← Chapters

#ဒီကမ္ဘာသို့လာခြင်း#

Vol. 31 Ch. 442

#ဒီကမ္ဘာသို့လာခြင်း#

Vol. 31 Ch. 442

ဓားစွမ်းအင်က လီသုံးသောင်းကိုလွှမ်းခြုံသွားပြီး အေးခဲပြည်နယ်ဆယ့်လေးခုကို ဓားတလက်ဖြင့် လွှမ်းမိုးပစ်သည့်အလား ထင်ရသည်။

ယဲ့ချိုးပိုင်နှင့်စံအိမ်တော်က ကျန်သောတပည့်များက သူတို့၏နတ်ဘုရားစွမ်းအားများကို ပြသကြသည်။

‌ဒါကစစ်ပွဲဖြစ်နေလေရာ အမြင့်ဆုံးတိုက်ခိုက်‌ရေးစွမ်းအားကလွဲပြီး ကိုယ်ပိုင်စွမ်းအားနှင့်မသက်ဆိုင်ပေ။

လူသားမျိုးနွယ်နှင့် နယ်မြေပြင်ပက မိစ္ဆာမျိုးနွယ်ကြားတွင် အလယ်အလတ်ကြယ်နယ်မြေနှင့် အဆင့်နိမ့်ကြယ်နယ်မြေအကြားက ခွန်အားအရာ၌ ကြီးမားသည့် ကွာဟချက်ရှိသည်သာမက ထိပ်တနမးတိုက်ခိုက်ရေးစွမ်းမားကလည်း ကင်းမဲ့နေသည်။

‌ယနေ့ကောင်းကင်ထဲတွင် မိစ္ဆာဘုရင်များ၏ အဆက်မပြတ်ဖိနှိပ်မှုအောက်တွင် တာအိုနယ်ပယ်လူသားစွမ်းအားရှင်များက တဖြည်းဖြည်းကျဆင်းလာသည့် လက္ခဏာကို ပြသနေသည်။

မုကျန်းထင် မင်းဆက်၏ကံကြမ္မာကိုငှားယူကာ တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်ခွန်အားဖြင့် ရန်သူမိစ္ဆာဘုရင်နှစ်ပါးကို တစ်ဦးတည်းခုခံနေသည်။

ရှေးဟောင်းကလန်သုံးခု၏ခေါင်းဆောင်များကလည်း ထိုအခိုက်အတန့်၌ သူတို့ကိုယ်ထဲက သွေးစွမ်းအားအလုံးစုံကို ချက်ချင်းထုတ်လွှတ်ကြသည်။

ကြယ်ကြွေဂိုဏ်းရှိရာဘက်တွင် အန္တိမဓားဆန္ဒက အဆက်မပြတ်ထိုးထွက်နေသည်။

ထို့နောက် တခြားပင်မဂိုဏ်းများစွာက တာအိုစွမ်းအားရှင်များက တချိန်တည်းတွင် ပစ်လွှတ်လိုက်ကြ၏။

သူတို့က မိစ္ဆာဘုရင်တွေနှင့် ယှဉ်လို့မရသေးတာက၀မ်းနည်းစရာပင်။

အရေအတွက်နှင့်ခွန်အားအရာ၌ ကြီးမားသည့်ကွာဟချက်တခုရှိနေသေးသည်။

မိစ္ဆာမျိုးနွယ်တွင် သွေးစွမ်းအား၏ ကောင်းချီးရှိပြီး ရုပ်ခန္ဓာကွာခြားချက်နှင့် အတူဆိုပါက အဆင့်နိမ့်ကြယ်နယ်မြေတွင် နယ်ပယ်တူ၌ ပြိုင်ဘက်မရှိပေ။

အကြောင်းရင်းများစွာက လူသားမျိုးနွယ်အား တဖြည်းဖြည်းနောက်ဆုတ်လာစေသည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကမူ အသာစီး‌ရနေသည်။

သို့သော်တယောက်တည်းထောက်ပံ့ပေးရန်ဟူသည် ခက်ခဲသည်။ မည်သို့ပင်ဆိုစေကာမူ စံအိမိတော်က လူတိုင်း၏နယ်ပယ်က တိုက်ပွဲအခြေအနေရပ်တခုလုံးကို သက်ရောက်ရန် မလုံလောက်သေးပါ။

