#သီးသန့်ခွဲထုတ်ခြင်း#
Vol. 31 Ch. 444
"စီနီယာတို့၊ ကျွန်တော့်မှာနည်းလမ်းတခုရှိမယ်ထင်တယ်"
ယဲ့ချိုးပိုင်၏စကားလုံးများက ခန်းမထဲက စိတ်ပျက်အားငယ်ပြီး ဂုဏ်သိက္ခာကျဆင်းနေသည့်လေထုကို ဖြိုခွဲပစ်လိုက်သည်။
အဓိကဂိုဏ်းများသာမက ရှေးဟောင်းကလန်သုံးခု၏စွမ်းအားရှင်များလျှင်ပင် ထိုဂျူနီယာလေးအားလှည့်ကြည့်လာကြသည်။
စစ်မြေပြင်၌ ဒီဂျူနီယာက သိုင်းဧကရာဇ်နယ်ပယ်ကျင့်ကြံခြင်းအခြေခံဖြင့် ထွန်းလင်းတောက်ပခဲ့သည်သာမက နယ်ပယ်ဖြတ်ကျော်ကာ မိစ္ဆာဗိုလ်ချုပ်များကိုပင် သတ်ပစ်နိုင်ခဲ့သည်။
မုကျန်းထင်က သိလိုသဖြင့်မေးသည်။
"ယဲ့ချိုးပိုင်၊ မင်းနည်းလမ်းကို ပြောပါဦး"
ဧကရာဇ်ဖြစ်သည့်အပေါ် မုကျန်းထင်က အတော်လေးဉာဏ်အမြင်ပွင့်သည့်လူပင်။
တခြားသူများကို မထီမဲ့မြင်ပြုလုပ်ရန်အတွက် သူ့တွင်မြင့်မာယသည့်အတွေ့အကြုံ၊ ကြီးမားသည့်စွမ်းအားနှင့် ခွန်အားမရှိပေ။
စိတ်ကူးယဉ်အကြံဉာဏ်များကသာ ရှင်သန်နိုင်မည့်နည်းလမ်းဖြစ်သည်။
သို့စေကာမူ မုကျန်းထင်လိုဉာဏ်အမြင်ပွင့်နေသည့်သူနှင့်ဆိုပါက အဟောင်းကိုရောင်းရန် အကောင်းကိုအားကိုးသည့်လူဟူ၍ မရိသလောက်ပင်။
ရှင်းဟယ်ဂိုဏ်းက နယ်နိမိတ်မဲ့နယ်မြေ၌ ပထမတန်းစားအင်အားစုတခုဖြစ်ပြီး ပထမတန်းစားအင်အားစုများအကြား ခေါင်းဆောင်လည်းဖြစ်သည်။
၎င်းတို့၏နောက်ခံက လက်ရှိကြယ်ကြွေဓားဂိုဏ်းထက်မဆိုးရွားပေ။
ထိုအချိန်တွင် ရှင်းဟယ်ဂိုဏ်း၏ဂိုဏ်းချုပ် ဟန်ရှင်းဟယ်က မျက်မှောင်ကြုတ်သည်။
"လူငယ်လေး၊ ဒီတကြိမ်တော့ ပြဿာနာကို ထပ်ပြီးမီးထွန်းမရှာနဲ့"
"မင်းအဆင့်က စကားပြောလို့ရတဲ့အဆင့် မဟုတ်သေးဘူး"
ယဲ့ချိုးပိုင်ငြင်းဆန်သည်ကိုပင် စောင့်မနေတော့ဘဲ ကြယ်ကြွေဓားဂိုဏ်းချုပ် ကျန်းဝူဖန်းကအေးစက်စွာပြောသည်။
"ဟန်ရှင်းဟယ်၊ ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးအဖြေကို ရွေးချယ်ဖို့အတွက် ဦးနှောက်ကိုအလုပ်ပေးပြီး နည်းလမ်းတွေကိုတွေးတောဖို့ ပိုတောင်လိုအပ်တယ်"
