← Chapters

#လက်ကိုတိမ်များအဖြစ်ပြောင်းလဲခြင်း၊ လက်ကို မိုးဖြင့်ဖုံးအုပ်ခြင်း#

Vol. 31 Ch. 436

#လက်ကိုတိမ်များအဖြစ်ပြောင်းလဲခြင်း၊ လက်ကို မိုးဖြင့်ဖုံးအုပ်ခြင်း#

Vol. 31 Ch. 436

ရောက်လာသည့်သူက လျိုကျိယုပေတည်း။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများရပ်လိုက်ရသည့်အဓိကအကြောင်းရင်းက လျိုကျိယုရောက်လာသောကြောင့်ပင်။

တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်တွင်ရှိသည့် မိစ္ဆာဘုရင်သုံးပါးက လျိုကျိယုလက်ထဲတွင် ခုခံရန်အတွက် စွမ်းအားမရှိချေ။

ထို့နောက် လျိုကျိယုလက်တစ်ဖက်ဖြင့် ဖမ်းကိုင်ကာ ဘေး၌သူ့ကိုရပ်ကြည့်နေသည့် ယဲ့ချိုးပိုင်အား လှမ်းကြည့်သည်။

"မင်းဘာလုပ်ချင်လဲ"

ယဲ့ချိုးပိုင်က လုချန်ရှန်း၏ အဓိကတပည့်ကြီးဖြစ်သည်။

သူတို့က ကောင်းမွန်သည့်ဆက်ဆံရေးတခုကို တည်ဆောက်ရန်လိုအပ်သည်။

ယဲ့ချိုးပိုင်တခဏမျှတွေးလိုက်မိသည်။

"စီနီယာ၊ ဒီမိစ္ဆာဘုရင်သုံးပါးကို ဘယ်သူအမိန့်ပေးခဲ့တာလဲဆိုတာ ခင်ဗျားစစ်မေးကြည့်လို့ရမလား"

"ပြီးတော့စကားမစပ် စည်းတံဆိပ်က ဘယ်လောက်ထိပြေလျော့သွားပြီလဲ"

လျိုကျိယုကအဖြေမပေးပေ။

မိစ္ဆာဘုရင်သုံးပါးကမူ ထိတ်လန့်မှုကနေ နလန်ထူလာကြပြီး နှာခေါင်းရှုံ့လိုက်ကြ၏။

"မင်းကငါတို့ပါးစပ်က တခုခုရချင်တာလား၊ ဒါဆို ငါတို့ကို ‌လျှော့တွက်ထားတာပဲ"

လျိုကျိယုမထီမဲ့မြင်ပြောသည်။

"ငါမင်းတို့ကို မေးချင်တယ်လို့ ဘယ်သူပြောလဲ"

မိစ္ဆာဘုရင်သုံးပါးက အနည်းငယ် ထိတ်လန့်သွားကြ၏။

ချက်ချင်းဆိုသလို လျိုကျိယု ထပ်ပြီးရှင်းပြမနေတော့ပေ။

လက်တစ်ဖက်ဖြင့် သူက မိစ္ဆာဘုရင်တစ်ပါး၏ ထျန်လင်ခေါင်းဆောင်းကို ချွတ်လိုက်သည်။

ချက်ချင်းဆိုသသလို မိစ္ဆာဘုရင်၏ လက်ဖဝါးကအနည်းငယ်တုန်ခါသွားပြီး ခုခံရန်အတွက် မဖြစ်နိုင်တော့ပေ။

ပြင်းထန်သည့်စွမ်းအားက ထိုမိစ္ဆာဘုရင်၏ ကောင်းကင်ဘုံခေါင်းဆောင်းထဲသို့ ထိုးဖောက်ကာ ဝိဉာဉ်သို့တည့်တည့် ဦးတည်သွား၏။

ချက်ချင်းဆိုသလို မိစ္ဆာဘုရင်၏ဝိဉာဉ်ကနေ သတင်းအချက်အလက်များက တခုပြီးတခု လျိုကျိယုစိတ်ထဲ၀င်ရောက်လာသည်။

မိစ္ဆာဘုရင်၏ကိုယ်က အဆက်မပြတ် အပြင်းအထန်တုန်ယင်သည်။

သူ့မျက်နှာပြာထဲတွင် သွေးပြာကြောများစွာက တသီကြီးထိုးထွက်နေသည်။

သူ့မျက်လုံးများကအလွန်အမင်းနာကျင်နေကာ စတင်မျက်ဖြူလန်နေလေတော့သည်။

ဝိဉာဉ်ရှာဖွေခြင်း!

