မြို့တော်အနေနဲ့ ငွေထုတ်ဖို့ မလိုအပ်ဘူး
Vol. 30 Ch. 450
ကျန်းရွေ့ချင်သည် အချိန်အတော်ကြာ လက်များ တုန်ယင်နေသည်။ သူက ဖုန်းယွီသာ ကြည့်ကာ စိတ်စိတ်သာ နေလေ၏။
“ခေါင်းဆောင် ခေါင်းဆောင်က ရုရှားတွေကို စုန့်ကျန်းမော်တော်ဆိုင်ကယ် တစ်စုကို အစီးတစ်ရာထက် မနည်းဘဲ ဝယ်မယ်လို့ ပြောပြီးသွားပြီ။ ရုရှားတွေကလည်း အဲ့အကြောင်းကို မှတ်ထားကြတာ။ တကယ်လို့ သူတို့တွေ ပြန်သွားတဲ့အခါ မြို့တော်က ဘာကားမှ မဝယ်ယူခဲ့ဘူးဆိုတာ သိသွားခဲ့ရင် သူတို့အနေနဲ့ စုန့်ကျန်းကားမှာ ဘာပြစ်ချက် ရှိမလဲဆိုတာကို သေချာပေါက် တွေးကြမှာပဲ။ မဟုတ်ရင်လည်း မြို့တော်အနေနဲ့ ကိုယ်ပြောတဲ့ စကားကို ဘာလို့ ကိုယ်တာဝန် မယူရဲရမှာလဲ။”
“မြို့တော်အနေနဲ့ ဘာကားမှ မလိုအပ်ဘူး”
ကျန်းရွေ့ချင်က ပြောလိုက်သည်။
“ဘာလို့ မလိုဘဲနေမှာလဲ။ ကျွန်တော်တို့ မြို့က ပြည်နယ်အဆင့် မြို့တော် ပြီးတော့ တရုတ်နိုင်ငံမှာ လူဦးရေ အများဆုံး မြို့တော်တွေထဲက တစ်ခုပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ မြို့တော်ရဲ့ အကျယ်အဝန်းက တော်တော်ကြီးတယ်။ ပြီးတော့ ဒေသခွဲတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ မြို့တော်က ခေါင်းဆောင် အများစုက မြေပြင်ကို သွားပြီး စစ်ဆေးတာတွေကို မလုပ်နိုင်ဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့ မြို့တော်မှာ လုံလောက်တဲ့ ကားတွေ ယဉ်တွေ မရှိလိုပဲ။ ဌာနတိုင်းမှာ ကားတစ်စီးနှစ်စီပဲ ရှိတယ်။ အဲ့တာက တကယ်ကို သနားစရာ ကောင်းတာပဲ။ ကျွန်တော်တို့ တခြား မြို့တော်တွေကို မပြောဘူးနော်။ တောင်ပိုင်းမှာ ရှိတဲ့ ပြည်နယ်အဆင့်အောက် နိမ့်တဲ့ မြို့တွေတောင်မှ ကျွန်တော်တို့ထက် ကားပိုများတယ်။ ဒါကြောင့်မလို့ သူတို့ရဲ့ လုပ်နိုင်စွမ်းကလည်း ပိုပြီးတော့ မြင့်မားတယ်။”
“ဌာန တစ်ခုမှ ဘာကြောင့် ယဉ်တစ်စီးနှစ်စီးက မလုံလောက်ဘဲ နေရမှာလဲ။ လက်ထောက်အရာရှိတွေကိုကော ကားတစ်စီးစီ မင်းက ထောက်ပံ့စေချင်သေးတာလား။”
ကျန်းရွေ့ချင်က ပြန်ပြောလိုက်သည်။
