← Chapters

#သံအပိုင်းအစပေးခဲ့သည့် အဖိုးအို#

Vol. 31 Ch. 440

#သံအပိုင်းအစပေးခဲ့သည့် အဖိုးအို#

Vol. 31 Ch. 440

တစ္ဆေကလန်က အဆင့်မြင့်ကြယ်နယ်မြေ၌ လျစ်လျူရှုထား၍မရနိုင်သည့် အင်အားစုတခုဖြစ်သည်။

၎င်းတို့၏သွေးကြောစွမ်းအားက အဆင့်နိမ့်ကြယ်နယ်မြေနှင့် အလယ်အလတ်အဆင့် ကြယ်နယ်မြေရှိ သွေးကြောအားလုံးထက် ပိုအားကောင်းသည်။

မည်သို့ပင်ဆိုစေကာမူ ဒါကကြယ်နယ်မြေ ဒါမှမဟုတ် ရှုထောင့်တခုမဟုတ်ပေ။

ဤမိစ္ဆာမျိုးနွယ်က အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် နေရာရလာခြင်းက သူတို့တွင် တစ္ဆေမျိုးနွယ်သွေးအမျှင်စလေး ရှိနေသောကြောင့်ပင်။

မိစ္ဆာမျိုးနွယ်အဖို့ သူတို့ကိုယ်ထဲတွင် တစ္ဆေမျိုးနွယ်သွေးကို အသက်သွင်းရန်ဟူသည် အလွန်အမင်းခက်ခဲပြီး အခွင့်အရေးက အရမ်းနည်းလွန်းသည်။

အကယ်၍ တစ္ဆေမျိုးနွယ်၏သွေးကိုသာ အသက်သွင်းနိုင်မည်ဆိုပါက သူတို့၏ခွန်အားက အင်မတန်ကြောက်စရာကောင်းသည့်အမြန်နှုန်းတခုအထိ တိုးတက်သွားပေလိမ့်မည်။

ခန့်ညားသည့်လူဖြစ်သည့် ရှီနန်က သူတို့ထဲကတစ်ယောက်ပင်။

အဆင့်နိမ့်ကြယ်နယ်မြေကို အပြည့်အ၀ သိမ်းပိုက်ရန်အတွက် မိစ္ဆာပလန်က နိမ့်ကျသည့်ကြယ်နယ်မြေသို့ ရှီနန်ကိုပင် စေလွှတ်ခဲ့သည်။

ယနေ့ရှီနန်က သွေးပြောင်းလဲခြင်းနယ်ပယ်ခွန်အားကိုပိုင်ဆိုင်ထားသည်။

စံအိမ်တော်ကလူများဆီသို့ ထုတ်လွှတ်လိုက်သည့်လက်ဝါးချက်တွင် သူက တစ္ဆေသွေးစွမ်းအားကိုပါ တိုက်ရိုက်သုံးပစ်ခဲ့သည်။

ကောင်းကင်ကလူသားမျိုးနွယ်များက ဒီမြင်ကွင်းကိုမြင်သောအခါ ပူပန်သွားကြပြီး ကူညီပေးချင်ကြသော်လည်း တခြားမိစ္ဆာဘုရင်များ၏ နှောင့်နှေးအောင်လုပ်ခြင်းကို ခံရသည်။

မုဇီရှင်းကလည်း အလွန်အမင်းစိုးရိမ်ပူပန်နေပုံရပြီး သူမရှေ့ကမိစ္ဆာဘုရင်ကို အရူးတစ်ဦးပမာ တိုက်ခိုက်နေသော်လည်း မကျော်လွှားနိုင်သေးပေ။

မည်သို့ပင်ဆိုစေကာမူ လက်ရှိမုဇီရှင်းက သဟဇာတတာအိုနယ်ပယ် အစောပိုင်းအဆင့်သာဖြစ်သည်။

တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်က မိစ္ဆာဘုရင်ကို ရင်ဆိုင်ရသောအခါ ပတ်၀န်းကျင်ကို ထိုးဖောက်ရန်ဟူသည် မဖြစ်နိုင်။

