← Chapters

#အခုရော၊ အရည်အချင်းပြည့်မီပြီလား#

Vol. 31 Ch. 445

#အခုရော၊ အရည်အချင်းပြည့်မီပြီလား#

Vol. 31 Ch. 445

"မဟုတ်ဘူးဆိုရင် အဟောင်းကိုရောင်းဖို့ အဟောင်းကိုအားကိုးတဲ့ ဂိုဏ်းချုပ်တစ်ယောက်က ဒါကလေနဲ့ပဲပြောနေတာလားလို့ ပြောနေဦးမှာလေ"

ယဲ့ချိုးပိုင်ဆိုလိုတာကိုကြားရစဉ် ဒါက ရှင်းလင်းသည့်ဖော်ပြချက်တခုပမာ ဖြစ်နေသဖြင့် ရှင်းဟယ်ဂိုဏ်းချုပ် ဟန်ရှင်းဟယ်မှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်များပင် တုန်ခါနေသည်။

သို့စေကာမူ မုလီပိုင်နှင့်ကျန်းဝူဖန်းတို့က ဘေးကနေကြည့်နေကြသည်။

ဒါ့အပြင် ယဲ့ချိုးပိုင်အဆိုပြုသည့်နည်းလမ်းက ယနေ့အတွက် အကောင်းဆုံးနည်းလမ်းပေတည်း။

ဟန်ရှင်းဟယ်အေးစက်စွာနှာခေါင်းရှုံ့ရုံသာတတ်နိုင်တော့ပြီး နောက်ထပ်လှောင်ပြောင်သည့်မှတ်ချက်များ ပေးမနေတော့ပါ။

ထိုအချိန်တွင် မုကျန်းထင်ကျယ်လောင်စွာရယ်မောလိုက်သည်။

"မဆိုးဘူး၊ ယဲ့ချိုးပိုင်၊ ကောင်းပြီ၊ မင်းဒီလိုပြောတယ်ဆိုမှတော့ မင်းတို့သွားလို့ရတယ်"

ယဲ့ချိုးပိုင်မငြင်းဆန်ပေ။

"ဒီလိုပဲဖြစ်သင့်တာပါ"

"ဘယ်အချိန်ထွက်ခွာမလဲ"

"ကျွန်တော်တို့မှာအချိန်အများကြီးရှိမ‌နေတော့ ချက်ချင်းထွက်ခွာကြတာပေါ့"

စကားပြောပြီးနောက် ယဲ့ချိုးပိုင်နှင့်သူ့အုပ်စုက ခန်းမထဲကနေ ထွက်သွားလေတော့သည်။

ယဲ့ချိုးပိုင်၏နောက်ကျောကိုကြည့်ရင်း မုကျန်းထင်ရယ်လိုက်ပြန်သည်။

"ငါတို့တကယ်အိုမင်းလာပြီပဲ...."

ချက်ချင်းဆိုသလို သူကအကြည့်ကို မုလီပိုင်ထံပြောင်းကာ အပြုံးဖြင့်ပြောသည်။

"ခေါင်းဆောင်မု၊ မင်းဘာလို့မိသားစုစည်းမျဉ်းကို နည်းနည်းလျှော့ချဖို့မကြိုးစားရတာလဲ၊ ဘာပဲဆိုဆို သွေးစွမ်းအားက အရာရာတော့မဟုတ်ဘူးလေ ၊ဟုတ်တယ်မလား"

"ဒီလူငယ်လေးတွေရဲ့ပါရမီနဲ့စရိုက်အရဆိုရင် သူတို့ကသွေးစွမ်းအားမရှိရင်တောင် သွေးပြောင်းလဲခြင်းနယ်ပယ်မှာ ရပ်နေမှာမဟုတ်ဘူးလို့ ငါထင်တယ်၊ ‌ဒါ့အပြင် သူတို့က ငါတို့ရဲ့အဆင့်နိမ့်ကြယ်နယ်မြေမှာ ရပ်နေကြမှာမဟုတ်ဘူး၊ မင်းရောဘယ်လိုထင်လဲ"

