← Chapters

#ဆွယ်သူ#

Vol. 31 Ch. 446

#ဆွယ်သူ#

Vol. 31 Ch. 446

အခန်းတံခါးပွင့်သွားသည်ကိုမြင်သောအခါ ယဲ့ချိုးပိုင် အခန်းထဲသို့၀င်သွားသည်။

ထိုအတောအတွင်း လူငယ်နှစ်ဦးကလည်း ဖြတ်သွားကာ လူငယ်တစ်ယောက်က မဲ့ရွဲ့သည့်အမူအရာဖြင့်ပြောသည်။

"နောက်တကြိမ်ထပ်တိုက်ခိုက်ကြရအောင်"

ယဲ့ချိုးပိုင်သူ့ကိုကြည့်ပင်မကြည့်ဘဲ လူငယ်နှစ်ယောက်ကို လျစ်လျူရှုကာ အခန်းထဲသို့ ၀င်လာပြီးနောက် အခန်းတံခါးကို ပိတ်လိုက်သည်။

သူ့အတွက်မူ ရှုံးနိမ့်သွားပါက ထပ်မံတိုက်ခိုက်နေစရာမလိုတော့။ ဒါကအဓိပ္ပာယ်မရှိတော့ပါ။

မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်အစကတည်းကနေ သူ့ကိုဖိနှိပ်နိုင်သလို အမီလိုက်ကာကြိုးစားပြီးနောက် အနိုင်ယူခဲ့သည်။

တကယ်တမ်းတွင် အစကနေအဆုံးထိ သူတို့ကို ယဲ့ချိုးပိုင်ကိုအနိုင်မယူနိုင်ခဲ့ကြပါ။

တဖက်လူကသူ့ကိုမကျော်လွှားနိုင်တာကိုသိသဖြင့် ဘာကြောင့်အချိန်ကုန်ခံပြီး စိန်ခေါ်‌မှုကို လက်ခံနေရမည်နည်း။

လျစ်လျူရှုပြီး ထိုလူငယ်နှစ်ယောက်ကို ဒေါသထွက်စေတာက ပိုကောင်းသည်။

သူတို့က အဆင့်နိမ့်ကြယ်နယ်မြေတွင် ဤမျှထိ မထီမဲ့မြင်ပြုတာကိုမခံခဲ့ရပေ။

ဒါ့အပြင်ပြိုင်ဘက်၏အရင်းအမြစ်များနှင့် စွမ်းအားက သူတို့ထက်အများကြီးနိမ့်ကျသည်။

ပြိုင်ဘက်ကအဆင့်နိမ့်သည့်တိုင် အနိုင်ယူခဲ့သည်။

အကြောင်းအမျိုးမျိုးကြောင့် သူတို့က ကိုယ်ပိုင်တာအိုကိုပင် စတင်သံသယ၀င်လာမိကြသည်။

.....

ထိုအချိန်တွင် အခန်းထဲ၌ ကတုံးအဖိုးအိုတစ်ဦးက သေရည်သောက်ရင်း စားပွဲဝိုင်းတွင်ထိုင်နေသည်။

ယဲ့ချိုးပိုင်လျှောက်လာပြီးနောက် လက်နှစ်ဖက်ဆုပ်လိုက်သည်။

"ချိုးပိုင်က စီနီယာကိုအရိုအသေပေးပါတယ်"

အဖိုးအိုက ညင်သာစွာခေါင်းညိတ်ရင်း ကွေ့၍ကွင်း၍ပြောမနေတော့ဘဲ တည့်တိုးပြောသည်။

"မင်းတို့ရဲ့အဆင့်နိမ့်ကြယ်နယ်မြေက ညှိုနှိုင်းဖို့အတွက် အရုပ်လေးတစ်ရုပ်ကို ဒီကို စေလွှတ်လိုက်တာလား"