သိုင်းဧကရာဇ်နယ်ပယ် သို့မဟုတ် အာရုံထွေပြားခြင်းနယ်ပယ်သာရှိသေးသည့် သူများကမူ ခုခံရန်အတွက် ခွန်အားအနည်းငယ်လေးပင် မရှိကြပါ။

မုဖူရှန်း ချက်ချင်းဆိုသလို ကိုးလွှာမိုးကြိုးဒိုင်းသင်္ကေတများကို ထုတ်ယူကာ ရန်သူဆီကနေ ကာကွယ်နေသည်။

ချက်ချင်းပင် သူက ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကိုဆုပ်ညှစ်ရင်း တိုက်ရိုက်အသက်သွင်းလိုက်သည်။

မုဖူရှန်းဒါကိုအရမ်းရိုးစင်းစွာမတွေးထားပေ။

ကိုးလွှာမိုးကြိုးဒိုင်းကိုအားကိုးရုံနှင့် သွေးပြောင်းလဲခြင်းနယ်ပယ်က အင်မတန်အားကောင်းသည့်လူကို တားဆီးနိုင်ပါသည်။

သို့သော် မိုးကြိုးလွတ်မြောက်အဆောင်ကို ထုတ်သုံးစဉ် ရှီနန်က ဒါကို အချိန်အကြာကြီးကတည်းက သတိထားမိပုံရပြီး လက်အစုံကို ဖျစ်ညှစ်လိုက်၏။

ပတ်ပတ်လည်လေဟာနယ်နှင့်အတူ အော်ရာအတင်းအကျအားလုံးက ပိတ်ဆို့ခြင်းခံလိုက်ရသည်။

တစ္ဆေများက စံအိမ်တော်ကလူတိုင်းကို ဆက်လက်၀န်းရံနေကြသည်။

သွေးပြောင်းလဲခြင်းနယ်ပယ်က အရည်အသွေးပြောင်းလဲမှုနယ်ပယ်တခုပင်။

ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်က မည်မျှပင်အားကောင်းပါစေ သွေးပြောင်းလဲခြင်းနယ်ပယ်စွမ်းအားရှင်လက်ထဲက ပြေးနိုင်မည်မဟုတ်။

ဤသည်ကိုမြင်သောအခါ မုဖူရှန်း၏မျက်နှာက အနည်းငယ်ကြည့်ရဆိုးသွားခဲ့သည်။

ကြည့်ရသည်မှာ သူကနယ်ပယ်ကို ဆက်လက်ဖုံးကွယ်ထားရန်ဟူသည် မဖြစ်နိုင်တော့သည့်ပုံပင်။

ရှောင်ဟိုင်ကလည်း နတ်ဆိုးဘုရင်ကို ဆင်းသက်လာစေပြီး ထိုအခြေအနေမှာပင် သူကနတ်ဆိုးသူပုန်များ၏ သတိထားခံရမည့်စွန့်စားမှုအပေါ် တုံ့ဆိုင်းမနေတော့ဘဲ နတ်ဆိုးဘုရင်၏စွမ်းအားကို အပြည့်အ၀ ထုတ်လွှတ်လိုက်လေတော့သည်။

ဟုန်ရင်က ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ထားသည်။

ရှီရှန်းက ကြယ်ကြွေပုဆိန်ကို ထုတ်ယူသည်။

နင်းချန်ရှင်းက တာအိုကျမ်းစာများကို ကိုင်ထားပြီး အက္ခရာကိုးလုံးမန္တန်က သူ့ကိုယ်တဝိုက်တွင် လှည့်ပတ်နေသည်။

တခြားတဘက်တွင် ယဲ့ချိုးပိုင်၏မျက်နှာက လေးနက်နေပြီး ရှင်းယွန်ဓားကိုပင် ထုတ်ယူနေလေပြီ။