ကျန်းရွေးချင်သည် နိုင်ငံခြား ကုန်သွယ်မှု ဗျူရိုတွင် လက်ထောက်အရာရှိချုပ် ဖြစ်စဉ် ကတည်းက သူသည်လည်း ကိုယ်ပိုင်ကားကို မရခဲ့ပေ။ သူ့အနေဖြင့် ရုံးပိုင်းဆိုင်ရာ ကိစ္စများ ဆောင်ရွက်သည့်အခါ ပို့ဆောင်ဆက်သွယ်ရေးရုံးမှ ကားတစ်စီးကို ကြိုတင် ဘိုကင် တင်ထားရပေသည်။
“ခေါင်းဆောင် အခု အခြေအနေက မတူတော့ဘူး။ မြို့တော်မှာ အရင်က အခွန်အခ ဘယ်လောက်ရလဲ။ ပြီးတော့ အခု ဘယ်လောက်ရလဲ။ ဝင်ငွေက ဘယ်လောက်ထိများလာတာလဲ။ တကယ်လို့ အဲ့ဒီ လက်ထောက် အရာရှိချုပ်တွေကို ကိုယ်ပိုင်ကား မစီစဉ်ပေးဘူးဆိုရင်တောင် ဌာနတိုင်းမှာ ကားတွေကို ပိုပြီး တိုးချထားဖို့အတွက် လိုသေးတယ်လေ။ တကယ်လို့ ကိစ္စကြီးကြီးမားမား ဖြစ်တဲ့အခါမှာ သူတို့အနေနဲ့ ပြန်ပြီး တုံ့ပြန်ရတာ လွယ်ကူတာပေါ့။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနကို ကြည့်လိုက်ဦး။ သူတို့မှာက ကားသုံးစီးပဲ ရှိတာ ပြီးတော့ အဲ့ဒီကားတွေက ဘင်းမြို့တော် လေယဉ်ထုတ်လုပ်တဲ့ စက်ရုံက မီနီဗင်လေးတွေပဲ။ အဲဒီက ခေါင်းဆောင်တွေက ဒီကားလေးတွေနဲ့ ကျေနပ်နေမယ်လို့ ထင်နေလို့လား။ ဒီကားတွေအပေါ် သူတို့တွေရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်နိုင်စွမ်းတွေအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ မြို့တော်အနေနဲ့ မတွေးမိဘူးလား။”
“သူတို့တွေက လုပ်ရဲလို့လား။ တကယ်လို့ သူတို့တွေ လုပ်ငန်း တာဝန် ပျက်ကွယ်တယ်ဆိုရင် ငါက သူတို့တွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်။”
ကျန်းရွေ့ချင်က ပြောလိုက်သည်။
ဖုန်းယွီက ခေါင်းကုတ်လိုက်သည်။ အဲ့လူကြီးကျန်းက လွယ်လွယ်နဲ့ ပြောလို့ မရဘူးပဲ။
“ခေါင်းဆောင် ချော့ချီတခါ ရိုက်ချီတလှည့် လုပ်ဖို့ စေခိုင်းရမယ်။ ဒီနည်းလမ်းက သူတို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးတက်လာစေတယ်။ ကျွန်တော်တို့ရဲ့ မြောက်ဖက်မှာရှိတဲ့ ကျီတုန်းဒေသကိုပဲ ကြည့်လိုက်။ သူတို့ရဲ့ လက်ထောက်တွေမှာလည်း ကိုယ်ပိုင် ယဉ်တွေ ရှိကြတယ်။ ကျွန်တော်တို့ကကော။ မြို့တော်ဝန်အနေနဲ့ ဒီနည်းအတိုင်းသာ ဆက်သွားတယ်ဆိုရင်။ မြို့တော်ဝန်ရဲ့ လူတွေကို ဦးဆောင်မှု ပေးဖို့အတွက် ခက်ခဲလာလိမ့်မယ်”