ယဲ့ချိုးပိုင်မည်သည့်စကားမှမဆိုဘဲပြုံးသည်။

သို့သော် ယဲ့ချိုးပိုင်၏အဖြေကိုမကြားရသဖြင့် အဖိုးအိုက သေရည်ခွက်ကိုချပြီး အပြုံးဖြင့်မော့ကြည့်ကာ ယဲ့ချိုးပိုင်အား သစ်သားသေကဲ့သို့လက်ချောင်းဖြင့် ညွှန်ရင်းပြောသည်။

"မင်းဒီနေရာမှာ ညှိုနှိုင်းဖို့အတွက် လာတာမဟုတ်ပုံပဲ"

အဖိုးအိုက ယဲ့ချိုးပိုင်၏ရည်ရွယ်ချက်များကို ကြိုတင်ခန့်မှန်းမိတာသိသာထင်ရှားနေသည်။

ယဲ့ချိုးပိုင်က အံ့ဩသင့်ခြင်းမရှိပါ။

ယခုအဆင့်ရှိစွမ်းအားရှင်များထဲတွင် တုံးအသူတစ်ယောက်မှမပါရှိပေ။

"စီနီယာ၊ ကျွန်တော်ဒီနေ့ဒီမှာရှိနေရတာက ညှိုနှိုင်းဖို့အတွက်မဟုတ်ပါဘူး"

"ညှိုနှိုင်းဖို့အတွက် မဟုတ်ဘူးဆိုရင်တော့ ပြန်သွားလိုက်"

အဖိုးအိုကအပြုံးဖြင့်သေရည်တငုံသောက်သည်။

"ငါ့ကို ဆွယ်မယ့်လှည့်ကွက်တွေသုံးဖို့မကြိုးစားနဲ့၊ ဒါကအလုပ်ဖြစ်မှာမဟုတ်ဘူး"

ယဲ့ချိုးပိုင် မထွက်သွားဘဲ တိုက်ရိုက်ပင်ပြောသည်။

"စီနီယာ၊ ခင်ဗျား ဒါမှမဟုတ် ခင်ဗျားနောက်က ဝူရှုမြို့က ဒီတကြိမ်ရလဒ်ကို တကယ်ပဲ ကျေနပ်ရဲ့လား"

အဖိုးအိုက သေရည်ခွက်ကို မော့သောက်တော့မည့်အခိုက် ယဲ့ချိုးပိုင်၏ စကားလုံးများကိုကြားသောအခါ သူရုတ်တရက်ရပ်သွားသည်။

"သွေးခွဲချင်တာလား၊ ကောင်လေး၊ မင်းကတကယ်ရဲတင်းတာပဲ"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။ တဖက်လူက သူ့အစီအစဉ်ကို ခန့်မှန်းမိသည့်အပေါ် သူက အံ့ဩသင့်ခြင်းမရှိချေ။

ဆန့်ကျင်ဘက်အနေဖြင့် သူဒီအထိပြောပြီးသည့်တိုင် တဖက်လူက သူ့စကားလုံးများကို မခန့်မှန်းနိုင်သေးပေ။

ဒါက ထိုလူအိုကြီးက ခွန်အားသာရှိပြီး ဦးနှောက်မရှိတာကိုပြသနေသည်။

ယဲ့ချိုးပိုင် စားပွဲဝိုင်းတွင်သူ့ဘာသာထိုင်ကာ သေရည်အိုးကိုကောက်ကိုင်ပြီး သေရည်တခွက်ငှဲ့ထည့်လိုက်၏။

အဖိုးအိုကလည်း ဂရုမစိုက်ဘဲ တငုံသောက်လိုက်သည်။

"ဒီသေရည်ကအရမ်းပြင်းတယ်၊ တကယ်လို့ မင်းသေရည်ကို အရည်ပျော်ဖို့အတွက် ဝိဉာဉ်စွမ်းအင်ကိုအသုံးမပြုဘူးဆိုရင် တခွက်တည်းပဲသောက်နိုင်လိမ့်မယ်"

ယဲ့ချိုးပိုင်အပြုံးဖြင့်တငုံသောက်သည်။

"ဝိဉာဉ်စွမ်းအင်နဲ့ သောက်သုံးရတာ အရမ်းပျင်းဖို့မကောင်းလွန်းဘူးလား"

အဖိုးအိုကခေါင်းညိတ်သည်။

"ဒါကအကြောင်းပြချက်ပါ...."

