← Chapters

#ဓားသင်္ချိုင်း#

Vol. 31 Ch. 441

#ဓားသင်္ချိုင်း#

Vol. 31 Ch. 441

အဖိုးအို၏ပေါ်ပေါက်လာခြင်းက ယဲ့ချိုးပိုင်နှင့်တခြားသူများထက်အများကြီး ပိုအားကောင်းသည့် ရှီနန်းအား သူတို့ကို ခေါင်းဖြတ်မည့်ရန်ကနေ တားဆီးရန်သာ။

တခြားအရာများကိုပင် သူဂရုမစိုက်ပေ။

အကယ်၍အားလုံးကိုဂရုစိုက်နေရမည်ဆိုပါက နောက်ထပ်ဘာများကျင့်ကြံနေရပေတော့မည်နည်း။

ငြိမ်ငြိမ်လေးလှဲနေတာကပိုမကောင်းဘူးလား!

ယဲ့ချိုးပိုင် အဖိုးအိုအားလက်နှစ်ဖက်ဆုပ်သည်။

"ကျေးဇူးပါစီနီယာ၊ ကျန်တာတွေကို ကျွန်တော်တို့လုပ်လိုက်ပါမယ်"

အဖိုးအိုကခေါင်းညိတ်သည်။

"မင်းနားလည်တာကောင်းတယ်၊ ဒါကမင်းမှာ နှလုံးသားကောင်းရှိတာကို ပြသနေတာပဲ"

ထို့ကြောင့် ယဲ့ချိုးပိုင်ရှင်းယွန်ဓားကို သိမ်းဆည်းလိုက်သည်။

ကျန်သောသူများကလည်း ဝှက်ဖဲများကို သိမ်းဆည်းလိုက်ကြပြီး မိစ္ဆာဗိုလ်ချုပ်များထံ ဆက်လက်ပြေး၀င်သွားကြ၏။

ရှီနန်၏မျက်နှာကကြည့်ရဆိုးနေပြီး အပေါ်စီးကနေ အမိန့်ပေးလိုက်သည်။

"မိစ္ဆာဗိုလ်ချုပ်အားလုံးအမိန့်ကိုနာခံကြ၊ ဘာပဲပေးဆပ်ရပေးဆပ်ရ ဒီလူတွေကို သတ်ပစ်"

ရှီနန်က တိုက်ရိုက်မဆောင်ရွက်နိုင်သော်လည်း အမိန့်ပေးနိုင်ပါသေးသည်။

မုကျန်းနှင့်ကျန်သောထိပ်တန်းစွမ်းအားရှင်များကလည်း စံအိမ်တော်ကလူများ အသတ်ခံရမည်ကို မမြင်တွေ့လိုကြရာ ချက်ချင်းအမိန့်ထုတ်လိုက်လေသည်။

ယဲ့ချိုးပိုင်တို့ကိုကာကွယ်ကြ!

သို့သော်မိစ္ဆာများက အများကြီးရှိလေရာ လူသားမျိုးနွယ်က ဘေးကျပ်နံကျပ်ဖြစ်နေသည်။ ထို့ကြောင့်သူတို့အား မည်သို့ မည်ပုံကူညီရမည်နည်း။

စံအိမ်တော်ကလူတိုင်းအား မိစ္ဆာဗိုလ်ချုပ်တစ်ဒါဇင်ကျော်က၀န်းရံလိုက်ကြ၏။

မိစ္ဆာစွမ်းအားများက သွေးကြောတောင်အပေါ်က ကောင်းကင်အား ဖုံးလွှမ်းနေသည်။

မူလကောင်းကင်ပြာက ထိုအခိုက်အတန့်၌ မှင်ဖြင့်ဖြန်းခံလိုက်ရသည့်အလား မြူခိုးနက်များဖြင့် ဖုံးအုပ်နေသည်။

စံအိမ်တောါကလူများက မိစ္ဆာဗိုလ်ချုပ်များကြောင့် လူသားမျိုးနွယ်၏ တခြားအသင်းများကနေ သီးခြားစီ ခွဲထုတ်ခံရသည်။

