← Chapters

နယ်ပယ်၏ စွမ်းပကား

Vol. 94 Ch. 1228

နယ်ပယ်၏ စွမ်းပကား

Vol. 94 Ch. 1228

မြို့တံတိုင်းအပေါ်ရှိ တပ်သားများနှင့် တပ်မှူးများမှာ မြေကြီးထဲမှ တောင်တန်းကြီး ထိုးထွက်လာသည့် ဤမြင်ကွင်းကို ကြည့်လျက် ငေးကြောင်နေကြသည်။

ဂိတ်စောင့်အရာရှိက မိစ္ဆာနတ်ဘုရားတပ်စိတ်တစ်စိတ်အား မြို့မှ ထွက်ခွာ၍ စစ်ဆေးရန် စေလွှတ်လိုက်၏။

ထိုအခိုက်အတန့်မှာပင် ကိုယ်ပျောက်ဘီလူးကြီးတစ်ကောင် ပြေးနေသကဲ့သို့ ဧရာမခြေရာကြီးများသည် နတ်ဘုရားမြို့အရှေ့တွင် ပေါ်လာ၏။ ထိုမျှသာမက ထိုကိုယ်ပျောက်ဘီလူးကြီး ပြေးနေသော နေရာရှိ ကောင်းကင်တွင်လည်း မိုင်ပေါင်းများစွာ ရှည်လျားသည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။

မြို့ပြင်ထွက်သွားသည့် မိစ္ဆာနတ်ဘုရားအဖွဲ့မှာ လက်ကြီးနှစ်ဖက်ဖြင့် ဆွဲဖြဲခံလိုက်ရသည့်အလား ထူးဆန်းစွာ သေဆုံးသွားကြသည်။

“ဘယ်မိစ္ဆာက ပြဿနာရှာရဲတာလဲကွ” ဂိတ်စောင့်အရာရှိက ခက်ထန်စွာ အော်ဟစ်လိုက်၏။

ဘုန်း…

ဟင်းလင်းပြင်သည် ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး နဂါးခေါင်းအသွင်သဏ္ဌာန်ရှိသည့် အမှတ်အသားတစ်ခု ဖွဲ့တည်လာသည်။ ထို့နော် ဧရာမလက်ဝါးရာကြီး ပေါ်ထွက်လာကာ နတ်ဘုရားမြို့မှာ ပုံပျက်ရှုံ့တွသွားသည့်တိုင်အောင် တသိမ့်သိမ့် တုန်ခါသွား‌တော့သည်။

ထို့အပြင် ခြေရာများသည် နတ်ဘုရားမြို့တော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လျက် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် နောက်ဆုတ်လာသည်။

“ဒီခြေရာတွေက ဘာတွေလဲ”

ဟင်းလင်းပြင်ကို ထိုးဖောက်၍ ယိုတုအထဲသို့ မြင်နေရသော နတ်မျက်လုံးမျိုးနွယ် နတ်ဘုရား၏ အော်သံ ကြားလိုက်ရသည့်အခါ နတ်ဘုရားများမှာ ထိတ်လန့်ကြောက်ရွံ့ကုန်ကြသည်။ “မဟာလေဟာနယ်ရဲ့ ယိုတုထဲမှာ အစွမ်းထက် သိုင်းပညာရှင်တွေ တိုက်ခိုက်နေကြတယ်…. သူတို့ရဲ့ အတိုက်အခိုက်စွမ်းရည်က အင်မတန် အားကောင်းပြင်းထန်လွန်းလို့ ယိုတုထဲကနေ အပြင်ကမ္ဘာအထိတောင် သက်ရောက်နိုင်တယ်... အားလုံး သတိထားကြ”

ဝုန်း…. ဝုန်း…. ဝုန်း

ခရုရစ်ကဲ့သို့ ရစ်ခွေနေ‌သော တုန်ခါလှိုင်းများ ဖြာထွက်လာသည်။ နတ်ဘုရားမြို့အရှေ့တွင် လက်သီးရာများ၊ ဓားမရာများ၊ ဝင်္ကပါအမှတ်အသားများနှင့် အမှတ်အသားမျိုးစုံ ပေါ်လာ၏။ ယိုတုတွင် မည်သူတို့ တိုက်ခိုက်နေမှန်း မသိရသော်လည်း ထိုတိုက်ပွဲက အပြင်ဘက်ကမ္ဘာအပေါ် ရိုက်ခတ်နေချေသည်။

