#သန္ဓေပြောင်းခြင်း၊ နတ်ဖီးနစ်သွေးကြော#
Vol. 31 Ch. 448
လုချန်ရှန်းဆီကသွေးတစက်လား!
လျိုကျိယုအနည်းငယ်လန့်သွားသည်။
မိုးမခပင်၏စကားအရဆိုပါက စူဇကူငှက်ကလေးကို သွေးဆင့်ကဲဖြစ်ပေါ်စေရန်အတွက် သွေးအဆီအနှစ်တစ်စက်တည်းသာလိုအပ်သည်။
ဤသို့ဆိုပါက လုချန်ရှန်း၏သွေးကြောစွမ်းအားက မည်မျှပင်အားကောင်းလေသနည်း။
မည်သို့ပင်ဆိုစေကာမူ ဒီသာသနာထွန်းကားရာကမ္ဘာ၏စည်းမျဉ်းများအရ တခြားလူတစ်ယောက်၏သွေးကြောကို ဆင့်ကဲပြောင်းလဲစေလိုပါက သွေးအဆီအနှစ်လိုအပ်သည့်လူ၏သွေးစွမ်းအားက ထိုလူထင် ကျိန်းသေပို၍အားကောင်းရမည်။
တစ်နည်းအားဖြင့် သူတို့က လိုက်ဖက်သည့်သက်ရောက်မှုတခုကိုရရှိနိုင်သည်။
သို့စေကာမူ လူတစ်ယောက်တွင် ဖီးနစ်တကောင်ရှိလေရာ နှစ်ဦးစလုံး၏သွေးက လိုက်ဖက်ဖြည့်စွက်သည့်သက်ရောက်မှုတခု ရှိလာရန်ဟူသည် မဖြစ်နိုင်သည်မှာ သိသာထင်ရှားနေသည်။
ဤသို့ဆိုပါက နောက်ထပ်ဖြစ်နိုင်ချေတခုတည်းသာရှိတော့သည်။
ဒါက လုချန်ရှန်း၏သွေးကြောစွမ်းအားက စူဇကူသွေးကြောထက် ပို၍အားကောင်းနေခြင်းပင်။
ဒါပေမယ့်ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
လျိုကျိယုထိတ်လန့်တုန်လှုပ်သွား၏။
လူသားမျိုးနွယ်တစ်ဦး၏သွေးက ဖီးနစ်ကလန်၏ဘုရင်စူဇကူထက် ဘယ်လိုလုပ် အားကောင်းနိုင်မည်နည်း။
ထိပ်တန်းအင်အားစုတချို့က ပိရမစ်ထိပ်တွင် ရပ်တည်နိုင်ရသည့်အကြောင်းရင်းက ထူးခြားသော်လည်း ထိုအကြောင်းရင်း၏ ကြီးမားသောအပိုင်းက သွေးစွမ်းအားဖြစ်သည်။
လူသားမျိုးနွယ်၏ခွန်အားက အမွေအနှစ် သို့မဟုတ် ကိုယ်ပိုင်ပါရမီနှင့် ကြိုးစားအားထုတ်မှုအပြင် အခွင့်အလမ်းမျိုးစုံကို ပေါင်းစပ်ပြီးမှသာ ဒါကိုယှဉ်နိုင်ရုံမျှသာ ယှဉ်နိုင်သည်။
ထို့ထဲတွင် အရာအားလုံးက သွေးစွမ်းအားအကြား ကွာဟချက်ကြောင့်ဖြစ်သည်။
ယခုမိုးမခပင်ပြောသည့် လုချန်ရှန်းဆီက သွေးတစက်က အထွပ်အထိပ်အဆင့်ရှိသည့် စူဇကူသွေးစွမ်းအားကို ထပ်မံဆင့်ကဲပြောင်းလဲစေနိုင်သည်။
ဒီခြေလှမ်းကိုလှမ်းနိုင်ဖို့ ဘယ်လိုကြောက်စရာကောင်းတဲ့သွေးစွမ်းအားမျိုး လိုအပ်တာလဲ!
