← Chapters

#စစ်ပွဲကြီးစတင်ခြင်း#

Vol. 31 Ch. 439

#စစ်ပွဲကြီးစတင်ခြင်း#

Vol. 31 Ch. 439

သွေးကြောတောင်အပေါ်၌ ကောင်းကင်က ထူထဲသည့်မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်။

နေရောင်ခြည်တစွန်းတစပင်လျှင် ဒါကို မထိုးဖောက်နိုင်ပေ။

လူသားများဘက်ခြမ်းတွင်မူ နေမင်းက ပုံမှန်အတိုင်းပင် တောက်ပလင်း၀င်းနေသည်။

နှစ်ဖက်အကြား အလင်းနှင့်အမှောင်ထု၏ အားကောင်းသည့်ဆန့်ကျင်ဘက်တခုဖြစ်တည်လာသည်။

အလင်းနှင့်အမှောင်!

ကောင်းမှုနှင့်မကောင်းမှု!

ဒီနှစ်ခုအကြား မီးနှင့်ရေက သဟဇာတမဖြစ်နိုင်ပေ။

တစ်ဦးမသေရင် တခြားတစ်ဦးသေရမည်။

ပြန်လည်သင့်မြတ်ရန်အတွက် ဖြစ်နိုင်ချေမရှိပါ။

လူတိုင်းလေးနက်သည့် အမူအရာများဖြင့် သွေးကြောတောင်ရှိရာဘက်သို့ ကြည့်နေကြသည်။

ဒါကရန်သူကြီးတစ်ဦးကိုရင်ဆိုင်နေရသည့်အလား။

ဤမတိုင်ခင်က နယ်နိမိတ်မဲ့နယ်မြေက အင်အားစုတိုင်းက သွေးကြောတောင်အပြင်ဘက်ရှိ နယ်စပ်မြို့တွင် စုရုံးနေကြပြီဖြစ်သည်။

ဤသည်အပြင် မြို့တစ်မြို့စီ၏ကြားတွင် ကြီးမားသည့်ကမ္ဘာ့သန့်စင်အစီအရင်များရှိသည်။

ကမ္ဘာ့သန့်စင်အစီအရင်များအကြား တခုနှင့်တခုဆက်သွယ်မှုရှိသည်။

အခင်းအကျင်း၏စွမ်းအားကို အပြန်အလှန်ပေါင်းစပ်ထားခြင်းပင်။

တချိန်တည်းမှာပင် အထက်ကောင်းကင်တွင် တာအိုနယ်ပယ်က အစွမ်းထက်လူသားမျိုးနွယ်များက ခြေချထားကြပြီဖြစ်သည်။

ဧကရာဇ်မုကျန်းထင်၊ ကြယ်ကြွေဓားဂိုဏ်းချုပ်ကျန်းဝူဖန်း၊ ရှေးဟောင်းကလန်သုံးခု၏ခေါင်းဆောင်များနှင့် တခြားထိပ်တန်းဂိုဏ်းချုပ်၊ အကြီးအကဲများရှိကြသည်။

အောက်တွင် မရေမတွက်နိုင်လောက်သည့် ကလန်များမှ ပါရမီရှင်များက မရေမတွက်နိုင်လောက်သော အသင်းများအဖြစ် ပိုင်းခြားထားကြသည်။

ထို့ထဲတွင် စံအိမ်တော်ကလူတိုင်းကလည်း အသင်းလေးတစ်သင်းဖြစ်လာသည်။

ပါ၀င်သည့်လူများကမူ ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟိုင်၊ ရှီရှန်း၊ မုဖူရှန်း အစရှိသည့် စံအိမ်တော်ကလူများအပြင် သုံ့ရှောင်ချင်းနှင့် ဂျီဂျီတို့လည်းရှိသည်။

မုဇီရှင်းက ကောင်းကင်ထက်တွင်ရပ်နေသည်။

ယဲ့ချိုးပိုင်မော့ကြည့်လိုက်၏။

မုဇီရှင်းက တစ်စုံတစ်ရာကို သတိထားမိသည့်အလား ခေါင်းငုံ့ကာ ယဲ့ချိုးပိုင်ကို ကြည့်သည်။

နှစ်ဦးစလုံးကတစ်ဦးကိုတစ်ဦးကြည့်ကာ ပြုံးလိုက်ကြ၏။

မမျှော်လင့်စွာပင် မုဇီရှင်းက တာအိုနယ်ပယ်အစောပိုင်းအဆင့်ကိုရောက်မေလေပြီ။

နိုးထလာတဲ့သွေးစွမ်းအားက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား!