“မင်းက အစိုးရရဲ့ လုပ်ငန်းလည်ပတ်ပုံကို အများကြီး သိလို့လား”
“ကျွန်တော်အနေနဲ့ အစိုးရရဲ့ လုပ်ငန်း လည်ပတ်ပုံကို မသိပေမဲ့ ကျွန်တော်မှာ ကုမ္ပဏီအများကြီး ရှိတယ်။ ပြီးတော့ ကျွန်တော်မှာ တရုတ်နဲ့ နိုင်ငံခြားမှာ ဝန်ထမ်းပေါင်းက ထောင်ချီ ရှိတယ်။ ဝန်ထမ်းတွေကလည်း သူတို့ကို စိတ်တက်ကြွစေတဲ့ အရာတွေ ပေးဖို့အတွက် လိုသေးတယ်လေ။ တကယ်လို့ မဟုတ်ဘူးဆိုရင် သူတို့တွေက ရှေ့ကို ဆက်သွားတာ ရပ်သွားလိမ့်မယ်။ သူတို့တွေက အစိုးရရဲ့ ဌာနပိုင်းဆိုင်ရာတွေမှာ အလုပ်မလုပ်ကြတဲ့ လူတွေ ဆိုပေမဲ့လည်း သူတို့အနေနဲ့ နိုင်ငံကို အကျိုးပြုချင်ကြသေးတယ်လေ။ သူတို့ထဲက အချို့က ရာထူးအာဏာနဲ့ အဆင့်အတန်းတွေကို ကျော်ဖြတ်လာရတာ။ သူတို့အများစုက စွမ်းဆောင်ရည် ရှိကြတယ်။ ပြီးတော့ မြို့တော်ဝန်အနေနဲ့ သူတို့တွေရဲ့ ရှေ့မှ မက်လုံးကို ချထားမယ်ဆိုရင် သူတို့အနေနဲ့ ပိုပြီး ကြိုးစားအားစိုက်ကြမှာပဲ။"
“မင်းက ငါ့ကို မြို့တော်အနေနဲ့ ဝန်ထမ်းတွေကို စိတ်အားတက်ကြွလာစေဖို့အတွက် ကားဝယ်ပေးရမယ်လို့ ပြောချင်နေတာမလား။”
ကျန်းရွေ့ချင်က တရော်ရယ် ရယ်လိုက်သည်။ ဘယ်လို လောဂျစ်ကြီးလဲ။
“အဲ့တာဆိုရင် ကျွန်တော် မေးခွန်း တစ်ခု မေးချင်တယ်။ ဘာလို့ စီးပွားရေးသမားတွေ လာလည်တဲ့ အခါကျရင် မာစီတီးဘန့်စ် ကားတွေကို အသုံးပြုတာလဲ။"
ဖုန်းယွီက မေးလိုက်သည်။ အရိုးသားဆုံး ပြောရရင် မြို့တော်က မျက်နှာလိုချင်လို့လေ။ ပြီးတော့ မြို့တော်က စက်ယန္တရားကုမ္ပဏီက ယဉ်တွေကို ကားတွေကို သူ့ဌာနတွေက မှာယူချင်တာကို ရပ်တန့်အောင်လို့ပဲ။ ဒါပေမဲ့ အဲ့တာ မဖြစ်နိုင်ဘူး။ လီမင်တကို မြို့တော်မှာ ရှိတဲ့ ဌာနတွေက ကားအကြောင်းမေးတာ ဌာန တစ်ခုတည်း မကဘူး။
ထိုဌာနများသည် မြို့တော်အနေဖြင့် ရံပုံငွေ မချပေးပါက သူတို့အနေဖြင့် ကားများကို ဝယ်ယူနိုင်ကြလိမ့်မည် မဟုတ်ပေ။ ထို ခေါင်းဆောင်များသည် သူတို့၏ ဌာနတွင် ကားဝယ်ရန်အတွက် ပိုက်ဆံရရန် နည်းလမ်းများကို ရှာဖွေနေကြသည်။ တစ်စုတစ်စည်းတည်း မှာ ယူခြင်းက ပိုမိုကောင်းမွန်သည့် ရွေးချယ်မှု မဟုတ်ပေလျော။ ထိုနည်းလမ်းဖြင့် ဆိုပါက ပိုလို့တောင် ဈေးချိုမည်ပင်။