သူ့လက်ဖဝါးက ဓားလက်ကိုင်ကို ထိနေသည်။

သူအနည်းငယ်ဆွဲထုတ်နိုင်လျှင်ပင် နယ်ပယ်အများကြီးကိုဖြတ်ကျော်ကာ ဓားချက်အောက်၌ သွေးပြောင်းလဲခြင်းနယ်ပယ်စွမ်းအားရှင်ကို ဖြတ်တောက်ရန်ဟူသည် မဖြစ်နိုင်ပေ။

ထို့ကြောင့် ယဲ့ချိုးပိုင်သေရန်အတွက် စိတ်ဆုံးဖြတ်ပြီးသားပင်။

ကိုယ်ခန္ဓာပျက်စီးပြီး ဝိဉာဉ်ကြေမွသွားမည့်ကံတရားကို လျစ်လျူရှုရင်း ရှင်းယွန်ဓားကို အတင်းဆွဲထုတ်ရပေမည်။

ဤနည်းလမ်းဖြင့်သာ သူတို့တွင် လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အခွင့်အရေးတခုရှိလာပေလိမ့်မည်။

စံအိမ်တော်၏အစ်ကိုကြီးတဖြစ်လဲ သူ့တွင် ဂျူနီယာညီငယ်ညီမငယ်များကို ပြန်ခေါ်သွားရန်အတွက် တာ၀န်ရှိသည်။

ထိုအချိန်မှာပင် သူ့စိတ်ထဲတွင် အဖိုးအိုတစ်ဦး၏အသံထွက်လာခဲ့သည်။

"ကလေးရေ၊ အရမ်းစိတ်မပူပါနဲ့"

ထိုအသံကျဆင်းလာသည်နှင့်တပြိုင်နက် ကောင်းကင်၌ သက်တန့်တခုကဲ့သို့ ဓားရှည်တလက်က အန္တိမဓားဆန္ဒ၏ မီးတောက်အမြီးကို ဆွဲယူကာ လေဟာနယ်၏ အတားအ‌ဆီးများကို ထိုးဖောက်ရင်း ရှီနန်ထံ ရိုက်ချလိုက်သည်။

ထိုဓားကိုခံစားမိသောအခါ ရှီနန်၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းဆိုသလို သူ့လက်ဖဝါးကိုရုပ်သိမ်းကာ ဓားဆီသို့ခွန်အားအပြည့်ဖြင့် ပစ်လွှတ်လိုက်သည်။

ဒီဓား၏စွမ်းအားက သူ့ကိုခြိမ်းခြောက်နေလေရာ ဓားပိုင်ရှင်က သွေးပြောင်းလဲခြင်းနယ်ပယ်ကို ရောက်နေရပေမည်။

တစ္ဆေနှင့်မိစ္ဆာစွမ်းအားဖြင့်ပြည့်နှက်နေသည့်လက်ဝါးချက်က ဓားရှည်နှင့်အတူ ထိပ်တိုက်တွေ့ဆုံသွားသည်။

ကောင်းကင်ထဲတွင် လေဟာနယ်က ချက်ချင်းပြိုကွဲသွားပြီး မရေမတွက်နိုင်လောက်သည့် လေစီးကြောင်းများက ၀န်းကျင်ဧရိယာသို့ ဦးတည်ထိုးတက်လာသည်။ ‌

နောက်ဆက်တွဲကိုခုခံရန်အတွက် လူသားများရော မိစ္ဆာဘုရင်များပါ သူတို့၏ တိုက်ခိုက်မှုများကိုရပ်တန့်ကာ အပြည့်အ၀ ကာကွယ်ရေးအတားအဆီးများကို ထုတ်သုံးလိုက်ရသည်။

မြေပေါ်က ကျင့်ကြံသူများကမူ အဆက်မပြတ်နောက်ဆုတ်နေရသည်။

သွေးပြောင်းလဲခြင်းနယ်ပယ်အားနှစ်ခုတိုက်မိခြင်းက အရမ်းကြောက်မက်ဖွယ်ကောင်းလွန်းသည်။

နယ်နိမိတ်မဲ့နယ်မြေပင်လျှင် မခံမရပ်နိုင်ဖြစ်လာပြီး လေဟာနယ်က တလွှာပြီးတလွှာပြိုကျလာသည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ကာကွယ်ရေးအတားအဆီးအောက်တွင် ထိုမြင်ကွင်းကို သံသယဖြင့်ကြည့်နေခဲ့ကြသည်။

