#ဖီးနစ်ဘုရင်၊ စူဇကူ#
Vol. 31 Ch. 447
ဒုတိယတန်းစားအင်အားစုများအနက် ထိပ်တန်းတည်ရှိမှုတခုဖြစ်သည့် ကောင်းကင်ကြေးမုံတောင်ထိပ်က ရရှိမည့်အကျိုးကျေးဇူးများက သူတို့ဝူရှုမြို့ကလူများထက်ပို၍မြင့်မားပေလိမ့်မည်။
ယဲ့ချိုးပိုင်ထွက်သွားတာကိုကြည့်နေရင်း အဖိုးအိုက သေရည်ခွက်ကိုချလိုက်၏။ သူဘာတွေနေသလဲဆိုတာမသိပေ။
ထိုအျိန်လူငယ်နှစ်ယောက်၀င်လာပြီး မေးသည်။
"ဆရာ၊ အဲကောင်လေးဘာပြောခဲ့တာလဲ"
အဖိုးအိုကဘာတခုမှဖုံးကွယ်မထားဘဲ ယဲ့ချိုးပိုင်ယခုလေးတင်ပြောခဲ့သည့် ဆွေးနွေးမှုကို သူတို့အားပြောပြလိုက်သည်။
လူငယ်တစ်ယောက်က စားပွဲကိုရိုက်ကာ ဒေါသတကြီးပြောသည်။
"ဆရာ၊ ဒါကစိတ်၀မ်းကွဲအောင်လုပ်တာ သိသာနေတာပဲလေ၊ ဒါက ကျွန်တော်တို့ အလယ်အလတ်အဆင့်ကြယ်နယ်မြေက အဓိကအင်အားစုခုနှစ်စုအကြား အချင်းချင်းတိုက်တာကိုကြည့်ပြီး သူတို့ရဲ့ရပ်တည်မှုကို ထိန်းသိမ်းထားချင်နေတာပဲ"
"ဟုတ်တယ်၊ ဆရာ၊ ဆရာအရူးလုပ်မခံရသင့်ဘူး"
အဖိုးအိုကနှာခေါင်းရှုံ့သည်။
"မင်းတို့တွေးမိတာကို ငါမတွေးမိဘူးဆိုတာ ဖြစ်နိုင်မယ်ထင်လား"
"ဆရာ ဒါဆိုဘာလို့....."
အဖိုးအိုကပြောသည်။
"သူကငါတို့ကို အဓိကအင်အားစုခုနှစ်စုကနေ ခွဲထုတ်ပြီး နှစ်ဖက်ချွန်အဖြစ်ပြုမူစေချင်တာပဲ၊ ဒါပေမယ့် ဒီကလေးချပြတဲ့ အစီအစဉ်ကိုငါတို့ငှားယူနိုင်တယ်"
"သူ့ဓားကိုငှားယူနိုင်တာလား၊ ဒါကအရမ်းရိုးစင်းလွန်းမနေဘူးလား...."
လူငယ်နှစ်ယောက်ကအချင်းချင်းကြည့်လိုက်ကြသည်။
သူတို့ကဘာမှမပြောကြတော့ပါ။
.....
