#ကျွန်ဖြစ်ချင်လား#
Vol. 31 Ch. 443
အလယ်အလတ်အဆင့်ကြယ်နယ်မြေက အင်အားစုများ၏အမြင်၌ အဆင့်နိမ့်ကြယ်နယ်မြေတွင် နေထိုင်မှုစနစ်က အလွန်နောက်ကျနေသည့်တိုင် နေထိုင်မှုစနစ် နောက်ကျကျန်ရစ်နေသည့်အတွက်ကြောင့် မဖွံ့ဖြိုးသေးသည့် နေရာအများကြီးရှိသည်။
ဤနေရာကိုယူထားနိုင်သရွေ့ အနည်းနှင့်အများတော့ အကျိုးအမြတ်များရပေလိမ့်မည်။
ရှီနန် ကောင်းကင်ကနေ ဆင်းသက်လာသည့် အလင်းတန်းခုနှစ်ခုကို မော့ကြည့်လိုက်သည်။
ထိုအလင်းတန်းထဲတွင် အင်အားစုတိုင်း၏ ကိုယ်စားလှယ်များရပ်နေကြသည်။
ထို့ထဲတွင် ကံကြမ္မာဂိုဏ်း၊ အဆုံးမဲ့ဂိုဏ်း၊ နေလောင်ချိုင့်ဝှမ်းနှင့် ကောင်းကင်ကြေးမုံတောင်ထိပ်တို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ဒုတိယတန်းစား အင်အားစုများဖြစ်ကြသည်။
ကျန်သောအင်အားစုသုံးစုဖြစ်သည့် မြို့တော်အလယ်က ရွှမ်ယွမ်မိသားစု၊ ဝူရှုမြို့နှင့် သဟဇာတဂိုဏ်းတို့ကလည်း ဒုတိယတန်းစားအင်အားစုများဖြစ်သည်။
သို့စေကာမူ ထိုအင်အားစုသုံးစုက အပေါ်ကအင်အားစုများထက် တစ်နည်းအားဖြင့် ပို၍အားနည်းသည်။
ရှီနန်၏မျက်နှာကို သုန်မှုန်သွားစေတာက ဒီအဓိကအင်အားစုခုနှစ်စုက သူတို့မိစ္ဆာမျိုးနွယ်ထက် ပို၍အားကောင်းနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ မိစ္ဆာမျိုးနွယ်က ဒုတိယတန်းစားအင်အားစုများအကြား နောက်ဆုံးတည်ရှိမှုဖြစ်သည်။
ယခုအဓိကအင်အားစုခုနှစ်စုရောက်လာပြီဖြစ်လေရာ မိစ္ဆာမျိုးနွယ်က အဆင့်နိမ့်ကြယ်နယ်မြေ၏ဝေစုကို နောက်ထပ် ခံစား၍မရတော့ဟု ဆိုလိုနေခြင်းပင်။
အောင်ပွဲက လက်မလေးတင်သာလိုတော့တာက တကယ်၀မ်းနည်းစရာကောင်းသည်။
ကမ္ဘာ့သန့်စင်အစီအရင်၏ဆက်သွယ်မှုက ချိုးဖျက်ခံရပေတော့မည်။
ထိုအချိန်တွင် မိစ္ဆာစစ်တပ်က တိုက်ရိုက်၀င်ရောက်ပြီး လူမျိုးမရွေးသတ်ဖြတ်မှုကို ဆောင်ရွက်၍ရနေလေပြီ။
ကံကောင်းစွာပင် တတိယလူက ၀င်ရောက်စွက်ဖက်လာသဖြင့် အစီအစဉ်က ကျရှုံးသွားရပြီဖြစ်သည်။
ထိုအချိန်တွင် အလင်းတန်းများကြားမှ ကံကြမ္မာဂိုဏ်းက သက်လတ်ပိုင်းအရွယ်လူက ရှီနန်ကိုကြည့်ပြီး တည်ငြိမ်စွာပြောသည်။
"မိစ္ဆာကလန်ကကောင်လေး၊ နောက်ဆုတ်တော့"
အကြောင်းပြချက်မရှိ!
ရှင်းလင်းချက်မရှိ!