ဒါက ယနေ့ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ စစ်မှန်သည့်သရုပ်ဖော်ချက် ဖြစ်လာတော့မည့်ပုံရသည်။

"အခြေအနေက နည်းနည်းဆိုးပုံပဲ"

မုဖူရှန်း သူတို့အား၀န်းရံထားသည့် တပ်မှူးအဆင့်မိစ္ဆာများနှင့် မိစ္ဆာဗိုလ်ချုပ်တစ်ဒါဇင်ကျော်ကို ကြည့်လိုက်သည်။

ဟုန်ရင်ရယ်မောလိုက်သည်။

"ငါတို့က အကြိမ်တိုင်းလိုလို ဒီလိုအ‌ခြေအနေမှာကျရောက်နေရပုံပဲ၊ ဒါဘယ်သူ့အပြစ်လို့ထင်လဲ"

ထို့ကြောင့်လူတိုင်းယဲ့ချိုးပိုင်ကိုကြည့်လိုက်ကြသည်။

ယဲ့ချိုးပိုင်ရှက်သွားပြီး ကိုးပေရှည်ကြယ်ကြွေဓားကိုထုတ်ယူကာ ငြင်းလိုက်သည်။

"ဒါငါ့ကြောင့်မဟုတ်ဘူးလေ၊ လူတွေက ငါတို့ကိုပစ်မှတ်ထားနေကြတာက ငါတို့အရမ်းတော်တယ်ဆိုတာပြနေတာပဲလေ"

နင်းချန်ရှင်းက အညှာအတာကင်းမဲ့စွာပင်ဖော်ပြသည်။

"ဘာလို့လဲဆိုတော့ အစ်ကိုကြီးက အရမ်းကိုပြသရတာကို သဘောကျလို့လေ"

ယဲ့ချိုးပိုင် "...ညီလေး၃၊ မင်းပြောင်းလဲသွားပြီ၊ အရင်က မင်းဒီလိုပြောရတာတွေကို မကြိုက်ဘူးမလား"

သုံ့ရှောင်ချင်းနှင့်ဂျီဂျီတို့က အစက အရမ်းစိုးရိမ်နေကြသော်လည်း ရလဒ်ကို မြင်ရသောအခါ သူတို့ကျယ်လောင်စွာ ရယ်လိုက်မိကြသည်။

သူတို့နှလုံးသားထဲက တင်းကြပ်မှုများကလည်း ပျောက်ကွယ်သွားကြ၏။

သို့စေကာမူ စံအိမ်တော်ကလူတိုင်းက သုံ့ရှောင်ချင်းနှင့်ဂျီဂျီတို့အဖို့ စိတ်လှုပ်ရှားစရာပင်။

ဒီလိုအခြေအနေမျိုးကျရောက်နေတာတောင် သူတို့က အေးအေးဆေးဆေးနဲ့ စနောက်နေနိုင်ကြသေးတာလား!

"ကောင်းပြီ၊ စနောက်မနေကြနဲ့တော့၊ တကယ်လို့ငါတို့ဘာမှမလုပ်ဘူးဆိုရင် တဖက်လူက စိတ်မရှည်ဖြစ်နေဦးမယ်"

"ကြည့်ဦး၊ သူတို့မျက်နှာကအပြာကြီးဟ"

မိစ္ဆာမျိုးနွယ် "...."

ဘာလား၊ ငါတို့မိစ္ဆာတွေရဲ့အသားအရေက အစကတည်းကဒီလိုပဲလေ!

စစ်ပွဲကစတင်ပေတော့မည်!