ဤသည်အပြင် စူဇကူက ဖီးနစ်ကလန်၌ ထိပ်တန်းတည်ရှိမှုဖြစ်သည်။
ဒီလိုဆိုရင်ဘာလို့ဆင့်ကဲပြောင်းလဲဖို့ လိုသေးတာလဲ!
၎င်းက လျိုကျိယု၏သံသယကို ခံစားမိပုံရသည်။
မိုးမခပင်ကပြောသည်။
"ငှက်ကလေးရဲ့သွေးက စူဇကူသွေးတိုပေမယ့် သာမန်စူဇကူမိသားစုက ပိုမြင့်တဲ့အဆင့်ကို ဘယ်တော့မှ ချိုးဖျက်နိုင်မှာမဟုတ်ဘူး"
ပိုမြင့်တဲ့အဆင့်!
စူဇကူသွေးကြောက သာမန်ပဲလား!
လျိုကျိယုထုံထိုင်းနေသည်။
စူဇကူသွေးကြောက လျိုကျိယု၏သွေးစွမ်းအားထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။
မိုးမခပင်က အထက်အဆင့်ဆိုတာ ဘာလဲရှင်းပြမနေတော့ဘဲ ဆက်ပြောသည်။
"ကမ္ဘာကြီးက ဖီးနစ်ကလန်နဲ့ စူဇကူသွေးကြောက ထိပ်တန်းတည်ရှိမှုလို့ တွေးထင်ပေမယ့် တကယ်တော့မဟုတ်ဘူး"
"စူဇကူသွေးက နတ်ဖီးနစ်သွေးအတွက် သော့ချက်တခုပါပဲ"
"ပြီးတော့ နှစ်သန်းပေါင်းများစွာအတွင်းမှာ စူဇကူတွေအကြား နတ်ဖီးနစ်သွေးနယ်ပယ်အထိ ရောက်နိုင်တဲ့တည်ရှိမှုမျိုးဆိုတာ မရှိခဲ့ဘူး"
"အခုငှက်ကလေးမှာ ဒီလိုအရည်အချင်းမျိုးရှိလာတာပဲ၊ ဒီတော့မဖြုန်းတီးနဲ့"
နတ်ဖီးနစ်သွေးကြော!
စူဇကူသွေးကြောထက် အားကောင်းတဲ့တည်ရှိမှု!
ဤသည်ကိုကြားသောအခါ လုချန်ရှန်းခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ လုပ်ကြတာပေါ့"
ချက်ချင်းဆိုသလို သူက နိဗာနမီးများဖြင့် ၀န်းရံထားသည့် ငှက်ကလေးကို ကြည့်လိုက်သည်။
"ငါမင်းကိုပြောရမယ်၊ နတ်ဖီးနစ်နယ်ပယ်ကိုတက်လှမ်းပြီးတဲ့အခါကျရင် ငါ့ကို သေချာပေါက်ကာကွယ်ရမယ်"
မိုးမခပင် "...."
ငှက်ကလေး "....."
ငါကနတ်ဖီးနစ်နယ်ပယ်ကိုတက်လှမ်းရင်တောင် နင့်ကိုမယှဉ်နိုင်သေးဘူးလေ!
ဒါတောင်နင့်လိုမွန်းစတားက ငါ့ကိုကာကွယ်စေချင်သေးတာလား!