စကားလုံးသုံးလုံးတည်းသာရှိသည်။
နောက်ဆုတ်တော့!
ဘာကြောင့်နည်း!
အဘယ်ကြောင့်ဆိုသော် ကံကြမ္မာဂိုဏ်း၏ အခြေခံခွန်အားက မိစ္ဆာကလန်ထက် အများကြီးအားကောင်းသောကြောင့်ပင်။
တောဥပဒေသတွင် လက်သီးကြီးများကသာ စည်းမျဉ်းနှင့် အကြောင်းပြချက်ဖြစ်သည်။
နေထိုင်မှုစနစ်နိမ့်ကျသည့်ကမ္ဘာက အမြဲဒီလိုသာဖြစ်ပြီး ရက်စက်ပြီးမျှတသည်။
သို့စေကာမူ ရှီနန် လက်မခံသေးပါ။ အောင်ပွဲက မလွဲဧကန်ဖြစ်သည့်တိုင် တစ်ယောက်ယောင်က ဝေစုလိုချင်နေသည်။
သူခေါင်းမော့ကာ ကံကြမ္မာဂိုဏ်းကလူကိုကြည့်လိုက်သည်။
"စီနီယာ၊ အရင်လာသူအရင်စားလို့ ခင်ဗျားပြောသင့်တယ်မထင်ဘူးလား"
"အရင်လာသူအရင်စား"
ထိုလူကမည်သည့်အမူအရာကိုမှမပြသပါ။
"မင်းတို့မိစ္ဆာကလန်က ငါတို့ကံကြမ္မာဂိုဏ်းနဲ့ စစ်ပွဲစချင်နေတာလား"
ရှီနန်၏အမူအရာကပြောင်းလဲသွားပြီး သူသွားများကအချင်းချင်းပွတ်တိုက်ရင်း ကလစ်ဟူသောအသံပင် ထွက်လာသည်။။
ခွန်အားကအားနည်းနေလေရာ အရိုက်ခဥရသည်ကို သည်းခံရပေတော့မည်။
ထိုအချိန်တွင် ရှီနန်လက်ဝှေ့ယမ်းကာ ဒေါသတကြီးအော်ဟစ်ရုံသာ တတ်နိုင်တော့သည်။
"အားလုံးနောက်ဆုတ်ကြ"
အောက်ကမိစ္ဆာစစ်တပ်ကလည်း ရွေးချယ်စရာမရှိတော့သဖြင့် တိုက်ခိုက်မှုကိုရပ်တန့်ကာ သွေးကြောတောင်သို့ ပြန်ဆုတ်ခွာရတော့သည်။
ချက်ချင်းဆိုသလို ကံကြမ္မာဂိုဏ်းကလူက လူသားမျိုးနွယ်ဖက်သို့လှမ်းကြည့်ကာ ထူးမခြားနားစွာမေးသည်။
"ဒီနယ်မြေကို ဘယ်သူတာ၀န်ယူထားတာလဲ"
ထိုစကားလုံးကြားသောအခါ မုကျန်းထင်ရှေ့တိုးပြီး အလင်းတန်း၏ဆန့်ကျင်ဘက်ရှိရာသို့ရောက်လာသည်။
"ကျုပ်ပါ၊ စီနီယာဘာများပြောချင်လို့လဲမသိဘူး"
ကံကြမ္မာဂိုဏ်းကလူကခေါင်းညိတ်သည်။
"ဒီဂိုဏ်းချုပ်က ကံကြမ္မာဂိုဏ်းလက်ထောက်ဂိုဏ်းချုပ်ရဲ့နေရာပဲ၊ မင်းတို့ဘာလို့ မကြောက်ကြတာလဲ"