ထိုအချိန်တွင် စံအိမ်တော်တခုလုံးက ပြောင်းလဲသွား၏။
ဤနေ့ရက်များအတွင်းနေသာနေသဖြင့် လေပြေလေညင်းများတိုက်ခတ်နေသည်။
ယခုတွင်မူ ဒါက ပေါက်ကွဲတော့မည့်မီးတောင်ကြီးတခုအလားပင်။
နီဗာနမီးကလွှမ်းမိုးနေသည့်ပမာ။
ဒီလေဟာနယ်ထဲတွင် လေတိုးသံနှင့် တဝဲဝဲလည်ပတ်မှုများက အဆက်မပြတ်ဖြစ်ပျက်နေသည်။
ကောင်းကင်တခုလုံးက နိဗာနမီးကြောင့် နီရဲစွာလောင်ကျွမ်းနေသည်။
မိုးတိမ်များကလည်း နိဗာနမီးကြောင့် ပျံ့နှံ့လွင့်စင်နေပုံရသည်။
ကောင်းကင်ပေါ်၌ တောက်လောင်ပူပြင်းနေသည့်နေမင်းနှင့်အတူ တခုကိုတစ်ခုယှဉ်ပြိုင်နေသည့်အဖြစ်များက မှိန်ဖျော့စွာဖြစ်တည်နေသည်။
စံအိမ်တော်၏လေဟာနယ်ကြောင့်သာမဟုတ်ပါက ဒါကအလွန်အမင်းတည်ငြိမ်နေမည်မဟုတ်ဘဲ နိဗာနမီးကို လုံး၀ခံနိုင်ရည်မရှိဘဲ လုံး၀ပြိုကျသွားရပေလိမ့်မည်။
ထိုနိဗာနမီးကိုထုတ်လွှတ်ထားသည့် ဗဟိုချက်၌ ကမ်းပါးအစွန်တွင်ရှိသည့် သစ်ပင်တစ်ပင်ရှိသည်။
ထိုသစ်ခေါက်ပင်၌ တောက်ပသည့်မီးတောက်တခုရှိသည်။
သစ်ကြံပိုးခေါက်ရွက်များက ပြန့်ကြဲနေပြီဖြစ်သော်လည်း ယခုတွင်မူ သစ်ကိုင်းများပေါ်၌ မီးတောက်အမျှင်စများက သစ်ကြံပိုးခေါက်ရွက်များအဖြစ်ပြောင်းလဲကာ သစ်ကိုင်းများတွင် ပြည့်နှက်သွားကြ၏။
သစ်ကိုင်းပေါ်၌ ငှက်တစ်ကောင်က မျက်လုံးကိုတင်းတင်းပိတ်ထားပြီး မီးကွင်းတစ်ကွင်းက ၎င်း၏ကိုယ်ကို၀န်းရံနေသည်။ ထိုမီးကွင်းကနေ နိဗာနမီးကို အဆက်မပြတ် ထုတ်လွှတ်နေသည်။
ထိုအချိန်တွင်လျိုကျိယုက လုချန်ရှန်းဘေးတွင်ရပ်နေပြီး သူ့ကိုယ်တဝိုက်က အော်ရာအတားအဆီးကို အပြည့်အ၀တပ်ဆင်ကာ နိဗာနမီးကိုခုခံနေသည်။
သူကဒီမြင်ကွင်းကိုလေးနက်သည့်အမူအရာဖြင့်စိုက်ကြည့်ရင်း နက်ရှိုင်းသောအသံဖြင့်ပြောသည်။
"အဆင့်မြင့်ကြယ်နယ်မြေမှာ ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ ဒဏ္ဍာရီလာအင်အားစုနှစ်စုရှိတယ်"
"အဲထဲမှာ ဖီးနစ်မိသားစုလည်းပါ၀င်တယ်၊ ဒါပေမယ့် အခုတော့ နဂါးမိသားစုနှင့် ဖီးနစ်မိသားစုတို့က တခုပြီးတခုပျောက်ကွယ်သွားပြီး ဒီမိသားစုနှစ်စုရဲ့သားစဉ်မြေးဆက်တွေ ကမ္ဘာပေါ်မှာ ပြန်ပေါ်လာတာ ဘယ်သူမှမမြင်ဖူးဘူး"
"မမျှော်လင့်ဘဲ ဖီးနစ်မိသားစုရဲ့သားစဉ်မြေးဆက်ကို ကျွန်တော်အခုဒီနေရာမှာတွေ့လိုက်ရပြီ...."