ယုတ္တိတန်စွာပြောရမည်ဆိုပါက ရှေးဟောင်းကလန်သုံးခု၏ဘိုးဘေးများက သွေးပြောင်းလဲခြင်းနယ်ပယ်၌ အဆင့်ချိုးဖျက်ပြီးသည့်တိုင် လူတစ်ယောက်၏ နယ်ပယ်ကို ယခုလိုကျယ့်ပြန်လာအောင် လုပ်နိုင်သည်။

ဒါကအရမ်းချဲ့ကားလွန်းရာမကျသွားဘူးလား!

သို့စေကာမူ ယခုအချိန်က ထိုအကြောင်းကို တွေးတောနေရမည့်အချိန်မဟုတ်ပေ။

လူသားမျိုးနွယ်ကလူတိုင်းက ရန်သူကို တိုက်ခိုက်ကာကွယ်ရန်အတွက် ပြင်ဆင်နေစဉ် သွေးကြောတောင်ပေါ်က မြူခိုးနက်များကလည်း လူသားမျိုးနွယ်ဘက်သို့ တဖြည်းဖြည်းပြန့်ကြဲလာသည်။

မြူခိုးနက်ထဲတွင် မိစ္ဆာစစ်သည်များနှင့် တပ်မှူးအဆင့်မိစ္ဆာများစွာရှိပြီး သိပ်သည်းစွာစုစည်းကာ လှိုင်းတခုပမာ ရောက်လာကြသည်။

ကောင်းကင်တွင်ရပ်နေရင်း မုကျန်းထင် ချက်ချင်းအမိန့်ပေးလိုက်သည်။

"မဟာကမ္ဘာ့သန့်စင်အစီအရင်ကြီးကို ဖွင့်လှစ်လိုက်တော့"

မြို့အပေါ်၌ အစီအရင်ဆရာသခင်များက ထိုအခိုက်အတန့်၌ သူတို့ကိုယ်ထဲက အော်ရာများကို ခွန်အားအကုန်ဖြင့် သုံးစွဲရင်း ကမ္ဘာ့သန့်စင်အစီအရင်အားလုံးကို လှုံ့ဆော်ပေးနေကြ၏။

မဟာကမ္ဘာ့သန့်စင်အစီအရင်တိုင်း၏ အစီအရင်မျက်လုံးများတွင် ကမ္ဘာသန့်စင်ခြင်းအလင်းတခုစီရှိပြီး မိုးတိမ်များကို ဖြတ်သန်းကာ ကောင်း‌ကင်ပေါ်ထိုးတက်သွားသည်။

မြို့တစ်မြို့ချင်းစီကြားက ကမ္ဘာ့သန့်စင်အစီအရင်များကလည်း တစ်ခုနှင့်တစ်ခု စတင်ပေါင်းစပ်လာကြသည်။

ကမ္ဘာ့သန့်စင်ခြင်း၏ ယှဉ်၍မရနိုင်သော ကြွယ်၀သည့်စွမ်းအားများစွာက ထိုအချိန်တွင် မြူခိုးနက်များနှင့် တိုက်မိသွားသည်။

ရုတ်တရက် လေဟာနယ်ထဲတွင် အော်ဟစ်သံများစွာပေါ်လာခဲ့သည်။

ထိုအော်ဟစ်သံများ၏အရင်းအမြစ်များက မဟာကမ္ဘာ့သန့်စင်အစီအရင်၏ တိုက်ရိုက်ဖျက်ဆီးခြင်းကို ခံရသည့် မိစ္ဆာစစ်သည်များဖြစ်ကြသည်။

တပ်မှူးအဆင့်မိစ္ဆာများကမူ ခုခံနိုင်စွမ်းရှိနေသေးသော်လည်း တစ်နည်းအားဖြင့် တုံ့ဆိုင်းနေကြသည်။

