မိဖုရား
Vol. 94 Ch. 1226
ဟူမုန့်ဒဲမှာ ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ် လဲကျသွားတော့သည်။
“ကောင်းကင်ယင်သားတော်က တကယ်ကို အရည်အချင်းရှိတာပဲ…. သူ့တပည့်တွေကတောင် သိပ်တော်ကြတယ်”
ချင်မူက လေးနက်တည်ကြည်နေသည့် မျက်နှာအမူအရာဖြင့် ဓားကို ပြန်ဆွဲထုတ်လိုက်သည်။ ဟူမု့န်ဒဲ သူ့အား ပြန်လည်မတိုက်ခိုက်နိုင်ခြင်းမှာ သူ၏သိုင်းအဆင့်က မြင့်မားနေ၍ မဟုတ်ပေ။ အမှန်တွင် ဟူမု့န်ဒဲ၏ သိုင်းအဆင့်က သူ့ထက်ပင် မြင့်မားသေးသည်။
သူ ဟူမု့န်ဒဲကို သတ်နိုင်ခြင်းမှာ ကောင်းကင်ယင်သားတော်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းအားလုံးနီးပါး လေ့လာပြီးသွားသောကြောင့်ပင်။
ထိုမျှသာမက ချင်မူသည် ဘဝပြန်ဝင်စားခြင်းတာအိုနှင့် ပတ်သက်ပြီးလည်း ကောင်းကင်ယင်သားတော်အား လိုက်မှီခဲ့၏။ သို့ပါသော်လည်း သိုင်းအဆင့် နိမ့်ကျနေခြင်းကြောင့် အိပ်မက်ကမ္ဘာဖြင့် ဟူမုန့်ဒဲကို လှည့်စားရင်း မှော်စွမ်းအင်ဖြင့်သာ အိပ်မက်များအား ဖျက်စီးရအောင် ဖိအားပေးခဲ့ရသည်။
နောက်ဆုံးတွင် ဟူမု့န်ဒဲမှာ မှော်စွမ်းအင်ကုန်ခမ်းသွားမှုကြောင့် ပင်ပန်းနွမ်းနယ်ခဲ့ကာ သူ့ဓားအောက်တွင် သေဆုံးခဲ့ရသည်။
‘ဟူမု့န်ဒဲသုံးခဲ့တဲ့ ဝူ၀မ်မြို့ကလည်း အတော်လေးကို အစွမ်းထက်တယ်… တော်တော်လေးကောင်းတဲ့ ရတနာတစ်ခုပဲ’
ချင်မူ လက်မြှောက်လိုက်သည့်အခါ ဝူ၀မ်မြို့သည် မြောက်တတ်သွားပြီး သစ်သားချောင်းတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ ဤသစ်သားချောင်းတွင် အသက်ရစ်ကွင်း ၃၆၅ ကွင်းသာ ရှိသဖြင့် ကမ္ဘာဦးသစ်ပင်မှ သစ်ကိုင်းတစ်ခက် ဖြစ်လိမ့်မည်။ ဟူမုန့်ဒဲအနေဖြင့် ဤအခြေအနေအထိ ပြုပြင်သွန်းလုပ်နိုင်ခဲ့သည်မှာ အံ့အားသင့်ဖွယ်ကောင်းပေသည်။
ယခင်က အမိကမ္ဘာမြေသည် ချင်မူ့အား အသက်ရစ်ကွင်း သန်းငါးဆယ်ရှိသော အမြုတေသစ်ကိုင်းတစ်ခက် ပေးခဲ့သည်။ သူသာ ဟူမု့န်ဒဲလိုသာ ပြုပြင်သွန်းလုပ်လိုက်ပါ စွမ်းအားမှာ မှန်းဆနိုင်မည်မဟုတ်ချေ။
“ဒီအချက်တစ်ခုတည်းက ကမ္ဘာဦးသစ်ပင်ရဲ့ စွမ်းအားကို ဖော်ပြနေတယ်… ကောင်းကင်နတ်အရှင်ရှောင်က မှန်းဆလို့မရဘူး…”
