← Chapters

မွေးနေ့ပွဲတက်ရန် ဖိတ်ကြားခံရခြင်း

Vol. 8 Ch. 80

မွေးနေ့ပွဲတက်ရန် ဖိတ်ကြားခံရခြင်း

Vol. 8 Ch. 80

ညစာစားပြီးနောက် အဆီရစ်သွားတဲ့ ကလိုင်းဟာ ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်ပြီး သူ့ဆရာ ပို့လိုက်တဲ့ စာအိတ်ကို ဖွင့်ဖတ်ပါတယ်။

အဲဒီအချိန်မှာ မလီဆာဟာ ထမင်းစား စားပွဲမှာထိုင်ပြီး ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်အောက်မှာ ပြဿနာတစ်ပုဒ်ကို အဖြေရှာနေပါတယ်။ ဘန်ဆင်ကတော့ တစ်ယောက်ထိုင် ကုလားထိုင်မှာ ထိုင်ပြီး စာရင်းကိုင်ပညာ အခြေခံကို ဖတ်နေပါတယ်။

ကလိုင်းဟာ သူ့ဆရာပြန်ပို့လိုက်တဲ့ စာက သုံးမျက်နှာပါတာ တွေ့လိုက်ရပါတယ်။ သူဟာ ကြောက်လန့်မှုနဲ့ မျှော်လင့်ချက်တွေ ရောထွေးနေတဲ့ ခံစားချက်နဲ့ စဖတ်ပါတယ်။

“... မင်းဆီက စာရလို့ တော်တော်လေး ဝမ်းသာမိတယ်... မင်းစာကြောင့် လွန်ခဲ့တဲ့နှစ်တွေက နေ့ရက်ဟောင်းတွေကို ပြန်တွေးမိတယ်... ကံမကောင်းချင်တော့ ဝဲလ်နဲ့ နာယာက ငါတို့ကို ထာဝရ စွန့်ခွာသွားပြီ...”

“ငါ သူတို့ရဲ့ နာရေးကို သွားတုန်းက သူတို့မိဘတွေရဲ့ ဝမ်းနည်းကြေကွဲမှုကို ခံစားမိတယ်... သူတို့နှစ်ယောက်က လှပပြီး တောက်ပတဲ့ အနာဂတ်ကောင်းတွေရှိတဲ့ လူငယ်တွေ ဖြစ်ရမှာ...”

“ကံကြမ္မာက အမြဲတမ်း ခန့်မှန်းလို့ မရဘူး... ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး... ငါ အသက် ကြီးလာလေလေ ဒါကို ပိုပြီးတော့ ကြုံတွေ့ရလေလေပဲ... လူသားတွေရဲ့ အားနည်းမှုနဲ့ ကူကယ်ရာမဲ့မှုကို ငါ ပိုပြီးတော့ သိလာရတယ်...”

“... ဟွန်းနာဆစ်ရဲ့ အဓိက တောင်ထိပ်နဲ့ ပတ်သက်တဲ့ သမိုင်းအချက်အလက်တွေကို ပြောရရင် ရှေးဟောင်း သုတေသနပညာရှင် မစ္စတာ ဂျွန်ဂျိုးဇက်က အဲဒီအကြောင်းကို အသေးစိတ် စာတမ်းရှည် ပြုစုဖူးတယ်... အဲဒီထဲမှာ နှစ်တစ်ထောင်ကျော် သက်တမ်းရှိတဲ့ အဆောက်အဦးတွေကို ရှာတွေ့ခဲ့တယ်လို့ ရေးထားတယ်”

“သမိုင်းပညာရှင်နဲ့ ရှေးဟောင်း သုတေသန ပညာရှင်တိုင်းကို အရှက်ရစေတာက အဲဒီအဆောက်အဦးတွေ ဘယ်ခေတ်က တည်ဆောက်ခဲ့တာလဲ ဆိုတာကို တိတိကျကျ အဖြေထုတ်လို့မရတာပဲ... ငါတို့တွေ ဗိသုကာပုံစံ၊ နံရံဆေးရေးပန်းချီတွေနဲ့ ဝှက်စာဖော်လို့ရတဲ့ စာသားနည်းနည်းကို အခြေခံပြီးတော့ပဲ အကြမ်းဖျင်း ခန့်မှန်းချက် ထုတ်နိုင်ကြတယ်”