မုကျန်းထင်ဒီလိုပြောရသည့်အကြောင်းရင်းက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ အလွန်မြင့်မားသည့်ပါရမီများကြောင့်တင်မဟုတ်ဘဲ သူတို့နောက်က စီနီယာကြောင့်လည်းဖြစ်သည်။

ထိုစီနီယာက သေချာပေါက်သွေးပြောင်းလဲခြင်းနယ်ပယ်ထက် အများကြီးပိုအားကောင်းသည်။

သူ့တပည့်များအဖို့ သွေးပြောင်းလဲခြင်းနယ်ပယ်ကိုချိုးဖျက်ရန်ဟူသည် အရမ်းကြီးခက်ခဲမည်မဟုတ်။

မုလီပိုင်အေးစက်စွာနှာခေါင်းရှုံ့သော်လည်း စကားမပြောပေ။

သို့စေကာမူ သူ့နှလုံးသားက စတင်လှိုင်းထန်လာသည်။

သွေးစွမ်းအားကတကယ်ပဲအရေးပါတာလား!

သွေးစွမ်းအားမရှိဘူးဆိုရင် သွေးပြောင်းလဲခြင်းကို မအောင်မြင်နိုင်ဘူးလား!

ငါတို့ရဲ့ဘိုးဘေးတွေက သွေးပြောင်းလဲခြင်းနယ်ပယ်ကို ဘယ်လိုများ တက်ရောက်ခဲ့ကြတာလဲ!

မုမိသားစုတွင် သွေးစွမ်းအားကိုရရှိပြီးနောက် မည်သူမှ သွေးပြောင်းလဲခြင်းနယ်ပယ်သို့ ချိုးဖျက်မတက်ရောက်ကြသည်မှာ မှန်ပေသည်မဟုတ်ပေလော။

မေးခွန်းက မုလီပိုင်၏နှလုံးသားထဲတွင် စတင်ထင်ဟပ်လာပြီဖြစ်သည်။

.....

တခြားတဘက်တွင် ဟုန်ရင်က ယဲ့ချိုးပိုင်ကိုကြည့်ကာမေးသည်။

"အစ်ကိုကြီး၊ ဘယ်အဖွဲ့ကိုအရင်သွားဖို့ စီစဉ်ထားလဲ"

ပင်မခန်းမကနေထွက်လာပြီးနောက် သူတို့က တခြားဂိုဏ်းများ၏စွမ်းအားများကို သိထားကြပြီးဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နယ်နိမိတ်မဲ့မင်းဆက်က နယ်နိမိတ်မဲ့နယ်မြေ၏ အုပ်ချုပ်သူဖြစ်သည်။

ထို့ကြောင့်သတင်းအချက်များရလာရန်ဟူသည် အရမ်းလွယ်ကူသည်။

ဤသည်အပြင် တဖက်ကလည်း သူတို့၏တည်နေရာများကို တမင်ပင် ဖုံးကွယ်မထားပေ။

ယဲ့ချိုးပိုင်တခဏမျှတွေးတောလိုက်သည်။

"အားအနည်းဆုံးကိုအရင်ရှာလိုက်"

"ဘာပဲဆိုဆို အကျိုးအမြတ်တွေ‌ဝေခွဲဖို့နဲ့ ပတ်သက်လာရင် အားအနည်းဆုံးအဖွဲ့က အနည်းဆုံးရမှာပဲ"

"ဒီတော့ သူတို့နှလုံးသားထဲမှာ မကျေနပ်မှုတွေပိုရှိနေလိမ့်မယ်"

