကားများကို အသိအမှတ်ပြုခြင်း ဖြစ်သည်။

“မစ္စတာ ကီရီလန်ကို ဒီအသေးစိတ် အချက်အလက်တွေက သက်သေပြနေတာပဲ။ ပြီးတော့ ခင်ဗျားရဲ့ လူကို စမ်းမောင်းခိုင်းလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ စက်ရုံမှာ ဒီမော်ဒယ်တွေ အကုန်ရှိတယ်။ ပြီးတော့ သူတို့ အကုန်လုံးကို အများအပြား ထုတ်လုပ်နေပြီ။ ဒီစက်ရုံတွေက အိုလံပစ် မော်ဒယ်ရဲ့ ဗားရှင်းသုံးမျိုးကိုပဲ ထုတ်လုပ်တာ။ အခြား မော်ဒယ် နှစ်ခုက ကျင်းလင်မှာ ရှိတဲ့ ကျွန်တော်တို့ စက်ရုံမှာ ထုတ်လုပ်တာ။ တကယ်လို့ ခင်ဗျားမှာ အချိန်ရှိမယ်ဆိုရင် အဲ့ဒီကို သွားလည်လို့ရတယ်.”

လီမင်တက သူ့မျက်နှာထက်တွင် ဂုဏ်ယူသည့် လေသံဖြင့် ပြောလိုက်သည်။

ကီရီလန်ကိုက သူ့အင်ဂျင်နီယာကို ကြည့်လိုက်သည်။ ပြီးနောက် သူ့အင်ဂျင်နီယာက ပြောလိုက်၏။

“ဆရာ ဒီမှာ ပြထားတဲ့ အသေးစိတ် အချက်အလက်တွေက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ခုပဲ။ တကယ်လို့ ဒီဖော်ပြချက်တွေက မှန်ကန်တယ်ဆိုရင် ဒီကားက ကျွန်တော်တို့ရဲ့ ဗော်ကာရဲ့ နောက်ဆုံး မော်ဒယ်တွေထက်တောင်မှ ရှေ့မှာ ပြေးနေတယ်”

“ဘာ Volga ရဲ့ နည်းပညာထက်တောင် ရှေ့ပြေးနေတာတဲ့လား။ မင်းသေချာရဲ့လား။”

“သေချာအောင်တော့ ဒီကားတွေကို စမ်းသပ်မောင်းနှင်မှ ဖြစ်မယ်။”

အင်ဂျင်နီယာက အလေးအနက်ဖြင့် ပြောလိုက်သည်။

ကီရီလန်ကိုက ခေါင်းညိတ်လိုက်သည်။

လီမင်တက သူ့လက်ကို ဝေ့လိုက်သည်။ ပြီးနောက် ရုရှားအင်ဂျင်နီယာကို ကားစမ်းသပ်မောင်းနှင်ရန်အတွက် သူ့အင်ဂျင်နီယာက ခေါ်သွားသည်။

ဖုန်းယွီက ကီရီလန်ကိုကို ပြုံးကာ ကြည့်လိုက်သည်။

“အစ်ကိုကီ ကျွန်တော် ကားတွေရဲ့ အတွင်းပိုင်းနဲ့ အပြင်ပိုင်း ဒီဇိုင်းတွေကို ကြိုက်လား။ ဒီကားတွေရဲ့ ရုရှားမှာ ရောင်းကောင်းမယ်လို့ ထင်လား။”

“ဒီကားတွေကို မင်းတို့ နိုင်ငံမှာ ဘယ်လိုရောင်းနေလဲ။”

ကီရီလန်ကိုက ဖုန်းယွီကို ပြန်မေးလိုက်သည်။

ဖုန်းယွီက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်တို့ရဲ့ နိုင်ငံပိုင် ရုပ်သံ ထုတ်လုပ်ရေးက ကျွန်တော်တို့ ကားတစ်စု ဝယ်ခဲ့လိုက်တယ်။ ဒီမှာရှိနေတဲ့ မြို့တော်ဝန်ကျန်းက ကျွန်တော် မလိမ်ဘူးဆိုတာကို သက်သေပြပေးနိုင်ပါတယ်။"

ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်သည်။ ဒီကောင်လေးကတော့ ငါကို ပွဲထုတ်ပြန်ပြီ။ စီစီတီဗွီက တကယ်ပဲ အမှာစာ တင်ခဲ့တာ။ ဒါပေမဲ့ စီစီတီဗွီ တစ်ဦးထဲကပဲ အမှာစာ အများကြီးတင်တာ။ စီစီတီဗွီက လွဲပြီးတော့ ဖုန်းယွီသည် ကားတစ်စီးတောင် မရောင်းရသေးသည်ပင်။

သို့သော် ကျန်းရွေ့ချင်သည် ဖုန်းယွီကို ထောက်ပံ့ရမည်ပင်။ အကြောင်းမှာ အခြားသူသည် ရုရှား ဖြစ်နေသည့်အတွက်ကြောင့်ပင်။

“ဒါအမှန်ပဲ။ စီစီတီဗွီဆိုတာ ငါတို့အစိုးရရဲ့ အသံပဲလေ။ အဲဒီ ရုပ်မြင်သံကြား ထုတ်လုပ်ရေးက တရုတ်နိုင်ငံမှာဆိုရင် အဆင့်မြင့်တဲ့ နေရာမှာ ရှိတယ်။ သူတို့တွေက စုန့်ကျန်းကား တစ်စုကို အမှာစာ တင်ခဲ့တယ်ဆိုတာ တကယ်ပါ။ သူတို့တွေက ဂျာမန်ရဲ့ Audi Santana တွေကို ဝယ်ချင်ခဲ့တယ်။ ဒါပေမဲ့ စုန့်ကျန်းကားတွေက ပိုကောင်းပြီးတော့ ပိုပြီး သာလွန်တဲ့ အချက်အလက်တွေ ရှိတယ်ဆိုတာ သူတို့ နားလည်တယ်လေ။ ဒါကြောင့်မလို့ သူတို့တွေက စိတ်ပြောင်းသွားခဲ့တာ။”

လီမင်တက ထပ်ပြောလိုက်သည်။

“ကျွန်တော်တို့တွေက စီစီတီဗွီကို ကားလွှဲပြောင်းပေးပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ ထုတ်လုပ်ရေးကို အမှီမလိုက်နိုင်မှာကို စိုးရိမ်ဖို့ မလိုပါဘူး။”

သို့သော် ကီရီလန်ကို၏ လူတစ်ယောက်က ရုတ်တရက် မေးလိုက်သည်။

“ကျွန်တော် မြို့တော်ဝန်ကျန်းကို မေးချင်ပါတယ်။ ဘင်းမြို့တော်ရဲ့ အစိုးရအနေနဲ့ ဒီစုန့်ကျန်းကားတွေကို ဝယ်ယူဖို့ အစီစဉ်ရှိလား။”

ကျန်းရွေ့ချင်က ကြက်သေသေသွားခဲ့သည်။ အဘယ်ကြောင့် ယခုကဲ့သို့ မေးခွန်း သူ့ဆီကို ရောက်လာခဲ့သနည်း။ သူ၏ မျက်နှာက ချက်ခြင်း ပြောင်းလဲသွားသည်။ ရုရှားမည်သည့်အရာကို သိချင်မှန်း သူနားလည်ပေသည်။ စုန့်ကျန်းကားများ ကောင်းသည် ဆိုကတည်းက ဘင်းမြို့တော်၏ အစိုးရအနေဖြင့် ထိုကားများကို ဝယ်ယူခြင်း မရှိသနည်း။

“ကျွန်တော်တို့တွေက ဒီရောင်းဝယ်မှု စာချုပ်အတိုင်း ဆွေးနွေးနေဆဲပါ။ ဘာလို့ဆို ကျွန်တော်တို့တွေက အရေအတွက်များများ ဝယ်မှာလေ။ ကျွန်တော်တို့တွေ အနေနဲ့ ပြည်နယ် အစိုးရထံက ခွင့်ပြုမိန့်က လိုသေးတယ်။ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့တွေ စာချုပ်ကို အပြီးမသတ်ရသေးပါဘူး။”