တခဏကြာ ငှက်ကလေးကအနည်းငယ်ရှုပ်ထွေးနေသည်။
အဆုံးသတ်တွင် ကိုယ်ပိုင်ခွန်အားကိုပင် မသိနိုင်ခဲ့သည်လူက လုချန်ရှန်းသာဖြစ်ကာ ဒီနေရာ၌ပွဲခံနေသည်။
ထို့နောက်ချက်ချင်းဆိုသလို လုချန်ရှန်း လက်ချောင်းကို လှီးဖြတ်လိုက်၏။
ထိုစဉ် ဝိဉာဉ်စွမ်းအင်ကစတင်လှည့်ပတ်လာပြီး သွေးစွမ်းအားက လက်ချောင်းများအကြား စတင်ကျုံ့၀င်သိပ်သည်းလာသည်။
လက်ချောင်းထဲကနေ နှိုင်းယှဉ်၍မရနိုင်သည့် သန့်စင်သောသွေးတစက်ထွက်လာသည်။
ထိုသွေးစက် လေဟာနယ်ထဲတွင် ပေါ်လာသည်နှင့်တပြိုင်နက် ကောင်းကင်ကို လွှမ်းခြုံထားသည့် နိဗာနမီးလျှံများက ကြောက်မက်ဖွယ်ရာဖြစ်တည်မှုတခုခုကို ခံစားမိသည့်အလား လုချန်ရှန်းအား ချက်ချင်းပင် ရှောင်ရှားလိုက်ကြသည်။
ရှေးခေတ်ကနေရောက်လာပုံရသည့် အော်ရာတခုက လေဟာနယ်ထဲတွင် လွင့်မြောနေပုံရသည်။
ထိုအခိုက်အတန့်၌ ကမ္ဘာကြီးက အရောင်မျိုးစုံပြောင်းလဲနေသည်။
ကောင်းကင်တုန်ခါနေသည်။
မြေကြီးက ကွဲအက်နေသည်။
မိုးမခပင်ကထုတ်လွှတ်သည့်အခင်းအကျင်းပင်လျှင် ဒီသွေးစက်က ထုတ်လွှတ်သည့် ကြောက်မက်ဖွယ်ရာအော်ရာကို အပြည့်မ၀မဖုံးလွှမ်းထားနိုင်ပေ။
အနည်းငယ်မျှထွက်လာခြင်းဖြင့် လူရိုင်းနယ်မြေတခုလုံးက ငလျင်ကြီးတခုကို ကြုံကြိုက်သွားရပုံရပြီး အက်ကြောင်းများက နေရာတိုင်းတွင်ရှိနေသည်။
လူတိုင်းကစံအိမ်တော်ရှိရာဘက်သို့ ကြည့်လိုက်ကြသည်။
ဒါဘယ်လိုအော်ရာမျိုးလဲ!
ဒီလိုစွမ်းအားကိုဘယ်သူဖြစ်စေနိုင်တာလဲ!
စံအိမ်တော်အနီးရှိ လျှို့ဝှက်တာအိုကျောင်းတော်က အများဆုံးအလိုလိုတွေ့ကြုံခံစားရပြီး အဓိကတောင်ထိပ်များ၊ ကျောက်တုံးများက လိမ့်ဆင်းလာကြသည်။
သက်ရှိအားလုံးငိုကြွေးနေကြသည်။
ကျောင်းတော်၏တပည့်များကလည်း သူတို့ကိုယ်ခန္ဓာကကြေမွသွားတော့မတတ်ပင် ခံစားလိုက်ကြရပြီး အသက်မရှူနိုင်ကြတော့ပါ။
ချင်းထျန်နျန်ကတိုက်ရိုက်အော်ဟစ်သည်။
"ကာကွယ်ရေးအခင်းအကျင်းကိုအသက်သွင်းလိုက်"
အလင်းမျက်နှာဖုံးတခုက ကျောင်းတော်တခုလုံးကို တိုက်ရိုက်ပင်လွှမ်းခြုံသွား၏။
ယင်းနောက်တွင်သာ ကျောင်းတော်က တည်ငြိမ်မှုရလာသည်။
မည်သို့ပင်ဆိုစေကာမူ ဒီအစီအရင်ကို လုချန်ရှန်းကိုယ်တိုင်ပြုပြင်ပေးခဲ့ခြင်းပင်။
ကျောင်းသားအားလုံးက အံ့ဩသင့်နေသည့်အမူအရာများဖြင့် စံအိမ်တော်ရှိရာဘက်သို့ ကြည့်နေမိကြသည်။