ချင်မူမှာ ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါး၏အစွမ်းအစများအပေါ် ပို၍ပင် သတိကြီးလာမိသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် အသက်နှင့် လောင်းကြေးထပ်၍ အမိကမ္ဘာမြေကို သတ်ဖြတ်ကာ ကောင်းကင်နတ်အရှင်ရှောင်အား ကမ္ဘာဦးသစ်ပင်ကို သိမ်းပိုက်စေခဲ့သည်။ ထိုသူနှစ်ဦးမှာ ကောင်းကင်နတ်အရှင်များထဲတွင် ထိပ်ဆုံးပုဂ္ဂိုလ်နှစ်ယောက် ဖြစ်နိုင်ချေရှိသည်။
မဟာဧကရာဇ်၏ရုပ်ခန္ဓာကို ပြန်လည်ယူဆောင်နိုင်ခဲ့သော နတ်အရှင်မချန်းလည်း အစွမ်းထက်သည်။ သို့သော် သူမအနေဖြင့် သူတို့နှစ်ယောက်ကို ဖိနှိပ်နိုင်၊ မနိုင်ကတော့ မသေချာပေ။
ချင်မူ ရှေ့ဆက်လျှောက်သွားနေသည်။ ဘဝပြန်ဝင်စားခြင်းလမ်းစဉ်အား နားလည်ပြီးဖြစ်သော်လည်း မပြည့်စုံသေးပေ။ ၁၇ ဆောင်မြောက် ကောင်းကင်နန်းဆောင်ဖြစ်လာသည့် ဘဝပြန်ဝင်စားခြင်းကောင်းကင်နန်းဆောင်မှာ အပြည့်အဝမဖွဲ့တည်သေးသော်လည်း အခြေခံအုတ်မြစ်တော့ ရုပ်လုံးပေါ်လာချေပြီ။
သူ၏ ဘဝပြန်ဝင်စားခြင်းမဟာတာအိုမှာ ကောင်းကင်ယင်သားတော်ထက်ပင် ပိုမိုပြည့်စုံသည်။ ကောင်းကင်ယင်သားတော်သည် ပါရမီမရင့်သန်သည့်အတွက် ဘဝပြန်ဝင်စားခြင်းကောင်းကင်နန်းဆောင်ကို ကရောသောပါးသာ တည်ဆောက်ခဲ့ရ၏။
တခြားတစ်ဖက်တွင် ချင်မူကမူ အခြေခံကောင်းမွန်လှသောကြောင့် ပြီးပြည့်စုံလာမည့် အလားအလာရှိသည်။
“ကောင်းကင်နတ်ဘုံရဲ့ ပင်မစစ်စခန်းက ဒီကိုရောက်တော့မှာပဲ”
ချင်မူ ရှေ့သို့ ကြည့်လိုက်သည့်အခါ မဟာလေဟာနယ်ထဲတွင် မားမားမတ်မတ် ရပ်တည်နေကြသည့် မြို့တော်အရိပ်များအား တွေ့လိုက်ရသည်။ မဟာလေဟာနယ်ယိုတုအတွင်းမှ ကြည့်လျှင် မီးခိုးရောင်များသာ နေရာယူထားသဖြင့် မည်သည့်လူရိပ်ကိုမှ မတွေ့နိုင်ချေ။ ရွေ့လျားနေသော သေခြင်းရှင်ခြင်းကောင်းကင်ရတနာများကိုသာ မြင်တွေ့ရလိမ့်မည်။
သေခြင်းရှင်ခြင်းကောင်းကင်ရတနာမှာ လူခန္ဓာကိုယ်၏ ခြောက်ခုမြောက် မဟာကောင်းကင်ရတနာပင်။ ၎င်းကို ဖွင့်နိုင်သူသည် သေခြင်းရှင်ခြင်းကို နားလည်ပြီး သူ့တွင် သက်တမ်းမည်မျှကျန်သည်ကို သိရှိနိုင်၏။
သို့သော် သေခြင်းရှင်ခြင်းရတနာကို ဖွင့်လှစ်ခြင်းက ကြောက်မက်ဖွယ် အကျိုးဆက်များ ဖြစ်ပေါ်လာစေသည်။ ရန်သူသည် တစ်ဖက်လူ၏ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲက ယိုတုမှတစ်ဆင့် ကျူးကျော်ဝင်ရောက်ကာ အသက်နုတ်ပစ်နိုင်၏။
ထို့ကြောင့် ကောင်းကင်နတ်ဘုံက ယိုတုကို အပိုင်သိမ်းလိုခြင်း ဖြစ်သည်။