ကျန်းရွေ့ချင်က တခဏကြာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

ကီရီလန်ကိုက မျက်မှောင်ကျုံ့လိုက်ကာ

“မြို့တော်ဝန်ကျန်း ဒီလိုမျိုး အသေးအဖွဲ ကိစ္စကို ပြည်နယ် အစိုးရနဲ့ ဆွေးနွေးတိုင်ပင်ဖို့က လိုသေးတာလား။ ကျွန်တော် လာတုန်းက မြို့တော်ဝန်ရဲ့ ကားကို မတွေ့မိဘူး။ အခုလက်ရှိ မြို့တော်ဝန်အနေနဲ့ ဘယ်ကားကို စီးနေလဲဆိုတာကို သိခွင့်ရှိမလား”

ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီက သူ့ပခုံးကို တွန့်လိုက်သည်။ ဘာလို့ ငါ့ကို ကြည့်နေတာလဲ။ ကိုယ့်ဘာသာ ဖြေလေ။

“ကျွန်တော်ရဲ့ ကားက တော်တော် ဟောင်းနေပြီ။ Audi 100ကျွန်တော်တို့တွေက ကားပြောင်းဖို့ စီစဉ်နေပါတယ်။ ကိုယ့်စိတ်ကြိုက်ပြောရရင် စုန့်ကျန်းရဲ့ အိုလံပစ် မော်ဒယ်ကို ကျွန်တော် ရွေးချယ်မှာပဲ။ အဲတာက ကြီးကျယ်ခမ်းနားတယ်။ အစိုးရ အရာရှိတွေအတွက် သင့်တော်တယ်လေ။”

ကျန်းရွေ့ချင်က အံ့ကြိတ်ကာ ပြောလိုက်သည်။

ကျန်းရွေ့ချင်က နောက်တရနေသည်။ သူ့အနေဖြင့် ကီရီလန်ကိုကို တွေ့ပြီးနောက် သူ့ရုံးကို ပြန်ခဲ့သင့်သည်ပင်။ သူ့အနေဖြင့် ကီရီလန်ကိုနှင့် စာချုပ် ချုပ်သည့် အခါမှသာ ပြန်ပေါ်လာရန် လိုသည်။

ယခုလက်ရှိတွင် ကျန်းရွေ့ချင်တွင် ရွေးချယ်စရာ မရှိပေ။ သူ့အနေဖြင့် ကီရီလန်ကိုကို စုန့်ကျန်းကားများ မဝယ်ယူချင်ကြောင်းကိုလည်း မပြောလိုပေ။ စက်ယန္တရားကုမ္ပဏီအနေဖြင့် သူတို့၏ ကားများကို တင်ပို့မည် ဖြစ်သည်။ သူ့အနေဖြင့် ယင်းရောင်းဝယ်မှုမတွင် အနှောက်အယှက် မဖြစ်စေလိုပေ။

ခဏလေး။ လီမင်တက ရုရှားက စီးပွားရေးသမားတစ်ယောက် စက်ယန္တရားကုမ္ပဏီကို လာမယ်လို့ ပြောခဲ့တာ။ ပြီးတော့ သူတို့တွေက ဝယ်ယူမှုအကြောင်းကို ဆွေးနွေးမယ်လို့ ပြောခဲ့တာ။ ဒါက ရည်ရွယ်ချက်လား။ ဒါက ရည်ရွယ်ချက် မဟုတ်ဘူးနော်။ ဘာလို့ လီမင်တက စက်ယန္တရားကုမ္ပဏီဖက်မှာ သူ့ထောက်ခံမှုကို ပြသဖို့အတွက် ဘာကြောင့် ရှိစေချင်တာလဲ။

ကျန်းရွေ့ချင်က ဖုန်းယွီကို မျက်စောင်း တစ်ချက် ထိုးလိုက်သည်။ သူ့ကို ဖုန်းယွီက လှည့်စားသည်ဟု ခံစားနေရသည်။

ဖုန်းယွီက ရိုးသားသည့် ပုံပင်။ သူ့အနေဖြင့် ကီရီလန်ကို၏ လူက ယခုမေးခွန်း မေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက လိပ်ပြာလုံသည်ပင်။