မုကျန်းထင် ကျဆင်းလာခြင်းက တဖြည်းဖြည်းပို၍သိသာထင်ရှားလာနေတာကို မြင်ရသောအခါ ရွေးချယ်စရာမရှိတော့သဖြင့် အော်ဟစ်လိုက်လေသည်။

"စစ်တပ်တခုလုံးအမိန့်နာခံကြ၊ လုံချီမြို့ကိုဆုတ်ခွာမယ်၊ အစီအရင်ကိုအသက်သွင်းပြီး အဲမှာတပ်စွဲကြမယ်"

နောက်ဆုတ်ရန်အမိန့်ပေးလာသောအခါ လူတိုင်းက‌လုံး၀တုံ့ဆိုင်းမနေကြတော့ဘဲ လုံချီမြို့သို့ရောက်လာသည်အထိ တိုက်ခိုက်ပြီး ဆုတ်ခွာနေကြ၏။

ကမ္ဘာ့သန့်စင်အစီအရင်က ထိုအချိန်တွင် အရှိန်အဟုန်ဖြင့် လည်ပတ်နေသလို တချိန်တည်းတွင် နယ်မြေပြင်ပကမိစ္ဆာများကလည်း သွေးကြောတောင်အား လုံး၀ ဖြတ်ကျော်နိုင်ခဲ့ကြသည်။

နယ်နိမိတ်မဲ့နယ်မြေ၏ မထမဆုံးကာကွယ်ရေးလိုင်းက ချိုးဖျက်ခံလိုက်ရပြီဟု ဆို၍ရသည်။

မြောက်မြားစွာသော ကမ္ဘာ့သန့်စင်အခင်းအကျင်းများ၏ပူးပေါင်းမှုနှင့်အတူ မိစ္ဆာလူမျိုးများ၏ ခရီးပေါက်မှုကို သူတို့က အောင်မြင်စွာ ခုခံနိုင်ခဲ့သည်။

မုကျန်းထင်နှင့် ကလန်များမှ တာအိုပညာရှင်အုပ်စုများက မဟာကမ္ဘာ့သန့်စင်အစီအရင်၏ အကူအညီဖြင့် မိစ္ဆာဘုရင်များ၏ တိုက်ခိုက်မှုကို အောင်အောင်မြင်မြင် ခုခံနိုင်သည်။

ရှီနန်း ဤမြင်ကွင်းကို အလွန်အမင်းကြည့်ရဆိုးသည့်အမူအရာဖြင့်ကြည့်နေသည်။

သူဒီကမ္ဘာကိုမ၀င်လာခင်ကလည်း ဘယ်သူဖန်တီးထားမှန်းမသိဘဲ သတ်ဖြတ်ခြင်းအစီအရင်များက သူ့လူများကို လုံး၀ဖျက်ဆီးသုတ်သင်ပစ်ခဲ့သည်။

ယခုတွင်မူ အဖိုးအိုက သူ့ကိုထပ်မံထိန်းချုပ်ထားပြန်သည်။ မဟုတ်ပါက ဒီလူသားပုရွက်ဆိတ်များကို သတ်ရန် သူ့စွမ်းအားကိုသုံးလျှင်ပင်ရပြီး တချိန်တည်းတွင် နယ်နိမိတ်မဲ့နယ်မြေကိုလည်း သိမ်းပိုက်ရယူနိုင်သည်။

ယခုတွင်မူ သူတို့က သူတို့အား ထိန်းချုပ်နိုင်စွမ်းရှိသည့် အစီအရင်များ၏ ဖမ်းဆုပ်ခြင်းကို ခံရပြန်သည်။

အဆင့်နိမ့်ကြယ်‌နယ်မြေအပေါ် မျက်စိကျနေသည့် အလယ်အလတ်အဆင့်ကြယ်နယ်မြေက အင်အားစုများကို တွေးမိသောအခါ ရှီနန်အနည်းငယ်ပူပန်သွားရသည်။

သူတို့ကနယ်နိမိတ်မဲ့နယ်မြေကို မသိမ်းနိုင်တာမဟုတ်သော်လည်း အချိန်ပိုကြာလေလေ နောက်ထပ်လှုပ်ရှားသူများလည်း ရှိလာပေလိမ့်မည်။