သူတို့သာ ယိုတုကို ထိန်းချုပ်နိုင်ပါက လောကရှိ မည်သူမှ ကောင်းကင်နတ်ဘုံကို တွန်းလှန်နိုင်တော့မည်မဟုတ်ချေ။
မဟာလေဟာနယ်ယိုတုမှာမူ ချင်ဖုန်းကျင့် တည်ဆောက်ထားခြင်းဖြစ်သည့်အလျောက် ယိုတုသဘောတရားတချို့ ကိန်းဝပ်နေသည်။ ထို့ကြောင့် မဟာလေဟာနယ်ယိုတကို သိမ်းနိုင်လျှင်လည်း သူတို့သည် နတ်ဘုရားမိစ္ဆာများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ သေခြင်းရှင်ခြင်းရတနာများမှတစ်ဆင့် စောင့်ကြည့်နိုင်ပေလိမ့်မည်။
သို့သော် ကောင်းကင်နတ်ဘုံစစ်တပ်၏ သေခြင်းရှင်ခြင်းရတနာများကို ချိတ်ပတ်ထားကြလေသည်။ မဟာလေဟာနယ်ယိုတုမှ ကြည့်လျှင် တောက်ပလင်းလက်နေသော သင်္ကေတအမှတ်အသားများအား တွေ့မြင်ရသည်။ ယင်းတို့က ယိုတုဆီမှ တိုက်ခိုက်မှုများကို ကာကွယ်ရန် ဝင်္ကပါပညာရှင်များ တည်ခင်းထားသော အရာများ ဖြစ်လိမ့်မည်။
တို့မျှသာမက နတ်ဘုရားမြို့များ၏ အမျိုးမျိုးသော အသက်အဖြတ်ဝင်္ကပါများသည် မီးတဟုန်းဟုန်း တောက်လောင်နေကြ၏။ မဟာလေဟာနယ်ယိုတုထဲမှ ကြည့်ရုံနှင့်တင် နှိုင်းယှဉ်မရလောက် အန္တရာယ်များနေ၍ မြင်သူတိုင်းအား ကြောက်ရွံ့စိတ်ကြောင့် တွန့်သွားစေနိုင်၏။
‘ငါ့အနေနဲ့ မြို့ထဲကို ခိုးဝင်ဖို့ မလွယ်ကူဘူး… အနားကို လျှောက်သွားပြီး ကိုယ်ထင်ပြသင့်တယ်… ကောင်းကင်နတ်အရှင်မူအနေနဲ့ဆိုတော့ ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ရှုတို့လည်း စစ်တပ်အရှေ့မှာ ငါ့ကို သတ်မှာမဟုတ်ဘူး”
ချင်မူ ခြေကြွလျက် ရှေ့သို့လျှောက်ရန် ပြင်လိုက်စဉ် ရုတ်တရက် သူ့အရှေ့တွင် ချယ်ရီပန်းများ ပွင့်လန်းလာသည်ကို တွေ့လိုက်ရသည်။ မြက်ပင်များ ကြီးထွားလာပြီး ငှက်ဝါလေးများ ပျံသန်းနေကြ၏။ တစ်လောကလုံးမှာ ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ယိုတုတွင် အရောင်အသွေးစုံလင်လာချေသည်။
ချယ်ရီတောအုပ်ထဲ၌ သီချင်းသံများ၊ ကခုန်နေသံများ ဆူညံနေကာ သာယာနာပျော်ဖွယ်ကောင်းလှ၏။ တသွင်သွင် စီးဆင်းနေသည့် ရေသံကိုလည်း ကြားရနိုင်ပြီး ချင်မူ သေသေချာချာပင် မမြင်ရသေးခင် ကြည်လင်နေသော ရေကန်တစ်ကန်က သူ့အရှေ့တွင် ပေါ်လာသည်။ ကန်စပ်တွင် အမျိုးသမီးများသည် ဗျပ်စောင်းများတီးလျက် သီချင်းဆိုနေကြပြီး ရေကန်ထဲတွင်မူ မိန်းမငယ်လေးများက ဖြူဥနေသော လက်ကလေးများဖြင့် ရေကစားနေကြသည်။