သို့သော် ယခုလက်ရှိတွင် ကျန်းရွေ့ချင်သည် မြို့တော် အစိုးရသည် စုန့်ကျန်းကားများကို ဝယ်ယူလိမ့်မည် မဟုတ်ကြောင်း ပြောနိုင်ပေသည်။ လီမင်တက မြို့တော်ကို ထိုကားများကို ဝယ်ယူရန် နားချသော်ငြား ကျန်းရွေ့ချင်က ငြင်းပယ်သည်။ ကျန်း‌ရွေ့ချင်က သူ၏ အရင်မြို့တော်ဝန် ‌Audi 100ဖြင့် ခရီးသွားသည်ကို ဥပမာ ပြခဲ့သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်က သူ၏ ကားကိုတောင် မချိန်းလျှင် သူ့အနေဖြင့် အဘယ်တွက် သူ့ကားကို လဲမည်နည်း။

မြို့တော်အစိုးရသည် သူတို့ ကားများကို လဲပါက စီရင်စုနှင့် အေဂျင်စီများသည်လည်း ယခုလက်ရှိ သူတို့ သုံးနေသည့် ကားများကို လဲရန်အတွက် အကြောင်းပြချက် ရှာကြမည် ဖြစ်သည်။ ဘင်းမြို့တော်၏ ဘဏ္ဍာရေးသည်လည်း ယခုနှစ်များတွင် အခြေအနေ ကောင်းပေသည်။

ကီရီလန်ကိုက ကျန်းရွေ့ချင်ကို ကြည့်လိုက်သည်။

“ဘင်းမြို့တော်အနေနဲ့ စုန့်ကျန်းကား အရေအတွက် ဘယ်လောက်များများကို ဝယ်ယူချင်တာလဲ။ ပြီးတော့ ဘယ်မော်ဒယ်တွေကို ဝယ်ယူချင်တာလဲ။”

ကျန်းရွေ့ချင်က စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။ ဘာလို့ မင်းက ငါ့ကိုပဲ အဓိက ပစ်မှတ်ထားနေရတာလဲ။ သူ့အနေဖြင့် ကီရီလန်ကိုကို ကားအစီးရေ အနည်းငယ်တောင် မယူနိုင်သည့်ပုံပေါ်နေသည်။ ယင်းက မြို့တော်အနေဖြင့် ကား တစ်စုကို ဝယ်ယူရမည်ဟု ဆိုလိုချင်သည်လော။

“အွန်း ကျွန်တော်တို့တွေက ကားမော်ဒယ်နဲ့ ပတ်သက်ပြီး စဉ်းစားနေဆဲပါ။ ဒါပေမဲ့ စုစုပေါင်း ကားအရေအတွက်က တစ်ရာထက်တော့ နည်းမှာတော့ မဟုတ်ဘူး။”

ကျန်းရွေ့ချင်က ပြန်ပြောလိုက်သည်။

သူပြောလိုက်သည့် ကားအစီးရေပမာဏ နည်းသွားမည်ကို သူကြောက်ရွံ့မိသည်။ ကီရီလန်ကို သံသယ ရှိသွားမည်ကို စိုးရိမ်မိသည်။ ယခုလက်ရှိတွင် ကားမည်မျှ ဝယ်ယူချင်ကြောင်း ပြောစေကာမူ နောက်ပိုင်းမှ ဆွေးနွေးမည် ဖြစ်ပေသည်။

ကီရီလန်ကိုသည် မေးခွန်းများကို မေးချင်နေဆဲ ဖြစ်သည်။ သို့သော် ကျန်းရွေ့ချင်က လီမင်တကို တစ်ချက် ကြည့်လိုက်သည်။ ပြီးနောက် လီမင်တက ချက်ချင်း အကြောင်းအရာကို ပြောင်းလိုက်သည်။

“မစ္စတာ ကီရီလန်ကို တကယ်လို့ ဒီကားတွေက ဘောင်ချာထဲမှာ ရေးထားသလိုမျိုး ကောင်းတယ်ဆိုရင် ကားတစ်စုလောက် ဝယ်ဖို့အတွက် ခင်ဗျား စိတ်ဝင်စားလား။”

“ကျွန်တော် သေချာပေါက် စိတ်ဝင်စားတာပေါ့။ ဒါပေမဲ့ ဈေးနှုန်း အခြားအခြေအနေတွေမှာ စဉ်းစားဖို့အတွက်ကလည်း လိုသေးတယ်လေ။”

ကီရီလန်ကိုက ပြုံးကာ ပြန်ဖြေလိုက်သည်။

All Chapters