← Chapters

အခန်း (၄၄၈)

Vol. 30 Ch. 448

အခန်း (၄၄၈)

Vol. 30 Ch. 448

ဖုန်းယွီက လီမင်တကို တစ်ချက် ကြည့်လိုက်သည်။ ပြီးနောက် လီမင်တသည် ဆက်ပြီး မမေးတော့ပေ။ ဖုန်းယွီအနေဖြင့် သူ့ဘာသာသူ ကီရီလန်ကိုနှင့် ဈေးအကြောင်း ဆွေးနွေးညှိုနှိုင်းနိုင်ပေသည်။ ပြီးနောက် ဖုန်းယွီသည် ရုရှားလူမျိုးများအကြောင်းကို သူတို့ထက် ပိုပြီး ရင်းနှီးမှု ရှိပေသည်။

“အစ်ကိုကီ ကျွန်တော်တို့ အိုလံပစ် မော်ဒယ်ရဲ့ ဈေးအချိုဆုံးက လေအိတ်တွေ တပ်ဆင်ထားတယ်။ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ နှစ်သောင်းကျော်တယ်။ ဒီအလယ်အလတ်တန်းစားကတော့ အမေရိကန်ဒေါ်လာ လေးသောင်းနီးပါး။ အဆင့်မြင့် မော်ဒယ်ကတော့ အမေရိကန်ဒေါ်လာ ခြောက်သောင်းရှိတယ်။ ဒီဇယ်နဲ့ ဓာတ်ဆီ အမျိုးအစား လမ်းကြမ်းစီးတွေကတော့ အတူတူလောက်ပဲ။ အမေရိကန်ဒေါ်လာ လေးသောင်းလောက်ပေါ့။ နောက်ဆုံး ကြယ်နီ မော်ဒယ်က အမေရိကန်ဒေါ်လာ ခြောက်သောင်းရှိတယ်။ ခင်ဗျား ဘယ်လောက်များများလိုချင်လဲ။ ကျွန်တော် ခင်ဗျားကို လျော့ဈေးပေးမှာပါ။”

ကီရီလန်ကိုက ဖုန်းယွီကို ကြည့်လိုက်သည်။

ဒီကားတွေရဲ့ ဈေးနှုန်းက ဒီလောက် မြင့်တာလား။ တကယ်လို့ အကျိုးအမြတ်နဲ့ မော်စကိုကို ပို့မဲ့ကုန်ကျစရိတ်ကို ပေါင်းလိုက်မယ်ဆိုရင်။ အကျိုးအမြတ် ရှိတော့မှာ မဟုတ်ဘူး။

“ဖုန်း မင်းကားတွေရဲ့ ဈေးနှုန်းက အတော်လေး မြင့်တယ်နော်။ တကယ်လို့ ငါက မင်းကားတွေကို ရောင်းမယ်ဆိုရင် ဘာအကျိုးအမြတ်မှ ကျန်မှာ မဟုတ်တော့ဘူး”

ကီရီလန်ကိုက မပျော်ရွှင် ဖြစ်နေသည်။ ငါ ငွေရှာနိုင်မယ်လို့ ငါ့ကို ကတိမပေးခဲ့ဘူးလား။

ဖုန်းယွီက ယခု သူပြောသည့် ဈေးနှုန်းများသည် အနည်းငယ် များမှန်း သိပေသည်။ ထို ဈေးနှုန်းများသည် ကားများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ် မဟုတ်ပေ။ ထိုဈေးနှုန်းမျာသည် တရုတ်နိုင်ငံတွင် လက်လီ ဈေးနှုန်းများပင် ဖြစ်ပေသည်။

“အစ်ကိုကီ ကြည့်ပါဦး။ ကျွန်တော်တို့တွေက ဒီကားကို ရုရှားကို ရောင်းချမှာဆိုတော့ ကျွန်တော်တို့တွေအနေနဲ့ တင်ပို့ခွန်ကို ပေးနိုင်ပါတယ်။ တင်ပို့ခွန်က ဒီဈေးနှုန်းထဲမှာ ပါပြီးသားပါ။”