ရုတ်တရက် ပိုင်ယွီကျင့်၏ အသံက နတ်ဘုရားမြို့တော်ဆီမှ ပျံ့လွင့်လာသည်။ “အနောက်ပိုင်းဂိုဏ်းစစ်တပ် နားထောင်ကြစမ်း… အကာအကွယ်ဝင်္ကပါကို အသက်သွင်း…ယိုတုကနေ ကျူးကျော်လာရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်လိုက်”

တပ်သားများသည် အမိန့်လက်ခံရရှိသည်နှင့် ဝင်္ကပါကို အလျင်အမြန် အသက်သွင်းလိုက်ကြ၏။

နတ်ဘုရားမြို့တစ်မြို့စီ၏ အကာအကွယ်၀င်္ကပါများအား ကောင်းကင်ဆရာသခင်လေးဦး ရေးဆွဲထားခြင်းဖြစ်ရာ စွမ်းအားတို့က ထူးကဲပြောင်မြောက်သည်။ သူတို့သည် ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ၀င်္ကပါဆရာသခင်များ မဟုတ်ကြသော်လည်း ဝင်္ကပါပညာတွင် အတိုင်းအတာတစ်ခုအထိ ထူးချွန်ကြလေသည်။

ရန်သူများသာ အမှန်တကယ် ယိုတုမှ ဝင်လာလျှင် သူတို့ ခင်းကျင်းထားသည့် ၀င်္ကပါထဲ ကျရောက်သွားပြီး တစ်ချက်တည်းနှင့်ပင် သေကောင်းသေသွားနိုင်ကြ၏။

မြို့ထဲရှိ နတ်ဘုရားမိစ္ဆာများမှာ စိတ်အေးစွာ သက်ပြင်းချလိုက်ကြသည်။ ပိုင်ယွီကျင့်က မြို့မျှော်စင်ထက် တက်၍ အပေါ်မှ ငုံ့ကြည့်လိုက်သည်။ သူမနှလုံးသားမှာ အတန်ငယ် တုန်ရီသွားလေသည်။ ‘ဒီလူရဲ့ စွမ်းအားက ပေါ့သေးသေး မဟုတ်ဘူး…. ဒါပေမဲ့ ဒါက ကောင်းကင်ယင်သားတော် စောင့်ကြပ်နေရတဲ့ ပိုင်နက်မဟုတ်လား…. ဘာလို့ လူတစ်ယောက်က သူ့ပိုင်နက်ထဲ ဝင်သွားတာလဲ’

ပိုင်ယွီကျင့်က တည်ကြည်လေးနက်စွာ အမိန့်ပေးလိုက်သည်။ “ယိုတုထဲက အခြေအနေကို စုံစမ်းပြီး ငါ့ဆီ ပြန်တင်ပြ… ဘယ်သိုင်းပညာရှင် တိုက်ခိုက်နေတာလဲ ငါ မြင်ချင်တယ်”

နတ်မျက်လုံးစစ်သည်တော်များက ယိုတုအား ကြည့်ရှုရှာဖွေနေကြသည်။

အမှန်တကယ်တွင် ရှာဖွေရန်ပင် မလိုအပ်ချေ။ ချင်မူနှင့် ယွီဝူဖေး၏ တိုက်ပွဲသည် အင်မတန် ခမ်းနားလွန်းသောကြောင့် အပြင်လောကသို့ပင် သက်ရောက်နေရာ ရှာတွေ့ရန် မခက်ခဲလှပေ။

သို့သော် သူတို့၏ မျက်နှာများကိုတော့ ပြတ်ပြတ်သားသား မြင်ရရန် ခက်ခဲသည်။

ထိုပုဂ္ဂိုလ်နှစ်ဦး၏ သိုင်းအဆင့်သည် မြင့်မားလွန်းသည့်အပြင် မျက်နှာအစစ်အမှန်အား မည်သူ့ကိုမှ မပြသလိုချေ။ သည့်အပြင် သူတို့၏အမြန်နှုန်းမှာ မြန်ဆန်လွန်း၏။ ထို့ကြောင့် အနောက်ပိုင်းဂိုဏ်း၏ နတ်မျက်လုံးစစ်သည်တော်များပင်လျှင် မည်သူမည်ဝါမှန်း မမြင်ရချေ။

ထိုမျှသာမက ယိုတုကောင်းကင်နတ်သိုင်းတွင် ထူးဆန်းသောအရာတစ်ခု ရှိသည်။ သူတို့မျက်နှာများကို မြင်လိုက်ရပါကလည်း မေ့ပျောက်သွားတတ်လေသည်။