တခြားမိစ္ဆာဘုရင်နှစ်ဦး၏မျက်နှာထဲတွင် ထိတ်လန့်နေသည့်မမူအရာတခုစီ ပေါ်လာသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေက လူများအဖို့ ဝိဉာဉ်ရှာဖွေခြင်းက ရှားပါးသည့်စွမ်းရည်တခုမဟုတ်ပေ။

သို့သော်ဝိဉာဉ်ရှာဖွေခြင်းအတွက် လိုအပ်ချက်များက အတော်လေးမြင့်မားသည်။

ထိုလူကိုချေမှုန်းရန်ခွန်းအားမရှိပါက ဝိဉာဉ်ရှာဖွေရန်ဆိုတာကလည်း သေချာပေါက် မဖြစ်နိုင်ချေ။

သူတို့ရှေ့ကလူ၏နယ်ပယ်က သူတို့အား ကျော်လွန်နေပုံရပြီး သဟဇာတတာအိုနယ်ပယ် အထွပ်အထိပ်အဆင့်အထက်က နယ်ပယ်ကို ရောက်နေခြင်းဖြစ်ရပေမည်။

ဒါက တခြားမိစ္ဆာဘုရင်နှစ်ပါးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဝိဉာဉ်ထဲကအချက်အလက်များကို ဖုံးကွယ်ထား၍မရပေ။ ထို့ကြောင့်လျို့ဝှက်ချက်အားလုံးကို တဖက်လူကသိသွားမည်ဖြစ်သည်။

နှစ်ဦးစလုံးကတစ်ဦးကိုတစ်ဦးစိုက်ကြည့်ရင်း ခိုင်မာသည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

အော်ရာအငွေ့အသက်လှိုင်းများက သူတို့နှစ်ဦး၏ကိုယ်ကနေ အဆက်မပြတ်ထွက်လာသည်။

မိစ္ဆာနက်စွမ်းအားအမျှင်စများစွာက မြူခိုးနက်များအဖြစ်ပြောင်းကာ ကောင်းကင်တခုလုံးကို ဖုံးလွှမ်းသွားစေသည်။

ကိုယ့်ကိုကိုယ်ဖောက်ခွဲတာလား!

သုံ့ရှောင်ချင်း၏အမူအရာက ပြောင်းလဲသွား၏။

တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်စွမ်းအားရှင်များဖြစ်သည့် မိစ္ဆာဘုရင်နှစ်ပါး၏ ကိုယ့်ကိုကိုယ်ဖောက်ခွဲမှုက သွေးကြောတောင်တ၀က်အထိပင် တက်ရောက်စေလိမ့်မည်။

သူတို့၏လက်ရှိနေရာက သွေးကြောတောင်အပြင်ဘက်က တပ်စခန်းများနှင့် သိပ်အဝေးလှပေ။

တခြားတဘပ်က တပ်ရင်းကလည်း ဒီမိစ္ဆာဘုရင်နှစ်ဦး၏ ကိုယ့်ကိုကိုယ်ဖောက်ခွဲနှုအား ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

လျိုကျိယု၏မျက်နှာကထူးမခြားနားစွာရှိနေပြီး ဤပြင်းထန်သည့်အော်ရာအမျှင်စများကိုခံစားမိသည့်တိုင် သူ့မျက်နှာက လုံး၀ပြောင်းလဲသွားခြင်းမရှိ။

"ကိုယ့်ကိုကိုယ်ဖောက်ခွဲတာလား"

ချက်ချင်းဆိုသလို လျိုကျိယုတခြားလက်တဖက်ကိုဆန့်ထုတ်ကာ လက်ဖဝါးဖြင့် ညင်သာစွာဖိချလိုက်သည်။

ရုတ်ချည်းဆိုသလို ပြင်းထန်သည့်မိစ္ဆာနက်စွမ်းအားက မမြင်ရသည့်အားတခုဖြင့် အတင်းဖိနှိပ်ခြင်းခံရသည်။

ဤမြင်ကွင်းကိုမြင်ပြီးနောက် မိစ္ဆာဘုရင်နှစ်ပါး၏မျက်လုံးများ၌ လုံး၀စိတ်ပျက်သည့် အမူအရာများပေါ်လာကြသည်။

ငါတို့ဘာထပ်လုပ်နိုင်ဦးမှာလဲ!