မိစ္ဆာဗိုလ်ချုပ်အားလုံးက စံအိမ်တော်က လူတိုင်းထံပြေး၀င်သွားကြ၏။

တချိန်တည်းမှာပင် နောက်ကျော၌ လွှမ်းမိုးထားသည့် တပ်မှူးအဆင့်မိစ္ဆာများကလည်း မရေမတွက်နိုင်လောက်သော မိစ္ဆာစွမ်းအားများကို အတူတကွထုတ်လွှတ်လိုက်ကြသည်။

၎င်းအလွန််အမင်းသိပ်သည်းသည့်မြူခိုးနက်များအဖြစ်ပြောင်းလဲကာ အလွန်ထူထဲပုံရပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများထံ ၀င်ရောက်သွားကြသည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ပြောသည်။

"အရင်ဆုံးဒီနေရာကိုအရင်ရှင်းကြရအောင်"

စကားပြောပြီးနောက် သူ့လက်ထဲက ကြယ်ကြွေဓားကို မြှောက်လိုက်သည်။

တခဏအကြာတွင် ဓားပိုင်နက်များက လေဟာနယ်ကိုဖြတ်သန်းသွား၏။

သူကဓားသိုင်းနယ်ပယ်တွင် စကြာ၀ဠာဓားသခင်နယ်ပယ်သို့ချိုးဖျက်ခဲ့သည်သာမက တချိန်တည်းမှာပင် သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်သို့ ရောက်လာခဲ့သည်။

ထို့ကြောင့် ယဲ့ချိုးပိုင်၏ဓားပိုင်နက် စက်ကွင်းကလည်း ပို၍ပင်ကျယ်ပြန့်လာသည်။

ဓားသခင်နယ်ပယ်ဓားဆန္ဒက ဓားစက်ကွင်း၌ပြည့်နှက်နေပြီး ကောင်းကင်ဆီသို့ ထိုးတက်သွား၏။

မိစ္ဆာစွမ်းအားအောက်တွင် ဓားသခင်နယ်ပယ်ဓားဆန္ဒက မြည်ဟီး‌နေသည်။

ထိုအချိန်တွင် မတူညီသည့်အသွင်လေးခုက ဓားစက်ကွင်းထဲတွင် ပေါင်းစပ်သွားသည်။

တချိန်တည်းမှာပင် အကြွင်းမဲ့မဟာ‌ဓားလေးစင်းနည်းစနစ်က ခွန်အားပြည့်၀သွားပြီး ဓားသခင်နယ်ပယ်ဓားဆန္ဒအမျှင်တန်းများနှင့်အတူ မြည်ဟီးလာသည်။

ထို့နောက် ကောင်းကင်ထက်တွင် ကိုးပေရှည်ဓားများအဖြစ်ပြောင်းလဲသွား၏။

ကိုးပေရှည်ဓားတိုင်းကို ယဲ့ချိုးပိုင်၏ ဓားသိုင်းနားလည်မှုဖြင့် ပေါင်းစပ်ထားသည်။

အကြွင်းမဲ့ဓားလေးစင်းအစီအရင်!

အာဒိကပ္ပဓားသိုင်း ( တိုင်ချူဓားကျမ်းဂန်)!

ကြယ်ကြွေဓားပညာရပ်!

ထောင်သောင်းချီသည့်ကိုးပေရှည်ဓားချက်များက ကောင်းကင်ထဲတွင် ထူထပ်စွာ ရစ်ဝဲနေပြီး ခေါင်းအထက်၌ရပ်နေသည့် ဓားရေးအကတခုအလား ထင်ရသည်။

ရန်သူလှုပ်ရှားလာသည်နှင့်တပြိုင်နက် ခေါင်းဖြတ်စက်တခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကာ သနားညှာတာခြင်းမရှိဘဲ သတ်ပစ်ပေလိမ့်မည်။

ယဲ့ချိုးပိုင် သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်တွင်ရှိစဉ်က ယခုလိုဓားပမာဏကို အောင်မြင်ရန်ဟူသည် မဖြစ်နိုင်ဟု ဆို၍ရသည်။

သို့စေကာမူ ယဲ့ချိုးပိုင်က သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်သို့ ချိုးဖျက်ခဲ့ပြီးလေပြီ။

သူ့ကိုယ်ထဲကထုတ်လွှတ်သည့်အော်ရာနှင့် ခွန်အားက သိသိသာသာပင် တိုးတက်လာသည်။

သို့သောမိစ္ဆာစစ်တပ်က သေရမှာကိုမကြောက်ကြပေ။

ခေါင်းပေါ်၌ရစ်ဝဲနေသည့် ကိုးပေရှည်ဓားများက သူတို့ကိုမတားဆီးနိုင်ဘဲ သူတို့က သတ်ရန်အတွက် ပြေးလာကြခြင်းပင်။

ဤမြင်ကွင်းကိုကြည့်ရင်း ယဲ့ချိုးပိုင် လက်ထဲက ကြယ်ကြွေဓားကို မြှောက်ချလိုက်လေသည်။

"ဓားသင်္ချိုင်း......"