"ဒီကိုလာခဲ့၊ ငါမင်းကိုသတ်ချင်တာမဟုတ်ဘူး"
မုကျန်းထင်အနည်းငယ်ထိတ်လန့်သွားသည်။ ဒီလူတွေက နယ်မြေကိုသိမ်းပိုက်ဖို့အတွက် ငါတို့ကိုသတ်ဖို့လာတာ မဟုတ်ဘူးလား။
သို့စေကာမူ ကံကြမ္မာဂိုဏ်းကလူထပ်ပြောသည့်စကားများက မုကျန်းထင်၏ မျက်နှာကို အလွန်အမင်းကြည့်ရဆိုးသွားစေသည်။
"ဒီဂိုဏ်းချုပ်က တပ်ဖွဲ့အင်အားစုအကုန်လုံးရဲ့ခွဲဝေမှုတွေပါတဲ့ အဆင့်နိမ့်ကြယ်နယ်မြေအားလုံးရဲ့ကြယ်မြေပုံကိုလိုချင်တယ်"
"ရှေ့လျှောက် ငါတို့နဲ့အင်အားစုခုနှစ်စုက နယ်မြေတွေကို ကိုယ်တိုင်ခွဲဝေမယ်"
"မင်းတို့လုပ်ရမှာက မဖွံ့ဖြိုးတဲ့ဒေသတွေကို ဖွံ့ဖြိုးအောင်လုပ်ပြီး အရင်းအမြစ်တွေကို အချိန်မီပေးရမယ်"
"မင်းတို့ကတော့ ၁၀%ယူထားလို့ရတယ်"
ထိုစကားကိုနားထောင်ပြီးနောက်တွင် မုကျန်းထင်နားလည်သွားလေပြီ။
တဖက်လူက အဆင့်နိမ့်ကြယ်နယ်မြေက အင်အားစုအားလုံးကို သူတို့၏ကျွန်များအဖြစ် ရှုမြင်နေခြင်းပင်။
ကန့်သတ်ထားသည့်ဒေသများနှင့် မဖွံ့ဖြိုးသည့်နေရာများသို့ ခြေချရန်အတွက် အသက်စွန့်စားရမည်သာမက ရရှိသည့် အရင်းအမြစ်များ၏ ၉၀%ကိုလည်း သူတို့အား လက်လွှဲပေးရမည်။
ဒါကသူတို့ကိုမသတ်သော်လည်း ကျွန်များအဖြစ် ဆက်ဆံနေခြင်းပင်။
ဒီလိုဆိုပါက သူတို့အားသတ်တာနှင့် မသတ်တာဘာများကွဲပြားပေတော့မည်နည်း။
လူသားမျိုးနွယ်က ကျန်သည့်စွမ်းအားရှင်များတွင်လည်း ခြားနားသည့်အမူအရာကိုယ်စီရှိကြပြီး အလွန်အမင်းကြည့်ရဆိုးနေကြသည်။
အောက်ကလူသားမျိုးနွယ်ကမူ ပို၍ပင် ဒေါသထွက်ကြသည်။
မိစ္ဆာမျိုးနွယ်က သူတို့အားစားစရာအဖြစ် သတ်ဖြတ်ရန်အတွက် ရောက်လာကြသည်။
ယခုနောက်ထပ်အင်အားစုခုနှစ်စုက သူတို့ကို ကျွန်များအဖြစ်ဆက်ဆံရန် ရောက်လာကြပြန်ပြီ။
ကျင့်ကြံခြင်း၏ရည်ရွယ်ချက်ကဘာလဲ!
ဒါကလွတ်လပ်မှုရရန်ဖြစ်သည်!
သူတို့လိုချင်တာက အသက်ရှည်မှုပင်!