အကယ်၍ အလယ်အလတ်အဆင့်ကြယ်နယ်မြေက အင်အားစုအုပ်စုကသာ သိသွားပါက ဒီနယ်မြေကိုရောက်လာပေလိမ့်မည်။

ထို့နောက် ဒီအဆင့်နိမ့်ကြယ်နယ်မြေက တခြားအင်အားစုများ၏ ကိတ်မုန့်ပမာ နှစ်ပိုင်းခွဲခြင်းကို ခံရသွားလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ထိုအင်အားစုများက မိစ္ဆာမျိုးနွယ်ထက် ပိုအားကောင်းသည်။

ရှီနန်၏မျက်နှာကမည်းမှောင်နေသည်။

သူဘေးဘီဝဲယာကြည့်ကာ ဟာကွက်ကို ရှာဖွေစဉ် မဟာကမ္ဘာ့သန့်စင်အစီအရင်များကို တခုနှင့်တခုဆက်သွယ်ပေးထားသည့် နေရာကို ချက်ချင်းရှာတွေ့သွားသည်။

အားအနည်းဆုံးနေရာ!

ဆက်သွယ်မှုကို ဖြတ်တောက်နိုင်သရွေ့ ကမ္ဘာ့သန့်စင်အစီအရင်၏စွမ်းအားကလည်း အများကြီးအားနည်းသွားပေလိမ့်မည်။

ထိုအချိန်တွင် မိစ္ဆာမျိုးနွယ်၏ တိုက်ခိုက်မှုအဟုန်ကို ရပ်တန့်ရန်အတွက် နည်းလမ်းရှိတော့မည်မဟုတ်ပေ။

ဒါကိုတွေးမိသောအခါ ရှီနန်အမိန့်ပေးလိုက်သည်။

"အသင်းတွေအများကြီးခွဲထုတ်ပြီး အစီအရင်တွေစုဆုံကြတဲ့ အားနည်းချက်တွေကို ခွန်အားအပြည့်နဲ့တိုက်လိုက်ကြ"

ထိုအမိန့်ကိုကြားသောအခါ မူလက အားသုံးပြီး တိုက်ခိုက်ရမည်ကိုသာသိထားသည့် မိစ္ဆာမျိုးနွယ်က ရုတ်တရက် တိုက်ခိုက်မှုလမ်းကြောင်းကို ပြောင်းပစ်သည်။

အလွန်မြန်ဆန်သည့်နှုန်းဖြင့် သူတို့က အသင်းလေးများစွာခွဲပစ်ကာ အစီအရင်များစုဆုံသည့်နေရာသို့ တိုက်ခိုက်လိုက်ကြ၏။

ဒီမြင်ကွင်းကြောင့် ‌မုကျန်းထင်နှင့် ကျန်သောသူများ၏အမူအရာများက မည်းမှောင်သွားကြသည်။

ရှီနန်၏မျက်လုံးများက တကယ်ပင် အဆိပ်ပြင်းသည်။

သူကတခဏအတွင်းမှာပင် ကမ္ဘာ့သန့်စင်အစီအရင်ဆက်သွယ်မှု၏အားနည်းချက်ကို ရှာဖွေနိုင်သည်။

ရွေးချယ်စရာမရှိတော့သဖြင့် မုကျန်းထင်အမိန့်သာပေးလိုက်ရသည်။

"ရန်သူကို အစီအရင်ရဲ့ဆက်သွယ်မှုကို ချိုးဖျက်ခွင့်မပေးနဲ့"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ချက်ချင်းပြုမူကာ ယွန်ချီကမ္ဘာ့သန့်စင်အစီအရင်နှင့်ဆက်သွယ်ထားသည့် လုံချီမြို့ အရှေ့ဘက်သို့ရောက်လာသည်။

သူတို့ရှေ့တွင် တိုက်ခိုက်ရန်အတွက် မိစ္ဆာဗိုလ်ချုပ်များ၊ မိစ္ဆာတပ်မှူးများနှင့် စစ်သည်တော်များကို ဦးဆောင်နေသည့် မိစ္ဆာဘုရင်နှစ်ပါးရှိသည်။

မုဇီရှင်းနှင့် မုလီပိုင်တို့ကလည်း ထိုမိစ္ဆာဘုရင်နှစ်ပါး၏တိုက်ချက်ကို တားဆီးရန်အတွက် ရောက်လာကြသည်။