“အစိုးရရဲ့ ကားတွေဆိုတာက လုံခြုံစိတ်ချရမယ်။ သက်တောင့်သက်သာ ရှိရမယ်။ ပြီးတော့ မြန်ဆန်ရမယ်။ အဲ့ဒီ မာစီဒီ ဘန့်စ်ဆိုတာက ရင်းနှီးမြှပ်နှံသူတွေကို ဧည့်ခံဖို့လေ။ ဒါက ပုံမှန်ပဲ။ တရုတ်တစ်နိုင်ငံလုံး ဒီအတိုင်းပဲ။ ဒီအရာနဲ့ ပတ်သက်ပြီး ဘာမှားတာရှိလို့လဲ။”
“မြို့တော်အနေနဲ့ ရင်းနှီးမြှပ်နှံသူတွေ စီးပွားရေး လုပ်ငန်းရှင်တွေကို ဧည့်ခံဖို့လိုတယ်။ တခြားဌာနတွေ ပြီးတော့ စီရင်စုတွေကကော သူတို့ရဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့ မလိုဘူးလား။ မြို့တော်ဝန်ရဲ့ လူတွေကို ကြည့်လိုက်။ သူတို့တွေ အခု ဘာကား သုံးနေလဲ။ Santana က ကောင်းသေးတယ်။ သူတို့တွေက ရှလီ၊ Passat နဲ့ ဟုန်ချီတွေကိုလည်း မောင်းနေကြတယ်။ အဲ့ကားတွေထဲက ဘယ်ကားက လုံခြုံမှု ရှိလို့လဲ။ ကျွန်တော်ရဲ့ကားတွေက အလုံခြုံဆုံးပဲ။ ကျွန်တော်ရဲ့ ကား အကုန်လုံးမှာ လေအိပ် တပ်ဆင်ထားတယ်။ ပြီးတော့ အပြင်ပိုင်း ဒီဇိုင်းကလည်း ခမ်းနားတယ်။ အဲ့ဒီကားတွေက အလုပ်အတွက် သင့်တော်တယ်။ ပြီးတော့ မြို့တော်အနေနဲ့ ကျွန်တော်ရဲ့ ကားတွေကို မဝယ်ယူဘူးဆိုရင်တောင်မှ ပြည်နယ် အစိုးရကကော ကျွန်တော် ကားတွေကို မဝယ်ယူဘူးတဲ့လား။”
ကျန်းရွေ့ချင်က မျက်မှောင်ကျုံ့သွားသည်။ သူ့အနေဖြင့် သူ့လူများကို ကားများကို မဝယ်ဖို့ တားသည့် နည်းလမ်း မည်သို့ပင် ရှာစေကာမူ ထိုသူများသည် ဝယ်ယူရန်အတွက် နည်းလမ်းရှာကြမည်ကို သိပေသည်။
“ပြီးတော့ တချို့ဌာနတွေကလည်း သူတို့ရဲ့ ကားတွေကို သုံးမှ ရမယ်။ ဥပမာအနေနဲ့ ယဉ်စည်းကမ်း လမ်းစည်းကမ်းဌာနတွေ။ သူတို့မှာက လျို့ဝှက်စာရွက် စာတမ်းတွေ အများကြီးရှိတယ်။ ပြီးတော့ မြို့တော်ဝန်က သူတို့တွေကို ပြည်သူပိုင် ပို့ဆောင်ရေးတွေနဲ့ တက္ကစီတွေကို အသုံးပြုစေချင်တာလား။ သူတို့တွေရဲ့ တစ်နှစ်ကို သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကလည်း