← Chapters

ကောင်းကင်ယင်သားတော်၏ ဘဝပြန်ဝင်စားခြင်းတာအို

Vol. 94 Ch. 1223

ကောင်းကင်ယင်သားတော်၏ ဘဝပြန်ဝင်စားခြင်းတာအို

Vol. 94 Ch. 1223

ဟူမန်ဒဲ့၊ ကျို့ရှန့်ယင်နှင့် ယွီဝူဖေးတို့ ရွေးသွားသော မင်တုတပ်မှူးများသည် မြောက်ကောင်းကင်တွင် အကျော်ကြားဆုံးပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့၏သိုင်းအဆင့်က မြင့်မားကြသည့်အပြင် တစ်ယောက်ချင်းစီသည် ကျောက်စိမ်းမြို့တော်နှင့် နတ်ကောင်းကင်အဆင့်တွင် ရှိကြ၏။

သူတို့သုံးယောက်လုံးကလည်း အလွန့်အလွန် အစွမ်းထက်ကြသည်။ မြောက်ကောင်းကင်တွင် အစွမ်းထက်ဆုံးဟုပင် ခေါ်ရပေမသည်။

ကောင်းကင်ယင်သားတော်သည် သွေးသားတော်စပ်သူများကိုသာ အားကိုးပြီး သူ့အနီးအနားရှိ လူအားလုံးမှာ ယုံကြည်ရသူများသာ ဖြစ်ကြ၏။ သူက ထိုသူများကို အချိန်ပေးကာ မြေတောင်မြှောက်ပေးထားခဲ့သည်။ သူကိုယ်တိုင်ယုံကြည်ရသူများမဟုတ်လျှင် ယင်းကဲ့သို့ မြေတောင်မြှောက်ပေးမည် မဟုတ်ချေ။

ထို့ကြောင့် အခြားတပ်မှူးမှာ ကောင်းကင်မှ ချီးမြှင့်ထားသော ပါရမီများကို ပိုင်ဆိုင်ထားသည့်တိုင် အရေးကြီးသောကိစ္စရပ်များတွင် အယုံကြည်မခံရပေ။

ဟူမန်ဒဲ့က ကျို့ရှန့်ယင်နှင့် ယွီဝူဖေးဆီ ကြည့်ကာ မျက်ဝန်းများ လင်းလက်သွားသည်။ ‘ကျို့ရှန့်ယင်က ဆရာ့သားအကြီးဆုံး... ယွီဝူဖေးကတော့ ဆရာချစ်ရတဲ့ မိဖုရား… ငါကတော့ တပည့်တစ်ယောက်သာသာပဲ…. မျှတတဲ့တိုက်ပွဲဆိုရင် ကိစ္စမရှိပေမယ့် မျှတဖို့က မဖြစ်နိုင်ဘူး…. သူတို့နဲ့ပူးပေါင်းပြီး ကောင်းကင်နတ်အရှင်မူကို သတ်လိုက်ရင် သူတို့ပဲ နာမည်ကောင်းရသွားပြီး ငါ့အတွက် ဘာမှကျန်မှာမဟုတ်ဘူး’

ထိုသို့တွေးတောပြီးနောက် သူမသည် အလျင်အမြန် ပြောလိုက်၏။ “ကောလဟာလတွေအရ ကောင်းကင်နတ်အရှင်မူက သတိကြီးတယ်ဆိုတော့ သူ ဘယ်သွားလဲ မသိအောင် ဖုန်းကွယ်မှာပဲ…. အားလုံး လူစုခွဲပြီး သူ့ကို ရှာကြ” ထိုသို့ပြောပြီးနောက် သူမက မင်တုတပ်မှူးအချို့အား ဦးဆောင်လျက် ပျံသန်းထွက်ခွာသွားသည်။

ယွီဝူဖေးက ပြုံးသည် “ဟူမန်ဒဲ့ပြောတာ မှန်တယ်….ကောင်းကင်နတ်အရှင်မူက ကလေးပဲ ရှိသေးပေမယ့် လှည့်ကွက်ပရိယာယ်တွေအပြင် ထွက်ပြေးနိုင်တဲ့ ထိပ်တန်းနည်းလမ်းတွေ ပိုင်ဆိုင်ထားတယ်… ငါတို့အတူ လှုပ်ရှားရင် သူ သေချာပေါက် ထွက်ပြေးသွားမှာပဲ… လူစုခွဲရင်တော့ အောင်မြင်နိုင်ချေက နှစ်ဆတိုးသွားလိမ့်မယ်”