"ဒါပေမယ့်...." ယဲ့ချိုးပိုင်၏မျက်နှာက လုံးဝနီမြန်းသွားခြင်းမရှိဘဲ အပြုံးဖြင့်ပြောသည်။

"စီနီယာ၊ ဒီသေရည်က သိပ်မကောင်ဘူး"

"အိုး" အဖိုးအိုကစိတ်၀င်တစားခေါင်းမော့လိုက်သည်။

"ဒီသေရည်ထက်ပိုပြင်းတဲ့သေရည်ကို မင်းသောက်ဖူးလို့လား"

"သောက်ဖူးတယ်"

"အဲဒါကိုဘယ်လိုခေါ်လဲ"

"အရက်ပြင်း"

အရက်ပြင်း!

အဖိုးအိုကတခဏမျှအေးခဲသွားသည်။

သူကသဘာ၀အရ သေရည်ကောင်းကောင်းသောက်တတ်သူဖြစ်ပြီး နေ့စဉ်နေ့တိုင်း မစွန့်ခွာဘဲ မရေမတွက်နိုင်လောက်သည့် သေရည်များကို မြည်းစမ်းခဲ့သည်။

အဖိုးအိုကသူဘကိုယ်သူမေးလိုက်မိသည်။ သူက အလယ်အလတ်အဆင့်ကြယ်နယ်မြေက သေရည်အားလုံးကိုသောက်ခဲ့သည်။

သို့စေကာမူ ဒီအရက်ပြင်းဆိုတာကို သူပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။

"ဒီသေရည်ထက်ပိုပြင်းတာလား"

"အကြိမ်ရေဒါဇင်ကျော်လာက်ပိုပြင်းတယ်"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ကျွန်တော့်ဆရာက ဒါကိုကိုယ်တိုင်ကျိုချက်ခဲ့တာပါ"

အဖိုးအိုကပြုံးကာ‌ခွက်ကိုမော့သည်။

"ဒီလိုဆိုရင်တော့ တကယ်လို့ငါ့မှာ အခွင့်အရေးရှိတယ်ဆိုရင် ကြိုးစားကြည့်ရမယ်"

"ပြီးတော့ တခွက်သောက်ဖို့အတွက် မင်းဆရာကိုရှာရမယ်"

ယဲ့ချိုးပိုင်နှလုံးသားထဲကနေ တိတ်တဆိတ်ပြုံးလိုက်မိသည်။

သေရည်ကောင်းကောင်းသောက်ဖို့ ဆရာကိုရှာချင်တာလား!

သူတို့စံအိမ်တော်၌ရှိစဉ်က တပည့်အားလုံးနှင့်ဆရာကအတူတကွသောက်ခဲ့ပြီး သူတို့အားလုံး သတိလစ်သွားကြစဉ် ဆရာတစ်ယောက်တည်းသာ နိုးကြားနေခဲ့တာကို ယဲ့ချိုးပိုင်သတိရသွားသည်။

နှစ်ဦးသားက သောက်ရင်းစကားပြောနေကြသည်။

ယဲ့ချိုးပိုင်ကလည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေနှင့်ပတ်သက်၍ အများကြီးသင်ယူခဲ့သည်။

ဥပမာအားဖြင့်အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် နယ်မြေတခုစီ၌ တခြားအင်အားစုများမရှိဘဲ အင်အားစုတစုတည်းကသာ ထိန်းချုပ်သည်။