ဤသည်ကိုကြားသောအခါ ဟုန်ရင်ခေါင်းညိတ်သည်။

ဒါကတကယ်တမ်းတွင်အမှန်ဖြစ်သည်။

အဓိကအင်အားစုခုနှစ်စုအကြား အားအနည်းဆုံးဂိုဏ်းများက ဝူရှုမြို့၊ ရွှမ်ယွမ်မိသားစုနှင့် သဟဇာတဂိုဏ်းတို့ဖြစ်သည်။

ပထမဆုံး ယဲ့ချိုးပိုင် ဝူရှုမြို့ဂိုဏ်းတည်ရှိသည့်နေရာသို့ရောက်လာခဲ့သည်။

ဝူရှုမြို့တည်ရှိရာတပ်စခန်း၌ အစောင့်မရှိပေ။ သူတို့ကအစောင့်လုံး၀မလိုအပ်ဟု တွေးထင်ထားပုံပင်။

မည်သို့ပင်ဆိုစေကာမူ အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးတွင်ပင် မည်သည့်အင်အားစုက သူတို့နှင့်ယှဉ်နိုင်မည်နည်း။

အကယ်၍ခိုးကြောင်ခိုးဝှက်တိုက်ခိုက်လာမည်ဆိုပါက ဒါကသေခြင်းတရားကို တောင်းဆိုနေသည့်ပမာသာဖြစ်သည်။

ခြံ၀င်းသို့ရောက်လာသောအခါ လူငယ်နှစ်ယောက်က ယဲ့ချိုးပိုင်၏လမ်းကို တားဆီးလိုက်သည်။

"မင်းဘယ်သူလဲ"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ငါကဝူရှုမြို့က စီနီယာတွေကိုလာရှာတာပါ၊ အရေးကြီးဆွေးနွေးစရာကိစ္စတွေရှိလို့ပါ"

ဤသည်ကိုကြားသောအခါ လူငယ်နှစ်ယောက်က ယဲ့ချိုးပိုင်ကို အပေါ်အောက်စုန်ဆန်ကြည့်ပြီးနောက် နှာခေါင်းရှုံ့လိုက်ကြ၏။

"မင်းကလား၊ မင်းကငါတို့ခေါင်းဆောင်ကို မြင်ဖို့ အရည်အချင်းမပြည့်မီဘူး"

ယခုဤလူငယ်နှစ်ယောက်၏ခွန်အားက အာရုံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်အဆင့်များဖြစ်ကြသည်။

သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်တွင်သာရှိသေးသည့် ယဲ့ချိုးပိုင်ကို အထင်သေးစွာကြည့်တာက ပုံမှန်သာ။

ဤလူငယ်နှစ်ယောက်၏ခွန်အားကို ခံစားမိသောအခါ ယဲ့ချိုးပိုင်အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

ဒီနှစ်ယောက်က သူနှင့်အသက်သိပ်မခြားမးနားသည့်တိုင် အာရုံထွေပြားခြင်းအထွပ်အထိပ်အဆင့်ကို ရောက်နေကြလေပြီ။

ဤသည်အပြင် ဝူရှုမြို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေရှိ ဒုတိယတန်းစား အင်အားစုများအကြား အရမ်းအစွမ်းထက်သည့်အင်အားစုမဟုတ်ပေ။

မြင်ရသည့်အတိုင်းပင် ကြယ်နယ်မြေနှစ်ခုအကြားကွာဟချက်က အတော်လေးကြီးမားသည်။

"ငါ့မှာအရည်အချင်းမရှိဘူး၊ ဟုတ်လား၊ မင်းတို့ဒီလိုပြောတာလား"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"စီနီယာအတွက် မင်းတို့စကားပြောပိုင်ခွင့်ရှိလို့လား"

ယဲ့ချိုးပိုင်ပြောတာကိုကြားရသောအခါ လူငယ်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ကြ၏။

တစ်ယောက်ကဓားရှည်ကိုဆွဲထုတ်ကာ ယဲ့ချိုးပိုင်အားပိုင်းချလိုက်သည်။

"အဆင့်နိမ့်ကြယ်နယ်မြေမှာ ပုရွက်ဆိတ်တွေအရမ်းများတာပဲ"