“အဲဒီလောက်မြင့်မားတဲ့ တောင်ထိပ်မှာ လူသားတွေ နေထိုင်ခဲ့တယ်ဆိုတဲ့အချက်က တကယ်ကို ယုံနိုင်ဖွယ်ရာ မရှိဘူး... မစ္စတာဂျိုးဇက်က အဲဒီလူသားတွေ သူတို့ကိုယ်ပိုင် လူမှုအဖွဲ့အစည်းကို တည်ထောင်ခဲ့တယ်ဆိုတာ သက်သေ လုံလုံလောက်လောက် ပြခဲ့တယ်... အသေးစိတ်ကိုတော့ စာထဲမှာ ရေးဖို့ အဆင်မပြေဘူး... မင်း သိချင်ရင် ဒူဝီဗိုစာကြည့်တိုက်ကနေ အဲဒီစာတမ်းရှည်ကို ငှားဖတ်ဖို့ အကြံပေးချင်တယ်... ငါပြောတာကိုယုံ... လူကြီးမင်း ဒူဝီဗိုရဲ့ လှူဒါန်းမှုကြောင့် အဲဒီစာကြည့်တိုက်က အစိုးရဆောက်ထားတဲ့ စာကြည့်တိုက်ထက် စာအုပ်ပိုများတယ်”

“စာတမ်းနာမည်က ဟွန်းနာဆစ် အဓိကတောင်ထိပ်၏ အမွေအနှစ်များကို လေ့လာခြင်းတဲ့... လိုအင် ထုတ်ဝေရေးကုမ္ပဏီကနေ ပုံနှိပ်ထုတ်ဝေခဲ့တာ”

“နောက်ပြီး အဲဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးတဲ့ စာတမ်းငယ်တွေလည်း ရှိသေးတယ်... သူတို့ကိုတော့ ရှေးဟောင်းသုတေသန သတင်းနဲ့ ရှေးဟောင်းသုတေသန အနှစ်ချုပ် ဂျာနယ်တွေမှာ ဖော်ပြထုတ်ဝေထားတယ်... ဘယ်ဂျာနယ် အမှတ်စဉ်မှာ ဘယ်တွေ ရေးထားတာလဲဆိုတော့...”

.....

ကလိုင်းဟာ စာလုံးတိုင်းကို ဖတ်ပြီး စာတမ်းရှည်နဲ့ စာတမ်းငယ်တွေရဲ့ နာမည်တိုင်းကို စိတ်ထဲမှာ ထပ်ခါထပ်ခါ ရွတ်ပါတယ်။

အဲဒီနောက် သူဟာ ဖော့ပင်တစ်ချောင်း၊ စာရွက်တချို့နဲ့ စာအိတ်တစ်အိတ်ရှာပြီး ကျေးဇူးတင်လွှာ စရေးပါတယ်။

“မလီဆာ... ဒီစာကို ပြန်ပို့ပေးဦး... ဒါက တံဆိပ်ခေါင်းဖိုး...” ကလိုင်းဟာ ချိပ်ပိတ်ထားတဲ့ စာအိတ်နဲ့ တံဆိပ်ခေါင်းဖိုးထက် ပိုတဲ့ ပိုက်ဆံကို သူ့ညီမစားပွဲပေါ် တင်လိုက်ပါတယ်။

မလီဆာဟာ တစ်ချက်ကြည့်ပြီး နှုတ်ခမ်းတွန့်သွားပါတယ်။

“ကလိုင်း... တံဆိပ်ခေါင်းဖိုးက အဲဒီလောက် မကျဘူး”

“ဟုတ်တယ်... တံဆိပ်ခေါင်းက ဘယ်လောက်မှ မကျဘူး... ဒါပေမဲ့ မိန်းကလေးတစ်ယောက်က မုန့်ဖိုး ရှိသင့်တယ်” ကလိုင်းက အပြုံးနဲ့ ပြောပါတယ် “ဆယ်လီနာက ညီမကို ဒီအကြောင်း ပြောဖူးတယ်မလား”