ချင်မူက ရယ်မောလျက် ချယ်ရီတောအုပ်ဆီသို့ လျှောက်သွားလေသည်။
သူက ပန်းခက်များကို တွန်းဖယ်လျက် ဤလှပနူးညံ့သည့် နေရာသို့ ဝင်ရောက်လာ၏။
ခြေလှမ်းအနည်းငယ် လှမ်းလာပြီးနောက် ချယ်ရီပင်ပေါ်၌ ချိတ်ထားသော အဝတ်တချို့ တွေ့လိုက်ရသည်။ အဝတ်စများသည် ပုစဉ်းတောင်ပံများကဲ့သို့ ပါးလွှာကာ ပိုးသားတမျှ နူးညံ့နေ၏။
ချင်မူ တခဏရပ်ကြည့်ပြီးနောက် ရှေ့ဆက်သွားသည်။ ရုတ်တရက် သစ်ပင်ပေါ်မှ အဝတ်စတစ်ခုက သူ့ပခုံးပေါ် ကျလာ၍ ဖယ်ကြည့်လိုက်ရာ အဖြူရောင်ခါးစည်းကြိုးတစ်စ ဖြစ်နေသည်။
အဝတ်စကို နမ်းကြည့်လိုက်သည့်အခါ အမွှေးနံ့ ရလေသည်။ ချင်မူက ထိုအဝတ်စကို လုံး၍ ကိုင်လိုက်သည်။ ၎င်းမှာ ပေါ့ပါးလွန်းသဖြင့် အလေးချိန်မရှိသယောင်ပင် ထင်ရ၏။
သူက နောက်ထပ် နှစ်လှမ်းမျှ လှမ်းပြီးသော် သီချင်းသံမှာ ပိုမိုကြည်လင်လာသည်။ အနီရောင်ကျောက်ပြားများနှင့် အဖြူရောင်နံရံများရှိသော အိမ်များက သူ့မျက်စိရှေ့တွင် အတန်းလိုက် ပေါ်လာကြသည်။ ဝါးခြံစည်းရိုးများလည်း ရှိကြ၏။ ၎င်းတို့မှာ သူ့ရင်ဘတ်အထိသာ မြင့်ကြသည်။
ခြံစည်းရိုးထဲတွင် ကြည်လင်သော ရေကန်တစ်ကန် ရှိ၏။ အမျိုးသမီးများက ရေကန်ဘေးတွင် ဆော့ကစားနေကြပြီး တချို့က စိုစွတ်နေသော ဘောင်းဘီတိုများ ဝတ်လျက် ခြေဗလာဖြင့် ဟိုဟိုသည်သည် ပြေးလွှားနေကြ၏။ တချို့ကတော့ ရေကန်ဘေး ထိုင်ကာ ဗျပ်စောင်းတီးနေကြသည်။ တချို့က ဖီဖာကို ပိုက်ထားပြီး နီရဲနေသော နှုတ်ခမ်းလွှာကြားတွင် စပျစ်သီးများ ကိုက်ထားကြသည်။ ထို့နောက် အဖြူရောင်ဝတ်ရုံဖြင့် မိန်းကလေးငယ်တစ်ဦးအနား ကပ်ကာ စပျစ်သီးများ ကျွေးနေကြ၏။
အဖြူရောင်ဝတ်ရုံဖြင့် မိန်းကလေး၏ အဝတ်မှာလည်း စိုရွှဲနေပြီးဖြစ်သည်။ သူမက မျက်လုံးမှိတ်ထားရင်း နီရဲတောက်နေသော နှုတ်ခမ်းဖြင့် မိန်းကလေးဆီမှ စပျစ်သီးကို ယူလိုက်သည်။
ချင်မူလည်း ခြံစည်းရိုးကို ကျော်၍ ကြည့်လိုက်ရာ ရေကန်ထဲတွင် အနီရောင်အဝတ်များ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။ အမျိုးသမီးတစ်ယောက်က အနီရောင်အဝတ်များကြားမှ ဖြည်းဖြည်းချင်း ထရပ်လာပြီး သူမခန္ဓာကိုယ်တစ်ဝက်ကို ပေါ်လွင်သွားစေသည်။ သူမက တခစ်ခစ်ရယ်လျက် ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူက ဘာလို့ အပြင်ကနေပဲ ချောင်းကြည့်နေပြီးတော့ အထဲမလာရဲတာလဲ”