ယခုလက်ရှိတွင် တရုတ်နိုင်ငံ၏ ကားများအတွက် တင်ပို့ခွန်သည် အလွန်နည်းပေ၏။ ကားများသာမက အခြားသော တင်ပို့ခွန်များသည်လည်း အတူတူပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် တင်ပို့ကုန်ကို အားပေးနေသည်။ နိုင်ငံခြားငွေရရန်အတွက် တရုတ်နိုင်ငံသည် ရသမျှ နည်းလမ်းအကုန် အသုံးပြုနေသည်။ အချို့သော ပစ္စည်းများသည် တရုတ်နိုင်ငံတွင် ကင်းမဲ့နေကာ တင်ပို့ရသည်။ တဖန် တင်သွင်းရသည်။ တင်ပို့ရာမှ တဆင့် ပြည်တွင်းရောင်းချမှုကို တဖန် ပြန်လုပ်ရသည်။ ယင်းအတွက်ကြောင့် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြား ငွေကြေးများကို ရရှိနိုင်ပေသည်။

“ငါ့ဖက်ကလည်း တင်သွင်းခွန် ပေးရဦးမှာ ဒါပေမဲ့ ငါတို့ရဲ့ အခွန်က အတော်လေး မြင့်တယ်။ ဒီပစ္စည်းလေးတွေက သေးသေးလေးတွေမှ မဟုတ်တာ”

ကီရီလန်ကိုက ဖုန်းယွီကို တစ်ချက်ကြည့်လိုက်သည်။

ကီရီလန်ကိုသည် သူ၏ လူသုံးကုန် ပစ္စည်းများအတွက် တခါမျှ အခွန်ပေးဆောင်ရခြင်း မရှိပေ။ ပြီးနောက် သူ့ ကုန်ပစ္စည်းများကို စစ်ဖက်ဆိုင်ရာ ကုန်တွဲများဖြင့် တင်ပို့နေသည်။ ရထားရုရှားကိုရောက်သည့်အခါ မည်သည့်သူမျှ စစ်ဆေးခြင်း မရှိပေ။ ထုတ်ကုန်သည် မော်စကိုကို ရောက်သည်နှင့် သူ့အဖေကြောင့် သူ့စီးပွားရေးကို မည်သူမျှ ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။

သို့သော် ကားများက မတူပေ။ ဖုံးကွယ်ရန် နည်းလမ်းမရှိပေ။ အကယ်၍ သူသည် ရုရှားနိုင်ငံအတွင်းသို့ မည်သည့် အခွန်မျှ မဆောင်ဘဲ တင်သွင်းပါက သူ့အဖေ၏ နာမည်အပေါ် များစွာ သက်ရောက်မှု ရှိမည် ဖြစ်သည်။

“ဒီလိုဆိုရင်ကော အစ်ကိုကီ ဘယ်လိုလဲ။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုက အပြည့်အဝ မလည်ပတ်သေးဘူး။ ဒီအတွက်ကြောင့် ကျွန်တော်တို့ စရိတ်က အနည်းငယ် များနေတာ။ ကျွန်တော် ခေါင်းဆောင်တွေနဲ့ ပြောကြည့်လိုက်မယ်လေ။ တကယ်လို့ ကျွန်တော်တို့ အနေနဲ့ အစိုးရ ပေါ်လစီ အချို့နဲ့ အခွန်တွေကို လျော့နိုင်မယ်ဆိုရင် ဈေးလျော့ကောင်း လျော့နိုင်ပါတယ်။ ဒီလိုဆိုရင် ကားတစ်စီးရဲ့ ကုန်ကျစရိတ်က အမေရိကန် ဒေါ်လာ တစ်ထောင်လောက်တော့ လျော့ချနိုင်လိမ့်မယ်။ ဒီဈေးနှုန်းနဲ့ဆိုရင်တော့ သေချာပေါက် အကျိုးအမြတ် ကျန်မှာပါ။”