မလီဆာက ကန့်ကွက်တော့မှာကို သတိထားမိတဲ့ ကလိုင်းဟာ ချက်ချင်း ထပ်ပေါင်း ပြောပါတယ် “ညီမလိုချင်တဲ့ စက်ပစ္စည်းတွေနဲ့ ကိရိယာ တန်ဆာပလာတွေ ဝယ်လို့ရတယ်လေ”

“ကိရိယာ တန်ဆာပလာတွေ...” မလီဆာဟာ လေသံပျော့သွားပြီး သူမရဲ့ မျက်လုံးတွေဟာ သူမရဲ့ စာအုပ်ပေါ် ပြန်ရောက်သွားပါတယ်။

“ဟုတ်ကဲ့” မလီဆာဟာ မသိမသာ ခေါင်းညိတ်ပါတယ်။

ကလိုင်းရဲ့ ပါးစပ်ထောင့်ဟာ ချက်ချင်းဆိုသလို အပေါ်ကို တွန့်တက်သွားပြီး ဆိုဖာဆီကို သွက်သွက်လက်လက် လျှောက်သွားပါတယ်။

“မင်းရဲ့ စည်းရုံးရေး အရည်အချင်းက မဆိုးဘူး... မလီဆာရဲ့ အားနည်းချက်ကို တန်းထိတာပဲ...” ဘန်ဆင်ဟာ လက်မထောင် အားပေးပြီး ခပ်အုပ်အုပ် ရယ်ပါတယ်။

ကလိုင်းဟာ လည်ချောင်းရှင်းပြီး လေးလေးနက်နက် ပြောပါတယ်။

“အဲဒါဆို ကျွန်တော် အစ်ကိုကို ဘယ်လို စည်းရုံးရမလဲ... ဘာသာစကားနဲ့ ရှေးဟောင်းစာပေကို အစ်ကို အဓိကထားပြီး လေ့လာသင့်တယ်... အဲဒီလိုပဲ သင်္ချာ အခြေခံနဲ့ ယုတ္တိဗေဒကလည်း အရေးကြီးတယ်”

အစိုးရကျောင်းနဲ့ သဒ္ဒါကျောင်းတွေရဲ့ သင်ရိုးညွှန်တမ်းနဲ့ ကောလိပ်ဝင်ခွင့်မှာ မေးတာတွေကို အခြေခံပြီး လာမဲ့ နိုင်ငံ့ဝန်ထမ်းစာမေးပွဲက ဘာကို အဓိကထား မေးမလဲဆိုတာ ကလိုင်း အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ပါတယ်။

ဘန်ဆင်ဟာ ဆံပင်ကို လက်နဲ့ထိပြီး ကိုယ့်ကိုယ်ကိုယ် သရော်ပြုံ ပြုံးပါတယ် “အဲဒီစာအုပ်တွေရှေ့မှာ ငါ့ကိုယ်ငါ အမွှေးထူမျောက်ကြီးလို့ ခံစားရတယ်”

“ဒါပေမဲ့ အဲဒါတွေက တကယ် အသုံးဝင်တယ်” ကလိုင်းဟာ ပြတ်သားတဲ့ အပြုံးနဲ့ ပြောပါတယ်။

အဲဒီအချိန်မှာ မလီဆာဟာ ဖော့ပင်ချပြီး မတ်တတ်ရပ်ကာ ဆိုဖာဆီ လျှောက်လာပါတယ် “ဘန်ဆင်... ကလိုင်း... ဒီတစ်ပတ် တနင်္ဂနွေနေ့က ဆယ်လီနာရဲ့ မွေးနေ့ပဲ... ဆယ်လီနာနဲ့ သူ့မိဘတွေက ညီမတို့ သုံးယောက်စလုံးကို မွေးနေ့ပွဲတက်ဖို့ ဖိတ်ထားတယ်... အစ်ကိုတို့နှစ်ယောက် အားလား”

“ငါကတော့ အားမှာပါ” ကလိုင်းဟာ တစ်ခဏတွေးပြီး ဖြေပါတယ်။

သူဟာ ဒီအခွင့်အရေးကို အသုံးချပြီး သူ့ညီမ သူငယ်ချင်းတွေနဲ့ ရင်းနှီးအောင် လုပ်ရပါမယ်။ ဒါမှ သူ့ညီမ တစ်ခုခုဖြစ်ရင် သဲလွန်စ မပျောက်မှာပါ။

