← Chapters

#ချိပ်စည်းကိုကျိုးပျက်ခြင်း#

Vol. 31 Ch. 438

#ချိပ်စည်းကိုကျိုးပျက်ခြင်း#

Vol. 31 Ch. 438

သွေးပြောင်းလဲခြင်းနယ်ပယ်!

ကိုယ်ခန္ဓာထဲက သာမန်သေမျိုးသွေးကို ပို၍အဆင့်မြင့်သည့်သွေးစွမ်းအားအဖြစ် အဆင့်မြှင့်တင်ပြီးမှသာလျှင် သွေးပြောင်းလဲခြင်းနယ်ပယ်သို့ ချိုးဖျက်တက်ရောက်နိုင်မည်ဖြစ်သည်။

ရှေးဟောင်းကလန်သုံးခုကလွဲ၍ အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးက သွေးကြောမရှိသည့်လူများနေထိုင်ရာဖြစ်သည်။

ထို့ကြောင့်ဤနေရာ၌ သွေးပြောင်းလဲခြင်းနယ်ပယ်ကို ရောက်နေသည့်လူမရှိချေ။

အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းအားအရာ၌ ဒီနှစ်ခုကြားတွင် ဧရာမကွာဟချက်တခုရှိနေပြီသားပါ။

တချိန်တည်းမှာပင် နောက်ထပ်သတင်းဆိုးက ချိပ်စည်းက ခြောက်ရက်အတွင်း လုံး၀ကျိုးပျက်သွားမည်ဖြစ်သည်။

တစ်နည်းအားဖြင့် ခြောက်ရက်အကြာတွင် စစ်ပွဲတခု၏အစကစတင်ပေလိမ့်မည်။

နယ်မြေပြင်ပကမိစ္ဆာများက သွေးပြောတောင်ကိုကျော်ပြီး နယ်နိမိတ်မဲ့နယ်မြေကို တိုက်ခိုက်လာပေလိမ့်မည်။

မုကျန်းထင်၏မျက်နှာကကြည့်ရဆိုးနေသည်။

အချိန်ကအရမ်းနီးကပ်လွန်းသည်။

ရန်သူ၏ခွန်အားနှင့်နယ်ပယ်က နယ်နိမိတ်မဲ့နယ်မြေကို အပြည့်အ၀ဖိနှိပ်ထားသည်။

မုဖူရှန်း၏ဆရာကို အရေးတယူဆောင်ရွက်ရန်အတွက် ခေါ်ဆိုရန်ဆိုတာကလည်း မဖြစ်နိုင်ပေ။

အကယ်၍ မုဖူရှန်းဆရာသာလှုပ်ရှားလိုပါက ဒါကပြီးသွားသည်မှာကြာနေလေပြီ။ ယခုလိုအရှုပ်အထွေးကို မည်သည့်အတွက်ကြောင့် ချန်ထားရပေမည်နည်း။

ဒါကသူ့တပည့်များအား လေ့ကျင့်ပေးချင်သည့်အတွက်ကြောင့်ဖြစ်နိုင်သည်။

တပည့်သားလေ့ကျင့်ရာ၌ နယ်နိမိတ်မဲ့‌နယ်မြေအများစုက ဖျက်ဆီးခံရပေတော့မည်။

တဖက်လူက ဒီလိုအရာတွေကို ဘယ်လိုလုပ် ဂရုစိုက်နေမည်နည်း။

ဒီစီနီယာကတော့ တကယ်ကို ဆွံအစရာပဲ!