တဖက်လူလှုပ်ရှားလာသည်ကိုမြင်သော်လည်း ယဲ့ချိုးပိုင်၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပါ။

ကိုးပေရှည်ကြယ်ကြွေဓားက သူ့လက်ထဲရောက်လာသည်။

တချိန်တည်းမှာပင် ထိုအချိန်၌ ဓားစက်ကွင်းကထွက်လာပြီး ဓားသခင်နယ်ပယ်ဓားဆန္ဒက ခြံ၀င်းတခုလုံးထဲ မြည်ဟီးလာသည်။

"ဓားသခင်နယ်ပယ်လား"

လူငယ်နှစ်ယောက်ကအနည်းငယ်အံ့ဩသင့်သွားကြသည်။

"သူကတကယ်စွမ်းဆောင်ရည်ရှိတာပဲ"

ချက်ချင်းဆိုသလို သူကလည်းဓားဆန္ဒကို ပြသလိုက်စဉ် ယဲ့ချိုးပိုင်နှင့်အဆင့်တူ ဓားသခင်နယ်ပယ်တွင်ရှိနေခဲ့သည်။

လူငယ်က ဓားဆန္ဒကိုထုတ်လွှတ်သောအခါမှသာ သူ့ဓားသိုင်းက ဖိနှိပ်ခံထားရသလို သူခံစားလိုက်ရသည်။

ယဲ့ချိုးပိုင်ကိုရင်ဆိုင်နေရစဉ် သူကဓားဘုရင်တစ်ဦးနှင့်တွေ့ဆုံနေသည့်အလားပင်။

ထိုစဉ်ဓားဆန္ဒကလည်း ထိန်းချုပ်မှုကနေ လွတ်ကင်းလာခဲ့သည်။

ဒါကိုခံစားမိသောအခါ လူငယ်၏မျက်နှာကအကြီးအကျယ်ပြောင်းလဲသွား၏။

ဒီမှာဘာတွေဖြစ်နေတာလဲဟ!

ယဲ့ချိုးပိုင်တစ်ဦးတည်သာရှိသည်။

ဓားနယ်ပယ်ထဲတွင် ဓားသမားတိုင်းက ယဲ့ချိုးပိုင်ထက်အများကြီးပိုအားကောင်းသည့် ဓားသိုင်းနယ်ပယ်တွင် ရှိမနေပါက ယဲ့ချိုးပိုင်၏ဓားသိုင်းပညာအောက်တွင် ဖိနှိပ်ခံရပေမည်။

သို့စေကာမူ သူ့ရှေ့ကလူငယ်ဓားသမားက သူထက်မသာလွန်သည်မှာ သိသာထင်ရှားနေသည်။

လူငယ်၏မျက်နှာကမည်းမှောင်သွား၏။

ဓားသိုင်းပညာ၌ ဒါက သူဒုတိယအကြိမ် တခြားသူများ၏ဖိနှိပ်ခြင်းကိုခံရခြင်းပင်။

သူကလုံး၀ကိုဖိနှိပ်ခံနေရသည်။

ပထမအကြိမ်က အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် လူငယ်မျိုးဆက်ထဲ၌ နံပါတ်တစ်ဓားသမားဟု လူသိများသည့် လူလက်အောက်တွင်ဖြစ်သည်။

ထိုလူက သူဘယ်တော့မှကျော်မတက်နိုင်တော့သည့် တောင်တစ်တောင်အလား၊ မွန်းစတားတစ်ဦးဖြစ်သည်။

သူကမွေးရာပါဓားသမားဖြစ်သည်။

ယခုတွင်မူ အဆင့်နိမ့်ကြယ်နယ်မြေက ဓားသမားထံတွင်လည်း သူအလားတူခံစားချက်ကို အမှန်တကယ်ခံစားနေရသည်။

ရှက်ဖို့ကောင်းလိုက်တာ!