ထိုစဉ် နာမည်ကြီးမိစ္ဆာဗိုလ်ချုပ်တစ်ဦးက ပြေး၀င်ကာ မိစ္ဆာစစ်တပ်ရှေ့တွင်ရပ်လိုက်ပြီး သူ့လက်ကိုတချိန်တည်းမှာပင် ဆန့်ထုတ်ရင်း ကမ္ဘာ့သန့်စင်အစီအရင်၏ စွမ်းအားကို ခုခံသည်။

ဤနည်းလမ်းဖြင့်သာ မိစ္ဆာစစ်တပ်က သွေးကြောတောင်ကို ကျော်ဖြတ်နိုင်မည်မဟုတ်ပေလော။

တချိန်တည်းမှာပင် ကောင်းကင်အထက်တွင် ခန့်ညားသည့်လူတစ်ယောက် လေထဲမှ လျှောက်လှမ်းလာပြီး ဒီမြင်ကွင်းကို အေးစက်သည့်အမူအရာဖြသ့် ကြည့်နေသည်။

မုကျန်းထင်နှင့် မျိုးနွယ်စုတိုင်းက အစွမ်းထက်လူအုပ်စုကလည်း အပေါ်သို့ မော့ကြည့်လိုက်ကြသည်။

"မိစ္ဆာမျိုးနွယ်က သွေးပြောင်းလဲခြင်းနယ်ပယ်ဆိုတာ သူလား"

"မှန်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် သူ့ခွန်အားကို ကျုပ်မမြင်နိုင်ဘူး"

"ကျုပ်တို့လုပ်ရမယ်ဆိုရင် သူ့ကိုရပ်ဖို့အတွက် ခွန်အားအကုန်လုံးသုံးရလိမ့်မယ်"

ရန်သူက သွေးပြောင်းလဲခြင်းနယ်ပယ် အစောပိုင်းအဆင့်သာဖြစ်သော်လည်း နယ်ပယ်ပိုမြင့်လေလေ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်ချေက ပိုနည်းလေလေပင်။

တာအိုနယ်ပယ်နှင့် သွေးပြောင်းလဲခြင်းနယ်ပယ်အကြားကွာဟချက်က အရည်အသွေးဆိုင်ရာပြောင်းလဲမှုဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သွေးပြောင်းလဲခြင်းနယ်ပယ်ကို ကူးပြောင်းခြင်းက သွေးက အရည်အသွေးပြောင်းလဲမှုတခုကို ကြုံတွေ့ရခဲ့သည်ဟုဆိုလိုနေခြင်းပင်။

သေမျိုးသွေးကိုသာပိုင်ဆိုင်ထားသေးသည့် လူသားတာအိုနယ်ပယ်များက ဒီလိုအလျားလိုက်ကွာဟချက်ကို မည်သို့မည်ပုံ ကျော်ဖြတ်မည်နည်း။

သူတို့ထဲတွင် ရှေးဟောင်းကလန်သုံးခု၏ ခေါင်းဆောင်များတွင်သာ လှည့်ကွက်တချို့ဖြင့် နှောင့်နှေးအောင် လုပ်ထားနိုင်ပေလိမ့်မည်။

"ခွန်အားကွာဟချက်က အရမ်းကြီးလွန်းတယ်၊ ဘာလို့အရှုံးကိုတိုက်ရိုက်၀န်မခံရတာလဲ၊ ဒါမှမဟုတ် ငါတို့မိစ္ဆာမျိုးနွယ်စုကို အရှုံးမပေးရသေးတာလဲ"

ခန့်ညားသည့်လူကရုတ်တရက်ပြောသည်။

"မင်းတို့အရှုံးကို၀န်ခံနေသရွေ့ အဆင့်မြင့်အင်အားစုတိုင်းက မိစ္ဆာကလန်ကို ၀င်ရောက်နိုင်ပြီး အသက်ရှင်သန်နိုင်တယ်လို့ ငါကတိပေးနိုင်တယ်"