ကျို့ရှင့်ယင်ကလည်း ပြုံး၍ ပြောသည်။ “မယ်မယ် ပြောတာမှန်ပါတယ်…. လူစုခွဲကြစို့”

မိဖုရားယွီဝူဖေးသည် နတ်တပ်မှူးများကို ခေါ်ဆောင်သွားရင်း တွေးနေ၏။ ‘ကောင်းကင်ယင်သားတော်က သူ့သားကို ပိုအားကိုးတယ်... ဒါ့အပြင် အသစ်ရောက်လာတဲ့ မိဖုရားတွေကိုလည်း ငါ့ထက် ပိုမျက်နှာသာပေးနေတယ်…. ဒီကိစ္စသာ မအောင်မြင်ရင် မိဖုရားနန်းဆောင်မှာ ငါ့နေရာကို ထိန်းထားနိုင်ဖို့ မသေချာတော့ဘူး’

ကျို့ရှန့်ယင်က သူတို့ထွက်သွားသည်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ချာခနဲ လှည့်၍ စစ်စခန်းဆီသို့ ပြန်သွားလေသည်။ သူက ကောင်းကင်ယင်သားတော်ကို ဦးညွှတ်အရိုအသေပေးကာ တောင်းဆိုသည်။ “ခမည်းတော်၊ ကောင်းကင်နတ်အရှင်မူရဲ့ အစွမ်းအစတွေက အားကောင်းလွန်းတယ်.... သားတော် သူနဲ့ မယှဉ်နိုင်လောက်ဘူး….. ကျေးဇူးပြုပြီးတော့ သားတော်ကို အကာအကွယ်ရတနာတစ်ခု ပေးပါ”

ကောင်းကင်ယင်သားတော်မှာ မရယ်မိဘဲ မနေချေ။ “ငါ့သားဆိုတဲ့အတိုင်းပဲ မိဖုရားတွေထက် ပိုပြီးဉာဏ်ကောင်းတာပဲ.…. ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်သိုင်းတွေက တကယ်ကို ထူးခြားပြောင်မြောက်တယ်… သူ့သိုင်းအဆင့်တွေကလည်း အတော်လေး မြင့်မားတယ်… သူ့ကို ထိန်းချုပ်ဖို့ ငါ မင်းကို ရတနာတစ်ခု ပေးလိုက်မယ်” ထိုသို့ပြောပြီးနောက် သူက ခေါင်းလောင်းတစ်ခု ထုတ်ကာ ကျို့ရှန့်ယွင်ဆီ ပေးလိုက်သည်။

“ဒါက ငါ့ခမည်းတော် တာအိုရရှိသွားတုန်းက သွန်းလုပ်ခဲ့တဲ့ ဆန်းကြယ်ရတနာတစ်ပါးပဲ… ဘဝပြန်ဝင်စားခေါင်းလောင်းလို့ ခေါ်တယ်…. အရင်တုန်းက ငါဟာ မျှော်လင့်ချက်တွေ သိပ်မြင့်မားခဲ့တယ်…. မင်တုကောင်းကင်မုခ်၀ကို တည်ဆောက်ချင်ရင် ဘဝပြန်ဝင်စားခြင်းကို ထိန်းချုပ်နိုင်ရမယ့်အပြင် ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်ချင်ရင်တော့ တခြားမဟာတာအိုတွေကိုလည်း ထိန်းချုပ်တတ်ဖို့ လိုခဲ့တယ်…. ဒါပေမဲ့ ငါ့ရဲ့လုပ်နိုင်စွမ်းက မဆိုသလောက် နိမ့်ကျနေခဲ့တော့ မင်တုကောင်းကင်မုခ်၀ကို မတည်ဆောက်နိုင်ခဲ့ဘူး”