ယဲ့ချိုးပိုင်အားဖြတ်သန်းသွားစဉ် မုလီပိုင်က သူ့အားအေးစက်စွာကြည့်သွားပြီး မုဇီရှင်းကမူ ဂရုတစိုက်ပြောသည်။

"ဂရုစိုက်နော်၊ အရမ်းမဆင်မခြင်မလုပ်နဲ့"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"မစိုးရိမ်ပါနဲ့"

ချက်ချင်းဆိုသလို သူ့လက်ထဲတွင် ကြယ်ကြွေဓားကိုမြှောက်ကာ စံအိမ်တော်က လူတိုင်းနှင့်အတူ ဦးဆောင်ရင်း အစီအရင်၏ဆုံမှတ်ကို တိုက်ခိုက်နေသည့် မိစ္ဆာဗိုလ်ချုပ်များစွာကို ရိုက်ချလိုက်သည်။

တခဏအကြာတွင် ဓားသင်္ချိုင်းပြန်လည်ထွက်ပေါ်လာပြီး တပ်မှူးအဆင့်မိစ္ဆာများနှင့် မိစ္ဆာစစ်သည်များကို အဆက်မပြတ် ဖယ်ရှားပစ်နေသည်။

ဒီနေရာကစစ်တပ်အပေါ်ကျရောက်နေသည့်ဖိအားက သိသိသာသာပင် လျော့ကျသွား၏။

ဒီဓားသမားကတကယ်အစွမ်းထက်တာပဲ!

လူတစ်ယောက်နဲ့ဓားတစ်လက်က မိစ္ဆာမျိုးနွယ်အများကြီးကိုသတ်ပစ်နိုင်တယ်!

စစ်မြေပြင်ဆိုတာက မခန့်မှန်းနိုင်သလို ရှုပ်ထွေးတဲ့နေရာလေ!

သူတို့နှလုံးသားထဲတွင်ခံစားနေကြရသည်။

ထိုစဉ် ကောင်းကင်နှင့်မြေကြီးအကြား အော်ရာအရောင်နှစ်မျိုးပေါက်ဖွားလာပြီး တခုကအနက်ဖြစ်ကာ ကျန်တခုက အဖြူဖြစ်သည်။

အနက်က ကြောက်ခမန်းလိလိမိစ္ဆာအင်အားဖြစ်ပြီး အဖြူက ကမ္ဘာကြီးကို သန့်စင်ပေးနေသည့်အလင်းတန်းပင်။

မိစ္ဆာဘုရင်၏ကာကွယ်မှုအောက်တွင် သန့်စင်ကမ္ဘာ၏အလင်းက မိစ္ဆာစစ်သည်များကို တိုက်ရိုက်မသတ်ပစ်နိုင်ပေ။

မိစ္ဆာများ၏တိုက်ခိုက်မှုများက ဆက်တိုက်ဖြစ်နေပြီး မိစ္ဆာစစ်သည်များက အဆုံးမဲ့ဟုပင်ထင်ရသည်။

ပြောရမည်ဆိုပါက အုပ်စုတစ်စုကို ချက်ချင်းသတ်ဖြတ်ပစ်ခဲ့စဉ် တခြားမိစ္ဆာစစ်သည်များက ရှေ့အလောင်းများပေါ်ကနေ နင်းကာ သူတို့နေရာ၌ ဆက်လက်အစားထိုးသည်။

အဆုံးမဲ့သတ်ဖြတ်ခြင်းကြောင့် တခဏအကြာတွင် မြို့ပြင်၌ အလောင်းများက တောင်ပမာစုပုံနေလေသည်။

ဤအခြေအနေတွင် သံမဏိလူသားဆိုလျှင်ပင် တဖြည်းဖြည်းနှင့် ကိုယ်ခွန်အားရော ဝိဉာဉ်စွမ်းအင်ပါ ဆုံးရှုံးလာရပေလိမ့်မည်။

မကြာမီ တခြားနေရာများ၏ ဆုံမှတ်များတွင်လည်း လူသားစစ်တပ်များက ကုန်ခမ်းကာ အချိန်မီမကာကွယ်နိုင်တော့။