“ငါရောပဲ...” ဘန်ဆင်ဟာ ဆံပင်တွေကို လက်ချောင်းနဲ့သပ်ရင်း...။

“အဲဒါဆို ငါတို့တွေ မစ္စဆယ်လီနာအတွက် မွေးနေ့လက်ဆောင် စဉ်းစားဖို့ လိုပြီ”

ကလိုင်းဟာ ပြုံးလိုက်ပါတယ်။

“ဒီကိစ္စကို မလီဆာတာဝန် ထားလိုက်... သူက မစ္စဆယ်လီနာက ကျွန်တော်တို့ထက် ပိုသိမှာပဲ... နောက်ပြီး ကျွန်တော်တို့ အမျိုးကောင်းသားတွေ လုပ်ရမှာက ပိုက်ဆံရှင်းဖို့ပဲ”

“ဒါ ငါ ပထမဆုံး အပျင်းထူတာကို လူကြီးလူကောင်းဆန်တယ်လို့ ပြောတာ ကြားဖူးတာပဲ” ဘန်ဆင်ဟာ ခေါင်းခါပြီး အသာရယ်ပါတယ်။

ကလိုင်းဟာ ပြန်ပြုံးပြပါတယ်။

“ဒါက ဘာသာစကားနဲ့ ရှေးဟောင်းစာပေရဲ့ ရည်ရွယ်ချက်ပဲ”

“...” ဘန်ဆင်ဟာ ကလိုင်းစကားက ဒီကို ပြန်ရောက်သွားလိမ့်မယ်လို့ လုံးဝ ထင်မထားမိတဲ့အတွက် တဒင်္ဂ ဆွံ့အသွားပါတယ်။

...

နောက်တစ်နေ့မှာ ကလိုင်းဟာ ဈေးပေါတဲ့ ရုံးတက်ဝတ်စုံ ဝတ်ပြီး လက်ကိုင်တုတ် ကိုင်ကာ ဆူးနက် လုံခြုံရေးကုမ္ပဏီရဲ့ ဝင်ပေါက်ကို ရောက်လာပါတယ်။ သူ့ထက်စီဒိုက အပ်ချုပ်သမားဆီ ပို့လိုက်ပါပြီ။

ရိုဇန်းကို နှုတ်ဆက်တော့မဲ့ ကလိုင်းဟာ အခန်းခွဲထားတဲ့ အပိုင်းကနေ ကပ္ပတိန်ဒန်း ထွက်လာတာကို တွေ့လိုက်ရပါတယ်။

“မင်္ဂလာ မနက်ခင်းပါ ကလိုင်း... မနေ့ညက အိပ်ပျော်ရဲ့လား” ဒန်းစမစ်က စိုးရိမ်စိတ်နဲ့ မေးပါတယ်။

ကလိုင်းဟာ အမှန်အတိုင်းပဲ ဖြေပါတယ် “ပျော်ပါတယ်... အိပ်မက်ဆိုးတောင် မမက်ဘူး... ဒါပေမဲ့ ကျွန်တော် အဲဒါကို ပြန်တွေးမိရင် တော်တော် ရွံမိတယ်”

“ကောင်းတယ်... မင်းပြောတာ နားထောင်ပြီး ငါ စိတ်ချသွားပြီ” ဒန်းစမစ်ဟာ ခေါင်းညိတ်ကာ ပြုံးလိုက်ပါတယ်။

အာလာပသလ္လာပ ပြောပြီးနောက်...။

“သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က ကြေးနန်း ပြန်လာတယ်... လိုရိုတာတို့အဖွဲ့ကို ချိပ်ပိတ်လက်နက် ၂-၀၄၉ နဲ့ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို ဘက်ကလင်ဆီ ချက်ချင်း ပို့ဆောင်ခိုင်းတယ်... နောက်ထပ် ညသိမ်းငှက်တစ်ယောက်ကိုလည်း မနေ့က နေ့ခင်းမီးရထားနဲ့ လွှတ်လိုက်တယ်”

“အခုလောက်ဆို သူတို့တွေ ဘက်ကလင်ဆီ ထွက်သွားလောက်ပြီ”

‘ထွက်သွားပြီလား... အဲဒါဆို ငါ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ လုံးဝ လွတ်လပ်ပြီပေါ့’ ကလိုင်းဟာ အံ့အားသင့်သွားပြီး သူ့ကိုယ်သူ အိပ်မက်မက်နေတယ်လို့တောင် ထင်သွားပါတယ်။

‘ဒါက ငါ ထင်ထားတာထက် ပိုပြီးတော့ မြန်တယ်... နောက်ဆက်တွဲ ကိစ္စတွေတော့ ပေါ်မလာလောက်ပါဘူးနော်...’