စံအိမ်တော်တွင် လုချန်ရှန်းဟုအမည်ရသည့် ကြောက်စရာကောင်းသောတည်ရှိမှုတခုရှိသည်ဟု သူတို့သိထားကြသည်။
ခန်းမလေးခု၏သခင်များကလည်း စိတ်လှုပ်ရှားနေကြသည်။
ကြည့်ရသည်မှာ လုချန်ရှန်းက နောက်ထပ်အဆင့်ချိုးဖျက်မှုတခုကိုပြုလုပ်ခဲ့ပုံပင်။
ချင်းထျန်းနျန်ဒေါသတကြီးပြောသည်။
"ဒီကောင်စုတ်က နယ်မြေတခုလုံးကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား"
စံအိမ်တော်တွင် လျိုကျိယု၏အမူအရာက ချက်ချင်းပြောင်းလဲသွား၏။
ဒီသွေးစက်ထွက်လာသည်နှင့်တပြိုင်နက် သူကမြေပေါ်သို့တိုက်ရိုက်ပင်လဲကျသွားသည်။
ဒီသွေးစက်ကနေယူလာသည့်ဖိနှိပ်ခြင်း၏ခံစားချက်က ကမ္ဘာကြီးပြိုကျပျက်စီးပြီး သူ့ကိုယ်ခန္ဓာကို ရိုက်ခတ်နေသည့်အလား မခံမရပ်နိုင်ဖြစ်စေသည်။
လုချန်ရှန်းဒါကိုမြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားသည်။
ဘာမှားနေတာလဲ!
မင်းကဘာလို့ကြွေထည်လို့ဖြစ်နေရတာလဲ!
ငါမင်းကိုထိတောင်မထိခဲ့ဘူးဆိုတာ ပြောလို့ရတယ်!
ဘေးက မိုးမခပင်မှ မိုးမခရွက်တရွက်ကျဆင်းလာပြီး လျိုကျိယုရင်ဘတ်ပေါ် ကျသွားသည်။
ဒါကလျိုကျိယုကိုအနည်းငယ်ပိုကောင်းမွန်သွားစေသည်။
လျိုကျိယုနှလုံးသားထဲကနေ ခါးသီးစွာ ပြုံးလိုက်သည်။
ကြည့်ရတာ ဒီစီနီယာကို ငါလျှော့တွက်နေမိတုန်းပဲ!
စူဇကူသွေးထွက်ပေါ်လာစဉ်က သူခံနိုင်ရည်ရှိတုန်းပင်။
သို့စေကာမူ လုချန်ရှန်းသွေးတစက်ကို ဖျက်ညှစ်လိုက်သောအခါ လျိုကျိယုတယောက် သူသေတော့မည်ဟုခံစားနေရသည်။
ကွာဟချက်ကထင်ရှားနေလေပြီ။
စီနီယာမိုးမခပင်က လုချန်ရှန်း၏ သွေးအဆီအနှစ်တစက်က စူဇကူသွေးကြောပိုင်ရှင် ငှက်ကလေးကို နတ်ဖီးနစ်သွေးကြောသို့ ပြောင်းလဲနိုင်သည်ဟု ပြောခဲ့သည်မှာ အံ့ဩသင့်စရာမရှိတော့။
ဒါပေမယ့်စီနီယာကဘယ်သူလဲ!
သူ့မှာဘယ်လိုဒီလိုအစွမ်းထက်သွေးစွမ်းအားမျိုးရှိရတာလဲ!
ထိုအချိန်တွင် လုချန်ရှန်းလက်ချောင်းထိပ်ကနေ သွေးတစက်ကိုညှစ်ထုတ်ပြီးနောက် လက်ကိုအသာအယာဝှေ့ယမ်းစဉ် သွေးစက်က ငှက်ကလေးရှေ့တွင် ပေါ်လာသည်။
ငှက်ကလေးက မျိုချရန်ပြင်နေခိုက် မိုးမခပင်ကကြားဖြတ်ပြောသည်။
" ဒါကိုတိုက်ရိုက်မမျိုချနဲ့၊ မင်းကိုယ်ခန္ဓာက အပြည့်အ၀စုပ်ယူဖို့ မတတ်နိုင်သေးတာမို့ ပေါက်ကွဲသွားရလိမ့်မယ်"
စူဇကူကိုယ်ခန္ဓာက လုချန်ရှန်းရဲ့သွေးစက်ကို ခံနိုင်ရည်မရှိဘူးတဲ့လား!