ရှေ့‌နှင့်နောက်ကိုတွေးကြည့်နေစဉ် ဒါကို ကိုင်တွယ်ရန်အတွက် နည်းလမ်းကောင်းတခု သူမတွေးမိပါ။

ပကတိစွမ်းအားဖိနှိပ်ခြင်းကိုရင်ဆိုင်ရသောအခါ ဘယ်အစီအစဉ်မဆို ကိုယ့်ကိုကိုယ် အရှုံးပေးခြင်းနှင့်တူသည်။

"ငါလည်းမတတ်နိုင်တော့ဘူး၊ ဒီကိုလာခဲ့"

"အဓိကဂိုဏ်းချုပ်တွေကိုစုစည်းပြီး ရှေးဟောင်းကလန်သုံးခုကို မိစ္ဆာကလန်က လာနေပြီလို့ စာတစောင်ပို့လိုက်"

ရွှေချပ်၀တ်တပ်မှူး၏အမူအရာက ပြောင်းလဲသွားပြီးနောက် ချက်ချင်းခေါင်းညိတ်ကာ အပြင်သို့ထွက်သွားလေတော့သည်။

.....

ယနေ့ည!

ချိပ်စည်းမကျိုးပျက်ခင် သုံးရက်တည်းသာကျန်တော့သည်။

ယဲ့ချိုးပိုင်ကလက်ရှိတွင် စံအိမ်ထဲ၌ လေ့ကျင့်နေသည်။

တိုက်ပွဲကစတင်တော့မည်ဖြစ်လေရာ သူ့ခွန်အားကို အလျင်အမြန်တိုးတက်အောင် လုပ်ရန် လိုအပ်သည်။

ထို့ကြောင့်မူလဖိနှိပ်ထားသည့်နယ်ပယ်ကို နောက်ထပ်တမင်တကာဖိနှိပ်ထားခြင်းမရှိတော့ပါ။

အော်ရာက ဝဲဂယက်တခုအဖြစ်ပြောင်းသွားပြီး ယဲ့ချိုးပိုင်ကိုယ်ထဲစီးဆင်းလာသည်။

ထို့နောင် ဝေလငါးတကောင်မျိုချနေသကဲ့သို့ ပတ်၀န်းကျင်လေဟာနယ်က အော်ရာကို အဆက်မပြတ်စုပ်ယူနေသည်။

အကယ်၍ စံအိမ်ရှိ အစီအရင်၏ကောင်းချီးကြောင့်သာမဟုတ်ပါက ဤကြီးမားသည့်အော်ရာကို အပြင်လူများသိသွားကြပေလိမ့်မည်။

ခြံ၀င်းထဲတွင် သုံ့ရှောင်ချင်းက လက်ဖက်ရည်သောက်နေပြီး အံ့ဩသင့်တကြီးပြောသည်။

"သူကသိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်ပြီးတာသေးမလား၊ ဘာလို့ထပ်ပြီး အဆင့်ချိုးဖျက်နေရပြန်တာလဲ"

မှန်ပေသည်။

ယဲ့ချိုးပိုင်လက်ရှိအဆင့်ချိုးဖျက်နေခြင်းပင်။

ဘေးကရှီရှန်းကလည်းဖုံးကွယ်မထားပေ။ ဒါကဖုံးကွယ်ထားစရာမဟုတ်ပေ။

ထို့ကြောင့်သူကရှင်းပြသည်။

"စီနီယာအစ်ကိုကြီးရဲ့နယ်ပယ်က ကျုပ်တို့ထက်တိုးတက်တာပိုနှေးပေမယ့် ဒီအတွက်ကြောင့်လည်း သူ့တာအိုအခြေခံက ကျုပ်တို့ထက်ပိုပြီးတည်ငြိမ်တယ်"

"ရှင့်ဆိုလိုတာက ယဲ့ချိုးပိုင် သူ့နယ်ပယ်ကို ဖိနှိပ်ထားတာကဒါကြောင့်လား"

ရှီရှန်းခေါင်းညိတ်သည်။

"စီနီယာအစ်ကိုကြီး အဆင့်ချိုးဖျက်ချင်သရွေ့ အလွယ်တကူချိုးဖျက်နိုင်တယ်"

နားထောင်ပြီးနောက်တွင် သုံ့ရှောင်ချင်း ယဲ့ချိုးပိုင်ကို အနည်းငယ်လေးစားစွာကြည့်နေမိသည်။