မနည်းဘူးနော်။ ကျွန်တော်တို့ရဲ့ ရဲဌာနနဲ့ တခြားမြို့တွေမှာ ရှိတဲ့ ရဲဌာနတွေနဲ့ ယှဉ်လိုက်လို့ရတယ်။ ကွာခြားချက်က အကြီးကြီပဲ။ မြို့တော်ဝန်က ကျွန်တော်တို့ရဲ့ ရဲတွေကို လမ်းပေါ်မှာ ရှိတဲ့ ရာဇဝတ်မှု ကျူးလွန်သူကို အများပြည်သူသုံးယဉ်နဲ့ ပြန်ပြီးတော့ စခန်းကို ခေါ်စေချင်တာလား။”
“မင်းက မြို့တော်ကို မင်းရဲ့ ကားတွေကို ဝယ်ယူစေချင်တာပဲ။ ငါတို့တွေက ဒီဟာကို စဉ်းစားနေသေးတယ်။ အခု မင်းလုပ်နေတာတွေ အကုန်လုံးက ဘာမှ အသုံးမဝင်ဘူး”
ကျန်းရွေ့ချင်သည် မြို့တော်အတွက် ကားအသစ်များကို မဝယ်ယူရန် ဆုံးဖြတ်ထားသည်။
ဝှစ်
ဖုန်းယွီသည် သတင်းစာ တစ်စောင်ကို ယူလိုက်ပြီး လက်ဖက်ရည် စားပွဲပေါ်တွင် တင်လိုက်သည်။
“ခေါင်းဆောင် ဒါကို ကြည့်လိုက်ပါ။ ဒါက ယမန်နေ့က ဘင်းမြို့တော်ရဲ့ သတင်းပါ။ လူရမ်းကား နှစ်ယောက်က လက်ဆွဲအိပ်ကို သူတို့တွေ ဆိုင်ကယ်စီးရင်းနဲ့ လုသွားတယ်။ ရဲ နှစ်ယောက်က သူတို့တွေကို နှစ်ရာ မီတာ အကွာကနေပြီးတော့ ခြေလျင်လိုက်ရတယ်။ ပြီးတော့ ပြစ်မှု ကျူးလွန်တဲ့သူက လွတ်မြောက်သွားတယ်။ တကယ်လို့ ရဲတွေသာ အဲဒီ သူခိုးတွေကို အမှီလိုက်နိုင်မယ်ဆိုရင် သူတို့တွေအမှီ လိုက်နိုင်မယ်လို့ မြို့တော်ဝန် ထင်လား။ ဒီမှာ သတင်းထောက်က မြို့တော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ထားတယ်။ အများပြည်သူတွေက ကျွန်တော်တို့ မြို့တော်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေကြတယ်။ ပြီးတော့ သူတို့တွေ အကုန်လုံးက ကျွန်တော်တို့ရဲ့ ရဲတွေအပေါ် ယုံကြည်ချက် ကင်းမဲ့နေကြတယ်”
ကျန်းရွေ့ချင်က ပြောလိုက်သည်။
“အဲဒီလူရမ်းကား နှစ်ယောက်က စုန့်ကျန်းမော်တော်ဆိုင်ကယ်ကို စီးသွားတာ မဟုတ်ဘူးလား။”
“အဲ့တာက အရေးမကြီးပါဘူး။ အရေးကြီးတာက ကျွန်တော်တို့ရဲ့ ရဲဌာနတွေမှာက ဓာတ်ဆီသုံးကားတွေ လိုတယ်။ တကယ်လို့ အရေးပေါ် ကိစ္စ ဖြစ်တယ်ဆိုရင် အဲ့ရဲဌာအနေနဲ့ ရဲတွေကို ချက်ခြင်း လွှတ်မှရမယ်။ မြို့တော် အစိုးရအနေနဲ့။ ရဲတွေဆီကနေပြီးတော့ မှုခင်းနေရာကို နောက်ကျမှ ရောက်တယ်ဆိုတဲ့ မှုခင်းစာတွေကို လက်ခံ မရရှိဘူးလို့ မပြောနဲ့နော်။”