ရေကန်ဘေးရှိ အမျိုးသမီးများကလည်း အပြင်သို့ လှည့်ကြည့်လိုက်ပြီး အပြုံးပန်းများ ဝေဆာစွာဖြင့် ပြောနေကြသည်။ “ကောင်းကင်နတ်အရှင်မူက သိပ်နာမည်ကြီးပေမယ် တကယ်တော့ မျှော့တစ်ကောင်အတိုင်းပဲနော်... အပြင်ကနေပဲ ကြည့်ရဲပြီးတော့ အထဲကိုမ၀င်ရဲဘူး”
ချင်မူက ကျယ်လောင်စွာ ရယ်လိုက်သည်။ “ကောင်းကင်ယင်သားတော်က ဘယ်လိုပျော်ရမလဲ တကယ်သိတာပဲဗျ…. အဖော်ပြုပေးနေတဲ့ မိန်းမလှလေးတွေ များလှချည်လား…. ကြည့်ရတာ ဒီသစ်ပင်ကြီးကတော့ ခြံစည်းရိုးကို ကျော်ထွက်လာတော့မယ် ထင်ပါတယ်”
အနီရောင်အဝတ်များသည် တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များကဲ့သို့ ရေကန်ထဲမှ ထွက်ပေါ်လာကြသည်။ အမျိုးသမီး၏ ခြေထောက်ထိပ်ဖျားက ရေမျက်နှာပြင်အား အသာအယာ ထိတွေ့လိုက်ပြီး အနီရောင်အဝတ်များက သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွား၏။ သူမ ရေကန်ဘေးရှိ ပလ္လင်ပေါ်တွင် ထိုင်လိုက်သည့်အခါ ကျန်အမျိုးသမီးများသည် ပြေးလွှားလာ၍ သူမဘေးတွင် လှဲလျောင်းသူက လှဲလျောင်း၊ ကပ်ထိုင်နေသူက ထိုင်နေကြသည်။
ချင်မူက ခြံစည်းရိုးတံခါးကို တွန်းဖွင့်ရင်း ဝင်လိုက်သည်။ ထို့နောက် မြင်ယောင်ဖန်ဆင်းလိုက်ရာ ပလ္လင်တစ်လုံးက အလိုအလျောက် ပေါ်လာသည်။ သူက ရေကန်ဘေးရှိ အမျိုးသမီးများနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ပြုံးကာ ပြော၏။ “ကျွန်တော်က လက်မထပ်ရသေးဘူး…. ကောင်းကင်ယင်သားတော်က ကျွန်တော်နဲ့အတူ မျှဝေပေးနိုင်ပါ့မလား”
အနီရောင်ဝတ်အမျိုးသမီးက လက်ဖြင့် သူမ၏ရင်ဘတ်ကို ကာလိုက်သော်လည်း ၀တ်ရုံက သူမ၏ နူးညံ့ဖွေးဖြူသော ခြေထောက်များအထိ လျှောကျသွားကာ ရှည်လျားသွယ်လျနေသည့် ခြေတံကို ပေါ်လာစေသည်။ သူမက ခပ်ဟဟ ရယ်လျက် မေးသည်။ “ကောင်းကင်နတ်အရှင်က နိမ့်ကျတဲ့ ဒီမိန်းမတွေကို စိတ်ဝင်စားတယ်ဆိုရင် ရွေးချယ်လို့ရပါတယ်… ဘယ်တစ်ယောက်ကိုများ စိတ်ဝင်စားနေတာလဲ သိချင်မိပါတယ်နော်”
ချင်မူက လက်ညှိုးထိုးလိုက်၏။ အနီရောင်ဝတ်အမျိုးသမီးက ပြုံးလေသည်။ “ကျွန်မကတော့ မရတော့ဘူး… ကျွန်မကအိုမင်းနေပါပြီရှင်… ပြီးတော့ ငရဲနတ်မင်းရဲ့ မိဖုရားလေ…. ကောင်းကင်နတ်အရှင် မျက်စိကျသွားလို့ မဖြစ်ပါဘူး”