“နတ်ဘုရားမရဲ့ ကောင်းချီးပေးမှုကြောင့် သူတို့ရဲ့ ခရီးလမ်း အဆင်ပြေ ချောမွေ့ပါစေ” လေးငါးစက္ကန့်လောက် တိတ်ဆိတ်နေပြီးနောက် ကလိုင်းဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ တို့ထိလိုက်ပါတယ်။

ဒန်းစမစ်ဟာ ဦးထုပ်ဆောင်းပြီး တံခါးကို လက်ညှိုးထိုးကာ...။

“ငါ ရာဖယ်သင်္ချိုင်းကို ကင်းလှည့်ရဦးမယ်... ဟီး... ငါ တစ်ခု မေ့သွားတယ်... လန်နာ့ဒ်နဲ့ ရဲဌာန စုံစမ်းတာ ရလဒ် ထွက်လာပြီ... သူတို့ကို မောင်းပို့တဲ့ မြင်းလှည်းမောင်းသမားကို ရှာတွေ့ထားတယ်... သူတို့တွေ ထင်းဂန်မြို့မှာ တည်းခိုတဲ့ နေရာကိုလည်း အတည်ပြုနိုင်ခဲ့ပြီ... ဒါပေမဲ့ သူတို့တွေက သတိကြီးလွန်းတော့ အရေးကြီးတဲ့ ဘာသဲလွန်စမှ ချန်မထားခဲ့ဘူး”

“ရှေးဟောင်း လျှို့ဝှက်အဖွဲ့အစည်းလို့ မပြောရဘူး” ကလိုင်းဟာ နောက်ကနေ သံယောင်လိုက်ပါတယ်။

ဒန်းစမစ်ဟာ ခေါင်းညိတ်ပြီး တံခါးဆီ လျှောက်သွားပါတယ်။

ဒါပေမဲ့ သုံးစက္ကန့်ကြာတဲ့အခါ လမ်းလျှောက်ရပ်ပြီး နောက်လှည့်ကြည့်ပါတယ်။

“မင်း ပုံမှန်အဖွဲ့ဝင် ဖြစ်တာကို အတည်ပြုဖို့ သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က နှစ်ရက် သုံးရက်လောက် အချိန်ယူရလိမ့်မယ်... ဟီးဟီး... ဒီကိစ္စကို ကိုင်တွယ်တဲ့ ဌာနာနဲ့ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို ကိုင်တွယ်တဲ့ ဌာနက တစ်ခုတည်း မဟုတ်ဘူး... သူတို့ရဲ့ အလုပ်ဖြစ်နှုန်းက အဆင့်ကွာတယ်”

“ကျွန်တော် နားလည်ပါတယ်” ကလိုင်းဟာ စိတ်ရင်းနဲ့ ဖြေပါတယ်။

တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ ဒန်းစမစ်ကို စိတ်ထဲကနေ ပြောလိုက်ပါတယ် ‘လျော်ကြေး အစီရင်ခံစာကို ဒီနေ့တင်ဖို့ မမေ့နဲ့ဦး’

ဒန်းစမစ် ထွက်သွားတာကို ကြည့်နေတဲ့ ကလိုင်းဟာ ရိုဇန်းရဲ့ အာမေဍိတ်သံကို ကြားလိုက်ရပါတယ်။

“အို အရှင်မ... ကလိုင်း... ရှင် ပုံမှန်အဖွဲ့ဝင် ဖြစ်လာပြီလား... ရှင် အဖွဲ့ထဲရောက်တာ တစ်လတောင် မပြည့်သေးဘူး”