ဒီစွမ်းအားက လျိုကျိယု သို့မဟုတ် လုချန်ရှန်းတို့၏ခွန်အားနှင့်လုံး၀မတူပေ။

ရိုးရှင်းစွာပြောရမည်ဆိုပါက ထိုနှစ်ယောက်၏ခွန်အားနှင့်ယှဉ်မည်ဆိုပါက ယခုကအနည်းငယ်ပိုအားနည်းနေသည်။

သို့စေကာမူ သွေးပြောင်းလဲခြင်းနယ်ပယ်က တခြားစွမ်းအားရှင်များကို သူတို့မသိကြပါ။

အဲဒါကအတိအကျဘယ်သူလဲ!

ဓားရှည်ကိုတွန်းထုတ်ပြီး ရှီနန်နောက်ဆုတ်နေစဉ် ဓားရှည်ကို ဖိုသီဖတ်သီဖြစ်နေသည့် အဖိုးအိုတစ်ဦးလက်ထဲတွင်ကိုင်ထားပြီး ကောင်းကင်ကနေ ထွက်လာသည်။

ရှီနန် အဖိုးအိုကိုလေးနက်စွာကြည့်လိုက်သည်။

"ခင်ဗျားကဘယ်သူလဲ"

ဒီအဆင့်နိမ့်ကြယ်နယ်မြေမှာ သွေးပြောင်းလဲခြင်းနယ်ပယ်က လူသားမျိုးနွယ်တွေ ရှိသေးလို့လား!

အဲဒီရှေးဟောင်းကလန်သုံးခုလို့ခေါ်တဲ့ ကလန်က လူတွေများလား!

သို့စေကာမူ လေထဲကလူသားမျိုးနွယ်စုများအပါအ၀င် ရှေးဟောင်းကလန်သုံးခုကပါ သူတို့မျက်နှာများ၌ သံသယဖြင့် ထိုလူအိုကြီးအားကြည့်နေကြသည်။

သူတို့ကလည်း ဒီသွေးပြောင်းလဲခြင်းနယ်ပယ်က အဖိုးအိုကိုမသိသည်မှာ သိသာထင်ရှားနေသည်။

သို့စေကာမူ ယဲ့ချိုးပိုင်၊ ရှီရှန်းနှင့်ရှောင်ဟိုင်တို့က အဖိုးအိုကိုမြင်သောအခါ သူတို့မျက်နှာက အနည်းငယ်ပြောင်းလဲသွားကြ၏။

ဒီအဖိုးအိုက လုံချီမြို့တွင်ရှိပြီး ယဲ့ချိုးပိုင်တို့ကို သံချေးတက်နေသည့်သံအပိုင်းအစတခုပေးခဲ့သည့်အဖိုးအိုပေတည်း။

သံချေးတက်နေသည့်သံအပိုင်းအစက ကြယ်ကြွေဓားဧကရာဇ်ရုပ်တုလက်ထဲက ဓား၏ ပျောက်ဆုံးနေသည့်အပိုင်းပင်။

ဒါပေမယ့် ဒီအဖိုးကြီးက ဘာလို့အရမ်းအစွမ်းထက်နေရတာလဲ!

ပြီးတော့သူနှင့် ကြယ်ကြွေဓားဧကရာဇ်ကြားက ဆက်ဆံရေးကဘာလဲ!

ဘာလို့ကြယ်ကြွေဓားရဲ့အပိုင်းအစက သူ့ဆီမှာရှိနေရတာလဲ!