သို့စေကာမူ သူတို့ကကျွန်များကဲ့သို့ ဆက်ဆံခံရသည်နှင့်တပြိုင်နက် လွတ်လပ်မှုကဆုံးရှုံးရပေတော့မည်။
ဒီလိုဆိုပါက ဘာကြောင့်အသက်ရှည်စရာလိုတော့မည်နည်း။
ရှင်သန်ခြင်းဘ၀က သေဆုံးခြင်းထက် ပိုဆိုးရွားနေသည်။
ဒါကိုမဆိုထားနဲ့၊ တဖက်လူ၏အသံက လုံး၀ဆွေးနွေးသည့်လေသံပေါက်မနေပေ။
သူတို့က ညှိုနှိုင်းနေကြခြင်းမဟုတ်ဘဲ အမိန့်ပေးနေကြခြင်းဖြစ်သည်။
အကယ်၍သဘောမတူပါက သူတို့အဆုံးသတ်ကိုစောင့်နေတာက နယ်နိမိတ်မဲ့နယ်မြေကို ပြားချပ်အောင်လုပ်ပစ်သည့် မိစ္ဆာမျိုးနွယ်ထက် ပိုကောင်းမွန်မည်မဟုတ်ပေ။
ရှီနန်ကလည်း မှုန်ကုပ်နေသည်။
တဖက်လူ၏စကားလုံးများက မိစ္ဆာမျိုးနွယ်ကို လုံး၀ပယ်ချထားသည့်အလားပင်။
ဒါကဆိုလိုတာက အဆင့်နိမ့်ကြယ်နယ်မြေတွင် သူတို့၌ဝေစုရှိတော့မည်မဟုတ်ဟု ပြောဆိုနေခြင်းပင်။
သို့သော်သူတို့ဘာပြောနိုင်မည်နည်း။
ဒီအင်အားစုခုနှစ်စုရှေ့တွင် မိစ္ဆာမျိုးနွယ်ကအားနည်းသည်။
ကံကြမ္မာဂိုဏ်းက ဟဲဝူဝေက မုကျန်းထင်အားထူးမခြားနားစွာကြည့်သည်။
"မင်းနားလည်လား"
မုကျန်းထင်မကျေမနပ်ဖြစ်နေသေးသည်။
သို့သော် ဒီကိစ္စတွင် သူခေါင်းညိတ်ရုံသာတတ်နိုင်သည်။
ဒီအင်အားစုခုနှစ်စုကို ရင်ဆိုင်ရာတွင် နယ်နိမိတ်မဲ့နယ်မြေ၌ ခုခံရန်အတွက် ဖြစ်နိုင်ချေတခုမှမရှိပါ။
"ကျုပ်တို့မှာနယ်နိမိတ်မဲ့နယ်မြေရဲ့ တခြားအင်အားစုတွေပါပါတဲ့ ကြယ်မြေပုံမရှိဘူး၊ ဒါကအချိန်ယူရမယ်"
ဟဲဝူဝေခေါင်းညိတ်သည်။
"ငါမင်းကိုအချိန်သုံးရက်ပေးမယ်"
စကားပြောပြီးသည်နှင့် ဟဲဝူဝေတဖက်သို့လှည့်ကာ အလင်းတန်းနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။
ဒါကိုမြင်ပြီးနောက်တွင် ကျန်အင်အားစုကလူများကလည်း တစ်ဦးပြီးတစ်ဦး ထွက်သွားကြသည်။
ကောင်းကင်ကြေးမုံတောင်ထပ်က အဖိုးအိုကသာမထွက်သွားခင် အောက်ငုံ့ကြည့်နေခဲ့သည်။
ထိုအကြည့်တချက်မှာ အဖိုးအိုက သူ့ကို ကြည့်နေယ်ဆိုတာ ယဲ့ချိုးပိုင် သေချာသွားသည်။
ဘာလို့ငါ့ကိုကြည့်နေရတာလဲ!
ဒီအဖိုးကြီးက ငါ့ကိုသိနေတာများလား!
ယဲ့ချိုးပိုင်ထိုအကြောင်းကို တွေးတောကြည့်သော်လည်း ဘယ်နေရာတွင် တွေ့ခဲ့မိသလဲဆိုတာ သူတွေး၍မရပေ။
ထို့နောက် ရှောင်ဟိုင်ကလည်း အေးစက်စွာ နှာခေါင်းရှုံ့ရင်း သွေးကြောတောင်ရှိရာသို့ ပြန်ဆုတ်သွားသည်။
သူကလည်း မိစ္ဆာမျိုးနွယ်၏ အဆင့်မြင့်ပုဂ္ဂိုလ်များထံ အစီရင်ခံတင်ပြရန် လိုအပ်သည်။
ဆုံးဖြတ်ပြီးမှလုပ်ဆောင်ရပေမည်။
....