ဆိုလိုတာက အဆင့်မြင့်အင်အားစုများမှလွဲ၍ လူတိုင်းတွင် သေခြင်းတရားဟူသော လမ်းတကြောင်းတည်းသာရှိသည်။

မုကျန်းထင်အနည်းငယ်မျှပင် နောက်မဆုတ်ဘဲ ခပ်ပေါ့ပေါ့ရယ်မောကာ သူ့တကိုယ်လုံးက ဧကရာဇ်ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဧကရာဇ်မျိုးဆက်တခုဖြစ်သည့် မုကျန်းထင်ကို စကားလုံးအနည်းငယ်နှင့် မည်သို့သိမ်းသွင်းနိုင်မည်နည်း။

"အရှုံးကို၀န်ခံရမယ်ဟုတ်လား၊ ပြီးရင် မင်းတို့မိစ္ဆာမျိုးနွယ်ရဲ့ကျွန်ဖြစ်လာရမှာလား"

"ငါတို့သွေးစွမ်းအားက မင်းတို့နဲ့ တနည်းတဖုံကွဲပြားတယ်ဆိုရင်တောင် ငါတို့လူသားမျိုးနွယ်ရဲ့သွေးထဲမှာ မင်းတို့ဆီမှာ တခါမှ မရှိဖူးတဲ့ စိတ်ဓာတ်တခုရှိတယ်"

"အိုး" ခန့်ညားသည့်လူက စူးစမ်းလိုသည့်အသွင် မေးလိုက်သည်။

"ဘာများလဲ"

မုကျန်းထင်စကားလုံးများကိုရပ်လိုက်ပြီးနောက် သူ့အသံကကျယ်လောင်လာပြီး နယ်နိမိတ်မဲ့နယ်မြေတခုလုံးအတွင်း ပျံ့နှံ့သွားသည်။

"လူသားမျိုးနွယ်ရဲ့ အင်အားစုတိုင်းက ကိုယ်ပိုင်အကျိုးစီးပွားအတွက် ပဋိပက္ခဖြစ်ပွားကြတာ ပုံမှန်ဆိုပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုအကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါ ငါတို့က အမုန်းတရားအားလုံးကို ဘေးဖယ်ထားပြီး အရင်ဟာတွေကိုမေ့ပြီး ပြင်ပရန်သူတွေကို အတူတကွတွန်းလှန်ခုခံတတ်ကြတယ်"

ခန့်ညားသည့်လူကခေါင်းညိတ်သည်။

"နားလည်ပြီ၊ ဒီလိုဆိုမှတော့ တယောက်မှ မကျန်တဲ့အထိ အားလုံးကိုသတ်ရမှာပေါ့"

"တိကျတာတခုကတော့ မင်းတို့လူသားမျိုးနွယ်ရဲ့နယ်ပယ်က ပိုမြင့်လေလေ၊ ငါတို့ရဲ့ အစာအာဟာရဖြစ်ဖို့ အရည်အချင်းပိုပြည့်၀လေလေပဲ"

စကားပြောပြီးနောက် သူလက်ဝှေ့ယမ်းသည်။

မိစ္ဆာမျိုးနွယ်က ဆက်လက်ထွက်လာကြပြီး သန့်စင်ကမ္ဘာ၏အလင်းကိုအဆက်မပြတ် ဖိနှိပ်ကာ တုံ့ဆိုင်းမနေဘဲ ရှေ့သို့ ရွေ့နေကြသည်။

ဤအမြန်နှုန်းဖြင့်ဆိုပါက ရန်သူများက မကြာခင် သွေးကြောတောင်ကို ဖြတ်ကျော်နိုင်ပေတော့မည်။

မုကျန်းထင်ကျယ်လောင်စွာအော်ဟစ်သည်။

"လူတိုင်း၊ တိုက်ကြ"

သူတို့ကိုသွေးကြောတောင်အား ဖြတ်ကျော်ခွင့်ပေး၍မရပေ။

မုကျန်းထင်၏အမိန့်အောက်တွင် အောက်ကလူတိုင်းက နယ်မြေပြင်ပကမိစ္ဆာများထံ ပြေးလွှားသွားကြလေတော့သည်။