"ဒါ့အပြင် ယဲ့ချိုးပိုင်က ကြယ်ကြွေဓားဂိုဏ်းကို အပြည့်အ၀ကိုယ်စားပြုထားတဲ့ ငါ့ဂိုဏ်းရဲ့ ဓားသားတော်ပဲ၊ ဒီပုံရိပ်က မလုံလောက်သေးလို့လား"
ဟန်ရှင်းဟယ် ကျန်းဝူဖန်းအားစိုက်ကြည့်သည်။
"ဒီလိုဆိုရင်ဂိုဏ်းချုပ်ကရော၊ ကျန်းဝူဖန်း၊ တကယ်လို့မင်းသူ့ကို ဂိုဏ်းချုပ်နေရာပေးမယ်ဆိုရင်တောင် ငါသဘောတူပေးနိုင်သေးတယ်"
ထိုအချိန်မှာပင် ယဲ့ချိုးပိုင်တခါမှမတွေးမိသည့်လူတစ်ယောက်က ယဲ့ချိုးပိုင်ဘက်ကနေ ပြောပြီးကူညီလာခဲ့သည်။
"ဟန်ရှင်းဟယ်၊ အဟောင်းကိုအားကိုးပြီး အကောင်းကိုရောင်းတာကတောင် အကန့်အသတ်ဆိုတာရှိသင့်တယ်"
လူတိုင်းကပြောဆိုသူကို အံ့ဩသင့်တကြီးကြည့်လိုက်ကြသည်။
ထိုလူက ရှေးဟောင်းကလန်သုံးခုမှ မုမိသားစုခေါင်းဆောင် မုလီပိုင်ပေတည်း။
မုဇီရှင်းကလည်း သူမအဖေကို အံ့ဩသင့်စွာကြည့်နေခဲ့သည်။
အဖေကယဲ့ချိုးပိုင်ကို အမြဲလိုလို သဘောမကျဖြစ်နေတာမလား!
ပြီးတော့ ငါ့ကိုတောင် ယဲ့ချိုးပိုင်နဲ့အတူ ရှိနေခွင့်မပြုဘူးလေ!
ယဲ့ချိုးပိုင်ပေါ့ပေါ့လေးပြုံးကာ လက်နှစ်ဖက်ဆုပ်သည်။
"ကျေးဇူးပါ စီနီယာမု"
မုလီပိုင်က သဘောမကျသည့်အသွင် ခပ်ပေါ့ပေါ့ပြောသည်။
"ငါ့ကိုအထင်မလွဲနဲ့၊ ငါကကိုယ်ရေးကိုယ်တာနဲ့လူကို မဟုတ်ဘဲ တခြားအရာတွေအတွက်ပဲ ပြောတာပါ"
"ဒီလိုအခြေအနေရပ်မျိုးမှာ ငါတို့ကနည်းလမ်းတွေကိုစဉ်းစားထားသင့်တယ်၊ ဘာပဲဆိုဆို သုံးရက်ပဲကျန်တော့တာလေ၊ ဘယ်သူကမှ နောက်ဆုံးအဆင့်ထိသွားပြီး ရန်သူနဲ့ မတိုက်ခိုက်ချင်ကြဘူး"
ယဲ့ချိုးပိုင်ဘာစကားမှမဆိုဘဲ ပြုံးရုံသာပြုံးလိုက်သည်။
ငါ့ယောက္ခထီးက တကယ်ကို နူးညံ့တဲ့နှလုံးသားရှင်ပဲ!
ကြည့်ရတာ သူ့နှလုံးသားက ငါ့ကို တဖြည်းဖြည်းသဘောတူလာနေပြီထင်တယ်!
ဒါကြောင့်ငါ့အတွက်ပြောပေးတာပေါ့!
မုလီပိုင်နောက်ထပ်ရှင်းပြမနေတော့ဘဲ ဟန်ရှင်းဟယ်ကိုကြည့်ကာ တည်ငြိမ်စွာပြောသည်။
"နည်းလမ်းတခုရှာတာက အဆင့်အတန်းတွေ၊ နယ်ပယ်တွေနဲ့ဘာဆိုင်လဲ"
"တကယ်လို့မင်းနည်းလမ်းတခုရှာနိုင်ရင် အမြန်ပြော၊ မပြောနိုင်ရင် မနှောက်ယှက်နဲ့"
"မင်း....."