ကောင်းကင်ယင်သားတော်က ပြောပြနေသည်။ “အဲဒီနောက်ပိုင်း ငါ သေချာစဉ်းစားပြီး ဘဝပြန်ဝင်စားတာအိုအပေါ် အာရုံစိုက်ခဲ့တယ်… နောက်ဆုံးတော့ အောင်မြင်သွားပြီး ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံခဲ့ရင်း နတ်ကောင်းကင်ခန်းမမှာ ထိုင်နိုင်ခဲ့တယ်…. ငါ့ရဲ့တာအိုကို ဒီရတနာထဲ ထည့်ထားတာမလို့ ဒီရတနာ အသံမြည်သွားရင် ကြားလိုက်ရတဲ့လူမှန်သမျှကို ဘဝပြန်ဝင်စားသံသရာထဲ သက်ဆင်းသွားပြီး လူပြန်ဝင်စားနိုင်တော့မှာ မဟုတ်ဘူး ... ဒီရတနာကို မင်းနဲ့အတူ ယူသွားရင် ကောင်းကင်နတ်အရှင်မူကို ခေါင်းလောင်းနဲ့ အနိုင်ယူပြီး ပထမဆုံးကောင်းမှု တည်ဆောက်နိုင်လိမ့်မယ်”

ကျို့ရှန့်ယင်မှာ အင်မတန် ဝမ်းမြောက်သွားပြီး ဘဝပြန်ဝင်စားခေါင်းလောင်းကို သိမ်းဆည်း၍ အရိုအသေပေးကျေးဇူးတင်သည်။ ထို့နောက် လက်အောက်ငယ်သားများကို ဦးဆောင်လျက် စခန်းထဲမှ အလျင်အမြန် ထွက်သွားတော့သည်။

ချင်မူက မဟာလေဟာနယ်နှင့် ယိုတုကို ဖြတ်ကာ လျှောက်သွားနေသည်။ မဟာလေဟာနယ်မှ ကောင်းကင်နတ်ဘုံ၏ စစ်စခန်းသို့ သွားရောက်ရန် မခက်ပေ။ ‌မဟာလေဟာနယ်မြေထုမှာ ကြီးမားလွန်းသည့်အတွက် ယိုတိုမှ ဖြတ်သွားခြင်းက ပို၍ပင် လွယ်ကူ၏။

ယိုတုထဲမှ မဟာလေဟာနယ်ဆီ ကြည့်လိုက်လျှင် တောင်တန်း၊ မြစ်ချောင်းအားလုံးမှာ မှိုင်းညှို့ရီဝေနေပြီး မီးခိုးရောင်သမ်းနေသည်။

အဖော်မဲ့ဝိညာဉ်များနှင့် တစ္ဆေရိုင်းများက အရိပ်ထဲတွင် တိတ်တဆိတ် ပုန်းခိုကာ သူ့အား အကဲခတ်နေကြသည်။ သူတို့သည် စစ်ပွဲထဲတွင် ကျဆုံးသွားခဲ့သော နတ်ဘုရားများ၊ မိစ္ဆာများ၊ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်ကြ၏။

သူတို့အပြင် တစ်ပိုင်းတစဝိညာဉ်များလည်း ရှိကြသည်။ ၎င်းတို့မှာ အစိတ်စိတ်အမွှာမွှာ ချေမွခံခဲ့ရသော နတ်ဘုရားမိစ္ဆာများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ ဝိညာဉ်များဖြစ်ကြသည်။ သူတို့မှာ အနက်ရောင် လေလှိုင်းများ ဖြစ်လာကြပြီး အရာအားလုံးကို တိုက်ခတ်ဖြတ်သန်းသွားသည့် လေဆင်နှာမောင်းအသွင် စုဝေးနေကြ၏။

အနက်ရောင်လေ ဖြတ်တိုက်သွားသည့် နေရာတိုင်းတွင် နတ်ဘုရားမိစ္ဆာတို့၏ မူလဝိညာဉ်များပင်လျှင် ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲပေသည်။ များသောအားဖြင့် လေဆင်နှာမောင်းကြီးထဲ ကျရောက်ကာ စုတ်ဖြဲခံကြရသည်။