စိတ်မြန်လက်မြန်လုပ်တတ်သည့်ခံစားချက်များကို ဖယ်ရှားနိုင်သလို နယ်ပယ်ကို ယခုလိုဖိနှိပ်ထားခြင်းက တာအိုအခြေခံ၏ တည်ငြိမ်မှုကို အများဆုံးဖြစ်လာစေရန် လုပ်နေသည်။

ယခုလိုစိတ်သဘောထားမျိုးကို လူတိုင်းသဘောမတူကြသလို အလားတူပင် လူတိုင်းမလုပ်နိုင်ကြပေ။

သီအိုရီအရ အကယ်၍လူတစ်ယောက်၏ ရုပ်ခန္ဓာကမကောင်းပါက တာအိုအခြေခံကိုတည်ငြိမ်စေရန်အတွက် ချိုးဖျက်တော့မည့်နယ်ပယ်ကို ဖိနှိပ်ထားနိုင်မည်မဟုတ်ပေ။

သို့သော်ယဲ့ချိုးပိုင်ကလုပ်ခဲ့သည်။

ဒါကယဲ့ချိုးပိုင်၏ကိုယ်ခန္ဓာက ထူးခြားနေတာကိုလည်းပြသနေသည်။

လမင်းကြီးကအပြည့်မ၀မ၀င်သွားသေးသလို နေမင်းကြီးလည်းမထွက်လာသေးပါ။

မကြာမီ ယဲ့ချိုးပိုင်ကိုယ်တဝိုက်ရှိ ဝဲဂယက်ကပျောက်ကွယ်သွား၏။

သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ချိုးဖျက်တက်ရောက်ခြင်း!

ထိုအချိန်တွင် တစ်ယောက်ယောက်က စံအိမ်တံခါးကိုခေါက်လာသည်။

ရှီရှန်းသံသယဖြင့်ထရပ်ကာ ရေရွတ်သည်။

"အချိန်ကျပြီလား၊ အဲမှာဘယ်သူလဲ"

စကားပြောနေရင်း သူကတံခါးဖွင့်ရန် သွားလိုက်သည်။

တံခါးဖွင့်ပြီးနောက်တွင် ရှီရှန်းကြက်သေသေသွားသည်။

တံခါးနောက်တွင် မယုံနိုင်လောက်ဖွယ်ရာ လှပသည့်မျက်နှာလေးတခုရှိပြီး အပြာရောင်၀တ်စုံရှည်ကို ၀တ်ဆင်ထားကာ အလှမဆင်ထားဘဲ သေးကြဉ်သောခါး၌ ပိုးသား၀တ်စုံသာရှိသည်။

ဒါကအရမ်းရိုးစင်းပုံရသော်လည်း အမျိုးသမီး၏ကိုယ်နှင့်ကိုက်ညီလိုက်ဖက်နေသည်။

"ကျွန်မ ချိုးပိုင်ကိုလာရှာတာပါ"

အမျိုးသမီး၏စကားလုံးများက အေးစက်နေသော်လည်း အနည်းငယ်စိုးရိမ်နေသည့်ပုံဂသည်။

ကြည့်ရသည်မှာ တစ်ယောက်ကိုတစ်ယောက် မတွေ့ရတာကြာမြင့်နေပြီဖြစ်သည့် ချစ်သူများကပြန်ဆုံရတော့မည့်အခါတွင် ဘာကိုမျှော်လင့်ထားရမှန်းမသိသည့် စိတ်လှုပ်ရှားမှုမျိုးပင်။

ထိုအသံကိုကြားသောအခါ ယဲ့ချိုးပိုင် တခဏမျှအေးခဲသွားပြီးနောက် ချက်ချင်းဆိုသလို တံခါးအပြင်သို့ထွက်လာသည်။

တံခါးရှေ့က လှပသည့်အမျိုးသမီးကို ကြည့်ရင်း သူအံ့ဩစွာမေးသည်။

"ဇီရှင်း၊ မင်းဘာလို့ဒီမှာရှိနေရတာလဲ"

ဟုန်ရင်နှင့်နင်းချန်ရှင်းတို့က စိတ်ပါလက်ပါနားထောင်ကြပြီးနောက် အချင်းချင်းကြည့်ကာပြုံးရင်း အိမ်နောက်ဖေးသို့ အတူတကွလျှောက်သွားကြသည်။