"ဘာမင်းလဲ" မုလီပိုင်၏ကိုယ်က အော်ရာဖြင့်၀န်းရံနေသည်။
သွေးစွမ်းအားက ထိုးတက်လာသည်။
"တကယ်လို့ မင်းအမြင်ကို အတင်းအကျပ်လုပ်ချင်ရင်တော့ ငါတို့အပြင်ထွက်ပြီး ကြိုးစားကြည့်ကြရအောင်လေ"
နှစ်ဦးစလုံးက တာအိုနယ်ပယ်အထွပ်အထိပ်ဖြစ်သော်လည်း သွေးစွမ်းအားကို ပိုင်ဆိုင်ထားသည့် မုလီပိုင်အတွက် ဟန်ရှင်းဟယ်က ပြိုင်ဘက်တယောက်မဟုတ်ပေ။
ဤသည်ကိုတွေးမိသောအခါ ဟန်ရှင်းဟယ်အေးစက်စွာနှာခေါင်းရှုံ့ရင်း တဖက်လှည့်သွားသည်။
"ဒီအဖိုးကြီးက ဂျူနီယာတယောက်က ဘယ်လိုစိတ်ကူးမျိုးရလာတာလဲဆိုတာ မြင်ချင်တယ်"
ယဲ့ချိုးပိုင် မုလီပိုင်ကိုကြည့်လိုက်သည်။
သောက်ရမ်းမိုက်တယ်ကွာ!
ငါ့ယောက္ခမက အရမ်းချောတာပဲ!
ငါ့ယောက္ခမက အရမ်းလွှမ်းမိုးနိုင်စွမ်းရှိတာပဲ!
ငါတကယ်အရမ်းသဘောကျနေမိပြီ!
ထိုအချိန်တွင် မုကျန်းထင်က ကယ်တင်ရန်ထွက်လာရတော့သည်။
"ကောင်းပြီ၊ ရန်သူကငါတို့ရှေ့မှာရှိနေတယ်၊ အသက်နဲ့သေခြင်းတရားကာလကို ရင်ဆိုင်နေစဉ် ပြည်တွင်းစစ်ဆိုတာ ဖြစ်လို့မရဘူး"
ထိုသို့ပြောပြီးနောက် မုကျန်းထင် ယဲ့ချိုးပိုင်ကိုကြည့်လိုက်သည်။
"ယဲ့ချိုးပိုင်၊ မင်းဘာတွေးထားလဲ ပြောပါဦး"
ထိုစကားလုံးများကိုကြားသောအခါ ယဲ့ချိုးပိုင်ခေါင်းညိတ်ပြီးနောက်ပြောသည်။
"တကယ်တော့ ရန်သူက အဓိကအင်အားစုခုနှစ်စုဖြစ်နေလို့ ကျွန်တော်တို့မှာ အခွင့်အရေးတခုရှိလာမှာ"
ဟမ်!လူတိုင်းက ယဲ့ချိုးပိုင်အား သံသယဖြင့်ကြည့်လိုက်မိကြသည်။
ငါတောင်မှခေါင်းနည်းနည်းမလှည့်ရဲဘူးလေ!
ဘာလို့ အဓိကအင်အားစုခုနှစ်စုရှိတာက အခွင့်အလမ်းတွေရှိနေရတာတုန်း!
အစွမ်းထက်အင်အားစုခုနှစ်စုက ဒီကမ္ဘာထဲကို အတူတူရောက်လာကြတာလေ၊ အနိုင်ရဖို့ အခွင့်အရေးရှိသေးလို့လား!