ဖုန်းယွီက ထိုသို့ ပြောစဉ် သူ့လက်များက လက်ဖက်ရည် စားပွဲကို တောက်လိုက်သည်။ ကျန်းရွေ့ချင်က စိတ်စိတ်သာ နေသည်။ သေချာသည်မှာ သူသည်လည်း ပြည်သူ့ရဲဌာနထံမှ အကြောင်းကြားစာများကို ရခဲ့သည်။ သို့သော် မည်သည့် မြို့တော်တွင်း ယင်းကိစ္စမျိုး မရှိဘဲ နေမည်နည်း။ ဘေကျင်းတွင်တောင် ယခုကဲ့သို့သော ကိစ္စမျိုးက ရှိပေသေးသည်။ ဖုန်းယွီ ပြောသည့်အတိုင်း အခြေခံမည် ဆိုပါက ယင်းအဓိပ္ပာယ်က ရဲဌာနတိုင်းအနေဖြင့် ကားများကို ဝယ်ထားရမည်ပင်။ ရဲဌာနသည် ကားများကို လိုအပ်သည်လော။ တစ်မြို့လုံးတွင် ရဲဌာနခွဲ နှစ်ဆယ်ရှိသည်။ ပြီးနောက် ရဲစခန်း ၁၀၀ကျော်ရှိသည်။ သူတို့ အကုန်လုံးအတွက် ကားများကို ထုတ်ပေးရမည်လော။
အကယ်၍ မြို့တော်အနေဖြင့် ဈေးအချိုဆုံး မော်ဒယ်ကို ဝယ်ယူလျှင်တောင် ယွမ် သန်း ၂၀ ကုန်ကျမည် ဖြစ်ပေသည်။ မြို့တော်အနေဖြင့် ထိုမျှ များပြားသည့် ငွေများကို မည်သည့် နေရာမှ ရနိုင်မည်နည်း။
“ဒီအခြေအနေက တိုးတက်လာမှာပါ။ အခုလက်ရှိ မြို့တော်အနေနဲ့ ပိုက်ဆံမရှိဘူး။ တကယ်လို့ ငါတို့တွေက ဒီရာဌာနမှာပဲ ပိုက်ဆံတွေကို ပုံပြီး သုံးလိုက်မယ်ဆိုရင်။ တခြားဌာနတွေိကို ဘယ်လိုလုပ်မလဲ။ငါတို့တွေက ရဲဌာနတွေကို ပိုပြီးတော့ အဆင့်မြင့်တင်တဲ့ ပစ္စည်းမျိုးကို တပ်ဆင်ချင်တယ်။ အဲ့တာတွေကိုကော မလုပ်ရတော့ဘူးလား။”
နောက်ဆုံးတွင် ထိုလူကြီးကျန်းသည် ရွေ့လာခဲ့ပြီ ဖြစ်သည်။ ယင်းက ဖုန်းယွီ လိုချင်သည့်အချက်ပင်။
ဖုန်းယွီက ပြုံးကာ ပြောလိုက်၏။
“ငွေမရှိဘူးလား။ ကျွန်တော် နည်းလမ်း တစ်ခု စဉ်းစားထားတယ်။ မြို့တော်အနေနဲ့ ပိုက်ဆံ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်ဖို့ မလိုဘူး။ မြို့တော်ဝန်သာ ဒီဟာကို ခွင့်ပြုချက် ပေးတာနဲ့။ ဌာနတွေ အကုန်လုံးကလည်း သူတို့ဘာသာ သူတို့ ငွေရှာနိုင်လိမ့်မယ်”
“သူတို့ဘာ သူတို့ ငွေရှာနိုင်မှာလား။ ဘယ်လိုလဲ။”