မေးခွန်းများစွာက ယဲ့ချိုးပိုင်တို့သုံးယောက်၏ နှလုံးသားထဲတွင် စွဲကျန်နေသည်။

ဓားရှည်ကိုင်ထားသည့်အဖိုးအိုက ရှေ့က ရှီနန်ကိုကြည့်ပြီး အပြုံးတခုကိုပြသလိုက်သည်။

"မိစ္ဆာမျိုးနွယ်က မိစ္ဆာလေး၊ မင်းဒီလူကို သတ်လို့မရဘူး"

ရှီနန်၏မျက်နှာကလေးနက်နေပြီး တစ္ဆေများက သူ့ကိုယ်ခန္ဓာကို ညတာတွင်လမ်းလျှောက်နေသည့်တ‌စ္ဆေများအလား ၀န်းရံနေသည်။

"ခင်ဗျားကဘယ်သူလဲ၊ အထက်ကလား"

အဖိုးအိုကအပြုံးဖြင့်ခေါင်းခါယမ်းသည်။

"ငါဘယ်သူလဲဆိုတာအရေးမကြီးဘူး၊ ဒါပေမယ့်ဟိုအောက်ကလေးက တယောက်ယောက်ရဲ့နှစ်သက်ခြင်းကို ခံနေရတယ်၊ တခြားသူတွေဆိုရင်တော့ အရေးမကြီးဘူး၊ ဒါပေမယ့် မင်းသူ့ကိုသတ်မယ်ဆိုရင်တော့ မရဘူး"

"ကျုပ်ကသတ်မယ်ဆိုရင်ရော"

ရှီနန်၏မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းဆန္ဒများက ပွင့်လန်းလာသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့က အတော်လေးပါရမီရှိပြီး အဆင့်နိမ့်အဆင့်ကြယ်နယ်မြေတွင်ရှိသည့်တိုင် အတော်လေးမောက်မာကြသည်။

သူတို့တွင်ယခုသေမျိုးသွေးရှိသော်လည်း တနေ့နေ့တွင် မဟာအခွင့်အ‌ရေးတခုနှင့် ကြုံတွေ့ရတဲ့အခါ သေမျိုးသွေးကိုပင် ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေလိမ့်မည်။

ရှီနန် ဒီလိုအခွင့်အရေးသေးသေးလေး ပေါ်လာမှာကိုပင် ခွင့်ပြုမည်မဟုတ်။

အဖိုးအိုကဓားရှည်ကိုခါယမ်းစဉ် ဓားဆန္ဒကကောင်းကင်ပေါ် ထိုးတက်သွား၏။

"မင်းကြိုးစားကြည့်လို့ရတယ်၊ ဒါပေမယ့် မင်းလုပ်နိုင်တယ်ဆိုရင် ဒီအဖိုးကြီးလက်ထဲကဓားနဲ့ သူတို့ကိုသတ်လို့ရတယ်"

ရှီနန်တိတ်ဆိတ်နေသည်။ သို့သော်သူက လှုပ်ရှားရန်အတွက် မကြိုးစားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့ရှေ့ကလူက အနည်းဆုံး သွေးပြောင်းလဲခြင်းနယ်ပာ် အထွပ်အထိပ်အဆင့်တွင် ရှိနေသောကြောင့်ပင်။

ဒါကသူယနေ့ဆန့်ကျင်၍မရသည့် တည်ရှိမှုမျိုးပင်။

"ခင်ဗျားထာ၀ရထိန်းသိမ်းထားနိုင်မှာလား"

"အနည်းဆုံးတော့ အခုမင်းသတ်လို့ မရတော့ဘူးလေ"

ယခုတော့ဒီလောက်သာဖြစ်လေရာ ရှီနန်နောက်ဆုတ်လိုက်သည်။

အဖိုးအိုကလည်းထပ်၍မလှုပ်ရှားတော့ပါ။

သူကယဲ့ချိုးပိုင်အားကြည့်လိုက်သည်။

"ဒါပြီးရင် မင်းကိုယ်တိုင်ဖြေရှင်းရမယ်၊ တကယ်လို့ဒီစမ်းသပ်မှုကို မင်းမအောင်မြင်ဘူးဆိုရင် အဲဒီလူကို တွေ့ဖို့အတွက် အခွင့်အရေးရှိလာမှာမဟုတ်ဘူး"

အဲဒီလူလား!

အဲဒါဘယ်သူလဲ!

အပိုင်း(441) coming။

All Chapters