ချီး ရုရှားနိုင်ငံရေးသမားတွေ သုံးတဲ့ အင်္ဂလန်က ကားတွေက ဒီထက်တောင် ဈေးကြီးသေးတယ်။ တကယ်လို့ ကီရီလန်ကိုသာ သူ့အဆက်အသွယ်နဲ့ နောက်ခံကို ကောင်းကောင်း အသုံးချနိုင်မယ်ဆိုရင် သူ့အနေနဲ့ ကားတစ်စီးစီကနေ အကျိုးအမြတ် ထောင်ချီရမှာ။ တကယ်လို့ သူ ကားအစီးရေ တစ်ထောင် ရောင်းချနိုင်မယ်ဆိုရင် သူအနည်းဆုံး အမေရိကန်ဒေါ်လာ သန်းဂဏန်းလောက် အသာကလေး ပြန်ရမယ်။ဒါက နည်းတဲ့ ပမာဏမဟုတ်ဘူး။ ပြီးတော့ သူ့ရဲ့ လစဉ် လူသုံးကုန် ပစ္စည်းရောင်းချတဲ့ ပမာဏထက်တောင်မှ အများကြီးရသေးတယ်။”

သေချာသည်မှာ ကီရီလန်ကိုအနေဖြင့် ကားအများကြီး ရောင်းချနိုင်မည်ပင်။

ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်ကာ

“အမ်... ငါတို့ ဒီအကြောင်းကို နောက်ကျ ဆွေးနွေးလို့ရပါတယ်။”

သေချာသည်မှာ ယင်းက စကားသာ ဖြစ်သည်။ ကျန်းရွေ့ချင်အနေဖြင့် အခွန်ကင်းလွတ်ခွင့်ကို မည်သည့်အခါမျှ သဘောတူလိမ့်မည် မဟုတ်ချေ။ ဖုန်းယွီသည် ငွေများစွာ ရှာပြီး ဖြစ်သည်။ သူ့အနေဖြင့် မြို့တော်ကို အခွန်ပေးဆောင်ရမည်ကား မည်သည့်နေရာတွင် မှားယွင်းမည်နည်း။

ကီရီလန်ကိုသည် ယခု အရောင်းအဝယ်အကြောင်း စဉ်းစားနေစဉ် သူ့အင်ဂျင်နီယာက ပြန်လာခဲ့သည်။ အင်ဂျင်နီယာက အလွန် စိတ်လှုပ်ရှားနေကာ ကီရီလန်ကိုအား ခေါင်းညိတ်ပြနေသည်။

“ဆရာ ဒီကားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီးတော့ ဘာပြဿနာမှ မရှိဘူး။ သူတို့တွေရဲ့ ကားနဲ့ အင်ဂျင်တွေက Volgaထက် အဆပေါင်းများစွာ သာတယ်။ ဆိုင်းထိန်းစနစ်၊ မတိုက်မိအောင် ကာကွယ်တဲ့ စနစ် လုံခြုံရေးစနစ် ပြီးတော့ တခြားလုံခြုံရေး စနစ်တွေက Volga ကားတွေထက် အဆပေါင်းများစွာ သာတယ်။ အားလုံး ခြုံကြည့်ရမယ်ဆိုရင် ဒီကားတွေက တကယ်ကို ထူးချွန် ပြောင်မြောက်လှပပေတယ်။"

အင်ဂျင်နီယာသည် ထိုကား၏ စွမ်းဆောင်ရည် အကုန်လုံးသည် ပြီးပြည့်စုံသည်ဟု ပြောပြချင်သော်ငြား သူ့အနေဖြင့် တရုတ်လူမျိုးများရှေ့တွင်တော့ မပြောလိုပေ။

“အစ်ကိုကီ ဘာလို့ တွန့်ဆုတ်နေသေးတာလဲ။ ဒီကားက ခင်ဗျားတို့ နိုင်ငံက Volga ထက် ပိုကောင်းတယ်။ ပြီးတော့ အင်္ဂလန်က ကားတွေနဲ့ စွမ်းဆောင်ရည်ကလည်း အတူတူပဲ။ ဈေးနှုန်းက ပိုတောင် သက်သာသေးတယ်။ တစ်ယောက်ချင်းဆီကို ရောင်းချရုံတင်မကဘူး အစိုးရ အေဂျင်စီတွေကို အများကြီး ရောင်းချလို့ရတယ် မဟုတ်ဘူးလား”