ဒါက ဒီနေရာရှိအင်အားစုခွဲများစွာနှင့် အတော်လေးကွာခြားသည်။။

မည်သို့ပင်ဆိုစေကာမူ အဆင့်နိမ့်ကြယ်နယ်မြေတွင် ဒါဇင်နှင့်ချီသော သို့မဟုတ် ရာနှင့်ချီသော အကြီးအသေးအင်အားစုများစွာရှိသည်။

ထိုအချိန်တွင်အဖိုးအိုကပြောသည်။

"ရှောင်ယဲ့၊ ငါမင်းရဲ့စရိုက်ကို တကယ်သဘောကျတယ်"

"ဒါပေမယ့် ဒါကဒီအဖိုးကြီးကိုနားချနိုင်မယ့်အကြောင်းပြချက်မဟုတ်သေးဘူး၊ ဒီတော့သွားလိုက်ပါ"

"ဒီအဖိုးကြီးက မင်းဒီနေရာကိုတခါမှ မရောက်ခဲ့ဖူးသလိုမျိုး ပြုမူပါမယ်"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"စီနီယာ၊ နောက်ထပ်စကားလုံးအနည်းငယ်လောက်နားထောင်ကြည့်ပါလား"

"ကောင်းပြီလေ၊ ပြောကြည့်၊ မင်းငါ့ကို ဘယ်လိုစည်းရုံးသိမ်းသွင်းမလဲဆိုတာ ငါလည်းကြည့်ချင်တယ်"

ယဲ့ချိုးပိုင် လက်ထဲကသေရည်ခွက်ကို ချလိုက်သည်။

"စီနီယာ၊ အဆင့်နိမ့်ကြယ်နယ်မြေကို ခင်ဗျားဘယ်လိုထင်လဲ"

အဖိုးအိုကတခုခုပြောရန်ပြင်လိုက်သော်လည်း ယဲ့ချိုးပိုင်ကြားဖြတ်ပြောသည်။

"အော်ရာကအရမ်းညံ့ဖျင်းပြီး တာအိုကျင့်ကြံခြင်းကလည်း နောက်ကျတယ်"

"ဒီလိုနေရာမျိုးမှာ တူးဖော်လို့ရနိုင်မယ့် ရတနာဆိုတာ မရှိသလောက်ပဲ"

မည်သို့ပင်ဆိုစေကာမူ ဝိဉာဉ်စွမ်းအင်ပမာဏက ကောင်းကင်၊ ပစ္စည်းများနှင့် ကမ္ဘာမြေများသာမက လျှို့ဝှက်နယ်မြေများ၏ ခွန်အားမွေးဖွားခြင်းကို တိုက်ရိုက်သက်ရောက်သည်။

အဖိုးအိုကတိတ်ဆိတ်နေသည်။

ဤသည်ကိုမြင်သောအခါ ယဲ့ချိုးပိုင်ဆက်ပြောသည်။

"ဒီအတွက်ကြောင့် ကိတ်ကအရမ်းကြီးမားပြီးတော့ အဓိကအင်အားစုခုနှစ်စုအဖို့ တန်းတူဝေမျှဖို့ဆိုတာမဖြစ်နိုင်ဘူး"

"စီနီယာကို ဒေါသထွက်စေနိုင်မယ့်အရာတခုခုပြောပါရစေ၊ ဒီအင်အားစုခုနှစ်စုမှာ စီနီယာရဲ့ဝူရှုမြို့က အားအနည်းဆုံးတည်ရှိမှုအဖြစ် မှတ်ယူလို့ရတယ်မလား"

အဖိုးအိုကမငြင်းဆန်ပါ။

တကယ်တမ်းတွင် ယဲ့ချိုးပိုင်ပြောတာက အမှန်တရားဖြစ်သည်။

"ဒီလိုဆိုရင်အားအနည်းဆုံးစွမ်းအားက အနည်းဆုံးခွဲထားတဲ့ကိတ်ကိုရလိမ့်မယ်"