လျိုကျိယုအလွန်ထုံနေမိသည်။
ထိုအချိန်က မိုးမခပင်က အကိုင်းများကို လှုပ်ယမ်းလိုက်စဉ် အစိမ်းရောင်အလင်းတန်းတခုက လုချန်ရှန်း၏သွေးစက်ကို ၀န်းရံပစ်သည်။
ထို့နောက်ငှက်ကလေး၏ပါးစပ်ထဲသို့ ပစ်ပေးလိုက်သည်။
မျိုချလိုက်တော့!
ချက်ချင်းဆိုသလိုကမ္ဘာကြီးက ပြောင်းလဲသွားခဲ့သည်။
နိဗာနမီးက ဒီနယ်မြေအား ကောင်းကင်ကိုလွှမ်းမိုးသည့်ပမာဖြတ်သန်းသွား၏။
ကောင်းကင်တခုလုံးက ရဲရဲတောက်နီရဲသွား၏။
သတိထား!
မိုးမခပင်နှင့် ငှက်ကလေးနောက်က နတ်ဖီးနစ်ပုံရိပ်ယောင်တို့က ခေါင်းမော့ကာ တချိန်တည်းတွင် အော်ဟစ်လိုက်ကြသည်။
သူတို့ကဒါကိုခံစားနေရသည်။
ငှက်ကလေးကိုယ်ထဲက စူဇကူသွေးက အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့် ပြောင်းလဲခြင်းတခုကိုကြုံကြိုက်နေရသည်။
အော်ရာကအားကောင်းသထက်ပို၍အားကောင်းလာသည်။
ယခုတကြိမ်က သုံးရက်တိတိကြာမြင့်ခဲ့သည်။
နိဗာနသွေးက အရည်အသွေးဆိုင်ရာ ပြောင်းလဲခြင်းကို ကြုံကြိုက်ခဲ့ရလေပြီ။
မူလအနီရောင်မီးတောက်များက ထိုအခိုက်အတန့်၌ အပြာရောင်မီးတောက်အမျှင်စတခုပေါင်းစပ်သွား၏။
တခုကအနီရောင်၊ တခုကအပြာရောင် အဆက်မပြတ် ကူးခတ်နေကြသည်။
အနီနှင့်အပြာရောင်က နတ်ဖီးနစ်သွေးနယ်ပယ်ထဲကို ခြေချ၀င်ရောက်ခဲ့သည့် လက္ခဏာရပ်ပေတည်း။
ငှက်ကလေး၏အော်ရာကလည်း ပြောင်းလဲမှုတချို့ကို ကြုံကြိုက်ခဲ့ရသည်။
"ငါ့ကလန်ရဲ့အကြွင်းအကျန်တွေကို ငါသွားရှာဖို့လိုအပ်တယ်...."
ချက်ချင်းဆိုသလို ငှက်ကလေးက အတောင်ပံများကိုဖြန့်ကာ ထိုးတက်သွားသည်။
၎င်းကလုချန်ရှန်းအားပြောသည်။
"ဟေး၊ ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာငါမသိဘူး.... မေ့လိုက်ပါတော့လေ၊ နောက်သိလာတဲ့အခါကျရင် ငါကျေးဇူးဆပ်မယ်"
သုံးရက်အတွင်း ယဲ့ချိုးပိုင်ကလည်း ကောင်းကင်ကြေးမုံတောင်ထိပ်ရှိသည့် နယ်မြေသို့ရောက်လာခဲ့သည်။
အပိုင်း(449) coming။