အနက်ရောင်လေကား အနက်ရောင်ဝိညာဉ်သဲမှုန်များပင် ဖြစ်၏။

အနက်ရောင်လေတချို့က မဟာလေဟာနယ်နှင့် ယိုတုတွင် သေဆုံးသွားခဲ့သော နတ်ဘုရားမိစ္ဆာများ၏ အလောင်းများထဲ ဝင်ရောက်၍ အသားများ ကိုက်ဖြတ်စားသုံးကြရင်း အရေခွံသာ ချန်ရစ်ခဲ့သည်။ ထို့နောက် အနက်ရောင်လေများသဖွယ် လျှောက်သွားရင်း ကိုက်ဖြတ်စားသောက်နေသည့် ဆာလောင်နေသော သရဲများ ဖြစ်ကုန်ကြသည်။

ဆာလောင်နေသော ဝိညာဉ်များသည် ပိုမိုသန်မာလာနေကြ၏။

ချင်မူ မျက်မှောင်ကြုတ်လိုက်မိသည်။

ဤအဖြစ်အပျက်သည် ကောင်းကင်ယင်သားတော် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။ သူသည် ဤနေရာအား ကောင်းကင်ယင်ကမ္ဘာ သို့မဟုတ် မဟာမြို့ပျက်အဖြစ် ပြောင်းလဲရန် ကြံစည်နေခြင်းပင်။

‘မှောင်လာရင် အပြင်မထွက်နဲ့…. အဲဒီတုန်းက မဟာမြို့ပျက်နဲ့ ကောင်းကင်ယင်ကမ္ဘာကို အဲဒီလိုဖြစ်အောင် ကောင်းကင်ယင်သားတော်က ဖန်တီးခဲ့တာ… လူတွေက ကောင်းကင်ယင်သားတော်ကို အထင်သေးခဲ့ကြပြီး ကောင်းကင်ယင်သားတော်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အရှိန်အဝါနဲ့ မဟူရာနတ်မင်းဖြစ်လာတယ်ပဲ ထင်ကြတယ်… ဒါပေမဲ့ ကောင်းကင်ယင်သားတော်က ကောင်းကင်ယင်ကမ္ဘာရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ ကောင်းကင်နတ်သိုင်းတွေမှာ ကျွမ်းကျင်တယ်… ယိုတုရဲ့ လမ်းစဉ်တွေ၊ သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကိုလည်း အဆင့်မြှင့်နိုင်ခဲ့တယ်.... သူ့ရဲ့လုပ်နိုင်စွမ်းတွေက သတ္တဝါတွေထဲမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးပြီးရင် ဒုတိယလိုက်တယ်လို့တောင် ပြောလို့ရတယ်’

ချင်မူက ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။ ဆာလောင်နေသည့် ဝိညာဉ်တချို့သည် မီးခိုးရောင်မြူများကြား ဖြတ်သန်းသွားလာ၍ နတ်ဘုရားမိစ္ဆာတို့၏ ဝိညာဉ်များကို တွေ့ရှိသွား၏။ သူတို့က ချက်ချင်း ဝိုင်းအုံသွားပြီး ထိုမူလဝိညာဉ်များအား ဝါးမြိုပစ်လိုက်ကြသည်။

“မဟာမြို့ပျက် ဒီလိုဖြစ်ခဲ့တုန်းက မှောင်လာရင် အနက်ရောင်ဝိညာဉ်သဲမှုန်တွေက ကောင်းကင်ယင်ကမ္ဘာနဲ့ တခြားကောင်းကင်ဘုံတွေဆီကနေ စိမ့်ထွက်လာတယ်…. မိုးသောက်ချိန်ရောက်လို့ အဲဒီကမ္ဘာတွေဆီ ပြန်သွားတဲ့အခါကျ အဆက်မပြတ် ပြောင်းလဲနေတဲ့ ကတော့သဏ္ဍာန် ရှိနေတတတ်တယ်... ကောင်းကင်ယင်ကမ္ဘာမှာလည်း ကောင်းကင်ယင်သားတော် အနက်ရောင်းသဲတွေကို ထိန်းချုပ်နိုင်ဖို့ ကတော့တစ်ခုရှိတယ်…. အဲ့ဒါအပြင် ဝိညာဉ်ချုပ်ငြိမ်း‌ခေါင်းလောင်းလည်း ရှိသေးတယ်”