ထို့နောက်ချက်ချင်းဆိုသလို လျိုကျိယု ဘေးက လုချန်ရှန်းကို သံသယဖြင့် ကြည့်လိုက်မိသည်။
ဒီငှက်ကလေးကို လုချန်ရှန်းပျိုးထောင်ခဲ့ခြင်းပင်။
ထိုအချိန်က သူကဒီငှက်ကို သာမန်ငှက်တကောင်ဟုသာထင်ခဲ့သည်။
သို့သော်ယခုတွင်မူ နတ်ဖီးနစ်တကောင်ဖြစ်နေလေသည်။
ဒါတင်မက ဒီနတ်ဖီးနစ်က ဖီးနစ်မိသားစု၏ ဘယ်မျိုးနွယ်ကလဲဆိုတာ သူမသိပေ။
လုချန်ရှန်းမနှစ်သက်သည့်အသွင်ပြောသည်။
"အောင်မြင်မှုက အောင်မြင်မှုပဲ၊ မင်းဘာလို့ ဒီလောက်ပူညံပူညံလုပ်နေရတာလဲ"
"အရမ်းပူလွန်းလို့ ငါအခုချွေးထွက်လုမတတ်ဖြစ်နေပြီ...."
ဘေးကလျိုကျိယုဆွံအနေသည်ာ
ကျုပ်တောင် နိဗာနမီးကြောင့် ထိခိုက်တာကနေ ကာကွယ်ဖို့ ကာကွယ်ရေးအတားအဆီးကို အသုံးပြုဖို့ အကောင်းဆုံးကြိုးစားနေရတာလေ!
ခင်ဗျားကဘာတခုမှလည်းမလုပ်ဘူး၊ ဒါတောင်ချွေးထွက်ချင်သလိုခံစားရတာလား!
ခင်ဗျားကဒီလိုလုပ်ရတာကို သဘောကျတာလား!
ဒီနိဗာနမီးက ပတ်၀န်းကျင်အပူရှိန်ကို နည်းနည်းလေးပဲမြှင့်စေတယ်ထင်တာလား!
မိုးမခပင်ကလည်း နိဗာနမီးကြောင့် ထိခိုက်မှုမရှိပါ။
မိုးမခကိုင်းများက အနည်းငယ်လှုပ်ယမ်းနေကြပြီး စံအိမ်တော်တခုလုံးက သာမန်လူတွေမြင်ရန်ခက်ခဲသည့် အစိမ်းရောင်ခန်းဆီးတခုဖြင့်ဖုံးလွှမ်းပစ်ကာ အထဲက နိဗာနမီးကို အပြင်မစိမ့်ထွက်စေရန်အတွက် ခုခံနေသည်။
ငှက်ကလေး၏မျက်လုံးများက ရုတ်တရက်ပွင့်သွားစဉ် မျက်သူငယ်အိမ်များ၌ နီရဲရဲအရောင်ရှိနေသည်။
ကြည့်ရသည်မှာ နိဗာနမီးလျှံများက တဖြည်းဖြည်းစုစည်းလာပုံရသည်။
ချက်ချင်းဆိုသလို နိဗာနမီးပုံကြီးတခုအဖြစ်စုစည်းသွားကြပြီး မျက်သူငယ်အိမ်များကို မီးလွင်ပြင်တခုအဖြစ် ပြည့်နှက်သွားစေသည်။
သတိထား!
ရုတ်တရက် ငှက်ကလေးက အတောင်ပံများကိုဖြတ့်ကြက်ကာ အပေါ်မော့ရင်း သီကျူလိုက်လေသည်။
၎င်း၏နောက်တွင် နတ်ဖီးနစ်ဧရာမပုံရိပ်ယောင်တခုက စံအိမ်တော်သို့ဆင်းသက်လာပြီး ငှက်ကလေးနောက်၌ ရုပ်လုံးပေါ်ကာရပ်နေသည်။
နတ်ဖီးနစ်ပုံရိပ်ယောင်က အတောင်ပံများကိုဖြန့်ကြက်ကာ ကောင်းကင်နှင့်နေမငးကြီးကို ဖုံးအုပ်ပစ်သည်။
အတောင်ပံများပေါ်၌ မီးမြက်ခင်းတခုရှိနေပြီး ကောင်းကင်အားလောင်ကျွမ်းပစ်လိုသည့်အလား အဆက်မပြတ်တောက်လောင်နေသည်။
ထို့နောက် အလွန်အမင်းကြောက်မက်ဖွယ်အော်ရာတခုက စံအိမ်တော်တခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဒီအော်ရာဖိနှိပ်ခြင်းက လျိုကျိယုတဦးတည်းအပေါ်သက်ရောက်နေသည်။
ယခုလျိုကျိယု၏အမူအရာက စတင်ဖြူဖျော့လာကာ သူ့နဖူးကချွေးများပင် ကျဆင်းလာပြီး သူ့အဖြူရောင်၀တ်စုံက ရေစိမ်ထားသည့်အလား လေးလံလာသည်။
အော်ရာအကာအကွယ်ကိုအပြည့်အ၀ အသက်သွင်းထားသည့်တိုင် ဒါက အတော်လေးတွန့်ဆုတ်နေသည်။
ဘေးကလုချန်ရှန်းကရော!