“ဘင်းမြို့တော်ရဲ့ စက်မှု လုပ်ငန်းတွေ ပြန်ပြီးတော့ ကုစားနိုင်ပြီးတဲ့နောက်ပိုင်း မြို့တော်ထဲမှာ နိုက်ကလပ်တွေ၊ အနှိပ်ခန်းတွေ ပိုများလာတယ်ဆိုတာ မြို့တော်ဝန် သတိမထားမိဘူးလား။ သူတို့ထဲက အများစုက တရားမဝင်တွေလေ။”
ဖုန်းယွီက ပြောရင်း သူ့မျက်ခုံးကို ပင့်လိုက်သည်။
“ဒါ တကယ်ကြီးလား”
ကျန်းရွေ့ချင်က မျက်မှောင်ကျုံ့လိုက်သည်။ ငါက ဘာလို့ ဒီကိစ္စကို သတိမပြုမိရတာလဲ။
“စုန့်လောင်စီရဲ့ ခေတ်လောက်တော့ မများပေမဲ့ ရန်ပွဲတွေ၊ လောင်းကစားတွေ၊ ပြီးတော့ မကောင်းတဲ့ အရာတွေက ရှိနေဆဲပဲ။ တကယ်လို့ ရဲဌာနသာ သူတို့တွေကို ဖမ်းမယ်ဆိုရင် အဲဒီကနေ ရတဲ့ ဒဏ်ကြေးတွေက ကားတွေကို ဝယ်ဖို့အတွက် လုံလောက်လာလိမ့်မယ်။ ဒါက ကျွန်တော်တို့ရဲ့ ပြစ်မှုတွေကို လျော့နည်းလာစေနိုင်တယ်။ ပြီးတော့ တစ်ကြိမ်တည်းမှာပဲ ရဲဌာနအနေနဲ့ ပစ္စည်းတွေကို တိုးတက်အောင် လုပ်လာနိုင်တယ်။ ခဲ တစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်တာပေါ့”
“တကယ်တော့ ဌာနများစွာက သူတို့ကိုယ်တိုင် ရံပုံငွေ ရှာနိုင်ကြတယ်။ အဲ့ဌာနတွေမှာလည်း ပွဲကာလတွေ ရှိသေးတယ်လေ။ ဥပမာအနေနဲ့ ကုန်သွယ်ရေးနဲ့ စက်မှု ဗျူရိုက တရားမဝင်စက်ရုံတွေ ဖမ်းတာတို့ ကျန်းမာရေး ဗျူရိုက တရားမဝင် ဆေးဝါးတွေ ဖမ်းတာတို့ အဲဌာနတွေကလည်း သူတို့ဘာ သူတို့ ငွေရှာနိုင်ကြတယ်လေ။ မြို့တော်အနေနဲ့ အဲဒီကနေ ပြီးတော့ ငွေရှာနိုင်ပါတယ်။ ပိုက်ဆံ တစ်ပြားမှ မကုန်ပါဘူး။”
“ငွေရှာနိုင်မှာလား”
ကျန်းရွေ့ချင်က တွန့်ဆုတ်နေသည်။
“မြို့တော်က ဘယ်လိုလုပ် ဒီလိုကနေ ငွေရှာမှာလဲ။”
“ဒါက အမှန်ပဲ မြို့တော်အနေနဲ့ ဌာန အကုန်လုံးက အမှာစာတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် ကျွန်တော်က လျော့ဈေး အများကြီး ပေးနိုင်ပါတယ်။ အဲဒီဌာနတွေက ဘင်းမြို့တော် ရန်ပုံငွေတွေကို ထောက်ပံ့ပေးနိုင်တဲ့ အပြင် ပြီးတော့ မြို့တော်အနေနဲ့လည်း လျော့ဈေးရမှာဆိုတော့ ဝယ်ရတဲ့ဈေး ကွာခြားချက် များလာမှာပဲလေ။”
ဖုန်းယွီက ဆက်ပြောလိုက်သည်။
ကျန်းရွေ့ချင်၏ မျက်လုံးများက တောက်ပသွားကာ ယင်းက ကောင်းမွန်သည့် အကြံပင် ဖြစ်သည်။