တခြားတဘက်တွင် မုကျန်းထင် ဂိုဏ်းအသီးသီး၏ခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များအပါအ၀င် ပါရမီရှင်များကိုသာ နယ်နိမိတ်မဲ့နန်းတော်သို့ခေါ်လိုက်သည်။
ဧကရာဇ်နန်းတော်ထဲတွင် မုကျန်းထင် မြင့်မားသည့်ခုံ၌ထိုင်နေပြီး သူ့မျက်နှာက အတော်လေးသုန်မှုန်နေသည်။
"အချိန်သုံးရက်ပဲရှိတယ်၊ မင်းတို့ဘာတွေးထားကြသလဲဆိုတာ ငါ့ကိုပြောပြပါဦး"
ထိုစဉ် မုမိသားစုခေါင်းဆောင် မုလီပိုင်ကအေးစက်စွာပြောသည်။
"ဒီလိုဆိုမှတော့ စစ်တိုက်တာက တခုတည်းသောရွေးချယ်ခွင့်လို့ ကျုပ်ထင်တယ်"
ကျန်သောအင်အားစုများကလည်း ခေါင်းညိတ်ကြသည်။
ငါတို့က တာအိုကိုနှစ်များစွာ မရေမတွက်နိုင်လောက်အောင် လေ့ကျင့်ခဲ့ကြတာ!
တခြားသူတွေရဲ့ကျွန်အဖြစ် အဆုံးသတ်ရမှာလား!
"အဲဒီအစား သေတာကပိုကောင်းပါတယ်"
ထိုစကားကိုကြားသောအခါ မုကျန်းထင်ကလည်း ကြည့်ရဆိုးသည့်အမူအရာဖြင့် ခေါင်းညိတ်သည်။
ဒီသုံးရက်အတွင်း အဖြေတခုရရန်အတွက် သူကသုံးရက်ကြာတိုက်ခိုက်ရပေတော့မည်။
အကယ်၍တခြားအဖြေမရှိပါက သေမည့်လမ်းတလမ်းသာရှိသည်။
အောက်ကမုဖူရှန်းကမေးသည်။
"အစ်ကိုကြီးမှာ၊ အစ်ကိုကြီးမှာ အကြံကောင်းတခုခုများရှိလား"
သူတို့ခရီးကပြန်လာကတည်းက ယဲ့ချိုးပိုင်က ကစားပွဲကိုဘယ်လိုထိုးဖောက်ရမလဲဆိုတာ တွေးတောနေခဲ့သည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကြီးမားသည့်အင်အားစုများကို ရင်ဆိုင်ရသောအခါ ခွန်အားအရာ၌ကွာဟချက်က အရမ်းကြီးမားသည်။
ဒါ့အပြင် အင်အားစုကခုနှစ်စုဖြစ်နေသေးသည်။
အမှန်ပြောရမည်ဆိုပါက မျှော်လင့်ချက်မဲ့နေသည်ဟုဆိုပါက လိမ်လည်ရာကျသွားပေလိမ့်မည်။
မဟုတ်ဘူး!
ယဲ့ချိုးပိုင် ရုတ်တရက်မျက်လုံးများကို ကျဉ်းလိုက်မိသည်။
အဓိကအင်အားစုခုနှစ်စုလား!
ဒါတွေကိုသူတို့ဘယ်လိုမျှတစွာနဲ့ခွဲဝေမှာလဲ!
သူတို့ညှိုနှိုင်းပြီးတာများဖြစ်နိုင်မလား!
နယ်မြေပြင်ပကမိစ္ဆာတွေကိုပဲကြည့်လေ!
သူတို့ဒီနေရာကို အင်အားစုတစုတည်းအဖြစ် ရောက်လာရတာက ဒီကိတ်မုန့်ကို တယောက်တည်းစားချင်လို့ပဲမလား!
ယဲ့ချိုးပိုင်ပြုံးရင်းထရပ်ကာ ခန်းမထဲက စိတ်ပျက်အားငယ်ပြီး ဂုဏ်သိက္ခာကျဆင်းနေသည့်လေထုကို ဖြိုခွဲပစ်သည်။
"စီနီယာတို့၊ ကျွန်တော့်မှာနည်းလမ်းတခုရှိမယ်ထင်တယ်"
အပိုင်း(444) coming။