အတိတ်က အကျိုးစီးပွားပဋိပက္ခရှိခဲ့ဖူးသည့်ဂိုဏ်းများကပင် ယခုအသင်းတသင်းအဖြစ်တည်ရှိနေလေသည်။

တသင်းပြီးတသင်း ဘယ်ညာကနေ နယ်မြေပြင်ပကမိစ္ဆာများထံ အကြောက်တရားကင်းမဲ့စွာ တိုး၀င်သွားကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့နောက်တွင် သူတို့နေထိုင်သည့်နေရာရှိသောကြောင့်ပင်။

အကယ်၍ပြိုင်ဘက်၏သိမ်းပိုက်ခြင်းကို ခံရမည်ဆိုပါက သေခြင်းတရားဆိုသောစကားက မလွှဲရှောင်သာဖြစ်လာရပေလိမ့်မည်။ ဒီအစား ကြိုးစားကြည့်တာက ပိုကောင်းသည်။

အတိတ်က နယ်နိမိတ်မဲ့နယ်မြေ၏ ယခင်လူများ၊ ကြယ်ကြွေဓားဧကရာဇ်နှင့် ကျန်သောသူများက နယ်မြေပြင်ပကမိစ္ဆာများကို တွန်းလှန်နိုင်ခဲ့ကြသည်။

သူတို့တွင်လည်း အခွင့်အလမ်းတခုရှိသည်။

ယဲ့ချိုးပိုင်ဦးဆောင်သည့်စံအိမ်တော်က လူများကလည်း အလွန်အမင်းမြန်ဆန်သည့် နှုန်းဖြင့် သွေးကြောတောင်သို့ ပြေးသွားကြသည်။

မိစ္ဆာဗိုလ်ချုပ်အုပ်စုတစ်စုရပ်နေပြီး ထိုမိစ္တာဗိုလ်ချုပ်အုပ်စုက သိုင်းဧကရာဇ်နယ်ပယ်ကနေ အာရုံထွေပြားခြင်းနယ်ပယ်အထွပ်အထိပ်အဆင့်ထိရှိနေသဖြင့် ယခုလိုမြင်ကွင်းမျိုးက မျက်စိကျစရာပင်။

ကောင်းကင်ထက်ရှိခန့်ညားသည့်လူကလည်း ဆွဲဆောင်ခံနေရသည်။

"ဟမ်၊ သူတို့ကငါ့ရဲ့လုပ်ရပ်ကောင်းတွေကို ဖျက်ဆီးနေတာတွေပေါ့"

"ဒါပေမယ့် ဒီပါရမီက...."

အဆင့်နိမ့်ကြယ်နယ်မြေကို ပျိုးထောင်ရန်ဟူသည် မဖြစ်နိုင်ပုံပေါ်လေသည်။

ဤသည်ကိုတွေးမိသောအခါ ခန့်ညားသည့်လူက လူသတ်ချင်စိတ်ဖြစ်လာပြီး ချက်ချင်းဆိုသလို ထိုနေရာကနေ ပျောက်ကွယ်သွား၏။

မုကျန်းထင်နှင့်တခြားသူများက အနည်းငယ်လန့်သွားပြီး သူတို့၏မျက်နှာများက ထိတ်လန့်နေကြ၏။

မုဇီရှင်းကပို၍ပင်စိုးရိမ်ပူပန်လာပြီး သူမကိုယ်လေးက ယဲ့ချိုးပိုင်တို့ရှိရာဘက်သို့ မသိစိတ်က ပြေး၀င်သွားမိသည်။

ခန့်ညားသည့်လူက စံအိမ်တော်က လူတိုင်းအပေါ်တွင် အမှန်တကယ်ပေါ်လာပြီး လက်ဖဝါးတချက်ရိုက်ထုတ်သည်။

ကြောက်ခမန်းလိလိမိစ္ဆာစွမ်းအားနှင့် မရေမတွက်နိုင်လောက်သည့်တစ္ဆေများ၏စွမ်းအားနှင့်အတူ လက်ဖဝါးချက်က ယဲ့ချိုးပိုင်နှင့်ကျန်သောသူများထံ ကျဆင်းသွားလေတော့သည်။

အပိုင်း(440) coming။

All Chapters