ချင်မူ စိတ်ထဲမှ တွေးနေမိသည်။ “ကောင်းကင်ယင်သားတော်အနေနဲ့ ယိုတုရဲ့ လမ်းစဉ်တွေ၊ သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေမှာ အစ်ကိုကြီးချင်ဖုန်းကျင့်ကို ယှဥ်နိုင်မှာမဟုတ်ဘူး…. ပြောရရင် အစ်ကိုကြီးက ယိုတုသားတော်၊ မြေအောက်ဘုံအရှင်သခင်နောက်တစ်ပါးပဲလေ….ဒါပေမဲ့ ဒီနေရာကို ကောင်းကင်ယင်ကမ္ဘာ ဒါမှမဟုတ် မဟာမြို့ပျက်အဖြစ် ပြောင်းလဲလိုက်ရင် အနက်ရောင်ဝိညာဉ်သဲမှုန်က ငရဲပင်လယ် ဖြစ်သွားလိမ့်မယ်…. အစ်ကိုကြီးက သူ့ပြိုင်ဘက် ဖြစ်တော့မှာမဟုတ်ဘူး”

သူ၏အကြည့်သည် လင်းခနဲလက်သွားပြီး သူက ရုတ်တရက် ရပ်လိုက်ကာ မဟာလေဟာနယ်နှင့် ယိုတုရှိ ပြောင်းလဲမှုများကို အသေအချာ စစ်ဆေးကြည့်လိုက်သည်။

သူသည် မင်တုကောင်းကင်မုခ်၀အား တိရီယွဲ့နှင့်အတူ လေ့လာခဲ့သည့်အလျောက် ကောင်းကင်ယင်သားတော်၏ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား တချို့တစ်ဝက် နားလည်ခဲ့၏။ မင်တုကောင်းကင်မုခ်၀တွင် အရေးကြီးဆုံးက ဘဝပြန်ဝင်စားခြင်းတာအိုဖြစ်သည်။

‘ဒါပေမဲ့ မဟာလေဟာနယ်နဲ့ ယိုတုရဲ့ ပြောင်းလဲမှုတွေအရ မင်တုကောင်းကင်မုခ်၀ရဲ့ ဘဝပြန်ဝင်စားခြင်းတာအိုက မပြီးပြည့်စုံသေးဘူး…. ကောင်းကင်ယင်သားတော်ရဲ့ ဘဝပြန်ဝင်စားခြင်းတာအိုဆိုတာ ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်ခုနဲ့ အနက်ရောင်ဝိညာဉ်သဲမှုန်တွေအကြားက အပြောင်းအလဲတွေ ဖြစ်ရမှာ… ဖန်ဆင်းလမ်းစဉ်နဲ့ ရုပ်ခန္ဓာတည်ဆောက်ပုံကို ပြောင်းလဲပစ်လိုက်တာလည်း ပါလိမ့်မယ်.... တစ်နည်းပြောရရင် ယိုတုမဟာတာအို၊ ကောင်းကင်ယင်မဟာတာအိုနဲ့ ဖန်ဆင်းတာအိုတို့ကို ကောင်းကင်ယင်သားတော်ရဲ့ ဘဝပြန်ဝင်စားတာအိုအဖြစ် ပေါင်းစည်းပစ်လိုက်တာ”

ချင်မူက မျက်လုံးများမှိတ်လိုက်ပြီး အိပ်မက်ကမ္ဘာထဲ ဝင်လိုက်သည်။ မရေမတွက်နိုင်သော အိပ်မက်များထဲတွင် သေးငယ်သော ချင်မူလေးများသည် အသည်းအသန် အဖြေရှာနေကြ၏။

သူနှင့် တိရီယွဲ့သည် မင်တုကောင်းကင်မုခ်၀အတွင်း၌ ကိန်းဝပ်နေသော ဘဝပြန်ဝင်စားတာအိုကို ချိုးဖျက်ရန်သာ လေ့လာခဲ့ကြ၏။ သို့သော် ကောင်းကင်ယင်သားတော်ကာ ကောက်ကျစ်စဉ်းလဲသူပီပီ မင်တုကောင်းကင်မုခ်၀အတွင်းရှိ ဘဝပြန်ဝင်စားတာအိုမှာ အစစ်အမှန်ထင်ရသော်လည်း အစစ်မဟုတ်သေးချေ။