ရှောင်ဟိုင်ကလည်း စူးစမ်းလိုသည့်မုဖူရှန်းအား လှမ်းကိုင်လိုက်သည်။

"ဟေး၊ ဟေး၊ စိတ်လျှော့၊ စိတ်လျှော့"

ရှီရှန်းကလည်း သုံ့ရှောင်ချင်းကိုနှုတ်ဆက်ပြီး အိမ်နောက်ဖေးသို့လျှောက်သွားသည်။

"ဟမ်၊ ဒီတယောက်က မုမိသားစုကလား၊ သူနဲ့ရှင့်စီနီယာအစ်ကိုကြားက အခြေအနေကဘာများလဲ"

ရှီရှန်းပြောသည်။

"ကျုပ်နောက်ကျရင်ပြောပြပါမယ်၊ အခုတော့သူတို့ကို မနှောက်ယှက်ဘဲနေကြရအောင်"

ယဲ့ချိုးပိုင်ဒီမြင်ကွင်းကိုသတိထားမိလေရာ သူ့အဖော်များအား လက်မထောင်ပြလိုက်သည်။

အရေးကြီးသောအချိန်အခါတွင် သူ့ညီအစ်ကိုမောင်နှမများက ဆင်ခြင်တုံတရားရှိကြသည်။

ထို့နောက် ယဲ့ချိုးပိုင် အကြာကြီးမမြင်ခဲ့ရသည့်မုဇီရှင်းအား စိုက်ကြည့်လိုက်၏။ သူမ၏ရုပ်ရည်က အရမ်းကြီး မပြောင်းလဲသွားသော်လည်း စိတ်နေသဘောထားက အကြီးအကျယ်ပြောင်းလဲသွားသည်။

အရင်မုဇီရှင်းက အပြစ်ကင်းစင်ပြီး လင်း၀င်းချိုသာသည်ဟုဆိုပါက လက်ရှိမုဇီရှင်းက ရေခဲကဲ့သို့အေးစက်သည်။

သို့စေကာမူ ဒါက သူမ၏သွေးစွမ်းအားသက်ရောက်မှုကြောင့်ဖြစ်ရပေမည်။

မုဇီရှင်းပြုံးလိုက်သည်။

"နယ်မြေပြင်ပကမိစ္ဆာတွေက ချိပ်စည်းကိုချိုးဖျက်တော့မှာလေ၊ ရှေးဟောင်းကလန်သုံးခုကလည်း ပါ၀င်ရတော့မှာပေါ့"

ယဲ့ချိုးပိုင်သံသဖြင့်မေးသည်။

"ဒါပေမယ့်မင်းအဖေက မင်းကို အပြင်မထွက်စေချင်ဘူးမလား"

မည်သို့ပင်ဆိုစေကာမူ မုဇီရှင်းက မုမိသားစုသွေးကြောကယ်တင်ရှင်အဖြစ် မှတ်ယူခံရကာ သွေးပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖျက်ရန် အခွင့်အရေးရှိသည့် တစ်ဦးတည်းသောသူဖြစ်သည်။

မုမိသားစု၏သွေးစွမ်းအားကို ပြန်လည်အသက်သွင်းနိုင်ရန်မျှော်လင့်ချက်လည်းဖြစ်သဖြင့် မုဇီရှင်းကို ယခုလိုအန္တရာယ်ရှိသည့်အခြေအနေရပ်တွင် အပြင်ထွက်ခွင့်ပြုမည်မဟုတ်ပေ။

မုဇီရှင်းပြုံးလိုက်သည်။

"ဟင့်အင်း၊ ငါအဖေ့ကို ငါကျင့်ကြံခြင်းက ထိပ်ဆုံးကိုရောက်နေပြီမို့ လေ့ကျင့်ဖို့အတွက် အပြင်သွားရမယ်လို့ပြောလိုက်တယ်"