ဖုန်းယွီက မျက်တောင် တစ်ချက် ပင့်လိုက်သည်။

ဒါဟုတ်တားပဲ ဘာလို့ ငါ ဒါကို အရင်က မစဉ်းစားခဲ့မိပါလိမ့်။ တကယ်လို့ ငါသာ ဒေသ အစိုးရတွေကို ရောင်းချနိုင်မယ်ဆိုရင် အဲ့တာက ပိုပြီးတော့တောင် လွယ်ကူသေးတယ်။ ငါ့အနေနဲ့ ဖုန်းယွီကို အမှာစာ တင်ထားလို့ရတယ်။ ပြီးတော့ ဒေသ အစိုးရတွေဆီကနေပြီးတော့ အမှာစာတွေ ရဦးမှာပဲ။ ဒီနည်းနဲ့ဆိုရင် ငါ့အနေနဲ့ အရင်းနှီး စိုက်ထုတ်ဖို့တောင် မလိုဘူး

“ဖုန်း မင်းအစိုးရနဲ့ စကား ပြောပြီးရင် ငါ့ကို နောက်ဆုံးဈေးနှုန်းကို တချက် ပိုပေးကွာ”

ကီရီလန်ကိုက ပြောပြီးနောက် တခဏကြာ ရပ်လိုက်သည်။

“ကိစ္စမရှိဘူး။ ကျွန်တော်ခင်ဗျားကို ပေးတဲ့ ဈေးနှုန်းက သေချာပေါက် အကျိုးအမြတ်ရမှာပါ။”

ဖုန်းယွီက အပျော်လွန်သွားသည်။ ကီရီလန်ကိုက စိတ်ဝင်စားသည့်ပုံပေါ်သည်။ သူသည် ကီရီလန်ကိုသည် အကျိုးအမြတ်များပါက စိတ်ဝင်စားမည်ကို သေချာပေါက်သိသည်။

ယခုလက်ရှိ အခြေအနေသည် နှစ်ဦး နှစ်ဖက်လုံးအတွက် Win Winအခြေအနေဟု စဉ်းစား၍ ရနိုင်ပေသည်။ ဖုန်းယွီသည်လည်း ကီရီလန်ကိုအနေဖြင့် အကျင့်ပျက်ချစားနေသည့် ရုရှားအစိုးရထံ ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်မည်ဟု ယုံကြည်မေးသည်။ ကီရီလန်ကိုကို ပေးသည့် ဈေးနှုန်းသည် အတူတူဖြစ်လျှင်တောင် ကီရီလန်ကို အနေဖြင့် အကျိုးအမြတ်များစွာ ရလိမ့်မည် ဖြစ်သည်။

ယခုလက်ရှိတွင် ဖုန်းယွီသည် ဈေးနှုန်းအနည်းငယ် လျော့ချမည်ပင်။ ယင်းအဓိပ္ပာယ်က ကီရီလန်ကို၏ အကျိုးအမြတ် ပိုများလာရန် ဖြစ်သည်။ သူ၏ အကျိုးအမြတ်သည် စက်ယန္တရားကုမ္ပဏီထက်တောင် များနိုင်ပေသည်။

ကျန်းရွေ့ချင်က ဖုန်းယွီကို သံသယဖြင့် ကြည့်နေသည်။ ဒီကလေးက ရုရှားကို ကားတွေကို စတင် ရောင်းချဖို့အတွက် ပြင်ဆင်ခဲ့တာလား။ သူ့အနေနဲ့ သုံးနှစ်အတွင်း အစီးရေ ငါးသောင်းကျော် ရောင်းရမယ် ဆိုပြီးတော့ အာမခံတာ မအံ့ဩစရာ မရှိဘူး။