ပိုင်ယွီကျင့်မှာ အချိန်အတော်ကြာသည်အထိ နတ်မျက်လုံးစစ်သည်တော်များထံမှ သတင်းမရသဖြင့် အံ့ဩမှင်သက်နေသည်။ “ဟိုခွေးချောလေး ကောင်းကင်ယင်သားတော်က ငါ့ကို လုပ်ကြံဖို့ ထပ်ကြံစည်နေတာများလား”

ထိုအခိုက်အတန့်တွင် နတ်ဘုရားမြို့အရှေ့ရှိ မြေထုမှာ လှိုင်းတွန့်ပုံပျက်သွားကာ မဟာလေဟာနယ်၏ ယိုတိုထံမှ အဆုံးမဲ့အားလှိုင်းတစ်ရပ် ပေါ်ထွက်လာသည်။ ၎င်းက ပထဝီအနေအထားကို ပြောင်းလဲသွားစေပြီး မြေထုကို မြောက်ကြွသွားစေ၏။ ယင်နှင့် ယန်ချီလည်း ပျံ့နှံ့လာသည့်အပြင် ဆန်းပြားသော စွမ်းအင်မျိုးစုံ ပေါက်ကွဲထွက်လာသည်။

ထို့နောက် မရေမတွက်နိုင်သော ကြယ်တာရာများသည် ကောင်းကင်ထက်တွင် ပေါ်ပေါက်လာပြီး မဟာလေဟာနယ်ထဲ၌ပင် နောက်ထပ်ယိုတုတစ်ခု ဖွဲ့တည်လာ၏။

ဤစွမ်းအင်တို့တွင် ပိုင်ယွီကျင့်အား ရင်တဒိန်းဒိန်း ခုန်သွားစေသည့် ထူးဆန်းသော မဟာတာအိုအရှိန်အဝါတစ်ခု ကိန်းဝပ်နေသည်။ “နယ်ပယ်…. တစ်ယောက်ယောက်က သူတို့ရဲ့ ကိုယ်ပိုင်မဟာတာအိုနယ်ပယ်ကို သုံးနေတာပဲ”

မဟာတာအိုနယ်ပယ်ကို တာအိုနယ်ပယ်ဟူ၍လည်း သိကြသည်။ မဟာဧကရာဇ်၏ အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်နှင့် ခိုင်ဧကရာဇ်၏ ဓားနယ်ပယ်တို့သည် တာအိုနယ်ပယ်အမျိုးအစားများ ဖြစ်ကြပေသည်။ တာအိုနယ်ပယ်တစ်ခု ဖော်ဆောင်နိုင်ရန် တာအိုနှင့်ပတ်သက်၍ နက်နက်နဲနဲ နားလည်သိမြင်ပြီး ထိန်းချုပ်ခြယ်လှယ်တတ်ရန်ပင် လိုအပ်ချေသည်။

ဤလောကတွင် လမ်းစဉ်သို့ ဝင်ရောက်နိုင်ခဲ့သူ နည်းပါးသလို၊ တာအိုနယ်ပယ် ဖော်ဆောင်နိုင်သူများမှာတော့ ပို၍ပင် ရှားသေးသည်။

ပိုင်ယွီကျင့်အနေဖြင့် ခိုင်ဧကရာဇ်၏ ဓားနယ်ပယ်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ခိုင်ဧကရာဇ်သည် သူ၏ဓားဖြင့် ကောင်းကင်နတ်ဘုံကို တိုက်ခိုက်၍ နှစ်ခြမ်းကွဲလုနီးပါး ဖြစ်စေခဲ့သည်သာမက ကောင်းကင်နတ်အရှင်ဟောင်နှင့်လည်း တိုက်ခိုက်ခဲ့ကြောင်း သိထားလေသည်။

ယိုတုထဲတွင် တိုက်ခိုက်နေသူသည် သူ၏နယ်ပယ်အား ထုတ်လွှတ်လိုက်၏။ ထွက်ပေါ်လာသော မဟာတာအိုမှာ အကန့်အသတ်မဲ့နေပြီး လူတိုင်းအား အလွန်ထူးဆန်းသော ခံစားချက်အား ခံစားလိုက်ရစေသည်။ ယင်းကား ဓားနယ်ပယ်၊ အသိစိတ်အလျဉ်နယ်ပယ်နှင့် အခြားနာမည်ကြီးနယ်ပယ်များနှင့် မတူပေ။