ကလိုင်းဟာ ပြုံးလိုက်ပါတယ် “ငါ အမြင်ဆရာ ဆေးရည်ကို သောက်ပြီးပြီဆိုတော့ ပုံမှန်အဖွဲ့ဝင်ဖြစ်ဖို့က အချိန်တစ်ခုပဲ လိုတယ်”

“အဲဒါလည်း ဟုတ်တာပဲ...” ရိုဇန်းဟာ သုံးလေးစက္ကန့်လောင် ငေးမောသွားပြီးမှ ရုတ်တရက် သက်ပြင်းချလိုက်ပါတယ် “ကျွန်မက ရှင် ဂမ္ဘီရသင်ခန်းစာတွေ လေ့လာသင်ယူလို့ မြန်မြန်ပြီးပါစေလို့ ဆုတောင်းနေတာ... အဲဒါမှ ရှင့်ကို လက်နက်တိုက် စောင့်ကြည့်တဲ့ လူစာရင်းထဲ ထည့်လို့ရမှာလေ... ဒါပေမဲ့... အို အရှင်မ... အခုတော့ ကျွန်မ နှစ်ရက်တစ်ခါ ဂျူတီကျတော့မယ်... ကျွန်မက အအိပ်မဲ့ မဟုတ်ဘူး... ကျွန်မရဲ့ အသားအရေတွေ... ကျွန်မရဲ့ စိတ်အခြေအနေ... အို အရှင်မ ကျွန်မကို ကယ်တော်မူပါဦး...”

“ခင်ဗျားက ဒီလိုဘဝပုံစံနဲ့ အသားကျနေတာ မဟုတ်ဘူးလား... ကျွန်တော် ရောက်မလာခင်တုန်းက ခင်ဗျားရယ် ဘရက်ရယ် လူအိုကြီးနီးလ်ရယ် အလှည့်ကျ စောင့်တာပဲ မဟုတ်ဘူးလား” ကလိုင်းဟာ နားမလည်ဘဲ မေးပါတယ်။

ရိုဇန်းဟာ စိတ်ပျက်လက်ပျက် ခေါင်းခါပါတယ်။

“မဟုတ်ဘူး... အရင်တုန်းက လေးယောက်... ဟိုအရင်တုန်းကဆိုရင် ငါးယောက်တောင် ရှိတာ... ကံဆိုးချင်တော့ ကင်လီက အအိပ်မဲ့ဖြစ်ဖို့ ရွေးလိုက်တယ်... ဗွိုင်လာက ပြီးခဲ့တဲ့လကပဲ စာချုပ်သက်တမ်း ရှေ့မတိုးဘဲ ခွိုင်းနိုအယ် မက္ကန်းနစ်ကုမ္ပဏီထဲ ဝင်သွားတယ်... သူက တီထွင်မှုနဲ့ ပတ်သက်လာရင် တော်တော်လေး ပါရမီပါတယ်... အခွင့်အရေးနဲ့ ပိုက်ဆံပဲ လိုတာ... အရပ်ဘက်ဝန်ထမ်း ငါးနှစ် လုပ်လိုက်တာ သူ့မှာ ပိုက်ဆံ လုံလုံလောက်လောက် စုမိသွားတယ်”

ဒီအရောက်မှာ ရိုဇန်းဟာ ကလိုင်းကို ရုတ်တရက် ကြည့်ပြီး သူမပါးစပ်ကို လက်နဲ့အုပ်ကာ ရယ်ပါတယ်။

“ကလိုင်း... ကျွန်မမှာ အကြံကောင်းတစ်ခု ရှိတယ်... ရှင် မြန်မြန်လက်ထပ်ပြီးတော့ သာလွန်သူ လျှို့ဝှက်ချက်ကို ရှင့်မိန်းမ သိသွားအောင် မတော်တဆ ပြလိုက်... အဲဒါဆို သာမန်သတင်း ပေါက်ကြားတာဆိုတော့ အပြစ်ကြီးကြီးမားမား ပေးခံရမှာ မဟုတ်ဘူး... ဘယ်သူကများ အချိန်အကြာကြီး တစ်ခုတင်တည်း အိပ်တဲ့လူကို လိမ်ညာထားနိုင်မှာလဲ... ပြီးရင် ရှင့်မိန်းမကို ကျွန်မတို့နဲ့ မိတ်ဆက်ပေးပြီး အရပ်ဘက်ဝန်ထမ်း လုပ်ခိုင်းလိုက်... ကျွန်မရဲ့အကြံ ကောင်းတယ်မလား”