မုကျန်းထင် အတွေးနက်သွားသည်။
"ဆက်ပြော"
ယဲ့ချိုးပိုင်ရှင်းပြသည်။
"တကယ်လို့အင်အားစုတခုတည်းသာဆိုရင် ပိုပြီးခက်ခဲမှာ၊ ဘာလို့လဲဆိုတော့ ရန်သူရဲ့ ခွန်အားနဲ့နောက်ခံအရဆိုရင် ကျွန်တော်တို့မှာရှိတဲ့ အရာအားလုံးပေးမယ်ဆိုရင်တောင် ပြိုင်ဘက်မဖြစ်နိုင်သေးဘူး"
ဆရာကတော့ခြွင်းချက်ပေါ့နော်!
"ပြီးတော့ ရန်သူက ခွန်အားအရာမှာ နည်းနည်းလေးပဲခြားနားမှုရှိတဲ့ အင်အားစုခုနှစ်စုဖြစ်နေတယ်"
"ကျွန်တော်တို့နယ်နိမိတ်မဲ့နယ်မြေမှာ တစ်ခုပဲရှိနိုင်မယ်"
"အကျိုးစီးပွားနဲ့ရင်ဆိုင်ရမယ်ဆိုရင် ဘယ်အင်အားစုကများ တခြားသူတွေနဲ့ ညီတူညီမျှဝေမျှချင်ကြမှာလဲ"
ထိုစကားလုံးကိုကြားသောအခါ တစ်ယောက်ကချက်ချင်းတုံ့ပြန်သည်။
မုကျန်းထင်၊ ကျန်းဝူဖန်းနှင့် ရှေးဟောင်းကလန်သုံးခု၏ခေါင်းဆောင်များကလည်း ဖြူရော်နေကြသည်။
မှန်ပေသည်။
အကျိုးစီးပွားနှင့်ရင်ဆိုင်ရလာသောအခါတွင်မူ အင်အားစုတစုတည်းအတွက်သာ ဖြစ်ရပေမည်။
မည်သူကများ တခြားတယောက်နှင့် ခွဲဝေမျှဝေပေးချင်မည်နည်း။
ဒါကလူသားသဘာ၀ဖြစ်သည်။
သူတို့၏အမူအရာများကိုကြည့်ရင်း ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ကြည့်ရတာ စီနီယာတို့အားလုံးလည်း ပုံဖော်မိပြီလို့ ကျွန်တော်ထင်ပါတယ်"
"မှန်ပါတယ်၊ ကျွန်တော်တို့လုပ်ရမှာက သူတို့ကိုထိပ်တိုက်ရင်ဆိုင်ပြီး သတ်ရမှာမဟုတ်ဘူး"
"အခုလုပ်နိုင်တာတခုပဲရှိတယ်"
"ဒါကခွဲထုတ်တာပဲ"
အားကောင်းသည့်လူများအကြား နှိမ့်ချကျိုးနွံပြီး မနေဘဲလွတ်လပ်စွာပြောဆိုကာ ကိုယ်ပိုင်နည်းလမ်းကိုပြောနေပြီး တချိန်တည်းမှာပင် တခြားအားကောင်းသည့်လူများအတွက် အကြံဉာဏ်များပေးနေသည့် ယဲ့ချိုးပိုင်ကိုကြည့်ရင်း မုဇီရှင်း ပေါ့ပေါ့လေးပြုံးလိုက်မိသည်။
သေချာတာကတော့ အရမ်းတော်သည့်လူများက သူတို့ဘယ်ကိုပဲသွားသွား သူတို့၏ တောက်ပသည့်အလင်းကို မဖုံးကွယ်ထားနိုင်ပေ။
သီးသန့်ခွဲထုတ်ခြင်း!
မုလီပိုင်စကားဝိုင်းထဲတွင်၀င်ပါလာသည်။
"မင်းဆိုလိုတာက ငါတို့အခုလုပ်ရမှာက ဒီအကျိုးခံစားခွင့်အလွှာကို ချုပ်ကိုင်ဖို့ တဖက်လူရဲ့ အသိစိတ်ကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ စဉ်းစားရမှာပေါ့"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ယောက္ခထီးပြောတာမှန်ပါတယ်"
ယောက္ခထီး!