တခဏအကြာတွင် ဓားစက်ကွင်းထဲ၌ မိစ္ဆာများ၏ခေါင်းပေါ်ရစ်ဝဲနေသည့်ကိုးပေရှည်ဓားများက ပြင်းထန်သည့်မုန်တိုင်းတစင်းပမာ ကျဆင်းလာသည်။

ဓားဆန္ဒက လေပြင်းတစင်းကဲ့သို့ဖြစ်ပြီး ဓားများက ရေချိုးပေးနေသည်နှင့်တူသည်။

ထို့နောက် မိုးစက်လေးတွေကဲ့သို့ ထူထဲသိပ်သည်းကာ မိစ္ဆာကလန်ပေါ်သို့ ကျဆင်းလာသည်။

ကိုးပေရှည်ဓားရှည်များက တလက်ပြီးတလက် တပ်မှူးအဆင့်မိစ္ဆာများ၏ ဝိဉာဉ်ကို ကောင်းကင်ကနေထိုးဖောက်ကာ ဖုံးလွှမ်းပစ်သည်။

ဓားတစ်လက်စီက မိစ္ဆာကလန်၏ ခွေးတကောင်အသက်ကို ယူဆောင်သွားသည်။

ထိုအခိုက်အတန့်၌ အော်ဟစ်သံများက အဆက်မပြတ်ထွက်ပေါ်နေသည်။

ရှီနန် ဤမြင်ကွင်းကို အလွန်အမင်းကြည့်ရဆိုးသည့်အမူအရာဖြင့် ကြည့်နေသည်။

ကောင်းကင်ပေါ်က အကူအညီလာမပေးနိုင်သည့် လူသားမျိုးနွယ်များကလည်း အနည်းငယ်အံ့ဩသင့်နေကြ၏။

ဒီတာဝေးတိုက်ခိုက်မှုအဆင့်တွင် ယခုလို သတ်ဖြတ်ခြင်းစွမ်းအားမျိုးရှိနေသည်။

ယခုလိုဓားသိုင်းစွမ်းအားကို သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်သာဖြစ်သည့် ယဲ့ချိုးပိုင်တစ်ဦးတည်းပြသခဲ့ခြင်းပင်။

အရမ်းမိုက်လွန်းတယ်!

အရည်အချင်းက သူ့လက်ရှိနယ်ပယ်ကိုပင် ကျော်လွန်သွားပြီဟုဆို၍ရသည်။

စံအိမ်တော်ကလူများကသာ ထိုမြင်ကွင်းကို အနည်းငယ်မျှပင် အံ့ဩသင့်ခြင်းမရှိသည့် အမူအရာများဖြင့်ကြည့်နေကြသည်။။

ဓားဆန္ဒကနေပြောင်းလဲထားသည့် ကိုးပေရှည်ဓားများက မိစ္ဆာကလန်သားများ၏ ခေါင်းကို တစ်ခုပြီးတခုထိုးဖောက်သွားပြီး ထိပ်ကနေထိုးဖောက်ကာ အောက်ကနေ ထွက်လာသည်။

ယဲ့ချိုးပိုင်အနီးမြေပြင်၌ မရေမတွက်နိုင်လောက်သောမိစ္ဆာများက ပုံရိပ်ယောင်ဓားရှည်များဖြင့် ကွပ်မျက်ခံနေရသည်။