လုချန်ရှန်း၏ကိုယ်ကအနည်းငယ်မျှပင် တုန်ယင်ခြင်းမရှိသလို ချွေးတစက်မျှပင် ကျဆင်းခြင်းမရှိပါ။ သူ့အမူအရာကလည်း အနည်းငယ်ပြောင်းလဲနေသည်။
တကယ်ကိုပဲ!
"ကျေးဇူးပြုပြီး ကျုပ်ကိုလည်း ဂရုစိုက်ပေးလို့ရမလားစီနီယာရေ"
"အခုအိပ်ချိန်ရောက်ပြီ၊ မြန်မြန်လုပ်တော့၊ ပြီးရင်ချိုးဖျက်ပြီးငါ့ကိုအိပ်ခွင့်ပေးတော့"
"အရမ်းပူတယ်၊ အရမ်းအသက်ရှူကျပ်နေပြီ"
တယောက်ယောက်စကားပြောပေးလို့ရမလား!
လျိုကျိယုအကူအညီမဲ့သလိုခံစားနေရသည်။
ငါနဲ့ငါ့အရင်ကလူတွေကြားက ကွာဟချက်က တကယ်ပဲဒီလောက်ထိကြီးမားတာလား!
လုချန်ရှန်း ဘယ်လိုနည်းနှင့်မှ ထိခိုက်ခြင်းမရှိတာကကောင်းသည်ဟု ဆိုရပေမည်။
သူကလက်ဝှေ့ယမ်းကာ လျိုကျိယုအား ကာကွယ်ပေးလိုက်သည်။
မူလကကြောက်စရာကောင်းသည့်အော်ရာက လုံး၀စီးသန့်ဖြစ်သွားသည်။
ဟုတ်တာပေါ့!
ခင်ဗျားကအရမ်းတော်တယ်လေ!
ခင်ဗျားပြောချင်တာကိုပြောလို့ရပါတယ်!
ထို့နောက် လျိုကျိယု နတ်ဖီးနစ်ပုံရိပ်ကို ထပ်မံကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီနတ်ဖီးနစ်ပုံရိပ်ယောင်ကို သူအမှောင်နယ်မြေတွင် ရှေးဟောင်းစာအုပ်တအုပ်၌ ဖတ်ခဲ့မိသည့်ပုံပင်။
အမှောင်နယ်မြေတွင် ဉာဏ်ရည်ကို အဆင့်မြင့်ကြယ်နယ်မြေ၌ ပထမဟုသတ်မှတ်၍ရသည်။
တချိန်တည်းမှာပင် မရေမတွက်နိုင်လောက်သောရှေးဟောင်းစာအုပ်များကိုလည်း အမှောင်နယ်မြေတွင်စုစည်းထားသည်။
တခဏမျှတွေးတောပြီးနောက် သူ့မျက်နှာက ရုတ်တရက်ပြောင်းလဲသွား၏။
သူကထိတ်လန့်သွားသည်။
"စူဇကူ၊ ဖီးနစ်ကလန်က စူဇကူရဲ့ ဂုဏ်ကျက်သရေအရှိဆုံးမျိုးဆက်"
ဖီးနစ်ကလန်ကို ကလန်ခွဲများစွာအဖြစ် ခွဲခြားထားသည်။
ထို့ထဲတွင် ဒဏ္ဍာရီလာဖီးနစ်စိမ်း၊ မင်္ဂလာငှက်၊ ငန်းနှင့် ငန်းမျိုးများလည်းပါကြသည်။