လူတိုင်းက မုလီပိုင်အားကြည့်လိုက်ကြသည်။
အရင်က မုလီပိုင်က ယဲ့ချိုးပိုင်ကို အလွန်ပင်အပေါ်စီးကနေ ကာကွယ်ပေးသည်မှာ အံ့ဩသင့်စရာမရှိတော့။ တကယ်တော့ ဒီလိုဆက်ဆံရေးရှိနေခဲ့ခြင်းပင်။
မုဇီရှင်းကလည်းပြုံးလိုက်မိသည်။
မုလီပိုင်၏အမူအရာကသုန်မှုန်သွား၏။
ဒီကလေးက လှည့်ကွက်တွေလုပ်နေပြန်ပြီ!
ငါတကယ်ပဲ ခဏလေးတောင် သတိလက်လွတ်လုပ်လို့မရနိုင်တာ!
သို့စေကာမူ ဤကိစ္စတွင် မုလီပိုင်ရှင်းပြမနေတော့ပါ။
မည်သို့ပင်ဆိုစေကာမူ ဒီအခါသမယက မှားယွင်းနေသည်။
ယဲ့ချိုးပိုင်ဆက်ပြောသည်။
"အခုကျွန်တော်တို့လုပ်ရမှာက တဖက်လူရဲ့ လောဘကိုဆွဲထုတ်ရမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီလိုလောဘမျိုးက သူတို့နှလုံးသားထဲ ရှိနေလိမ့်မယ်"
"အင်အားစုတွေရဲ့ဟန်ချက်ကို ညီစေဖို့အတွက် ကျွန်တော်တို့ လုပ်ရမှာက သူတို့နှလုံးသားထဲက လောဘကိုတိုးချဲ့ပေးဖို့ပဲ"
"လောဘပိုကြီးလာတဲ့အခါ သူတို့က အချင်းချင်းစတင်သတိထားလာကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် အက်ကြောင်းတွေပေါ်လာလိမ့်မယ်"
"ဒီလိုဆိုရင် အဲဒါကနေ အတွင်းရေးပဋိပက္ခဖြစ်လာလိမ့်မယ်"
ဤသည်ကိုကြားသောအခါ လူတိုင်းက ရုတ်တရက်နားလည်သွားကြ၏။
သူတို့က ယဲ့ချိုးပိုင်အား အံ့ဩစွာကြည့်နေကြသည်။
ဤနေရာ၌ စွမ်းအားရှင်များစွာရှိသည့်တိုင် သူတို့ကအချိန်အတန်ကြာ အကြောင်းပြချက်တခုကို မဆွေးနွေးနိုင်ခဲ့ကြပေ။
သို့သော် ဂျူနီယာလေးတစ်ယောက်က အဖြေတခုရလာခဲ့ပြီး ဒီနည်းလမ်းကလည်း တကယ်အလုပ်ဖြစ်လေသည်။
ဒါကအခုလုပ်ရမည့်တစ်ခုတည်းသော နည်းလမ်းပင်။
ရှင်းဟယ်ဂိုဏ်းချုပ်ဟန်ရှင်းဟယ်လည်း အနည်းငယ်ရှက်သွားပုံရသည်။
ဒီနည်းလမ်းကအရန်းကောင်းတယ်ဆိုတာ သူပင်လျှင် ၀န်ခံရပေမည်။
ကြည့်ရတာ ဒီဂျူနီယာလေးကို ငါလျှော့တွက်မိပုံပဲ!
မုကျန်းထင်ပြောသည်။
"ဒါဆိုဘယ်လိုအကောင်အထည်ဖော်မလဲ"
ယဲ့ချိုးပိုင်ပြုံးကာ သူ့ကိုယ်သူအကြံပြုလေသည်။
"ကျွန်တော်ကအဖြေကို အကြံပြုခဲ့တာဆိုတော့ ဂျူနီယာတွေကပဲ ညှိုနှိုင်းပါရစေ"
"မဟုတ်ဘူးဆိုရင် အဟောင်းကိုရောင်းဖို့ အဟောင်းကိုအားကိုးတဲ့ ဂိုဏ်းချုပ်တစ်ယောက်က ဒါကလေနဲ့ပဲပြောနေတာလားလို့ ပြောနေဦးမှာလေ"
အပိုင်း(445) coming။