လူငယ်ကဒေါသတကြီးအော်ဟစ်ကာ ဓားကိုလက်နှစ်ဖက်ဖြင့်မြှောက်ပြီး ယဲ့ချိုးပိုင်အားပိုင်းချလိုက်သည်။

ထိုအချိန်တွင် ဖြတ်ခံရသည့်လေဟာနယ်၌ လခြမ်းပမာဖြတ်ရာတခုပေါ်လာပြီး ယဲ့ချိုးပိုင်အား အလျင်အမြန်ပိုင်းဖြတ်ပစ်သည်။

ဤမြင်ကွင်းကိုမြင်သော်လည်း ယဲ့ချိုးပိုင် အလျင်လိုခြင်းလည်းမရှိသလို သူ့မျက်နှာ၌ မည်သည့်ထိတ်လန့်မှုမျှလည်းမရှိပါ။

နယ်ပယ်ကသူ့ထက်မြင့်နေတော့ရော ဘာအရေးနည်း!

ဒီနှစ်များအတွင်း လမ်းတစ်လျှောက် အကြိမ်တိုင်း သူကနယ်ပယ်ဖြတ်ကျော်ကာ တိုက်ခိုက်ခဲ့ရသည်။

နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ခဲ့စဉ်က ဘယ်နှစ်ကြိမ်များ သူရှုံးဖူးလေသနည်း။

သူမရှုံးဖူးပါ။

သူတကြိမ်မျှမရှုံးဖူးပါ။

လခြမ်းကွင်းကဖြတ်ရန်အတွက် နီးလာသောအခါ ယဲ့ချိုးပိုင် လက်ထဲတွင် ကြယ်ကြွေဓားကိုမြှောက်ရင်း လခြမ်းကွင်းရှိရာသို့ပိုင်းချလိုက်သည်။

တစ်ချက်တည်းဖြင့် လခြမ်းကွင်းက အမှန်တကယ် နှစ်ပိုင်းကျိုးပဲ့သွားခဲ့သည်။

ဒါကိုမြင်ရသောအခါ လူငယ်က အလွန်အမင်းတုန်လှုပ်ချောက်ချားသွား၏။

တိုက်ပွဲကိုကြည့်နေသည့်နောက်ထပ်လူငယ်တစ်ယောက်ကလည်း ‌‌လေးနက်လာသည်။

ဒါကသိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်က ဓားသမားတစ်ယောက် လုပ်နိုင်တဲ့အရာတခုလား!

ငါတို့က အာရုံထွေပြားခြင်းနယ်ပယ်အထွပ်အထိပ်အဆင့်ပါနော်!

ယဲ့ချိုးပိုင်လက်ထဲဓားကိုယမ်းကာ ဓားထိပ်ဖျားကို လူငယ်လေးရှိရာဘက်သို့ တည့်တည့်ညွှန်ပြထားပြီး အပြုံးမဟုတ်သည့် အပြုံးဖြင့်ပြောသည်။

"အခုရော၊ ငါသွားဖို့အတွက် အရည်အချင်းပြည့်မီပြီလား"

လူငယ်နှစ်ယောက်၏မျက်နှာက ကြည့်ရဆိုးသွားသလို သူတို့ကဆွံအနေကြ၏။

"ကောင်းပြီ၊ ပြန်လာကြတော့၊ အရှက်ရတာမလုံလောက်သေးဘူးလား"

ထိုအချိန်တွင် အခန်းထဲကနေ အသံတစ်သံထွက်လာပြီး အခန်းတံခါးကလည်း ပွင့်သွားခဲ့သည်။

"အရေးကြီးတဲ့အရာတခုခုဆိုမှတော့ အထဲ၀င်လာခဲ့ပါ"

အပိုင်း(446) coming။

All Chapters