နောက်ဆုံးတွင် ဖီးနစ်မိသားစု၏ ဘုရင်သွေးကြောဟု လူသိများသည့် စူဇကူလည်းပါရှိသည်။
မင်းဆက်တိုင်းမှ ဖီးနစ်ဆရာသခင်အားလုံးက စူဇကူကနေဆင်းသက်လာကြခြင်းဖြစ်သည်။
စူဇကူသွေးကိုသာလျှင် ဖီးနစ်မိသားစု၏ လျှို့ဝှက်နည်းလမ်းအားလုံးအတွက် အပြည့်အ၀အသုံးပြုနိုင်သည်။
ဤသည်အပြင်ယူဆောင်လာသည့် နိဗာနမီးကလည်း အစွန်းရောက်လွန်းသည်။
"စီနီယာ၊ ခင်ဗျားက စူဇကူကိုပျိုးထောင်နိုင်ခဲ့မယ်လို့ ကျွန်တော်တခါမှမထင်ထားခဲ့ဘူး"
လုချန်ရှန်းတဖက်လှည့်ကာ ခေါင်းကုတ်လိုက်မိသည်။
"အာ၊၊ အင်း....ဒါက....ဟမ်...ကြည့်ရတာ"
နေပါဦး၊ ဒါကစူဇကူဆိုတာ ဒီလောက်ဘယ်လိုလုပ်သိတာလဲ!
ငါ့မိတ်ဆွေက သာမန်ငှက်တကောင်လို့ပဲ ငါထင်ထားတာလေကွာ!
သာမန်ငှက်တွေနဲ့မတူရုံပဲမလား...!
လျိုကျိယုထပ်မံဆွံအသွားရသည်။
ကြည့်ရတာစီနီယာတောင်မသိတဲ့ပုံပဲ!
သို့စေကာမူ စီနီယာ၏ခွန်အားက စူဇကူကိုဒီနေရာ၌နေရန်အတွက် ဆွဲဆောင်သွားပုံရသည်။
ဒါကတကယ်ပုံမှန်ပဲလား!
ထိုအချိန်တွင် မိုးမခပင်ကပြောသည်။
"ငှက်ရဲ့သွေးကဆင့်ကဲပြောင်းလဲလို့ရသေးတာမို့ သူမကမင်းရဲ့အကူအညီလိုနေတယ်"
လုချန်ရှန်းအနည်းငယ်အံ့ဩသင့်သွားပြီး တဖက်လှည့်ကာ ဘေးပတ်လည်ကို ကြည့်လိုက်သည်။
ဟမ်;
တယောက်မှမရိတော့ဘူးလေ!
လျိုကျိယုလား၊ သူကငါရိုက်တာကိုပဲ ခံရတဲ့ကောင်လေ!
ဒါကြောင့်ဒီထဲရေတွက်လို့မရဘူး!
လျိုကျိယု ရုတ်တရက်နှလုံးသားထဲကနေ နာကျင်မှုကိုခံစားလိုက်ရသည်။ သူအတော်လေးစိတ်မကောင်းဖြစ်နေပုံပင်။
မိုးမခပင်က အားကိုးရာမဲ့နေသည့်အသံဖြင့် ထပ်ပြောလာသည်။
"ဘေးကိုကြည့်မနေနဲ့၊ မင်းကိုပြောတာ"
လုချန်ရှန်းသူ့ကိုယ်သူလက်ညိုးထိုးပြပြီး မိန်းမောတွေဝေစွာပြောသည်။
"ငါလား၊ ငါကဘာကူညီလို့ရမှာ"
"အရမ်းရိုးရှင်းတယ်၊ သွေးတစက်ကို ကျစ်အောင်လုပ်ပြီး ငှက်ကိုပေးလိုက်ရုံပဲ"
အပိုင်း(448) coming။