"ပြီးတော့ ကိတ်ကစုစုပေါင်းဒီလောက်ပဲကြီးတာ၊ အဆုံးမှာ စီနီယာဘယ်လောက်များများဝေမျှနိုင်လို့လဲ"

ဤသည်ကိုကြားသောအခါ အဖိုးအိုက နှာခေါင်းရှုံ့သည်။

"မင်းပြောတာကမှန်ပြီး ငါတို့အရမ်းမကျေမနပ်ဖြစ်တယ်ဆိုရင်တောင် ဘာလုပ်နိုင်မှာမို့လဲ"

"မင်းဆိုလိုတာကိုငါနားလည်တယ် ကောင်လေး၊ မင်းက အတွင်းပဋိပက္ခဖြစ်လာစေဖို့အတွက် အင်အားစုခုနှစ်စုကြားမှာ ပြဿာနာဖြစ်စေချင်တာမလား"

"ပွင့်ပွင့်လင်းလင်းပြောရရင် မင်းစကားလုံးတွေက ငါ့ကိုတ၀က်ကျော်လောက် ယုံကြည်သွားစေတယ်၊ ဒါပေမယ့် နောက်ထပ်တိကျတဲ့အကြောင်းခံရှိသေးတယ်၊ ဒီအကြောင်းရင်းကြောင့် မင်းရဲ့ လှည့်ကွက်ထဲကျဆင်းသွားဖို့ဆိုတာက ငါ့အတွက်မဖြစ်နိုင်ဘူး"

ယဲ့ချိုးပိုင်ပြောလိုက်သည်။

"စီနီယာဘာလို့စိုးရိမ်နေသလဲဆိုတာ ကျွန်တော်သိပါတယ်၊ဒါက ဒီအကြားမှာ သွေးခွဲဖို့ဆိုတာက အသုံးမဝင်ဘူးဆိုတာထက် မပိုဘူးလေ၊ ပြိုင်ဘက်ရဲ့စွမ်းအားက စီနီယာတို့ထက် အရမ်းအားကောင်းနေလို့မလား"

"မင်းကိုယ်တိုင်သိနေမှတော့ ဘာလို့ လေကုန်ခံနေသေးတာလဲ"

အမှန်ပြောရမည်ဆိုပါက ဂျူနီယာတစ်ယောက်၏ တခြားအင်အားစုများထက် အားနည်းသည်ဟုအပြောခံရခြင်းက အတော်လေးစိတ်ဓာတ်ကျချင်စရာပင်။

"ဒါပေမယ့် တကယ်လို့ကျုပ် ကောင်းကင်ကြေးမုံတောင်ထိပ်ကို စည်းရုံးနိုင်မယ်ဆိုရင်ရော"

အဖိုးအို၏ အနည်းငယ်သတိလစ်နေပုံပေါ်သည့်နောက်ကျိနေသည့် မျက်လုံးအစုံက ထိုအခိုက်အတန့်၌ ရုတ်တရက်ပြူးကျယ်စွာပွင့်သွားပြီး နတ်အလင်းတခုက ဖြတ်သန်းသွား၏။

"မင်းတကယ်ပြောနေတာလား"

ကောင်းကင်ကြေးမုံတောင်ထိပ်က အဓိကအင်အားစုခုနှစ်စုအကြား အားအကောင်းဆုံအင်အားစုတခုပင်။

၎င်း၏စွမ်းအားက ဟဲဝူဝေနှင့်ကျန်သောသူများထက်မဆိုးပေ။

ဒါ့အပြင် ခွန်အားအရာ၌ ဟဲဝူဝေကိုယ်တိုင်ပင်လျှင် ကောင်းကင်ကြေးမုံတောင်ထိပ်က လူများနှင့် မယှဉ်နိုင်ပါ။

အပိုင်း(447) coming။

All Chapters