ခုခံရင်လည်း မနိုင်နိုင်တော့ဘူး!

ကိုယ့်ကိုကိုယ်ဖောက်ခွဲချင်ရင်လည်း ဖောက်ခွဲလို့မရဘူး!

ဤမိစ္ဆာဘုရင်သုံးပါးက လျိုကျိယုလက်ထဲတွင် အပြည့်အ၀ကျရောက်နေပြီး ပုရွက်ဆိတ်များသဖွယ် အလိုရှိတိုင်း ဖိနှိပ်ခံနေရသည်။

လျိုကျိယုကမူ ဟေးဒိစ်သေမင်းကဲ့သို့ပင် တခြားသူများ၏ အသက်နှင့်သေခြင်းတရားကို အလိုရှိသလိုထိန်းချုပ်နိုင်သည်။

သူတို့ကိုလက်ချောင်းတချောင်းတည်းမြောက်ရုံဖြင့် သတ်ပစ်နိုင်သည်။

ငါမင်းတို့ကို လက်တချောင်းနဲ့သတ်လို့ရတယ်၊ ဒါပေမယ့် ငါမင်းတို့ကို အသက်ရှင်စေချင်သေးတော့ ကိုယ့်ကိုကိုယ် သတ်သေးတာကို ခွင့်မပြုဘူး!

ဒါကထိပ်တမ်းစွမ်းအားရှင်များ၏ ခွန်အားပေတည်း။

ချက်ချင်းဆိုသလို မိစ္ဆာဘုရင်သုံးပါး၏ဝိဉာဉ်များက ရှာဖွေခံရသည်။

ဝိဉာဉ်ရှာဖွေခြင်းကြောင့်ဖြစ်ပေါ်လာသည့်ပျက်စီးမှုက ဝိဉာဉ်ကို ထာ၀ရဒဏ်ရာရစေခြင်းပင်။

ယခုသူတို့က ထုံထိုင်းနေပုံရပြီး သလင်းရောင်အရည်ကျဲကျဲများက ပါးစက်တဝိုက်ရှိနေကာ သုံးနှစ်ကလေးနှင့်တူလေသည်။

လျိုကျိယုကြည့်ပင်မကြည့်ဘဲ လက်ဝှေ့ယမ်းလိုက်သည်။

မိစ္ဆာဘုရင်သုံးပါးက ချက်ချင်းပြာများအဖြစ်ပြောင်းလဲကာ လေဟာနယ်ထဲတွင် ပပျောက်သွားကြလေတော့သည်။

မိစ္ဆာဘုရင်သုံးပါးကို အလွယ်တကူသတ်ပစ်ခြင်း!

မုဖူရှန်းစူးစမ်းလိုသည့်အသွင်မေးသည်။

"ခင်ဗျားနဲ့ဆရာကြားက ခွန်အားအရာမှာ ဘယ်လောက်တောင်ကွာဟလဲ၊ ဒါမှမဟုတ် အတူတူပဲလား"

သူတို့အားကြည့်မည်ဆိုပါက လုချန်ရှန်းရော လျိုကျိယုပါ ရန်သူအားလုံးကို အလွယ်တကူဖျက်ဆီးပစ်နိုင်သည်။

ထို့ကြောင့်ခွန်အားအရာ၌ ခြားနားချက်ရှိမည်မဟုတ်ပေ။

လျိုကျိယု၏ကိုယ်ကအနည်းငယ် တုန်ယင်သွားသည်။

ဤရက်များအတွင်းလေ့ကျင့်မည်ဟူသော အမည်နာမအောက်တွင် လုချန်ရှန်း၏ ရိုက်နှက်မှုများကို တွေးမိသွားသည်။ သူအိပ်ရာကပင် မထနိုင်ခဲ့ပေ။

သူအနည်းငယ်လန့်သွားမိသည်။

ချက်ချင်းဆိုသလို လျိုကျိယု မုဖူရှန်းကို တင်းမာခက်ထန်စွာကြည့်လိုက်သည်။

ဘာလို့ဒီကောင်စုတ်က မျက်မမြင်လို လုပ်နေရတာလဲ!