ယခုလက်ရှိတွင် ဖုန်းယွီအနေဖြင့် သုံးနှစ်တောင် စောင့်ရမည်ပုံတောင် မပေါ်ချေ။

ကျန်းရွေ့ချင်က ပဟေဠိ ဖြစ်နေသည် ရုရှားသည် ဆိုဗီယက် ပြည်ထောင်စု၏ ပိုင်ဆိုင်မှုများကို ရရှိခဲ့သည်။ အဘယ်ကြောင့် သူတို့၏ ကားလုပ်ငန်းသည် အဘယ်တွက် ယခုကဲ့သို့ နိမ့်ကျနေရသနည်း။ ဆိုဗီယက် ပြည်ထောင်စု၏ စက်မှုလုပ်ငန်း တိုးတက်မှုသည် မှားယွင်းနေသည့် လမ်းတွင် ရောက်နေလျှင်တောင် ယခုလက်ရှိ ရုရှားသည် အင်အားကြီး စက်မှုလုပ်ငန်း နိုင်ငံ တစ်ခုဟု စဉ်းစား၍ ရနိုင်ပေသည်။ ထိုရုရှားသည် စက်ယန္တရားကုမ္ပဏီမှ ကားများကို တင်သွင်းရန်အတွက် သဘောတူခဲ့သည်။

ထိုရုရှားဝယ်လက်သည် ဆိုဗီယက် ပြည်ထောင်စုမှ ပစ္စည်းများကို ဖုန်းယွီကို ပစ္စည်းများ ရောင်းချသည့်သူ ဖြစ်မည်ပင်။ ယင်းအဓိပ္ပာယ်ကား သူသည် ယခင်အစိုးရ ပြည်ထောင်စု၏ တစ်ပတ်ရစ် လမ်းကြောင်းများ အကြောင်းကို သိသည့်သူ ဖြစ်မည်ပင်။ အဘယ်ကြောင့် စက်ယန္တရားကုမ္ပဏီ၏ ကားများကို သူဝယ်ယူချင်သနည်း။

ထိုကားများသည် ဖုန်းယွီပြောသည့်အတိုင်း ကောင်းသည့်အတွက်ကြောင့်လော။

ဖုန်းယွီသည် ဆိုဗီယက် ပြည်ထောင်စုထံမှ ယခင်က တစ်ပတ်ရစ် ပစ္စည်းများကို ဝယ်ယူခဲ့ကာ ထုတ်လုပ်သည့် ကားများသည်လည်း ထိုပစ္စည်းများမှ ထုတ်လုပ်သည်ပင်။ ကားများကို ရုရှားဖက်သို့ ပြန်ရောင်းခြင်း ဖြစ်သည်။ ယင်းက ကြက်ဝယ်ပြီး ကြက်ဥပြန်ရောင်းခြင်း မဟုတ်ပေလော။

လီမင်တက ချက်ခြင်းပင် စက်ရုံ၏ ကန်တင်း၌ နေ့လည်စာ ပြင်ရန်အတွက် သူ့လူများကို ပြောလိုက်သည်။ ကီရီလန်ကို၏ မျက်တောင်က ကျယ်သွားပြီး အလွန်ထူးဆန်းသည့် လေသံဖြင့် ပြောလိုက်သည်။

ရှောင်ချီ

(ရှောင်ချီသည် တရုတ်လမ်းဘေး အစားအစာသို့မဟုတ် မုန်းများကို ရည်ညွှန်းခြင်း ဖြစ်သည်။)

လီမင်တက ဘာသာပြန်သူကို ကြည့်လိုက်သည်။ ဘာသာပြန်သူကလည်း ကိရီလန်ကိုကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေသည်။ ဘာသာပြန်သူသည် ယခုကဲ့သို့သော ရုရှားစကားကို တခါမှှ မကြားဖူးချေ။ ကူကွယ်ရာမဲ့စွာဖြင့် ဖုန်းယွီက ပြောလိုက်သည်။

“သူက လမ်းဘေးစာ စားချင်တယ်။ ဒေသတွင်း မုန့်တွေကို ပြင်ဆင်ဖို့ ပြောလိုက်။ အိုး ဟုတ်သား ဘင်းမြို့တော်ရဲ့ အပြင်းဆုံး ဘိုင်ဂျူကို ပြင်ထားဦး"

ဖုန်းယွီက စိတ်ထဲတွင် ကြိတ်ရယ်မိသည်။ ကီရီလန်ကို မင်းမှောက်လိုက်တော့ ဒီနေ့လည်တော့ ငါတို့မှာ လူအများကြီးရှိတယ် မင်းသေချာပေါက် မူးပြီး မှောက်မှာပဲ။

All Chapters