ပတ်ပတ်လည်တွင် ထူထဲသိပ်သည်းသည့် ဓားရှည်များနှင့် မိစ္ဆာများ၏ အလောင်းများသာရှိသည်။

ဒါကဓားသင်္ချိုင်းပေတည်း။

ထိုတပ်မှူးအဆင့်မိစ္ဆာများတင်မဟုတ်ဘဲ မိစ္ဆာဗိုလ်ချုပ်များက ထိုဓားရှည်များကြောင့် တိုက်ရိုက်ခေါင်းဖြတ်ခြင်း မခံရသော်လည်း မုန်တိုင်းတစ်စင်းသဖွယ် ဓားဆန္ဒနှင့်အတူ ကျဆင်းလာသည့်ဓားရှည်များအား တွန့်ဆုတ်စွာခုခဲနေဆဲပင်။

တဖက်လူက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်သာရှိသည့်တိုင် အာရုံထွေပြားခြင်းနယ်ပယ်မိစ္ဆာဗိုလ်ချုပ်များကို အရှက်ရစေသည်။

ဒါကတာဝေးတိုက်ခိုက်မှုတခုသာဖြစ်သည်။

ထိုအချိန်တွင် စံအိမ်တော်က ကျန်သောသူများကလည်း ထိုသို့မနေတော့။

တဖက်လူများကလုံး၀လွတ်လပ်နေတာကို မြင်ရသောအခါ ဟုန်ရင် ပြန်လည်မွေးဖွားခြင်းလှံကိုကိုင်ပြီး ဦးဆောင်ခဲ့သည်။

အာရုံထွေပြားခြင်းတ၀က်အဆင့်ခွန်အားက ထိုအခိုက်အတန့်၌ သံသယမရှိထွက်လာသည်။

ပြန်လည်မွေးဖွားခြင်းအဓိပ္ပာယ်က ထိုးတက်လာပြီး ပြန်လည်မွေးဖွားခြင်းလှံကို နဂါးတစ်ကောင်ပမာရစ်ပတ်ကာ တစ်ချက်တည်းဖြင့် ထိုးဖောက်ပစ်သည်။

လှံကနဂါးတစ်ကောင်အလား မိစ္ဆာဗိုလ်ချုပ်တစ်ဦး၏ရင်ဘတ်ကို တိုက်ရိုက် ဖောက်ထွင်းသွား၏။

ပြန်လည်မွေးဖွားခြင်းအဓိပ္ပာယ်က သူ့ကိုယ်ခန္ဓာ၌အဆက်မပြတ်မြည်ဟီးကာ သူ့ဝိဉာဉ်ကို ဝါးမြိုနေသည်။

ရှောင်ဟိုင်က နတ်ဆိုးဘုရင်တစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ထိုးနှက်လိုက်သည်။

သူ့ကိုယ်ထဲက နတ်ဆိုးသွေးက ထိုအခိုက်အတန့်၌ ပတ်ပတ်လည်ကမိစ္ဆာများကို အဆက်မပြတ်ဖိနှိပ်ထားသည်။

နင်းချန်ရှင်းက သင်္ကေတကိုးခုမန္တန်ကို နှလုံးသားထဲကနေရေရွတ်ကာ ဗိုလ်ချုပ်ကိုဆင့်ခေါ်ရင်း မိစ္ဆာများကိုသတ်စေသည်။

ရှီရှန်းကလည်း ကြယ်စွမ်းအားဖြင့် ဖိနှိပ်သည်။

မုဖူရှန်းကမူ သတ်ဖြတ်ခြင်းသင်္ကေတများကိုပစ်လွှတ်ကာ အလောင်းများကို အပိုင်းပိုင်းအစစဖြစ်သွားပြီး အဆုံးသတ်သွားစေသည်။

စံအိမ်တော်ကပြသသည့် အံ့ဖွယ်စွမ်းအားက ပြိုင်ပွဲ၏အရှိန်ကိုတိုးမြှင့်စေသည်။

သို့စေကာမူထိုသို့ဆိုလျှင်ပင် လွှမ်းမိုးထားသည့်မိစ္ဆာတိုက်ချက်များကို ခုခံရန် ခက်ခဲနေသေးကာ တိုက်ခိုက်ပြီး နောက်ဆုတ်နေရသည်။

မည်သို့ပင်ဆိုစေကာမူ နှစ်ဘက်ကြားက ကွာဟချက်က ကြီးမားနေဆဲပင်။

အပိုင်း(442) coming။

All Chapters