ဒီမြင်ကွင်းကိုမြင်သောအခါ မုကျန်းထင်၏အမူအရာက အလွန်အမင်းကြည့်ရဆိုးသွားခဲ့သည်။

အကယ်၍ဤသို့သာဆက်ဖြစ်နေမည်ဆိုပါက အစီအရင်ဆက်သွယ်မှုက ကျိုးပဲ့သွားမည်မှာ မလွဲဧကန်ပင်။

ထိုအချိန်တွင် ရှီနန်ကလည်း လက်ကို ဝှေ့ယမ်းရင်း အေးစက်စွာပြောသည်။

"အရှိန်မြှင့်ကြ၊ အရင်ဆုံးချိုးဖျက်နိုင်သူတွေအတွက် ငါပြန်သွားတဲ့အခါကျရင် ဧကရာဇ်ဆီက ဆုချီးမြှင့်ဖို့ တောင်းဆိုပေးမယ်",

တခဏအကြာတွင် မိစ္ဆာမျိုးနွယ်များက ကြက်သွေးဖြင့်ပက်ဖြန်းခံလိုက်ရသည့်အလား ကာကွယ်မှုကို လုံး၀ဖယ်ထုတ်ကာ ရူးသွပ်စွာ စတင်တိုက်ခိုက်သည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ စောင့်ကြပ်နေကြသည့်နေရာပင်လျှင် စတင်ပြိုကွဲလာသည်။

တခြားဆက်သွယ်မှုများကမူ ပြိုကွဲနေကြလေပြီ။

ကမ္ဘာ့သန့်စင်အစီအရင်၏စွမ်းအားက ပို၍ပင် လျော့ကျလာသည်။

ဤမြင်ကွင်းကိုမြင်သောအခါ ရှီနန်နှာခေါင်းရှုံ့သည်။

"အလုံစုံခွန်အားရဲ့ဖိနှိပ်မှုအောက်မှာ မင်းတို့ဘယ်လိုကာကွယ်မလဲ"

မုကျန်းထင်၏မျက်နှာကကြည့်ရဆိုးနေပြီး အဖြေမပေးပေ။

ယခုအချိန်တွင် ကြံစည်အားထုတ်မှုအားလုံးက အလဟာဿသာဖြစ်သည်။

ခွန်အားဖြင့်ဖိနှိပ်မှုအောက်တွင် အရာရာတိုင်းက မှားယွင်းနေမည်သာ။

အခင်းအကျင်းက ကျိုးတော့မှာဖြစ်သလို မိစ္ဆာလူမျိုးများကလည်း မြို့အားကျော်ဖြတ်ရန်ပြင်နေစဉ် ကောင်းကင်ထဲ၌ ဖိအားအများအပြားကျဆင်းလာသည်။

လူသားဘက်ခြမ်းကလူများက ကောင်းကင်သို့မော့ကြည့်လိုက်ကြသည်။

ထိုဖိအားပေးမှုအောက်တွင် ကောင်းကင်ကြီးက ပြိုကျနေပြီး မြို့က စတင်တုန်ခါလာသည်။

ဒီလိုစွမ်းအားနဲ့ဘယ်သူရောက်လာတာလဲ!

အဖိုးအိုကလည်း ရုတ်တရက်ရောက်လာသောသူများအားကြည့်ရင်း ရှင်းပြ၍မရနိုင်သည့်အပြုံးတခုကို ပြသလိုက်သည်။

"ဒီလောက်တောင်မြန်တာလား၊ ဒီကလေးယဲ့ချိုးပိုင်က အခြေအနေကို ဘယ်လို ပြောင်းနိုင်မလဲဆိုတာ ကြည့်ကြရအောင်"

စကားပြောပြီးနောက် အဖိုးအိုက ဒီကမ္ဘာကြီးထဲပျောက်ကွယ်သွားသည်။

ရှီနန်၏မျက်နှာကလည်း ချွေးပေါက်များပင် ကျတော့မည့်အလား အလွန်အမင်း မည်းမှောင်နေသည်။

သူအပူပန်ဆုံးအရာကလာနေလေပြီ။

အလယ်အလတ်အဆင့်ကြယ်နယ်မြေက အင်အားစုများစွာက ဒီကမ္ဘာကြီးထဲကို ဆင်းသက်လာခဲ့ကြသည်။

အပိုင်း(443) coming။

All Chapters