သူ၏ ယိုတုမဟာတာအိုသည် ချင်ဖုန်းကျင့်၊ ကောင်းကင်နတ်အရှင်ယွီတို့နှင့် နှိုင်းယှဉ်မရသလို ချင်မူနှင့်လည်း သိပ်မကွာပေ။ ချင်မူ့အောက်ပင် နိမ့်ကျကောင်းနိမ့်ကျနိုင်၏။

သူ၏ ကောင်းကင်ယင်တာအိုမှာလည်း ကောင်းကင်ယင်နတ်ဘုရားမ၊ ချင်မူအပြင် အခြားသူများဖြင့် နှိုင်းယှဉ်၍မရနိုင်ချေ။ သူ၏ ဖန်ဆင်းခြင်းတာအိုသည်လည်း ချိမင်ဧကရာဇ်နှစ်ဦးနှင့် ယှဉ်မရသလို ချင်မူနှင့်ပင် မယှဉ်နိုင်ချေ။ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကို တီထွင်ဖန်တီးခဲ့သည့် ကောင်းကင်နတ်အရှင်လင်ဆိုလျှင် ထည့်တွက်စရာပင် မလိုတော့ပေ။

သို့သော် ထိုမဟာတာအိုသုံးခုကို ပေါင်းစည်း၍ ဘဝပြန်ဝင်စားခြင်းမဟာတာအိုကို ဖန်တီးလိုက်သည့် ဦးနှောက်ကား ပေါ့သေးသေးတော့ မဟုတ်ပေ။

ချင်မူနှင့် တိရီယွဲ့မှာ ဘဝဝင်စားခြင်းလမ်းစဉ်ကို မင်တုကောင်းကင်မုခ်၀မှတဆင့်သာ မြင်ခဲ့ဖူးကြသည်။ ယခုတွင် ချင်မူကား ဘဝပြန်ဝင်စားခြင်းတာအို၏ အနှစ်သာရကို မဟာလေဟာနယ်နှင့် ယိုတုထဲရှိ အပြောင်းအလဲများမှတစ်ဆင့် တွေ့မြင်နေရချေပြီ။

ယခုတွင် သူက ကောင်းကင်ယင်သားတော်၏ အစွမ်းအစအစစ်အမှန်အား သိရအောင် အဖြေထုတ်နေချေပြီ။

သူသည် ယိုတုတာအို၊ ကောင်းကင်ယင်တာအိုနှင့် ဖန်ဆင်းခြင်းတာအိုများနှင့် ပေါင်းစည်းကြည့်လိုက်၏။ ထိုအခါမှသာ ထင်ထားသလို မရိုးရှင်းဘဲ ခက်ခဲကြောင်း တွေ့လိုက်ရသည်။ ဘဝပြန်ဝင်စားတာအိုကို ထုတ်နုတ်ရန်မှာ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် ခက်လှ၏။ ဗြဟ္မာ့ဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန် ရှိနေသည့်တိုင် မလွယ်ပေ။

‘ကောင်းကင်ယင်သားတော်က တကယ်ကို ထူးချွန်တဲ့သူပဲ’

သူ့မှာ မချီးကျူးမိဘဲ မနေတော့ချေ။ “သူက နေရာတိုင်းမှာ နိမ့်ကျနေပေမယ့် မတူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနိုင်ခဲ့တယ်…. တကယ်ကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ… ရည်မှန်းချက် ကြီးနေတာလည်း အံ့ဩစရာမရှိဘူး…. ဒါပေမယ့် သူ့အနေနဲ့ နေရာတစ်ခုတည်းမှာ တစ်နေတာလည်း မထူးဆန်းဘူး... သူသာ စနစ်သုံးခုရဲ့ မဟာတာအိုတွေကို အမှန်တကယ် ပေါင်းစည်းနိုင်မယ်ဆိုရင် ကောင်းကင်နတ်အရှင်ယင် ဖြစ်လာနိုင်တယ်… သူ့ပါရမီက မလုံလောက်တာကတော့ နှမြောဖို့ကောင်းတယ်”

All Chapters