ချင်မူက ပြုံးလျက် တုံ့ပြန်သည်။ “အရှင်မရဲ့ သီချင်းသံက ကျွန်တော့်နှလုံးသားကို လှုပ်ခါစေခဲ့တယ်…. ဧကရာဇ်အတိုင်ပင်ခံတစ်ယောက်ဆိုတဲ့ အဆင့်အတန်းကြောင့် ကျွန်တော် မြိုသိပ်ထားခဲ့ရတာ ကြာပါပြီ... ကောင်းကင်ယင်သားတော်သာ နောက်ဆုတ်မပေးရင်တော့ ကျွန်တော့်အနေနဲ့ သူ့ကို သတ်ဖြတ်ပြီး သဘောကျတဲ့ မိန်းမကို အင်အားသုံး သိမ်းပိုက်ရမှာပဲ”
အနီရောင်ဝတ်အမျိုးသမီးက သဘောကျစွာ ရယ်လိုက်သည်။ သူမ၏ ဖြူဥနေသော လက်ချောင်းကလေးများသည် သူ့ဆီသို့ လက်ညှိုးထိုးလိုက်၏။ “ကောင်းကင်နတ်အရှင်၊ ရှင်က မိန်းမတစ်ယောက်အတွက်နဲ့ ကောင်းကင်နတ်ဘုံရဲ့ အရေးပါတဲ့ နတ်မင်းတစ်ပါးကို သတ်ဖြတ်တော့မယ်ပေါ့… ဒါဆို ရှင်တော့ မှားသွားပြီရှင့်... ကောင်းကင်နတ်အရှင်ကို အရှက်ကွဲစေတဲ့လူ ကျွန်မ မဖြစ်ချင်ဘူး”
သူမသည် ချင်မူနှင့် ရေကန်တစ်ကန် ခြားနေသော်လည်း သူမ၏ လက်ချောင်းက ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ တန်းတန်းမတ်မတ် ရောက်ရှိလာ၏။
ချင်မူက မလှုပ်မယှက် ထိုင်နေသည်။
အနီရောင်၀တ်အမျိုးသမီး၏ လက်ချောင်း သူ့မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးသို့ ရောက်တော့မည်ဆဲဆဲတွင် ချင်မူက ၎င်းမျက်လုံးကို ဖွင့်လိုက်သည်။
အမျိုးသမီး၏ သွယ်လျသော လက်ချောင်းမှာ ပေါက်ကွဲသွားပြီး အသားစများ အရည်ပျော်၍ အရိုးသာ ကျန်ရစ်ခဲ့သည်။
မိဖုရားယွီဝူမှာ အံ့အားသင့်ကာ ဒေါသူပုန်ထသွားသည်။ သူမက ဒေါသတကြီး အော်ဟစ်၍ ထရပ်လိုက်ပြီး သူမ၏အနီရောင်ဝတ်ရုံမှာလည်း မီးတဟုန်းဟုန်း တောက်လာသကဲ့သို့ လွင့်ခါသွားသည်။
သူမပတ်ပတ်လည်ရှိ အမျိုးသမီးများကလည်း လေပေါ်ပျံတက်၍ သူမနောက်သို့ သက်ဆင်းလိုက်ကြသည်။ သူတို့သည် ရဲစွမ်းသတ္တိအပြည့်ဖြင့် ကောင်းကင်လက်နက်အမျိုးမျိုး ကိုင်ဆောင်ထားကြပြီး အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် သူမ၏ ကောင်းကင်နန်းဆောင်ထဲတွင် မားမားမတ်မတ် ရပ်နေကြ၏။
ချင်မူကအားရပါးရ ရယ်လိုက်စဉ် သူ့အနောက်ရှိ ပလ္လင်မှာ အမှုန့်ကြေသွားသည်။ “ယောက်ျားတစ်ယောက်အတွက် ကောင်းချီးသုံးခုက… ရာထူးတိုးခြင်း၊ ကြွယ်ဝချမ်းသာခြင်းနဲ့ မိန်းမ သေသွားခြင်းတဲ့…. ကြည့်ရတာ ကောင်းကင်ယင်သားတော်တော့ ပျော်ပွဲရွှင်ပွဲကြီး ကျင်းပရတော့မယ့်ပုံပဲ”