"ဒါပေမယ့် ငါအမွေးတိုင်တစ်၀က်စာလောက်ပဲနေလို့ရမယ်၊ ဘာလို့လဲဆိုတော့ ငါ့အဖေက ငါ့နောက်ကနေ မဟာအကြီးအကဲတစ်ယောက်ကို အမြဲလိုက်ခိုင်းထားတယ်"

"ငါသူ့ကို ဖယ်ထုတ်ဖို့အတွက်စီစဉ်ခဲ့ရတာ"

ယဲ့ချိုးရယ်မောလိုက်လေသည်။

"ကြည့်ရတာ ငါတို့အဖေက ငါတို့ကို အရမ်းတင်းတင်းကြပ်ကြပ်စောင့်နေပုံပဲ"

ငါတို့အဖေဟူသောစကားလုံးကို ကြားရသောအခါ မူလကအေးစက်နေသည့်မုဇီရှင်း၏မျက်နှာလေးက အမှုန့်ဖြင့်ပက်ဖြန်းလိုက်သည့်အလား အနည်းငယ်နီမြန်းသွားသည်။

"နင်ဘာတွေပြောနေတာလဲ"

"ဒါကအချိန်အတိုင်းအတာတခုပဲလိုတာလေ"

ထို့နောက် ယဲ့ချုးပိုင် မုဇီရှင်း၏နယ်ပယ်ကိုစစ်ဆေးကြည့်စဉ် မုဇီရှင်း၏နယ်ပယ်ကို နောက်ထပ်မရှာတွေ့နိုင်တော့တာကို တွေ့လိုက်ရသည်။

သူမ၏နယ်ပယ်က သူ့ထက်အများကြီးသာလွန်သွားပြီဟုယူဆ၍ရသည်။

ကြည့်ရသည်မှာ သူတကယ်ကြိုးစားရန်လိုနေပုံရသည်။

နှစ်ဦးစလုံးက လရောင်အောက်ရှိ ခြံဝ်ုးထဲတွင် ထိုင်နေကြပြီး လက်လေးကို သတိရှိရှိပင် အတူတူဆုပ်ကိုင်ထားသည်။

အမွေးတိုင်တ၀က်စာခန့်အချိန်အတွင်း သူတို့က ကိစ္စအများကြီးပြောခဲ့သည်။

ထို့‌နောက် မုဇီရှင်းထွက်သွားသည်။

သူတို့နှစ်ဦးက နေ့တိုင်းဒီအချိန်တွင် ဒီကိုလာပြီးတွေ့ဆုံမည်ဟု သဘောတူညီချက်တခုလည်းလုပ်ခဲ့ကြသည်။

သို့စေကာမူ သူတို့နှစ်ဦးလျှို့ဝှက်စွာ တွေ့ရန်လိုသေးတာကို တွေးမိစဉ် ယဲ့ချိုးပိုင် တခဏမျှစဉ်းစားပြီးနောက် လေ့ကျင့်ခန်းထဲသို့ပြန်၀င်ကာ ကြိုးစားလေ့ကျင့်ပြန်သည်။

သူကလုံလောက်အောင်အားမကောင်းသေးပေ။

......

နောက်ထပ်သုံးရက်အတွင်း ယဲ့ချိုးပိုင်နှင့် မုဇီရှင်းတို့က အစည်းအဝေးလေးလုပ်ကြသည်။

သူတို့အတွက် ဒါက စိတ်အသက်သာရာရဆုံးအချိန်ကာလဖြစ်ကာ ဒီထက်ပိုကောင်းတာဘာမှမရှိပေ။

တတိယနေ့ကုန်ဆုံးသွားပြီးနောက် နေထွက်လာသောအခါ‌ သွေးပြောတောင်အထက်၌ မိစ္ဆာနက်စွမ်းအားများက ထူထဲသည့်မြူခိုးနက်များအဖြစ်ပြောင်းလဲကာ သွေးကြောတောင်အပေါ်ဘက် ကောင်းကင်တခုလုံးကို ဖုံးလွှမ်းသွားသည်။

အပိုင်း(439) coming။

All Chapters