ယခုတာအိုနယ်ပယ်အမျိုးအစားတွင် မဟာတာအိုများစွာ ပါဝင်နေရာ သူမမှာ တုန်လှုပ်သွားမိသည်။ ဤပုဂ္ဂိုလ်သည် မည်သို့သော တာအိုနယ်ပယ်အမျိုးအစား ပိုင်ဆိုင်ထားမှန်း သူမ မသိချေ။

သူမကိုယ်တိုင် မဟာလေဟာနယ်ယိုတုထဲ ဝင်ရောက်၍ ကြည့်ချင်သော်လည်း ထိုနေရာသည် ကောင်းကင်ယင်သားတော်၏ ပိုင်နက် မဟုတ်လော။ ကောင်းကင်ယင်သားတော်က သူမနှင့်တစ်ဖက်တည်း ကောင်းကင်နတ်ဘုံမှ အရာရှိတစ်ဦးဖြစ်သည့်တိုင် ရန်ငြိုးရှိသောကြောင့် ကောင်းကင်ယင်သားတော်၏ ပိုင်နက်ထဲသို့ မဆင်မခြင် မဝင်ရောက်ရဲချေ။

ထိုတာအိုနယ်ပယ်ထဲတွင် ရှင်းလင်းပြတ်သားနေသော မျဉ်းကြောင်းတစ်ကြောင်းကို သူမ မြင်ရသည်။ တစ်ဖက်လူက သူ၏ပြိုင်ဘက်ကင်းသော မှော်စွမ်းအင်ကို တာအိုနယ်ပယ်ထဲ ထိုးစိုက်၍ တာအိုနယ်ပယ်၏ အလယ်ရှိ ရန်သူဆီ တန်းတန်းမတ်မတ် ဦးတည်နေခြင်း ဖြစ်လိမ့်မည်။

ဤပုဂ္ဂိုလ်၏ သိုင်းအဆင့်မှာ အလွန်မြင့်သည်။ သူက တာအိုနယ်ပယ်ထဲ ထိုးဖောက်ဝင်ရောက်၍ ဖျက်ဆီးနိုင်ခဲ့လေသည်။

ထိုအခိုက်အတန့်တွင် တာအိုနယ်ပယ်သည် ပြန်လည်ဖွဲ့တည်သွားပြီး ဝင်ရောက်လာသူအား ဝန်းရံရစ်ပတ်လိုက်သည်။

“တစ်ဖက်လူတော့ သိပ်ပြီးတော့ ကံမကောင်းလောက်ဘူး”

ပိုင်ယွီကျင့်သည် ထက်မြက်သူပီပီ အခြေအနေကို မှန်းဆနိုင်၏။ သူမက စိတ်ထဲမှ တွေးလိုက်သည်။ ‘ကောင်းကင်ယင်သားတော်က တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာများလား… သူက တာအိုနယ်ပယ်ကိုတောင် ဖော်ဆောင်ပြီလား.... အဲဒီဘီလူးခေါင်းနဲ့ မင်းသားရဲ့ စွမ်းရည်တွေက မြင့်မားပေမယ့် တာအိုအပေါ် နားလည်နိုင်စွမ်းကတော့ အဲ့လောက်မကောင်းပါဘူး’

ဝုန်း…

တာအိုနယ်ပယ်ထဲတွင် အက်ကွဲကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပြီး ဘုန်းခနဲ မြေပြင်မှာ မိုင်ထောင်ပေါင်းများစွာတစ်လျှောက် ကွဲအက်သွားသည်။ လှပသော တောင်တန်းများနှင့် မြစ်ချောင်းများမှာ မြောက်တက်ကုန်ပြီး အလယ်၌ အသူရာချောက်နက်ကြီး ပေါ်လာတော့သည်။

မဟာလေဟာနယ်ယိုတုထဲတွင် ယွီဝူဖေးသည် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ဘိုးဘေးနန်းတော်အထိ ဝင်သွားသည်။ သို့သော် နောက်တစ်ခဏတွင် ချင်မူ၏နယ်ပယ်ထဲရှိ မဟာတာအိုစွမ်းအားအားလုံး ပေါက်ကွဲထွက်လာကြ၏။

ယွီဝူဖေးမှာ တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သတိထားမိသွားသည်။ သူမက ချင်မူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် သူမ၏ ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်သည်။

မဟာလေဟာနယ်ဆီမှ လှမ်းကြည့်လျှင် မိုင်ထောင်ပေါင်းများစွာ ရှည်လျားနေသည့် အံ့မခန်းလိလိ တောင်တန်းများနှင့် မြစ်များကိုသာ မြင်ရနိုင်လိမ့်မည်။ သို့သော် ယိုတုထဲတွင် မြင်နေရသည်ကား သာမန်နှင့်မတူအောင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ယွီဝူဖေးသည် နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်သော်လည်း ချင်မူလို့ သိုင်းအဆင့်နှင့် တိုင်းတာမရသော ရန်သူအား ရင်ဆိုင်ရသည့်အခါ သေရတော့မည့် ကြောက်စိတ်ကိုပင် ခံစားလာရတော့သည်။

“ဒါပေမဲ့ ငါ့ရဲ့လုပ်နိုင်စွမ်းက ဒီနေရာမှာတင် ရပ်တန့်သွားတာမဟုတ်ဘူး”

ယွီဝူဖေးသည် သူမ၏စွမ်းအားမှန်သမျှအား စုစည်းတော့မည့်အချိန် အားကောင်းသော အသိစိတ်အလျဉ်တစ်ခုက ပြေးဝင်လာ၏။ ယွီဝူဖေး၏ သိုင်းကွက်မှာ အခြားနတ်ဘုရားတို့၏ မှော်စွမ်းအင်ကို စုစည်းနိုင်သော်လည်း သူမ၏ အသိစိတ်အလျဉ်မှာတော့ ကောင်းကင်သခင်ဟန်နှင့် မယှဉ်နိုင်ပေ။

ဝင်္ကပါပညာရှင် ကောင်းကင်သခင်ဟန်သည် အခြားသူတို့၏ အသိစိတ်အလျဉ်နှင့် ပေါင်းစည်း၍ သူ၏အသိစိတ်အလျဥ်ကို ချင်မူနှင့် ယှဉ်နိုင်သော အဆင့်အထိ တိုးမြင့်နိုင်၏။ သို့သော် ယွီဝူဖေးမှာတော့ ထိုသို့ မလုပ်နိုင်ချေ။

သူမ၏သိုင်းအဆင့်က မြင့်မားသော်လည်း တာအိုအပေါ် နားလည်မှုကတော့ မမြင့်မားလှပေ။

ကောင်းကင်သခင်ဟန်မှာမူ ကောင်းကင်နတ်ဘုံ၏ ၀င်္ကပါလမ်းစဉ်တွင် နံပါတ်တစ်ဖြစ်သည့်အလျောက် တာအိုအပေါ် နားလည်မှုမှာ ယွီဝူဖေးထက် အဆပေါင်းများစွာ သာလွန်သည်။

သမားရိုးကျ ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်က အင်အားကိုသာ အရေးစိုက်ပြီး လမ်းစဉ်အပေါ် နားလည်မှုအား ဂရုမထားပေ။ ရလဒ်အနေဖြင့် သိုင်းအဆင့်မြင့်မားနေစေကာမူ တာအိုနှင့်လမ်းစဉ်အပေါ် ပိုင်နိုင်နားလည်ထားသူအား ယှဉ်နိုင်မည်မဟုတ်ချေ။

ယွီဝူဖေးမှာ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်၏ ဝင်တိုက်မှုကြောင့် မူးဝေနေပြီး သူမ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ချေ။ နောက်တခဏတွင် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲရှိ စွမ်းအားများ ပေါ်ထွက်လာသည်။ ကောင်းကင်နန်းဆောင် ၁၇ဆောင်၊ ရွှမ်တု၊ ယိုတု၊ ယွမ်တု၊ ကောင်းကင်ယင်ကမ္ဘာနှင့် ဝင်ရိုးစွန်းကောင်းကင်ဘုံလေး‌ဘုံတို့က ချင်မူ့တိုက်ကွက်နှင့်အတူ လိုက်ပါသွားရင်း ယွီဝူဖေးအား တိုက်ခိုက်လိုက်သည်။

သူ ယွီဝူဖေးအား တိုက်ခိုက်လိုက်သည့်အချိန်တွင် ခေါင်းလောင်းသံတစ်သံက ဆိုင်းမဆင့်ဗုံမဆင့် ထွက်ပေါ်လာသည်။

ဖော်ပြမရနိုင်သော အားတစ်ရပ်က ပြေးဝင်တိုက်လိုက်သောကြောင့် ချင်မူ၏စိတ်ထဲတွင် ဆူညံသွားပြီး သူ၏အသိစိတ်အလျဉ်မှာ ချောက်ထဲကျသွားသလို ခံစားလိုက်ရသည်။

“ဘဝဝင်စားခြင်းတာအိုလား… ဒီခေါင်းလောင်းက အင်မတန် အစွမ်းထက်တာပဲ”

All Chapters