ငါက လုချန်ရှန်းရဲ့ကြမ်းပြင်ပေါ်တွန်းပြီး ရိုက်တာကိုခံခဲ့ရတာကွ!

သို့စေကာမူ ဒါကဂျူနီယာရှေ့တွင် ပြောရန်အတွက် သူအတော်လေးရှက်နေသဖြင့် ချောင့်ဟန့်လိုက်သည်။

"အဟမ်း၊ ငါ့မှာ မင်းလိုချင်တဲ့သတင်းအချက်အလက်တွေအကုန်ရှိတယ်"

လျိုကျိယု၏ ရုတ်တရက် အကြောင်းအရာကို ပြောင်းပစ်သည့် အမူအရာကိုမြင်ရသောအခါ အားလုံးကရယ်မောလိုက်မိကြသည်။

ရလဒ်ကသူတို့ကို ဆရာကသူ့ထက် အများကြီးပို၍ အားကောင်းသည်ဟုပြသနေသည်။

လူတိုင်း၏အမူအရာကိုကြည့်ရင်း လျိုကျိယုတွေးနေမိသည်။

ဘာလို့စီနီယာလုရဲ့တပည့်တွေကလည်း ဒီပုံစံဖြစ်နေရတာလဲ!

သို့စေကာမူ သူကမျက်နှာသေဖြင့် မေးလိုက်သည်။

"ဘယ်နေရာကနေ စချင်လဲ"

ဘေးကနေ မုဖူရှန်းမေးသည်။

"စီနီယာ၊ ချိပ်စည်းကဘာဖြစ်သွားပြီလဲ"

ဤသည်ကိုကြားသောအခါ လျိုကျိယုဖြေသည်။

"ချိပ်စည်းကကျိုးတော့မယ်၊ အများဆုံးခုနှစ်ရက်အတွင်းမှာ ချိပ်စည်းက လုံး၀ကျိုးသွားလိမ့်မယ်"

"ဒါပေမယ့် အထဲမှာပိုအားကောင်းတဲ့ မိစ္ဆာဘုရင်တစ်ပါးရှိပုံရပြီး သူ့ကို ရှင်းပြ၍ မရနိုင်လောက်အောင်အထိ အားဖြည့်ပြီး ချိပ်ပိတ်ထားတယ်၊ ဘာပဲဖြစ်ဖြစ် ဒါကိုတော့ ချိုးဖျက်နိုင်မှာမဟုတ်ဘူး"

"ဒီအကြောင်းရင်းကြောင့် မိစ္ဆာလူမျိုးတွေက အလျင်စလိုလုပ်နေကြတာ......"

ဤသည်ကိုကြားသောအခါ သုံ့ရှောင်ချင်းနှစ်လိုဖွယ်ပြောသည်။

"အဲဒါ မိစ္ဆာအရှင်ရဲ့အကြီးအကဲတပ်မှူးဖြစ်ရမယ်"

မိစ္ဆာအရှင်၏တပ်မှူးက ထိုအချိန်က နယ်နိမိတ်မဲ့နယ်မြေကို ကျူးကျော်မှုအား စတင်ခဲ့သည့် နယ်မြေပြင်ပကမိစ္ဆာများ၏ တပ်မှူးဖြစ်သည်။

သူ့ခွန်အားက သွေးပြောင်းလဲခြင်းနယ်ပယ် တ၀က်အဆင့်တွင်ရှိသည်။ ထိုအချိန်က နယ်နိမိတ်မဲ့နယ်မြေတွင် မည်သူမှ သူ့ပြိုင်ဘက်မဖြစ်ခဲ့ပေ။

ထို့ကြောင့် ကြယ်ကြွေဓားဧကရာဇ်က ကိုယ်ခန္ဓာနှင့်ဝိဉာဥ်ကိုစတေးကာ သူ့ကို အတင်းချိပ်ပိတ်ပစ်ခဲ့သည်။

ဒီအတွက်ကြောင့်သာမဟုတ်ပါက နယ်နိမိတ်မဲ့နယ်မြေဖြစ်စေ အဆင့်နိမ့်ကြယ်နယ်မြေဖြစ်စေ အချိန်အကြာကြီးကတည်းက ပျောက်ကွယ်နေပေလိမ့်မည်။

သုံ့ရှောင်ချင်း၊ မုဖူရှန်းနှင့်ဂျီဂျီတို့က ထိုသတင်းများကိုကြားရသောအခါ ပျော်သွားကြသည်။

ယဲ့ချိုးပိုင်မေးလိုက်သည်။

"တခြားသတင်းတွေကရော"

လျိုကျိယု ယဲ့ချိုးပိုင်အားကြည့်လိုက်၏။

"ဘာမှတော့မဟုတ်ပါဘူး၊ မိစ္ဆာကလန်က တစ္ဆေကလန်ရဲ့သွေးကို အသက်သွင်းနိုင်ခဲ့တဲ့ ပါရမီရှင်တစ်ယောက်ကို ဒီကိုစေလွှတ်ခဲ့တယ်"

"ဒီအရာတွေကို သူအမိန့်ပေးခဲ့တာ"

"မင်းသားလင်းလုံကလည်း သူ့နောက်လိုက်ဖြစ်လာခဲ့တယ်"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက လေးနက်သွားကြ၏။

တစ္ဆေကလန်သွေးကြော!

ဒါက အဆင့်မြင့်ကြယ်နယ်မြေက မျိုးနွယ်စုဖြစ်သည်။

"ဒါပေမယ့်မစိုးရိမ်ပါနဲ့၊ တစ္ဆေကလန်ရဲ့သွေးကိုအသက်သွင်းလိုက်တယ်ဆိုပေမယ့် မိစ္ဆာကလန်ကပိုင်ဆိုင်ထားတဲ့ တစ္ဆေမျိုးနွယ်ရဲ့သွေးစွမ်းအားက နည်းနည်းလေးပဲရှိတယ်"

"ဒီလိုဆိုရင်သူ့လက်ရှိအခြေအနေကရော"

"အင်း၊ သွေးပြောင်းလဲခြင်းနယ်ပယ်‌ပဲ"

လူတိုင်း "...."

ဒါကိုစိုးရိမ်စရာမလိုဘူးလို့ပြောတာလား!

ကျုပ်တို့က သွေးပြောင်းလဲခြင်းတ၀က်နယ်ပယ်ကိုတောင်မကိုင်တွယ်နိုင်တာကို!

သွေးပြောင်းလဲခြင်းနယ်ပယ်ကို ဘယ်လိုကိုင်တွယ်ရမှာလဲ!

မုဖူရှန်းဘေးကနေ လက်ဖဝါးသပ်နေသည်။

"စီနီယာ၊ ကြည့်ပါဦး၊ ကျွန်နော်တို့ရဲ့ခွန်အားက အဲဒီမိစ္ဆာကလန်ပါရမီရှင်နဲ့ အရမ်းဝေးကွာနေတယ်လေ....."

လျိုကျိယုလက်ဝှေ့ယမ်းကာ ပြုံးသည်။

"ငါထပ်ပြီး၀င်စွက်ဖက်မှာမဟုတ်ဘူး...."

"အလွန်အကျွံ၀င်စွက်ဖက်တာက မင်းတို့အနာဂတ်လမ်းကြောင်းအတွက် မကောင်းဘူး"

"အဲဒါကခက်ခဲတယ်ဆိုပေမယ့် ဒီအတားအဆီးကိုကျော်ဖြတ်ခြင်းကနေ ရလာမယ့် အကျိုးအမြတ်ကလည်း အရမ်းကြီးမားလိမ့်မယ်"

"မင်းတို့ရဲ့ဆရာလည်း ဒီလိုတွေးမယ်လို့ငါထင်တယ်"

အပိုင်း(437) coming။

All Chapters