ကလိုင်းရဲ့ ပါးစပ်ထောင့်ဟာ ဆတ်ခနဲ လှုပ်သွားပါတယ်။

“မစ္စရိုဇန်းပဲ ယောက်ျား မြန်မြန်ရှာပြီး လက်ထပ်လိုက်ပါ... အဲဒါဆို ပိုလွယ်လိမ့်မယ်... မစ္စရိုဇန်းဆီမှာ လျှို့ဝှက်ချက်တွေကို မတော်တဆ ပေါက်ကြားအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်မလား”

ကလိုင်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ရိုဇန်းဟာ မျက်လုံးပြူးသွားပြီး သူမရဲ့ ပါးစပ်ဟာလည်း ဆင်တစ်ကောင် ဝင်လို့ရတဲ့အထိ ကျယ်သွားပါတယ်။

“ကျွန်မက ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်ထပ်လို့ရမှာလဲ... လက်ထပ်တယ်ဆိုတာက အရေးကြီးတဲ့ ကိစ္စပဲ... အချိန်တစ်ခုကြာအောင် သေချာ စောင့်ကြည့် လေ့လာပြီး အဆင်ပြေလား မပြေလား ကြည့်ရမှာ...”

‘ခုနက မင်းပြောတာတော့ အဲဒီလို မဟုတ်ပါဘူး...’ ကလိုင်းဟာ ရိုဇန်းနဲ့ စကားနိုင်လု မပြောဘဲ အလိုက်သင့်ပဲ ပြောပါတယ်။ အဲဒီနောက် ရိုဇန်းကို နှုတ်ဆက်ပြီး မြေအောက်ထပ်ဆီ ဦးတည်ပါတယ်။

လက်နက်တိုက်ကို ရောက်တဲ့အခါမှာတော့ ကော်ဖီကြိတ်နေတဲ့ လူအိုကြီးနီးလ်ကို တွေ့လိုက်ရပါတယ်။ အဲဒါကြောင့် သူဟာ ထိုင်ခုံမှာ ဝင်ထိုင်ပြီး စိတ်ရှည်လက်ရှည် စောင့်ပါတယ်။

“မင်းက မကြာခင်မှာ ပုံမှန်အဖွဲ့ဝင် ဖြစ်တော့မှာဆို...” လူအိုကြီးနီးလ်က ကော်ဖီစစ်ရင်း မေးပါတယ်။

“ကပ္ပတိန် ပြောတာတော့ နောက်ထပ် နှစ်ရက် သုံးရက်လောက် ကြာလိမ့်မယ်တဲ့... သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းက အတည်ပြုမလား အတည်မပြုဘူးလားဆိုတာ မပြောနိုင်သေးဘူးလေ” ကလိုင်းက ပွင့်ပွင့်လင်းလင်း ဖြေပါတယ်။

“ဟီးဟီး... လူအိုကြီးနီးလ်ဟာ ဟက်ဟက်ပက်ပက် ရယ်ပါတယ် “သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းက ဒီလိုကိစ္စမျိုးတွေကို မငြင်းဘူး... အထူးသဖြင့် မင်းက သာလွန်သူ ဖြစ်ပြီးနေပြီလေ”

ပြောရင်းဆိုရင်းနဲ့ လူအိုကြီးနီးလ်ဟာ ကလိုင်းကို လှည့်ကြည့်ပါတယ် “ဟီးဟီး... မင်းကြည့်ရတာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပုံပဲ... ပုံမှန် ညသိမ်းငှက် အဖွဲ့ဝင်တိုင်း မဖြစ်မနေလုပ်ရတဲ့ ဓလေ့တစ်ခု ရှိတယ်... အဲဒါက တာဝန်တစ်ခုကို တစ်ယောက်တည်း ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရတာပဲ... ဒါပေမဲ့ ဒန်းစမစ်က မင်းလိုမျိုး လူသစ်အတွက် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံး တာဝန်တစ်ခု သေချာပေါက် ရွေးပေးလိမ့်မယ်... နောက်ပြီး မင်း အကူသာလွန်သူ အမြင်ဆရာလေ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters